← Chapters

ချိန်စုယင်နှင့် အပေးအယူ

Vol. 13 Ch. 181

ချိန်စုယင်နှင့် အပေးအယူ

Vol. 13 Ch. 181

မိုဝူကျီ ထွက်သွားမည်ကို မစောင့်ဘဲ ချိန်စုယင်က သူ့ရှေ့ကနေ တားဆီး ထားလိုက်သည်။

“ဂျူနီယာ မောင်လေးမိုကို အခုတလော ဘာလို့ မမြင်မိတာလဲ … ”

မိုဝူကျီက ကိုးရိုးကားရား ပြုံးပြလိုက်ရင်း …

“စီနီယာ အစ်မချိန် အခု တွေ့နေပြီပဲလေ မဟုတ်ဘူးလား … ကျွန်တော်က အခုတလော ဒီနား အမြဲတမ်း သွားလာ နေတာပါ … ”

“ဟုတ်လား … ဒါပေမဲ့ အခြား လူတွေဆီက မင်းက အခုမှ ဂိုဏ်းကို ပြန်ရောက် လာတာလို့ ကြားထားတယ်။ ငါ ဒီကို မြန်မြန် ရောက်လာပေလို့ပေါ့ မဟုတ်ရင် ထပ်လွဲသွားဦးမှာ …” ချိန်စုယင်က ငေါ့တော့တော့ ပြောလိုက်သည်။

မိုဝူကျီက ချိန်စုယင်သည် သူ့နောက်ကို  ဂိုဏ်းမှ ကောင်းကင်ဖွေရှာ မြို့အထိ လိုက်ပါလာကြောင်း မပြောနိုင်လျှင် သူ အရူးသာ ဖြစ်လိမ့်မည်။

“စီနီယာ အစ်မချိန် … ကျွန်တော့်ရဲ့ လျှပ်စီးပညာရပ်က နည်းနည်း ထူးဆန်းနေတာ သိပါတယ် အဲဒါကြောင့်လည်း အတင်း ကျင့်ကြံရင် သေသည့်အထိ ဖြစ်နိုင်တယ်လို့ သတိပေးလိုက် သေးတယ်လေ။ တကယ်လို့ စီနီယာ အစ်မချိန်က ကျင့်ကြံနေရင်း ပြဿနာရှိလို့ ကျွန်တော့်ကို ရှာတာဆိုရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး လေဗျာ ... ”

မိုဝူကျီက လက်မောင်းကို ဆန့်ထုတ်ရင်း မိမိဘာသာ တွေးလိုက်တော့သည်။ ကိစ္စများက ထိုအခြေအနေအထိ ရောက်လာမှတော့ သူမ လုပ်ချင်တာ လုပ်ပါစေတော့ ….

ချိန်စုယင်က အေးစက်စွာ ပြောလိုက်သည်။

“အို ... ရှင်က ကျွန်မ ကျင့်ကြံခြင်းမှာ အခက်တွေ့ပြီးတော့ ရှင့်ကိုလာရှာတယ် ဆိုတာ ဘယ်လိုလုပ် သိလဲ … ဒီကျင့်စဉ်မှာ ပြဿနာ ရှိနေတာ သိပြီးသား မလား ...”

မိုဝူကျီက ကိုယ့်ဘာသာ တွေးမိလိုက်သည်။ ခင်ဗျား မျက်နှာက ဖြူဖျော့ နေတာလေ ပြီးတော့ ခင်ဗျား သဘာဝဓာတ်က ရေခဲ ဖြစ်နေရက်နဲ့ ခန္ဓာတွင်း လောင်မြိုက်တဲ့ ကျင့်စဉ်ကို ရွေးကျင့်ကြံ သေးတာလေ … သဘာဝ ဓာတ်တွေ အချင်းချင်း တိုက်ပြီးတော့ ကျင့်ကြံခြင်းမှာ ပြဿနာတက်တာ မပြောနိုင်ရင် ကျုပ်တော့ ကျင့်ကြံခြင်းက နှုတ်ထွက်လိုက်မယ် ဟုတ်ပြီလား …

မိုဝူကျီက ထိုသို့ တွေးသော်လည်း မျက်နှာ တည်ကြီးဖြင့် ပြန်ဖြေလိုက်သည်။

“စီနီယာ အစ်မချိန် အရင် တစ်ခါကလည်း ကျွန်တော် ပြောပါတယ် ဒီကျင့်စဉ်က အသက်အန္တရာယ် အထိ များနိုင်ပါတယ်လို့ အဲဒါကို အစ်မဘာသာ အတင်း ကျင့်ကြံတာလေဗျာ ... ”

ချိန်စုယင်က တည်ငြိမ်အောင် သက်ပြင်း ချလိုက်ပြီး …

“အဲဒါဆို တစ်ခုမေးမယ် … ရှင်ရော ဒီဟာကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့လား … ”

မိုဝူကျီက ရိုးရိုးသားသား ဖြေလိုက်သည်။

“အင်း ကျွန်တော်က အောင်မြင်ခဲ့တယ် ဒါပေမဲ့ လေ့ကျင့်နေတုန်း ပြဿနာတွေ ရင်ဆိုင်ရလို့ ကိုယ်ပိုင် လှည့်ပတ်မှု လမ်းကြောင်း ကို ပြန်ပြင်ဆင် လိုက်ရတယ် …”

သူက ချိန်စုယင်ကို လိမ်ညာနေခြင်း မဟုတ်ပေ။ အကြောင်းမှာ သူမက သူသည် လျှပ်စီးအခန်းတွင် နှစ်ရက်တာ နေသည်ကို တွေ့ပြီး၍ ဖြစ်သည်။ သူမက သူ အောင်မြင်ပြီးကြောင်း မသိရလောက်အောင် အရူး မဟုတ်ပေ။

“ရှင်က လှည့်ပတ်မှု လမ်းကြောင်းကို ပြန်ပြင်ဆင် ခဲ့တာလား …” ချိန်စုယင်က မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မေးလိုက်သည်။

ဤအမျိုးသမီးကား အရမ်းကို လှပလွန်းသည်။ ချိန်စုယင် မျက်လုံးပြူးပြ လိုက်သည်ကို မြင်၍ မိုဝူကျီက စိတ်ထဲမှ သူမ အလှတရားကို ချီးကျူး လိုက်ရသည်။

ချိန်စုယင်က မိုဝူကျီ တွေးနေသည့် အတွေးကို မသိပေ။ သူမက တွေးမိလိုက်ပြီး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မျှနဲ့ ကိုယ်ပိုင် လမ်းကြောင်း ပြန်ပြုပြင် နိုင်သည်လား … သူက အသက်ရှင်နေရတာ ငြီးငွေ့ နေတာများလား …

“ဘယ်လို ပြင်ဆင်ခဲ့တာလဲ ...” ချိန်စုယင်က ထိုမေးခွန်းကို ထုတ်မေး လိုက်တော့သည်။

မိုဝူကျီက ထိုအဖြေကား သူ့လျှို့ဝှက်ချက် ဖြစ်သောကြောင့် မဖြေပေ။ ချိန်စုယင်ဆီမှ မေးခွန်းများစွာ ထွက်လာလိမ့်မည်။

“အဲဒါဆို ကြိုးစားပြီးတော့ ပြကြည့်လေ ...” မိုဝူကျီက ပြန်မဖြေတာကို မြင်၍ ချိန်စုယင်က ထပ်ခါ မေးလိုက်သည်။

မိုဝူကျီက ရယ်မောလိုက်ပြီး …

“စီနီယာ အစ်မချိန် ... ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးက ကျွန်တော့်ရဲ့ အသက်ကယ် ကျင့်စဉ်လေ။ အဲဒါကို လူထူထူ မြို့ထဲမှာ ဘာလို့ ပြရမှာလဲ … ပြီးတော့ အစ်မနဲ့ ကျွန်တော်က ဘာမှလည်း မတော်စပ်ဘူးနော် … ”

ထိုအမျိုးသမီးက သူ့အား ပြဿနာရှာရန် ရောက်လာခြင်း မဟုတ်သရွှေ့ စိုးရိမ်နေစရာ မရှိပေ။

မိုဝူကျီ စကားအဆုံးတွင် ချိန်စုယင်က သူတို့နှစ်ယောက်သည် ဘာမှ မတော်စပ်ကြောင်း သတိရလိုက်သည်။

လျှပ်စီးသဘာဝ ကျင့်စဉ်အတွက် ချိန်စုယင်သည် ကောင်းကင်ဖွေရှာ နန်းတော်တွင် ကိုးလလောက် စောင့်နေခဲ့ရသည့် အတွက် အခြားသော ဘာကိုမျှ ဂရုမစိုက်နိုင်ပဲ မျက်နှာထား တည်တည်ဖြင့် ပြောလိုက်တော့သည်။

“ဂျူနီယာ မောင်လေးမို ရှင့်ရဲ့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးက ရှင်က မပြရင် အစစ်အမှန် ဆိုတာ ကျွန်မက ဘယ်လိုလုပ် သိမှာလဲ … ”

“စီနီယာအစ်မ သိတာ အစစ်အမှန် ဆိုတာ သေချာပါတယ် ဒါပေမဲ့ တစ်ခုတည်းသော ချို့တဲ့ချက်က ကျင့်စဉ်က မပြီးပြည့်စုံတာပဲ ...” ချိန်စုယင်က အရှုပ်အထွေးကြား ရောက်သွားသည်ကို မြင်ပြီး ယနေ့ ထိုကိစ္စကို ဖြေရှင်းရန် ခက်ခဲမည် ဖြစ်ကြောင်း သိလိုက်သည်။ အားအင် အနေနှင့် မိုဝူကျီသည် ချိန်စုယင်ထက် များစွာ နောက်ကောက် ကျသေး၏။

“ရှင်က စီနီယာ အစ်ကိုရန် နောက်လိုက်ပြီးတော့ တိုက်ပွဲကို သွားချင်တယ်လို့ ကြားလိုက်တယ်။ ဒါမေပဲ့ အကြီးအကဲကျူက အပြင်စည်း တပည့်တွေကို ခေါ်ဖို့ စိတ်ကူးမရှိဘူး ဟုတ်တယ်မလား …” ချိန်စုယင်က ချက်ချင်း ခေါင်းစဉ်ကို ပြောင်းပြောလိုက်သည်။

“အဲတော့ …” မိုဝူကျီက တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။ သူ့သာမန် ကျင့်ကြံဆင့်ဖြင့် မိုဝူကျီသည် တိုက်ပွဲသို့ ဝင်ကာ ကိုယ့်ဘာသာ အားကောင်းအောင် လုပ်ရန် ရည်ရွယ်ထား၏။ ဤနေရာသို့ ရောက်လာပြီး နောက်တွင် မိုဝူကျီက တစ်ဦးတည်း တံခါးပိတ် ကျင့်ကြံနေခြင်းသည် ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်မှန်း သိရှိလာသည်၊။

“ကျွန်မမှာ အသေးစား ပျံသန်းရေး ဝိညာဉ်ပစ္စည်း ရှိတယ်။ တကယ်လို့ ရှင်သာ ကျွန်မက ဒီဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးရဲ့ပထမပုံစံကို ကျင့်ကြံနိုင်ရင် ဒါကို ပေးမယ် ... ရှင့်မှာ ပျံသန်းရေး ပစ္စည်း ရှိနေသရွှေ့ တိုက်ပွဲသွားဖို့ ဂိုဏ်းကို မှီခိုနေစရာ မလိုတော့ဘူး …” ချိန်စုယင်က အသက် ဝအောင်ရှူကာ မိုဝူကျီကို စိုက်ကြည့် လိုက်လေသည်။ သူမက ထိုရတနာသည် မိုဝူကျီအား မဆွဲဆောင်နိုင်ဘူးဟု မယုံပေ။

“ဘာလဲ ...” မိုဝူကျီက ထိုအရာကို ကြားသောအခါ တက်ကြွလာလေသည်။ သူက ပျံသန်းရေး ပစ္စည်းရရန် အမြဲတမ်း အိပ်မက် မက်ခဲ့ရကာ ဝယ်ယူဖို့ရန် မတတ်နိုင်ခဲ့ပေ။ အကြောင်းမှာ ပျံသန်းရေး ဝိညာဉ်ပစ္စည်း အများစုက စိတ်စွမ်းအင် ကျောက်တုံးများဖြင့် ဝယ်ယူ၍ မရပေ။ သူက စိတ်စွမ်းအင် ကျောက်တုံးများဖြင့် ဝယ်ယူ နိုင်ခဲ့လျှင်ပင် အဆင့်နိမ့််ဆုံး ဝိညာဉ်ပစ္စည်း တစ်ခုက အနည်းဆုံး မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး မီလီယံချီ တန်လေသည်။

သူ့၏ ရာဂဏန်း မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများဖြင့် သူက အမှန်ပင် မတတ်နိုင်ပေ။

“တကယ်လား …” မိုဝူကျီက တစ်ခါ ထပ်မေးလိုက်သည်။

ချိန်စုယင်က ထပ်ဖြေလိုက်သည်။

“ကျွန်မ စကားတွေက အမြဲတမ်း မှန်တယ် … ”

“ကောင်းပြီ ...” မိုဝူကျီက ချိန်စုယင် လက်ဆွဲရန် ယောင်တောင်တောင်ဖြင့် လက်ကို ရှေ့တိုးပေး လိုက်သည်။ သို့သော် သူက ချိန်စုယင် လက်က တစ်လက်မမှ မရွှေ့သော အခါမှ မသင့်တော်သော အပြုအမူကို သတိပြုမိ လိုက်သည်။

မိုဝူကျီက ကိုးရိုးကားရားဖြင့် လက်ကို ပြန်ရုပ်သိမ်း လိုက်သည်ကို မြင်၍ ချိန်စုယင်က ပြောလိုက်သည်။

“အရင်ဆုံး ဂိုဏ်းရဲ့ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ကို သွားကြတာပေါ့ … ”

သူမက ပြောရင်း သူမ ပျံသန်းရေး ဝိညာဉ် ပစ္စည်းကို ထုတ်ယူလိုက်သည်။ ကြည့်ရသည်မှာ ကားပျံနှင့် တူလေသည်။

ကားပျံ ရတနာကား အပြင်ဘက်တွင် အလွန်လှပပြီး အမှန်ပင် လက်ရာမြောက် လှသသည်။

“လာ ဝင်လေ ...” ချိန်စုယင်က သူမကားပျံထဲ အရင် ဝင်လိုက်ပြီး မိုဝူကျီကို ခေါ်လိုက်သည်။

မိုဝူကျီက ကားပျံထဲ ဝင်ပြီးနော်က သူက ရနံ့သင်းသင်းလေး ရလိုက်သည်။ ကားပျံ ရတနာကား ချိန်စုယင်၏ မိန်းမပျိုလေး အခန်းကဲ့သို့ ဒီဇိုင်းဆင်ထားတာ ဖြစ်သည့်အတွက် မိုဝူကျီက အနည်းငယ် နေရ ခက်သွားသည်။ အကယ်၍ သူက ချိန်စုယင်ကို ပထမအဆင့် အောင်မြင်အောင် ကူညီပေးနိုင်သည်နှင့် သူမက ဤကားကို သူ့ဆီ ပေးမည်လား ... ထိုသည်က မိန်းမပျိုလေး၏ ပျံသန်းရေး ရတနာနှင့် တူလေသည်။

ချိန်စုယင်က ဘာမှမပြောပေ။ မိုဝူကျီသည့် မင်းသမီးငယ်လေးကို သူ့မ၏ ပျံသန်းရေး ရတနာကို လိမ်ယူသကဲ့သို့ ခံစားနေရသည်။ ထို့နောက် သူက ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။

“နယ်ခြား သင်္ဘောပျံက အာကာသကို ရွှေ့လျားသွားလို့ ရတယ်လို့ ကြားထားတယ် အဲဒီလိုဆို ဘယ်အဆင့်လောက် ဖြစ်နေမလဲ … ”

“ကောလာဟလတွေ ကတော့ အဲဒါကို နတ်ဘုရား ရွှေနေကြာ သတ္တုနဲ့ ထုလုပ်ထားလို့ အာကာသကို ဖြတ်ပြီး သွားနိုင်တာလို့ ပြောကြတယ်၊ အနည်းဆုံးတော့ အသာလွန်ဆုံး အဆင့်ပဲ ဖြစ်လိမ့်မယ် … ” ချိန်စုယင်က မိုဝူကျီကို လျစ်လျူမရှု မိစေရန် ပြောလိုက်သည်။

မိုဝူကျီက အစကတည်းမှ ချိန်စုယင်သည် ဗဟုသုတ ကြွယ်ဝကြောင်း သိ၏။ သို့သော်လည်း ချိန်စုယင်က သင်္ဘောပျံ ဆောက်ဖို့ရာအတွက် သတ္တုကို သိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက မေးခွန်းများကို ထပ်မေး လိုက်တော့သည်။

“စီနီယာ အစ်မချိန် အဲဒါဆို အဲဒီနတ်ဘုရား ရွှေနေကြာ သတ္တုက ဘယ်မှာ ပေါ်တတ်လဲ … ”

ချိန်စုယင်က မိုဝူကျီကို အသာကြည့် လိုက်ပြီး ခဏနေမှ ပြန်ဖြေလိုက်သည်။

“ကျွန်မ သိသလောက် ကတော့ ဒီပျောက်ဆုံး နယ်မြေထဲမှာ နတ်ဘုရား ရွှေနေကြာ မရှိဘူး။ နယ်ခြား ရတနာတွေက အတော်လေး တန်ဖိုး အကြီးဆုံးပဲ။ အများကြီး တွေးမနေနဲ့ ... ”

“အဲဒါက ဘာနဲ့တူလဲ ...” မိုဝူကျီက ပျံသန်းရေး ရတနာအကြောင်း စိတ်ဝင်စားစွာဖြင့် ထပ်ကာ မေးလိုက်သည်။ သူက ယခုအချိန်ထိ အခွင့်အရေး မရ၍ ဖြစ်သော်ငြား သူက ကမ္ဘာမြေဆီ ပြန်သွားနိုင်မည်မှန်း မည်သူ သိမည်နည်း။ ထိုအရာများကို နားလည် ထားခြင်းက သူ့အတွက် ဆိုးကျိုးမရှိပေ။

“နတ်ဘုရား ရွှေနေကြာက နေကြာပန်းလိုပဲ ဒါပေမဲ့ ကိုယ်ထည်က မာကျော အေးစက်ပြီးတော့ မှိန်းပိန်းနေအောင် မည်းနေတာ ... ”

ချိန်စုယင်က သူမစကား အဆုံးမသတ် ရသေးခင် မိုဝူကျီက ကြောင်သွားလေသည်။

နေကြာပန်းနှင့် တူပြီးတော့ မည်းနက်နေတဲ့ အရောင်အဆင်းနဲ့ အေးစက်စက် မာကျောကျော ... အဲအချက်တွေနဲ့ ငါ့သိုလှောင် အိတ်ထဲက နေကြာပန်းနဲ့တူတဲ့ ဧရာမ အရာကြီးက တူမနေဘူးလား ...

ငါက မတော်တဆ နတ်ဘုရား ရွှေနေကြာကို ရှာတွေ့ခဲ့တာလား ...

မိုဝူကျီက တွေးလေလေ ထိုသို့ ဖြစ်နိုင်ကြောင်း ပိုယုံလာလေလေ ဖြစ်သည်။ မိုဝူကျီက ချိန်စုယင်သည် နတ်ဘုရား ရွှေနေကြာကား ပျောက်ဆုံးနယ်မြေတွင် မရှိကြောင်း ပြောခဲ့သည့် အပိုင်းကို လျစ်လျူရှု ထားလေသည်။ ပျောက်ဆုံး နယ်မြေကား ကျယ်ဝန်း လှသောကြောင့် မဆိုထားနှင့်ဦး။ ဦးစွာ ပျောက်ဆုံး ကောင်းကင် နယ်မြေပင် ကျယ်ဝန်းလှ၍ သာမန်လူများ ရှာနိုင်မည် မဟုတ်ပေ။

ချိန်စုယင် ဆရာက မည်မျှပင် သိနေပါစေ သူ့အတွက် ပျောက်ဆုံး နယ်မြေထဲတွင် နတ်ဘုရား ရွှေနေကြာ မရှိဘူးဟု အတည်ပြုဖို့ရာ မဖြစ်နိုင်ပေ။

ထိုစဉ် မိုဝူကျီက အားရပါးရ ရယ်မော လိုက်တော့သည်။ ယခု သူက ရှားပါးလှသည့် နတ်ဘုရား ရွှေနေကြာလည်း လက်ဝယ် ရှိနေ၍ သူက တစ်ရက်ကျ ကမ္ဘာမြေကို ပြန်သွား နိုင်သည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော ...

မိုဝူကျီက သူ့နတ်ဘုရား ရွှေနေကြာကို သင်္ဘောပျံ ပြုလုပ်ဖို့ရာ လိုအပ်သော ဝိညာဉ်ပစ္စည်းများ မရှာခင် သူ့ကျင့်ကြံဆင့်ကို မြှင့်ရမည်။

မူလတွင် မိုဝူကျီက ချိန်စုယင်ကို သူတို့ ဂိုဏ်းကို ပြန်ရောက်သည်နှင့် သူ့လျှပ်တစ်ပြက် လျှပ်စီး လမ်းကြောင်းများကို ပြောပြပေးဖို့ ဖြစ်သည်။ သို့သော်လည်း သူက ချိန်စုယင်ဆီမှ သူရရှိလာသော သတ္တုတုံးကြီးသည် နတ်ဘုရား ရွှေနေကြာ ဖြစ်နေမှန်း သိသည့်အခါ သူက လန်းဆန်း တက်ကြွနေလေသည်။ ဘောပင်နှင့် စာရွက်ကို ယူလိုက်ပြီး မိုဝူကျီက လျှပ်တစ်ပြက် လျှပ်စီး ကျင့်စဉ်ကို ချရေးပေး လိုက်သည်။ ထို့နောက် စာရွက်ကို ချိန်စုယင်ဆီ ပေးကာ …

“စီနီယာ အစ်မချိန် ဒါက ကျွန်တော် ပြန်ပြင်ထားတဲ့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးရဲ့ ပထမပုံစံပဲ ... စီနီယာ အောင်မြင်အောင် ကျင့်ကြံနိုင် မလား၊ မနိုင်ဘူးလား ဆိုတာတော့ ကျွန်တော်လည်း မသေချာဘူး ... ”

ချိန်စုယင်က မိုဝူကျီဆီမှ ကျင့်စဉ်ကို ဆွဲယူလိုက်ပြီး တစ်ချက်ကြည့်ကာ မိုဝူကျီကို သံသယဝင်စွာ ပြန်ကြည့်လိုက်သည်။

“ဘာလို့ မင်းပြန်ပြင်ထားတဲ့ ကျင့်စဉ်က ဝိညာဉ် လမ်းကြောင်း လှည့်ပတ်တာနဲ့ တူနေရတာလဲ ... ”

ချိန်စုယင်က ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ကျင့်စဉ်ကို အကြိမ်များစွာ ကြည့်ခဲ့သည့် အတွက် မည်သည့် အပိုင်းက ပြန်လည် ပြုပြင်ထားကြောင်း တစ်ချက်တည်းဖြင့် တန်းသိသည်။

မိုဝူကျီက ရှက်သွားခဲ့သည်။ အကြောင်းမှာ သူက အင်မော်တယ် မော်တယ် ကျင့်စဉ် လှည့်ပတ်ခြင်းသာ သိလေသည်။ ထို့ကြောင့် သူက ထိုနေရာလေးသာ ကွက်ပြင်ပေးခဲ့ရာ တခြားနေရာ မည်သို့ သိမည်နည်း။

“ဒါက ကျွန်တော်‌ လေ့ကျင့်တဲ့ ကျင့်စဉ်အမှန်ပဲ ... မယုံရင်လည်း ထားလိုက်တော့ ... စီနီယာ အစ်မရဲ့ ပျံသန်းရေး ရတနာလည်း မလိုချင်တော့ဘူး ... ”

“မဟုတ်ဘူး ... ငါက ရေခဲအခန်းမှာ အဲဒီ ကျင့်စဉ်အတိုင်း ကျင့်မယ်။ မင်းက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင် အပြင်ကနေ စောင့်နေ ... ” ချိန်စုယင်က ပြောပြီးသည်နှင့် မတ်တတ် ရပ်လိုက်တော့သည်။

ထိုသည်မှ မိုဝူကျီသည် သူတို့ကားပျံက ကောင်းကင်ဖွေရှာ နန်းတော်သို့ ရောက်နေပြီ ဖြစ်ကြောင်း သတိထားမိ လိုက်သည်။ သူက ကားပျံပေါ်မှ ဆင်းလိုက်ကာ သူက သူမ၏ ပျံသန်းရေး ရတနာရှိခြင်း အပေါ် အလွန် အားကျနေမိသည်။

အကယ်၍ ဟိုစဉ်အခါက သူ့တွင် ပျံသန်းရေး ရတနာ ရှိခဲ့ပါက သူသည် ဂျင်ကျွိကျန်းနှင့် တွေ့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဂျင်ယွီနှင့် ပတ်သက်စရာ အကြောင်း ရှိမည် မဟုတ်ပေ။

ချိန်စုယင် အလောတကြီး ပြန်ထွက်လာသည်ကို မြင်၍ မိုဝူကျီက ရုတ်ခြည်း ထပြောလိုက်သည်။

“စီနီယာ အစ်မချိန် ... ကျွန်တော့်စကားတွေက အဓိပ္ပာယ် မရှိမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်‌တော့် ကျင့်စဉ်နဲ့ အလယ်အလတ် ရေခဲအခန်းကို မသုံးဖို့ အကြံပေးရဦးမယ်။ တကယ်လို့ ကျွန်တော့်ကို ယုံရင် အဆင့်မြင့်ဆုံး ရေခဲအခန်းကို သုံးလိုက်ပါ ... ”

မိုဝူကျီက သူမသည် သူ့အကြံကို ကြား၍လားတော့ မသေချာပေ။ သူမက ရုတ်တရက် လှည့်ထွက် သွားပြန်သည်။

မိုဝူကျီက ချက်ချင်း ထွက်သွားချင် သော်လည်း ချိန်စုယင်၏ ပျံသန်းရေး ရတနာကို တွေးမိသောအခါ မချင့်မရဲ ဖြစ်လာလေသည်။ ပျံသန်းရေး ရတနာသည် သူ့အတွက် များစွာ အသုံးဝင်လေ၏။

ယခု သူ့ကား စိတ်စွမ်းအင် ကျောက်တုံး အများကြီး ရှိသည့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၄ ဖြစ်၏။ မိုဝူကျီက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်ကို တံခါးပိတ် ကျင့်ကြံဖို့ရာ အတွက် သွားရန် ဆုံးဖြတ် လိုက်တော့သည်။ သူက ချိန်စုယင်ကို စောင့်ရင်း ကျင့်ကြံနိုင်လေသည်။ သို့သော် ချိန်စုယင်က အောင်မြင်သွားလျှင် မည်သို့ ဖြစ်မည်နည်း။

***

All Chapters