အခန်း(၈၉) လင်းကျင်းကျင်း အံ့သြသွားပြီ။ ကောင်းလိုက်တဲ့ တေးသွားပါလား။
Vol. 6 Ch. 89
အခန်း(၈၉) လင်းကျင်းကျင်း အံ့သြသွားပြီ။ ကောင်းလိုက်တဲ့ တေးသွားပါလား။
ပိုက်ဆံရပြီးနောက် လင်းဖန်၏ ငွေရေးကြေးရေး အခက်အခဲတော့ ယာယီ ပြေလည်သွားပါပြီ။
ဘဝရဲ့ပျော်ရွှင်မှုအတွက် ရိုက်ကူးရေးကြေး ရှင်းပြီးသောအခါ လင်းဖန် တကယ် ချမ်းသာလာပါလိမ့်မည်။
ယွမ် ၃၀၀,၀၀၀ က သူ့ ငွေရေးကြေးရေး အခက်အခဲကို ပြေလည်သွားစေသည်။ သူ့ အိမ်ရာ ထိန်းသိမ်းရေးအခွန်များ၊ ရေဖိုး၊ မီတာခများအတွက် ထိုငွေကို သုံးနိုင်သည်။ သူ့ တန်ဖိုးကြီး ပြိုင်ကား ၃ စီးကို ထိန်းသိမ်းဖို့ ပိုက်ဆံအများကြီး လိုအပ်ပါသည်။
လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးမှ ရိုက်ကူးရေးကြေး များများစားစား ရမှာ မဟုတ်ပေ။ လင်းဖန်၏ ရိုက်ကူးရေးကြေးက ယွမ် ၉ သန်းသာ ရှိသည်။ လောလောဆယ် လင်းဖန်က လူသစ်တစ်ယောက်သာ ဖြစ်သည်။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံသူလည်း မလုံလောက်သဖြင့် သူ့လစာလည်း အများကြီး လျှော့ချခံလိုက်ရပါသည်။
ထုတ်လုပ်ရေးအဖွဲ့ထဲတွင် တည်းဖြတ်သည့်လုပ်ငန်းတချို့ လုပ်ဆောင်ပြီးနောက် အရေးအကြီးဆုံးအရာက နောာက်ခံအသံထည့်သွင်းခြင်း ဖြစ်ပါသည်။ ထုတ်လုပ်ရေးအဖွဲ့က နောက်ခံအသံဆရာကြီးဖြစ်သော မေ့လန်၊ ဆရာမမေ့ကို ဖိတ်ကြားခဲ့ပါသည်။
လုပ်ဆောင်ရမည့် အသေးစိတ် နောက်ခံအသံထည့်သွင်းခြင်းများ ရှိနေပါသေးသည်။ ဂီတကို ရုပ်သံစီးရီးတစ်ခုလုံး၏ ဇာတ်ဝင်ခန်းများထဲ ထည့်သွင်းရပါဦးမည်။ ဇာတ်ကွက်နဲ့ ဇာတ်ဝင်ခန်းအားလုံးအတွက် မတူညီသည့် တေးဂီတများ ထည့်သွင်းရမည်။
ကုမ္ပဏီကလည်း ဘဝရဲ့ပျော်ရွှင်မှုအတွက် ဂီတမျိုးစုံ ဖန်တီးပေးဖို့ ဝန်ထမ်းများစွာကို ငှားရမ်းခဲ့ပါသည်။
မေ့လန်က ဝန်ထမ်းများကို ခေါ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဖို့ ရောက်လာတော့ ၎င်းတို့ထဲမှာ ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင်များပင် ပါလာပါသေးသည်။
လင်းကျင်းကျင်းလည်း ရောက်လာခဲ့သည်။
သူမ အသံက အစကတည်းက ကောင်းမွန်သည်။ သူမ၏ အဆိုစွမ်းရည်ကလည်း အလွန်လှပ၏။ ထို့အပြင် သူမ၏ ပရော်ဖက်ရှင်နယ် စကေးများကလည်း ထူးချွန်လှပါသည်။
သရုပ်ဆောင်တစ်ယောက်လုပ်ခြင်းက လင်းကျင်းကျင်း၏ အရန်လုပ်ငန်းသာဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူမက အဆိုတော်တစ်ယောက်လည်း ဖြစ်ပါသည်။ သူမ၏ အသံက ကောင်းမွန်သဖြင့် လင်းကျင်းကျင်း တစ်ခါတစ်လေ အသံသရုပ်ဆောင်လည်း လုပ်ပါသေးသည်။
လင်းကျင်းကျင်းနဲ့ မေ့လန်တို့ ထုတ်လုပ်ရေးအဖွဲ့သို့ ရောက်လာတော့ သူတို့ လင်းဖန်ကို မြင်လိုက်ကြပါသည်။
လင်းဖန်က နောက်ခံအသံသွင်းဖို့ ကြိုးစားနေသည်။ သူ့မှာ အကောင်းဆုံး ဂီတပါရမီနဲ့ နတ်ဘုရားအဆင့် သီချင်းဆိုစွမ်းရည်များ ရှိနေတာကိုလည်း မေ့ထားလို့ မရပေ။
လင်းဖန်၏ အဆိုစွမ်းအင်ကလည်း အလွန်ကောင်းမွန်ပြီး ဂီတအပေါ် နားလည်မှုလည်း အတော်လေး မြင့်မားပါသည်။
ဆရာမေ့လန် ရောက်လာတော့ လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှုအတွက် ဂီတတစ်ဝက်လောက်ကို ပြင်ဆင်ထားပြီးသား ဖြစ်နေပါပြီ။
လင်းဖန်ကိုယ်တိုင် ဖန်တီးထားသည့် တေးသွားများစွာ ရှိသည်။ လင်းဖန် ဂီတကို ဖန်တီးနေစဥ် အပြည့်အဝ အာရုံစိုက်ထားသည်။
ဂီတတစ်ခုကို ဖန်တီးလိုက်တိုင်း လင်းဖန်က စန္ဒရားကို အသုံးပြုပြီး တစ်ခေါက်တီးကြည့်ကာ ထို့နောက်မှ ဆော့ဖ်ဝဲတစ်ခုကို သုံးပြီး ပြုပြင်သည်။ နောာက်ဆုံးတော့ ဒီဇာတ်ကွက်၏ စတိုင်နဲ့ ကိုက်ညီမည့် ပုံစံမျိုးဖြင့် ဂီတအထူးပြုလုပ်ချက်ကို ဖန်တီးသည်။
အခန်းတစ်ခန်းလုံးမှာလည်း ဂီတအသံက လွဲပြီး ဘာမှမကြားရပါ။
တခြားဝန်ထမ်းများကလည်း တိတ်ဆိတ်နေကြသည်။ လူတချို့ဆို ဂီတထဲ နစ်မျောနေကြပါပြီ။
လင်းဖန် စန္ဒရားပေါ်မှာ ဒီလို တေးသွားမျိုးကို ထပ်ပြီး တီးလိုက်သောအခါ အားလုံးတိုးတိတ်စွာ နားဆင်ခဲ့ကြသည်။ အားလုံး ဂီတ အကြောင်း နားမလည်နိုင်သော်လည်း ဒီတေးသွားလေးက အလွန်ကောင်းမွန်ကြောင်းကိုတော့ ခံစားမိပါသည်။
၎င်းတို့အနက် လင်းဖန်က ရုပ်သံစီးရီး၏ ဇာတ်ဝင်တေးသီချင်းကိုတောင် တီးခဲ့ပါသည်။
သူ့၏ မူလ ဇာတ်ဝင်တေးသီချင်းဖြစ်ပါသည်။
"ဆရာမမေ့လန်နဲ့ ကျင်းကျင်းတို့ နှစ်ယောက်..." ရွှယ်ခဲ့ရှင်းက သူတို့နှစ်ယောက်ကို အထဲဖိတ်ခေါ်ဖို့ ပြင်လိုက်သည်။ သို့သော် မေ့လန်က တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်ပြီး တေးသွားကိုသာ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
သူမ လင်းဖန် တေးသွားတီးနေတာကို ရပ်နားထောင်နေတာ ကြာပါပြီ။
လင်းကျင်းကျင်းကလည်း မျက်လုံးမှိတ်ကာ နားဆင်ခံစားနေသည်။ အနည်းငယ် အံ့သြမိပါသည်။ ကုမ္ပဏီ ဘယ်တုန်းက ဂီတဆရာတစ်ယောက်ကို ငှားခဲ့တာလဲ။ သူ တီးခတ်သည့် တေးသွားက အလွန်ကောင်းမွန်ပါသည်။
ဂီတအကြောင်း နားလည်သူများက လင်းဖန် အခု တီးခတ်လိုက်သည့် တေးသွားထဲ ဂီတ သီအိုရီ ဘယ်လောက်တောင် ထည့်သွင်းထားသလဲ နားလည်နိုင်ပါသည်။
သံစဥ်က တက်ကြွပြီး လှပလှသည်။ ထို့အပြင် ဆန်းသစ်သည့် တေးသွားကလည်း အားလုံး၏ နားထဲဝင်ရောက်လာသည်။
လင်းဖန် သံစဥ်ကို တီးခတ်ပြီးသွားသောအခါ လင်းကျင်းကျင်းတစ်ယောက် သူမ၏ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများက အံ့အားသင့်မှုကြောင့် တောက်ပလျက် ရှိပါသည်။
သူမက ဂီတနဲ့ သီချင်းဆိုရတာကို အနှစ်သက်ဆုံး ဖြစ်ပါသည်။ ထို့ကြောင့် လင်းဖန် အခုလေးတင် တီးခတ်လိုက်သည့် တေးသွားမှာ မူရင်း တီးခတ်မှုတစ်ခုဖြစ်ကြောင်း သူမ ပြောနိုင်သည်။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ တေးသွားလဲ။ လင်းကျင်းကျင်းက ဒီဆန်းကြယ်သည့် ဆရာတစ်ပါးကို တွေ့ချင်နေပါပြီ။
ဘယ်သူက ဒီလောက်ထိ ကောင်းတဲ့ တေးသွားကို တီးခတ်နိုင်တာလဲ။ ပြီးတော့ အခုလေးတင် တီးခတ်လိုက်တဲ့ တေးသွားက ထင်ရှားပြီး တက်ကြွလွန်းတယ်။ လင်းကျင်းကျင်းက စိတ်ဆုံးဖြတ်ချက်ချပြီးပါပြီ။ သူမ ဒီဆရာနဲ့ တိုင်ပင်ဆွေးနွေးချင်သည်။
ဒီဆရာကသာ သူမကို သီချင်းဘယ်လိုဆိုရမလဲ လမ်းညွှန်ချက် ပေးနိုင်ရင် ပိုကောင်းပါမည်။
ဆရာမမေ့လန်ကလည်း မျက်လုံးဖွင့်လိုက်ပါသည်။
"ခုနက တေးသွားကို ဘယ်သူတီးလိုက်တာလဲ။”
"မဟုတ်မှလွဲရော... ကျိုးကျယ်လွင်ကိုယ်တိုင် ရောက်လာတာလား။ ဒါမှမဟုတ် ကောင်းကင်ဘုရင် လေးယောက်ကို ဖိတ်ကြားထားတာလား။ ဒါမှမဟုတ် ဖေးဝမ်ကိုယ်တိုင်လား။ ဂီတအကြောင်း နားလည်မှုမြင့်မားတဲ့လူတွေပဲ ဒီလောက်ထိ လက်ရာမြောက်တဲ့ သံစဥ်မျိုးကို တီးခတ်နိုင်မှာ။ ခုနက တေးသွားက အရမ်းပြီးပြည့်စုံလွန်းတယ်။”
ဆရာမမေ့လန်က ပြောလိုက်ပါသည်။
ရွှယ်ခဲ့ရှင်းလည်း အနည်းငယ် အံ့သြသွားပါသည်။ အခုလေးတင် လင်းဖန်က စန္ဒရားကို ငှားပြီး သင့်တော်သည့် တေးသွားရှိမလား စမ်းတီးကြည့်ချင််သည်ဟု ဆိုသည်။ ထို့ကြောင့် ရွှယ်ခဲ့ရှင်းက သူ့ကို ခွင့်ပြုလိုက်ခြင်း ဖြစ်၏။
ရွှယ်ခဲ့ရှင်း၏ အမြင်မှာတော့ လင်းဖန်က ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်ပြီး ထုတ်လုပ်ရေး လုပ်ငန်းများစွာအကြောင်း နားလည်ပါသည်။ သို့သော်လည်း လင်းဖန် ဂီတအကြောင်း နားလည်နေလိမ့်မည်ဟု မဆိုလိုပါ။ ဘာပဲဖြစ်ဖြစ် ဂီတဆိုတာ ပါရမီနဲ့ အလုပ်ကြိုးစားမှုများကို လိုအပ်သည်။ သူတို့အတွက် အချိန််တိုအတွင်း ဂီတကို သင်ယူဖို့ အလွန်ခက်ခဲနိုင်ပါသည်။ သူ့ဂီတအကြောင်း နားလည်ရင်တောင် ရုပ်သံဒရမ်မာများအတွက် နောက်ခံအသံသွင်းပညာတချို့အကြောင်း ပရော်ဖက်ရှင်နယ်ကျကျ နားလည်ထားဖို့ လိုအပ်ပါသည်။
သို့သော်လည်း မေ့လန်က ဂီတလောက၏ ဆရာတစ်ဆူဖြစ်သည်။ သူမက ရုပ်သံဒရမ်မာများစွာအတွက် တေးသွားများကို ဖန်တီးဖို့ အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သည်။ သူမက လင်းဖန်ကို အလွန်မြင့်မားစွာ ချီးကျူးခဲ့ပါသည်။
သူမ လင်းဖန်ကို ကျိုးကျယ်လွင်၊ သို့မဟုတ် ဖေးဝမ်တို့လောက်တောင် ကောင်းသည်ဟု ခန့်မှန်းခဲ့သည်။
ကျိုးကျယ်လွင်နဲ့ ဖေးဝမ်တို့က ဂီတလောက၏ ထိပ်တန်းများဖြစ်ကြသည်။ မေ့လန်က လင်းဖန်ကို ဒီလိုမျိုးခန့်မှန်းလိုက်သဖြင့် သူ့ကို အသိအမှတ်ပြုလိုက်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ရွှယ်ခဲ့ရှင်း၏ နားလည်မှုများ ပြန်လည် သစ်ဆန်းသွားသည်။
လင်းဖန်က တော်လွန်းပါသည်။ သူ့ဂီတွေက ဘာကြောင့် ဒီလိုအဆင့်မြင့်မြင့်အထိ ရောက်နိုင်ရတာလဲ။
"ဆရာမ မေ့လန်။ ခုနက သံစဥ်ရဲ့အဆင့်က ဘယ်လိုနေလဲ။" ရွှယ်ခဲ့ရှင်း မေးလိုက်ပါသည်။
"ပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ပဲပေါ့" ဆရာမမေ့လန်က ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်။ ကျွန်မကော အဲ့ဒီ ဆရာကို တွေ့လို့ရမလား။ သူ စန္ဒရားတီးတာ တော်လွန်းတယ်။ အထူးသဖြင့် ခုနက နောက်ဆုံးအပိုင်းလေး။ ကျွန်မ ရှေ့မှာ ဇာတ်ဝင်ခန်း အသစ်စက်စက်တစ်ခု ပေါ်လာသလိုပဲ" လင်းကျင်းကျင်းက ခေါင်းငြိမ့်လိုက်ပါသည်။
ရွှယ်ခဲ့ရှင်းက ပြောလိုက်ပသါည်။ "ဒီကို နောက်ခံအသံ လာသွင်းတဲ့လူက ကျိုးကျယ်လွင် မဟုတ်ပါဘူး။ လင်းဖန်ပါ။ သူ စမ်းကြည့်ချင်တယ်ပြောလို့လေ။ ကျွန်မ သူ့ကို ဂီတဘက်မှာ ဒီလောက်ထိ ကျွမ်းကျင်လိမ့်မယ်လို့ ထင်မထားဘူး။”
ထိုအချိန်တွင် လင်းဖန် အပြင်သို့ ထွက်လာခဲ့သည်။
လင်းဖန်ကို မြင်လိုက်တော့ လင်းကျင်းကျင်း၏ လှပသော မျက်လုံးလေးများ ဝိုင်းစက်သွားပါသည်။
ဘုရားရေ... ဆရာတစ်ယောက်ယောက် စန္ဒရားတီးနေတာလို့ ထင်ခဲ့သော်လည်း လင်းဖန်ဖြစ်နေသည်။
"ဝိုး ရှင်ပါလား လင်းဖန်။ ဘာလို့ ဂီတဘက်မှာ ဒီလောက်ထိ တော်ရတာလဲ။” လင်းကျင်းကျင်းက ပြေးသွားပြီး လင်းဖန်ကို လေးစားအားကျစွာ ကြည့်လိုက်ပါသည်။
လင်းကျင်းကျင်း၏ ဂီတလမ်းကြောင်းနောက် လိုက်ဖို့က သူမ၏ ဘဝတစ်သက်စာ အိပ်မက် ဖြစ်သည်။ လင်းဖန်၏ ဂီတက ကောင်းမွန်လွန်းပါသည်။ အမှန်ပင်။ လင်းကျင်းကျင်းက အနည်းငယ် အားကိုးချင်သွားပါသည်။
သူမ၏ ဆရာမဖြစ်သည့် မေ့လန်ကတောင် ချီးကျူးလိုက်ရပါသည်။
"ဆရာလင်း ရှင် ခုနက တီးလိုက်တဲ့ သံစဥ်က ကောင်းလိုက်တာ" မေ့လန်က လင်းဖန်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "ဒီရုပ်သံဒရမ်မာအတွက် ကျွန်တော် ဖန်တီးထားတဲ့ ဇာတ်ဝင်တေးသီချင်းပါ။ 'ထာဝရဆန္ဒ' လို့ အမည်ရတယ်။"
မေ့လန်က ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုသံစဥ်မျိုးကို ဇာတ်ဝင်တေးသီချင်းအနေနဲ့ သုံးလို့ရတာပေါ့။ ပြီးတော့လည်း ခုနက တေးသွားက လက်ရာမြောက်လိုက်တာ။ ဒီရုပ်သံဒရမ်မာနဲ့ ပေါင်းလိုက်ရင် ဒီရုပ်သံဒရမ်မာက သေချာပေါက် ရေပန်းစားလာမှာာပဲ။”
မေ့လန်က သူမ ဘဝရဲ့ပျော်ရွှင်မှုအတွက် အသံသွင်းဖို့ လာကူညီသောအခါ လင်းဖန်လို ပိုပြီးအံ့သြဖို့ကောင်းသည့် ဂီတဆရာတစ်ယောက်နဲ့ ဆုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။