← Chapters

အခန်း(၈၅) အောင်ပွဲခံညစာစားပွဲမှာ လင်းဖန်ရဲ့ ဟင်းချက်စွမ်းရည်ကြောင့် အားလုံး အံ့သြကုန်ပြီ

Vol. 6 Ch. 85

အခန်း(၈၅) အောင်ပွဲခံညစာစားပွဲမှာ လင်းဖန်ရဲ့ ဟင်းချက်စွမ်းရည်ကြောင့် အားလုံး အံ့သြကုန်ပြီ

Vol. 6 Ch. 85

အခန်း(၈၅) အောင်ပွဲခံညစာစားပွဲမှာ လင်းဖန်ရဲ့ ဟင်းချက်စွမ်းရည်ကြောင့် အားလုံး အံ့သြကုန်ပြီ

"မွ~" စုရှောင်းယွီက အများကြီး စဥ်းစားမနေဘဲ ရှေ့တိုးပြီး လင်းဖန်ကို နမ်းလိုက်ပါသည်။

"ဆရာ အခုနင်ချက်တဲ့ ညစာကို စားလို့ရပြီလား။” စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်ကာ အမြန်ရှောင်လိုက်ပါသည်။

သူမ ပြန်လာတော့ သူမ တစ်ခုခု အမှားအယွင်း လုပ်လိုက်မိတာကို နားလည်သွားသည်။

အရသာရှိသည့် ဟင်းလျာများအကြောင်း ကြားလိုက်ရသဖြင့် သူမ မထိန်းနိုင်ခဲ့ပါ။

ပြဿနာတက်ပြီ။

ကြောင်မလေး စိတ်ဆိုးသွားပြီ။ သူမ အကိုက်ခံရတော့မည်။

"နင် ငါ့ကို တကယ်ကြီး နမ်းလိုက်တာပဲ။ ငါက ဒီတိုင်း နောက်တာကို" လင်းဖန်က ပြုံးလိုက်ပါသည်။ မိန်းမလှလေးတစ်ယောက် နမ်းတာကို ခံရတာ ခံစားလို့ကောင်းပါသည်။ သူ့ကို လာနမ်းတာ ကြောင်မလေးမဟုတ်တာတော့ နှမြောဖို့ ကောင်းပါသည်။

"အာဝူး အစ်မဝမ်ချွေ့ ငါမှားသွားပါတယ်" စုရှောင်းယွီက ရှားဝမ်ချွေ့ကို ဆွဲလိုက်ပြီး ဝမ်းနည်းသည့် ပုံစံလေး လုပ်ပြလိုက်ပါသည်။

"အရူးကောင်လင်းဖန် နင့်စကားကို နင်တည်နော်။ ငါ မှတ်မိတာ မမှားရင် ဒါ စုရှောင်းယွီရဲ့ ပထမဆုံးအနမ်းပဲ" ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်သည်။ စုရှောင်းယွီရဲ့ စရိုက်ကို သူမ ကောင်းကောင်းသိပါသည်။ သူမ စိတ်ဆိုးသော်လည်း နမ်းပြီးသား ဖြစ်သည်။ ဘာလုပ်နိုင်ဦးမှာလဲ။

သူမသာ အခု စိတ်ဆိုးပြလိုက်ပါက သူမနဲ့ လင်းဖန်တို့ ဆက်ဆံရေး နီးစပ်ကြသည်ဟု သူများတွေ ထင်မသွားနိုင်ဘူးလာား။

"အာ... ဆရာ နင်က အရမ်းညစ်ပတ်တာပဲ" စုရှောင်းယွီ၏ ရင်ဘတ် မြင့်ချည်နိမ့်ချည် ဖြစ်နေပါသည်။

လင်းဖန်၊ "..."

သူ အမှား ဘာမှမလုပ်မိပါ။

နမ်းတာဆိုရင်တောင် စုရှောင်းယွီက သူ့စိတ်နဲ့သူ နမ်းခဲ့တာ ဖြစ်သည်။

ဘာလို့ သူက လူဆိုးဖြစ်သွားရတာလဲ။

"ရပါတယ်။  ဒါရိုက်တာလုကို သွားပြောလိုက်မယ်။ ဒီနေ့ည အားလုံးအတွက် စားသောက်ပွဲကြီးတစ်ခု တည်ခင်းပေးမယ်" လင်းဖန်က ပြုံးလိုက်ပြီး ရှေ့တိုးလာကာ ရှားဝမ်ချွေ့၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး နောက်လှည့်ပြန်သွားပါသည်။

သူ့ရဲ့ အေးချမ်းသည့် ဘဝလေး အဆုံးသတ်တော့မည့် အချိန် ရောက်တော့မှာကို လင်းဖန် သိပါသည်။

ဒီနေ့က သူ ပျော်ပျော်နေနိုင်သည့် နောက်ဆုံးနေ့ ဖြစ်သည်။ ဒီနေ့ပြီးသွားသောအခါ သူ အလုပ်သစ်တစ်ခု လုပ်ဖို့ ရှိနေပါသည်။

လွန်ခဲ့သည့်လက သူ ရိုက်ကူးရေး လုပ်နေသော်လည်း လုံးဝ အာရုံနှစ်မြှုပ်ထားခဲ့သည်။ ရိုက်ကူးရေး လုပ်ငန်းစဥ် တစ်ခုလုံးက အလွန်ချောမွေ့လွန်းပြီး သူကလည်း ဒီခံစားချက်ကို သဘောကျပါသည်။

သူ ထုတ်လုပ်ရေးအဖွဲ့ထဲမှာ ရှိနေစဥ် အားလုံးက ရိုးရှင်းသည်။ သူ ထုတ်လုပ်ရေးအဖွဲ့ကနေ ထွက်လာပြီး လူထုတစ်ခုလုံးနဲ့ ရင်ဆိုင်ရချိန်မှာတော့ အန္တရာယ်များစွာကို သူရင်ဆိုင်လာရမည်။

လင်းဖန်က လက်ရှိ သူ့ပုံစံမှာ ရှားဝမ်ချွေ့ကို ကာကွယ်ပေးဖို့ လုံလုံလောက်လောက် မသန်မာသေးမှန်း သိပါသည်။

အနုပညာလောကက ရေအနက်မှာ အလွန်နက်ရှိုင်းသည်။ ဘဝရဲ့ပျော်ရွှင်မှုက သူ့ရဲ့ ပထမလက်ရာဖြစ်ပြီး စမှတ်တစ်ခုလည်း ဖြစ်သည်။ တကယ် သန်မာလာနိုင်မှသာ ရှားဝမ်ချွေ့ကို မကျေနပ်ချက်ပေါင်းစုံမှ ကာကွယ်နိုင်ပါလိမ့်မည်။

လင်းဖန်က ရင်းနှီးမြှုပ်နှံသူများ ရှားဝမ်ချွေ့နဲ့ အိပ်စက်ဖို့ ကြံစည်ကြတာကိုလည်း ထပ်ပြီး မမြင်ချင်တော့ပါ။

သူ နောက်လှည့်လိုက်တော့ လင်းဖန်၏ မျက်လုံးများက ရှင်းလင်းပြတ်သားလို့နေသည်။

အောင်ပွဲခံ ညစာစားပွဲတွင်။

လူများစွာက အတူတူ ထိုင်နေကြပြီး ပျော်ရွှင်စွာ စကားပြောနေကြပါသည်။

လင်းဖန်တစ်ယောက်တည်းသာ ရှိမနေခဲ့ပါ။

"လင်းဖန် အကြောင်းပြောမှ သူ ဘယ်ရောက်သွားတာလဲ" လုပမ်ခိုင်းက ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးကို မော့လိုက်ကာ ပြောလိုက်သည်။ "သူ ညစာသွားပြင်ဆင်နေပါတယ်။”

"ညစာပြင်ဆင်နေတယ် ဟုတ်လား။ လိုမှ မလိုတာ ဒီနေ့ အောင်ပွဲခံညစာစားပွဲအတွက် ငါ စီချွမ်ဟင်းလျာ ချက်ပြုတ်တာကို ကျွမ်းကျင်တဲ့ ဆရာကြီးတချို့ကို ငှားထားတယ်လေ။ အားလုံးအတွက် အရသာရှိတာတွေ ချက်ပေးဖို့ လုံလောက်ပါတယ်။”

"လင်းဖန်က အဓိကသရုပ်ဆောင်ပဲ။ ရုပ်ရှင်ရိုက်တာနဲ့တင် အရမ်းပင်ပန်းနေလောက်ပြီ။ ဘာလို့ ကိုယ်တိုင် ချက်ပြုတ်နေရတာတုန်း" လုပမ်းခိုင်က ပြောလိုက်ပါသည်။ တခြား စကားများကိုတော့ မပြောတော့ပါ။ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်က ဘယ်လောက်ပဲ ကောင်းမွန်ပါစေ ဟင်းချက်စွမ်းရည်ကတော့ ဘယ်လိုလုပ်ပြီး စီချွမ်ဟင်းလျာဆရာကြီးများနဲ့ ယှဥ်နိုင်ပါ့မည်နည်း။

စီချွမ်ဟင်းလျာဆရာကြီးများအားလုံးက ထိပ်တန်းစားဖိုမှူးများ ဖြစ်ကြသည်။ ပုံမှန်ဆို ဒီလိုလူများက ကြယ်ငါးပွင့်ဟိုတယ်များတွင် စားဖိုမှူးများအဖြစ် လုပ်ကိုင်ကြသည်။

သူတို့ကို ဒီနေရာမှာ ချက်ပြုတ်ပေးဖို့ ဖိတ်ကြားနိုင်တာနဲ့တင် သူ တော်တော် တော်လှပါပြီ။ လင်းဖန်က စားသောက်ပွဲများ ချက်ပြတ်တာ ဘယ်လောက်ပဲ တော်ပါစေ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ကိုတော့ ပြဿနာပေးလို့မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က နယ်ပယ်တိုင်းမှာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

"ဟုတ်တယ် ဝမ်ချွေ့နဲ့ ရှောင်းယွီတို့။ ဒါ နင်တို့ အမှားပဲ။ အားလုံးအတွက် စားကောင်းသောက်ကောင်း ချက်ပေးဖို့ ငါတို့ ငှားထားတဲ့ စီချွမ်ဟင်းလျာဆရာကြီးတွေကို ယုံကြည်ရမှာပေါ့။ လင်းဖန်ကို အရမ်းခက်ခဲအောင် မလုပ်ပါနဲ့။" လျို့မူက ပြောလိုက်သည်။

ရှုယန်ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "လင်းဖန် စားသောက်ဆိုင်ငယ်တစ်ဆိုင် ပိုင်တာတော့ ကျွန်တော်သိပါတယ်။ သူချက်တဲ့ ဟင်းတွေကလည်းတော်တော်ကောင်းတယ်လို့ ကြားတယ်။ ဒါပေမယ့် လင်းဖန်ကို ကျွန်တော်တို့အားလုံးအတွက် ချက်ပြုတ်ခိုင်းရမှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။”

ရှားဝမ်ချွေ့က အားလုံးကို ကြည့်လိုက်ပြီး ရှက်သွေးဖြာသွားခဲ့ပါသည်။

လင်းဖန်က သူမအတွက် ချက်ပြုတ်ပေးနေတာ သိသာပါသည်။

အားလုံးက ရင်ထဲမှာ သံသယများ ဖြစ်နေလောက်ပြီ။ သို့သော်လည်း လင်ဖန်က စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်သာ ဖွင့်ထားသော်လည်း သူ့ဟင်းချက်စွမ်းရည်များက ဘယ်ဆရာကြီးထက်မဆို သာလွန်နေတာာကို သူတို့ မသိကြပါ။

ရှားဝမ်ချွေ့က ပြောလိုက်၏။ "လင်းဖန်ရဲ့ အစားအသောက်တွေက တော်တော်လေး အရသာရှိလို့ပါ။"

စုရှောင်းယွီကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ ကြယ်ငါးပွင့်စားဖိုမှူးတွေက သူမ ဆရာထက် ပိုတော်နိုင်ပါ့မလား။

သူမ၏ အိမ်က ထိပ်တန်းစားဖိုမှူးများနဲ့ ပြည့်နှက်နေသော်လည်း လင်းဖန်၏ စားသောက်ပွဲများနဲ့ ယှဥ်ကြည့်လိုက်ပါက မိုးနဲ့ မြေလို ကွာခြားပါသည်။

လင်းဖန်၏ အိမ်က သခွားသီးနဲ့ ငှက်ပျောသီးများကပင် ပိုအရသာရှိနေပါသည်။

လုပမ်ခိုင်းက ခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "မဖြစ်သေးပါဘူး။ ငါကိုယ်တိုင် လင်းဖန်ကို စီချွမ်ဟင်းလျာဆရာကြီးတွေ ချက်ကျွေးတဲ့ ညစာကိုပဲ အတူတူစားဖို့ ပြန်သွားခေါ်လိုက်မယ်။”

တစ်ဖက်မှာတော့ လုပမ်ခိုင်းက လင်းဖန်ကို  ချက်ပြုတ်ဖို့ အရမ်းမကြိုးစားစေချင်ခြင်း ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ လင်းဖန်၏ စားသောက်ပွဲက သေချာပေါက် စီချွမ်ဟင်းလျာဆရာကြီး နှစ်ယောက်နဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူးဟု ထင်မိသောကြောင့် ဖြစ်ပါသည်။

ရှားဝမ်ချွေ့က ဘာမှမပြောတော့ပါ။ လုပမ်ခိုင်းက လင်းဖန်ကို သွားရှာသော်လည်း သူမ မတားနိုင်ခဲ့ပေ။

လုပမ်ခိုင်း မီးဖိုချောင်ထဲသို့ ဝင်သွားတော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေ သေသွားရသည်။

သူ ဖိတ်ကြားထားသည့် စီချွမ်ဟင်းလျာဆရာကြီးနှစ်ယောက်က လင်းဖန်ဘေးမှာသာ ရပ်နေကြပြီး ယဥ်ကျေးစွာဖြင့် ကူညီပေးနေကြသည်။

သူတို့တစ်ယောက်က ပဲနှစ်နဲ့ ရှာလကာရည်ကို ကိုင်ထားပေးပြီး နောက်တစ်ယောက် ဆားနဲ့ တခြားဟင်းခတ်ပစ္စည်းများကို ကိုင်ထားပေးပါသည်။ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က လင်းဖန်ဘေးမှာ တပည့်တွေလို လေးစားစွာဖြင့် ရပ်နေကြသည်။

ထို့နောက် လင်းဖန် ချက်ပြုတ်နေတာကို သူကြည့်လိုက်ပါသည်။ စီးဆင်းနေသော ရေလို ချောမွေ့လွန်းလှသည်။

"ဆီထည့်ပြီး ဆားထည့်" လင်းဖန်က ပြောလိုက်ပါသည်။

"ဆရာလင်း နားလည်ပါပြီ” လီရွှေ့ဝမ်းက ပြောလိုက်ပါသည်။ သူကလည်း နာမည်ကြီး စီချွမ်ဟင်းလျာ ဆရာကြီးတစ်ယောက် ဖြစ်သည်။ အရင်တုန်းက ဘယ်လိုချက်ပြုတ်ရမလဲ သင်ပေးခဲ့တာ သူ ဖြစ်သော်လည်း ဒီနေ့တော့ လင်းဖန်ကိုသာ ကူညီပေးနေပါသည်။

"ဒီခရမ်းချဥ်သီးကို လှီးလိုက်။ သေချာလေး လှီးနော်။ သေချာ မလှီးရင် သုံးလို့ရမှာမဟုတ်ဘူး။” လင်းဖန်က ပြောလိုက်ပါသည်။ ထို့နောက် တခြား စီချွမ်ဟင်းလျာဆရာကြီးဖြစ်သည့် လီရွှေ့ဖျင်ကို ကြည့်လိုက်ပါသည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဆရာလင်း ဒါ မင်းရဲ့ ဟင်းချက်စွမ်းရည်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ပြီးတော့လည်း မင်းရဲ့ စားသောက်ပွဲတွေက ဘာလို့... အရမ်း အရသာရှိရတာလဲ" လီရွှေ့ဖျင်က လေးစားအားကျနေသော မျက်လုံးများဖြင့် မေးလိုက်ပါသည်။

လင်းဖန်ဝင်လာတာနဲ့ သူတို့ချက်ပြုတ်နေသည့် ပြဿနာတချို့ကို ချက်ချင်း သတိထားမိသွားသည်။

လင်းဖန်၏ အချက်အပြုတ်စွမ်းရည်၊ မီးအထိန်းအညှိ၊ အချက်အပြုတ် ချောမွေ့မှုနဲ့ တချို့အသေးစိတ်များကအစ လုံးဝ သူတို့နားလည်နိုင်တာထက် ကျော်လွန်နေပါသည်။

ဝက်သားပြားကင်များကတောင် မွှေးပျံ့သည့် ရနံ့မျိုးကို ပေးစွမ်းနေသည်။ မွှေးပျံ့၊ နူးညံ့ပြီး ချောမွေ့သည်။ အလွန် အရသာရှိအောင် ချက်ပြုတ်ထားပါသည်။

စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက် တစ်ကိုက်လောက် မြည်းကြည့်တော့ လင်းဖန်၏ စားသောက်ပွဲက သူတို့ထက် အများကြီး သာလွန်နေတာကို သိလိုက်ရပါသည်။

ဒါက...တကယ့်ကို လက်ရာမြောက်သည့် စားကောင်းသောက်ဖွယ်ပဲဖြစ်သည်။

လင်းဖန် ဆက်ပြီး ချက်ပြုတ်သောအခါ အသေးစိတ်အားလုံးကို စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က မြင်ခဲ့ရပါသည်။ သူတို့မျက်လုံးများက ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်နေကြသည်။

သူတို့ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြသလိုပင်။ သူတို့ လင်းဖန်၏ စားသောက်ပွဲကို ကြည့်လိုက်ကြသည်။ လုံးဝ သူတို့ အဆင့်နဲ့ ခြားနားနေပါသည်။

အရေးအကြီးဆုံးက လင်းဖန်၏ အချက်အပြုတ်စွမ်းရည်များမှာ သူတို့ထက်ပင် အများကြီး ကျော်လွန်နေကြသည်။

သူတို့လုပ်သည့် ကြက်ဥထမင်းကြော်ကို အလွန်ဆုံး အရသာရှိသည့် ကြက်ဥထမင်းကြော်ဟုသာ ခေါ်နိုင်မည်။

လင်းဖန်၏ ကြက်ဥထမင်းကြော်ကို စားလိုက်ပြီးနောက်မှာတော့ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်စလုံး ဒီကြက်ဥထမင်းကြော်နဲ့ ချစ်မိသွားတော့မည်ဟုပင် ခံစားလိုက်ရပါသည်။

ပလုတ်ပလောင်း စားသောက်ရသည့် ခံစားချက်က သူတို့ နတ်ပြည်တစ်ခုမှာ အင်မော်တယ်အဆင့် စားသောက်ပွဲကြီးကို ရှာဖွေတွေ့ရှိသွားသလိုပင်။ လင်းဖန်၏ ငါးစွပ်ပြုတ်ကို တစ်ငုံလောက် သောက်လိုက်ခြင်းက ဝိုင်ကောင်းတစ်လုံးကို ရှာဖွေတွေ့ရှိသွားသလိုပင်။

သူတို့က အချက်အပြုတ်ဆရာကြီးများ ဖြစ်ကြရင်တောင် သူတို့၏ အချက်အပြုတ်စွမ်းရည်အကြား ကွာဟချက်က ကြီးမားလွန်းပါသည်။

ဒါတွေက အချက်အပြုတ်စွမ်းရည်နဲ့ နိုင်ငံတော်နည်းလမ်းများဖြစ်ပြီး ၎င်းတို့အား နှစ်ထောင်နဲ့ချီပြီး လက်ဆင့်ကမ်းခဲ့ကြသည်။ အချက်အပြုတ်တွင် သုတေသနအဆင့်တစ်ခုထိ ရောက်ပြီးသူများသာ ဒီလိုစားသောက်ပွဲမျိုးကို ချက်ပြုတ်နိုင်ကြပါသည်။

စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က လုံးဝ ကြက်သေ သေသွားကြပါသည်။။ သူတို့ အားလုံးအတွက် ဒီမှာ စားသောက်ပွဲ လာချက်ပြုတ်ပေးရင်း အများကြီး သင်ယူခွင့်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်၏ လေးစားသမှု အမူအယာများကို ကြည့်ရင်း လုပမ်ခိုင်းတစ်ယောက် ကျောက်ရုပ်လို ရပ်တန့်နေခဲ့ပါသည်။

ဒါပေမယ့်... သူတို့က စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်လေ...

လင်းဖန်ရဲ့ စားသောက်ပွဲက စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက် ချက်ပြုတ်တဲ့ စားသောက်ပွဲထက် တကယ်ကြီး ပိုကောင်းနေတာလား။

All Chapters