အခန်း(၈၆) အားလုံးအထင်ကြီးသွားကြပြီ စားဖိုမှူးစစ်စစ်ပဲ
Vol. 6 Ch. 86
အခန်း(၈၆) အားလုံးအထင်ကြီးသွားကြပြီ စားဖိုမှူးစစ်စစ်ပဲ
"လခွမ်း..."
"ဘာလဲဟ.... စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က လင်းဖန်ကို ကူညီပေးနေတာပဲ။ တခြားသူတွေကို ဒီအကြောင်းသာ ပြောလိုက်ရင် ဘယ်သူမှ ငါ့ကိုယုံကြမှာမဟုတ်ဘူး။ မင်းတို့က ထိပ်တန်းဆရာကြီးတွေကို ဘာလို့ သူများကို ကူညီပေးနေရတာလဲ။”
"ပြောရမယ်ဆိုရင် လင်းဖန်က စားသောက်ပွဲကြီးတွေချက်ပြုတ်တဲ့အခါ တကယ် ပရော်ဖက်ရှင်နယ်နဲ့ တူတော့ တူတယ်။" လုပမ်ခိုင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါသည်။
ဒီလိုမြင်ကွင်းမျိုးကို သူတစ်ခါမှ မမြင်ဖူးပါ။
စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ကို သူဖိတ်ကြားခဲ့သည်။ သို့သော်လည်း သူတို့က လင်းဖန်ကို ဘယ်လိုချက်ပြုတ်ရမလဲ မေးနေကြ၏။
လင်းဖန်က တကယ့်ကို မာစတာစားဖိုမှူးတစ်ယောက် ဖြစ်ပါသည်။
လုပမ်ခိုင်း လုံးဝ ယုံကြည်သွားပါပြီ။
လင်းဖန်မှာ စိတ်မကူးနိုင်တဲ့အစွမ်းတွေ ဘယ်လောက်တောင် ရှိနေတာလဲ။
လုပမ်ခိုင်းက ထိုနေရာတွင် တစ်ချိန်လုံးရပ်နေခဲ့ပြီး အားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
လင်းဖန် ချက်ပြုတ်နေတုန်း ဆောင်ရွက်သည့် လုပ်ရပ်အားလုံးကော စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက် လင်းဖန်ကို ကူညီပေးနေသည့် ပုံရိပ်များကိုကော ကြည့်နေသည်။
လုပမ်ခိုင်း သူ့ဘဝသူ သံသယ ဖြစ်လာသည်။
လင်းဖန် ဟင်းလျာတစ်ခု ချက်ပြုတ်လိုက်သည့် အခါတိုင်း စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က အနည်းငယ် အံ့သြသွားကြသည်။
ဒါတွေက တကယ့် မာစတာ အစစ်အမှန် ဖန်တီးထားသည့် ဟင်းလျာများ ဖြစ်ပါသည်။
ရိုးရှင်းသည့် ဟင်းလျာများ ဖြစ်သော်လည်း ဟင်းလျာက ပိုပြီး ရိုးရှင်းလေလေ စားဖိုမှူးတစ်ယောက်၏ အစွမ်းအစကို ပြသရာတွင် ပိုပြီး ကောင်းလေလေဖြစ်ပါသည်။
ဒီအဆင့်တွင် စားဖိုမှူးများက ၎င်းတို့၏ မူလ ရိုးရှင်းမှုသို့ ပြန်ရောက်ရှိသွားပြီဖြစ်သည်။ သူတို့ ချက်ပြုတ်သည့်အခါ ဘယ်လိုတောက်ပနေသလဲ အရေးမကြီးပါ။ အရေးအကြီးဆုံးက ဟင်းလျာတစ်ခုလုံးအပေါ် သူတို့၏ နားလည်မှုဖြစ်သည်။
အပြင်မှာ စောင့်နေသည့် လျို့မူက အနည်းငယ် ဇဝေဇဝါ ဖြစ်လာသည်။
လုပမ်ခိုင်းက အကြာကြီး ထွက်သွားခဲ့ပြီး ပြန်မလာသေးပါ။ တစ်ခုခု ဖြစ်နေတာလား။
ဒီလိုတော့ မဖြစ်သင့်ပါ။ လူတွေ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတာက ကြည့်ကောင်းလို့လား။
လျို့မူက ချက်ချင်းပဲ မီးဖိုချောင်ထဲသို့ သွားကြည့်လိုက်သည်။ သူတို့ မီးဖိုချောင်သို့ ရောက်သောအခါ သူလည်း လုပမ်ခိုင်းလိုပဲ ကျောက်ရုပ်လို ရပ်တန့်သွားပါသည်။
"လခွမ်း..."
"လင်းဖန်က တကယ့် မာစတာ စားဖိုမှူးတစ်ယောက်ပဲ။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ပြောတာ မှန်တယ်။ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်တောင် လင်းဖန် ချက်ပြုတ်တဲ့ပုံစံကြောင့် အံ့သြကုန်ကြတယ်။” လျို့မူက လုပမ်ခိုင်း၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်၏ မျက်နှာထားကို မြင်ပြီး လုပမ်ခိုင်းနှင့် လျို့မူတို့ လုံးဝ အံ့သြနေကြပါသည်။
လူတိုင်းက ချက်ပြုတ်နိုင်သည်။ သို့သော်လည်း စားဖိုမှူးအစစ်အမှန်တစ်ယောက်ကသာ ဆရာကြီးနှစ်ယောက်ကို လေးစားသွားစေလိမ့်မည်။
သူတို့ချက်ပြုတ်ပြီးသွားသောအခါ နာမည်ကြီး ကြယ်ငါးပွင့်ဟိုတယ်မှ စားဖိုမှူးနှစ်ယောက် ဖြစ်ကြသော လီရွှေ့ဝမ်းနဲ့ လီရွှေ့ဖျင်တို့ လင်းဖန်ကို ဦးညွှတ်လိုက်ကြပါသည်။
"ဆရာလင်းရဲ့ ညွှန်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်။"
"ဆရာလင်း မင်းရဲ့ ဟင်းချက်စွမ်းရည်တွေက တကယ် ကောင်းမွန်တာပဲ။ ငါတို့အစကတော့ ငါတို့လုပ်တာ လုံလောက်တယ်လို့ ထင်ထားတာ။ ဒါပေမယ့် မင်းရဲ့ဟင်းလျာတွေက ထူးခြားတယ်။ ငါတို့နှစ်ယောက် မင်းနဲ့ မယှဥ်နိုင်ပါဘူး။ ငါတို့ကို လမ်းမှန်ပြသပေးပြီး အကျိုးကျေးဇူး အများကြီး ရစေခဲ့လို့ ကျေးဇူးတင်ပါတယ် ဆရာလင်း" လီရွှေ့ဝမ်းက သက်ပြင်းချလိုက်ပါသည်။ အချက်အပြုတ်လောကတွင် လင်းဖန်က သူ့စီနီယာတစ်ယောက် ဖြစ်နိုင်သည်။
"ကျွန်တော်က ဒီတိုင်း ပုံမှန်ပဲ ချက်ပြုတ်တာပါ။ အဲ့လောက်ကြီး ပုံကြီးချဲ့ဖို့ မလိုပါဘူး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဆရာလင်းက နှိမ့်ချတတ်လိုက်တာ။ သြော် ဟုတ်သားပဲ။ ဆရာလင်း မင်း နိုင်ငံတော် အချက်အပြုတ်စွမ်းရည်ပြိုင်ပွဲမှာ ဝင်ပြိုင်သင့်တယ်။ မင်း အောင်မြင်သွားရင် အရမ်းရှေးကျတဲ့ ဟင်းချက်နည်းတွေကို သင်နိုင်လိမ့်မယ်။ အဲ့တာတွေက နိုင်ငံတော်ထဲမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့တဲ့ ဟင်းချက်နည်းတွေပဲ။ မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်းခဲ့တဲ့ အဲ့ဒီစွမ်းရည်တွေကိုသာ မင်းသင်ယူနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ဟင်းချက်နည်းတွေကိုတောင် ဖန်တီးနိုင်လိမ့်မယ်။" လီရွှေ့ဝမ်းက ပြောလိုက်ပါသည်။
"နိုင်ငံတော် အချက်အပြုတ်ပြိုင်ပွဲ ဟုတ်လား။ ကျွန်တော် နောက်ပိုင်း အချိန်ရှိမှ ပြောကြတာပေါ့။" လင်းဖန်က စိတ်ထဲမထားဘဲ ပြောလိုက်ပါသည်။
"မှတ်ထားပါ။ ခင်ဗျားတို့ စားသောက်ပွဲတစ်ခုကို တကယ် ကောင်းကောင်း ချက်ပြုတ်ချင်တယ်ဆိုရင် အရေးအကြီးဆုံးအရာက စားသုံးသူရဲ့ ရှုထောင့်ကနေ ကြည့်ဖို့ပဲ။"
"အစားအသောက်နဲ့ ယမကာလုပ်ငန်းတွေ လုပ်နေတဲ့လူဆိုရင် အလတ်ဆတ်ဆုံး ပါဝင်ပစ္စည်းတွေကို အသုံးပြုတာ အကောင်းဆုံးပဲ။ ဆီကိုလည်း ဆက်တိုက် မသုံးနဲ့။ စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး။ ဒီအသေးစိတ် သေးသေးလေးတွေက ဟင်းလျာတစ်ခုလုံးရဲ့ အရည်အသွေးကို အဆုံးအဖြတ်ပေးတာ။ စားသုံးသူက ကျေနပ်ပြီး စားသောက်ပြီးတဲ့အခါ ကျန်းမာမှ ကြယ်ငါးပွင့် ဟိုတယ်ရဲ့ ဘရန်းက တိုးတက်လာမှာ" လင်းဖန်က သူတို့ကို သတိပေးလိုက်ပါသည်။
အစားအသောက်နဲ့ ယမကာလုပ်ငန်းများတွင် အကျိုးအမြတ်ကို အများကြီး မျှော်လင့်ပြီး စားသုံးသူ၏ အတွေ့အကြုံကို လျစ်လျူရှုလိုက်ပါက သူတို့ အဆင်ပြေနိုင်မှာ မဟုတ်ပေ။ စားသုံးသူကို စစ်မှန်သောစိတ်ဖြင့် ဝန်ဆောင်မှု ပေးခါမှ အစားအသောက်နဲ့ ယမကာလုပ်ငန်းကို အောင်မြင်စေနိုင်မည် ဖြစ်သည်။
"ဆရာလင်း ငါတို့ တစ်ခုခု သင်ယူလိုက်ရပါပြီ" စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က လင်းဖန်ကို နောက်တစ်ခါ ဦးညွှတ်လိုက်ပြန်သည်။
စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်က လင်းဖန်ကို လေးစားစွာ ကြည့်လိုက်ကြ၏။
လင်းဖန်၏ နောက်ဆုံးစကားက သူတို့နှစ်ယောက်ကို နားလည်သွားစေသည်။ အစားအသောက်လောကတွင် အရေးအကြီးဆုံးအရာက စားသုံးသူများအပေါ် ကောင်းဖို့ ဖြစ်ပါသည်။
စားဖိုမှူးတစ်ယောက်အနေဖြင့် သူတို့ ဒါကို အလေးထားရမည်။
လင်းဖန်၏ စရိုက်နဲ့ သဘောထားက စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ကို လေးစားသွားစေပါသည်။
"ဒါရိုက်တာလု အစ်ကိုကြီးလျို့တို့ ဘာလုပ်နေကြတာလဲ။ သွားစားကြရအောင်လေ။" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ သူ လုပမ်ခိုင်းနဲ့ မစ္စတာလျို့တို့ကို တံခါးနားမှာ တွေ့လိုက်ရပါသည်။
"လင်းဖန် လခွမ်း မင်းက တော်လိုက်တာ။ မင်း ချက်ပြုတ်တဲ့ ဟင်းလျာတွေရဲ့ ရနံ့ကို အဝေးကြီးကနေတောင် ရနိုင်တယ်။ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ကတောင် မင်းကို ရိုသေကြရတယ်။" လုပမ်ခိုင်းက လင်းဖန်၏ ပခုံးကို ကိုင်ကာ ပြောလိုက်သည်။
"မင်း စားသောက်ပွဲကြီး ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သိနေမယ်လို့ မထင်ထားဘူး။ အံ့သြဖို့ကောင်းလိုက်တာ။ သေချာပေါက် ခဏနေရင် ငါကောင်းကောင်းစားမှာပါ။" လျို့မူက ပြုံးကာ ပြောလိုက်ပါသည်။
သူတို့ လင်းဖန်နဲ့ အလွန် အဆင်ပြေကြပါသည်။ လင်းဖန်က ဇာတ်ညွှန်းရေးတော်သည်။ သရုပ်ဆောင်တော်သည်။ ဒါရိုက်တာလည်း လုပ်တတ်ရုံသာမကဘဲ ချက်လည်း ချက်ပြုတ်တတ်ပါသည်။ ထို့အပြင် လင်းဖန်က အရပ်ရှည်ရှည်၊ ချမ်းသာပြီး ချောမောသော လူတစ်ယောက် ဖြစ်သည်။ သူ့မှာ ပိုက်ဆံ၊ ကား၊ ဗီလာများ ရှိပြီး ယွဲ့ဟွာ၏ ဘော့စ်က ဦးစားပေးသည့် ရွှေတံဆိပ်ရ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်ပါသည်။
အရေးအကြီးဆုံးက လင်းဖန်မှာ ကျိုးနွံ့တတ်ခြင်း ဖြစ်သည်။
လင်းဖန်က သူ့မှာ ပိုက်ဆံ နည်းနည်းရှိရုံနဲ့ မာန်ထုတ်နိုင်မည် မဟုတ်ပါ။ သူ့မှာ သရုပ်ဆောင်စွမ်းရည်ရှိရုံနဲ့ မောက်မာမည် မဟုတ်ပေ။ ထို့အစား သူက လုပမ်ခိုင်းနဲ့ လျို့မူတို့ကို အလွန် ရိုသေလေးစားပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့က အနုပညာလောကမှာ စီနီယာကြီးများ မဟုတ်ကြပါလား။
လျို့မူက အသက် ၄၀ ဝန်းကျင် ရှိနေပြီ။ လင်းဖန် သူ့ကို အစ်ကိုကြီးဟု ခေါ်လိုက်တာကို ကြားလိုက်တော့ သူ ပီတိဖြာသွား၏။ သူ ဆုံးဖြတ်ချက် ချပြီးပါပြီ။ နောက်ပိုင်းအခွင့်အရေးတစ်ခုသာ ရလာခဲ့လျှင် သူလင်းဖန်နဲ့ အလုပ်တွဲလုပ်ဖို့ ဦးစားပေးပါမည်။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ ဒါက အရပ်ရှည်၊ ရုပ်ချောပြီး ချမ်းသာသည့် လူမျိုး ဖြစ်သည်။ လင်းဖန်က အစွမ်းအစများစွာ ရှိနေပြီး လူကောင်းလည်း ဖြစ်ပါသည်။ သူတို့ အတော်အဆင်ပြေကြ၏။ သူတို့ ဝတ္ထုများစွာ ဖတ်ဖူးပြီး ထိုဒုတိယမျိုးဆက် သူဌေးသားများက အမြဲတမ်း ကြွားဝါပြီး ပိုက်ဆံရှိသောအခါ သူများကို စော်ကားတတ်ကြသည်။ သူတို့ ချမ်းသာတာကို လူတွေမသိမှာ စိုးရိမ်နေကြပါသည်။
သို့သော်လည်း လက်တွေ့မှတော့ လင်းဖန်ကို မြင်ပြီးနောက် ဝတ္ထုတွေက အားလုံး အလိမ်အညာဆိုတာ မြင်လိုက်ရပါသည်။
လင်းဖန်၏ စရိုက်က လုပမ်ခိုင်းနဲ့ လျို့မူတို့ကို စိတ်ရင်းဖြင့် လေးစားသွားစေခဲ့သည်။
သူ နောက်ပိုင်း ဘယ်လို အခက်အခဲမျိုးနဲ့ ရင်ဆိုင်ရပါစေ သူတို့နှစ်ယောက် သေချာပေါက် လင်းဖန်ကို ကူညီပေးကြမည် ဖြစ်သည်။ ဒီလိုနဲ့ သူတို့ သုံးယောက် ကိုယ့်ထိုင်ခုံကိုယ်ပြန်လာခဲ့ကြပြီး ဟင်းလျာများကလည်း တည်ခင်းပြီးသွားပါပြီ။
မွှေးရနံ့က များပြားလွန်းလှသည်။ ဟင်းလျာမျိုးစုံ ရှိနေသည်။ ငါးအစပ်ပြုတ်၊ ဝက်သားပြားပြုတ်၊ တို့ဖူး၊ ငါးအရသာ ဝက်သားမွှေကြော်၊ ငါးပေါင်း၊ ကြက်သား၊ ကျောက်ပုစွန်၊ ကျော်ကငါးပြုတ်၊ သိုးသားကင်၊ အသီးအရွက်များ၊ မြေပဲရှာလကာရည်စိမ်၊ မရွေးနဲ့ ငါးစွပ်ပြုတ်တို့ ရှိကြသည်။
"မင်းတို့ကို ငါပြောပြမယ်။ ဒီဟင်းလျာတွေ အကုန်လုံးကို လင်းဖန်ချက်ပြုတ်ထားတာ။ စီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ကတောင် လင်းဖန်ကို အရမ်းလေးစားသွားကြတယ်။ ငါလည်း လင်းဖန်ရဲ့ စားသောက်ပွဲကို စားကြည့်ချင်နေပြီ။" လုပမ်ခိုင်းက ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ဟုတ်တယ်။ အားလုံးပဲ စားကြရအောင်။ ငါတို့ အောင်ပွဲခံ ညစာစားပွဲမှာ ကောင်းကောင်း စားသောက်ကြရမယ်။ လင်းဖန်က မာစတာစားဖိုမှူးတစ်ယောက်ပဲ" လျို့မူက ပြုံးလိုက်ပါသည်။
လူအများကြီးက လင်းဖန်ကို ချီးကျူးနေကြတာကို မြင်သောအခါ ရှားဝမ်ချွေ့ အနည်းငယ် ပျော်ရွှင်သွားပါသည်။
သူမ အကြိုက်ဆုံး ငါးပေါင်းဟင်းလည်း ပါသည်။
ရှားဝမ်ချွေ့က ငါးပေါင်းဟင်းကို တစ်ကိုက်စားကြည့်လိုက်ပြီး မျက်လုံးများ ဝိုင်းစက်သွားရသည်။ လင်းဖန်၏ ငါးပေါင်းဟင်းက ပို၍ပင် ကောင်းလာပါသေးသည်။
ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်သည်။ ငါးပေါင်းဟင်းက အလွန်အရသာရှိသည်။ လင်းဖန်ကို ဆုချဖို့ ကောင်းပါသည်။
နောက်တစ်ခေါက် သူတို့ အကြင်နာပေးခန်း ရိုက်သည့်အခါ သူမဘက်က အမှားစလုပ်မိလျှင် သူတို့ ဒါရိုက်တာကို ကတ်လုပ်ခိုင်းပြီး နောက်တစ်ခေါက် ပြန်ရိုက်စေနိုင်သည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကြည့်ပြီး ရှုယန် ကြက်သေ သေသွားရသည်။ လင်းဖန်ရဲ့ စားသောက်ပွဲက ဒီလောက်တောင် ကောင်းလို့လား။
ရှုယန်လည်း တစ်ကိုက်လောက် ကိုက်ကြည့်လိုက်သည်။ တခြား သရုပ်ဆောင်နဲ့ ဝန်ထမ်းများလည်း တစ်ကိုက်လောက်စားကြည့်ကြပါသည်။ နူးညံ့သည့်အသားနဲ့ ဟင်းအနှစ်တို့က သူတို့ပါးစပ်ထဲ ဝင်လာပြီး အနည်းငယ်စပ်သော အရသာလည်းရှိပါသည်။
လူအုပ်ကြီး၏ မျက်နှာထား တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပါသည်။
သူတို့ စကားပြောဖို့ပင်အချိန်မရှိပါ။ သို့သော် သူတို့၏ အံ့သြနေသော မျက်နှာထားကို ကြည့်ရုံနဲ့သိနိုင်ပါသည်။
လင်းဖန်ရဲ့ စားသောက်ပွဲက ဘာလို့ ... ဒီလောက်တောင် အရသာရှိရတာလဲ။