ပွင့်နေသည့် ချီသွေးကြော အားလုံးဖြင့် ကျင့်ကြံခြင်း
Vol. 13 Ch. 182
ဤတစ်ကြိမ်တွင် မိုဝူကျီက လျှပ်စီးအခန်းကို မရွေးတော့ပဲ အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်းကိုသာ ရွေးလိုက်တော့သည်။ ကောင်းကင်ဖွေရှာ နန်းတော်၏ အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်းသည် တစ်ရက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀၀ ကျသင့်၏။ သာမန် ယွမ်ဒန်အဆင့် ကျင့်ကြံသူပင် ထိုအခန်းကို အသုံးမပြု နိုင်ကြပေ။ အကြောင်းမှာ ဈေးကြီးလွန်း၍ ဖြစ်သည်။ တံခါးပိတ် ကျင့်ကြံခြင်းသည် အနည်းဆုံး နှစ်ဝက်မှ တစ်နှစ်အထိ ကြာရှည် သွားနိုင်သည်။ ထို့ကြောင့် ထိုစိတ်စွမ်းအင် ကျောက်တုံးများကို ဖြုန်းတီးပစ်ဖို့ရာ မတတ်နိုင်ကြချေ။
သို့သော်လည်း မိုဝူကျီက ဂရုမစိုက်ပေ။ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများစွာ ရှိ၏။ အင်ပါယာ ငါးခုက အစီအစဉ် မကျ ဖြစ်နေသောကြောင့် သူ့နိမ့်နေသော ကျင့်ကြံဆင့်ကို မမြင့်ပါက ဘာကို စောင့်နေရ မည်နည်း။ စိတ်စွမ်းအင် ကျောက်တုံးများက ကျင့်ကြံဆင့် မြင့်ရန် သုံးဖို့အတွက် ဖြစ်၏။ သူက စိတ်စွမ်းအင် ကျောက်တွင်းကို မြင်ဖူးသောကြောင့် သူ့အတွက် ကိစ္စမရှိပေ။
မိုဝူကျီ စိတ်ထဲတွင် ဝိညာဉ်စွမ်းအား အခန်းက စွမ်းအား အနည်းငယ်သာ သိပ်သည်းလှ၏။ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံး လုံလုံလောက်လောက် ရှိနေပါက သူသည် တူညီသော အကျိုးရလဒ် ရလိမ့်မည်။ သူက ဝိညာဉ်စွမ်းအား အခန်းတွင် ကျင့်ကြံဖို့ရာ ရွေးချယ်သည်က ပထမဆုံး အနေဖြင့် သူက အိမ်တွင် တစ်ယောက်တည်း မကျင့်ကြံရဲပေ။ ဒုတိယ အနေနှင့် သူက ချိန်စုယင်ကို ဤနေရာတွင် စောင့်ရဦးမည် ဖြစ်သည်။
သို့သော် သူက ဝိညာဉ်စွမ်းအား အခန်းသို့ ဝင်လိုက်သည်နှင့် မိုဝူကျီက သူမှားယွင်း နေကြောင်း သိလိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော်မှ ဝိညာဉ်စွမ်းအား အခန်းကား စိတ်စွမ်းအင် ကျောက်တွင်းထက်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့အပြင် စိတ်စွမ်းအင် ကျောက်တွင်းတွင် မသန့်စင်မှု တချို့တလေ ပါဝင်နေပြီး အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်ထဲမှ စွမ်းအားကား ပို၍ သန့်စင်လေသည်။ ထို့အပြင် ဝိညာဉ်စွမ်းအား လှုပ်ရှားမှုများတွင် တာအိုသဘောများ လွှမ်းခြုံ ထားလေသည်။
တစ်ရက်အတွင်း မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၅သို့ ရောက်ရှိ သွားလေပြီ။ ရန်ထျန်းရှင်းနှင့် ရင်းနှီးမှုမှ တစ်ဆင့် သူသည် တံခါးပိတ် လေ့ကျင့်သည်နှင့် များစွာ တိုးတက် လာလေသည်။ သူက ထိုမျှ မြန်ဆန် လိမ့်မည်ဟု ထင်မထားပေ။
မိုဝူကျီက သန့်စင်သော ဝိညာဉ် စွမ်းအားများကြား ရောက်ရှိနေကာ သူ့ဝန်းကျင်တွင် လေပွေသကဲ့သို့ ဖြစ်တည် နေလေသည်။ သူက လှည့်ပတ်လိုက်သည့် အကြိမ်တိုင်း လေပွေဝိညာဉ် စွမ်းအားများက သူ့ကျင့်ကြံခြင်း လိုအပ်ချက်ကို အလိုအလျောက် ဖြည့်ဆည်း ပေးလေသည်။
သူ့စိတ်ထဲတွင် မိုဝူကျီက အတော်လေး အံ့အားသင့်မိ သွားသည်။ တစ်ရက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀၀၀ ကျသင့်လျှင်ပင် ငှားရမ်းခက အရမ်းကို တန်ပေသည်။ ယခုဈေး ၁၀၀၀၀ကား ဈေးချိုသည်ဟုပင် ယူဆ၍ ရသေးသည်။
အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်သည် မူလက ဝိညာဉ် သွေးကြောများ တည်ဆောက်ရန် လေ့ကျင့်ရေး မျှော်စင် ဖြစ်၏။ မိုဝူကျီ ကျင့်ကြံဆင့်က နိမ့်ပြီး သူ့၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ထူးကဲ နေလေသည်။ သူက ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး အခန်းကို ရွေးထားသည့် အချက်နှင့် ပေါင်းလျှင် လေထဲရှိ ဝိညာဉ် စွမ်းအားများက သူ့ဆီကို လှိုင်းလုံး တစ်ခုပြီး တစ်ခု အပြေးအလွှား ဝင်သွားတော့သည်။
အကယ်၍ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်သာ ရောက်လာခဲ့လျှင် ဝိညာဉ် စွမ်းအားများက ပုံမှန် မဟုတ်ကြောင်း ခံစားမိလိမ့်မည်။ ရှေ့တန်း ထွက်သွားကြသော လူများမှ လွဲ၍ ကောင်းကင်ဖွေရှာ နန်းတော် အတွင်းပိုင်းတွင် တစ်ယောက်၊ နှစ်ယောက်သာ ကျန်ရှိလိမ့်မည်။ သူတို့က ဂိုဏ်း၏ ဘေးကင်းမှုကို လာရောက် မထိပါးသရွေ့ ထွက်လာမည် မဟုတ်ပေ။
ရေခဲအခန်းသို့ သွားမကြည့်ခင် ရက်အတော်ကြာ ကျင့်ကြံမည့် မူလ အကြံစည်ကား လဝက်ခန့် ကြာမြင့် သွားခဲ့သည်။
လဝက် အကြာတွင် သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ငါးမှ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၆ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။
စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၇သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် ထိုတစ်လှမ်းကား မိုဝူကျီနှင့် အလှမ်း ကွာနေသေး၏။ ရက်အနည်းငယ် ကြာသည့်အထိ သူက ဝိညာဉ်စွမ်းအား မည်မျှပင် စုပ်ယူစေကာမူ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၆ ပြီးပြည့်စုံခြင်း အဆင့်မှာသာ ကျန်ရှိနေသည်။
အဆုံးတွင် မိုဝူကျီက ကျင့်ကြံခြင်း ဆေးလုံးများ သောက်သုံး လိုက်တော့သည်။ သူ့ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း မြင့်လာသည်ဟု ခံစားမိသော်လည်း နောက်ဆုံး အတားအဆီးကို မဖြတ်ကျော် နိုင်သေးပေ။
စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၆နှင့် ၇ကြားတွင် အဆင့်လေး တစ်ခုသာ ခြားသော်လည်း ခြားနားချက်က ကြီးမားပေသည်။ တစ်ယောက်က အလယ်အလတ် စိတ်ဝိညာဉ် တည်ဆောက်ခြင်း ရောက်နေစဉ်တွင် နောက်တစ်ယောက်က အဆင့်မြင့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်နေမှာ ဖြစ်သည်။ နေ့နှင့် ညကွာခြား သကဲ့သို့ ကွာခြားလှသည်။
မိုဝူကျီအတွက် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၇သို့ ရောက်လျှင် သူ့အတွက် လူသားအဆင့်လွန် အဆင့်များမှ လွတ်မြောက် နိုင်လိမ့်မည်။ သို့သော်လည်း အဆင့်၆ဖြင့် အန္တရာယ် ရှိသေးသည်။
သူက တိုက်ပွဲကို သွားမည် ဖြစ်သောကြောင့် ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၇သို့ ရောက်ကို ရောက်ရမည်။ ထိုစဉ်က သူက အံကို ကြိတ်ကာ ကျောက်စိမ်း သေတ္တာကို ထုတ်ယူလိုက်ပြီး တောက်ပနေသည့် စိတ်စွမ်းအင် ကျောက်တုံးကို ယူလိုက်တော့သည်။
အခြားလူများက ကောင်းကင်အဆင့် စိတ်စွမ်းအင် ကျောက်တုံးကို ကျင့်ကြံဖို့ရာ သုံးသည် ဖြစ်စေ၊ မသုံးသည် ဖြစ်စေ သူက ယနေ့ အတားအဆီးကို ချိုးဖျက်ရန် အတွက် အသုံးပြုရန် ဆုံးဖြတ် လိုက်တော့သည်။
အကယ်၍ တစ်ယောက်ယောက်သာ မိုဝူကျီက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ကျင့်ကြံဖို့ရာ အတွက် အသုံးပြုသည်ကိုသာ ကြားလျှင် သွေးသုံးလီတာလောက် အန်ကြလိမ့်မည်။ မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တွင်းမှ တူးဖော်ရရှိသော ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးသည် မိုင်းတွင်း တစ်ခုလုံးတွင် တစ်ခုရဖို့ရာပင် မသေချာပေ။ ထိုကြောင့် ကံကောင်း လွန်းနေပြီဟု ယူဆ၍ ရသည်။ ထိုသို့ ကျောက်တုံးကို မြေကမ္ဘာအဆင့် အထက်ဖြစ်သည့် လူသား အဆင့်လွန်မှ ယွမ်ဒန်အဆင့်ကို ချိုးဖျက်ဖို့ရန် အတွက် အသုံးပြုသည် ဆိုလျှင်ပင် တန်ဖိုး ကြီးမားလှသည်။
သို့သော် ယခုတွင် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၇သို့ တက်လှမ်းရန် အသုံးပြုချင်၏။ ထိုသည်က အရင်းအနှီးကို ဖြုန်းတီး နေခြင်းသာ ဖြစ်သည်။ သူက ပစ္စည်းတစ်ခုက မည်မျှပင် ကောင်းနေပါစေ အသုံးမပြုလျှင် ကောင်းသော အရာ မဟုတ်ဟု ခံယူထားသည်။ သူ့အင်အား ကြီးမားလာမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို နောက်ထပ် သွားရှာလိုက်မည်။ သူ့ဘေးတွင် သိမ်းထားပြီး မကျင့်ကြံရဲ ဖြစ်နေသည်က ရန်သူလက်ထဲ ကျရောက် သွားလျှင်ပင် သူနှင့်အတူ အုတ်ဂူအထိ ယူဆောင် သွားရမလို ဖြစ်မနေဘူးလား ...
ထိုအတွေးဖြင့် မိုဝူကျီက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို တွေဝေခြင်းမရှိ ထုတ်ယူ လိုက်တော့သည်။
ဝိညာဉ်စွမ်းအား အခန်းထဲမှ ဝိညာဉ် စွမ်းအားများသည် ကြောက်ခမန်း လိလိ သိပ်သည်းကာ အလယ်တွင် တာအို ကျင့်ကြံခြင်းများ ပါဝင်လေသည်။ သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ထုတ်ယူ လိုက်သည်နှင့် ငွေရောင် အမျှင်လေးက အလယ်တွင် သွားပေါင်းသောကြောင့် တာအို ကျင့်ကြံခြင်းက ပို၍ ထင်ရှား လာလေသည်။ မိုဝူကျီက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို မြဲမြဲ ကိုင်ထားပြီး ဝိညာဉ် စွမ်းအားများကို စတင် လှည့်ပတ် လိုက်တော့သည်။ သန့်စင်လှသည့် ဝိညာဉ် စွမ်းအားကြောင်းက သူ့ချီ သွေးကြောတိုင်းစီ စီးဆင်း သွားလေသည်။ ထိုစဉ် သူ့ချီသွေးကြော ၁၀၀ မြောက်ကား အထဲတွင် ဝိညာဉ် စွမ်းအားများ ရှိနေဟန် ပေါ်သည်။
“ဘမ်း ...” လှည့်ပတ်မှု တစ်ကြိမ် ပြီးသောအခါ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၆ နှင့် အဆင့်၇ ကြားရှိ ခြားနားချက်ကို ချိုးဖောက် လိုက်လေသည်။ မိုဝူကျီ အင်အားက ချက်ချင်းပင် ပြင်းပြင်းထန်ထန် မြင့်တက် သွားတော့သည်။
မူလကတည်းမှ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းက အားကောင်းလှသည့် အတွက် သူက ကောင်းကင်စိတ်စွမ်းအင် ကျောက်တုံးကို ထုတ်လိုက်သည့်နှင့် ဆက်တိုက် တုံ့ပြန်မှုများက ဖြစ်ပေါ် လာလေသည်။ သန့်စင်ပြီး ကြွယ်ဝလှသော ဝိညာဉ်စွမ်းအား မြူများက မိုဝူကျီကို လှည့်ပတ် နေကြသည်။ ထိုမြူအတွင်း သူ့ချီ သွေးကြောများမှ မသန့်စင်မှုများကို ဖယ်ရှား ပေးနေလေသည်။ တစ်ချိန်တည်းတွင် သူ့ကျင့်ကြံဆင့်လည်း မြင့်တက် လာပေသည်။
စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၈ ... ၉ ...
“ခွမ်း ...” သူ့လက်ထဲမှ စိတ်စွမ်းအင် ကျောက်တုံးက ကြေမွ သွားလေသည်။ မိုဝူကျီက အပြင်းအထန် ကျင့်ကြံခြင်းမှ အလန့်တကြား ဖြစ်သွားလေသည်။
ခေါင်းကို ငုံ့ကြည့် လိုက်သည့်အခါ သူ့လက်ထဲမှ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးက တစ်စစီ ကြေမွ သွားတာကို တွေ့လိုက်ရသည်။ သူက အလေးထားစွာ ကြည့်လိုက်သည်။
မိုဝူကျီက သေမျိုး ဖြစ်သော်လည်း သူ့က သူ့ကျင့်ကြံခြင်း လမ်းကြောင်း၌ ချီသွေးကြောများ ဖွင့်ထားပြီးပြီ ဖြစ်ကာ ကျင့်ကြံခြင်းနှင့် သူစိမ်းသက်သက် မဟုတ်တော့ပေ။ သူက ဝိညာဉ်စွမ်းအား မရှိသလောက် နည်းပါးသည့် နေရာ၊ စိတ်စွမ်းအင် ကျောက်တွင်းတို့တွင် ကျင့်ကြံခဲ့ရ၍ ကျင့်ကြံခြင်း လိုအပ်ချက်များကို ကောင်းစွာ သိသည်။ သို့သော်လည်း ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး အရင်းအမြစ်မှ တစ်ဆင့် သူ့တံခါးပိတ် ကျင့်ကြံခြင်းတွင် လုံးဝ မူးနောက်သွားခြင်း ဖြစ်သည်။
ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးနှင့် ဝိညာဉ်စွမ်းအား အခန်းတို့ ပေါင်းစပ် လိုက်သောအခါ သူက လပိုင်းလေး အတွင်း စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၉သို့ ရောက်ရှိ သွားလေသည်။
သို့သော် သူ့ပျော်ရွှင်မှုတွင် စိုးရိမ်မှု အနည်းငယ် ရောပြွမ်း နေလေသည်။ ဇိမ်ခံ ပစ္စည်းများကို ကျင့်သား ရနေသော သူတစ်ယောက်သည် ချွေတာ သုံးစွဲရသော ဘဝကို မည်သို့ ကျင့်သား ရတော့မည်နည်း။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၄မှ ၉သို့ အချိန်တိုအတွင်း ရောက်ရှိသွားသည့် အတွက် ပျော်ရွင်မိသည်။
ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံးတွင် အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်း ဖြစ်ပြီး ဆေးလုံးများအပြင် သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကိုပါ သုံးလိုက်သေးသည်။ ထိုအရင်းအနှီးများ အားလုံးကို မြုပ်နှံ ထားသောကြောင့် သူကျင့်ကြံရာတွင် သူ့ဖွင့်ထားသော ချီသွေးကြော ၁၀၀လုံးက ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်ကြသည်။
အနာဂတ်တွင် မည်သို့ ဖြစ်မည်နည်း။ သူက ထိုသို့ အရင်းအနှီးများကို စိတ်တိုင်းကျ သုံးစွဲနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘဝကြီးကို မည်သို့ရှေ့ဆက် ရမည်နည်း။ ဖြစ်နိုင်သည်က နောက်နှစ် အနည်းငယ်အတွင်း သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၉မှ လူသား အဆင့်လွန်သို့ မတက်လှမ်း နိုင်လောက်တော့ချေ။
မဟုတ်သေးဘူး ... သူက လူသား အဆင့်လွန်ဆုံးကို တက်လှမ်း ချင်သည့်အတွက် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ကိုပါ တက်လှမ်းရမည်။
ထိုအရာကို တွေးမိပြီး မိုဝူကျီစိတ်ထဲမှ စိတ်လှုပ်ရှားမှာကား လုံးဝ ပျောက်ပျက်သွားကာ ဝမ်းနည်းမှုများသာ ကြီးစိုး လာလေသည်။
ဟုတ်သား ချိန်စုယင်ရော အောင်မြင် သွားပြီလား ...
သူက တံခါးပိတ် လေ့ကျင့်နေသည်မှာ အတော်လေး ကြာမြင့် သွားခဲ့သည်။ မိုဝူကျီက အနာဂတ် တက်လှမ်းမှုများကို ဘေးသို့ ခဏဖယ်ထား လိုက်ပြီး သူ့ခန္ဓာကိုယ်မှ စိတ်စွမ်းအင် ကျောက်တုံးဖုန်များကို ခါထုတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအား အခန်း တံခါးကို ဖွင့်လိုက်တော့သည်။
“စုစုပေါင်း ၃၆ ရက် ကျသင့်ငွေက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၆၀၀၀၀ ကျသင့်ပါ့မယ် ... ” လူလတ် အမျိုးသမီးက အမူအရာ ကင်းမဲ့စွာ မိုဝူကျီကို စိတ်စွမ်းအင် ကျောက်တုံးကတ် ပြန်ပေးလိုက်သည်။
သူ့နှုတ်ခမ်းကား အနည်းငယ် တွန့်ချိုး သွားတော့သည်။ သူ့ကျင့်ကြံခြင်း အတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၆၀၀၀၀ သာမက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးလည်း ကုန်ဆုံးခဲ့သေးသည်။
အမျိုးသမီး ပေးသည့် စိတ်စွမ်းအင် ကတ်ကို ယူကာ မိုဝူကျီက အရင်တစ်ခါ တွေ့သည့် မိန်းမငယ်လေးကို သတိရမိသွားသည်။
အကယ်၍ ထိုမိန်းမငယ်လေးသာ ဆိုရင် သူ့စိတ်စွမ်းအင် ကျောက်တုံးတွေ ကုန်ဆုံးသွားလျှင်ပင် သူမ အသံလေးကြောင့် အားတက်သရော ဖြစ်လိမ့်ဦးမည်။
“စီနီယာ အစ်မချိန် ထွက်လာပြီလား ဆိုတာ ကြည့်ပေးလို့ ရမလား ...” မိုဝူကျီက သူမ၏ အမူအရာ ကင်းမဲ့မှုကို သဘောမကျပေ။ သို့သော် ချိန်စုယင် အခြေအနေကို သိအောင် ရှာရဦးမည်။
ချိန်စုယင်တစ်ယောက် လျှပ်တစ်ပြက် လျှပ်စီးကို တတ်မြောက်လား၊ မတတ်မြောက်လား ကိစ္စသည် သူ့ပျံသန်းရေး ရတနာ ရ၊ မရ မူတည် နေလေသည်။
သို့သော်လည်း လူလတ် အမျိုးသမီးက မိုဝူကျီ စကားကို မကြားသကဲ့သို့ အေးစက်စက် အနေအထားသာ နေနေလေသည်။
သက်ပြင်း ချလိုက်ပြီး မိုဝူကျီက လက်လျှော့ လိုက်တော့သည်။ သူက မေးမြန်းခြင်းက အသုံးမဝင်ကြောင်း သိလိုက်သည်။
တစ်ခုမှ ထပ်မမေးတော့ဘဲ သူကိုယ်တိုင် ရေခဲအခန်းများဆီ သွားလိုက်တော့သည်။ သို့သော် အဆင့်မြင့် ရေခဲအခန်းကား အားလပ်နေသည်။
မိုဝူကျီက အလယ်အလတ် ရေခဲအခန်းဆီ သွားလိုက်သော အခါတွင်လည်း အတူတူပင် ဖြစ်သည်။ တစ်ခန်းမှ ကျောက်စိမ်းပြား ရှိမနေပေ။ ထိုသည်က ချိန်စုယင်သည် အထဲတွင် မရှိကြောင်း ဆိုလိုခြင်း မဟုတ်ပါလော ...
ဖြစ်နိုင်သည်က ထိုအမျိုးသမီးက ကျင့်စဉ်ကို တတ်မြောက် သွားပြီးတော့ ထွက်ပြေး သွားသည်များလား ... ဖြစ်နိုင်လေ၏။ ထို့အပြင် ပျံသန်းရေး ရတနာသည် ရိုးရှင်းသော ပစ္စည်း မဟုတ်ပေ။
သူက ခေါင်းကို ခါလိုက်ပြီး ချိန်စုယင် စောင့်မည့် ကိစ္စကို လက်လျှော့ လိုက်တော့သည်။
သူက ထွက်သွားခါနီးတွင် သူ ယခင်က သုံးဖူးသည့် အလယ်အလတ် လျှပ်စီး အခန်းကား လူရှိနေလေသည်။
ဘယ်သူကများ လျှပ်စီးသဘာဝ ကျင့်စဉ်ကို ကျင့်ကြံနေပါလိမ့် ... မိုဝူကျီက နေရာတွင် ရပ်လိုက်သည်။ အကယ်၍ တစ်ယောက်ယောက်က လျှပ်စီးသဘာဝ ခန္ဓာကျင့်စဉ်ကို သိလျှင် ထိုသူနှင့် လဲလှယ်ဖို့ရာ အတွက် ဆိုးကျိုးမရှိပေ။ မဟုတ်လျှင် ချိန်စုယင်သည် သူ့အား လိုက်တွယ်ကပ် နေလိမ့်မည်။
တစ်နာရီလောက် စောင့်ပြီးသည့် နောက်တွင် လျှပ်စီးအခန်း တံခါးကား ပွင့်လာလေသည်။
မျက်နှာတွင် ပေတူးနေပြီး ခေါင်းတစ်ခုလုံးကား လောင်ကျွမ်းထားကာ ဆံပင်များ ရှုပ်နေသည့် အမျိုးသမီး တစ်ဦး ထွက်လာလေသည်။
“စီနီယာ အစ်မချိန် ...” မိုဝူကျီက သူမကို အလန့်တကြား ကြည့်လိုက်သည်။ အကယ်၍ သူသာ ချိန်စုယင်ကို စဉ်းစားနေခြင်း မဟုတ်ပါက သူမကို မှတ်မိမည် မဟုတ်လောက်ပေ။
သူ့ရှေ့မှ ချိန်စုယင်သည် ကျပ်ခိုးမည်းများ အပေါ် တွယ်တက်လာသည့် အလား ဖြစ်နေသည်။ သူမက အဝတ်များ လဲလှယ် ထားသော်လည်း အပြင်တွင် မြင်နေရသော သူမ အသားရေက ဒဏ်ရာများနှင့် ပြည့်နေလေသည်။ မူလက အတော်လေး သိမ်မွေ့ လှပသော မိန်းမပျိုလေးသည် အာဖရိကန်မှ ဒုက္ခသည်အလား ဖြစ်နေသည်။
ထိုစဉ် မိုဝူကျီက အကြောင်းအရာများကို နားလည် သွားလေသည်။ ချိန်စုယင်က လျှပ်စီးအခန်းကို ကျင့်ကြံဖို့ရာ ဝင်ခဲ့သည်ဆိုတော့ သူမက လျှပ်တစ်ပြက် လျှပ်စီးကို အောင်မြင် သွားခဲ့တာများလား ...
ထိုနောက်တွင် မိုဝူကျီက မျှော်လင့်ချက် တချို့ ကြီးစိုးလာသည်။ ချိန်စုယင်က လျှပ်တစ်ပြက် လျှပ်စီးကို သင်ယူနိုင်ခဲ့လျှင် သူမက သူ့ကို ပျံသန်းရေး ရတနာ ပေးမည် မဟုတ်ဘူးလား ...
စိတ်ထဲတွင် မိုဝူကျီက စိတ်လှုပ်ရှား မိနေသည်။ ပျံသန်းရေး ရတနာသည် မိန်းမဆန်ဆန် အလှဆင် ထားသော်လည်း မရှိတာထက်တော့ ကောင်း၏။ သူ ရရှိသည်နှင့် အတွင်းပိုင်းကို လုံးဝ ပြင်ဆင်ပစ်ရမည်။
***