← Chapters

အခန်း(၉၀) ရှားဝမ်ချွေ့ ဘာလို့ ဒီလောက် လှရတာလဲ

Vol. 6 Ch. 90

အခန်း(၉၀) ရှားဝမ်ချွေ့ ဘာလို့ ဒီလောက် လှရတာလဲ

Vol. 6 Ch. 90

အခန်း(၉၀) ရှားဝမ်ချွေ့ ဘာလို့ ဒီလောက် လှရတာလဲ

ရုပ်သံဒရမ်မာတစ်ခုလုံးအတွက် တေးသွားများအား ဖန်တီးပြီးသောအခါ လင်းကျင်းကျင်း၏ လင်းဖန်အပေါ် သဘောထားက လုံးဝ ပြောင်းလဲသွားပါသည်။ "လင်းဖန် ရေသောက်ပါဦး။”

"ရှင်က တော်လိုက်တာ။ ရှင့်ရဲ့ ဂီတပါရမီက အားကောင်းလွန်းတယ်။ ရှင် သီချင်းဆိုတာကော တော်လား" လင်းကျင်းကျင်းက လင်းဖန်ကို ကြည့်လိုက်ပြီး ဓာတ်ဆားရေတစ်ဗူး ပေးလိုက်ပါသည်။

"ကောင်းပါတယ်။ သာမန်လောက်ပါပဲ။" လင်းဖန်က ပြုံးလိုက်ပြီး ရေသန့်ဗူးကို ယူလိုက်ပါသည်။ သူ လွန်ခဲ့သည့် လဝက်လုံးလုံး အလုပ်များနေခဲ့ပါသည်။

"ရှင်ကတော့ အမြဲတမ်း နှိမ့်ချနေတတ်တာပဲ။ အဲ့တာကြောင့်လည်း ချွေ့ချွေ့က ရှင့်ကို အရမ်း သဘောကျနေတာပေါ့။ နောက်ပိုင်း ကျွန်မ ဖျော်ဖြေပွဲ ကျင်းပရင် ရှင်လာရမယ်နော်~" လင်းကျင်းကျင်းက လင်းဖန်ကို ကြည့်လိုက်ကာ ပြုံးလိုက်ပါသည်။

"ရှင် မလာလည်း ကျွန်မ ဖိတ်မှာပဲ။ ရှောင်းယွီနဲ့ ချွေ့ချွေ့တို့ကိုလည်း ဖိတ်မယ်။ ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို ထောက်ပံ့ပေးရမယ်။" လင်းကျင်းကျင်းက လင်းဖန်ကို ပြုံးပြလိုက်ပါသည်။

"ဟုတ်ပါပြီ။ ဒါဆိုလည်း ဖိတ်ပါဗျာ။" လင်းဖန်က ပြုံးလိုက်ပါသည်။

ဆရာမမေ့လန်နဲ့ ရွှယ်ခဲ့ရှင်းတို့က အတူတူ ထိုင်နေကြသည်။

သူတို့နှစ်ယောက်သား ဘာမှ လုပ်စရာမရှိတော့ဘူးဟု ခံစားနေမိပါသည်။

တစ်ယောက်က ဂီတလောက၏ ဆရာတစ်ဆူ မေ့လန် ဖြစ်သည်။

နောက်တစ်ယောက်က ထုတ်လုပ်ရေးအဖွဲ့ ခေါင်းဆောင် ရွှယ်ခဲ့ရှင်း ဖြစ်သည်။

သူတို့နှစ်ယောက်က သက်ဆိုင်ရာ နယ်ပယ်များတွင် အလွန်တော်ကြသူများ ဖြစ်သည်။ သို့သော်လည်း လင်းဖန်ရောက်လာကတည်းက သူတို့နဲ့ ထိုလုပ်ငန်းများ ဘာမှ မသက်ဆိုင်တော့သလို ခံစားနေရသည်။ ထို့အစား သူတို့က ဘေးမှသာ ရပ်ပြီး သင်ယူနေရသည်။ အများဆုံးဆိုလို သူတို့အကြံဉာဏ်သာ ပေးရသည်။

သူတို့အကြံပေးသောအခါမှာလည်း လင်းဖန်က အမြဲတမ်း ပိုကောင်းသည့် ရှုထောင့်ကို ထောက်ပြပြီး သူမတို့နှစ်ယောက်ကို အံ့သြသွားစေပါသည်။

"ဟူး... နှမြောစရာပဲ လင်းဖန်သာ ဂီတလမ်းကြောင်းကို ရွေးလိုက်ရင် သေချာပေါက် နာမည်ကြီးလာမှာပဲ။" မေ့လန်က ပြောလိုက်ပါသည်။

ရွှယ်ခဲ့ရှင်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ လင်းဖန်သာ ထုတ်လုပ်ရေးအပိုင်းမှာ အထူးပြုရင် လက်ရှိ နိုင်ငံတော်ရဲ့ ရုပ်ရှင်လောကကို ပြောင်းလဲပေးနိုင်တဲ့ လက်ရာမြောက်တဲ့ ရုပ်ရှင်တွေ ဘယ်လောက်တောင် ထွက်လာမလဲ မသိဘူး။ အခုတော့ ရုပ်ချောတဲ့ လူတွေနဲ့ အင်မော်တယ် ဒရမ်မာကားတွေကလွဲပြီး ရုပ်ရှင်လောကမှာ ပြောင်မြောက်တဲ့ လက်ရာ မရှိကြဘူး။”

သူမတို့နှစ်ယောက် ခံစားချက်ချင်း တူညီကြပါသည်။ လင်းဖန် ဘာကြောင့် ဒီလောက်တောင် ထူးချွန်ရတာလဲ။ မတူညီသည့် နယ်ပယ်နှစ်ခုမှာတောင် လင်းဖန်က တစ်သန်းမှာ တစ်ယောက် ပါရမီရှင် ဖြစ်နေပါသည်။

"မဟုတ်သေးဘူ။ လင်းဖန်ကို ဂီတ ဖန်တီးအောင် နည်းလမ်း တစ်ခုခု စဥ်းစားရမယ်။ ဒီလိုပါရမီမျိုး ပျောက်ကွယ်သွားလို့ မဖြစ်ဘူး" မေ့လန်က ပြောလိုက်သည်။

ရွှယ်ခဲ့ရှင်းက ခေါင်းခါလိုက်သည်။ "ဆရာမမေ့လန် အဲ့လိုလုပ်ဖို့ လိုမယ်တော့မထင်ဘူး။ လင်းဖန်က ငွေရေးကြေးရေး မချို့တဲ့ဘူး။ ပြီးတော့ လင်းဖန်က ကျွန်မတို့ထက်တောင် ပိုချမ်းသာနိုင်တယ်။”

မေ့လန် အံ့သြသွားပါသည်။ "အမ် သူက အနုပညာလောကမှာ လူသစ်တစ်ယောက် မဟုတ်ဘူးလား။”

ရွှယ်ခဲ့ရှင်းက ခေါင်းထပ်ခါလိုက်ပြီး ပြောလိုက်ပါသည်။ "ဆရာမမေ့လန် လင်းဖန်က သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ သူ့မိသားစုက အရမ်းချမ်းသာတယ်။ လင်းဖန်မှာ သန်းရာကျော် တန်ဖိုးရှိတဲ့ ပြိုင်ကားတွေလည်း ရှိတယ်။ လှိုင်းပြာပင်လယ်အော်အိမ်ရာမှာလည်း နှလုံးသားရေကန်ဗီလာကြီးကို ပိုင်ထားတယ်။ လင်းဖန်က ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်တယ်။ ဘီလီယံတန်ဖိုးရှိတဲ့ နည်းပညာအဆောက်အဦးမှာလည်း သူ့ပိုင်ဆိုင်မှုတွေ ရှိသေးတယ်။ လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ယွမ် ၁၀ ဘီလီယံအောက် မနည်းနိုင်ဘူး။”

ယွမ် ၁၀ ဘီလီယံဆိုသည့် စကားကို ကြားလိုက်ရသောအခါ မေ့လန်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

လင်းဖန်က ဒီလောက်တောင်လား...

သူမ ထင်တာ မမှားလျှင် လင်းဖန်က  အသက် ၂၀ ဝန်းကျင်သာရှိသေးသည်။ အလွန်ငယ်ရွယ်ပါသေးသည်။

ဒီလို အားကောင်းသည့် အစွမ်းအစမျိုးနဲ့ ပိုက်ဆံအများကြီးနဲ့ဆို လင်းဖန်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက တိုင်းတာလို့ပင် မရနိုင်ပါ။

"ပိုင်ဆိုင်မှု ယွမ် ၁၀ ဘီလီယံကျော်တယ်တဲ့... လင်းဖန်က တကယ်ပဲ  သာမန်လူ မဟုတ်ပါလား။ ကျွန်မ ရုတ်တရက်ကြီး လင်းဖန်ကို နည်းနည်းတောင် မနာလို ဖြစ်လာပြီ။ ကျွန်မ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာတောင် ယွမ် ၁၀ မီလီယံကျော်ကျော်လေးပဲ ရခဲ့တယ်။ ဒါပေမယ့် လင်းဖန်ကတော့ ဘီလီယံ ဆယ်နဲ့ချီပြီး ရှိနေပြီပေါ့..." မေ့လန်က မနာလိုဖြစ်စွာ ပြောလိုက်ပါသည်။

"ဟုတ်တယ်" ရွှယ်ခဲ့ရှင်းကလည်း ခေါင်းငြိမ့်လိုက်သည်။ တကယ်တော့ သူမလည်း လင်းဖန်ကို အနည်းငယ် ကပ်ချင်ပါသည်။

လင်းဖန်က လက်မခံဘဲ သူမကို သိုက်တူးသမားဟု ထင်သွားမှာ စိုးရိမ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း လင်းဖန်က အလွန်ချောမောပြီး ဆွဲဆောင်မှုရှိလွန်းပါသည်။ သူမ သည်းခံနိုင်စွမ်း မရှိတော့ဘဲ ပြောရမှာလည်း ရှက်လွန်းနေပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်ဘေးက ကောင်မလေးများက ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ ဖြစ်ကြသည်။ သူတို့အားလုံးက မိန်းမလှလေးများ ဖြစ်ကြသည်။ ထိုမင်းသမီးများနဲ့ ယှဥ်လိုက်ပါက သူမမှာ ဘယ်လိုအားသာချက်မှ မရှိပေ။

"လင်းဖန် ကျွန်မလည်း ရှင့်ကို ဆရာအဖြစ် အသိအမှတ်ပြုချင်တယ်..." လင်းကျင်းကျင်းက လင်းဖန်ကို တိုးတိုးတိတ်တိတ်ကြည့်ကာ မျက်တောင်ခတ်လိုက်ပါသည်။

"သွားပါ ငါ တပည့်လက်မခံတော့ဘူး။ နင်က အရမ်းလှပြီး ရှောင်းယွီလို့ပဲ ငါ့ကို ဆရာလို့ ခေါ်နေတယ်။ သတင်းတွေသာ ထွက်သွားရင် ငါနင့်ကို တစ်ခုခု မကောင်းတာ လုပ်ထားတယ်လို့ ထင်သွားကြလိမ့်မယ်။” လင်းဖန်က ပြုံးလိုက်ပါသည်။

လင်းကျင်းကျင်းကလည်း အလွန်လှပပြီး သူမ၏ အသံကလည်း အတော်လေး ကောင်းမွန်ပါသည်။ သို့သော်လည်း လင်းဖန်က လင်းကျင်းကျင်းနဲ့ ခပ်ခွာခွာနေရပါမည်။

ကြောင်မလေးသာ သိသွားပါက သူ ပြဿနာ အကြီးကြီး တက်လိမ့်မည်။

"ဟွန်း လင်းဖန် ဒါဆိုလည်း ဓာတ်ပုံတော့ အတူတူ ရိုက်ကြမယ်" လင်းကျင်းကျင်းက သူမ၏ ကင်မရာကို ယူလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ လင်းဖန်အပေါ် သူမ၏ ဆက်ဆံပုံက ပြောင်းလဲသွားပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က တော်လွန်းသည် မဟုတ်ပါလား။

"သွားပါ ငါအလုပ်များနေလို့" လင်းဖန်က ပြောလိုက်သည်။

"ဘာလို့ ငါနဲ့ ဓာတ်ပုံတောင် မရိုက်ချင်တာလဲ။ ငါက ဒီလောက် လှတာကို။ ချွေ့ချွေ့နဲ့ သွားတိုင်ပြောလိုက်မှာနော်။" လင်းကျင်းကျင်းက ပြောလိုက်သည်။

"သူ့အကြောင်းပြောမှ ငါ့ဝက်မလေးနဲ့ စကားမပြောရတာတောာင် တော်တော်ကြာနေပြီ" လင်းဖန်က ပြုံးလိုက်သည်။ သူ ရှားဝမ်ချွေ့နဲ့ မတွေ့ရတာ လဝက်လောက်တောင် ရှိနေပါပြီ။

လဝက်လောက် မတွေ့ရသဖြင့် သူ ရှားဝမ်ချွေ့ကို သတိရနေပါပြီ။

ဒီမှာ ကောင်မလေးများစွာ ရှိပြီး သူတို့ အများစုက လှပကြသော်လည်း လင်းဖန်က စိတ်မဝင်စားပါ။

ဒီကောင်မလေးများ၏ ကိုယ်လုံးကိုယ်ပေါက် ရှားဝမ်ချွေ့လောက် မလှပေ။ အဓိက အချက်ကတော့ သူတို့က  ရှားဝမ် ချွေ့လောက် ချစ်ဖို့ မကောင်းကြခြင်းပင်။

ရှားဝမ်ချွေ့က ပုံမှန်ဆို အများကြီး အလုပ်များပါသည်။ သူမ ကုန်ပစ္စည်းအမှတ်တံဆိပ်များ၏ ထောက်ခံချက်များကို လက်ခံရပြီး ကြော်ငြာများ ရိုက်ပေးရသည်။ "Keep Running" ရသစုံရှိုးကိုတောင် ရိုက်ကူးရပါသေးသည်။

လင်းဖန်က Keep Running ၏ နောက်ဆုံးပိုင်းတွင် ပါရမည်။ သူ ရှားဝမ်ချွေ့၏ မွေးနေ့တွင် စပရိုက် လုပ်ပေးချင်ပါသည်။

ရှားဝမ်ချွေ့က သူ့ကို အလွန်သဘောကျသည်ဟု လင်းကျင်းကျင်းပြောတာကိုတော့ လင်းဖန်က ဒီလိုအကျင့်မကောင်းသည့် ကောင်မလေးက သူ့ကို သဘောကျလိမ့်မည်ဟု လင်းဖန် မယုံကြပေ။ ဝီချက်ကို ဖွင့်လိုက်ပြီး လင်းဖန် ရှားဝမ်ချွေ့နဲ့ သူ့ရဲ့ စကားပြောမှတ်တမ်းကို စစ်ကြည့်လိုက်သည်။ လွန်ခဲ့သည့် လဝက်တုန်းကအတိုင်းပဲ။ ရှားဝမ်ချွေ့က သူ့ကို လဝက်ကျော်လောက်အထိ ဝီချက်မက်ဆေ့ချ် မပို့ခဲ့ပါ။ ထို့ကြောင့် လင်းဖန် အလွန် စိတ်ဆိုးနေပါသည်။

လင်းဖန်ကလည်း ဘဝရဲ့ပျော်ရွှင်မှု ထုတ်လုပ်ရေးအတွက် လဝက်လောက် အလုပ်များနေခဲ့သည်။ ထို့ကြောင့် ရှားဝမ်ချွေ့ကို မက်ဆေ့ချ်ပို့ဖို့ အချိန်မရှိခဲ့ပါ။ ရှားဝမ်ချွေ့ကလည်း လင်းဖန်ကို မက်ဆေ့ချ် မပို့ခဲ့ပေ။

ထိုသို့ စဥ်းစားပြီး လင်းဖန်က ပို၍ပင် စိတ်ဆိုးသွားပါသည်။

"လာပါ ကျင်းကျင်း ဓာတ်ပုံ အတူတူ ရိုက်ကြရအောင်" လင်းဖန်က ပြောလိုက်သည်။

"အိုကေ" လင်းကျင်းကျင်းက ပြုံးလိုက်ပြီး လင်းဖန်နဲ့ အတူတူ ဓာတ်ပုံရိုက်လိုက်ပါသည်။

ထို့နောက် လင်းကျင်းကျင်းက ထိုဓာတ်ပုံကို ရှားဝမ်ချွေ့ထံသို့ ပို့ပေးလိုက်ပါသည်။ သူမ အလွန်စိတ်ဆိုးသွားသည်။ လင်းဖန်က သူမ မရှိတာကို အခွင့်ကောင်းယူပြီး တခြားကောင်မလေးတွေနဲ့ ဓာတ်ပုံရိုက်နေသည်။

လင်းဖန်က ပထမအဆင့်သာ ရှိသေးပြီး ရှားဝမ်ချွေ့က ဒုတိယအဆင့် ဖြစ်သည်။ သူမ လင်းကျင်းကျင်းကို လင်းဖန်အာား သွားတွေ့ခိုင်းချင်ခဲ့တာ ကြာပါပြီ။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ထုတ်လုပ်ရေးအတွက် လဝက်လောက်အထိ အလုပ်များနေခဲ့သည်။ လင်းဖန်၏ ဂီတပါရမီကြောင့် လင်းကျင်းကျင်း မှင်သက်သွားခဲ့ရသည်။

လင်းကျင်းကျင်းက လင်းဖန်ကို သဘောကျသော်လည်း လင်းဖန်နဲ့ ခပ်ခွာခွာနေပါသည်။ သူမ ရှားဝမ်ချွေ့ကြောင့် လင်းဖန်ကို ဓာတ်ပုံရိုက်ဖို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဘာကြောင့်မှန်းမသိဘဲ လင်းကျင်းကျင်းနဲ့ ဓာတ်ပုံရိုက်ပြီးနောက် လင်းဖန်တစ်ယောက် အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရပါသည်။

လင်းကျင်းကျင်း၏ ထောက်ချောက်ထဲ သူဆင်းလိုက်မိပြီထင်သည်။

လင်းကျင်းကျင်းက ပုံမှန်ဆို ရှုယန်နဲ့ နီးကပ်တာ လင်းဖန် သိသည်။ သူမ သဘောကျသည့် လူကတော့ သေချာပေါက် သူ မဟုတ်နိုင်ပါ။

သူမက သူ့ကို ဓာတ်ပုံရိုက်ဖို့ ဦးစွာ ကမ်းလှမ်းခဲ့သည်။ ဧကန္တ...လင်းကျင်းကျင်းက ရှားဝမ်ချွေ့ လွှတ်လိုက်သည့် သူလျှို ဖြစ်နိုင်သည်။

လင်းဖန် အရိုးထဲထိ ကြက်သီးထသွားသည်။

သူ လင်းကျင်းကျင်းနဲ့ ဓာတ်ပုံရိုက်ဖို့ပင် ဦးစွာ ကမ်းလှမ်းမိခဲ့သည်။ ရှားဝမ်ချွေ့သာ သိသွားပါက လင်းဖန် သူ့ခန္ဓာကိုယ်တွင် ကျိုးမည့်နေရာကို ကြိုတင်ခံစားမိနေပါသည်။

သေရမှာကို စောင့်နေမည့်အစား ကြောင်မလေးကို ဝန်ခံလိုက်တာ ပိုကောင်းပါသည်။

လင်းဖန်က ချက်ချင်းပဲ ရှားဝမ်ချွေ့ကို ဗီဒီယိုကော ခေါ်လိုက်ပါသည်။

ဗီဒီယိုကော ချိတ်ဆက်သွားတော့ လင်းဖန်က သူမ၏ အသက်ရှူမှားလောက်အောင် လှပသော မျက်နှာလေးကို မြင်လိုက်ရပါသည်။ ရှားဝမ်ချွေ့က ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ပင်လယ်ဘေးမှာ ရပ်နေသည်။ သူမ မိတ်ကပ် ပါးပါးလေး လိမ်းခြယ်ထားပြီး ထူးခြားသည့် အရှိန်အဝါ ရှိနေသည်။ တကယ့် နတ်သမီးလေးလိုပင်။ ဒီလောက်လှပသည့် ရှားဝမ်ချွေ့ကို မြင်လိုက်သောအခါ လင်းဖန် အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားပါသည်။

သူ့မှာ ဒီလောက်လှပပြီး ချစ်ဖို့ကောင်းသည့် ကြောင်မလေး ရှိနေပြီးသားကို စိတ်ဆိုးတာလောက်နဲ့ တခြားကောင်မလေးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့မိသည်။

လင်းဖန်တစ်ယောက် သူ့နှလုံးသားလေး အရည်ပျော်တော့မလို ခံစားလိုက်ရပါသည်။

သူမကို လဝက်လောက် မတွေ့ရသဖြင့် ရှားဝမ်ချွေ့ကို ပြန်မြင်လိုက်ရသောအခါ လင်းဖန် မနေနိုင်ဘဲ ပြုံးလိုက်ပါသည်။

"ငတုံးကောင် ဘာရယ်တာလဲ" လင်းဖန် ချိုမြိန်စွာ ပြုံးနေတာကိုမြင်ပြီး ရှားဝမ်ချွေ့ မေးလိုက်ပါသည်။ မြို့ကြီးများကို သိမ်းပိုက်နိုင်သည့် မျက်နှာမျိုး သူမမှာ ရှိသည်။ သူမ၏ အပြုံးက အင်တာနက်ပေါ်က ဓာတ်ပုံများထက်ပင် ပိုလှပသည်။

လင်းဖန်၏ ရှင်သန်လိုစိတ်ပြင်းပြမှုကိုမြင်ပြီး ရှားဝမ်ချွေ့ စိတ်မဆိုးတော့ပါ။

လင်းဖန် ဒီလောက် ချောမောနေတာ ဘယ်သူ့အပြစ်မို့လို့လဲ။ သူမ လင်းဖန်ကို တွန့်ဆုတ်စွာ ခွင့်လွှတ်ပေးလိုက်ပါသည်။

All Chapters