← Chapters

အခန်း(၈၇) နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်နဲ့ ရိုက်ကူးရေးအဖွဲ့ ရီဝေသွားခြင်း

Vol. 6 Ch. 87

အခန်း(၈၇) နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်နဲ့ ရိုက်ကူးရေးအဖွဲ့ ရီဝေသွားခြင်း

Vol. 6 Ch. 87

အခန်း(၈၇) နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်နဲ့ ရိုက်ကူးရေးအဖွဲ့ ရီဝေသွားခြင်း

"လခွမ်း အစ်ကိုဖန် နင်က တကယ့် မာစတာစားဖိုမှူးပဲ။ နင့်ရဲ့ စားသောက်ပွဲက ...အံ့သြဖို့ ကောင်းလိုက်တာ။"

"ဟာ ဒီငါးအရသာ ဝက်သားက ဘာလို့ အရမ်းအရသာရှိရတာလဲ ပြီးတော့ ဒီကျောက်ပုစွန်ကလည်း အရင်တစ်ခေါက် ကြယ်ငါးပွင့် ဟိုတယ်မှာ ငါစားခဲ့တဲ့ ကျောက်ပုစွန်ထက် ပိုကောင်းနေသေးတယ်။"

"ဒီသိုးသားက ကောင်းလိုက်တာ။ ပြီးတော့ ဒီငါးစွပ်ပြုတ်ကောပဲ... ဟင်းလျာတွေအကုန်လုံးထဲမှာ အရသာမရှိိတဲ့ ဟင်းလျာ မရှိဘူး။”

သရုပ်ဆောင်များစွာက လင်းဖန်၊ ဒါရိုက်တာ လုပမ်ခိုင်းနဲ့ ပရိုဂျူဆာလျို့မူတို့ကို ကြည့်လိုက်ကြသည်။

လုပမ်ခိုင်းနဲ့ လျို့မူတို့ အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။

လင်းဖန်၏ စားသောက်ပွဲကြီးက ... ကောင်းလိုက်တာ

ဒီလောက်အရသာရှိသည့် အစားအစာများကို စားဖူးတာ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ကြောင့်လည်း စီချွမ်ဟင်းလျာဆရာကြီးများက လင်းဖန်ကို အလွန်ရိုသေနေခဲ့ကြခြင်း ဖြစ်ပါသည်။ လင်းဖန်၏ စားသောက်ပွဲက ထိုစီချွမ်ဟင်းလျာ ဆရာကြီးနှစ်ယောက်ထက် အများကြီး ကျော်လွန်နေခဲ့သည်။

လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို တိတ်ဆိတ်စွာ ပုစွန်တုတ်တစ်ကောင် ထည့်ပေးလိုက်သည်။

ရှားဝမ်ချွေ့က လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်သောအခါ လင်းဖန်ကို မြင်လိုက်ရသည်။

လင်းဖန်လည်း ရှားဝမ်ချွေ့ကို မြင်ပါသည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး  စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်ကြသည်။

တခြားသူများက ထိုကဲ့သို့ ချစ်မြတ်နိုးသော လုပ်ရပ်ကို သတိမထားမိလောက်ပါ။ သူတို့က လင်းဖန်၏ စားသောက်ပွဲတွင် နစ်မျောနေကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း ရှုယန်ကတော့ မြင်ပါသည်။

ရှုယန်က ဝိုင်ဖြူတစ်ခွက်ကို တိုးတိတ်စွာ ကိုင်လိုက်ပြီး သောက်လိုက်ပါသည်။

အရက်သောက်ရခြင်းက သက်တောင့် သက်သာ အရှိဆုံးခံစားချက်ပဲဖြစ်သည်။

အောင်ပွဲခံ ညစာစားပွဲကြီးပြီးဆုံးသွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး တရားဝင် ပြီးဆုံးသွားပါပြီ။

ထို့နောက် နောက်ပိုင်းထုတ်လုပ်ရေးနဲ့ တည်းဖြတ်သည့်လုပ်ငန်းစဥ်များအတွက် အချိန်စပါပြီ။ တချို့ အစိတ်အပိုင်းများတွင် နောက်ခံ စကားပြောများ လိုနေသေးပြီး ရှုပ်ထွေးသည့် လုပ်ငန်းများစွာကိုလည်း မထုတ်လွှင့်ခင် လုပ်ဖို့ လိုအပ်နေပါသေးသည်။

ရုပ်ရှင်ကို ထုတ်လုပ်ရေးအဖွဲ့သို့ ပေးလိုက်သောအခါ...

တချို့ ပရော်ဖက်ရှင်နယ်များ၊ တည်းဖြတ်သည့် ဝန်ထမ်းများနဲ့ ထုတ်လုပ်ရေးအဖွဲ့က အသံသရုပ်ဆောင်များအားလုံး ကြက်သေ သေသွားခဲ့ကြသည်။

ဒီထုတ်လုပ်ရေး ဝန်ထမ်းများကလည်း ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ တခြားသူများ၏ ပရိသတ်များ ဖြစ်ကြပါသည်။ တချို့က ရှုယန်၏ ပရိသတ်များ ဖြစ်ကြ၏။

ယခင်တုန်းက အင်တာနက်ပေါ်က လူအများစုမှာ လင်းဖန် ခေါင်းဆောင်မင်းသားလုပ်မှာကို သဘောမတူခဲ့ကြပေ။ ထုတ်လုပ်ရေးအဖွဲ့က ဝန်ထမ်းများလည်း ထိုကဲ့သို့ အတွေးမျိုး ဝင်ခဲ့ပါသည်။

လူသစ်များ အနုပညာလောကထဲသို့ ဝင်လာသောအခါ ဇာတ်ပို့ကဲ့သို့ ကဏ္ဍအသေးစားလေးများမှ စပြီး သရုပ်ဆောင်ကြရသည်။ ယခုအချိန် နာမည်ကြီးများဖြစ်နေသော သရုပ်ဆောင်များကတောင် တစ်ချိန်တုန်းက ဇာတ်ပို့များအဖြစ် သရုပ်ဆောင်ခဲ့ဖူးသည်။

သို့သော် လင်းဖန်ကတော့... အစကတည်းက ခေါင်းဆောင်မင်းသား ဖြစ်လာခဲ့သည်။

လင်းဖန်က ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရထားသူလည်းမဟုတ် ဘယ်လိုသရုပ်ဆောင်ရမလဲ စနစ်တကျ သင်ယူထားသူလည်း မဟုတ်ပေ။ ထို့အပြင် ဒီဒရမ်မာက အလွန်အရေးကြီးပါသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်နဲ့ တခြားနာမည်ကျော်များစွာက ဘဝရဲ့ ပျော်ရွှင်မှု ဒရမ်မာတွင် ပါဝင်ပေးထားသည်။

ဒရမ်မာများထဲတွင် အားလုံးနီးပါးက ဇာတ်ကောင်ဝန်းကျင်မှာ သရုပ်ဆောင်ရသည်။

တစ်နည်းအားဖြင့် လင်းဖန်က ဒီဒရမ်မာအတွက် အကြွင်းမဲ့ ဗဟိုချက်တစ်ခု ဖြစ်သည်။

ဒရမ်မာ၏ ဗဟိုချက်တစ်ခုအနေဖြင့် သူ့သရုပ်ဆောင်စွမ်းရည်များက အလွန်အမင်း အရေးကြီးလှပါသည်။

ဇာတ်လိုက်၏ သရုပ်ဆောင်စွမ်းရည်များက မကောင်းမွန်ပါက တခြား ဇာတ်ပို့များ ဘယ်လောက်ပဲ ထူးချွန်နေပါစေ။ သူတို့ များများစားစား အသုံးဝင်မှာ မဟုတ်ပေ။

သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းသည့် ဇာတ်လိုက်တစ်ယောက်နဲ့ ရုပ်သံဒရမ်မာတစ်ခုလုံး၏ နာမည်ကို ဖျက်ဆီးဖို့ လုံလောက်ပါသည်။

အခုတော့ ထုတ်လုပ်ရေး အဖွဲ့သားများ ရုပ်ရှင်ကို မြင်လိုက်ကြသောအခါ အားလုံးရီဝေသွားကြပါသည်။

တစ်ပိုင်း၊ နှစ်ပိုင်း၊ သုံးပိုင်း...

ထို ထုတ်လုပ်ရေးအဖွဲ့သားမျာားက ၎င်းတို့ အလုပ်ဆင်းသည့်အချိန်ကိုပင် မေ့လျော့သွားကြပြီး ရုပ်ရှင်တစ်ကားလုံး၏ ဇာတ်လမ်းထဲတွင် နစ်မျောသွားခဲ့ကြသည်။

အထူးသဖြင့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒရမ်မာထဲမှာ အကြင်နာပေးတာကို မြင်လိုက်ကြရသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သရုပ်ဆောင်မှုအပေါ် အာရုံစိုက်ထားခြင်းက လူတိုင်းကို မှင်သက်သွားစေပြီး မနာလိုဖြစ်သွားစေပါသည်။

ရှားဝမ်ချွေ့၏ ပထမဆုံးအနမ်းကို တကယ်ပဲ လင်းဖန်ကို ပေးလိုက်ပြီ ဖြစ်သည်။

သူတို့ ဇာတ်လမ်းတစ်ခုလုံးကို ကြည့်ပြီးမှ ထုတ်လုပ်ရေး အဖွဲ့သားများ အသိစိတ်ပြန်ဝင်လာကြသည်။

"ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာက သေချာပေါက် နာမည်ကြီးလာမှာပဲ။ ဒီထဲမှာ ရေးထားတဲ့ ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ ဒီရုပ်သံဒရမ်မာထုတ်လွှင့်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး။”

"ဘုရားသခင် ဒီလောက်ထိ ကောင်းတဲ့ ရုပ်သံဒရမ်မာမျိုး ရှိတယ်ပေါ့။ သရုပ်ဆောင်တိုင်းရဲ့ အသေးစိတ်သရုပ်ဆောင်ချက်တွေကလည်း ပြီးပြည့်စုံလွန်းတယ်။ ပြီးတော့လည်း ရိုက်ကူးရေးနည်းလမ်းတွေနဲ့ ရှုထောင့်တွေက ပြီးပြည့်စုံလွန်းတယ်။”

"အဓိကအချက်ကတော့ ဇာတ်လိုက်မင်းသားရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ်ပဲ အံ့သြဖို့ ကောင်းတာပဲ။ လင်းဖန်က ဘာလို့ ဒီလောက်ထိ ယောက်ျားပီသရတာလဲ။ သူက တကယ်ပဲ ခေါင်းဆောင်မင်းသား လုပ်ဖို့ ထိုက်တန်ပါပေတယ်။ ရှုယန်ထက်တောင် ပိုပြီး ချောသေးတယ်။ အနုပညာလောကထဲမှာ ဒီလောက်ချောတဲ့ သရုပ်ဆောာင်မျိုး မတွေ့ဖူးသေးဘူး။”

"ဟုတ်တယ် လင်းဖန် မိတ်ကပ်တောင် မလိမ်းရသေးဘူးး။ သူ့သရုပ်ဆောင်စွမ်းရည်တွေက ထူးချွန်လွန်းပါတယ်။ သူ ဝါရင့်သရုပ်ဆောင်နဲ့ တွဲသရုပ်ဆောင်တာတောင် ဘာအပြစ်အနာအဆာမှ မရှိခဲ့ဘူး။ ဒရမ်မာထဲမှာ လင်းဖန်နဲ့ စုရှောင်းယွီတို့ ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ကြတယ်။”

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းချိုမြိန်တာပဲ။ အထူးသဖြင့် အကြင်နာပေးခန်းပေါ့။ လင်းဖန်က ခေါင်းဆောင်မင်းသားဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဘယ်သူပြောတာလဲ။ ငါ့အမြင်မှာတော့ ခေါင်းဆောင်မင်းသားက လင်းဖန်ပဲ ဖြစ်သင့်တာ။”

"ငါတော့ လင်းဖန်ရဲ့ ပရိသတ်ဖြစ်သွားပြီ ဆိုတာ ပြောရဲတယ်။ ဒီဒရမ်မာအတွက် ဇာတ်ညွှန်းတွေကိုလည်း လင်းဖန် ရေးပေးထားတာလို့ ပြောကြတယ်။ ငါ သောက်ရမ်း အံ့သြနေပြီ။”

"စကားအများကြီး မပြောကြရအောင်။ အလုပ်စလုပ်ဖို့ ပြင်ကြတော့။ ငါတို့ရဲ့ လက်ရာမြောက်တဲ့ ထုတ်လုပ်ရေး စကေးတွေနဲ့ ဒီသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပေါင်းလိုက်ရင် အကောင်းဆုံး လက်ရာကို ထုတ်လုပ်နိုင်တယ်။”

ထုတ်လုပ်ရေးအဖွဲ့သားများစွာ အချင်းချင်း ခေါင်းငြိမ့်ပြလိုက်ကြပါသည်။

၎င်းတို့အနက် ထုတ်လုပ်ရေးအဖွဲ့သားများ၏ ခေါင်းဆောင်က ရွှယ်ခဲ့ရှင်းဟုခေါ်သော ကောင်မလေးတစ်ယောက် ဖြစ်သည်။

ရွှယ်ခဲ့ရှင်းက အလွန်အစွမ်းအစရှိသူဖြစ်ပါသည်။ သူမက အသက် ၂၆ နှစ်သာ ရှိသေးသည်။ သို့သော်လည််း ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ရာထူးကိုတောင် ရထားခဲ့ပါပြီ။

ရွှယ်ခဲ့ရှင်း အပိုင်းအားလုံးကို ကြည့်ပြီးသွားသောအခါ လင်းဖန်ကို လုံးဝ အထင်ကြီးသွားမိသည်။

လင်းဖန်က ချောမောပြီး အစွမ်းအစရှိသည်။ လင်းဖန်နဲ့ ဘယ်တော့ ဓာတ်ပုံအတူတူရိုက်နိုင်ပြီး လက်မှတ်ထိုးခိုင်းနိုင်မလဲဟု တွေးနေမိသည်။

ထုတ်လုပ်ရေးအဖွဲ့သားများ အလုပ်လုပ်နေကြစဥ် လူတစ်ယောက်က လမ်းလျှောက်ကာ ဝင်လာခဲ့ပါသည်။

လင်းဖန် ဝင်လာသောအခါ ထုတ်လုပ်ရေးအဖွဲ့သားများ၏ အာရုံက သူ့ဆီရောက်သွားကြသည်။

ထို့နောက် ကောင်မလေးတစ်ယောက်က ထအော်သည်။

လင်းဖန်တွင် အရှိန်အဝါကောင်းကောင်းရှိသည်။ ချောမောသည့် ပုံစံရှိသည်။ ကိုယ်လုံး ကိုယ်ပေါက်လည်း ကောင်းမွန်သည်။ ပြောစရာမလိုအောင် သူ့ပုံစံများက မိန်းကလေးများစွာ၏ ညှို့အားပြင်းသော မင်းသားလေး ဖြစ်လာဖို့ လုံလောက်ပါသည်။

တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ လင်းဖန်က အလွန် တည်ကြည်ပြီး တခြားသူများကို သူ့အား သဘောကျသွားစေသည်။

လက်တွေ့ဘဝမှာ လင်းဖန်က ပို၍ပင် ချောမောလွန်းပါသေးသည်။ သူက ကင်မရာထဲမှာထက် အဆပေါင်းများစွာ ပိုပြီးချောမောပါသေးသည်။

ထုတ်လုပ်ရေးအဖွဲ့က ကောင်မလေးများကို မဆိုနဲ့ဦး၊ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ရွှယ်ခဲ့ရှင်းတောင် မနေနိုင်ဘဲရှက်သွေးဖြာမိပါသည်။

လင်းဖန်ဘာလို့ ဒီလောက်ချောရတာလဲ။

"ဟယ်လို ကျွန်တော်ဝင်လာလို့ အဆင်ပြေရဲ့လား။” လင်းဖန်က ထုတ်လုပ်ရေးအအဖွဲ့၏ အခန်းထဲသို့ ဝင်လာသည်။ လက်ထဲမှာလည်း နေ့လည်စာဗူးများကို ကိုင်ထား၏။ လင်းဖန်က သူတို့အတွက် အစားအသောက်များ ပြင်ဆင်လာပေးခြင်း ဖြစ်ပါသည်။

"ဒါပေါ့ ရပါတယ် လင်းဖန်။ ကျွန်မတို့က ရှင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရမ်းအံ့သြနေကြတာ။ အရမ်းကောင်းလွန်းပါတယ်။” ရွှယ်ခဲ့ရှင်းက လင်းဖန်ရှေ့ကို လျှောက်သွားပြီး တံခါးကို ပိတ်လိုက်ပါသည်။

"နေ့လည်စာ မစားကြရသေးဘူးမလား။ ကျွန်တော် အားလုံးအတွက် ပြင်ဆင်လာပေးတယ်။ အလုပ်မလုပ်ခင် နေ့လည်စာ အရင်စားလိုက်ကြပါဦး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန် နေ့လည်စာများဖြင့် ဝင်လာတာကို မြင်သောအခါ ရွှယ်ခဲ့ရှင်း သူ့ကို ပိုသဘောကျသွားမိပါသည်။

အီးကျူမြင့်သည့် လူများနဲ့ ဆက်ဆံရတာ ပိုပြီး သက်တောင့်သက်သာရှိသည်။

လင််းဖန် ကြောင်မလေးနဲ့ အတူတူရှိနေသောအခါ သူ့ အီးကျူက ဒီလောက်မမြင့်ပါ။ သူ့ကို ဆွဲလမ်းနေသည့် ကောင်မလေးများရှေ့မှာတော့ သူ့အိုင်ကျူနဲ့ အီးကျူတို့က အနုတ်သဘော ဆောင်လာနိုင်သည်။

"ကျေးဇူးပါရှင့်" ရွှယ်ခဲ့ရှင်းက ပြုံးလိုက်သည်။ ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးကလည်း အောင်ပွဲခံလိုက်ကြသည်။

သူတို့ အချိန်အကြာကြီး အလုပ်လုပ်ရပြီး နေ့လည်စာ တကယ်ပဲ မစားရသေးပါ။ လင်းဖန်က သူကိုယ်တိုင်ဝင်လာပြီး သူတို့နဲ့ တွေ့ခဲ့သည်။ လင်းဖန်မှာ သရုပ်ဆောင်စွမ်းရည်ကောင်းများ ရှိရုံတင်မကဘဲ သူ့လုပ်ရပ်များဖြင့် ဝန်ထမ်းများကို ပိုပြီး သဘောကျသွားစေသည်။

လင်းဖန်လုပ်ထားသည့် နေ့လည်စာများကို စားသောက်ပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သားများက အံ့သြကုန်ကြပါသည်။

လခွမ်း။

လင်းဖန်က သရုပ်ဆောင်ကောင်းပြီး စိတ်ထားလည်း ကောင်းပါတယ်။

ဒါပေယ့်သူလုပ်တဲ့ နေ့လည်စာတွေက ဘာလို့ ပိုပြီးတောင် အရသာရှိနေရတာလဲ။

All Chapters