အခန်း(၈၈) ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးကို သိမ်းပိုက်ခြင်းနဲ့ ငွေသား ၃၀၀,၀၀၀ ရရှိခြင်း
Vol. 6 Ch. 88
အခန်း(၈၈) ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးကို သိမ်းပိုက်ခြင်းနဲ့ ငွေသား ၃၀၀,၀၀၀ ရရှိခြင်း
"အစ်ကိုဖန် မင်းလုပ်တဲ့ နေ့လည်စာက အရမ်းအရသာရှိတာပဲ။"
"အစ်ကိုဖန်က စားသောက်ဆိုင်ပိုင်ရှင်လို့ ကြားဖူးတယ်။ သူလုပ်တဲ့ အစားအသောက်တွေ အကုန်လုံးက အရသာရှိလွန်းလို့ ဝေ့ပေါ် ရဲ့ ရေပန်းစား စာမျက်နှာပေါ်တောင် ရောက်ဖူးတယ်လေ။ ဒီနေ့ စားကြည့်လိုက်တော့ အစ်ကိုဖန် ဘယ်လောက်တောင် တော်လဲ သိလိုက်ရပြီ။”
"အစ်ကိုဖန်က နောက်ပိုင်း စူပါစတားတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ ငါတို့အတွက် နေ့လည်စာတောင် လုပ်ပေးတယ်။ ဝမ်းသာလွန်းလို့ ငိုတောင် ငိုချင်လာပြီ။”
ထုတ်လုပ်ရေးအဖွဲ့သားမျာားက လင်းဖန်ကို ခေါ်ဝေါ်သည့် ပုံစံ ပြောင်းလဲလိုက်ကြပါသည်။
နေ့လည်စာ တစ်ခေါက် ကျွေးလိုက်ရုံနဲ့ ထိုထုတ်လုပ်ရေးအဖွဲ့သားများက လင်းဖန်ကို အထင်ကြီးမိသွားကြပြီ ဖြစ်သည်။ ရွှယ်ခဲ့ရှင်း၏ မျက်လုံးများက ပြူးကျယ်သွာားကြသည်။ သူမ ဝိတ်ချဖို့ စီစဥ်ထားသော်လည်း လင်းဖန်၏ နေ့လည်စာက အရသာရှိလွန်းသဖြင့် သူမ ဘယ်လိုလုပ်ပြီး ဝိတ်ချနိုင်တော့မည်နည်း။
"ခင်ဗျားတို့ရဲ့ ထုတ်လုပ်ရေးနဲ့ အလုပ်တွေကို ကြည့်လို့ရမလားဗျ" လင်းဖန်က ပြုံးလိုက်ပြီး ဒီကိုလာရခြင်း၏ အဓိက ရည်ရွယ်ချက်ကို ပြောလိုက်ပါသည်။ ပြီးပြည့်စုံသည့် ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းများ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများနဲ့ ရိုက်ကူးရေးနည်းလမ်းများ အားလုံး အရေးပါသည်။
သို့သော်လည်း အရေးအပါဆုံးအရာကတော့ ထုတ်လုပ်ရေးပိုင်း ဖြစ်ပါသည်။
နောက်လုပ်ရေးက ဒီရုပ်သံဒရမ်မာအတွက် နောက်ဆုံး အာနိသင်ကို ဆုံးဖြတ်ပေးနိုင်သည်။
နောက်ခံအသံစကားပြောခြင်းများ၊ ဖလင်ထုတ်လုပ်ခြင်းများနဲ့ ချောမွေ့စွာ တည်းဖြတ်မှု မျိုးစုံ ရှိပါသည်။ အသေးစိတ်များစွာက ရုပ်သံဒရမ်မာ၏ အာနိသင်ကို အဆုံးအဖြတ်ပေးနိုင်ပါသည်။
ဒီဒရမ်မာက ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေး ဇာတ်ဝင်ခန်း ဖြစ်သည်။ ထို့ကြောင့် လင်းဖန်က အလွန်အာရုံစိုက်ထားပါသည်။
သူ နာမည်ကြီးလာတာ မကြီးလာတာက အရေးမကြီးပါ။ နာမည်ကြီးလာဖို့လည်း လင်းဖန်က ဂရုမစိုက်ပါ။
သူ ရှားဝမ်ချွေ့ကိုသာ ကူညီပေးချင်ရုံ ဖြစ်ပါသည်။ ထို့ကြောင့် ထုတ်လုပ်ရေး၏ မည်သည့် အသေးစိတ်ကိုမဆို မလွန်သွားစေချင်ပါ။
လင်းဖန်ရိုက်ကူးရေးလုပ်နေသည့် လအတွင်း Sign-in ဝင်ခဲ့ပြီး ကောင်းတာ တစ်ခုခု ရခဲ့ပါသည်၊ လင်းဖန်က ရိုက်ကူးရေးလုပ်ငန်းစဥ် တစ်ခုလုံးနဲ့ ထုတ်လုပ်ရေးနည်းလမ်းများအားလုံးနီးပါးကို ကျွမ်းကျင်နေပါသည်။
ဘာပဲဖြစ်ဖြစ် ထုပ်လုပ်ရေးလုပ်ငန်းများကို ထို အဖွဲ့သားများက ကိုင်တွယ်ရမှာဖြစ်သည်။ ထို့ကြောင့် လင်းဖန်က သူကြည့်နိုင်မလားဟု မေးလိုက်ခြင်းဖြစ်ပါသည်။
ရွှယ်ခဲ့ရှင်းက ခေါင်းငြိမ့်လိုက်သည်။ "ရတာပေါ့။ ဒီက အလုပ်တွေက ပျင်းဖို့ကောင်းပြီး ပင်ပန်းဖို့ ကောင်းတယ်နော်။ လင်းဖန် ရှင်အလုပ်လုပ်စရာတွေ ရှိသေးတယ်မလား ပင်ပန်းနေပါဦးမယ်။”
လင်းဖန် ထိုစကားကို ကြားလိုက်သောအခါ ခေါင်းခါလိုက်ပါသည်။ "မခက်ခဲပါဘူး။ ကျွန်တော်က ဒီတိုင်း သရုပ်ဆောင်အသေးစားလေးပါ။ နာမည်ကျော် ကြယ်ပွင့်ကြီးမှ မဟုတ်တာ။”
ရွှယ်ခဲ့ရှင်းက လင်းဖန်ကို ပို၍ပင် လေးစားသွားပါသည်။ "လင်းဖန် ရှင်က အရမ်းကျိုးနွံတတ်တာပဲ။ ဇာတ်ညွှန်းကို ရေးပြီး ဒီဒရမ်မာထဲမှာတောင် သရုပ်ဆောင်ထားတာကို။ ရှင် ကျွန်မတို့ကို ထုတ်လုပ်ရေးအကြောင်း ပြောစရာတစ်ခုခုရှိရင် ကျွန်မတို့ ရှင့်ကို စိတ်ကျေနပ်စေဖို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်။”
ရွှယ်ခဲ့ရှင်းကလည်း အလွန်ထက်မြက်သူဖြစ်ပြီး လင်းဖန် ဒီကို လာရသည့် ရည်ရွယ်ချက်ကို ဖောက်ထွင်းမြင်သွားပါသသည်။
လင်းဖန်က သူတို့ကို အရသာရှိသည့် နေ့လည်စာတောင် ကျွေးသေးသည်။
လင်းဖန် သူတို့ကို နေ့လည်စာမကျွေးရင်တောင် သူက ချောမောလွန်းသဖြင့် ရွှယ်ခဲ့ရှင်းက ငြင်းမှာ မဟုတ်ပေ။
လင်းဖန်မှာ ကောင်မလေးရှိသလားဆိုတာကိုပဲ မသိခြင်းဖြစ်သည်။ မရှိရင် ကောင်းပါမည်။
"ခင်ဗျားတို့တွေလည်း ဒီလိုပြောမှာတော့ ကျွန်တော် ခင်ဗျားတို့ ထုတ်လုပ်ရေးလုပ်ငန်းလုပ်တာကို ကြည့်မယ်နော်" လင်းဖန်က ပြုံးလိုက်ပြီး ဝန်ထမ်းများနဲ့ အတူတူ အလုပ်စလုပ်လိုက်လေသည်။
သူ အလုပ်စလုပ်တုန်းက လင်းဖန် ဘေးမှာ ရပ်နေပြီး မကြာခဏ စကားတချို့ ပြောနေသည်။
နေ့တစ်ဝက်လောက် ကြာသွားသောအခါ...
ထုတ်လုပ်ရေးအဖွဲ့၏ စတူဒီယိုအခန်းထဲတွင် ပြောင်းလဲမှုတချို့ရှိနေပါသည်။
လင်းဖန်က အထဲမှာ ထိုင်နေပြီး အားလုံးကို ရှင်းပြနေသည်။
ထုတ်လုပ်ရေးအဖွဲ့သားများစွာနဲ့ ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ရွှယ်ခဲ့ရှင်းက လင်းဖန်ဘေးမှာ ရပ်နေပြီး သူပြောတာကို စိတ်ဝင်တစား နားထောင်နေကြပါသည်။ လင်းဖန်ကလည်း ထုတ်လုပ်ရေးအဖွဲ့ မှတ်သားရမည့် အသေးစိတ်များကို ရှင်းပြနေသည်။
ထိုလူများက ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသော်လည်း သူတို့ ပရော်ဖက်ရှင်နယ်အဆင့်က... လင်းဖန်နဲ့ မယှဥ်နိုင်သေးမှန်း နားလည်သွားကြပါသည်။
လင်းဖန် ဘာလို့ အကုန်သိနေရတာလဲ။
လင်းဖန် ရှင်းပြသည့် အသေးစိတ်အားလုံးကြောင့် ဝန်ထမ်းများ သူတို့ အများကြီး ပိုတတ်မြောက်သွားကြသည်ဟု ခံစားလိုက်ရပါသည်။
ရွှယ်ခဲ့ရှင်း၏ လင်းဖန်အပေါ် သဘောထားလည်း ထပ်ပြီး ပြောင်းလဲသွားခဲ့ရပြန်ပါသည်။
လင်းဖန်က မကျွမ်းကျင်သူတစ်ယောက်လို ဒီကို အကြံဉာဏ်များ လာပေးခြင်း မဟုတ်ပါ။ လင်းဖန်က တကယ်ပဲ ခေါင်းဆောင်ဖြစ်သည့် သူမထက်တောင် ထုတ်လုပ်ရေးလုပ်ငန်းစဥ်များအကြောင်း ပိုပြီး သိနေပါသေးသည်။
ထိုသို့စဥ်းစားရင်း ရွှယ်ခဲ့ရှင်း၏ မျက်လုံးများ စိုစွတ်သွားပါသည်။
လင်းဖန်က အားလုံးကို ပြီးပြည့်စုံသည့် လက်ရာတစ်ခု ဖန်တီးနိုင်အောင် ဒီကို လာကူညီခဲ့ခြင်း ဖြစ်ပါသည်။
ဒီလိုအားကောင်းသည့် အစွမ်းအစမျိုးနဲ့ လင်းဖန်မှာ အစကတည်းက သူတို့ကို ရိုသေစွာ ပြောဆိုခဲ့သည်။ လင်းဖန် ပြောပြီးသွားသောအခါ လူအုပ်ကြီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်ပြောချင်တာကတော့ ဒါပါပဲ။ ဒီနည်းလမ်းအတိုင်းပဲ ထုတ်လုပ်ရေးကို ကိုင်တွယ်လိုက်ပါ။ အားလုံးပဲ အလုပ်သွားလုပ်လို့ရပါပြီ။ အားလုံး ခက်ခဲသွားကြပြီ။ ဒီနေ့ည နေ့လည်စာ ဝယ်ကျွေးပါ့မယ်။”
"အစ်ကိုဖန် မင်းက အရမ်းတော်လွန်းတယ်ကွာ။ ငါ တကယ် အံ့သြနေပြီ။ ငါက ဗီဒီယီု အယ်ဒီတာ တစ်ယောက်ပဲ။ ငါ ဖန်တီးထားတာ အရမ်းကောင်းတယ်လို့ ထင်နေခဲ့တာ။ ဒါဆို ဒီလို ဖန်တီးလို့ရတဲ့ နည်းလမ်းလည်း ရှိတယ်ပေါ့။ ဘာလို့ အရင်တုန်းက မသိခဲ့မိပါလိမ့်။”
"အစ်ကိုဖန် ပြောတာ တကယ်ကောင်းတယ်။ အရင်တုန်းက ဒီအသေးစိတ်လေးတွေကို သတိမထားမိခဲ့ဘူး။ ဒါပေမယ့် အခုတော့ ဒီလို နည်းလမ်းမျိုးသုံးပြီး ရုပ်သံဒရမ်မာတစ်ခုကို ထုတ်လုပ်လိုက်ရင် ပိုပြီးတောင် ပြီးပြည့်စုံသွားဦးမယ်။”
"ဒါဆို အစ်ကိုဖန်က အားလုံးသိနေတာပေါ့။ ကျွန်တော်တို့ကို ညစာတောင် ဝယ်ကျွေးဦးမယ်။ ကျွန်တော် ငိုမိတော့မယ် ညီအစ်ကိုတို့ ဒီနေ့ည အချိန်ပိုအလုပ်ကြရအောင်။ ဒီဒရမ်မာကို တတ်နိုင်သမျှ အစောဆုံးပြီးအောင် ဖန်တီးကြရအောင်"
"အားလုံး အစ်ကိုဖန်အတွက် အားပေးကြ"
ထုတ်လုပ်ရေးအဖွဲ့သားများစွာ အားပေးလိုက်ကြပါသည်။ ၎င်းတို့၏ လင်းဖန်အပေါ် ထားသည့် သဘောထားမှာ ပိုပိုပြီး ကောင်းမွန်လာပါပြီ။
လင်းဖန်က နောက်ပိုင်း ကြယ်ပွင့်ကြီး တစ်ပွင့် ဖြစ်လာနိုင်သည်။ သူက အဆင့်အတန်းရှိသည့်လူ ဖြစ်သော်လည်း မည်သည့် မာနမှ မထားရှိပါ။ ထို့ကြောင့် ထုတ်လုပ်ရေးအဖွဲ့က လင်းဖန်ကို အလွန်နှစ်သက်ကြပါသည်။
အထူးသဖြင့် ကောင်မလေးများ ဖြစ်သည်။ သူတို့ လင်းဖန်ကို ကြိုက်နှစ်သက်သွာားကြသည်။
လင်းဖန်က ချမ်းသာရုံသာမကဘဲ ရုပ်ချောသည့် ကောင်လေးတစ်ယောက်လည်းဖြစ်သည်။ လင်းဖန်မှာ ပိုက်ဆံ မရှိရင်တောင် သူ့ချောမောမှုနဲ့ သူချက်သည့် ဟင်းလျာများကြောင့် ကောင်မလေးများစွာကို ဆွဲဆောင်နိုင်ပါသည်။
ရွှယ်ခဲ့ရှင်းလည်း အများကြီး သင်ယူလိုက်ရသည်ဟု ခံစားလိုက်ရပါသည်။
သူမ ပိုပြီး အံ့သြရလေလေ ရွှယ်ခဲ့ရှင်း လင်းဖန်ကို ပိုပြီး လေးစားလေလေဖြစ်ပါသည်။
သူမ တစ်ခုခုကို ပို၍ပင် သေချာသွားပါသည်။
နောက်ပိုင်းမှာ ဘယ်လိုရုပ်သံဒရမ်မာမျိုးပဲ ဖြစ်ပါစေ လင်းဖန်နဲအ့တူ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပါသည်။
လင်းဖန်က တော်လွန်းသည်။ ဒါတောင် ရုပ်သံဒရမ်မာတစ်ခုပဲ ရှိသေးသည်။ မတူညီသည့် ရုပ်သံဒရမ်မာများအတွက် နည်းလမ်းနဲ့ အသေးစိတ်တို့ကလည်း ခြားနားကြသည်။ ထို့ကြောင့် သူမ လင်းဖန်နဲ့ နောက်ထပ် တူတူ အလုပ်လုပ်နိုင်ပါက သူမ ပို၍ပင် သင်ယူနိုင်ပါလိမ့်မည်။
လင်းဖန်အကြောင်း အွန်လိုင်းပေါ်က ကောမန့်များကို စဥ်းစားပြီး ရွှယ်ခဲ့ရှင်းက သူမအောက်မှာ ရှိနေသည်ဟု ထင်ခဲ့မမိသည်။
နောက်ဆုံးတော့ နာမည်ကြီးများဖြစ်ကြသည့် ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်နဲ့ ဒါရိုက်တာ လုပမ်ခိုင်း၊ ပရိုဂျူဆာလျို့မူတို့ကတောင် လင်းဖန်ကို ဘာကြောင့် ချီးကျူးကြသလဲ သူမ နားလည်သွားပါပြီ။
လင်းဖန်က ရေပန်းစားလွန်းသည်ဆိုတာကို ပြသနေသည်။
ဘာမှန်းမသိလိုက်ဘဲ တစ်လကျော် ကုန်ဆုံးသွားခဲ့ပါသည်။
လင်းဖန်၏ အကူအညီဖြင့် ထုတ်လုပ်ရေး လုပ်ငန်းစဥ် တစ်ခုလုံး အများကြီး ပိုမြန်ဆန်လာပါသည်။
တည်းဖြတ်ခြင်း အသေးစိတ်အားလုံးကို ချောမွေ့စွာ ဖန်တီးနိုင်ခဲ့သည်။ ဝန်ထမ်းများတောင် အံ့သြကုန်ကြပါသည်။
လုံးဝ ပြီးပြည့်စုံလွန်းပါသည်။
လင်းဖန်ကြောင့် မဟုတ်ပါက သူတို့ ဒီလောက်ကောင်းသည့် ရုပ်သံဒရမ်မာကို ထုတ်လုပ်နိုင်မှာ မဟုတ်ပေ။
လဝက်အတွင်းမှာပင် ထုတ်လုပ်ရေး ပြီးလုနီးပါးဖြစ်သွားခဲ့သည်။
အားလုံးက အနည်းငယ် တွန့်ဆုတ်နေကြသည်။ သူတို့ ဘာလို့ ဒီလောက်မြန်မြန်ပြီးသွားကြတာလဲ။ သူတို့ လင်းဖန်ရဲ့ စားသောက်ပွဲကို ဘယ်လို စားနိုင်တော့မှာလဲ။
သို့သော်လည်း ဘယ်သူမှ အပြစ်မတင်ကြပါ။ ကျားမ မရွေး ဝန်ထမ်းအားလုံးက လင်းဖန်၏ အမာခံပရိသတ်များ ဖြစ်လာကြပါသည်။
လင်းဖန်က သူတို့ကို အကူအညီအများကြီး ပေးခဲ့ပြီး တစ်ခါတစ်လေ သူတို့အတွက် ညစာတောင် ချက်ပြုတ်ပေးတတ်ပါသေးသည်။ ရွှယ်ခဲ့ရှင်းက ပြုံးလိုက်ပြီး လင်းဖန်ဆီသို့ လျှောက်သွားလိုက်သည်။
"လင်းဖန် ကျွန်မတို့အတွက် ပြီးခဲ့တဲ့ လဝက်လုံးလုံး အများကြီး ကူညီပေးခဲ့တယ်။ လစာမယူလို့ မဖြစ်ဘူးနော်။ ကျွန်မတို့မှာတော့ ပိုက်ဆံအများကြီး မရှိဘူး။ စိတ်မရှိပါနဲ့။ တစ်ရက်ကို ယွမ် ၂၀,၀၀၀ ပေးပါ့မယ်။ ရှင့်ရဲ့ ဘဏ်အကောင့်ထဲ စုစုပေါင်း ယွမ် ၃၀၀,၀၀၀ လွှဲပေးလိုက်မယ်။ ရှင်လက်ခံရမယ်နော်။ လက်မခံရင် ကျွန်မတို့ လိပ်ပြာလုံမှာ မဟုတ်ဘူး။" ရွှယ်ခဲ့ရှင်းက ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်၏ မျက်လုံးများ ဝိုင်းစက်သွားပါသည်။
သူက ပိုကောင်းသည့် ရုပ်သံဒရမ်မာတစ်ခု ဖန်တီးနိုင်အောင် ကူညီပေးဖို့ ဒီကို လာခဲ့ခြင်းဖြစ်သော်လည်း တစ်ရက်ကို လစာအနေဖြင့် ယွမ် ၂၀,၀၀၀ ရခြင်းက မဆိုးလှပါ။
ထို့အပြင် လင်းဖန်က အခုမွဲနေပါသည်။ သူ့ပိုက်ဆံအားလုံးနီးပါးကို ဘဝရဲ့ ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံခဲ့သည်။ သူက အခု အလွန် မွဲနေပြီး စနစ်ကလည်း အားမကိုးရပေ။
ပိုက်ဆံကို ရရှိပြီးနောက် ဆောက်လုပ်ရေးဘဏ်မှာ မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့ပါသည်။
ယွမ် ၃၀၀,၀၀၀ သူ့အကောင့်ထဲ ဝင်လာပါသည်။