← Chapters

အခန်း (၁၅၃) - ရိတ်သိမ်းခြင်း

Vol. 11 Ch. 153

အခန်း (၁၅၃) - ရိတ်သိမ်းခြင်း

Vol. 11 Ch. 153

အခန်း (၁၅၃) - ရိတ်သိမ်းခြင်း

ဒီတစ်ခေါက် အင်မော်တယ်များ အရေအတွက်က အရင်တစ်ခေါက်ကထက် အများကြီး ပိုများသည်။ အယောက် ၆၀ တောင်ကျော်ပါသည်။

"စီနီယာကြီးတို့ အနီရောင် အင်မော်တယ် ပဲစေ့ တစ်သုတ်ရှိပါတယ်။ အရည်အသွေးကလည်း ကောင်းတယ်။ အခု တန်ဖိုးဖြတ် အချက်အလက်တွေကို ပို့ပေးလိုက်ပါ့မယ်။"

ယဲ့ရှောင်ချန်းက အားလုံးရောက်ရှိနေပြီ ဖြစ်ကြောင်း မြင်သောအခါ စတိုးဆိုင်မှ တန်ဖိုးဖြတ် အချက်အလက်များကို စခရင်ရှော့ရိုက်ကာ ဂရုထဲသို့ ပို့ပေးလိုက်၏။

"ဒီတစ်ခေါက် ဝိညာဥ် ဂုဏ်သတ္တိက တော်တော်လေး ကောင်းတယ်။"

"တကယ်ကောင်းတာပဲ။"

"ဒီလို အရည်အသွေးနဲ့ဆို ဒီလောက်မြင့်တဲ့ ဝိညာဥ် ဂုဏ်သတ္တိရှိဖို့က တကယ်ခက်ခဲတယ်။"

"ပဲနီလေးဆန်ပြုတ် ပြုတ်သောက်ရင် ကောင်းမယ်ထင်တယ်။"

"ပဲကြော်ကြော်စားမယ်ဆိုရင်လည်း အရသာရှိမှာပဲ။"

"ပဲနီ အချဥ်ရည်လုပ်ရင် ပိုကောင်းမှာကွ။"

"တို့ဟူးလုပ်ဖို့သာသုံးရင် အရသာရှိမယ်ထင်တယ်။"

"မင်းတို့အကုန်လုံးက အစားသောင်းကျန်းကြတာပဲ။ အဲ့လို အနီရောင်အင်မော်တယ် ပဲစေ့မျိုးကိုသာ စားဖို့ သုံးလိုက်မယ်ဆိုရင် ဖြုန်းတီးရာ ကျလွန်းမှာပေါ့ကွ။"

"ဘယ်လိုလုပ်ပြီး ဖြုန်းတီးရာကျမှာလဲ။ သူ့မှာပါတဲ့ ဝိညာဥ်အရည်အသွေးနဲ့ သန့်စင်မှုတွေက ငါတို့ကျင့်ကြံဖို့အတွက် ကောင်းတယ်လေ။"

မကြာမီ ဂရုထဲတွင် စကားဝိုင်းများစွာ ပေါ်လာပြီး သက်ဝင်လှုပ်ရှားလာခဲ့ပါသည်။

ယဲ့ရှောင်ချန်းက စာများကို ဖတ်ရင်း ကြောင်အနေမိသည်။ ဒီအင်မော်တယ် အကုန်လုံးက အစားသောင်းကျန်းသူတွေချည်းပါလား။ ဒီလိုတန်ဖိုးရှိတဲ့ အနီရောင် အင်မော်တယ် ပဲစေ့မျိုးကိုတောင် စားမယ်တဲ့လား။

သို့သော်လည်း စဥ်းစားကြည့်လိုက်သောအခါ ထိုအင်မော်တယ် ပဲစေ့များက သူ့အတွက် တန်ဖိုးကြီးချင်ကြီးမည်။ သို့သော် ထိုအင်မော်တယ်များ အတွက်ကတော့ အဆင့်နိမ့်လွန်းနေနိုင်ပါသည်။

ထိုပဲနီတွေက သူတို့ချက်ပြုတ်စားသောက်ဖို့အတွက်ပဲ သင့်တော်နိုင်သည်။

ထားလိုက်ပါတော့။ ပဲစေ့တွေဝယ်ပြီးနောက် အင််မော်တယ်များ ဘာလုပ်လုပ် သူ့ကိစ္စ မဟုတ်ပါ။

သူအင်မော်တယ်ယွမ် ရနေသ၍ အဆင်ပြေပါသည််။

ဒိတစ်ခေါက်တော့ အင်မော်တယ် ပဲစေ့ ၇,၅၀၀ ကိုရောင်းချမည်ဖြစ်ပြိး ၂၀၀ ကျော်ကို သိမ်းထားမည်ဖြစ်သည်။

၅၀၀ ကို စတိုးဆိုင်တွင်ရောင်းချပြီးပြီ ဖြစ်သဖြင့် ပဲစေ့ ၇,၀၀၀ ကိုသာ လေလံတင်ရောင်းချပါမည်။

"ဘိုးဘေးတို့ ဒီလေလံပွဲမှာ ပဲစေ့ ၁,၀၀၀ ကို တစ်အုပ်စုလို့ သတ်မှတ်ပါမယ်။ အုပ်စုက ၇ စုပဲရှိပါတယ်။ အုပ်စုတစ်စုစီရဲ့ အဖွင့်စျေးက အင်မော်တယ်ယွမ် ၂၀၀ ဖြစ်ပြီး တိုးမြှင့်တဲ့ စျေးတိုင်း အင်မော်တယ်ယွမ် ၅ ယွမ်အောက် မလျော့နည်းရပါဘူး။"

အခြေအနေများ ကောင်းနေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း ချက်ချင်း စည်းမျည်းကို ကြေညာလိုက်သည်။

"ယဲ့ရှောင်ချန်း မြန်မြန်လုပ်ပါကွ။ ငါပဲနီဆန်ပြုတ် လုပ်စားချင်နေပြီ။"

မစောင့်နိုင်တော့သည့် အစားသောင်းကျန်းသူ အင်မော်တယ်တစ်ပါး ရှိနေပါသည်။

မကြာမီ အင်မော်တယ် ပဲစေ့ ပထမအုပ်စု လေလံဆွဲခြင်း စတင်တော့သည်။

အရင်တစ်ခေါက် အင်မော်တယ် ပဲစေ့များနှင့် ယှဥ်လျှင် ဒီလေလံပွဲက ပိုမို ပြင်းထန်သည်။

လေလံစျေးများကို တိုးပေးခြင်းမှာ အလွန်မြန်ဆန်သည်။

မျက်စိ တစ်မှိတ်အချိန်အတွင်း လေလံစျေးမှာ အင်မော်တယ်ယွမ် ၃၅၀ အထိရောက်ရှိသွားလေပြီ။

"၃၆၀ အင်မော်တယ်ယွမ်"

"၃၇၀ အင်မော်တယ်ယွမ်"

"၃၈၀ အင်မော်တယ်ယွမ်"

"၃၉၀ အင်မော်တယ်ယွမ်"

လေလံစျေး ၃၉၀ အထိ ရောက်သွားသောအခါ ယဲ့ရှောင်ချန်း အော်ပြစ်ချင်လောက်အောင် ပျော်ရွှင်သွားသည်။

အရင်တစ်ခေါက် လေလံပွဲတုန်းက အုပ်စု ၁၃ စုမြောက်တွင်သာ ဒီလိုစျေးမျိုး ရောက်လာခြင်း ဖြစ်သည်။

သို့ပေမယ့်လည်း အကန့်အသတ်ကို မရောက်သေးသည်မှာ သိသာထင်ရှားပါသည်။

"၄၀၅ အင်မော်တယ်ယွမ်"

"၄၁၀ အင်မော်တယ်ယွမ်"

"၄၁၅ အင်မော်တယ်ယွမ်"

၄၂၀ အင်မော်တယ်ယွမ်သို့ ရောက်သောအခါ လေလံစျေးက တဖြည်းဖြည်း နှေးကွေးသွားပါသည်။

စျေးနှုန်းက အကန့်အသတ်သို့ ရောက်နေပြီ  ဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိလိုက်သည်။

သေချာပါသည်။ နောက်ဆုံး စျေးက ၄၃၅ အင်မော်တယ်ယွမ်တွင် ရပ်တန့်သွားသည်။

ဒုတိယ အုပ်စုအတွက် လေလံဆွဲမှု စတင်ခဲ့ပြီး နောက်ဆုံးစျေးက ၄၅၀ အင်မော်တယ်ယွမ် ရခဲ့သည်။

တတိယ အုပ်စု၏ နောက်ဆုံးစျေးက ၄၇၀ အင်မော်တယ်ယွမ်။

စတုတ္ထ အုပ်စု၏ နောက်ဆုံးစျေးက ၄၈၅ အင်မော်တယ်ယွမ်။

ပဥ္စမ အုပ်စု၏ နောက်ဆုံးစျေးက ၄၉၀ အင်မော်တယ်ယွမ်။

ဆဌမ အုပ်စု၏ နောက်ဆုံးစျေးက ၅၀၀ အင်မော်တယ်ယွမ်။

နောက်ဆုံး အင်မော်တယ် ပဲစေ့ အုပ်စု လေလံ စတင်သောအခါ ချက်ချင်း ၅၀၀ အင်မော်တယ်ယွမ်သို့ ရောက်သွားပြီး နောက်ဆုံးတော့ ၅၅၀ အင်မော်တယ်ယွမ်တွင် ရပ်တန့်သွားပါသည်။

ယဲ့ရှောင်ချန်း ရူးသွပ်တော့မလို ဖြစ်သွားသည်။

အနီရောင် အင်မော်တယ် ပဲစေ့များ၏ အထွက်နှုန်းက အဝါရောင် အင်မော်တယ် ပဲစေ့များလောက် မကောင်းသော်လည်း အနီရောင် အင်မော်တယ် ပဲစေ့များ၏ နောက်ဆုံး ဝင်ငွေက အဝါရောင် အင်မော်တယ် ပဲစေ့များကို ကျော်လွန်သွားပါသည်။

သူ ၃,၃၃၀ အင်မော်တယ်ယွမ် ရရှိခဲ့သည်။

ဒါကလည်း လေလံပွဲတစ်ခုတည်းမှ ဖြစ်သည်။

စတိုးဆိုင်မှ ၁၅၈ အင်မော်တယ်ယွမ် ရခဲ့သေး၏။

ရလဒ်အနေဖြင့် အနီရောင် အင်မော်တယ် ပဲစေ့များမှ စုစုပေါင်း ဝင်ငွေမှာ ၃,၄၈၈ အင်မော်တယ်ယွမ် ဖြစ်ပါသည်။

ယခင် အင်မော်တယ် ပဲစေ့ ၈,၀၀၀ တွင် အင်မော်တယ်ယွမ် ၂,၅၉၀ ရခဲ့သည်။ ကွာခြားချက်က အင်မော်တယ်ယွမ် ၉၀၀ ကျော်တောင် ရှိသည်။

ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ အမြတ်အစွန်းက အနီရောင် အင်မော်တယ် ပဲစေ့များတွင် တကယ်ပဲ ကြီးလှသည်။

ကံမကောင်းစွာဖြင့် သူ့တွင် ဖူဆန်သစ်ပင် တစ်ပင်သာရှိပြီး အကွာအဝေးကလည်း အကန့်အသတ်ရှိနေသည်။ မဟုတ်ပါက စိုက်ပျိုးရေးကို သူတိုးချဲ့မည်ဖြစ်ပါသည်။

လက်ကျန်ငွေကို ကြည့်လိုက်သောအခါ ၆,၀၀၀ အင်မော်တယ်ယွမ်ပင် ရှိသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

"ရှန်းနုန်မန္တန် ကျင့်ကြံခြင်း စကေးက ၈,၈၀၀ အင်မော်တယ်ယွမ်။ အခု ငါ့မှာ ၆,၀၀၀ ရှိနေပြီ ဆိုတော့ အင်မော်တယ်ယွမ် ၂,၈၀၀ ပဲလိုတော့တယ်။"

ယဲ့ရှောင်ချန်း တွေးလိုက်၏။

လောလောဆယ် သူစိုက်ပျိုးထားသည့် အင်မော်တယ် အပင်များအနက် အင်မော်တယ် ဂျုံစပါးနှင့် အင်မော်တယ် မြက်ပင်များကို မကြာခင် ရိတ်သိမ်းနိုင်တော့မည်ဖြစ်သည်။

အထူးသဖြင့် အင်မော်တယ် မြက်ပင်ဖြစ်သည်။ ရိတ်သိမ်းနိုင်လောက်အောင် ရှည်လျား ကြီးထွားနေပါပြီ။

အင်မော်တယ် ဂျုံစပါးများကတော့ ရိတ်သိမ်းဖို့ ရက်နည်းနည်း ကြာဦးမည်။

"အင်း အခုတော့ အင်မော်တယ်မြက်တွေကို ရိတ်ရအောင်။"

ရှည်လျားသော မြက်စိမ်းများဖြင့် ပြည့်နှက်နေသည့် အင်မော်တယ် မြေတစ်ကွက်သို့ သူရောက်လာခဲ့သည်။

အင်မော်တယ် မြက်က အခြား သာမန်မြက်များနှင့် အနည်းငယ် ခြားနားပါသည်။ လူတစ်ယောက်၏ အရပ်တစ်ဝက်လောက် ရှိပြီး အလွန်သေးသွယ်သည်။

မျိုးစေ့တစ်စေ့မှ မြက်များက နယ်မြေအကျယ်ကြီးကို လွှမ်းမိုးနိုင်ပြီး မြက်ပင်များစွာ ပေါက်စေသည်။

အထွက်နှုန်းက အလွန်ကောင်းပါသည်။

ချက်ချင်း အင်မော်တယ် တံစဥ်ကို ထုတ်လိုက်သည်။ ထိုတံစဥ်က သာမန်တံစဥ်များနှင့် သိပ်ပြီး မခြားနားပေ။ ၎င်းအပေါ်တွင် ထူးခြားသော အသွင်အပြင်တချို့ ရှိနေရုံသာရှိသည်။

ယဲ့ရှောင်ချန်းက ဝိညာဥ်ပိတ်လှောင်ခြင်း ဆေးရည်ကို ထုတ်ကာ တံစဥ်တွင် နူးညံ့စွာ သုတ်လိမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဆေးရည်ကို အင်မော်တယ် တံစဥ်က စုပ်ယူသွားပြီး အင်မော်တယ် ပုံစံကွက် တစ်ခုက ဖျော့တော့တော့ အလင်းကွက် တစ်ခုဖြင့် ပေါ်လာသည်။

ဝိညာဥ်ချီ ပိတ်လှောင် ဆေးရည်က အာနိသင် ပြနေခြင်းဖြစ်ပါသည်။

ယဲ့‌ရှောင်ချန်းက တွန့်ဆုတ်မနေတော့ဘဲ အင်မော်တယ် မြက်ပင်များကို စတင် ရိတ်သိမ်းတော့သည်။

သူ ရိတ်သိမ်းနေစဥ် အင်မော်တယ် မြက်များ၏ အမြစ်နားက ရိတ်သိမ်းနိုင်ဖို့ ကြိုးစားသည်။ ဒါမှ မြက်ရှည်ရှည်များ ရမည်ဖြစ်၏။

တစ်နာရီကျော်လောက် လုပ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း အင်မော်တယ် မြေကွက်မှ အင်မော်တယ် မြက်အားလုံးကို ရိတ်သိမ်းပြီးသွားပါသည်။

မြက်တစ်ပင်ပင် မကျန်ခဲ့ပါ။

အကုန်လုံးကို အင်မော်တယ်ယွမ် ရအောင် ရောင်းချနိုင်ပါသည်။

"စတိုးဆိုင်မှာ အင်မော်တယ်မြက်တွေရဲ့ စျေးနှုန်းက ဘယ်လောက်ရမလဲမသိဘူး။"

ယဲ့ရှောင်ချန်း ခပ်မြန်မြန် စတိုးဆိုင်ကို ဖွင့်လိုက်သည်။

စတိုးဆိုင်က ပြန်ပြော၏။

စတိုးဆိုင်တွင် မြက်ပင် ၁၀,၀၀၀ ထည့်ဖို့ လိုအပ်ပါသည်။

"ငါ့မှာ မြက်ပင်ဘယ်လောက်ရှိလဲမသိတော့ ဘာပဲဖြစ်ဖြစ် အကုန်ထည့်ကြည့်လိုက်ရအောင်။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

အင်မော်တယ် မြက်များက များလွန်းနေပါသည်။ အကုန်ရေတွက်ကြည့်ဖို့ကလည်း ရူးသွပ်ရာ ကျလွန်းမည်။

ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ပင် အားလုံးကို မရောင်းဘဲ အနည်းငယ်ကို သိမ်းထားလိုက်သည်။

နောက်ဆုံးတော့ တန်ဖိုးဖြတ်ပြီးသွားသောအခါ စုစုပေါင်း အင်မော်တယ် မြက်ပင်  ၅၇,၄၃၈ ပင်ရှိပါသည်။

စတိုးဆိုင်၏ တန်ဖိုးဖြတ်ခြင်းက သာမန်ထက် ထူးကဲသည်။ မြက်ပင်တစ်ပင်ချင်းစီကို ရေတွက်ခြင်းဖြစ်ပါသည်။

ယဲ့ရှောင်ချန်း အံ့အားသင့်လောက်အောင် မြက်ပင်များ၏ စျေးနှုန်းက ကောင်းမွန်ပါသည်။

မြက်ပင်၏ ပျမ်းမျှစျေးနှုန်းက ဝိညာဥ်ယွမ် ၂ ယွမ် ဖြစ်သည်။

သိပ်မကြာလိုက်ဘဲ အင်မော်တယ် မြက်ပင်အားလုံး ရောင်းထွက်သွားသည်။

အလွန် လူကြိုက်များလှပါသည်။

စတိုးဆိုင်၏ အခွန်အခကို နှုတ်ပြီးသွားသောအခါ အင်မော်တယ် မြက်ပင် ၅၇,၄၃၈ ပင်အတွက် အင်မော်တယ်ယွမ် ၁,၁၄၅ ယွမ် ရရှိခဲ့ပါသည်။

"ဟားဟား စျေးက ဘယ်ဆိုးလို့လဲ။"

ယဲ့ရှောင်ချန်း ရယ်မောလိုက်သည်။

အင်မော်တယ်မြက်ပင်တွင် အခြားအင်မော်တယ် အပင်များထက် ပိုကောင်းသည့် အားသာချက်တစ်ခု ရှိနေသည်။ အကြိမ်များစွာ ရိတ်သိမ်းနိုင်ခြင်းပင်။

နောက်ထပ် ရိတ်သိမ်းနိုင်သည့် အချိန်က ပထမတစ်ခေါက်ကလောက် မကြာနိုင်ပါ။

"ဟား အခုငါ့မှာ အင်မော်တယ်ယွမ် ၇,၁၀၀ ရှိနေပြီ။ ၈,၈၀၀ ရောက်အောင် ၁၇၀၀ ပဲလိုတော့တယ်။ နောက်တစ်ခေါက် ရိတ်သိမ်းတဲ့ အခါကျရင် သေချာပေါက် ရမှာပါ။"

ယဲ့ရှောင်ချန်း စိတ်ကောင်းဝင်နေသည်။

သူစဥ်းစားနေစဥ်မှာပင်။ လနတ်သမီး အပါအဝင် အင်မော်တယ်များစွာက ယဲ့ရှောင်ချန်းကို အင်မော်တယ် မြက်ပင်နှင့် ပတ်သက်ပြီး ဆက်သွယ်လာကြသည်။

ဖြစ်ချင်တော့ သူတို့၏ အိမ်မွေးတိရိစ္ဆာန် သို့မဟုတ် စီးတော်မြင်းများက အပင်စား သတ္တဝါများဖြစ်ပါက အင်မော်တယ် မြက်ပင်မှာ အကောင်းဆုံး အစာဖြစ်နေပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်း စိုက်ပျိုးသည့် အင်မော်တယ် မြက်ပင်တွင် သန့်စင်မှု ပါဝင်နေသည်။

All Chapters