← Chapters

အခန်း (၁၅၂) - အင်မော်တယ် ပဲနီ

Vol. 11 Ch. 152

အခန်း (၁၅၂) - အင်မော်တယ် ပဲနီ

Vol. 11 Ch. 152

အခန်း (၁၅၂) - အင်မော်တယ် ပဲနီ

မင်္ဂလာပွဲတွင် ယဲ့ရှောင်ချန်းတစ်ယောက် ကောလိပ်တွင် တစ်ခါမှ မရရှိခဲ့ဖူးသော ဆက်ဆံရေးမျိုးကို ရရှိခဲ့ပါသည်။

မင်္ဂလာခန်းမထဲက စားပွဲနှစ်လုံး၏ အာရုံစိုက်ခံရသော ဗဟိုချက်ဖြစ်လာခဲ့သည်။ အတန်းဖော်များကလည်း မကြာခဏ သူနှင့် ဖန်ခွက်ချင်း လာတိုက်သည်။ စကားဝိုင်းများ အားလုံးကလည်း သူ့အကြောင်းသာဖြစ်သည်။

လက်ရှိတွင် အင်တာနက်က ကျယ်ပြန့်နေပြီး ယဲ့ရှောင်ချန်း၏ သတင်းများအကြောင်း ရှာဖွေဖို့ မခက်ခဲတော့ပါ။ သူနှင့် မရင်းနှီးသည့် ကျောင်းသားများကတောင် ဖုန်းကို ကိုင်ကာ ထိုအကြောင်း ရှာဖွေကြည့်ကြသည်။

ယဲ့ရှောင်ချန်းက အတန်းဖော်များ၏ ဖန်ခွက်ချင်း တိုက်ချက်ကို မငြင်းဆန်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက သူတို့၏ အတန်းဖော်တစ်ယောက်ဖြစ်ပြီး ကျောင်းသားဘဝကို လွမ်းဆွေးမိသော လူမျိုးလည်းဖြစ်သည်။ သူတို့ အနာဂတ်တွင် ထပ်တွေ့ရဖို့ အခွင့်အရေး များများစားစား မရှိနိုင်တော့ပါ။

ထို့ကြောင့် ဘီယာ ခွက် ၂၀ နီးပါး သူသောက်ခဲ့သည်။

သို့သော်လည်း ယဲ့ရှောင်ချန်း ဘာမှ မခံစားရပေ။

သူက အယ်လ်ကိုဟောဒဏ်အား လုံးဝ ခံနိုင်ရည် ရှိပါသည်။

ဖန်းယွမ်က သူ့ဇနီးလောင်း ဟွမ်ချီချီဖြင့် ရောက်လာသောအခါ သူတို့ ပစ်မှတ် ပြောင်းလဲသွားကြသည်။

"ချစ်လှစွာသော အတန်းဖော်တို့။ မင်းတို့တွေ ငါ့မင်္ဂလာပွဲကို တက်ရောက်ပေးတဲ့အတွက် ငါတကယ်ပျော်ပါတယ်။ ဒီနေ့ အများကြီး သောက်စားကြရမယ်နော်။ နောက်ကျမှ မင်းတို့ဆီ လာခဲ့ဦးမယ်။ အခုတော့ ဒီဝိုင်ခွက်က မင်းတို့အတွက်ပဲ။"

အဖြူရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဖန်းယွမ်က ဝိုင်ခွက်ကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။

"တစ်ခွက်တည်းဆို မရဘူးနော်။ တစ်ယောက်ကို တစ်ခွက်ပဲကွ။"

ကျန်းဖုန်က အော်လိုက်သည်။

"ဟုတ်တယ်ဟေ့၊ တစ်ယောက်ကို တစ်ခွက်ပဲ။"

"ဖန်းယွမ် မင်းက သောက်နိုင်ပါတယ်ကွာ။ ပြဿနာ မရှိလောက်ပါဘူး။"

အခြားသူများကလည်း မီးလောင်ရာ လေပင့်ကြသည်။

"မင်းတို့ကောင်တွေက တကယ် သောက်ကျင့်မကောင်းဘူး။ ခန်းမထဲမှာ လူရာကျော်ရှိနေတာလေ။ ငါသေလိမ့်မယ်။ မင်းတို့ လူစိတ်ကော ရှိကြသေးလား။ ဒီနေ့ မင်္ဂလာဦးညလည်း ရှိသေးတယ်နော်။"

ဖန်းယွမ်က အများကြီး သောက်ထားပုံရသည်။ သူ့လျှာက လိပ်သလိုပင် ဖြစ်နေလေပြီ။

"ဒီလိုလုပ်ကွာ။ ယောက်ျားလေး အတန်းဖော်တွေအတွက် တစ်ခွက်၊ မိန်းကလေး အတန်းဖော်တွေအတွက် တစ်ခွက်လောက်တော့ လုပ်လိုက်။ သတို့သား တကယ်မူးသွားပြီး မင်္ဂလာဦးည မဆင်နွှဲနိုင်ရင် သတို့သမီးက ငါတို့ကို သတ်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက ဝိုင်ခွက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ရှောင်ချန်းက တကယ် သစ္စာရှိတယ်ဟေ့။"

ဖန်းယွမ်က အမြန်ပြောလိုက်သည်။

ဒီလိုနှင့် ဖန်းယွမ်က ဝိုင်နှစ်ခွက် ချလိုက်သည်။ ထို့နောက် သတို့သမီးနှင့် ထွက်သွားလေ၏။

"ယဲ့ရှောင်ချန်း မင်းက ဖန်းယွမ်ကို သိပ်မသောက်အောင် လုပ်ခဲ့တာ။ သူ့အစား မင်းသောက်ရတော့မယ်။"

ကျန်းဖုန်က ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး။ မင်းတို့ကောင်တွေ မူးသွားရင်သာ ငါ့ကို အပြစ်မတင်နဲ့။"

ယဲ့ရှောင်ချန်း ရယ်မောလိုက်သည်။

ဒီနေ့ အတန်းဖော်ဟောင်းများစွာနှင့် ဆုံရသဖြင့် သူစိတ်ကောင်းဝင်နေပြီး မငြင်းခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူမူးမှာလည်း မဟုတ်ပါ။

"အားလုံးပဲ ကြားလိုက်လားဟေ့။ ယဲ့ရှောင်ချန်းကိုယ်တိုင် ကိစ္စမရှိပါဘူးလို့ ပြောသွားတာနော်။ ငါတို့ ဘာစောင့်နေစရာ လိုဦးမှာလဲ။"

ကျန်းဖုန်က ကျယ်လောင်စွာ အော်လိုက်သည်။

"ဒိနေ့ ယဲ့ရှောင်ချန်းကို မူးအောင်မလုပ်နိုင်ရင် ငါ့ကိုယ်ငါ လောင်းပြစ်လိုက်မယ်။ ဝိုင်ပုလင်းတွေ ယူခဲ့စမ်း။"

ဝမ်ယွမ်တုန်းက ပထမဆုံး မတ်တပ်ရပ်လိုက်သူဖြစ်သည်။၊ ကျန်းနန်ချွန်းအရက် ပုလင်းဖုံးကို ဖွင့်ကာ တစ်ခွက်ထည့်ပေးလိုက်ပြီး ယဲ့ရှောင်ချန်းကို ပေးလိုက်သည်။

ယဲ့ရှောင်ချန်းက ပြုံးသာ ပြုံးပြီး ဘာမှ မပြောပေ။ ဖန်ခွက်ထဲက ဝိုင်ကို တစ်ကျိုက်တည်း သောက်ပြစ်လိုက်သည်။

နောက်တော့ အခြား အတန်းဖော်ဟောင်းများကလည်း ယဲ့ရှောင်ချန်းကိုမူးအောင်လုပ်ဖို့ ကြိုးစားကြသည်။

အရင်သောက်ခဲ့သော ဘီယာများလိုမဟုတ်ဘဲ ဝိုင်ဖြူစစ်စစ်ဖြစ်ပါသည်။

နှစ်ချီလောက် ပြီးသွားသောအခါ ယဲ့ရှောင်ချန်း ဝိုင် ၁၀ ခွက်ကျော် သောက်ပြီးပြီဖြစ်သည်။ သူ့မျက်နှာက နီရဲမနေပါ။ မူးလည်းမမူး လျှာလည်း လိပ်မနေပေ။

"ယဲ့ရှောင်ချန်း မင်းသောက်နိုင်စွမ်းကိုတော့ ငါအလေးပြုပါတယ်ကွာ။"

ယဲ့ရှောင်ချန်းက ခွက်ပေါင်းများစွာ သောက်ပြီးတာတောင် မမူးသေးကြောင်း မြင်သောအခါ ကျန်းဖုန် အံ့အားသင့်သွားသည်။

"အစပဲရှိပါသေးတယ်၊ ဆက်ကြဦးစို့။"

ဝမ်ယွမ်တုန်းက ယဲ့ရှောင်ချန်းကို အလွတ်မပေးချင်ဘဲ ဆက်သောက်သည်။

ယဲ့ရှောင်ချန်းကလည်း မငြင်းပေ။

သာမန်လူများက ဝိုင်ဖြူ တစ်ခွက်နှစ်ခွက်လောက် သောက်လျှင် ဘာမှမဖြစ်သော်လည်း သုံးခွက်မြောက်ဆိုလျှင်တော့ နည်းနည်း မူးလာနိုင်ပါသည်။

အခုတော့ ယောက်ျားလေးတချို့က ယောင်ချာချာပင် စဖြစ်နေကြလေပြီ။

ဝမ်ယွမ်တုန်းလို သောက်နိုင်သည့် လူမျိုးအတွက် လေး ငါးခွက်က ပြဿနာမရှိပါ။ ပိုသောက်ပါက သူတို့လည်း သက်ရောက်မှု ခံစားရမည်ဖြစ်သည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက သူဘယ်နှခွက် သောက်ခဲ့မှန်း မမှတ်မိတော့ပါ။ ဘာပဲဖြစ်ဖြစ် စားပွဲပေါ်တွင် ဝိုင်ဖြူ ပုလင်းလွတ် ဆယ်ပုလင်း ရှိနေပြီး အနည်းဆုံး ထိုပုလင်း တစ်ဝက်လောက်က သူ့ဗိုက်ထဲ ရောက်သွားခြင်းဖြစ်သည်။

သူ့ယောက်ျားလေး အတန်းဖော် အများစုက စားပွဲပေါ်တွင် မှောက်နေကြလေပြီ။

ဝမ်ယွမ်တုန်းကလည်း ထိုင်ခုံတွင်မှီကာ ညည်းတွားနေဆဲ ဖြစ်သည်။ "သောက်စမ်း၊ ဆက်သောက်ကြရအောင်။ မင်း... မင်းသောက်နိုင်ဦးမယ်လို့ ငါမထင်ဘူး။"

မိန်းကလေးများစွာ၏ လေးစားမှုအောက်တွင် ယဲ့ရှောင်ချန်းက နောက်ဆုံးပုလင်းမှ လက်ကျန် အရက်များကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

"ယဲ့ရှောင်ချန်း နင်ဝိုင်တွေအများကြီး သောက်ထားတာ တကယ်အဆင်ပြေပါ့မလား။"

လီချောင်းအာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။

"အဆင်ပြေပါတယ်။"

ယဲ့ရှောင်ချန်းက တူဖြင့် အသားပြားတစ်ချပ်ကို ယူကာ ပါးစပ်ထဲထည့်ပြီး ဖြည်းဖြည်းချင်း ဝါးလိုက်သည်။ ထို့နောက် ဝိုင်ကို ပါးစပ်အပြည့် သောက်လိုက်ပြီး ခေါင်းခါလိုက်သည်။

သူဘာမှ မခံစားရပေ။ သို့သော် ဆီးသွားချင်စိတ်တော့ များနေလေပြီ။

ဝိုင်ခွက်မှ တစ်ငုံလောက် သောက်လိုက်ပြီး ပါးစပ်ကို တစ်ရှူးဖြင့် သုတ်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။ "ငါသန့်စင်ခန်း သွားလိုက်ဦးမယ်။"

ယဲ့ရှောင်ချန်း စားပွဲဝိုင်းမှ ထွက်သွားသောအခါ မသောက်သည့် မိန်းကလေး အတန်းဖော်များက စတင်စကားပြောလာကြသည်။

"ယဲ့ရှောင်ချန်းက သောက်နိုင်တယ်နော်။ အနည်းဆုံး ဝိုင် လေးငါး ကျင်းလောက် သောက်လိုက်တာ။"

"အဲ့တာတင်မကသေးဘူး၊ ငါရေထားတယ်။ ဝိုင်ဖြူချည်းပဲ ၂၈ ခွက်။ ဒါတောင် အရင်သောက်ထားတဲ့ ဘီယာမပါသေးဘူး။"

"ရူးချင်စရာကြီး"

"ဒီလောက်သောက်လိုက်တာ ပြဿနာမဖြစ်နိုင်ဘူးလား။"

"သွားကြည့်လိုက်ကြပါလား။"

"ငါသွားလိုက်မယ်။"

လီချောင်းအာက ဦးစွာ ယဲ့ရှောင်ချန်း၏ အခြေအနေကို စစ်ဆေးဖို့ လိုက်သွားလိုက်သည်။

ယဲ့ရှောင်ချန်း သန့်စင်ခန်းသို့ ရောက်သောအခါ ဖန်းယွမ် အန်နေသည်ကို တွေ့လိုက်သည်။

"မင်းက အများကြီး သောက်ထားတာကိုး။"

ယဲ့ရှောင်ချန်းက ဖန်းယွမ်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ငါသောက်ရတာနဲ့ သေတော့မှာပဲ။ ဒီလောက်ထိ အရက်အများကြီး သောက်ရမယ်မှန်းသာ သိရင် လက်တောင် မထပ်ပါဘူးကွာ။"

ဖန်းယွမ်က မောပန်းနွမ်းနယ်စွာ ပြောလိုက်သည်။

"မင်းက တုံးတာကို။ ဒါက မင်းလက်ထပ်တာ မထပ်တာနဲ့ မဆိုင်ဘူး။ မင်းရဲ့ အိုင်ကျူနဲ့ပဲ ဆိုင်တယ်။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်သည်။

"အိုင်ကျူနဲ့ ဆိုင်တယ်ဟုတ်လား။ ငါက အိုင်ကျူမြင့်တယ်ကွ။"

ဖန်းယွမ်က ထပ်အန်ကာ ပြောလိုက်သည်။

"အိုင်ကျူမြင့်တဲ့လူတွေက ဝိုင်ကို ရေနဲ့လဲလိမ့်မယ်။ အိုင်ကျူနိမ့်တဲ့လူတွေကတော့ သောက်နိုင်သမျှ သောက်မှာပဲ။ အထူးသဖြင့် မသောက်တတ်ဘဲနဲ့ပေါ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"လခွမ်း မင်းငါ့ကို စောစောကတည်းက ပြောပါလားကွ။"

ဖန်းယွမ်က စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"မင်းမှ မမေးတာ။ ပြီးတော့ ဘယ်လို သတို့သားလောင်းကကော အဲ့လိုမလုပ်ဘဲ နေမှာလဲ။ မဟုတ်ရင် သောက်ရင်းနဲ့ သေသွားမှာပေါ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ထိုကဲ့သို့ ပြောပြီးနောက် ကိုယ့်ကိစ္စကိုယ်ရှင်းပြီး ထွက်သွားတော့သည်၊။

သူသန့်စင်ခန်းထဲမှ ထွက်လာသောအခါ လိုင်ချောင်းအာက တံခါးအပြင်တွင် စောင့်နေသည်ကို မြင်လိုက်ရသည်။

"ယဲ့ရှောင်ချန်း ထွက်လာပြီလား။"

လိုင်ချောင်းအာက အနည်းငယ် အံ့အားသင့်သွား၏။

"အမ် ငါ့ကို ပြောစရာရှိလို့လား။"

ယဲ့ရှောင်ချန်းက သိချင်စွာဖြင့် မေးလိုက်သည်။

"နင်ဝိုင်တွေအများကြီး သောက်ထားလို့ စိတ်ပူနေတာ။ နင်အဆင်ပြေတယ် ဆိုရင်လည်း တော်သေးတာပေါ့။ နောက်ပိုင်း အရက်တွေ အများကြီး မသောက်သင့်ဘူးနော်။ နင့်ကျန်းမာရေးအတွက် မကောင်းဘူး။ အရက်သောက်ရတာ ကြိုက်တဲ့ အမျိုးတစ်ယောက် ငါ့မှာရှိတယ်။ သူဘယ်တော့မှ မမူးဘူးလို့ ပြောရင်း နောက်ဆုံးတော့ ဘာဖြစ်သွားလဲသိလား။ သောက်ရင်းနဲ့ ဆေးရုံတန်းရောက်သွားတာပဲ။ အရက်အဆိပ်သင့်တာလေ။"

လိုင်ချောင်းအာက စိတ်ပူသော လေသံဖြင့်ပြောလိုက်သည်။

"သြော် စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူမက သူ့အတွက် စိတ်ပူပေးနေသည် မဟုတ်ပါလား။

သူတို့နှစ်ယောက် ခန်းမထဲသို့ ပြန်မသွားဘဲ ပြတင်းပေါက် အနားတွင် စကားပြောနေကြသည်။

"သြော် မင်းတို့နှစ်ယောက်က ဒီမှာ စကားတွေ အေးဆေး ပြောနေကြတာပေါ့။ လူကြီး ကိစ္စတွေတော့ မပါဘူးမလား။"

ဖန်းယွမ်က ယိုင်ထိုးထိုးဖြင့် သန့်စင်ခန်းထဲမှ ထွက်လာပြီး ယဲ့ရှောင်ချန်းနှင့် လိုင်ချောင်းအာတို့ကို မြင်ကာ အကြံကြီးသော အပြုံးမျိုး ပြုံးလိုက်ပါသည်။

"ဖန်းယွမ် ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ။"

လိုင်ချောင်းအာက ဖန်းယွမ်ကို စိုက်ကြည့်လိုက်သည်။

"ဟားဟား နင်တို့နှစ်ယောက် တော်တော်လိုက်တယ်လို့ ထင်လို့ပါဟာ။ ငါအောင်သွယ် လုပ်ပေးရမလား။"

ဖန်းယွမ်က ထူးထူးဆန်းဆန်း ရယ်မောလိုက်သည်။

လိုင်ချောင်းအာက ယဲ့ရှောင်ချန်းကို လှည့်ကြည့်လိုက်သည်။ သူမ ပါးများက နီရဲနေကာ ဖန်းယွမ်ကို ပြောလိုက်သည်။ "နင့်ကိုတော့ စကားမပြောတော့ဘူး။ ငါ စားပွဲဆီပဲ ပြန်တော့မယ်။"

ထိုသို့ ပြောရင်း သူမ ခပ်မြန်မြန်ထွက်သွားသည်။

"မင်းကတော့ အမြဲတမ်း ပြဿနာရှာနေတာပဲနော်။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။

လိုင်ချောင်းအာက လှပသော်လည်း သူ့မှာ သူမအတွက် မည်သည့်ခံစားချက်မှမရှိပေ။

"ဟားဟား ချောင်းအာက တော်ပါတယ်ကွာ။ ဟိုးအရင်ကတည်းက သူက ငါတို့ အတန်းရဲ့ ပန်းကလေးလေ။"

ဖန်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

"ငါ့မှာ ကောင်မလေး ရှိတယ်။"

ယဲ့ရှောင်ချန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။

"ဘုရားရေ မြန်လှချည်လား။ ငါ့ကို မညာနဲ့နော်။"

ဖန်းယွမ် မျက်လုံးများ ကျယ်သွားသည်။

"မင်းလောက်တော့ မမြန်ပါဘူး။"

ယဲ့ရှောင်ချန်းက ပြုံးကာ ခန်းမထဲသို့ ထွက်သွားသည်။

စားပွဲဝိုင်းသို့ ရောက်သောအခါ ယဲ့ရှောင်ချန်း ပြဿနာတစ်ခု တွေ့ခဲ့သည်။ လိုင်ချောင်းအာက သူ့ကို အမြဲတမ်းကြည့်နေပြီး ပါးများလည်း နီနေသည်။

သူသက်ပြင်းချလိုက်၏။ အခုတော့ သူတော်တော် စန်းပွင့်နေသည့်ပုံပင်။

မင်္ဂလာပွဲ ပြီးဆုံးသွားခဲ့ပါပြီ။

ဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ကုန်ကြ၏။

အတန်းဖော်များစွာက မူးကုန်ကြလေပြီ။ သို့သော်လည်း ဖန်းယွမ်က ဟိုတယ်တွင် အခန်းတချို့ ဘိုကင်တင်ပြီးသာဖြစ်သဖြင့် ယဲ့ရှောင်ချန်းက သူတို့ကို တစ်ယောက်ချင်းစီ တွဲပို့ပေးလိုက်ရသည်။

မိန်းကလေး အတန်းဖော်များစွာလည်း အိမ်ပြန်ရမည်ဖြစ်သည်။ မင်္ဂလာပွဲအတွက် ခွင့်ယူထားခြင်းဖြစ်ပြီး မနက်ဖြန် အလုပ်ပြန်စကြရမည်။

ထို့ကြောင့် ယဲ့ရှောင်ချန်းက ကားဖြင့် လိုင်ချောင်းအာ အပါအဝင် သူတို့ကို မြန်နှုန်းမြင့် ရထားဘူတာရုံသို့ လိုက်ပို့ပေးခဲ့သည်။

လူတွေကို လိုက်ပို့ပေးရသည့် တာဝန် ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ချန်းက ဖန်းယွမ်ကို ဖုန်းဆက်လိုက်ပြီး အိမ်သို့ တန်းပြန်လာခဲ့သည်။

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့၏။

အင်မော်တယ် ပဲပင် ၃၀က နောက်ဆုံးတော့ အရွယ်ရောက်လာခဲ့ပြီ။

ခူးဆွတ်ခြင်းနှင့် အခွံခွဲခြင်းများ ပြီးဆုံးသွားသောအခါ ခြင်းထဲတွင် အနီရောင် အင်မော်တယ် ပဲစေ့များဖြင့် ပြည့်နှက်သွားသည်။ မီးတောက်များလို နီရဲနေပါသည်။

ယဲ့ရှောင်ချန်း ဂရုတစိုက် ရေတွက်ကြည့်လိုက်၏။ ပဲစေ့ ၇,၇၄၈ စေ့ရှိပါသည်။

အထွက်နှုန်းအရ အဝါရောင် အင်မော်တယ် ပဲစေ့များအောက် နည်းပါးသည်။

ပဲစေ့တစ်စေ့ကို လှီးကြည့်သောအခါ စက်ဝိုင်းပုံစံကွက် ၇ကွက် တွေ့ပါသည်။

ဒါက ဖူဆန်သစ်ပင်နှင့် နီးသည့် ပဲစေ့ဖြစ်သည်။

ဖူဆန်သစ်ပင်နှင့် အဝေးဆုံး ပဲစေ့ကို လှီးကြည့်သောအခါ သိသာစွာ စက်ဝိုင်း ပုံစံကွက် ၅ ကွက်သာ ရှိပါသည်။

"ဖူဆန်သစ်ပင်ရဲ့ သက်ရောက်မှုက ဒီလောက် ကြီးမယ် ထင်မထားဘူး။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။

အဝါရောင် အင်မော်တယ် ပဲစေ့များမှာ အင်မော်တယ် မြေသြဇာ အသုံးပြုပြီးတာတောင် အများဆုံး စက်ဝိုင်းပုံစံကွက် ၆ ကွက်သာ ရှိသည်။

ဖူဆန်သစ်ပင်လို ကောင်းကင်ဘုံရတနာကြီး၏ အင်မော်တယ်ပဲပင်များအပေါ် အကျိုးသက်ရောက်မှုက အင်မော်တယ် မြေသြဇာများထက် ပိုသန်မာသည်ကို ပြသနေပါသည်။

ဖူဆန်သစ်ပင်၏ အပိုင်းအစတစ်ခု ရလာတာ ဘယ်လောက် ကံကောင်းလိုက်သလဲဆိုတာ သူနားလည်သွားသည်။

"ငါဖူဆန်သစ်ပင်တွေ ထပ်ရနိုင်ရင် အင်မော်တယ် ပဲပင်တွေရဲ့ စိုက်ပျိုးမြေ အကျယ်အဝန်းကို တိုးချဲ့လို့ရနိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်း စဥ်းစားလိုက်၏။

အမှန်ပင်။ လောလောဆယ်တော့ မဖြစ်နိုင်သေးမှန်း သူသိပါသည်။ ဘာပဲဖြစ်ဖြစ် ဖူဆန်သစ်ပင်က အစိုးရ၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။

သစ်ကိုင်းတစ်ကိုင်း ရနိုင်တာတောင် ကံကောင်း ရှားပါးလှပါသည်။

"ကဲပါ၊ ဒီအသုတ်ကိုပဲ စတိုးဆိုင်မှာ အရင် တန်ဖိုးဖြတ်ကြည့်ရအောင်။"

ယဲ့ရှောင်ချန်း ဆုံးဖြတ်လိုက်သည်။

စတိုးဆိုင် ပေးသည့် စျေးနှုန်းက လေလံပွဲလောက် မမြင့်သော်လည်း ဒီအင်မော်တယ် ပဲစေ့ အသုတ်၏ အသေးစိတ်ကိုတော့ သိစေနိုင်ပါသေးသည်။

မကြာမီ ယဲ့ရှောင်ချန်းက အနီရောင် အင်မော်တယ် ပဲစေ့ ၅၀၀ ကို ရောင်းချဖို့အတွက် တင်လိုက်သည်။

တန်ဖိုးဖြတ်ရလဒ် ထွက်လာဖို့ သိပ်မကြာလိုက်ပါ။

ယဲ့ရှောင်ချန်း ကြည့်လိုက်ပြီး ဒီအနီရောင် အင်မော်တယ် ပဲစေ့တစ်သုတ်၏ အချက်အလက်များက ထူးခြားနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

သန့်စင်မှုက အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် ဆင်တူသော်လည်း ဝိညာဥ် အရည်အသွေးက အများကြီး ပိုမြင့်မားပါသည်။

"ဖူဆန်သစ်ပင်ကြောင့် ဝိညာဥ်အရည်အသွေး ဒီလောက်ထိ မြင့်လာတာများလား။"

ယဲ့ရှောင်ချန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ချက်ချင်း မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ဒီလို အရည်အသွေးမြင့် ဝိညာဥ်နှင့် အနီရောင်အင်မော်တယ် ပဲစေ့များမှာ စျေးကောင်းကောင်း ရနိုင်လောက်သည်။

ခပ်မြန်မြန်ပင် ဆွေးနွေးသည့် ဂရုတစ်ခု ဖွဲ့လိုက်ပြီး အင်မော်တယ် များစွာအား ဖိတ်ကြားလိုက်ပါသည်။

All Chapters