← Chapters

မဟာမိတ် အထောက်အကူပြု အမှတ်

Vol. 14 Ch. 184

မဟာမိတ် အထောက်အကူပြု အမှတ်

Vol. 14 Ch. 184

“ဟုတ်တယ် အင်မော်တယ် မော်တယ် ကျင့်စဉ်လေ …” မိုဝူကျီက ခိုင်မာစွာ ပြောလိုက်သည်။ ဤကျင့်စဉ်သည် လမ်းမပေါ် အနှံ့အပြား ရောင်းချနေ၍ မိုဝူကျီအနေနှင့် လျှို့ဝှက်ထားစရာ အကြောင်း မရှိပေ။

ခဏအကြာတွင် ချိန်စုယင်က သူမ သတ္တိများကို စုစည်း၍ …

“ဂျူနီယာ မောင်လေးမို အဲဒါက ဝိညာဉ်စွမ်းအား အခြေခံ လှည့်ပတ်ခြင်း ကျင့်စဉ် မဟုတ်ဘူးလား … ”

မိုဝူကျီက အနည်းငယ် ကသိကအောက်ဖြင့် ပြောလိုက်သည်။

“စီနီယာအစ်မ ပြောချင်တာ ဒီကျင့်စဉ်ရဲ့ တခြား နာမည်မလား ဒါပေမဲ့ ဒီကျင့်စဉ်မှာ အမှန်တကယ် အင်မော်တယ် မော်တယ် သဘောတွေ ပါဝင်နေတာ … ”

ချိန်စုယင်က မိုဝူကျီကို ဝေ့ကြည့်ကာ …

‘ကျွန်မ ပြောချင်တာလို့ ပြောတာ ဘာအဓိပ္ပာယ်လဲ … အဲဒါက ရောင်းအား ကောင်းဖို့အတွက် နာမည် ပေးထားတာ မဟုတ်ဘူးလား။ အဲဒီကျင့်စဉ်က အခြေခံကျင့်စဉ် ဖြစ်နေတော့ ရှင်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှာပဲ ရှိဦးမှာ ပိုသေချာ သွားပြီ … အဲဒီကျင့်စဉ်မှာ စိတ်ဝိညာဉ်နံရံ တည်ဆောက်ဖို့ နည်းလမ်းလည်း မပါပါဘူး ... ’

မိုဝူကျီက ချိန်စုယင် စိတ်ထဲမှ အတွေးကို မသိပေ။ သူ့တွင် ဆရာ မရှိဘဲ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အကြောင်း ဗဟုသုတ နည်းနည်းသာ ရှိလေသည်။ သူက ၁၀၀ ခုမြောက် ချီသွေးကြောကို ဖွင့်ပြီး စိတ်ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ကို တက်လှမ်းပြီးနောက် သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိခြင်း ဖြစ်သည်။ သူက စိတ်ဝိညာဉ်ကို တည်ဆောက်ဖို့ပင် မလိုအပ်လိုက်ပေ။ အကြောင်းမှာ ဝိညာဉ်စွမ်းအား လှိုင်းများ ပေါင်းစပ်သွားပြီး နောက်တွင် နံရံ ဖြစ်တည်လာခြင်း ဖြစ်သည်။

စိတ်ဝိညာဉ် တည်ဆောက် ပြီးသည်နှင့် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ မရောက်ခင်အထိ သူ့လှည့်ပတ်ခြင်း လမ်းကြောင်း အတိုင်း ဆက်၍ ကျင့်ကြံမည် ဖြစ်သည်။ ယခုအချိန်ထိ သူက ကျင့်ကြံခြင်း အတားအဆီးနှင့် မကြုံရသေးချေ။ အကြောင်းမှာ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျော်ပြီးနောက်တွင် အတားအဆီးနှင့် မကြုံတွေ့ ရသေးပေ။

“ဂျူနီယာ မောင်လေးမိုက တခြားကျင့်စဉ် မဝယ်နိုင် လောက်အောင် စိတ်စွမ်းအင် ကျောက်တုံး လိုအပ်နေတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ လူသားအဆင့် ကျင့်စဉ် ကျင့်ကြံ နေရတာလဲ … ” ချိန်စုယင်က မိုဝူကျီ အပေါ် သံသယ အနည်းငယ် ဝင်နေမိသည်။ အကယ်၍ မိုဝူကျီ လျှပ်စီးအခန်းတွင် ကုန်ဆုံးခဲ့သည့် အချိန်ပမာဏကို စဉ်းစား ကြည့်မိလျှင် မိုဝူကျီသည် တခြားကျင့်စဉ် မဝယ်နိုင် လောက်အောင် ဆင်းရဲနေခြင်း မဖြစ်နိုင်ပေ။ ထို့အပြင် သူသာ မတတ်နိုင်ပါက သူသည် ကောင်းကင်ဖွေရှာ နန်းတော်၏ အမှတ်များဖြင့် တခြား ကျင့်စဉ်ကို ဈေးနည်းနည်းဖြင့် ဝယ်ယူ နိုင်လေသည်။ ကောင်းကင်ဖွေရှာ နန်းတော် တပည့် တစ်ယောက် ဖြစ်နေသရွေ့ ကောင်းကင်ဖွေရှာ နန်းတော်၏ ကျင့်စဉ်များကို တတ်နိုင်လိမ့်မည်။

မိုဝူကျီက ရိုးရိုးသားသား ပြောလိုက်သည်။

“စီနီယာ အစ်မချိန် ... ကျွန်တော် ဒီကျင့်စဉ်ကို ဝယ်တုန်းက လက်ထဲ စိတ်စွမ်းအင် ကျောက်တုံး သိပ်မရှိဘူးဗျ ... တခြားစကားနဲ့ ဆိုရင် ကျွန်တော်က မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော့်ဆီမှာ စိတ်စွမ်းအင် ကျောက်တုံး လုံလုံလောက်လောက် ရှိလာတော့ တခြား ကောင်းတာတွေ သတိပြုမိပေမဲ့ မပြောင်းတော့တာ ... ”

ချိန်စုယင် မျက်နှာထားက လေးနက်လာပြီး ပြောလိုက်သည်။

“ဂျူနီယာ မောင်လေးမိုမှာ အခွင့်အရေး ရှိရင် တခြားကောင်းတဲ့ ကျင့်စဉ်နဲ့ လဲဖို့ အကြံပေးချင်တယ် … ”

သူမက မိုဝူကျီကို နောင်ကျ အခြေခံ ကျင့်စဉ်ကို အင်မော်တယ် မော်တယ် ကျင့်စဉ်ဟု မခေါ်သင့်ကြောင်း အကြံပေးချင် သော်လည်း သူမက မိုဝူကျီနှင့် မရင်းနှီး သေးသည်ကို အမှတ်ရမိ လိုက်သည်။ ထို့အပြင် သူမက မိုဝူကျီသည် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ဒုတိယပုံစံကို ဖန်တီး နိုင်လိမ့်မည် ဖြစ်ပြီး သူမနှင့် လဲလှယ် နိုင်လိမ့်မည့် ဟူသော အကြောင်းကို လက်လျှော့ လိုက်တော့သည်။

အင်မော်တယ် မော်တယ် ကျင့်စဉ်ပေါ်တွင် မူတည်ထားသော လျှပ်တစ်ပြက် လျှပ်စီးကို မိုဝူကျီ ကျင့်ကြံနိုင်ခြင်းသည် အမှန်ပင် ကံကောင်း၍ ဖြစ်လိမ့်မည်။ ကျန်ရှိနေသော ပုံစံခြောက်မျိုး အတွက် မေ့ထားတာ ပိုကောင်းလိမ့်မည်။.

ချိန်စုယင်က ဆက်မပြော တော့သောကြောင့် မိုဝူကျီလည်း ဘာမှ ပြန်၍ မပြောတော့ပေ။

ကောင်းကင်ဖွေရှာ နန်းတော်နှင့် တိုက်ပွဲ ရှေ့တန်းကြား အကွာအဝေး ဝေးသေးသောကြောင့် သူတို့ တစ်ယောက်ကိုယ် တစ်ယောက် ထိုင်ကြည့်နေပါက အချိန်ဖြုန်းတီး နေခြင်းသာ ဖြစ်လိမ့်မည်။ မိုဝူကျီက ဦးစွာ မေးကြည့်လိုက်သည်။

“စီနီယာ အစ်မချိန် … ကျွန်တော်တို့က ပျံသန်းရေး ရတနာပေါ် ရောက်နေမှတော့ ကျွန်တော်တော့ တံခါးပိတ် ကျင့်ကြံ လိုက်ဦးမယ် … ”

“အင်း ... ရှင် ဆက်ကျင့်ကြံလေ … ရောက်ရင် ပြောမယ် … ” ချိန်စုယင်က မိုဝူကျီ ဝီရိယကို တကယ်ပင် လေးစားမိ သွားသည်။ မိုဝူကျီက သာမန် ကျင့်ကြံဆင့် ရှိသော်လည်း သူ့ဝီရိယက အမှန်ပင် နှိုင်းယှဉ်၍ မရပေ။

သူမက အပိုင်း ပြောပြီး သွားသည်နှင့် ချိန်စုယင်က ကားပျံမှ ခလုတ်ကို နှိပ်ကာ ကားတစ်ခုလုံးကို နှစ်ပိုင်း ပိုင်းလိုက်သည်။ ချိန်စုယင်က အခြားဖက်က ဝင်ပေါက်ကို ညွှန်ပြရင်း …

“ဂျူနီယာ မောင်လေးမို သွားပါ ... ကျွန်မတို့တွေ တိုက်ပွဲနေရာ ရောက်ဖို့ တစ်လကျော်လောက် ကြာလောက်တယ် ... ”

“အဲဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ် ...” မိုဝူကျီက ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

ယခု သူက အင်အားအတွက်သာ ပို၍ ဆာလောင် နေလေသည်။ တစ်လတာ အချိန်ကုန်ခြင်းက တစ်ခုခု လုပ်နေခြင်းဟုပင် ယူဆ၍ မရပေ။

သူက အခန်းငယ်လေးတွင် တစ်ယောက်တည်း ဖြစ်သွားသည့်အခါ မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်လိုက်ပြီး ချက်ချင်း ထိုင်ချ လိုက်တော့သည်။ မိုဝူကျီက သူ့အခြေအနေကို သိကာ သာမန် ဝိညာဉ် စွမ်းအားများက သူ့အတွက် များစွာ အကူအညီ မပေးနိုင်ကြောင်း သိ၏။

အသက်ရှုကြိမ် ဆယ်ကြိမ်ခန့်တွင် မိုဝူကျီဘေးနာမှ ဝိညာဉ် စွမ်းအားများက ဝဲကတော့ ဖြစ်လာပြီး သူ့ချီသွေးကြောတိုင်းစီ အငမ်းမရ စီးဝင်နေကြသည်။

ချိန်စုယင်က မိုဝူကျီ ကျင့်ကြံခန်းကို တအံ့တဩ ကြည့်နေမိသည်။ အကြောင်းမှာ သူမက အခန်းအတွင်းမှ စီးဆင်းလာသော ဝိညာဉ် စွမ်းအားများကို သိသာစွာ ခံစားမိ၍ ဖြစ်သည်။ မိုဝူကျီမှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိတာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် ဒီလောက် အားကောင်းတဲ့ ဝိညာဉ် စွမ်းအားများကို စုစည်းနိုင်တာလဲ …

လက်တွေ့တွင် ထိုသို့သော ဝိညာဉ် စွမ်းအားများက မိုဝူကျီအတွက် ဘာမှ အံ့အားသင့်စရာ မရှိပေ။ သို့သော်လည်း ရက်အနည်းငယ် အတွင်း မိုဝူကျီက သူ့ဆီ ရှိသမျှ စိတ်စွမ်းအင် ကျောက်တုံးများ အားလုံးကို အမှုန့်ဖြစ် သွားသည့်အထိ ကျင့်ကြံမိလိုက်သည်။ ထိုသည်က မိုဝူကျီ၏ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းက မည်မျှ ကြောက်စရာ ကောင်းကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

နှမြောစရာ ကောင်းသည်က မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ တွင်သာ တစ်နေပြီး အဆင့်ကိုး၏ အလယ်အလတ် အဆင့်ကိုပင် မချိုးဖျက်နိုင်ပေ။

မိုဝူကျီက ဝိညာဉ်စွမ်းအား အခန်းနှင့် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးတို့မှ သိပ်သည်းလှသော ဝိညာဉ် စွမ်းအားများကို ကြုံတွေ့ပြီး နောက်တွင် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ အနာဂတ်တွင် သူ့အတွက် အဆင့် တက်လှမ်းရန် များစွာ ပိုခက်ခဲ သွားပေမည်။ ထိုသည်က ယခုဖြစ်နေသည့် ကိစ္စရပ်နှင့် တူလေသည်။

သူက ထိုကံတရားကို လက်မခံချင်ဘဲ နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံးများ အပုံလိုက် ထပ်ထုတ် လိုက်တော့သည်။ လဝက် အကြာတွင် ထိုကျောက်တုံး အပုံလိုက်ကြီးက အမှုန်ထပ် ဖြစ်သွားသော်လည်း မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၉ အလယ်အလတ် အဆင့်သို့ မရောက်နိုင်သေးပေ။

အနည်းငယ် စိတ်ပျက်မှုကြောင့် မိုဝူကျီက ထပ်၍ မကျင့်ကြံတော့ပေ။ ဤအခြေအနေ အောက်တွင် ကျင့်ကြံခြင်းကား အမှန်ပင် တိုးတက်နိုင်၏။ မိုဝူကျီအတွက် ကျင့်ကြံခြင်း နည်းကား အရမ်းနှေးလွန်း နေသော်လည်း သူ့အတွက် စိတ်ဖိစီးမှုတော့ မရှိချေ။

ဝိညာဉ်စွမ်းအား သို့မဟုတ် ကောင်းကင်စွမ်းအင် ကျောက်တုံးတို့ မရှိဘဲ စိတ်စွမ်းအင် ကျောက်တွင်း တစ်ခုလောက်နှင့် ဆိုလျှင် အဆင် ပြေလိမ့်မည်။

မိုဝူကျီက သူ့အတွေး လွန်နေကြောင်း သိသည့်အတွက် ခေါင်းခါ လိုက်တော့သည်။ ယခင်က ဂိုဏ်းအားလုံးသည် ရရှိနိုင်သည့် စိတ်စွမ်းအင် ကျောက်တွင်းများကို ထိန်းချုပ်ခွင့် ရဖို့ရာအတွက် တိုက်ခိုက် ဖူးကြသည်။ ပျောက်ဆုံးကောင်းကင် မြို့ပျက်တွင် တစ်ခု တွေ့သည်ကိုက အလွန်အမင်း ကျေးဇူးတင်ရမည့် ကိစ္စဖြစ်သည်။

စိတ်စွမ်းအင် ကျောက်တုံး အမှုန့်များကို သန့်ရှင်းပြီးနောက် မိုဝူကျီက ချူရှင်ကျီ၏ အစီအရင်တာအို ရှင်းလင်းချက်ကို ထုတ်ယူ လိုက်တော့သည်။ ရေခဲတောင်မှာ ရှိစဉ် သူက ကူးယူခဲ့သော်လည်း ထိုအရာကို လေ့လာဖို့ပင် အချိန်သေချာ မရသေးပေ။

ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် မိုဝူကျီက အစီအရင်တာအို အပေါ်တွင် အချိန်တိုအတွင်း စိတ်နှစ်မြုပ် သွားလေသည်။ နောက်ထပ် ရက် ၂၀ခန့် ကြာသွားသော်လည်း မိုဝူကျီက အချိန်ကုန်ဆုံး သွားသည်ဟု မခံစားလိုက်ရပေ။ ဆာလောင် လာသောကြောင့်သာ အဆာခံ ဆေးလုံးကို ထုတ်စား လိုက်လေသည်။

မိုဝူကျီက ချူရှင်ကျူ၏ အခြေခံအဆင့် ခုခံရေး အစီအရင်ကို လေ့လာနေစဉ် ချိန်စုယင်က တံခါးလာခေါက်ကာ သူ့ကို လာခေါ်လေသည်၊

ငါတို့ တိုက်ပွဲမြေကို ရောက်ပြီလား … မိုဝူကျီက အခန်းမှ မထွက်ခင်း သူ့ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်း လိုက်တော့သည်။

“စီနီယာ အစ်မချိန် ... ကျွန်တော်တို့တွေ ရောက်ပြီလား ...” မိုဝူကျီက တံခါးဝတွင် ရပ်နေသည့် ချိန်စုယင်ကို မေးလိုက်သည်။

ချိန်စုယင်က ခေါင်းညိတ်ပြ လိုက်ကာ …

“ငါတို့တွေ တိုက်ပွဲကို မရောက်သေးပေမဲ့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ယာယီစခန်းကို ရောက်ပြီ။ ဒီပိုင်နက်က ရှင်းဟန်အင်ပါယာ အပိုင်လေ ပြီးတော့ မိုးကြိုးမြူတောနဲ့ အတော်လေး နီးတယ်။ တိုက်ပွဲနေရာက ကောင်းကင်ဖွေရှာ နန်းတော်ရော၊ ဂိုဏ်းအကြီးကြီးတွေရော၊ ရှင်းဟန် အင်ပါယာရော အကုန်ပါတယ်။ ငါတို့အတွက် မဟာမိတ် အထောက်အကူပြု အမှတ်တွေ ရဖို့ အရင်ဆုံး ဂိုဏ်းတရာ မဟာမိတ် ယာယီစခန်းကို သွားပြီးတော့ မဟာမိတ် အထောက်အကူပြု အမှတ်သားပြား သွားထုတ်ရမယ် … ”

“ဒါက ချန်လောင် မြို့တော်လား ...” မိုဝူကျီက သိချင်စွာ မေးလိုက်သည်။

ချိန်စုယင်က ခေါင်းခါ လိုက်ပြီးတော့ …

“ချန်လောင်က ပျက်သုဉ်းသွားပြီ ... အခု ကျတ်တီးမြေထက် မပိုတော့ဘူး … ငါတို့က အခု အန်ယန်းဆိုတဲ့ နေရာကို ဦးတည်နေတာ။ အဲဒါက ရှင်းဟန် အင်ပါယာမှာ ချန်လောင်ပြီးရင် ဒုတိယ မြို့တော်လို့ ခေါ်လို့ရတယ်။ ရှင်လည်း တစ်လလောက် တံခါးပိတ် လေ့ကျင့်လာတာ ဆိုတော့ ရှင့်ကျင့်ကြံဆင့်လည်း နည်းနည်းတော့ တိုးတက်လာပြီ မလား … ”

မိုဝူကျီက ကသိကအောက် ဖြစ်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်‌တော့် ကျင့်ကြံဆင့်က ဘာမှ မတိုးတက်သေးတဲ့ အတွက် မျက်နှာ ပူမိပါတယ်ဗျာ ... ”

ချိန်စုယင်က မိုဝူကျီအတွက် စာနာမိ သွားသည်။ အဆင့်နိမ့် ဝိညာဉ်ကြောဖြင့် မည်မျှပင် ကြိုးစားစေကာမူ ကန့်သတ်ချက် ရှိသေးမှန်း သူမ သိသည်။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများစွာကို သုံးစွဲခဲ့သော်လည်း အပြည့်အဝ အသုံးမချနိုင်ခဲ့ပေ။ နှမြောစရာ ကောင်းလိုက်တာ … ထိပ်တန်း အဆင့်နှင့် ဝိညာဉ်ကြောနှင့် လူက မိုဝူကျီလောက်သာ ဝီရိယရှိပါက သူသည် ကောင်းကင်ဖွေရှာ နန်းတော် အတွင်းစည်း တပည့်အများစုကိုပင်‌ ကျော်သွား လောက်ချေပြီ။

“စီနီယာ အစ်မချိန် … မဟာမိတ် အထောက်အကူပြု အမှတ်အသားပြားက ဘာအတွက်လဲ ...” မိုဝူကျီက နှမြောစရာ ကောင်းလှသည်ဟု မတွေးပေ။

“နယ်ခြား ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ အတွက် အင်ပါယာ ငါးခုထဲက ဂိုဏ်းအားလုံးရယ် ငါတို့ ကောင်းကင်ဖွေရှာ နန်းတော် အပါအဝင် အားလုံး ပေါင်းပြီးတော့ ဂိုဏ်းတစ်ရာ မဟာမိတ် ဖွဲ့ထားကြတာ။ ဂိုဏ်းတစ်ရာ မဟာမိတ်ဆိုတိုင်း အရေအတွက် တစ်ရာ သတ်မှတ် ထားတာတော့ မဟုတ်ဘူး။ အင်ပါယာ ငါးခုထဲက ကျင့်ကြံသူတိုင်း ဂိုဏ်းတစ်ရာ မဟာမိတ်အတွက် နယ်ခြား ကျင့်ကြံသူတွေကို တိုက်ခိုက်ပေးဖို့ရာ စာရင်းပေးလို့ ရတယ်။ နယ်ခြား ကျင့်ကြံသူကို သတ်တိုင်း အထောက်အကူပြု အမှတ်တွေ ရနိုင်တယ်။ အမှတ်တွေကို ကျင့်ကြံသူတွေဆီ ပေးထားတဲ့ အမှတ်အသားပြားမှာ ထည့်ပေးထားမှာ … အဲဒီ အမှတ်တွေနဲ့ ဂိုဏ်းတစ်ရာ မဟာမိတ်က ရတနာတွေနဲ့ လဲလှယ်လို့ ရတယ်။ ပြီးတော့ ငါတို့ ကောင်းကင်ဖွေရှာ နန်းတော် အပါအဝင် တခြား ဂိုဏ်းကြီးတွေရဲ့ ရတနာတွေကိုလည်း လဲလှယ်လို့ ရနိုင်တယ် …” ချိန်စုယင်က ရှင်းပြလိုက်သည်။

မိုဝူကျီက ခဏတာ တွေဝေသွားပြီး သူက ဤနေရာတွင် အမှတ်ပေးနည်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤနေရာသို့ သူရောက်လာသည့် ရည်ရွယ်ချက်သည် နောက်တစ်ဆင့် တက်နိုင်ဖို့ အတွက် လေ့ကျင့်ရန်နှင့် နည်းလမ်း ရှာဖို့ရာ ဖြစ်သည်။

သူက လေ့ကျင့်နေစဉ် အမှတ်များ ဆက်တိုက်ရခြင်းက ပို၍ပင် ပြီးပြည့်စုံ သွားလိမ့်မည်။

“ဒါပေမဲ့ စီနီယာ အစ်မချိန် … ဂိုဏ်းတစ်ရာ မဟာမိတ်က ကျွန်တော်တို့ သတ်လိုက်တဲ့ နယ်ခြား ကျင့်ကြံသူ အရေအတွက်ကို ဘယ်လို သိနိုင်မှာလဲ … ပြီးတော့ အမှတ်တွေကို ဘယ်လို တွက်ပေးမှာလဲ ...” မိုဝူကျီက မေးလိုက်သည်။

ချိန်စုယင်က မေးလိုက်သည်။

“ဒီကျောက်စိမ်းပြားတွေကို အမှတ်တွေ မှတ်ထားဖို့ စစ်မှန်ခြင်း နတ်ဘုရား အဆင့်က အဆင့်မြင့် ကျင့်ကြံသူတွေ ပြုလုပ် ပေးထားတာ။ ဒီအမှတ်တွေက ဝိညာဉ် အမှတ်အသား အခြေအနေအရ မှတ်သား ထားတယ်လို့ ကြားဖူးတယ်။ ရှင်က နယ်ခြား ကျင့်ကြံသူ တစ်ယောက်ကို သတ်လိုက်တာနဲ့ သေသွားတဲ့ နယ်ခြား ကျင့်ကြံသူရဲ့ ဝိညာဉ် အမှတ်အသား အချက်အလက်ကို ကျောက်စိမ်းပြားက မှတ်ထားပြီးတော့ ရမှတ် ထုတ်ပေးမှာ … ရန်သူက အားကောင်းလေလေ ဝိညာဉ် အမှတ်အသားက ပိုထင်ရှားလေလေ ဆိုတော့ ရမှတ်လည်း ပိုများ လေလေပေါ့ ... ”

မိုဝူကျီက လက်ကို ဖုန်ခါလိုက်ပြီးတော့ သူ့ဘာသာ တွေးမိလိုက်သည်။

ဘယ်လောက်‌တောင် ကြီးကျယ်လိုက်တဲ့ နေရာလဲ ...

အဆင့်တက်ဖို့ရန် သူက ကောင်းကင်ဖွေရှာ နန်းတော်မှ အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်းကို သုံးဖို့ လိုအပ်နေသည်။ ပေးချေငွေ အတွက် စိတ်စွမ်းအင် ကျောက်တုံးများ အစား အထောက်အကူပြု အမှတ်များလည်း လိုအပ်နေသည်။

မိုဝူကျီက ကြိုးစားကြည့်ရန် စိတ်အား ထက်သန် နေသည်ကို မြင်၍ ချိန်စုယင်က ရယ်ချင်စိတ်ကို ချိုးနှိမ် လိုက်ရသည်။ သူက နယ်ခြား ကျင့်ကြံသူကို သတ်ပြီး အမှတ်ရဖို့က အလွယ်လေးလို့များ တွေးနေတာလား ... ထိုမျှ လွယ်ကူနေလျှင် အင်ပါယာ ငါးခုလုံးက ထိုသို့ ရှုပ်ထွေးသည့် အခြေအနေ အထိ ရောက်လာမည် မဟုတ်ပေ။

ကားပျံက အန်ယန်းမြို့သို့ ဆင်းသက်လာသည့် အခိုက်အတန့်တွင် ကျင့်ကြံသူ နှစ်ယောက်က သူ့တို့ကို မေးခွန်း လာထုတ်လေသည်။ ကျင့်ကြံသူ နှစ်ယောက်က ချိန်စုယင်၏ ကြော့ရှင်းလှပသော မျက်နှာကို တွေ့လိုက်ရသည့် အချိန် သူတို့ ရောက်ရှိလာသည့် အကြောင်းအရင်း ကိုပင် မေ့လျော့မတတ် ဖြစ်သွားကြသည်။

ချိန်စုယင်က သူမ ကျောက်စိမ်းပြားကို ထုတ်ယူပြီး မေးလိုက်သည် …

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ တပည့်က သတင်း လာပို့တာပါ။ မဟာမိတ် ယာယီစခန်းက ဘယ်မှာလဲ ဆိုတာ သိလို့ရမလား … ”

ကျင့်ကြံသူ နှစ်ယောက်က ထိုသူသည် ကောင်းကင်ဖွေရှာ နန်းတော်၏ တပည့်ဖြစ်ကြောင်း သတိပြုမိ သွားလေသည်။ အကယ်၍ သူမသာ ဒေါသ ထွက်သွားလျှင် သူတို့သည် မည်သို့ သေဆုံး သွားမည်မှန်း သိလိုက်မည် မဟုတ်ပေ။

“စီနီယာတို့ … မဟာမိတ် ယာယီစခန်းက အန်ယန်း နန်းတော်မှာပါဗျ။ ဒီနေ့ အမှတ်ပေး ဇယားမှာ နံပါတ် ၂၃ ချိတ်နေတဲ့ စီနီယာ ယင်ခုက အန်ယန်းကို ဖြတ်သွားမှာ ဆိုတော့ ရှင်းဟန် အင်ပါယာရယ်၊ မီးတောက်ဂိုဏ်းရဲ့ ခေါင်းဆောင် ချန်းကျန့်ယန်တို့က သူ့နောက် လိုက်ပါ သွားကြပါတယ် …”  ကျင့်ကြံသူ တစ်ယောက်က ချိန်စုယင်၏ အလှတရားတွင် မျောရင်း အသေးစိတ် ရှင်းပြလိုက်သည်။

ချိန်စုယင်က ထပ်မေးလိုက်သည်...

“ငါ့ကောင်းကင်ဖွေရှာ နန်းတော်မှာ တာဝန်ကျနေတာ ဘယ်စီနီယာလဲ … ”

ယခင် ဖြေခဲ့သည့် ကျင့်ကြံသူက ထပ်ဖြေလိုက်သည် ...

“ကောင်းကင်ဖွေရှာ နန်းတော်ကို တာဝန် ယူထားတာ စီနီယာနီနန်ပါ … သူက ယာယီစခန်းမှာ ရှိလောက်ပါတယ်ဗျ ...”

ချိန်စုယင်က ခေါင်းညိတ်ပြကာ ထိုသည်က ပုံမှန်ဖြစ်ကြောင်း တွေးမိလိုက်သည်။ သူမက ယင်ခုသည် မည်သူ ဖြစ်ကြောင်း မသိပေ။ အကြောင်းမှာ သူက အန်ယန်းကို ဖြတ်သွားတာ ဖြစ်သည့်အတွက် သူ့အား ကောင်းကင်ဖွေရှာ နန်းတော်မှ ကိုယ်တိုင်လိုက်ပါ စောင့်ရှောက် ရအောင်တော့ အရည်အချင်း မပြည့်မီသေးပေ။

***

All Chapters