← Chapters

အခန်း (၁၅၈) - ဒုက္ခ

Vol. 11 Ch. 158

အခန်း (၁၅၈) - ဒုက္ခ

Vol. 11 Ch. 158

အခန်း (၁၅၈) - ဒုက္ခ

အင်မော်တယ် စမ်းရေစားသောက်ဆိုင် အပြင်ဘက်တွင်။

စားသုံးသူ လူအုပ်ကြီး စုရုံးနေကြပြီး သက်ဆိုင်ရာ ဌာနများမှ ဥပဒေ အရာရှိများလည်း ရောက်နေကြသည်။

"ဟာ သွားပါပြီ။ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်က ဘိန်းတွေကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနေတာတဲ့။"

"မဖြစ်နိုင်တာကွာ။ ဒီစားသောက်ဆိုင်ရဲ့ နောက်ကွယ်က လူက ယဲ့ရှောင်ချန်းကွ။ သူက ထိပ်တန်းအဆင့် ရုက္ခဗေဒပညာရှင်လည်းဖြစ် နာမည်ကျော်လည်း ဖြစ်တယ်။ သူက ဘာလို့ ဘိန်းတွေ သုံးရမှာလဲ။"

"ဒါပေမယ့် ဟင်းလျာတွေက အရမ်း အရသာရှိလွန်းနေတယ်။ စားပြီးရင်လည်း စွဲလမ်းသွားသလို ခံစားရတယ်။ မင်း မစားမိရင် အမြဲတမ်း တစ်ခုခုလိုနေသလိုကြီး ခံစားရကော။ အဲ့တာ ဘိန်းကြောင့် မဟုတ်ဘူးလား။"

"ဖြစ်နိုင်မယ်လို့မထင်ဘူး။ ဟင်းခတ်အမွှေးအကြိုင်က အရမ်းထူးခြားပြီး သဘာဝအရသာလည်း ရှိတယ်။ ဘိန်းသာဆို ဒီလိုအရသာ ဘယ်ရှိမလဲ။"

"မင်းတို့က ဘိန်းမှ မစားဖူးတာ။ ဘိန်းအရသာကို ဘယ်လိုလုပ် သိမှာလဲ။ ဘာပဲဖြစ်ဖြစ်ကွာ ဒီမှာထပ်စားရမှာ ငါကြောက်လာပြီ။"

"စုံစမ်းစစ်ဆေးမှု ရလဒ်ပဲ စောင့်ကြည့်ကြရအောင်"

စကားအချေအတင်များစွာ ပေါ်ပေါက်လာပြီး တချို့က သံသယဖြစ်ကာ တချို့က  မယုံကြည်ကြပေ။

သို့သော်လည်း လူအများစုကတော့ စိုးရိမ်နေကြသည်။

ဘာပဲဖြစ်ဖြစ် လက်ရှိတွင် အစားအစာ ဘေးကင်းရေး ပြဿနာက အလွန် အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။ တစ်ခါတစ်လေ နာမည်ကြီးပြီး အဆင့်မြင့်သည့် စားသောက်ဆိုင်များမှာပင် ပြဿနာကြီးများ ပေါ်လာတတ်သည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်လည်း ပြဿနာမရှိနိုင်ပါဟု မပြောနိုင်ပေ။

ယဲ့ရှောင်ချန်း ရောက်ရှိလာသောအခါ လူများစွာ ရှိနေချိန်ဖြစ်သည်။

ကားထဲမှ ထွက်လိုက်ချိန်တွင် ချက်ချင်း လူအမြောက်အများက သူ့ကို ဝန်းရံလိုက်ကြသည်။

ဂျာနယ်လစ်များပင် ရှိနေကြ၏။ သူတို့က ဘယ်လိုလုပ် အလျင်အမြန် တုန့်ပြန်နိုင်ကြပြီး ဒီကို ဒီလောက်မြန်မြန် ရောက်လာကြသလဲ မသိတော့ပါ။

"မစ္စတာယဲ့ ရှင်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်တွေထဲက တစ်ယောက်နော်။ စားသောက်ဆိုင်ထဲမှာ ဘိန်းတွေကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးတယ်ဆိုတဲ့အပေါ် ဘာများပြောချင်တာ ရှိသလဲရှင့်။"

"စားသုံးသူတွေပြောစကားအရ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က ဟင်းလျာတွေက အရမ်း အရသာရှိတယ်လို့ဆိုပါတယ်။ တစ်ခေါက်စားဖူးတာနဲ့ ထပ်စားချင်တယ်လို့ ခံစားကြရတယ်တဲ့။ စွဲလမ်းသလို ဖြစ်နေတော့ ဘိန်းကြောင့်များလား။"

"မစ္စတာယဲ့ မကြာသေးခင်ကမှ အထူးဟင်းခတ်အမွှေးအကြိုင် သုံးမျိုးကို အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ရဲ့ မီနူးထဲ ထည့်ခဲ့တယ်နော်။ အရမ်းစျေးကြီးပြီး ဟင်းလျာကိုလည်း အရမ်း အရသာရှိစေတယ်။ အဲ့ဒီဟင်းခတ်အမွှေးအကြိုင်တွေလုပ်ဖို့ ဘယ်လိုပါဝင်ပစ္စည်းတွေကို သုံးခဲ့သလဲ သိပါရစေ။ အဲ့တာက ဘိန်းတွေနဲ့များ သက်ဆိုင်နေမလား။"

သတင်းသမားက လက်နက်များ အသင့်ဖြစ်နေကြပြီ။

ယဲ့ရှောင်ချန်း စကားပြောဖို့ပင် နေရာမရခဲ့ပါ။ "ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါဗျာ။ အင်မော်တယ် စမ်းရေ စားသောက်ဆိုင် အတွင်းမှာ သုံးတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အကုန်လုံးက လုံးဝ ဘေးကင်းပြီး စိတ်ချရကြောင်း အာမခံနိုင်ပါတယ်။"

"ဒါပေမယ့် အဲ့တာဆို ဘာလို့ တစ်ယောက်ယောက်က တိုင်ကြားတာလဲ။ ပြောရမယ်ဆိုရင် ပြဿနာမရှိဘူးဆို ဘာကြောင့် သက်ဆိုင်ရာဌာနတွေက စားသောက်ဆိုင် လုပ်ငန်းကို ရပ်နားခိုင်းခဲ့တာလဲ။"

"တဆိတ်လောက်ခင်ဗျ။ လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်ကို ဘာနဲ့ လုပ်ထားတာလဲ။ တကယ်ပဲဘေးကင်း စိတ်ချရရဲ့လား။ ဒါမှမဟုတ် ဓာတုဆေးဝါး တစ်ခုခုပဲလား။"

သတင်းသမားများက ယဲ့ရှောင်ချန်းကို သွားခွင့်မပေးဘဲ မေးခွန်းများ ဆက်တိုက်မေးနေသည်။ မေးခွန်းတစ်ခုချင်းစီတိုင်းက အရင်မေးခွန်းများထက် ပိုမို ရဲတင်းလာသည်။

ထိုအချိန်တွင် စားသောက်ဆိုင်က လူများက ယဲ့ရှောင်ချန်း ရောက်လာသည်ကို သိကာ သူ့ကိုသွားခေါ်ဖို့ တစ်ယောက်ယောက်  အမြန်လွှတ်ပေးလိုက်သည်။

ယဲ့ရှောင်ချန်း ချွေးများဖြင့် စိုရွှဲနေလေပြီ။ တိုက်ပွဲတစ်ခု ဆင်နွှဲနေရသလိုပင်။

စားသောက်ဆိုင်ထဲတွင် သက်ဆိုင်ရာ ဌာနများမှ ဥပဒေ အရာရှိများက စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်နေသည်။ ဟင်းသီးဟင်းရွက်များ၊ ဆီများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆားမျိုးစုံနှင့် အခြား ပစ္စည်း နမူနာများကို စမ်းသပ်ဖို့အတွက် ယူဆောင်သွားကြသည်။

လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်ကတော့ အရေးအကြီးဆုံး အရာဖြစ်ပါသည်။

"ညီအစ်ကိုရမ့်၊ ဘာပြဿနာမှ မရှိလောက်ပါဘူးနော်။"

လီကျန့်ရမ်ကို တွေ့ကာ ယဲ့ရှောင်ချန်း မေးလိုက်သည်။

"ပြဿနာမရှိပါဘူး။ ဒီတိုင်း ပုံမှန်စစ်ဆေးတာပါပဲ။"

လီကျန့်ရမ်က ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။

သူ့နောက်ကွယ်တွင် လက်ထောင်ကောင်တီ ကော်မစ်ရှင်နာရှိနေပြီး အဆက်အသွယ်ကလည်း ခိုင်မာသည်။ ယဲ့ရှောင်ချန်းက သူ့ဆိုင်းဘုတ်ဖြစ်နေသည်ကိုတော့ ပြောစရာမလိုပေ။

"ဒါပေမယ့် ဒီကိစ္စရဲ့ သက်ရောက်မှုက အရမ်းကြီးမားပြီး အချိန်မှီ နာမည်ပျက်တာတွေကို မထိန်းချုပ်နိုင်ရင် စားသောက်ဆိုင်လုပ်ငန်းကို ထိခိုက်လာလိမ့်မယ်။"

အထွေထွေမန်နေဂျာ နီယွင်ဟိုင်းက စိုးရိမ်စွာ ပြောလိုက်သည်။

အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်ဖြစ်သဖြင့် ပါးစပ်စကားကို အလွန်ဂရုစိုက်ရသည်။ ဒီအဖြစ်အပျက်ကြောင့် အနုတ်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်လာနိုင်ပါသည်။

"ရှောင်ရှားဖို့ကတော့ ခက်လိမ့်မယ်။ ဒါပေမယ့် ဒီပြဿနာ နောက်ကွယ်က လူကိုတော့ ငါတို့ ရှာကိုရှာရမယ်။"

လီကျန့်ရမ်၏ မျက်လုံးထဲတွင် သွေးအေးသော အလင်းရောင်တစ်ခု တောက်သွားပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

လောလောဆယ် စားသောက်ဆိုင်က အလွန်ရေပန်းစားကာ ငွေဝင်ပေါက်ကြီး တစ်ခုဖြစ်နေသော်လည်း တစ်စုံတစ်ဦးက တိုင်ကြားလိုက်သည်ဆိုသဖြင့် ထိုလူတွင် ကောက်ကျစ်သော ရည်ရွယ်ချက်ရှိသည်ဟု ဆိုနိုင်သည်။

"တိုင်ကြားလိုက်တဲ့ လူက ဒီအမျိုးအစား နှစ်မျိုးထဲကပဲ ဖြစ်ရမယ်။ မနာလိုဖြစ်တဲ့သူ ဒါမှမဟုတ် ငါတို့နဲ့ ရန်သူတွေဖြစ်တဲ့သူပဲဖြစ်လိမ့်မယ်။"

လီကျန့်ရမ်က ပြောလိုက်၏။

သူပဲဖြစ်ဖြစ် အခြားပါတနာတွေပဲဖြစ်ဖြစ် ကိုယ်ပိုင် စီးပွားရေးများရှိကြသည်။ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ပြီဆိုတာနှင့် တိုက်ခိုက်ခံရခြင်းကို မလွှဲရှောင်နိုင်ပါ။

ထို့အပြင် စားသောက်ဆိုင် စီးပွားရေးက အလွန် ကောင်းမွန်နေသဖြင့် လူတချို့၏ မျက်စိကျစရာလည်း ဖြစ်သွားနိုင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် လစဥ် အသားတင်အမြတ်က ယွမ် ၁၀ သန်း နီးပါးဖြစ်သဖြင့် အလွန်အကျိုးအမြတ် များလွန်းသည် မဟုတ်ပါလား။

ထိုအချိန်တောအတွင်း စားသောက်ဆိုင်၏ ရှယ်ယာကို ဝယ်ချင်သူများစွာ ရှိခဲ့သော်လည်း လီကျန့်ရမ်နှင့် အခြားသူများက ငြင်းပယ်ခဲ့သည်။

စားသောက်ဆိုင်ဖွင့်လိုက်သည်နှင့် ငွေဝင်ပေါက်ကြီး ဖြစ်လာပြီး သေချာပေါက် အခြားသူများကို သူတို့ ဝင်ခွင့်ပေးမည်မဟုတ်ပါ။ ဝင်ခွင့်ပေးပါက သူတို့ ငွေတွေ ဆုံးရှုံးမသွားနိုင်ဘူးလား။

ထို့ကြောင့် တစ်စုံတစ်ယောက် လျှို့ဝှက်လုပ်ကြံဖို့ မဖြစ်နိုင်တာ မရှိပါ။

နေ့လည်ခင်းတွင်။

စားသောက်ဆိုင် တတိယထပ်၏ အစည်းအဝေးခန်းထဲတွင် ယဲ့ရှောင်ချန်း၊ လီကျန့်ရမ်နှင့် အခြားသူများ စုစည်းမိကြသည်။

"လီကြီး ကိစ္စတွေ ဘယ်လိုရှိလဲ။"

လျို့ဖူရှန်းက မေးလိုက်သည်။

လူအားလုံးထဲမှာမှ လီကျန့်ရမ်၏ အဆက်အသွယ်က အကျယ်ပြန့်ဆုံးဖြစ်သည်။ အစိုးရဌာနထဲတွင် သူ့မှာ အဆက်အသွယ်များစွာ ရှိပြီး သူ့ကို ထောက်ပံ့ပေးနေသည့်လူက လက်ထောက် ကောင်တီ ကောင်မစ်ရှင်နာ ဖြစ်သည်။ ထို့ကြောင့် သူက သတင်းစုံလင်ပြီး ပြဿနာများစွာကို စုံစမ်းနိုင်သည်။

"သဲလွန်စ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက် မတော်တဆမှုက ပြဿနာများလွန်းတယ်။"

လီကျန့်ရမ်က လေးနက်စွာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။"

လီကျန့်ရမ်ပြောသည့် ပြဿာနာများသည် ဟူသည်မှာ သေချာပေါက် ရိုးရိုးရှင်းရှင်း မဟုတ်မှန်း တခြားသူများ သိနေပါသည်။

"ဒီနောက်ကွယ်မှာ ဖမ်းကျစ်ဖျင်နဲ့ တစ်ခုခု ပတ်သတ်နေရမယ်။"

လီကျန့်ရမ်က နက်နဲသော လေသံဖြင့်ပြောလိုက်သည်၊၊

"ကြည့်ရတာ သူလက်မလျှော့သေးဘူးထင်တယ်"

ဟေးလဲ့က အေးစက်သော လေသံဖြင့်ပြောလိုက်သည်။

ဖမ်းကျစ်ဖျင်က သူ့ယောက်ဖကို အသုံးချကာ ကျင်းကောင်တီတွင် ဖြတ်လမ်းများစွာ လျှောက်ခဲ့ပြီး သူ့နာမည်အောက် ပိုင်ဆိုင်မှုများစွာ ရှိနေသည်။

အတွင်းဘက်တွင် ဖမ်းကျစ်ဖျင်က အတွင်းရေးမှူးလျို့၏ ပြောရေးဆိုခွင့်ရှိသူများ လူအတော်များများ သိထားကြပါသည်။

ဖမ်းကျစ်ဖျင်တစ်ယောက် စားသောက်ဆိုင် ရှယ်ယာ ဝယ်ယူလိုခြင်းက သူ့နောက်ကွယ်တွင် အတွင်းရေးမှူးလျို့၏ အရိပ်တစ်ခုတော့ ရှိနေလိမ့်မည်ဟု ဆိုလိုသည်။

တကယ်တော့ အင်မော်တယ်စမ်းရေ စားသောက်ဆိုင် ဖွင့်လှစ်မှု၏ ကုန်ကျမှု တစ်စိတ်တစ်ပိုင်းအား အစိုးရဌာနများနှင့် ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် အသုံးချခဲ့ရခြင်းဖြစ်သည်။ ကောင်တီမြို့ ခေါင်းဆောင်များအား သူတို့ ငွေအတော်များများ ပေးခဲ့ရသည်။

သို့သော်လည်း တချို့လူများက မကျေနပ်သေးဘဲ ပိုလိုချင်နေကြသေးသည်။

မတတ်နိုင်ပေ။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ ငွေရှာနိုင်စွမ်းက အားကောင်းလွန်းနေပါသည်။

ယဲ့ရှောင်ချန်းသာ ရှိမနေပါက ထိုလူများမှာ ပေါ်တင် ရဲရဲတင်းတင်း သိမ်းပိုက်ကြလိမ့်မည်။ လီကျန့်ရမ်နှင့် အခြားသူများ၏ အစွမ်းအစလောက်နှင့် ဒီလိုအသားစ တစ်ခုကို ထိန်းသိမ်းဖို့ ခက်ခဲနိုင်ပါသည်။

လီကျန့်ရမ်နှင့် အခြားသူများက ဒါကို သတိထားမိကြသည်။

"အင်း ကျွန်မတို့ ဘာလုပ်ကြမလဲ။ ဖမ်းကျစ်ဖျင်နဲ့ စကားပြောကြည့်ရအောင်လေ။"

ရှုကျောင်းက ပြောလိုက်သည်။

ကျင်းကောင်တီတွင် အတွင်းရေးမှူးလျို့က ဘယ်လောက်ထိ လွှမ်းမိုးထားမှန်း သူမ သိသည်။ ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် အုပ်ထားသည်ဟု ဆိုနိုင်၏။

ဒီတစ်ခေါက် အဖြစ်အပျက်က သတိပေးချက်တစ်ခုသာ ဖြစ်သည်ဟု ဆိုနိုင်ပြီး နောက်တစ်ကြိမ်ဆို လွယ်မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် အမှောင်ထဲတွင် ဆူးညှောင့် ခလုတ်တစ်ခုကို ရှောင်ရှားဖို့က ခက်ခဲသည် မဟုတ်ပါလား။

"ကျွန်တော်တို့ ဖမ်းကျစ်ဖျင်နဲ့ အခြားသူတွေကို လက်ခံလိုက်ရင်။ အင်မော်တယ် စမ်းရေ စားသောက်ဆိုင်ကို သူတို့တွေ ပိုင်းခြမ်း ယူကုန်ကြမှာ စိုးရိမ်ရတယ်။"

လီကျန့်ရမ်က အေးစက်စွာ ပြောလိုက်သည်။

ဒီကိစ္စကိုတော့ ဘယ်တော့မှ ရှယ်ယာ ခွဲလို့မဖြစ်ပါ။

အခြားသူများလည်း သိသည်။ သို့သော် ပိုကောင်းသည့် တခြားနည်းလမ်းလည်း မရှိပါ။

"ရှောင်ချန်း မင်းမှာကော နည်းလမ်းရှိလား။"

ပါးစပ်မဟသေးသည့် ယဲ့ရှောင်ချန်းကို လီကျန့်ရမ်က မေးလိုက်သည်။

လက်ရှိပြဿနာကို ဖြေရှင်းနိုင်သည့်လူ ရှိပါက ယဲ့ရှောင်ချန်းသာ ဖြစ်နိုင်သည်။

ယဲ့ရှောင်ချန်းက ထိပ်တန်းသုတေသန ပညာရှင်ဖြစ်ပြီး ယန်မြို့တော်၏ သင်္ကေတလည်း ဖြစ်၏။ အတွင်းရေးမှူးလျို့ကတောင် သူ့ကို မျက်နှာသာပေးရသည်။

ထို့အပြင် ယဲ့ရှောင်ချန်း ကိုင်တွယ်နိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်။

"ကောင်းပြီ၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။"

ယဲ့ရှောင်ချန်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

တစ်ခါတည်းအပြတ် ရှင်းလိုက်နိုင်သည့် ပြဿနာမဟုတ်မှန်း သူသိသည်။ ပုန်းကွယ်နေသော အန္တရာယ်များ ကျန်ခဲ့ဖို့က လွယ်ကူ၏။

အနာဂတ်တွင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်လုပ်ငန်း ချဲ့ထွင်ပြီး ကွင်းဆက် စားသောက်ဆိုင်များ ဖွင့်လှစ်လာပါက ပြဿနာများ ပို၍ပင် ကြုံလာကြရမည်ဖြစ်ပါသည်။

All Chapters