အခန်း (၁၅၆) - စူပါဟင်းခတ်အမွှေးအကြိုင်
Vol. 11 Ch. 156
အခန်း (၁၅၆) - စူပါဟင်းခတ်အမွှေးအကြိုင်
ဂျုံစပါးများ အရွယ်ရောက်လာသည့် လက္ခဏာတစ်ခုမှာ ဂျုံစပါးပင်မှ အရွက်များအားလုံး အဝါရောင်ပြောင်းသွားပြီး အစိမ်းရောင် ကျန်တော့မည်မဟုတ်ပေ။
ထို့ပြင် စပါးပင် ထိပ်ပိုင်းအနှံကလည်း ရွှေအစစ်လို ရွှေရောင်ဖြစ်နေပြီး အလွန်လှပပါသည်။
စပါးပင်ရိုးတံက ထူထဲ သန်မာနေပြီး လူတစ်ရပ်နီးပါး ရှည်လျားပါသည်။ အနှံလေးခုလောက်ရှိပါသည။
ထိုအနှံတွင် စပါးများစွာက တွဲလောင်းကျနေ၏။
ယဲ့ရှောင်ချန်းက အင်မော်တယ် တံစဥ်ကို ထုတ်လိုက်ပြီး စတင် ရိတ်သိမ်းတော့သည်။
စပါးပင်အားလုံးကို ရိတ်သိမ်းဖို့ တစ်နာရီကျော်ကြာခဲ့ပြီး ခြင်းတစ်ခုထဲ ထည့်လိုက်ပါသည်။
နောက်တစ်ဆင့်က စပါးခွံခွာခြင်းဖြစ်သည်။
စပါးခွံခွာခြင်း နည်းလမ်းက အလွန်ရိုးရှင်းပါသည်။ စပါးနှံကို ရေထဲထည့်ကာ ဖြည်းညှင်းစွာ မွှေလိုက်ပါ။ စပါးစေ့များအားလုံး အလိုလျောက် ကျွတ်ကျလာပြီး စပါးစေ့များ ထိခိုက်မှု ရှိမည်မဟုတ်ပါ။
စပါးနှံတစ်ခုတွင် စပါးစေ့များစွာ ရှိနေသည်။ ၂၀ မှ ၃၀ အထိရှိ၏။
ပျမ်းမျှဆိုလျှင် စပါးတစ်ပင်၌ စပါးနှံလေးတက်ရှိ၏။ စပါးနှံတစ်ခုတွင် အစေ့ ၃၀ ရှိသောအခါ စပါးပင်တစ်ပင်၌ စုစုပေါင်း စပါးစေ့ ၁၂၀ ရှိမည်ဖြစ်သည်။ အပင် ၁၀၀ ဆိုပါက ၁၂,၀၀၀ စေ့ရှိမည်ဖြစ်သည်။
ဒီအင်မော်တယ် စပါးစေ့များတွင် အင်မော်တယ် ပဲစေ့များလို ဂုဏ်သတ္တိရှိကြပြီး စပါးစေ့ စစ်သည်တော်များ ထုတ်လုပ်ဖို့ အသုံးပြုနိုင်သည်။
သို့သော်လည်း ကောက်ပဲသီးနှံများ အားလုံးထဲတွင် အင်မော်တယ် ပဲစေ့များက အကောင်းဆုံးဖြစ်ပါသည်။
ဒီတစ်ခေါက် အင်မော်တယ် စပါးစေ့ ၅၀၀ ကို သိမ်းထားပြီး ကျန်တာအားလုံးကို စတိုးဆိုင်ထဲ ထည့်ထားဖို့ ဆုံးဖြတ်လိုက်၏။
ပထမဆုံး စပါးစေ့တစ်ခုကို လှီးလိုက်ကာ မျဥ်းကြောင်း ပုံစံကွက်ကို စစ်ကြည့်လိုက်သည်။
အရွယ်အစားက သေးငယ်သော်လည်း စပါးစေ့များ၏ အင်မော်တယ် ပုံစံကွက်ကတော့ ရှင်းလင်းနေပါသေးသည်။ စက်ဝိုင်း ၆ ခုရှိနေ၏။
ဒီတစ်ခေါက် သူအင်မော်တယ်ယွမ် ဘယ်လောက် ရမလဲ သိချင်နေမိ၏။
ချက်ချင်း အားလုံးကို စတိုးဆိုင်တွင် ရောင်းချဖို့ ရွေးချယ်လိုက်၏။
စုစုပေါင်း စပါးစေ့ ၁၃,၁၈၉ စေ့ ရှိပါသည်။
သူသိမ်းထားသည့် စပါးစေ့ ၅၀၀ ကိုပါ ထည့်တွက်လျှင် စုစုပေါင်း ၁၃,၆၈၉ စေ့ဖြစ်ပါသည်။
စပါးစေ့တစ်စေ့၏ ပျမ်းပျှစျေးက ဝိညာဥ်ယွမ် ၁၃ ယွမ်ဖြစ်ပါသည်။
စုစုပေါင်းစျေးက ၁,၇၇၉ အင်မော်တယ်ယွမ်ဖြစ်ပါသည်။
ကုန်သွယ်ဖလှယ်ခွန် ၅ ရာခိုင်နှုန်းကို နုတ်လိုက်သောအခါ ၁,၆၉၁ အင်မော်တယ်ယွမ် ရရှိပါသည်။
ယခင် ၇,၁၇၃ အင်မော်တယ်ယွမ်ကို ထည့်ပေါင်းလိုက်သောအခါ ယခုသူ့တွင် ၈,၈၆၄ အင်မော်တယ်ယွမ်ရှိသွားပြီဖြစ်သည်။
ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ပြုံးလိုက်မိ၏။ ရှန်းနုန်မန္တန် ပါဝင်သည့် ရှန်းနုန် လက်စွဲစာအုပ် စာမျက်နှာကို ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သူသိသည်။
မကြာမီ အင်မော်တယ် စပါးစေ့များ အားလုံး ရောင်းထွက်သွားပြီး ယဲ့ရှောင်ချန်း ရှန်းနုန်လက်စွဲစာအုပ်၏ စာမျက်နှာတစ်ခုကို ဝယ်ယူဖို့ မစောင့်နိုင်တော့ပါ။
အင်မော်တယ်ယွမ် ၈,၈၀၀ ကုန်သွားသောအခါ ရှန်းနုန် လက်စွဲစာအုပ် စာမျက်နှာတစ်ခု သိုလှောင်နေရာကွက်ထဲတွင် ပေါ်လာသည်။
ထိုစာမျက်နှာကို ထုတ်ကြည့်ဖို့ မစောင့်နိုင်တော့ပါ။
နွီဝါး ဝိညာဥ်မျိုးစေ့လိုပဲ ရှန်းနုန် မန္တန်ကိုလည်း တိရိစ္ဆာန်သားရေ စက္ကူပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။
စက္ကူပေါ်တွင် လူသားပုံစံ ပုံရိပ်တစ်ခု ရှိနေ၏။ သို့သော်လည်း ထိုပုံရိပ်က မြွေခေါင်းနှင့် မဟုတ်တော့ဘဲ လူအစစ်တစ်ယောက်၏ ပုံရိပ်ဖြစ်နေပါသည်။ ၎င်း၏ ပုံစံက အလွန် ထူးခြားနေပြီး အနီနှင့် အနက်ရောင် အစက်အပြောက်များစွာ ရှိကာ အင်မော်တယ် အမှတ်အသား တစ်ခုလည်း ရှိနေပါသည်။
ထိုပုံရိပ်ဘေးတွင် အင်မော်တယ် စကားလုံးများစွာ ရှိနေသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။ သူ တုံးအလှသည်ဟု ပြောလို့တော့မရပါ။
စာလုံး ရှစ်ဆယ် ရာခိုင်နှုန်းလောက်ကို သူ နားမလည်ပေ။
လခွမ်း။ ဒါကို ဘာသာပြန်ရဦးမှာပဲ။
ဒေါသကြောင့် သွေးအန်ချင်သွားသည်။
သူ့တွင် ၆၄ အင်မော်တယ်ယွမ်သာ ရှိတော့သည်။
ထို့အပြင် အရင်တစ်ရွက်ထက် အင်မော်တယ် စာလုံးများ ပိုများပြီး အနည်းဆုံး ၁,၈၀၀ လုံးရှိသည်။ ထပ်နေသည့် စကားလုံးများနှင့် အရင်တစ်ခေါက်က ဘာသာပြန်ပြီးသား စကားလုံးများကို ဖယ်လိုက်ပါက သူ မသိသည့် စကားလုံး ၇၀၀ - ၈၀၀ အောက်မနည်းပါ။
ယဲ့ရှောင်ချန်း အလွန် ဝမ်းနည်းသွားသည်။ အဆိုပါစာမျက်နှာကို ရပြီးသည်နှင့် ကျင့်ကြံနိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။ အခုတော့ ကြည့်ရတာ သူစောင့်ရဦးမည်ထင်ပါသည်။
လခွမ်း အမှားများ ပါသွားလို့လား။ ဘာသာပြန်ပြီးသား စာမျက်နှာကို ဘာလို့ မပေးရတာလဲ။
ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းခါကာ မဲ့ပြုံးပြုံးလိုက်မိပါသည်။
ဒါကို ကြိုသိခဲ့ပါက သူဝယ်ခဲ့မည် မဟုတ်ပေ။
ယခု ရှန်းနုန် မန္တန်ကို ရထားပြီ ဖြစ်သော်လည်း မကျင့်ကြံနိုင်သဖြင့် တကယ် ဝမ်းနည်းဖို့ ကောင်းပါသည်။
သူလုပ်နိုင်တာဆိုလို့ စာမျက်နှာကို သိုလှောင် နေရာကွက်ထဲသို့ ပြန်ထည့်လိုက်ရုံသာ ရှိသည်။
ဟုတ်ပြီ။ စောင့်ရပေဦးမည်။
နောက်ဆုံး စိုက်ပျိုးထားသည့် အဝါရောင် အင်မော်တယ် ပဲပင် ၅၀ ကို ခူးနိုင်ဖို့ နောက်ထပ် တစ်ပတ် နှစ်ပတ်လောက် ကြာဦးမည်ဟု ခန့်မှန်းရသည်။
တော်တော် ခက်ခဲတဲ့ နေ့ပါလား။
ပထမဆုံးအကြိမ်အဖြစ် ထိုအင်မော်တယ် အပင်များ၏ ဖွံ့ဖြိုးနှုန်းမှာ နှေးလွန်းလှသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရတော့သည်။
အခြားနည်းလမ်းလည်း မရှိပါ။ ယဲ့ရှောင်ချန်း အင်မော်တယ် စပါးစေ့ ၁၂၀ ကိုထုတ်ကာ အစေ့သန်ဆေးထဲ စိမ်လိုက်၏။ မျိုးစေ့များ စိုက်ပျိုးဖို့ မနက်ဖြန်အထိ စောင့်ရဦးမည်။
အလုပ်များအားလုံး လုပ်ပြီးနောက်တွင် ဒီအင်မော်တယ် စပါးစေ့များ ဘယ်လိုအရသာ ရှိမလဲဟု တွေးလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် ကိုယ့်လျှာကိုယ် ကျေနပ်အောင် အရင်လုပ်ရမည်ဖြစ်သည်။
ဖြစ်ပျက်ခဲ့သည့် ကိစ္စက သူ့ကို ဒေါထွက်စေခဲ့သဖြင့် အခုတော့ အစားကောင်းကောင်းလေး စားသောက်ကာ ဒေါသ ဖြေလျှော့ချင်မိပါသည်။
အိမ်သို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ဝိညာဥ်ဖြတ်တောက်ထားသည့် စပါးစေ့ ၁၀ စေ့ကို ထုတ်ကာ ကြိတ်ဆုံဖြင့် အမှုန့်များ ဖြစ်သည်အထိ ကြိတ်လိုက်ပြီး ဂျုံမှုန့်အချို့နှင့် ရောကာ ဖက်ထုပ်များ စတင်ပြုလုပ်လေသည်။
အမေက ယဲ့ရှောင်ချန်း၏ အပြုအမူများကို ကြည့်ရင်း အံ့အားသင့်နေ၏။
ယဲ့ရှောင်ချန်းက ကြက်သွန်မြိတ်များဖြင့် ဖက်ထုပ်များ ပြုလုပ်ခဲ့သည်။ ကြက်သွန်မြိတ်များကို အင်မော်တယ် စမ်းရေဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။ ထိုကြက်သွန်မြိတ်များဖြင့် ကြက်ဥများ ချက်ပြုတ်ဖူးပြီး အလွန်အရသာရှိပါသည်။
အခုတော့ ဖက်ထုပ်ထုပ်ရာတွင် သုံးလျှင်လည်း အရသာ ဆိုးရွားမည်မဟုတ်ပေ။
မကြာမီ ဖက်ထုပ် ၃၀ အသင့်ဖြစ်နေပြီ။
ပေါင်းအိုးတစ်ခုထဲထည့်ပြီး ဂတ်စ်မီးဖိုပေါ်တွင် စတင်ချက်ပြုတ်တော့သည်။
သိပ်မကြာမီ ကြက်သွန်မြိတ်နှင့်ဂျုံအရောနံ့ သင်းသင်းပျံ့ပျံ့က ထွက်လာပြီး တစ်အိမ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
တစ်နာရီခွဲကျော် ကြာသောအခါ။
အမေနှင့်အဖေတို့ ဖက်ထုပ်များ စားသောက်နေကြပြီး အရသာရှိသည်ဟု ဆိုကြသည်။
"သား ဒီဖက်ထုပ်ထဲ ဘာတွေထည့်ထားတာလဲ။ ဘာလို့ ဒီလောက်အရမ်း အရသာရှိရတာလဲ။"
သူ့အမေက အလွန်သိချင်နေသည်။
သူ့သား စိုက်ပျိုးရေးခြံတွင် အပင်ကောင်း တစ်ခုခု စိုက်ခဲ့ပြန်ပြီဟု တွေးမိ၏။
"ဟားဟား ဟုတ်တာပေါ့ ကောင်းတယ်။ အရသာရှိတယ်မလား။"
ယဲ့ရှောင်ချန်းက ဆန်းကြယ်သော အသံဖြင့် ပြောလိုက်၏။
"အရသာရှိတာထက်ကို ပိုပါတယ်။ တော်တော့်ကို အရသာရှိတာ။ နင်ဘယ်လို လုပ်တာလဲ မသိဘူး။"
သူ့အမေ သက်ပြင်းချလိုက်မိသည်။
ဒီကာလအတွင်း သူမ တစ်ဘဝလုံးတွင် စားသောက်ဖူးသည့်အရာများထက် ပိုအရသာရှိသည့် အစားအသောက်များကို စားသောက်နေရပါသည်။
အရင်တစ်ခေါက်က လုပ်ခဲ့ကြသည့် တို့ဟူးများကလည်း အလွန်အမင်း အရသာရှိလှပါသည်။
ယဲ့ရှောင်ချန်း ပြုံးလိုက်၏။ တကယ်တော့ ပြဿနာ တစ်ခုခုကို စဥ်းစားနေသည်။ ထို စိတ်ဝိညာဥ်ဖြတ်တောက်ထားသည့် အင်မော်တယ် အပင်များကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဖြစ်ပါသည်။
ဝိညာဥ်ဖြတ်တောက်ထားသည့် အင်မော်တယ်အပင်များကို တိုက်ရိုက်စားသောက်ခြင်းက အဆင်မပြေပါ။ အရည်အသွေးက နိမ့်လွန်းပါသည်။
သို့သော်လည်း ထိုအပင်များ၏ အရသာက ကောင်းမွန်ပြီး အထူးဟင်းခတ်အမွှေးအကြိုင်များအဖြစ် အသုံးပြုနိုင်ပါသည်။
ထမင်းချက်ခြင်းဖြစ်ဖြစ်၊ အင်မော်တယ် ပဲစေ့အနည်းငယ်ထည့်လိုက်ပါက၊ သို့မဟုတ် တို့ဟူးလုပ်ရာတွင်ဖြစ်ဖြစ်၊ သို့မဟုတ် ဖက်ထုပ်များ ပြုလုပ်သည့် အချိန်မှာတောင် အင်မော်တယ် စပါးစေ့ နည်းနည်းလောက် ထည့်လိုက်ပါက အစားအသောက်တစ်ခုလုံးကို အရသာရှိသွားစေသည်။
ဝိညာဥ်ဖြတ်တောက်ထားသည့် အင်မော်တယ် အပင်များကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခြင်းသည် အင်မော်တယ် အပင်များ ပမာဏနည်းပါးခြင်း ပြဿနာကို ဖြေရှင်းနိုင်ပြီး ဝိညာဥ်ဖြတ်တောက်ထားသည့် အင်မော်တယ် အပင်များကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။
စားသောက်ဆိုင်တွင်သာ အင်မော်တယ်အပင် ဟင်းခတ်အမွှေးအကြိုင်ကို အသုံးပြုပါက စားသောက်ဆိုင် လုပ်ငန်း ပို၍ပင် တိုးတက်ကောင်းမွန်လာနိုင်ပါသည်။
သူကြိုးစားကြည့်နိုင်သည်ဟု တွေးလိုက်မိ၏။
ဘာပဲဖြစ်ဖြစ် သူ့လက်ထဲတွင် အင်မော်တယ် အပင်ထွက်ကုန်တချို့ရှိနေပြီး သေသေချာချာ အသုံးပြုနိုင်ပါသည်။
သူ့နည်းလမ်းက ရိုးရှင်းသည်။ အင်မော်တယ် ပဲစေ့များ၊ အင်မော်တယ် စပါးစေ့များနှင့် အခြား အင်မော်တယ် ထွက်ကုန်များကို အမှုန့်အဖြစ်ကြိတ်ပြီး ဟင်းခတ်အမွှေးအကြိုင်ဖန်တီးဖို့ဖြစ်သည်။
ဒီနည်းဖြင့် ဟင်းလျာတစ်ခု ချက်ပြုတ်ရာတွင် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်လောက် ထည့်လိုက်သည်နှင့် ဟင်းလျာ၏ အရသာကို ချက်ချင်း တိုးမြင့်သွားစေပါသည်။
အိမ်မှာလည်း အင်မော်တယ်အပင် ဟင်းခတ်အမွှေးအကြိုင်တချို့ကို သိမ်းထားမည်ဖြစ်သည်။ ဟင်းချက်ပြုတ်စဥ် အမေက ဟင်းခတ်အမွှေးအကြိုင်မှုန့်အနည်းငယ်သုံးပြီး အစားအသောက်များကို အရသာရှိအောင် ပြုလုပ်နိုင်ပါသည်။
သူ့အမေက အံ့အားသင့်သွားပြီး ဘယ်လို ဟင်းခတ်အမွှေးအကြိုင်မျိုးလဲဟု မေးလိုက်သည်။
ယဲ့ရှောင်ချန်းက သူလုပ်ထားသည့် သန့်စင်သော သဘာဝ ဟင်းခတ်အမွှေးအကြိုင် ဟု ရှင်းပြလိုက်သည်။
အင်မော်တယ် အပင် ဟင်းခတ်အမွှေးအကြိုင်များကို အင်မော်တယ် စမ်းရေ စားသောက်ဆိုင်သို့ ပေးလိုက်သောအခါ ဆရာကြီးလင်နှင့် အခြား စားဖိုမှူးများ ထိတ်လန့်အံ့အားသင့်သွားကြသည်။
အကြောင်းမှာ ထိုဟင်းခတ်အမွှေးအကြိုင်မှုန့်များက ဟင်းလျာများ၏ အရသာကို ပိုမြင့်သည့် အဆင့်တစ်ခုရောက်အောင်ပင် တိုးမြှင့်ပေးနိုင်နေသောကြောင့် ဖြစ်လေသည်။