← Chapters

အခန်း (၁၆၁) - အာဏာကို ချေးငှားခြင်း

Vol. 11 Ch. 161

အခန်း (၁၆၁) - အာဏာကို ချေးငှားခြင်း

Vol. 11 Ch. 161

အခန်း (၁၆၁) - အာဏာကို ချေးငှားခြင်း

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်အား ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပါသည်။

လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်အမှုန့်များမှာ အင်မော်တယ် ပဲနှင့် အင်မော်တယ် ဆန်မှုန့်များသာ ဖြစ်ပြီး ဘိန်းမပါဝင်ပါ။

သို့သော်လည်း ထိုမတော်တဆမှုကြောင့် လုပ်ငန်းအပေါ်တွင် သက်ရောက်မှု တချို့တော့ ရှိနေပါသေးသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း စားသုံးသူ ပမာဏက ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။

ကျန်းဟုန်ယဲ့က သူမ၏ မိသားစုနှင့် စားသောက်ဆိုင်တွင် မွေးနေ့ ညစာစားပွဲတစ်ခု လုပ်လိမ့်မည်ဟု ယဲ့ရှောင်ချန်း အားလုံးကို အသိပေးလိုက်သည်။

အခြားသူများ သိသွားကြသောအခါ ဝမ်းပန်းတသာ အံ့အားသင့်သွားကြပါသည်။

ဒီတစ်ခေါက် ကျန်းဟုန်ယဲ့ သူမ၏ မိသားစုကို ခေါ်လာခြင်းက အရင်တစ်ခေါက် ဖွင့်ပွဲနေ့က လာရောက်ခြင်းနှင့် အဓိပ္ပာယ်ချင်း မတူညီကြပါ။

တိတိကျကျပြောရလျှင် ကျန်းဟုန်ယဲ့က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ လာရောက်ခြင်းဖြစ်သည်။

အခု အတွင်းရေးမှူးလျို့တွင် ဉာဏ်နီဉာဏ်နက်များ ရှိနေလျှင်တောင် အနည်းဆုံး သုံးခါလောက် ပြန်စဥ်းစားရတော့မည်ဖြစ်ပါသည်။

အားလုံး တိုးတိတ်စွာ မှင်သက်သွားကြသည်။ ယဲ့ရှောင်ချန်းက တကယ် အစွမ်းအစ ရှိလှသည်။ ဝန်ကြီးကျန်းကိုပင် ဖိတ်ကြားနိုင်ခဲ့၏။

အားလုံးက တက်ကြွသွားကြသည်။ လုပ်ငန်းရပ်နားမှုကြောင့် ဖြစ်ပေါ်ခဲ့သော စိုးရိမ်စိတ်များလည်း လွင့်ပြယ်သွားကြသည်။ အားလုံး ယုံကြည်ချက် ပြည့်ဝနေပါပြီ။ ရက်သတ္တပတ် အားလပ်ရက် ဖြစ်သည်။

မနက် ၁၁ နာရီတွင် ကျန်းဟုန်ယဲ့က အချိန်စာရင်းအတိုင်း မိသားစုကို ခေါ်ဆောင်လာခဲ့သည်။

ယဲ့ရှောင်ချန်းကိုယ်တိုင် ကျန်းဟုန်ယဲ့နှင့် သူမ၏ မိသားစုကို ကြိုဆိုကာ ကျယ်ဝန်းသည့် သီးသန့် ညစာစားခန်းကြီးထဲ ခေါ်ဆောင်သွားပါသည်။

အတွင်းပိုင်းကိုလည်း ဂရုတစိုက် စီစဥ်ထားကြသည်။

ကျန်းဟုန်ယဲ့က ယဲ့ရှောင်ချန်း စီစဥ်ထားသည်ကို အလွန်အားရ ကျေနပ်ပါသည်။

ရုတ်တရက် စားပွဲပေါ်တွင် ဗူးကြီး တစ်လုံးကို မြင်ကာ သိချင်စွာဖြင့် မေးလိုက်၏။ "ရှောင်ချန်း၊ အဲ့တာ ဘာလဲ။"

"ဒီနေ့ ဦးလေးရဲ့ မွေးနေ့ဆိုတော့ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က အထူးပြင်ဆင်ထားတဲ့ မွေးနေ့ကိတ်ပါ။"

ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။

ဒီမွေးနေ့ကိတ်လုပ်ဖို့အတွက် ပရော်ဖက်ရှင်နယ် မုန့်ဖုတ်သူ တစ်ဦးကို အထူးဖိတ်ကြားခဲ့ရသည်။

"ရှောင်ချန်း အခု နင့် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ ကိတ်မုန့်တွေလည်း လုပ်နေပြီလား။"

ကျန်းဟုန်ယဲ့လည်း ရယ်မောလိုက်မိပါသည်။

ကျန်းဟုန်ယဲ့ အဖေက ပိန်ပိန်ပါးပါး အဘိုးကြီး တစ်ယောက်ဖြစ်သည်။ အသက် ၇၀ ဝန်းကျင်လောက် ရှိနေပြီဟု ခန့်မှန်းရ၏။ သူ့ဆံပင်က မီးခိုးရောင်ရှိပြီး မျက်နှာပေါ်တွင်လည်း သက်ကြီး အစက်အပျောက်များဖြင့် ပြည့်နှက်နေပါသည်။

သူ့ကို တစ်စုံတစ်ယောက်က တွဲကူပေးရသည်။ ထိုင်ခုံတွင် ထိုင်နေစဥ်မှာတောင် တုန်ယင်နေပါသည်။

သူ နာမကျန်းဖြစ်နေသည်ကို မြင်နိုင်သည်။

ယဲ့ရှောင်ချန်းက ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ ကျန်းဟုန်ယဲ့က သူမ၏ နာမကျန်းသော အဖေက မွေးနေ့ပွဲအတွက် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ ခေါ်လာပေးနိုင်ခဲ့သည်။ အတော်လေး ရှားပါသည်။

အဘိုးကြီးတစ်ယောက် ဒီလောက်အဝေးကြီး လာဖို့က မလွယ်ကူပါ။

မကြာမီ ဗူးကို ဖွင့်လိုက်ပြီး လှပသည့် သုံးထပ် ကိတ်မုန့်တစ်လုံး ပေါ်လာသည်။

သစ်သီးမျိုးစုံ၊ ဖရဲသီး၊ သခွားမွှေးသီး၊ ခရမ်းချဥ်သီး၊ သခွားသီး စသည်တို့နှင့် အခြားအရာများဖြင့် အလှဆင်ထားသည်။ အားလုံးက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံမှဖြစ်ပါသည်။

အခြားပစ္စည်းသုံးမျိုးလည်း ပါသေး၏။ ရွှေဝါရောင် အင်မော်တယ် ပဲစေ့များ၊ မီးတောက်လို နီရဲသည့် အင်မောာ်တယ် ပဲစေ့များနှင့် ညိုဝါရောင် အင်မော်တယ် ဆန်စေ့များဖြစ်ပါသည်။

အလွှာပေါ်တွင်ဖြစ်သည်။

စုစုပေါင်း ၁၅ ခုရှိသည်။

သူ ကပ်စေးနှဲခြင်း မဟုတ်သော်လည်း အင်မော်တယ် ပဲစေ့များနှင့် အင်မော်တယ် စပါးစေ့များက တန်ဖိုးကြီးလွန်းသည်။

ထိုအင်မော်တယ် ပဲစေ့များနှင့် စပါးစေ့များကို အမှုန့်ကြိတ်လိုက်ပါက ယွမ် သောင်းချီ တန်လိမ့်မည်။

ဒီကိတ်မုန့်ကို လုပ်ဖို့အတွက် ယဲ့ရှောင်ချန်း အတော်လေး နာကျင်ခံစားခဲ့ရပါသည်။

အင်မော်တယ် ပဲစေ့၊ ဆန်စေ့ ၁၅ စေ့အပြင် ကိတ်မုန့်အား အင်မော်တယ် ပဲစပါးဂျုံဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

"ဘာလို့ ပဲစေ့တွေနဲ့ ဆန်စေ့တွေ ပါနေတာလဲ။"

ကျန်းဟုန်ယဲ့ အံ့အားသင့်သွားသည်။

"ဟဲဟဲ အစ်မကျန်း ဒါတွေက သာမန် ပဲစေ့ ဆန်စေ့တွေ မဟုတ်ဘူးနော်။ မြည်းကြည့်ပြီးရင် သိပါလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

ဒီမွေးနေ့ကိတ်က ယဥ်ကျေးမှုအရသာ ဖြစ်ပြီး ဖယောင်းတိုင်များ ထွန်းညှိကာ မှုတ်ပြီး ဆုလည်း မတောင်းခဲ့ပါ။

ယဲ့ရှောင်ချန်းက ကိတ်မုန့်ဓားကို ယူပြီး ကိတ်မုန့်ကို လှီးလိုက်သည်။

လူတစ်ယောက်စီက ပဲစေ့နှင့် ဆန်စေ့ပါဝင်သော ကိတ်မုန့်အပိုင်းသေးတစ်ခုကိုရပါသည်။

ကျန်းဟုန်ယဲ့နှင့် သူမအဖေ၏ ကိတ်မုန့်ပိုင်း အပေါ်တွင်တော့ အနီရောင် အင်မော်တယ် ပဲစေ့ တစ်စေ့စီရှိသည်။

"ဖရဲသီးလေးက ချိုနေတာပဲ။"

"ဒီသခွားမွှေးသီးကလည်း တကယ်မွှေးနေတာပဲ။ ဒီလောက်ထိ အရသာရှိတဲ့ သခွားမွှေးသီး မစားဖူးဘူး။"

"ခရင်ကလည်း အရသာရှိတယ်။ ဆီလည်း မများဘူး။"

ကျန်းဟုန်ယဲ့မိသားစု ကိတ်မုန့်ကို စားကြည့်လိုက်သောအခါ ချီးကျူးစကားများ ပြည့်နှက်သွားခဲ့ပါသည်။

သူတို့ ကိတ်မုန့် တစ်ခါမှ မစားဖူးတာ မဟုတ်သော်လည်း ဒီကိတ်က အလွန်ထူးခြားလွန်း၍ ဖြစ်ပါသည်။ အပေါ်က သစ်သီးများဖြစ်ဖြစ် ခရင်ဖြစ်ဖြစ် အကုန်လုံး အရသာ ရှိလှသည်။

"ဟားဟား အရသာက တကယ်ကောင်းတယ်။ ရှောင်ချန်း နင့်အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ အရသာရှိတဲ့ ဟင်းလျာတွေတင်မကဘူး။ အရသာရှိတဲ့ ကိတ်မုန့်တွေပါ ရှိမှန်း မသိခဲ့ဘူး။"

ကျန်းဟုန်ယဲ့က ကျက်သရေ ရှိစွာ စားသောက်လိုက်သည်။

အနီရောင် အင်မော်တယ် ပဲစေ့ကို ခက်ရင်း တစ်ခုနှင့် ထိုးကာ သူမ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

တစ်ကိုက် ဝါးပြီးသွားသောအခါ သူမ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

ကြက်သေသေသွားသည့် မျက်နှာထားမျိုး ပေါ်လာသည်။

ထိုအချိန်တွင် အင်မော်တယ် ပဲစေ့များနှင့် ဆန်စေ့များကို စားမိသည့် လူတိုင်းလည်း မယုံကြည်နိုင်သော မျက်နှာများ ဖြစ်သွားကြသည်။

"ဘာလို့ ဒီပဲစေ့က အရမ်းအရသာ ရှိနေရတာလဲ။"

"တကယ် အရသာရှိတယ်။ ဒီဆန်စေ့ကလည်း အရမ်းအရသာရှိတယ်။"

"အရသာ ရှိရုံတင်မဟုတ်ဘဲ။ မမေ့နိုင်တဲ့ အရသာ မျိုးပဲ။ ဒါပေမယ့် တစ်စေ့ပဲ ပါတာ နှမြောစရာပဲ။"

မစားရသေးသည့် လူများကလည်း အခြားသူများ၏ စကားများကိုကြားပြီး အမြန်မြည်းကြည့်လိုက်သည်။ ထို့နောက် အလွန်အမင်း အံ့အားသင့်သော မျက်နှာများ ဖြစ်သွားကြသည်။

ကျန်းဟုန်ယဲ့ပင် အလွန် ယစ်မူးသွားရသည်။ ဝိုင်သောက်ထားသလို မျက်နှာ နီလာ၏။

"ပူလိုက်တာ"

ကျန်းဟုန်ယဲ့အဖေက ရုတ်တရက် ပြောလိုက်သည်။

သက်ကြီးအစက်အပျောက်များဖြင့် ပြည့်နှက်နေသည့် သူ့မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး ခန္ဓာကိုယ်တွင်လည်း ချွေးများ စတင်ထွက်လာသည်။

"ရှောင်ချန်း ဒါဘယ်လိုပဲမျိုးလဲ။ စားပြီးတော့ ဘာလို့ ပူလာတာလဲ။"

ကျန်းဟုန်ယဲ့လည်း အံ့သြသွားပါသည်။

ချွေးများ ထွက်သွားသောအခါ သူမ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။

"လန်းဆန်းသွားတာပဲ။"

ကျန်းဟုန်ယဲ့အဖေ၏ စိတ်ကလည်း အများကြီး ပိုမို လန်းဆန်းသွားပါသည်။

"အစ်မကျန်း။ ဒါ ကျွန်တော့်ရဲ့ လျှို့ဝှက်ထုတ်ကုန်တွေပါ။ အင်မော်တယ်ပဲစေ့နဲ့ အင်မော်တယ် စပါးစေ့လို့ခေါ်တယ်။ ကျန်းမာရေး အာနိသင် ကောင်းကြတယ်လေ။"

ယဲ့ရှောင်ချန်းက ဆင်ခြေ ကောင်းကောင်း စဥ်းစားထားပြီးသားဖြစ်ပါသည်။

"ဒီပဲကို ဒီလောက်ထိ မှော်ဆန်လိမ့်မယ် ထင်မထားဘူး။"

ကျန်းဟုန်ယဲ့နှင့် အခြားသူများ မှင်သက်သွားကြပါသည်။

မစားဖူးလျှင် မှန်းဆဖို့ ခက်ခဲလိမ့်မည်.

ကိတ်မုန့်ကို အံ့အားသင့်ခဲ့ရပြီးနောက် မီနူးပေါ်က ဟင်းလျာမျိုးစုံကို စားသောက်ရာတွင်လည်း ကျန်းဟုန်ယဲ့တို့မိသားစု ပျော်ရွှင်ခဲ့ရပါသည်။

စားချင်စိတ်မရှိသည့် ကျန်းဟုန်ယဲ့၏ အဖေတောင် ဒီတစ်ခါ အစားအစာ အများကြီး စားသောက်ခဲ့ပြီး စိတ်အခြေအနေလည်း အများကြီး ပိုမို ကောင်းမွန်လာပါသည်။ အဘိုးကြီး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ကောင်းမွန်သွားစေခဲ့သည်မှာ အနီရောင် အင်မော်တယ် ပဲစေ့ကြောင့် ဖြစ်သည်။

စားသောက်ပြီးနောက် ယဲ့ရှောင်ချန်းက ကျန်းဟုန်ယဲ့၏ အဖေကို အင်မော်တယ် ပဲစေ့များနှင့် စပါးစေ့များစွာ ပေးခဲ့ပါသည်။ သူတို့ပြန်သွားသောအခါ နေ့တိုင်းတစ်စေ့စီ ပြုတ်ပြီး စားပါက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါသည်။

ဒီလို အဖိုးတန်သည့် အင်မော်တယ် ပဲစေ့များနှင့် စပါးစေ့များကို လက်ဆောင်အဖြစ် ပေးသည့်အတွက် ကျန်းဟုန်ယဲ့ ကျေးဇူးတင်မိပါသည်။

သူမက မြူနီစီပယ်အဖွဲ့ ကော်မတီအဖွဲ့ဝင် ဖြစ်သော်လည်း သူမအဖေ၏ ကျန်းမာရေးကိုတော့ ဘာမှမတတ်နိုင်ပါ။

ဒီနေ့ ပဲစေ့များ စားသောက်ပြီးနောက် သူမ အဖေ၏ အားအင်နှင့် စိတ်ခွန်အားတို့ အများကြီး တိုးတက်လာသည်။ အနီရောင် အင်မော်တယ် ပဲစေ့များ၏ အာနိသင်ကြောင့် ဆိုသည်မှာ သိသာထင်ရှားပါသည်။

ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည်လေး တွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။

သူမ ငယ်စဥ်တုန်းက သူမအမေမှာ မီးတွင်းထဲတွင် ဆုံးပါးသွားခဲ့သည်။ အခက်အခဲအားလုံးကို တောင့်ခံပြီး သူမနှင့် သူမ၏ မောင်နှမများကို ပျိုးထောင်ခဲ့သူမှာ သူမအဖေ ဖြစ်ပါသည်။ အဖေတာဝန်ကော အမေတာဝန်ကော ယူခဲ့သည်။ တကယ်မလွယ်ကူခဲ့ပါ။

သူမအဖေ အသက်ရှည်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ တကယ်မျှော်လင့်ပါသည်။

နောက်ဆုံးတော့ ကျန်းဟုန်ယဲ့တို့ မိသားစု ပြန်သွားကြသည်။

ယဲ့ရှောင်ချန်းက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပါသည်။ ကျန်းဟုန်ယဲ့နှင့် သူမ မိသားစုကို ဧည့်ခံဖို့ နှစ်ရက်အတွင်း သူတို့ အလွန်ကြိုးစားခဲ့ရသည်။

အလုပ်ပြီးမြောက်သွားပြီ ဖြစ်ပြီး အာနိသင်ကို စောင့်ကြည့်ဖို့သာ လိုတော့သည်။

လျို့ရှန်းထျန်၏ အိမ်တွင်။

ဖမ်းကျစ်ဖျင်လည်း ရှိနေသည်။

"ယောက်ဖ။ ဝန်ကြီးကျန်းက သူမိသားစုနဲ့ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို သွားပြီး သူ့အဖေ မွေးနေ့ပွဲ လုပ်ပေးလိမ့်မယ်လို့ တကယ်ထင်မထားဘူး။ ထင်မထားစရာပဲ။"

ဖမ်းကျစ်ဖျင်က မပြတ်သားသော လေသံဖြင့်ပြောလိုက်သည်။

"ငါလည်း ထင်မထားပါဘူး။ ကြည့်ရတာ ဝန်ကြီးကျန်းနဲ့ ယဲ့ရှောင်ချန်းတို့ရဲ့ ဆက်ဆံရေးက ငါထင်ထားတာထက် ပိုနီးစပ်တယ်ထင်တယ်။"

လျှိုရှန်းကျင်း သက်ပြင်းချလိုက်သည်။

"ဒါဆို အခု ဘာလုပ်ကြမလဲ။"

ဖမ်းကျစ်ဖျင်က မေးလိုက်၏။

"ယဲ့ရှောင်ချန်းကို သွားတွေ့ပြီး ဆက်ဆံရေး ပြန်လည် တည်ဆောက်ရမှာပေါ့။"

လျို့ရှန်းထျန်က မျက်လုံးမှေးလိုက်ပြီး ပြောလိုက်သည်။

"ချောင်ရှင်းဟုန်ကိုကော ဘာပြောလိုက်ရမလဲ။"

ဖမ်းကျစ်ဖျင်က ခဏလောက် ကြက်သေသေသွားပြီး အမြန်မေးလိုက်သည်။

"အမှန်တိုင်းသာ ပြောလိုက်ကွာ။"

လျို့ရှန်းထျန်က ပြောလိုက်သည်။

"ယောက်ဖ ငါတို့ သူ့ကို စော်ကားမိရင် မင်းအနာဂတ်ကို မထိခိုက်နိုင်ဘူးလား။"

ဖန်ကျစ်ဖျင် စိုးရိမ်လာသည်။

ချောင်ရှင်းဟုန်၏ အစွမ်းအစ ဘယ်လောက်ကြီးသလဲ သူသိထားသည်။ သူ့ယောက်ဖက ကျင်းကောင်တီတွင် စွမ်းအားကြီးသော်လည်း အပြင်ဘက်တွင်တော့ ထင်သလောက် စွမ်းအားမရှိပါ။

"ကျန်းဟုန်ယဲ့ကို စော်ကားမိတာထက်တော့ ပိုကောင်းပါသေးတယ်။ ပြီးတော့ ချောင်ရှင်းဟုန်က အမြင်ကျယ်တဲ့လူဖြစ်ပြီး ဘာလုပ်ရမလဲ သိမှာပါ။"

လျို့ရှန်းထျန်က ခေါင်းခါလိုက်သည်။

ဖမ်းကျစ်ဖျင် နားမလည်နိုင်တော့ပါ။  သူ့ယောက်ဖကို စွမ်းအားကြီးပြီး ဆန်းကြယ်သည်ဟု ထင်ခဲ့မိသည်။ သူ့ယောက်ဖ ပြောလိုက်သည့် စကားများအရ သူကိုယ်တိုင် စီမံအုပ်ချုပ်လိုက်ရင်တောင် ပိုကောင်းပါဦးမည်။

All Chapters