← Chapters

အခန်း (၁၆၀) - မျက်နှာသာပြန်ပေးခြင်း

Vol. 11 Ch. 160

အခန်း (၁၆၀) - မျက်နှာသာပြန်ပေးခြင်း

Vol. 11 Ch. 160

အခန်း (၁၆၀) - မျက်နှာသာပြန်ပေးခြင်း

ကျန်းဟုန်ယဲ့က ယဲ့ရှောင်ချန်း၏ စကားလုံးများကို ယုံကြည်သလို ရှိပါသည်။

သူမ၏ အတွင်းရေးမှူးကို လက်ဖက်ရည်အိမ် ပိုင်ရှင်အား သွားခေါ်ခိုင်းလိုက်သည်။

လက်ဖက်ရည်အိမ် ပိုင်ရှင်က သက်လတ်ပိုင်းအရွယ် ခပ်ဝဝ ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ပြီး ရှည်လျားသည့် မီးခိုးရောင် ဝတ်လုံကြီးကို ဝတ်ဆင်ထားပြိး အလွန်ရှေးကျသည့်ပုံ ပေါက်ပါသည်။

"ဝန်ကြီးကျန်း ဒီလက်ဖက်ရည်ကို သဘောမကျလို့လားခင်ဗျ။"

လက်ဖက်ရည်အိမ် ပိုင်ရှင် ကျင်းပေါင်ထန်က ပြုံးကာ မေးလိုက်သည်။

ယဲ့ရှောင်ချန်းကိုလည်း နှုတ်ဆက်လိုက်ပါသည်။ ဝန်ကြီးကျန်းလို လူမျိုးနှင့် လက်ဖက်ရည် အတူတူ သောက်နိုင်သဖြင့် သူက သေချာပေါက် သာမန်လူ မဖြစ်နိုင်ပါ။

သူက စကားပြောကောင်းပြီး သွက်လက်သဖြင့် လူတွေက အလိမ်ခံနေရသည်ဟု မခံစားကြရပါ။

ကျန်းဟုန်ယဲ့၏ မျက်နှာက ဂရုမစိုက်သလို ဖြစ်နေပြီး သူမရင်ထဲက ဒေါသကို ထုတ်မပြသေးပါ။ ထို့နောက် အပြုံးဖြင့် မေးလိုက်၏။ "ဆရာကျင်း ဒီလက်ဖက်ရည်က အရမ်းကောင်းတာပဲ ဘယ်လို လုံကျင်း လက်ဖက်ရည်မျိုးလဲမသိဘူး။"

"ဝန်ကြီးကျန်း ဒါက ဟန်ကျိုး လုံကျင်းရွာမှာ စိုက်ပျိုးတဲ့ အရှားပါးဆုံး လက်ဖက်ခြောက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ဖက်ရွက်တွေက ဘယ်လောက်ပဲကောင်းကောင်း လက်ဖက်ရည် ဖျော်စပ်တဲ့ စွမ်းရည်လည်း ကောင်းမှဖြစ်မှာပေါ့။ ကျွန်တော် ကြွားရတာ မကြိုက်ပေမယ့် ဒီယန်မြို့တော်မှာ လက်ဖက်ရည် ဖျော်စပ်တဲ့ စွမ်းရည်မှာ ကျွန်တော့်ကို အနိုင်ယူနိုင်တဲ့လူ မရှိသေးဘူး။"

ကျင်းပေါင်ထန်က ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် ပြောလိုက်သည်။

"သြော် ဆရာကျင်း ပြောတာ အရမ်းသင့်တော်ပါတယ်။ လက်ဖက်ရည် ဖျော်စပ်တာက စွမ်းရည်နဲ့ အသိပညာ အများကြီး လိုအပ်တယ်။ ဒါပေမယ့် ကျွန်မရဲ့ ဧည့်သည်ကို ဒီလို လက်ဟောင်း လက်ဖက်ရည်တွေနဲ့ ဧည့်ခံရတဲ့ အကြောင်းအရင်းက ဘာများလဲ။"

ကျန်းဟုန်ယဲ့က ပြုံးလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ကျင်းပေါင်ထန်၏ ဂုဏ်ယူဝံ့ကြွားသော မျက်နှာမှာ ရုတ်တရက် တောင့်တင်းသွားပြီး ခန္ဓာကိုယ်ပင် တုန်ယင်သွားသည်။ သူ အမြန်ပြောလိုက်၏။ "ဝန်ကြီးကျန်း ဘာတွေ ပြောနေတာလဲခင်ဗျ။ ကျွန်တော်က လက်ဖက်ရည်ရွက် အသစ်စက်စက်တွေပဲ သုံးတာပါ။ ပြီးတော့ လက်ဟောင်း လက်ဖက်ရွက်တွေကို သုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။"

"ဟင်းဟင်း ဘော့စ်ကျင်း ကျွန်မက ရှင့်ရဲ့ ဖောက်သည်ပါ၊ ကျွန်မက အရူးမဟုတ်ဘူး။ သူက ယဲ့ရှောင်ချန်း နာမည်ကြီး ရုက္ခဗေဒ ပညာရှင်ပဲ။ သူ လက်ဖက်ရည်ကို သောက်ကြည့်ပြီးသွားပြီ။"

ကျန်းဟုန်ယဲ့က လှောင်ရယ်လိုက်သည်။

ကျင်းပေါင်ထန်၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး အမြန်ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ နိမ့်ကျတဲ့ ဆိုင်ကိုလာတာ မစ္စတာယဲ့ ဖြစ်နေတာကိုး။ မစ္စတာယဲ့က လူတော် တစ်ယောက်ဆိုပေမယ့် ကျွန်တော့်ဆိုင်ကိုတော့ အသရေဖျက်လို့ မရဘူးလေ။ လုံကျင်း လက်ဖက်ရည်အစစ်ဖြစ်ပြီး လက်ဟောင်းလက်ဖက်ရည် မဟုတ်ပါဘူး။"

"ဘော့စ်ကျင်း ဆက်တိုက် ငြင်းမနေပါနဲ့။ တကယ်တော့ ဒါက လက်ဟောင်း လက်ဖက်ရည် ဟုတ်မဟုတ်ကို အတည်ပြုနိုင်တဲ့နည်းလမ်းက အရမ်းရိုးရှင်းတယ်။ ခင်ဗျား အမှန်တရားကို မြင်နိုင်မှာပါ။ ကျွန်တော်ထင်တာ မမှားရင် ခင်ဗျားမသုံးပြုတဲ့ ရေနွေးက မဆူပွက်ဘူး။ အများဆုံး ၇၀ - ၈၀ ဒီဂရီ ဝန်းကျင်မှာပဲ ထားရှိလိမ့်မယ်။ အဲ့ဒီအပူချိန်က ဒီလက်ဟောင်း လက်ဖက်ရည်ရဲ့ အတုအပ ပါဝင်ပစ္စည်းတွေကို မထိခိုက်စေဘူးလေ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ကျင်းပေါင်ထန်၏ မျက်နှာဝဝပေါ်က တင်းအားများ တိုးလာသည်။

ယဲ့ရှောင်ချန်းကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

လက်ဖက်ရည်ထဲတွင် သူထည့်ထားသည့် အတုအပ ပါဝင်ပစ္စည်းများက လျှို့ဝှက်ချက်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီအကြောင်းသိသည့်လူ လုံးဝ မရှိနိုင်ပါ။

ဒီသဘာဝ တုပပစ္စည်းကို သူတောင် မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒီ ပါဝင်ပစ္စည်းက လက်ဟောင်း လက်ဖက်ရည်ကို အသစ်လိုပုံစံ ဖြစ်စေပြီး အရသာကလည်း အပြစ်အနာအဆာ ကင်းသည်။

အတော်ဆုံး လက်ဖက်ရည်ဖျော်စရာ တစ်ဦးပင် ဒါကို ခွဲခြားနိုင်ဖို့ ခက်ခဲပါလိမ့်မည်။

ဒီ လက်ဟောင်းလက်ဖက်ရည်ကို ရဲရဲတင်းတင်း အသုံးပြုရဲသည့် အကြောင်းအရင်းမှာ ဘယ်သူမှ မသိကြောင့် လုံးဝ သေချာနေသောကြောင့်ဖြစ်ပါသည်။

မဟုတ်ပါက ကျန်းဟုန်ယဲ့လို လူကြီးများကို ဘယ်လိုလုပ် လက်ဟောင်း လက်ဖက်ရည်များဖြင့် ဧည့်ခံရဲမည်နည်း။ ပေါ်သွားသည်နှင့် အဆုံးသတ်ပြီ ဖြစ်သည်။

အခုတော့ ယဲ့ရှောင်ချန်းက အတုအပပစ္စည်း ပြဿနာကို ထုတ်ပြောလိုက်ပြီ ဖြစ်သဖြင့် သူ့ရင်ထဲက ချောက်ချားမှုကို မှန်းဆကြည့်နိုင်ပါသည်။

"ဘော့စ်ကျင်း ကိုယ်တိုင် လက်ဖက်ရည်ဖျော်တိုင်း ဒီအတုအပ ပါဝင်ပစ္စည်း ပြဿနာကို မပေါ်အောင် ကြိုးစားမိမယ်လို့ ယုံကြည်ပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒီလို အတုအပ ပစ္စည်းက လက်ဟောင်း လက်ဖက်ရည်ကို အသစ်လို ဖြစ်စေတာ တကယ် အံ့အားသင့်ဖို့ ကောင်းပါတယ်။"

ယဲ့ရှောင်ချန်းက ဆက်ပြောသည်။

ကျင်းပေါင်ထန်ကတော့ ပိုပိုပြီး ကြောက်လန့်လာလေပြီ။

သူ့ရှေ့တွင် ထိုင်နေသူက ယန်မြို့တော် ခေါင်းဆောင် ကျန်းဟုန်ယဲ့ ဖြစ်သောကြောင့်ပင်။

"ဘော့စ်ကျင်း ဖြေရှင်းချက် ကောင်းကောင်း ပေးတာ ပိုကောင်းမယ်နော်။"

ကျန်းဟုန်ယဲ့က ကျင်းပေါင်ထျင်ကို သွေးအေးစွာ ကြည့်လိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်သွားတော့သည်။

ကျင်းပေါင်ထန်က ကျန်းဟုန်ယဲ့နှင့် ယဲ့ရှောင်ချန်းတို့ ထွက်သွားသည်ကို ကြည့်နေပြီး ထိုင်ခုံပေါ်သို့ လဲကျသွားရသည်။ သူလုံးဝ ကိစ္စ ပြတ်ပြီဆိုတာကို သိနေပါသည်။

ဝန်ကြီးကျန်းကို နှစ်ပေါင်းများစွာ လက်ဟောင်း လက်ဖက်ရည်များ တိုက်ခဲ့မိသည်။ သူမ သူ့ကို အလွတ်ပေးပါဦးမလား။

မပေးနိုင်ပါ။

ကျန်းဟုန်ယဲ့က သာမန် မိန်းမမဟုတ်ဘဲ လူတွေနှင့် ဆက်ဆံသည့် နည်းလမ်းကလည်း လုံးဝ မရိုးရှင်းပါ။

"ရှောင်ချန်း ဒီတစ်ခါတော့ မင်းကို တကယ် ကျေးဇူးတင်ရမယ်။ မဟုတ်ရင် တစ်သက်လုံး ငါလက်ဟောင်း လက်ဖက်ရည်တွေ သောက်နေမှန်း သိမှာမဟုတ်တော့ဘူး။"

ကျန်းဟုန်ယဲ့က ကားထဲတွင်ထိုင်ကာ နှစ်ပေါင်းများစွာ လက်ဟောင်းလက်ဖက်ရည်များ သောက်ခဲ့ရသည်ဟု တွေးကြည့်မိရုံနှင့် အန်ချင်လာမိသည်။ သူမက အစကတည်းက သန့်ရှင်းမှုကို စွဲလမ်းသူ ဖြစ်သဖြင့် ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။

ကျင်းပေါင်ထန် ပြန်ပေးဆပ်ရမည်ဟု ရင်ထဲတွင် ကျိန်ဆိုလိုက်ပါသည်။

"အခုခေတ် အစားအသောက် ဘေးကင်းမှုက တကယ့် စိတ်ပူစရာဖြစ်လာပြီ။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။

ကျန်းဟုန်ယဲ့က ခေါင်းငြိမ့်လိုက်ပါသည်။ လက်ဖက်ရည်ကိုတောင် အတုအပ လုပ်နိုင်နေပြီ ဖြစ်သဖြင့် အခြားအရာများဆို ဘယ်လိုများ နေမလဲမသိတော့ပါ။

သူမက ယန်မြို့တော်၏ ခေါင်းဆောင် ဖြစ်နေလျက်နှင့် ထောင်ချက်ထဲ မိခဲ့သေးသည်။ သာမန်လူတွေဆို ပြောစရာမလိုတော့ပါ။

"ရှောင်ချန်း မုန်ညင်းပင်တွေ ပျိုးထောင်ပြီးပြီလို့ ပြောတယ်နော်။ ဘာလို့ အရမ်းမြန်ရတာလဲ။"

အရင်ကိစ္စများကို ပြန်မစဥ်းစားတော့ဘဲ မေးလိုက်သည်။

"အစ်မကျန်း တကယ်တော့ ကျွန်တော် မုန်ညင်းပင် အဆင့်မြှင့်တင်မှုကို လုပ်ဆောင်နေတာ တော်တော် ကြာပါပြီ။ ကျွန်တော် အပြည့်အဝ ယုံကြည်ချက်ရှိတယ်။"

ယဲ့ရှောင်ချန်းက ဆင်ခြေတစ်ခု ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သာမန် အခြေအနေတွင် ဒီလောက်မြန်မြန် ပျိုးထောင်နိုင်ဖို့က မဖြစ်နိုင်ပေ။

"ဒီလိုကိုး။ မုန်ညင်းပင် ဖွံ့ဖြိုးမှုက ဘယ်လိုနေလဲ"

ကျန်းဟုန်ယဲ့က သိချင်စွာ မေးလိုက်သည်။

"အစ်မကျန်း ကျွန်တော် အဆင့်မြှင့်တင်ထားတဲ့ မုန်ညင်းပင်တွေမှာ ပိုးမွှားဒဏ် ခံနိုင်ရည် မြင့်မားပြီး ပိုးသတ်ဆေးတွေ မလိုဘူး။ အထွက်နှုန်းကလည်း သာမန် မုန်ညင်းတွေထက် သုံးပုံတစ်ပုံလောက် ပိုများတယ်။ ပြီးတော့ အရေးကြီးဆုံးက စိုက်ပျိုးနေတဲ့အချိန်မှာ ကြီးထွားချိန်ကလည်း သာမန် မုန်ညင်းပင်တွေထက် သုံးပုံတစ်ပုံ ပိုနည်းတယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ကျန်းဟုန်ယဲ့က အံ့အားသင့်သွားသည်။ သူမ မုန်ညင်းပင်များအား တချို့တဝက်တော့ နားလည်ထားပါသည်။ ပထမဆုံး ကြီးထွားချိန်ကို သုံးပုံတစ်ပုံ လျှော့ချနိုင်ခြင်းက တကယ် အံ့အားသင့်ဖို့ကောင်းသော အရာဖြစ်ပါသည်။

ယဲ့ရှောင်ချန်း၏ အစွမ်းအစကြောင့်သာ မဟုတ်လျှင် ဗီဇပြောင်းလဲ ပြုပြင်ထားသည်ဟု သူ သံသယဖြစ်မိမည်ဖြစ်ပါသည်။

"အစ်မကျန်း ဒါအဆင့်မြှင့်တင်ထားတဲ့ မျိုးစေ့ ၆ ကီလိုပါ။ ပြီးတော့ ဒါက အပင်ပျိုးထောင်နည်း။ ကျွန်တော် ရေးသားထားတဲ့ နည်းလမ်းအတိုင်းပဲ စိုက်ပျိုးမှ ရပါမယ်။ မဟုတ်ရင် ထိခိုက်မှု ကြီးမားလိမ့်မယ်။ ရိတ်သိမ်းထားတဲ့ မျိုးစေ့တွေကိုလည်း ဒုတိယမျိုးဆက်အဖြစ် ပြန်စိုက်ပျိုးနိုင်ပြီး အပင် ဂုဏ်သတ္တိကလည်း သိပ်ပြီး လျော့ပါးသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တတိယ မျိုးဆက်တော့ စိုက်ပျိုးလို့ မရဘူး။"

ယဲ့ရှောင်ချန်းက မုန်ညင်းမျိုးစေ့ တစ်အိတ် ပေးလိုက်သသည်။

"အင်းပါ ရှောင်ချန်း ကျေးဇူးအများကြီး တင်ပါတယ်။ မုန်ညင်းပင် စိုက်ပျိုးရေးလုပ်ငန်းသာ အောင်မြင်လာရင် မင်းအကူအညီ အများကြီး ဖြစ်မှာပါ။"

ကျန်းဟုန်ယဲ့က ပြောလိုက်သည်။

"အစ်မကျန်း ကျွန်တော်ဖွင့်ထားတဲ့ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်မှာ သန့်စင်တဲ့ သဘာဝ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေ ဖန်တီးထားတယ်။ အဲ့တာက အရသာရှိရုံတင်မကဘဲ ကျန်းမာရေးနှင့် အလှအပ အာနိသင်တွေလည်း ရှိတယ်။"

ယဲ့ရှောင်ချန်းက ရုတ်တရက် ပြောလိုက်သည်။

"တကယ်လား။"

ကျန်းဟုန်ယဲ့ အံ့အားသင့်သွားပါသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှ အစားအစာများမှာ တကယ်အရသာရှိလှပါသည်။ သူမ သတိရနေသေးသည်။ သို့သော်လည်း အလုပ်အလွန်များသောကြောင့် မသွားနိုင်သေးပါ။ မဟုတ်ပါက သူမ နောက်တစ်ခေါက်လောက် သွားစားချင်ပါသေးသည်။

"ကျွန်တော် လိမ်ပါ့မလား။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ဟုတ်သားပဲ။ နောက်ထပ် ရက်နည်းနည်းလောက်နေရင် ငါ့အဖေရဲ့ မွေးနေ့ ရောက်တော့မယ်။ အစကတော့ အိမ်မှာပဲ စားသောက်ကြမလိုပဲ။ အခုတော့ ဒီအခွင့်အရေးကို ယူပြီး အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို ငါ့မိသားစု ခေါ်လာပြီး တစ်ခုခု လတ်ဆတ်တာ စားကြတာပေါ့။"

ကျန်းဟုန်ယဲ့က ရယ်မောလိုက်သည်။

"ကောင်းတာပေါ့ဗျာ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"အစ်မကျန်း ရက်အတိအကျ ပြောပါလား။ ကျွန်တော် သေချာ ပြင်ဆင်ထားချင်လို့ပါ။”

"ဒီတစ်ပတ် အားလပ်ရက်ပေါ့။ လူတွေ များလိမ့်မယ်။ စားပွဲနှစ်လုံးလောက်မှ ရမယ်။"

ကျန်းဟုန်ယဲ့က ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ။"

ကျန်းဟုန်ယဲ့က သူမမိသားစုနှင့် ငြိမ်းငြိမ်းချမ်းချမ်း အချိန်ကုန်ဆုံးချင်မှန်း ယဲ့ရှောင်ချန်း သိပါသည်။

သူမ၏ အဆင့်အတန်းကြောင့် လူများစွာက သူမကို ဖားချင်ကြသည်။ ဒီသတင်း ပျံ့သွားပါက လက်ဆောင်များပေးပြီး အသုံးချဖို့ လူဘယ်လောက်တောင် ရောက်လာကြမလဲ မသိပါ။

ယဲ့ရှောင်ချန်း အကြာကြီး ဆက်မနေဘဲ ကျန်းဟုန်ယဲ့ အရေးကြီး ဖုန်းတစ်ခုကို ဖြေပြီးနောက် သူပြန်လာခဲ့ပါသည်။

ကျန်းဟုန်ယဲ့က ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် အလွန် အလုပ်များပါသည်။

ဒီခရီးအား ယဲ့ရှောင်ချန်း အတော်လေး အားရမိပါသည်။ သူ့ပန်းတိုင်ကို ရောက်ရှိသွားပြီ ဖြစ်သည်။

ပြောရမည်ဆိုလျှင် ဉာဏ်ထက်သည့်လူများနှင့် စကားပြောရတာ လွယ်ကူပါသည်။ သူက အရိပ်ပြလိုက်သည်နှင့် ကျန်းဟုန်ယဲ့က အကောင်မြင်ပါသည်။

ကျန်းဟုန်ယဲ့၏ ဂုဏ်မျိုးနှင့် သူမ စားသောက်ချင်ရင်တောင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်လို နေရာ အဝေးကြီးကို လာစရာမလိုပါ။

သူမက ယဲ့ရှောင်ချန်းကို ကူညီပေးဖို့ ကြိုးစားနေခြင်းဖြစ်ပါသည်။

လက်ရှိ ခင်မင်မှုမျိုးနှင့်ဆို ဒီလိုအဆင့်မျိုး ရောက်ဖို့ အဝေးကြီးလိုသေးမှန်း ယဲ့ရှောင်ချန်းသိသည်။

သို့သော် မုန်ညင်းပင်မျိုးစေ့နှင့် လက်ဖက်ရည် ပြဿနာကြောင့် ကျန်းဟုန်ယဲ့၏ ကျေးဇူး ပြန်ဆပ်ခြင်း ဖြစ်ပါသည်။

All Chapters