← Chapters

အခန်း(၈၄) ဘာလို့ ငါ့ကိုမနမ်းတာလဲ

Vol. 6 Ch. 84

အခန်း(၈၄) ဘာလို့ ငါ့ကိုမနမ်းတာလဲ

Vol. 6 Ch. 84

အခန်း(၈၄) ဘာလို့ ငါ့ကိုမနမ်းတာလဲ

ဘာမှန်း မသိလိုက်ဘဲ ရိုက်ကူးရေး တစ်လကျော် ပြီးဆုံးသွားခဲ့ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ အကြင်နာပေးခန်း ရိုက်ကူးပြီးသွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

လင်းဖန်၏ ပထမဇာတ်ညွှန်းတော့ ပြီးမြောက်သွားပါပြီ။

နောက်တစ်ဆင့်က နောက်ဆက်တွဲ ထုတ်လုပ်မှုဖြစ်သည်။ လုပ်ဆောင်ချက်အဆင့်များစွာ ပြီးသွားသောအခါ တရားဝင် ထုတ်လွှင့်နိုင်ပါတော့မည်။

ဒါက အပြိုင်လောကဖြစ်သဖြင့် ဒီက ရုပ်သံဒရမ်မာများနဲ့ တကယ့်လောကအစစ်က ရုပ်သံဒရမ်မာများ စီးဆင်းမှုနှုန်းချင်း မတူညီကြပါ။ ဒီကမ္ဘာက စစ်ဆေးဆောင်ရွက်မှုနှုန်းများက အများကြီး ပိုမြန်ပါသည်။

တစ်နည်းအားဖြင့် ရိုက်ကူးရေး ပြီးမြောက်သွားသောအခါ ရုပ်သံစီးရီးဖန်သားပြင်ပေါ် ရောက်လာဖို့ အချိန်အကြာကြီး မပေးရပါ။

ရိုက်ကူးရေးအဖွဲ့ထဲတွင်။

အားလုံး အတူတူ စုစည်းလိုက်ကြသည်။

ဒါရိုက်တာလုပမ်ခိုင်း၊ ပရိုဂျူဆာလျို့မူနှင့် တခြား သရုပ်ဆောင်များစွာနဲ့ ဝန်ထမ်းများ အားလုံး ရှိနေကြသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်နှင့် တခြားသူများစွာက အမှတ်တရ ဓာတ်ပုံများရိုက်နေကြပါသည်။

စုရှောင်းယွီက စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်နှင့် အတူတူ ဓာတ်ပုံရိုက်နေကြပါသည်။

အဓိက အချက်က လင်းဖန်က ချောမောလွန်းနေသောကြောင့် သရုပ်ဆောင်များစွာက လင်းဖန်ကို လေးစားအားကျစွာ ကြည့်နေကြသည်။

လင်းဖန် ဘာလို့ ဒီလောက်ချောမောရတာလဲ။

လင်းဖန် ဓာတ်ပုံ အတူတူ ရိုက်လို့ရမလား။

လင်းဖန် လက်မှတ်ထိုးပေးပါလား။ ဒီရုပ်သံဒရမ်မာကို ထုတ်လွှင့်လိုက်တာနဲ့ ရေပန်းစားလာမယ်လို့ ထင်တယ်။

အဓိကအချက်မှာ လင်းဖန် ဒီနေ့ အလွန် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း အလွန်ချောမောလွန်းနေပါသေးသည်။

"ဒီနှစ်ပေါင်းများစွာအတွင်း လင်းဖန်လောက် ချောတဲ့လူမျိုး ငါမတွေ့ဖူးသေးဘူး။ လင်းဖန်မှာ ကောင်မလေးများရှိမလားမသိဘူးနော်။"

"စိတ်တောင်မကူးလိုက်နဲ့ လင်းဖန်က အရမ်းချမ်းသာပြီး သန်းရာကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားမောင်းတဲ့ ခပ်ချောချော ယောက်ျားတစ်ယောက်ပဲ။ သူက ဘဝရဲ့ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်တယ်။ သူ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံထားလဲ သိရဲ့လား။ သန်း ၁၀၀ ကြီးများတောင် ရင်းနှီးမြှုပ်နှံထားတာနော်။”

"လခွမ်း လင်းဖန်က အဲ့လောာက်တောင် တော်တာလား။ သူ့ဇာတ်ညွှန်းကလည်း အရမ်းကောင်းပြီး သူကိုယ်တိုင်ကလည်း ချောတယ်။ သရုပ်ဆောင်စွမ်းရည်လည်း ကောင်းမွန်တယ်။ အခုတော့ သူက အရမ်းချမ်းသာတယ်လို့ပါ ပြောတယ်ပေ့ါ။ ငါသူ့ကို ချစ်မိသွားပြီထင်တယ်။”

သရုပ်ဆောင်များစွာက လင်းဖန်နဲ့ အလုပ်လုပ်ပြီးနောက် သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်ကောင်သရုပ်ကို ယုံကြည်သွားကြပါသည်။

သူတို့ လင်းဖန်၏ မူလသရုပ်မှန်ကိုပင် မေ့ကုန်ကြပါပြီ။

လင်းဖန်က ချမ်းသာပြီး ချောမောသည်။

ရှန်ဟိုင်းမြို့တစ်မြို့လုံးတွင် လင်းဖန်၏ ပိုင်ဆိုင်မှုအား ရှေ့ဆုံးမှာ စာရင်းထားလို့ ရသည်။

လင်းဖန်၏ ကားနဲ့ ဗီလာနဲ့တင် လူတိုင်းကို အထင်ကြီးသွားစေဖို့ လုံလောက်သည်။

လင်းဖန်က စားသောက်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်လည်းဖြစ်ပြီး အရသာရှိသည့် ဟင်းလျာများ ချက်ပြုတ်တတ်သည်။

ဆွဲဆောင်မှု အရှိဆုံးအရာက လင်းဖန်မှာ တစ်ယောက်တည်းသမားဖြစ်နေဆဲပင်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒရမ်မာထဲမှာ ဘယ်လောက်ကောင်းကောင်း သရုပ်ဆောင်နိုင်ပါစေ၊ သူတို့ ဆက်ဆံရေးက ဘယ်လောက်ပဲ စစ်မှန်ပြီး နီးစပ်နေပါစေ၊ လင်းဖန်က လက်တွေ့မှာတော့ တစ်ကိုယ်တည်းသမားသာ ဖြစ်ပါသည်။

ကောင်မလေးများစွာက ကြံစည်ကုန်ကြ၏။

လင်းဖန်၏ အနာဂတ် ဘယ်လောက်တောင် ကောင်းမွန်လိုက်မလဲ သူတို့ ခန့်မှန်းနိုင်ပါသည်။

သူတို့ လင်းဖန်၏ ကောင်မလေး မဖြစ်နိုင်ရင်တောင် သူနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရမည်။ စဥ်းစားကြည့်လိုက်ပါ။

လင်းဖန်သာ နောက်ထပ် လက်ရာမြောက်သည့် ဇာတ်ညွှန်းတစ်ခုကို ရေးသားခဲ့ပြီး သူတို့ ဇာတ်ကောင်နေရာတစ်ခု သို့မဟုတ် နှစ်ခုလောက် ရနိုင်ပါက သူတို့တိုးတက်မှုအတွက် အများကြီး အကျိုးရှိစေနိုင်လိမ့်မည်။

သရုပ်ဆောင်တစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်က အလွန်အရေးပါပါသည်။ သို့သော်လည်း လက်ရာမြောက်သည့် ဇာတ်ညွှန်းတစ်ခုက ပို၍ပင် အရေးပါတာကို အားလုံးသိကြပါသည်။

လင်းဖန်က ဇာတ်ညွှန်းဆရာကြီးတစ်ယောက်ဖြစ်သည်။ ဒီတစ်ချက်တည်းနဲ့တင် ထူးချွန်သည့် သရုပ်ဆောင်များစွာကို ဆွဲဆောင်နိုင်ဖို့ လုံလောက်သည်။

မိန်းကလေးသရုပ်ဆောင်များစွာက လင်းဖန်ဘေးမှာ ဝိုင်းနေကြပြီး သူနဲ့အတူ ဓာတ်ပုံရိုက်ချင်နေကြပါသည်။

ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့မရသေးသော အသက် ၁၈ - ၁၉ အရွယ် ကောင်မလေးတချို့လည်း ရှိသေးသည်။ အားလုံးက အသားအရည် ချောမွေ့ပြီး လှပသော ခြေတံသွယ်သွယ်လေးများ ရှိကြသည်။ အားလုံး လင်းဖန်ကို ဝိုင်းရံနေကြပါသည်။

ဒီတိုင်း ဓာတ်ပုံရိုက်ချင်တာဖြစ်ပြီး တခြား မျှော်လင့်ချက် ကြီးမားသော မည်သည့်လုပ်ရပ်မျိုးမှ မရှိသဖြင့် လင်းဖန်က ထိုမင်းသမီးများကို မငြင်းဆန်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် သူနဲ့ ဓာတ်ပုံရိုက်နေသည့် ယောက်ျားလေး သရုပ်ဆောင်များစွာလည်း ရှိပါသည်။ လင်းဖန်က မိန်းကလေးများကို ရှောင်ရှားတတ်သည့်လူမျိုး မဟုတ်ပါ။

သူကလည်း သာမန်လူတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ဓာတ်ပုံရိုက်တာက ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါ။

"အစ်မဝမ်ချွေ့ ဓာတ်ပုံက လှလားဟင်။"

"ဆရာက တကယ်ချောတာပဲ။ သူနဲ့ ဓာတ်ပုံ အတူတူ တွဲရိုက်ရတာ နတ်သမီးလေးတစ်ပါးက မင်းသားလေးတစ်ပါးနဲ့ ဓာတ်ပုံရိုက်ရသလိုပဲ" စုရှောင်းယွီက ရှားဝမ်ချွေ့ဘေးသို့ ဖုန်းကိုင်ပြီး ပျော်ရွှင်စွာ လျှောက်လာခဲ့ပါသည်။

ရှားဝမ်ချွေ့က ပြုံးသာပြုံးလိုက်သည်။ သူမ မျက်နှာက အနည်းငယ် နီရဲနေပါသေးသည်။

သူမ လင်းဖန်နဲ့ အခုလေးတင် အကြင်နာပေး ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့သည်။

သူမ၏ ပထမဆုံး အနမ်းကို လင်းဖန်ကို ပေးခဲ့ရသည်။

လင်းဖန်နဲ့ သူမက သာမန်သူငယ်ချင်းများသာဖြစ်ပြီး ဆက်ဆံရေးက ထင်သလောက် မဆိုးဝါးသော်လည်း ဘာကြောင့်မှန်း မသိဘဲ ရှားဝမ်ချွေ့ရှက်သွေးဖြာဆဲ ဖြစ်ပါသည်။

တခြားသူတွေ လင်းဖန်နဲ့ ဓာတ်ပုံရိုက်နေတာကို မြင်သဖြင့် ရှားဝမ်ချွေ့လည်း သတ္တိမွေးလိုက်သည်။

သူမလည်း လင်းဖန်နဲ့ ဓာတ်ပုံ အတူတူ ရိုက်ချင်ပါသည်။

အထက်တန်းကျောင်းမှ နှစ်ပေါင်းများစွာ အောင်မြင်ခဲ့ပြီးသည့်နောက် သူမ လင်းဖန်နဲ့ ဓာတ်ပုံရိုက်တာ မရှိသလောက် ရှားပါးခဲ့ပါသည်။

"ဓာတ်ပုံအတူတူရိုက်ချင်လို့လား" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ဘေးသို့ လျှောက်လာခဲ့ပါသည်။

"အွန်း~" ရှားဝမ်ချွေ့က ခေါင်းကို နူးညံ့စွာ ငြိမ့်လိုက်သည်။ သူမဖုန်းကို ယူလိုက်ပြီး လင်းဖန်နဲ့ ဓာတ်ပုံအတူတူရိုက်ခဲ့ပါသည်။ လင်းဖန်က အလွန်ချောမောပြီး သူမကလည်း အလွန်လှပသည်။

လူတွေက သူတို့နှစ်ယောက် ဓာတ်ပုံ အတူတူ ရိုက်နေကြတာကို မြင်သွားသောအခါ နေနဲ့လ ရွှေနဲ့မြ စုံတွဲတစ်တွဲ ဖြစ်သည်ဟု ခံစားလိုက်ကြရပါသည်။

"လင်းဖန် အဆင်မပြေဘူး။ နင့်ပိုစ့်က မလှဘူး။ ပို့စ်ပြောင်းလိုက်စမ်း" ရှားဝမ်ချွေ့က လင်းဖန်ကို မော့ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြောလိုက်သည်။ သူမ လင်းဖန်၏ ပိုစ့်ကို မှန်အောင် ပြင်ပေးလိုက်သည်။

"ဟမ်း နင်ဓာတ်ပုံရိုက်ချင်ရင် ဓာတ်ပုံပဲရိုက်လေ။ ငါ့ပုခုံးကို ကိုင်ပြီး အခွင့်ကောင်းယူလို့မရဘူး။”

"နင့်ကို ကုတ်မှာနော် မြောင်~" ရှားဝမ်ချွေ့က သူမ၏ ကြောင်ကလေးလို အမူအယာ ထပ်လုပ်ပြလိုက်သည်။ သို့သော်လည်း ချစ်ဖို့ကောင်းနေဆဲ ဖြစ်ပါသည်။

လင်းဖန်က တခြားမိန်းကလေးများနဲ့ ဓာတ်ပုံရိုက်သောအခါ ရှားဝမ်ချွေ့ သဝန်မတိုပါ။

ထိုကောင်မလေးများက ဘယ်လောက်ပဲ လှပါစေ သူမလောက်တော့ မလှပေ။

ထိုအချိန်တွင် ဖုန်းပေါ်က ဓာတ်ပုံများ ရပ်တန့်သွားရသည်။

ရှုယန်က ရှားဝမ်ချွေ့နဲ့ ဓာတ်ပုံရိုက်ဖို့ ကြံလိုက်စဥ် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဓာတ်ပုံ အတူတူ ရိုက်နေကြတာကို မြင်သွားပါသည်။ သူ တိုးတိတ်စွာဖြင့် လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူ့နောက်ခံကားချပ်က အနည်းငယ် အထီးကျန်နေသည့် ပုံပင်။

ရှားဝမ်ချွေ့က လင်းဖန်ကို ချစ်စရာကောင်းသော ကြောင်အမူအယာလေး လုပ်ပြလိုက်ပြီး ချွဲနွဲ့သလို လုပ်ပြကာ ဒေါသထွက်ချင်ယောင် ဆောင်လိုက်သောအခါ ရှုယန် နားလည်ခဲ့ပါသည်။

သူ လိုက်လို့ မရတဲ့ ကောင်မလေးတွေလည်း ရှိပါလား။

မိန်းမချောလေးတိုင်းတွင် ချစ်ဖို့ ကောင်းသော အမူအကျင့်များ ရှိတတ်ကြသည်။ သို့သော်လည်း အနီးစပ်ဆုံးလူများကသာ ထိုအမူအကျင့်များကို မြင်နိုင်သည်။

သူ့မိန်းမအဖြစ်သာ ပြောင်းလဲသွားပါက အိပ်ယာပေါ်မှာလည်း ချစ်ဖို့ကောင်းသော အမူအကျင့်တစ်ခု ရှိပါမည်။ သို့သော်လည်း သူမကို ဇနီးမယားအဖြစ် ရမှသာ ထိုအမူအကျင့်များကို မြင်နိုင်ပါလိမ့်မည်။

ရှုယန်က တိုးတိတ်စွာ သက်ပြင်းချလိုက်ပါသည်။ ဒီကမ္ဘာကြီးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နဲ့ သက်ဆိုင်ပါသည်။ သူနဲ့ မသက်ဆိုင်တော့ပါ။

ရှုယန်က လင်းကျင်းကျင်းကို မြင်သွား၏။ လင်းကျင်းကျင်းကလည်း ရှုယန်ကို မြင်သွားသည်။

"ဓာတ်ပုံ အတူတူရိုက်ချင်လား" ရှုယန်က ပြုံးကာ မေးလိုက်သည်။

"အင်း ရိုက်မယ်လေ" လင်းကျင်းကျင်းက ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီနေပြီး ပန်းလေးတစ်ပွင့်လို ပြုံးလိုက်ပါသည်။

စုရှောင်းယွီကတော့ သခွားသီးကိုင်ထားပြီး ကိုက်စားရင်း ဗိုက်ကို ကိုင်နေပါသည်။

ခွေးမလေးက ဗိုက်ဆာနေသည်။ သို့သော်လည်း သူမကို ဘယ်သူမှ ချက်မကျွေးကြပေ။

သူမ စိတ်ဆိုးပြီး အားလျော့ကာ ဝမ်းနည်းနေပါသည်။

"ဆရာ ဗိုက်ဆာတယ်" စုရှောင်းယွီက နှုတ်ခမ်းစူကာ ဝမ်းနည်းနေသည့်ပုံပေါက်ပါသည်။ သူမ လင်းဖန်၏ ဟင်းလျာများကို စားရတာ အသားကျသွားပြီးကတည်းက တခြားလူတွေ ချက်ပြုတ်တဲ့ ဟင်းလျာများကို ခံတွင်းမတွေ့တော့ပါ။

"အင်း ငါလည်း ဗိုက်ဆာတယ်။ အစားကောင်း အသောက်ကောင်း မစားရတာ ၁ လကျော် ကြာပြီ" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။

"အေးပါ နင်တို့တွေကို စားကောင်းသောက်ကောင်း ချက်ကျွေးရမလား" လင်းဖန်က ပြုံးလိုက်ပြီး စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံးကို ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။

သူမ၏ အကြိုက်ဆုံး ဟင်းလျာက ငါးပေါင်း ဖြစ်ပါသည်။

စုရှောင်းယွီကိုလည်း ပြောဖို့ မလိုပါ။ စုရှောင်းယွီက လင်းဖန်၏ ခေါက်ဆွဲကို မျှော်လင့်နေတာ ကြာခဲ့ပါပြီ။ အထူးသဖြင့် ကြက်ဥခေါက်ဆွဲ၊ ပဲခေါက်ဆွဲ၊ ခေါက်ဆွဲကြော် စသည်တို့အားလုံးက အရသာရှိလှပါသည်။

လင်းဖန်က တောက်ပစွာ ပြုံးလိုက်ပြီး ကောင်မလေးနှစ်ယောက်နဲ့ စနောက်ဖို့ ရှေ့သို့ ဖြည်းဖြည်းလေးတိုးလိုက်သည်။

"နင်တို့ ငါ့ကို ညစာချက်ကျွေးခိုင်းလို့တော့ ရပါတယ်။ ဒါပေမယ့်... အပြန်အလှန်အနေနဲ့ ငါ့ကိုနမ်းမလား။”

All Chapters