← Chapters

အခန်း (၁၆၂) - ကောင်းကင်ဘုံနယ်မြေ

Vol. 11 Ch. 162

အခန်း (၁၆၂) - ကောင်းကင်ဘုံနယ်မြေ

Vol. 11 Ch. 162

အခန်း (၁၆၂) - ကောင်းကင်ဘုံနယ်မြေ

နိုဝင်ဘာလလယ်တွင် ဖြစ်သည်။

ရာသီဥတုလည်း အေးမြလာပြီ။

ထို့အပြင် ဤကာလအတွင်း မိုးများစွာ ရွာသွန်းပြီး လူတိုင်းကို နေရခက်သော ခံစားချက်မျိုး ပေးစွမ်းနေပါသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ စီးပွားရေး ပြန်လည် ကောင်းမွန်လာကာ ပိုပိုပြီး နာမည်ရလာပြီ ဖြစ်သည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ယခုအခါ သက်သက်လွတ် ဟော့ပေါ့ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

ဟော့ပေါ့က စူပါမားကတ်များထံမှ ဝယ်နိုင်သော အရာမျိုးမဟုတ်ဘဲ ဆရာကြီးလင်မှ သေသေချာချာ သုတေသန လုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ထိုသက်သက်လွတ် ဟော့ပေါ့မှာ အလွန်စျေးကြီးပါးသည်။ စျေးအပေါဆုံးတောင် ယွမ် ၁,၀၀၀ ရှိသည်။

သို့သော်လည်း အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ သက်သက်လွတ် ဟော့ပေါ့ အမှတ်တံဆိပ်က လူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့အပြင် အင်မော်တယ်စမ်းရေ စားသောာက်ဆိုင်မှ ဟင်းလျာအားလုံးက သာမန်ထက်ထူးကဲပြီး ကျန်းမာရေး ကောင်းမွန်စေသည့် အာနိသင်လည်း ရှိသည်။

ဆိုင်တွင် လာစားကြသည့် လူများစွာမှာ စားသောက်ပြီးနောက်တွင် ၎င်းတို့၏ ကျန်းမာရေး ပြဿနာငယ်များ ပျောက်ကင်းသွားကြောင်း သိလိုက်ရသည်။

အထူးသဖြင့် လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်များကို မှာယူသော လူများဖြစ်သည်။ ၎င်းတို့တွင် အာနိသင်က ပိုမို သိသာထင်ရှားပါသည်။

အင်မော်တယ် မြေတွင်။

နွေဦးလို နွေးထွေးပြီး အပြင်ဘက်မှာလို အေးစက် စွတ်စိုသော ခံစားချက်မျိုးမရှိပါ။

ယဲ့ရှောင်ချန်းက အင်မော်တယ် လေမြက်ပင်ရှေ့တွင် ထိုင်ကာ လက်ဖြင့် နူးညံ့စွာ ထိထားသည်။ ထို့နောက် အပင်အသိစိတ်နှင့် ဆက်သွယ်ပြီး အင်မော်တယ် လေမြက်ပင်တွင် ဖွံ့ဖြိုးခြင်း အနုပညာကို အသုံးပြုလိုက်ပါသည်။

စမ်းသပ်မှုနှင့် လေ့ကျင့်မှုများ အချိန်အကြာကြီး ဆောင်ရွက်ပြီးနောက် သူ့ရဲ့ ဖွံ့ဖြိုးခြင်း အနုပညာတွင် သိသာသော တိုးတက်မှုများ ရှိလာပါပြီ။

သူ့ရှန်းနုန် ပါရမီကြောင့်လည်း ဖြစ်နိုင်သည်။ အပင်များနှင့် သက်ဆိုင်သည့် အရာဖြစ်ပါက သူ့သင်ယူနိုင်စွမ်းမှာ အလွန်မှင်သက်ဖို့ ကောင်းပြီး ပါရမီအစစ်ဟုပင် သတ်မှတ်နိုင်သည်။

အခု အင်မော်တယ် လေမြက်ပင်က ပေတစ်ဝက်လောက် ရှည်နေပြီ ဖြစ်သည်။

ဒီလောက်ထိ မြန်မြန် ကြီးထွားလာရသည့် အကြောင်းအရင်းက သူ့ဖွံ့ဖြိုးခြင်း အနုပညာကြောင့် ဖြစ်ပါသည်။

ယခု ဖွံ့ဖြိုးခြင်း အနုပညာတွင် အလွန်ကျွမ်းကျင်လာပြီ ဖြစ်သဖြင့် အင်မော်တယ် လေမြက်ပင်တွင် အသုံးပြုဖို့ ဘာပြဿနာမှ မရှိတော့ပါ။

လက်ရှိ ဖွံ့ဖြိုးခြင်း အနုပညာ အမြန်နှုန်းဖြင့် ဆိုလျှင် တစ်လအတွင်း လေအင်မော်တယ် ဆေးပြည့် အပြည့်အဝ အရွယ်ရောက်လာနိုင်သည်ဟု ခန့်မှန်းရသည်။

"အဝါရောင် အင်မော်တယ် ပဲပင် ၅၀ လည်း အရွယ်ရောက်လောက်ပြီ။ ပဲတောင့်တွေတောင် အက်ကွဲနေပြီလားမသိဘူး။"

ယဲ့ရှောင်ချန်း ထလိုက်ပြီး အဝါရောင် အင်မော်တယ် ပဲပင်များအား စိုက်ပျိုးထားသည့် အင်မော်တယ် မြေသို့ သွားလိုက်သည်။

ပဲပင်များတွင် ရွှေရောင် ပဲတောင့်များဖြင့် ပြည့်နှက်နေပါသည်။

ထိုကဲ့သို့ အဝါရောင် အင်မော်တယ် ပဲပင် ဧရိယာကျယ်ကြီးက ယဲ့ရှောင်ချန်းကို တစ်ခါမှ မကြုံဖူးသော အထွက်နှုန်းကို ပေးစွမ်းနိုင်ခဲ့သည်။

"ဟ တကယ်အက်ကွဲနေပြီပဲ။ ကောင်းလိုက်တာ။"

ယဲ့ရှောင်ချန်းက ပဲတောင့်များ အက်ကွဲနေသည်ကို မြင်ကာ ချက်ချင်း ပျော်ရွှင်သွားသည်။ ခပ်မြန်မြန်ပင် ပဲတောင့်အားလုံးကို ခူးဆွတ်လိုက်၏။

ပဲတောင့် ၄,၁၈၀ ကျော်ပါသည်။

အခွံများကို ချွတ်ပြီးနောက် အဝါရောင် အင်မော်တယ် ပဲစေ့ ၁၀,၀၀၀ ကျော်လောက် ရရှိနိုင်သည်။ များလွန်းသဖြင့် ယဲ့ရှောင်ချန်း အကြမ်းဖျင်း ခန့်မှန်းလိုက်ခြင်းဖြစ်ပါသည်။

ပဲစေ့တစ်လုံးကို လှီးဖြတ်ကြည့်လိုက်သည်။ ထင်မထားလောက်စရာ စက်ဝိုင်း ပုံစံကွက် ၇ ကွက် ရှိနေပါသည်။

"ဟားဟား ဒီတစ်ခေါက် အဝါရောင် အင်မော်တယ် ပဲစေ့ အရည်အသွေးက ပိုမြင့်တာပဲ။"

ယဲ့ရှောင်ချန်း ဝမ်းပန်းတသာ အံ့အားသင့်သွားရပါသည်။

ပုံမှန်အတိုင်း ပဲစေ့ ၅၀၀ ကို စတိုးဆိုင်တွင် အရင်ရောင်းချပြီး ကျန်တာကို လေလံပွဲတွင် ရောင်းချမည်ဖြစ်သည်။

အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ တန်ဖိုးဖြတ်ခြင်း မကြာမီ ပြီးဆုံးသွားပြီး သေချာပေါက် အရည်အသွေးက အရင်တစ်ခေါက်ထက် ပိုကောင်းနေပါသည်။ အထူးသဖြင့် သန့်စင်မှု ဖြစ်သည်။ ၀.၉၈ ပင် ရှိနေပါပြီ။

၁ ရောက်ဖို့အတွက် ၀.၂ သာလိုတော့သည်။

ယဲ့ရှောင်ချန််း ရင်ထဲတွင် သက်ပြင်းချလိုက်သည်။

စတိုးဆိုင်တွင် ရောင်းချပြီးနောက် အခွန်အခ နုတ်ပြီးသွားသောအခါ အင်မော်တယ်ယွမ် ၁၄၉ ယွမ် ရရှိသွားသည်။

အရင်တစ်ခေါက် ပဲစေ့ ၅၀၀ ထက် အင်တော်တယ် ၇ ယွမ် ပိုရပါသည်။

လေလံပွဲတွင် ယဲ့ရှောင်ချန်း အင်မော်တယ် ပဲစေ့ ၁၂,၀၀၀ ကိုရောင်းချခဲ့ပြီး ၃,၉၂၄ အင်မော်တယ်ယွမ်ရရှိခဲ့ပါသည်။

စတိုးဆိုင်က အမြတ်ကို ထည့်တွက်လျှင် အင်မော်တယ်ယွမ် ၄,၀၇၃ ယွမ် ရရှိခဲ့ပါသည်။

အမှန်ပင်။ အဝါရောင် အင်မော်တယ် ပဲစေ့ ၁,၀၀၀ ကိုတော့ သိမ်းထားခဲ့ပါသည်။

လောလောဆယ် ယဲ့ရှောင်ချန်းအတွက် အင်မော်တယ် အပင်များ၏ အထွက်နှုန်းက အကြီးအကျယ် တိုးမြင့်သွားပြီ ဖြစ်သည်။ အရင်လို ဂရုစိုက်စရာ မလိုတော့ဘဲ ကိုယ်ပိုင် အသုံးချဖို့အတွက် တချို့တဝက်ကို သိမ်းထားနိုင်ပါသည်။

သူ့တွင် ဝိညာဥ်ဖြတ်တောက် ပစ္စည်းလည်း ရှိပြီး ထိုပစ္စည်းကိုသုံးကာ အင်မော်တယ် အပင်များမှ အင်မော်တယ် ဝိညာဥ်ချီကို ဖယ်ရှားကာ သူစားသုံးဖို့ အသုံးပြနိုင်သည်။

သူ့အတွက်ဖြစ်ဖြစ်၊ သူ့မိသားစုအတွက်ဖြစ်ဖြစ်၊ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးဖို့ပဲဖြစ်ဖြစ် ဝယ်အားက တဖြည်းဖြည်း တိုးလာပြီ ဖြစ်သဖြင့် သူအနည်းငယ် သိမ်းထားရပါသည်။

အဝါရောင် အင်မော်တယ် ပဲစေ့ တစ်ထောင်ကျော်က လက်ရှိ ဝယ်လိုအားကို ပြည့်မှီနိုင်ပါသည်။

အင်မော်တယ်ယွမ် ၄,၀၀၀ ဖြင့် စာမျက်နှာပေါ်က အင်မော်စာလုံးများကို ဘာသာပြန်နိုင်ပါသည်။

စတိုးဆိုင်တွင် အင်မော်တယ်ယွမ် ၉,၀၀၀ကျော်သုံးခဲ့ပြီးပြီကို သိလိုက်ရသောအခါ အံ့အားသင့်သွားမိသည်။ အင်မော်တယ္ ယွမ် ၁၀,၀၀၀ ရောက်ဖို့ အနည်းငယ်သာ လိုတော့သည်။

အရင်တစ်ခေါက် မျိုးဆက်ရှန်းနုန် လက်စွဲစာအုပ် စာမျက်နှာ တစ်မျက်နှာ ဝယ်လိုက်စဥ်က အင်မော်တယ်ယွမ် ၈,၈၀၀ ကုန်သွားခဲ့သည်။

အင်မော်တယ်ယွမ် ၁,၀၀၀ သုံးပြီးသားဖြစ်ပါသည်။

ပေါင်းလိုက်သောအခါ အင်မော်တယ်ယွမ် ၉,၀၀၀ ကျော်သွားပြီ ဖြစ်သည်။

အရင်တစ်ခေါက်က အင်မော်တယ်ယွမ် ၅,၀၀၀ ကိုပြည့်မှီပြီး ကံစမ်းမဲနှိုက်ခွင့် ရခဲ့သည်။

သို့သော်လည်း သူအသုံးမပြုခဲ့ပါ။ ရှန်းနုန် ကျင့်စဥ်များကို မကျင့်ကြံနိုင်သဖြင့် စိတ်ဓာတ်ကျကာ ကံစမ်းခွင့်ကို စုထားခြင်းဖြစ်၏။

ကံစမ်းခွင့်နှစ်ခုကို တစ်ခါတည်း အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

၅,၀၀၀ တန်ကံစမ်းမဲနှင့် ၁၀,၀၀၀ တန်ကံစမ်းမဲ။

စဥ်းစားကြည့်ရုံနှင့် ယဲ့ရှောင်ချန်း အလွန် စိတ်လှုပ်ရှားမိပါသည်။

ချက်ချင်း လနတ်သမီးကို ဆက်သွယ်ပြီး ရှန်းနုန်ကျင့်စဥ်ထဲက သူ မသိသည့် အင်မော်တယ် စာလုံးအားလုံးကို ဘာသာပြန်ဖို့ ယဲ့ရှောင်ချန်း ပို့ပေးလိုက်သည်။

အချိန်သိပ်မကြာလိုက်ဘဲ အင်မော်တယ် စာလုံး ရာနှင့်ချီပြီး ဘာသာပြန်ပြီးသွားပါသည်။

ယဲ့ရှောင်ချန်းကတော့ အင်မော်တယ်ယွမ် ၈၀၀ ကျော် ပေးလိုက်ရသည်။

တကယ် စျေးကြီးလွန်းပါသည်။

အင်မော်တယ် စာရေးစနစ်တွင် အင်မော်တယ် စာလုံး ဘယ်နှလုံး ရှိနေသလဲ သူမိသါပ။ တရုတ်စာလုံး ၃,၀၀၀ကျော်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး ရှေးဟောင်း စာလုံးများအပါအဝင် စုစုပေါင်း တရုတ်စာလုံး အရေအတွက်မှာ ၁၀၀,၀၀၀ နီးပါးလောက် ရှိသည်။

အင်မော်တယ် စာလုံးများစွာ ရှိပါက အတော် ဆိုးရွားပါလိမ့်မည်။ သူ ရှန်းနုန် လက်စွဲစာအုပ်က စာမျက်နှာတစ်ခုကို ဝယ်ယူပါက ထိုအင်မော်တယ် စာလုံးများကို ဘာသာပြန်ဖို့ အတွက်နှင့် အင်မော်တယ်ယွမ်များစွာ ပေးချေနေရပါလိမ့်မည်။

ဒါကိုစဥ်းစားကြည့်သောအခါ စိတ်ဓာတ်ကျဖို့ ကောင်းပါသည်။

"ဟားဟား နောက်ဆုံးတော့ ကျင့်ကြံနိုင်ပြီ။"

ယဲ့ရှောင်ချန်းသည် တိုးတိတ်စွာ အောင်ပွဲခံလိုက်သည်။

သို့သော်လည်း ရှန်းနုန်ကျင့်စဥ်အား အလျင်စလို မဖတ်ခဲ့ပေ။

ကျန်နေသော အင်မော်တယ်ယွမ်များကို အရင်သုံးလိုက်သည်။

ဒီလောက် အင်မော်တယ်ယွမ် အများကြီး လက်ထဲတွင် ရှိနေသဖြင့် သူနေလို့ထိုင်လို့ကောင်းနေပါသည်။

ပိုအရေးကြီးသည်က သူ ကံစမ်းမဲ ပေါက်ချင်ပါသည်။

ဘာသာပြန်ခအဖြစ် အင်မော်တယ်ယွမ် ၈၀၀ ကျော် သုံးလိုက်သောအခါ အင်မော်တယ်ယွမ် ၃,၂၀၀ ကျော် ကျန်နေပါသေးသည်။

ယဲ့ရှောင်ချန်းသည် ယခုအခါ ချမ်းသာနေလေပြီ။ အရင်ကလောက် မမွဲတော့ပါ။ ချက်ချင်းဆိုသလို အင်မော်တယ် မြေသြဇာ အထုပ် အနည်းငယ်ကို ဝယ်လိုက်သည်။ ဂုဏ်သတ္တိမဲ့ မြေသြဇာများနှင့် မြေဂုဏ်သတ္တိရှိ မြေသြဇာများလည်း ပါသေးသည်။

နောက်တစ်ခုက ခြံစည်းရိုး ဖြစ်သည်။ အင်မော်တယ် ခြံစည်းရိုး ၂၆ ပိုင်း လိုအပ်ပြီး အင်မော်တယ်ယွမ် ၂,၆၀၀ ကုန်ကျပါသည်။

အရင်က ဝယ်ထားသည့် ခြံစည်းရိုး လေးပိုင်းကို ထည့်ပေါင်းလိုက်သောအခါ အခု စုစုပေါင်း ခြံစည်းရိုး အပိုင်း ၃၀ ရှိနေပြီ ဖြစ်သည်။ စိုက်ပျိုးရေးခြံတစ်ခုလုံးကို လုံအောင် ပိတ်နိုင်နေပါပြီ။

ခြံစည်းရိုးများ ဝယ်ယူရသည့် အကြောင်းအရင်းက ရှေ့လျှောက် သူကျင့်ကြံဖို့ ဖြစ်သည်။

ခြံစည်းရိုးများဖြင့် စိုက်ပျိုးရေးခြံ တစ်ခုလုံးကို အလုံပိတ်လိုက်ပြီးနောက် ခြံတစ်ခြံလုံးက တစ်သားတည်း ဖြစ်လာလိမ့်မည်။ အင်မော်တယ် မြေနှင့် အင်မော်တယ် အပင်များမှ ထုတ်လွှတ်သည့် အင်မော်တယ်ချီများလည်း အပြင်ဘက်သို့ စိမ့်မထွက်နိုင်တော့ပါ။ စိုက်ပျိုးရေးခြံတွင်သာ စုစည်းပြီး စိုက်ပျိုးရေးခြံကို ကောင်းကင်ဘုံ မြေတစ်ခု ဖြစ်လာစေလိမ့်မည်။

အမှန်ပင်။ ကောင်းကင်ဘုံ မြေအစစ် ဖန်တီးလိုပါက စိုက်ပျိုးရေး ခြံတစ်ခြံလုံးကို အင်မော်တယ် မြေများအဖြစ် ပြောင်းလဲလိုက်မှ ဖြစ်မည်။

ဒီလိုဆို စိုက်ပျိုးရေးခြံက ကောင်းကင်ဘုံ မြေအစစ် ဖြစ်လာပါလိမ့်မည်။

သူ့တွင် အင်မော်တယ်ယွမ် ၂၀၀ ကျော် ကျန်သေးသည်။ ယဲ့ရှောင်ချန်း မသုံးတော့ဘဲ ယာယီ သိမ်းထားလိုက်၏။

စနစ်၏ အသံပေါ်ထွက်လာပြီး စတိုးဆိုင်တွင် ယွမ် ၁၀,၀၀၀ ကျော် သုံးစွဲပြီးကာ ကံစမ်းမဲနှိုက်ခွင့် ရရှိကြောင်း ကြေညာသွားသည်။

ကံစမ်းမဲနှိုက်ခွင့် နှစ်ခု ရှိသွားပြီ ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် အော်လိုက်သည်။ "စနစ် ကံစမ်းမဲနှိုက်မယ်။"

ရုတ်တရက် သူ့အာရုံထဲ၌ လှည့်ဘီးကြီး တစ်ခု ပေါ်လာသည်။

လှည့်ဘီးကြီး၏ အကန့်မျိုးစုံတွင် ပစ္စည်းမျိုးစုံရှိသည်။ တချို့က တန်ဖိုးကြီးလွန်းသဖြင့် သူလောဘတက်မိပါသည်။

"အင်မော်တယ်ကျောက်တဲ့။ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ပြီး အစီအရင်များတွင် စွမ်းအားအရင်းအမြစ် ကျောက်တုံးအဖြစ်လည်း အသုံးပြုလို့ရတယ်။"

"ဝိညာဥ်ပျံလှေ၊ မှော်လက်နက် ပျံသန်းခြင်းအမျိုးအစား။ မှော်စွမ်းအားနဲ့ လှုပ်ရှားနိုင်ပြီး စွမ်းအားအရင်းအမြစ်အဖြစ် အင်မော်တယ်ကျောက်ကို ထည့်သွင်းအသုံးပြုရင် ပျံသန်းဖို့ သုံးလို့ရတယ်။"

"မျိုးဆက် ရှန်းနုန် စာမျက်နှာ ၄၈။ ကမ္ဘာမြေ ဝိညာဥ် သိပ်သည်းခြင်း။ ဒီနည်းလမ်းနဲ့ ကမ္ဘာမြေပေါ်က ဝိညာဥ်တွေနဲ့ ဆက်သွယ်ပြီး ကမ္ဘာမြေဝိညာဥ်နဲ့ အပင်အုပ်တွေကို သိပ်သည်းစေနိုင်တယ်။"

ယဲ့ရှောင်ချန်း ထိုပစ္စည်းကောင်းများကို ကြည့်လိုက်ပြီး အသက်ရှူသံများ လေးလံလာခဲ့ပါသည်။

All Chapters