အခန်း (၁၆၄) - မှော်လက်နက်ငယ်
Vol. 11 Ch. 164
အခန်း (၁၆၄) - မှော်လက်နက်ငယ်
စိုက်ပျိုးရေးဆိုတာ ဘာလဲ။
မြေများ ရှင်းလင်းခြင်း၊ မြေများ ပျိုးထောင်ခြင်းနှင့် အပင်များ စိုက်ပျိုးခြင်းတို့ဖြစ်သည်။
ရှန်းနုန် စိုက်ပျိုးရေး နည်းလမ်းများကလည်း ထိုနည်းလည်းကောင်း သဘောတရားကို အသုံးပြုပါသည်။ လူသားခန္ဓာကိုယ်၏ ဒန်တန် ချီပင်လယ်က ဝေဝါးနေသဖြင့် အရင်ဆုံး ရှင်းလင်းရပါမည်။
ဝိညာဥ်စွမ်းအားဖြင့် ချီပင်လယ်ကို အလင်းပေးပြီး နောက်ကျိသည့် ချီကို ဖယ်ရှားပြစ်ရမည်။
လူသားပုံရိပ်၏ ခန္ဓာကိုယ်ပုံစံအတိုင်း ယဲ့ရှောင်ချန်း ခြေထောက်ယှက်ကာ ထိုင်လိုက်သည်။ ထိုထိုင်ပုံထိုင်နည်းက နွီဝါးနည်းလမ်းနှင့် ကွဲပြားနေပြီး ကိုယ်ပိုင် ထူးခြားသည့် လျှို့ဝှက်ချက် ရှိပါသည်။
အသက်ရှူနေစဥ် နွီဝါးဝိညာဥ်ပုံရိပ်ကို စိတ်ကူးဖြင့် ပုံဖော်ပြီး ဝိညာဥ်စွမ်းအားကို လှုပ်ရှားစေကာ ဖြည်းဖြည်းချင်းစီ နစ်မြုပ်သွားစေရန် လှုံ့ဆော်ခဲ့သည်။
ဒါက သန့်စင်သည့် ပုံရိပ်ဖော်နည်းလမ်း စစ်စစ် ဖြစ်ပြီး ကိုယ်တွင်းသို့ မြင်နိုင်စွမ်း မရှိပါက တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါသည်။
မရေမတွက်နိုင်အောင် ကြိုးပမ်းမှုများပြီးနောက်၊ တစ်စုံတစ်ခုကို ဖွင့်ထုတ်လိုက်မိသကဲ့သို့ သူ့စိတ်ထဲ တုန်လှုပ်သွား၏။ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်လိုက်သလိုမျိုး ဝိညာဥ်မျိုးစေ့၏ စွမ်းအားက ပြင်းထန်စွာ နစ်မြုပ်သွားပြီး သူ့ချက်အောက် ချက္ကရတည်နေရာမှ ပူလောင်သော ခံစားချက်တစ်ခုကို ခံစားလာရသည်။ အထဲတွင် ရေနွေးများ ဆူပွက်နေသလိုပင်။
ထိုခံစားချက်ကြီးက မိနစ်ပေါင်းများစွာ ကြာပြီးမှ ပြန်လည် ပျောက်ကွယ်သွားသည်။
ဒန်တန်ချီပင်လယ်ထဲက ထူးဆန်းမှုကတော့ ရာနှုန်းပြည့် ပျောက်ကွယ်မသွားသေးပါ။ သို့သော်လည်း အလွန်အမင်း သူ သက်တောင့်သက်သာ ရှိနေပါသည်။
နောက်တစ်ဆင့်က ကျင့်ကြံခြင်းကို ပျိုးထောင်ဖို့ဖြစ်သည်။
ကျင့်ကြံခြင်းကို ပျိုးထောင်ခြင်းသည် ပြင်ပအား သို့မဟုတ် အတွင်းအားကို အသုံးချခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
ယဲ့ရှောင်ချန်းတွင် အပြင်အား အနေဖြင့် အသုံးချဖို့ ထန်ဆေးဝါးများ မရှိသဖြင့် အတွင်းအားကိုသာ အသုံးချပြီး ကျင့်ကြံခြင်းကို ပျိုးထောင်နိုင်ပါသည်။
ရိုးရှင်းသော်လည်း အလွန်ပြဿနာများသည်။
တစ်ရက်နှစ်ရက်တည်းနှင့် အပြီး မလုပ်နိုင်ပါ။ လုံလ ရှိဖို့လိုအပ်ပါသည်။
ကျင့်ကြံခြင်းကို ပထမဆုံးအကြိမ် ပျိုးထောင်ဖို့အတွက် ကြိုးစားကြည့်လိုက်သည်။ အလွန် ရိုးရှင်းပါသည်။ ဒန်တန်ချီပင်လယ်ထဲတွင် စီးဆင်းနေပြီး ဒန်တန်ချီပင်လယ်တစ်ခုလုံးကို မွှေနှောက်နေသည့် ချီစီးကြောင်းတစ်ခု ရှိသည်ဟုသာ တွေးကြည့်လိုက်သည်။
ပူ...
သူ့ဗိုက်ထဲတွင် ထူးဆန်းသည့်အသံတစ်ခု ရှိနေသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရပြီး မထိန်းနိုင်ဘဲ ဆက်တိုက် လေလည်မိသွားပါသည်။
ရွံစရာကောင်းလှသည်။
ယဲ့ရှောင်ချန်း အမြန်ထလိုက်ပြီး ထိုနေရာမှ ထွက်ပြေးသွား၏။
လခွမ်း ဒီအတွင်းအား ကျင့်ကြံခြင်းကို ပျိုးထောင်ခြင်း နည်းလမ်းမှာ ဒီလိုအားနည်းချက်မျိုး ရှိနေတာပါလား။
သို့သော်လည်း ကျင့်ကြံခြင်းကို ပျိုးထောင်ခြင်း ပြီးဆုံးသွားသောအခါ အလွန်လန်းဆန်းသွားခဲ့ပါသည်။
ရုတ်တရက် စားပွဲပေါ်က သူ့ဖုန်းသံ မြည်လာ၏။ အမြန် ဖုန်းနားသွားလိုက်ပြီး ကိုင်ကြည့်လိုက်သောအခါ ဝမ်ရွှေရှန့်ဖြစ်နေသည်။
အမြန်ဆုံး ဖုန်းကို ဖြေလိုက်၏။
"ရှောင်ချန်း မနက်ဖြန် မင်းအားလား။"
ဝမ်ရွှေရှန့်က မေးလိုက်သည်။
"အားပါတယ်။ ဒါပေမယ့် အစ်ကိုကြီးဝမ် ဘာဖြစ်လို့လဲ။"
ယဲ့ရှောင်ချန်း သိချင်စွာ မေးလိုက်သည်။
"မနက်ဖြန် မှော်ရှေးဟောင်းပစ္စည်း အသေးစား လေလံပွဲတစ်ခုကို တက်ရောက်မလို့ပါ။ အစစ်လား အတုလား ငါမခွဲနိုင်တော့ မင်းကူညီပြီး ခွဲပေးစေချင်တယ်။"
ဝမ်ရွှေရှန့်က ပြောလိုက်၏။
"ဗျာ ကျွန်တော်က ရှေးဟောင်းပစ္စည်း လေလံဆွဲတာ အတွေ့အကြုံမရှိဘူးလေ။"
ဝမ်ရွှေရှန့်ပြောနေသည့် မှော်လက်နက်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီး သို့မဟုတ် တာအိုဝါဒီ ကျန်းရင်တစ်ပါး အသုံးပြုခဲ့သည့် သို့မဟုတ် အထူးအရေးပါသည့် ရှေးဟောင်း ဖုန်းရွှေကိရိယာ ဖြစ်မှန်း ယဲ့ရှောင်ချန်း သိပါသည်။
ကျင့်ကြံသူများ ပြောကြသည့် မှော်လက်နက်များနှင့် မတူပါ။
"ရှောင်ချန်း မှော်လက်နက်ငယ်က ပုံမှန် မှော်လက်နက်နဲ့ ခြားနားတယ်ကွ။ အဓိကအားဖြင့် ဝိညာဥ်သစ်နဲ့ ပြုလုပ်ထားတာ။ ကုန်ကြမ်းအပေါ်ပဲမူတည်တယ်။ မှော်လက်နက်ငယ်ကို အတုပြုလုပ်ထားမှာ ငါစိုးရိမ်လို့ပါ။ ဒီတစ်ခေါက် ငါဝယ်ချင်ရတဲ့ အကြောင်းအရင်းက ငါဆောက်လုပ်နေတဲ့ အိမ်ရာမြေ စီမံကိန်းတစ်ခုရှိလို့ပါ။ ဖုန်းရွှေကို ဖိနှိပ်ဖို့ မှော်လက်နက်ငယ် တစ်ခု လိုအပ်နေတယ်။"
ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းအား အဖြစ်မှန်ကို ပြောပြလိုက်သည်။
သူ့လို သူဌေးများက သာမန်လူများထက် အယူသည်းတတ်ကြသည်။ စီမံကိန်းကြီး တစ်ခုကို ဆောင်ရွက်သောအခါ တစ်စုံတစ်ဦးကို ဖုန်းရွှေအား စစ်ဆေးစေပြီး ဆောက်လုပ်ရေး စတင်သောာအခါတွင် အစီအရင်များနှင့် ပူဇော်ပသမှုများပါ လုပ်စေတတ်သည်။
"အစ်ကိုကြီးဝမ် ဒီကဏ္ဍနဲ့ပတ်သတ်ပြီး ကျွန်တော် တကယ် ဘာမှမသိပါဘူး။ ကျွန်တော့်ကို အချက်အလက်လေးတွေ ပို့ပေးလို့ရမလား။ ကျွန်တော် သေချာ လေ့လာထားလိုက်ပါ့မယ်။"
ယဲ့ရှောင်ချန်း စဥ်းစားလိုက်ပြီဂ ပြောလိုက်ပါသည်။
ကုန်ကြမ်းပစ္စည်းနှင့် ပတ်သတ်နေပါက သူကူညီပေးနိုင်သည်။
သိပ်မကြာမှီ ဝမ်ရွှေရှန့်က မှော်လက်နက်ငယ်နှင့် ဝိညာဥ်သစ်အကြောင်း ပါဝင်သည့် အီးမေးလ် တစ်ခု ပို့ပေးလာခဲ့သည်။
မှော်လက်နက်ငယ်များက မှော်လက်နက်ကြီးများနှင့် ဆက်နွယ်မှုရှိသည်။ အခုခေတ်တွင် ထို မန်းမှုတ်ထားသည့် မှော်လက်နက်ငယ်များဆိုသည်မှာ မှော်လက်နက်ကြီးများပင်ဖြစ်နေပြီ။ မန်းမှုတ်ထာသူ၏ နာမည်နှင့် ဂုဏ်သတင်းကို အမှီပြုပြီး ဗုဒ္ဓဘာသာနှင့် တာအိုဝါဒီတွင် ကျယ်ပြန့်သည့် အောင်မြင်မှုများကိုလည်း အမှီပြုပါသည်။
ရှင်းရှင်းပြောရလျှင် မှော်လက်နက်ကြီးများက ဂုဏ်သတင်းပေါ် အမှီပြုသည်။
ရှေးဟောင်းပစ္စည်းတစ်ခုလိုပင် ဧကရာဇ် သို့မဟုတ် စစ်သူကြီးတစ်ယောက်လို နာမည်ကျော် လူတစ်ယောက် အသုံးပြုခဲ့ပါက ပိုမို တန်ဖိုးကြီးမားမည်ဖြစ်ပါသည်။
တဖက်တွင်တော့ မှော်လက်နက်ငယ်မှာ အသုံးပြုနိုင်မှုအပေါ် အမှီပြုသည်။
ဝိညာဥ်သစ်အစစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဖုန်းရွှေ သံလိုက်စက်ကွင်းကို ပြောင်းလဲနိုင်သည့် မှော်အာနိသင်ရှိပြီး မိစ္ဆာဝိညာဥ်များကို နှင်ထုတ်ကာ ကပ်ဘေးကို ရှောင်လွှဲနိုင်သည်။
ဝိညာဥ်သစ်ဆိုသည်မှာ အပင်တစ်မျိုးကို ဆိုလိုသည်။
ဥပမာအားဖြင့် တစ္ဆေပင်ငါးမျိုးထဲ ပါဝင်သည့် ကျိုင်းပင်၊ မိုးမခပင်၊ ပိုးစာပင်နှင့် ပေါ့ပလာပင်တို့ ဖြစ်ကြသည်။
တစ္ဆေပင်ငါးမျိုးနှင့် ပြုလုပ်ထားသည့် မှော်လက်နက်ငယ်များမှာ ယင်ချီစွမ်းအင်ဖြင့် မွေးဖွားလာကြ၏။
မက်မွန်ပင်၊ စန္ဒကူးပင်၊ သစ်မွှေးပင်နှင့် ရင်းနက်ပင် စသဖြင့်လည်း ရှိသေးသည်။
အမှန်ပင်။ ထိုဝိညာဥ်လမ်းသွယ် သစ်ပင်ကြီးများက ၎င်းတို့၏ သက်တမ်းနှင့် အရည်အသွေးပေါ် မူတည်ပြီး ခြားနားကြသည်။
သက်တမ်းပိုရင့်လေလေ အရည်အသွေး ပိုကောင်းလေလေ ဖြစ်၏။ ထို့အပြင် ၎င်းတို့ ဖွံ့ဖြိုးလာသည့် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ပုံသဏ္ဌာန်နှင့် အခြား အကြောင်းအရာများကလည်း ၎င်းတို့၏ အရည်အသွေးကို သက်ရောက်မှု ရှိစေသည်။
ယဲ့ရှောင်ချန်း သေချာ ဖတ်ပြီးသွားသောာအခါ မှော်လက်နက်ငယ်နှင့် ဝိညာဥ်သစ်များအား ပိုမို ရှင်းလင်းနားလည်သွားပါသည်။
နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ချန်း ယန်မြို့တော်သို့ ကားမောင်းထွက်သွားသည်။
ဝမ်ရွှေရှန့်၏ ဗီလာတွင် ယဲ့ရှောင်ချန်းက ဖုန်းရွှေဆရာကြီး ဖုန်းရှစ်ဖန်ကိုတွေ့လိုက်ရသည်။ ဝမ်ရွှေရှန့် ဖိတ်ကြားထားသော ဆရာကြီးဖြစ်၏။
ဖန်းရှီဖန်မှာ ယန်မြို့တော်တွင် အလွန်နာမည်ကြီးသည်။ မှော်လက်နက်ငယ်များနှင့် ပတ်သတ်ပြီး သုတေသန အများကြီး ပြုလုပ်ဖူးကာ ၎င်းတို့ကို ဖန်တီးနိုင်စွမ်းပင် ရှိပါသည်။
ဒီတစ်ခေါက် ဝမ်ရွှေရှန့်က စစ်ဆေးဖို့အတွက် သူ့ကို ဖိတ်ကြားခဲ့သည်။
ဖန်းရှီဖန်က ဘဝင်မြင့်သော လူတစ်ဦးဖြစ်သည်မှာ သိသာပါသည်။
ယဲ့ရှောင်ချန်းက မကြာသေးခင်ကမှ နာမည်တက်လာသည့် ထိပ်တန်း ရုက္ခဗေဒ ပညာရှင်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူအံ့အားသင့်သွားသည်။
ထို့နောက် ယဲ့ရှောင်ချန်းကို ကူညီဖို့ ဝမ်ရွှေရှန့် အကူအညီတောင်းထားကြောင်းလည်း သိလိုက်ရသဖြင့် သူမထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ ထို့နောက် အထင်သေးသော အရိပ်အယောင်ဖြင့် ပြောလိုက်ပါသည်။
"မစ္စတာဝမ် ကျွန်တော်ကြွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှော်လက်နက်ငယ်တွေကို စစ်ဆေးတဲ့ကဏ္ဍမှာ ယန်မြို့တော်ကို မပြောနဲ့ဦး၊ တောင်ပိုင်းဒေသတစ်ခုလုံးမှာတောင် ကျွန်တော့်ကို ကျော်နိုင်တဲ့လူက ခပ်ရှားရှားရယ်ဗျ။ ကျွန်တော်အနားမှာ ရှိနေရင် ခင်ဗျား မှော်လက်နက်ငယ် အစစ်တစ်ခုကို ဝယ်နိုင်မယ်လို့ အာမခံပါတယ်ဗျာ။"
ကားထဲတွင် ဖုန်းရှစ်ဖန်က အာမခံစွာ ပြောလိုက်သည်။
"မှော်လက်နက်ငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ အတုအပလုပ်လို့ရတယ်။ ကုန်ပစ္စည်းဖြစ်ဖြစ်၊ အရည်အသွေးဖြစ်ဖြစ်၊ သစ်ပင်ရဲ့ သက်တမ်းကိုတောင် လုပ်လို့ရတယ်။ အဲ့တာတွေကနေ ကာကွယ်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒီမှော်လက်နက်ကို ပြုလုပ်ထားတဲ့ ကုန်ကြမ်းက သက်ရှိသစ်ပင်မှ မဟုတ်တော့ပဲ။ သူ့ရဲ့ သဘာဝနဲ့ ပုံစံက လုံးဝပြောင်းလဲသွားပြီလေ။ အတော်ဆုံး ရုက္ခဗေဒ ပညာရှင် ဆိုရင်တောင် ကိရိယာတချို့ကို မသုံးရင် ကုန်ကြမ်းအစစ်ရဲ့ အချက်အလက်ကို မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် စစ်ဆေးတဲ့ ကိရိယာကို သုံးလိုက်ရင်လည်း မှော်လက်နက်က ပျက်စီးသွားလိမ့်မယ်။"
ဖုန်းရှစ်ဖန်က ယဲ့ရှောင်ချန်းကို ပြုံးကာ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ဒီအဘိုးကြီး သူ့ကို ဟိတ်ဟန်ထုတ်ပြနေမှန်း ယဲ့ရှောင်ချန်း သိပါသည်။
သူပြုံးသာ ပြုံးပြီး ပြန်မချေပတော့ပါ။ ထို့ကြောင့် ယဲ့ရှောင်ချန်းက လိပ်ပြာမသန့်ဘူးဟု ဖုန်းရှစ်ဖန် ပိုမိုခံစားသွားရကာ ပို၍ပင် အထင်သေးလာသည်။
ဝမ်ရွှေရှန့်ကလည်း ယဲ့ရှောင်ချန်းကို ဘာမှ မတတ်နိုင်သော အကြည့်မျိုးဖြင့်သာာ ကြည့်နိုင်တော့သည်။ ဖုန်းရှစ်ဖန်က ဘဝင်မြင့်တတ်မှန်း သူလည်း သိသည်။ သို့သော် အစွမ်းအစတော့ တကယ်ရှိပါသည်။ မဟုတ်ပါက ဒီလောက် ငွေတွေ အများကြီးသုံးပြီး သူ့ကိုဖိတ်ကြားမည် မဟုတ်ပါ။
တကယ်တော့ ယဲ့ရှောင်ချန်းကို သူနှင့်အတူ လိုက်ခိုင်းလိုက်ရခြင်းက မှော်လက်နက်များကို စစ်ဆေးခိုင်းဖို့ မဟုတ်ပါဘူး။ ယဲ့ရှောင်ချန်းကို လူတချို့နှင့် မိတ်ဆက်ပေးချင်သောကြောင့်သာ ဖြစ်ပါသည်။
လမ်းတစ်လျှောက်လုံးလည်း ဖုန်းရှစ်ဖန်က သူ ဘယ်လောက် တော်ကြောင်း၊ မှော်လက်နက် အတုများကို တစ်ခုချင်း ဘယ်လို အတည်ပြုနိုင်ကြောင်း၊ အတုများထဲက ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို ဘယ်လို ရွေးပြနိုင်ခဲ့ကြောင်း ဆက်တိုက်ကြွားဝါလာခဲ့သည်။
ယဲ့ရှောင်ချန်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဘာလို့ ဒီလူ ဒီလောက် မျက်နှာကြော တင်းရတာလဲ။
သူကြွားဝါရမည်ဆိုပါက အစွမ်းအစကောင်းများ တကယ်ရှိနေလျှင်တောင် ရှက်ရွံ့မိမည်ဖြစ်သည်။
သို့သော်လည်း ဖုန်းရှစ်ဖန်က အစမှ အဆုံးထိ ထိုကဏ္ဍကို မစဥ်းစားဘဲ ပိုပိုပြီး ပြင်းထန်စွာသာ ကြွားဝါလာသည်။
နောက်ဆုံးတော့ ကားက တည်နေရာသို့ ရောက်လာပြီဖြစ်သည်။
ယဲ့ရှောင်ချန်း ကားထဲမှ ထွက်လိုက်ရစဥ် တိုးတိတ်စွာ စိတ်အေးလက်အေး သက်ပြင်းချလိုက်မိတော့သည်။ နောက်ဆုံးတော့ နားအေးရပြီ။ ဖုန်းရှစ်ဖန်၏ ကြွားဝါမှုများကို ထပ်ပြီးနားထောင်စရာမလိုတော့ပါ။
သူ့ရှေ့ အဆောက်အဦးမြင့်ကြီးကို မော့ကြည့်လိုက်သည်။ ထျန်းယန် အဆောက်အဦး ဖြစ်ပါသည်။
"ဒါထျန်းယန်လေလံရုံရဲ့ ဌာနပေါ့။ ဝင်ကြရအောင်။"
ဝမ်ရွှေရှန့်က ပြုံးကာ ပြောလိုက်သည်။
ယန်မြို့တော်မဟုတ်တော့ဘဲ မှော်လက်နက်ငယ် လေလံပွဲများ ကျင်းပသည့် ကျူးမြို့တော်သို့ ရောက်လာကြပြီဖြစ်ပါသည်။