← Chapters

ဝူရှောင်းသောင့်ဇာတ်လမ်း (၁) အချိန်ကိုက်ဖြစ်ခြင်း

Vol. 166 Ch. 2311

ဝူရှောင်းသောင့်ဇာတ်လမ်း (၁) အချိန်ကိုက်ဖြစ်ခြင်း

Vol. 166 Ch. 2311

ထိုကြမ္မာငင်သောနေ့တွင် ရှီမာယူယူသည် သတင်းများစွာ ဆက်တိုက်ရရှိ ခြင်းကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည်။

သူမ မနက်နိုးသည့်အခိုက်တွင် စတင်အန်တော့သည်။ အတွေ့အကြုံအရ သူမ ကိုယ်ဝန်ရှိနေသည်ကို ခံစားမိလိုက်သည်။

သူမသည် သတင်းကို ဝူလင်းယူကို ပြောပြရန်ပင်အချိန်မရှိလိုက်ပေ။ ဟော်ရှီပြန်လာပြီး မင်္ဂလာနယ်မြေတွင် တစ္ဆေလေးနှင့်တွေ့ခဲ့ကြောင်းပြောကာ သူမနှင့်အတူပြန်လာသဖြင့် ယခုအချိန်တွင် အတူရှိနေကြောင်းပြောပြလေ၏။

ရွှမ်ချုံးဟော်၏ ရင်းနှီးနေသောမျက်နှာနှင့် မရင်းနှီးသော မျက်နှာထား၊ ထိုးဖောက်မြင်နေရသောခန္ဓာကိုယ်တို့မှာ သူမ၏ကိုယ်ဝန်သတင်းထက်ပင် ပို သာလွန်နေခဲ့သည်။ သူမမှာ ထိတ်လန့်လွန်းကာ ကိုယ်ဝန်အကြောင်းကိုပင် မေ့လျော့သွားလေသည်။

ထို့နောက် ဝူချီယောင်ပြန်လာကာ မရဏာလောကမှ ကိစ္စများကို ဖြေရှင်း ပြီးလုနီးပါးဖြစ်သဖြင့် သူမကို လာတွေ့ကြောင်း ပြောလေသည်။ တစ်ချိန်တည်း မှာပင် သူသည် သတင်းတစ်ခုယူလာသည်။ မူစစ်သည် လွန်ခဲ့သည့် ၁၀ နှစ် ကျော်က စမ်းသပ်မှုနှင့် ဘေးဒုက္ခများကိုကျော်ဖြတ်ရန် ရွေးချယ်ခဲ့သည်။

မရဏာလောကမှ လူတစ်ယောက်အနေနှင့် စမ်းသပ်မှုနှင့် ဘေးဒုက္ခများ ကို ကျော်ဖြတ်ကာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။ သို့သော် မူစစ်မှ စမ်းသပ်မှုနှင့် ဘေးဒုက္ခများကို ကျော်ဖြတ်သည်ဆိုသည့်သတင်းမှာ သူမကို အံ့ဩစေတုန်းပင်။

သို့သော် ထိုအရာသည် သူ့အတွက်ကောင်းသောအရာဖြစ်သည်။ ပြီးခဲ့ သည့် အဖြစ်အပျက်မှစပြီး သူသည် အလွန်ဆိတ်ငြိမ်သွားခဲ့သည်။ ဤစမ်းသပ်မှု များနှင့် ဘေးဒုက္ခကိုဖြတ်ကျော်ပြီးလျှင် သူ့စိတ်အတွက် ပိုကောင်းသည့် ကျင့်စဉ်ဖြစ်လာနိုင်သည်။

သားအမိနှစ်ယောက် အတန်ကြာအောင်စကားပြောပြီးနောက်တွင် ဝူလင်းယူသည် ဝူရှောင်းသောင့်၏ သူငယ်ချင်းလေးများနှင့်အတူ ဂုဏ်သရေရှိ သည့် မျက်နှာထားနှင့်ပြန်လာသည်။

ကလေးနှစ်ယောက် ဒဏ်ရာရလာခဲ့သလို သူတို့၏မျက်နှာပျက်နေရာ ရှီမာယူယူလည်း စိတ်မကြည်နိုင်တော့ပေ။

“တောင်းပန်ပါတယ် ကျွန်မတို့ရှောင်းသောင့်ကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး” မိန်ကလေးတစ်ယောက်သည် တောင်းပန်စွာဖြင့် ပြောလေ သည်။

“ဘာဖြစ်ခဲ့တာလဲ” ရှီမာယူယူသည် အနည်းငယ်မူးဝေသွားသဖြင့် ဟော်ရှီ သွားတွဲပေးလေသည်။

“ရှောင်းသောင့်ပျောက်သွားတယ်” နောက်ကောင်လေးတစ်ယောက်ပြော လေသည် “အဲတုန်းက ကျွန်တော်တို့ ရတနာလိုက်ရှာနေတာ ပြီးတော့ ရုတ်တရက်ကြီး မိုးပေါ်က မိုးကြိုးသွားကျလာတော့ လေဟာနယ်က ကွဲသွား တယ်.. ရှောင်းသောင့်က အဲဘေးမှာရှိနေတာဆိုတော့ ကွဲသွားတဲ့လေဟာနယ် ထဲကိုကျသွားတယ် ပြီးတော့… ပျောက်သွားတာပဲ”

“ဘာ” ရှီမာယူယူသည် ထိုသတင်းကြားပြီးနောက် မူးဝေသွားတော့၏။ ထပ်ပေါင်းပြောရလျှင် သူမသည် ကိုယ်ဝန်အစောပိုင်းကာလဖြစ်သဖြင့် ခန္ဓာ ကိုယ်မှာ အနည်းငယ်အားနည်းနေရာ မတ်တတ်ပင်မရပ်နိုင်ပေ။ ဝူချီယောင်နှင့် ဟော်ရှီတို့သည်  အမြန်ပင်သူမကိုတွဲပြီး ကုလားထိုင်ပေါ်ထိုင်ခိုင်းရသည်။

သူမ ထိုင်လိုက်သည်နှင့် စတင်အန်တော့သည်။ အန်သည်မှာ လေချဉ်ရည်များပါ ပါသည်။

ဝူလင်းယူသည် အပြန်ရောက်လာပြီး သူမ၏ကျောပြင်ကိုပုတ်ပေးကာ ပြောလေသည် “စိတ်မပူနဲ့ ကိုယ်ရှောင်းသောင့်ရဲ့ အသက်ကျောက်စိမ်းကိုကြည့် ပီဲးပြီ အက်ရာနည်းနည်းရှိပေမဲ့ မကျိုးသေးဘူး.. ဆိုလိုတာက သူမက အဆင် ပြေနေတာပဲ”

ရှီမာယူယူသည် လက်ထောက်လေးနှင့် ပြောခဲ့သည့် စကားများကို ပြန် အမှတ်ရမိသည်။ ဝူရှောင်းသောင့်တွင် ဘေးဒုက္ခကြီးရှိနေပြီး ထိုအချိန်၌ ထိုလူ ၏ ကံကိုဖတ်မရသဖြင့် စိတ်ထဲစွဲပြီး စိုးရိမ်ရန်မလိုကြောင်းကို ပြောခဲ့သည်။

ဖြစ်မလာသေးသည့်ကိစ္စဖြစ်သည့်အလျောက် သူတို့သည် ထိုလူကိုအရင် က ရှာမရခဲ့ပေ။ ထို့ကြောင့် ကံကြမ္မာဖတ်ရာတွင် ဘာမှမတွေ့ခဲ့ပေ။ ယခု ဤ ကဲ့သို့ဖြစ်လာရာ ရှာရန်မခက်ခဲလောက်ပေ။

“လင်းယူ နတ်ဘုံကလူတွေကို သူတို့ကိုရှာပေးဖို့ ပြောလိုက်ပါ ယောင်ယောင် မင်းက မရဏာလောကက လူတွေကိုရှာခိုင်းလိုက်..ငါ ခဏနေ အဘိုးတို့ကိုဆက်သွယ်ပြီးတော့ တစ္ဆေလောကကို လူလွှတ်လိုက်မယ် သူမ ဘယ်တိုက်ကိုသွားသွား ရှာတွေ့နိုင်တယ်” ရှီမာယူယူသည် တည်ငြိမ်စွာ ပြော လေသည်။

“ဟုတ်ပြီ အခုပဲသွားစီစဉ်လိုက်မယ် အဲကိစ္စကိုစိတ်မပူနဲ့တော့” သူမ၏ တုံ့ပြန်မှုနှင့် အန်နေခြင်းတို့မှာ ဝူရှော်ငးသောင့်၏ သတင်းကြောင့်ဖြစ်လိမ့်မည် ဟု ဝူလင်းယူထင်ထားသည်။

ရှီမာယူယူခေါင်းလှည့်ကာ အကြိမ်အနည်းငယ်အန်သည်။ သို့သော် သည် တစ်ကြိမ်တွင် လေချဉ်ရည်မအန်ဘဲ လေသာတက်လေသည်။

“အမေ မမကြီးကိုစိတ်မပူပါနဲ့ သူမရဲ့ခန္ဓာကိုယ်မှာ အသက်ကယ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတာဆိုတော့ အဆင်ပြေမှာပါ” ရှီမာယူယူ အန်ပြီး နောက် မသက်မသာခံစားနေရသည်ကို ဟော်ရှီမြင်သောအခါ မျက်လုံးထဲတွင် မျက်ရည်များဝဲတက်လာသည်။

“ဘာမှမဖြစ်ဘူး ကိုယ်ဝန်ရှိနေရုံတင်ပဲ.. သွားကြတော့” ရှီမာယူယူသည် ဝူလင်းယူနှင့် ဝူချီယောင်ကို လက်ခါပြလေသည်။

ဝူလင်းယူနှင့် ဝူချီယောင်တို့သည် နေရာ၌ပင် မှင်တက်နေကြလေသည်။ သူမက တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား။ ယခုအခါ သူတို့ ထွက်မသွားကြ တော့ပေ။ မူလအစက ကိစ္စများအားလုံးကို သွားစီစဉ်မည်ဖြစ်သော်လည်း ယခု အခါတွင် လူများကိုခေါ်ပြီး ညွှန်ကြားချက်များပြုလုပ်တော့သည်။

ဝူရှောင်းသောင့်၏ တည်နေရာကို မသိရရုံဖြစ်ကာ လက်ရှိအခိုက်အတန့် တွင် အန္တရာယ်ကြီးထဲရောက်မနေပေ။ ရှီမာယူယူ၏ ကိုယ်ဝန်နှင့်ယှဉ်လျှင် အရေးကြီးလှသည်မဟုတ်သေးပေ။

မည်သို့ပင်ဖြစ်စေကာမူ သူမ၏ ကံကြမ္မာအဆုံးတွင် တခြားသူများကိုပါ ကံဆိုးအောင် လုပ်နိုင်လိုက်သည်။ သူမသည် ဒဏ်ရာအနည်းငယ်ရရုံမှလွဲပြီး တခြားဘာမှမဖြစ်နိုင်ပေ။

ဝူရှောင်းသောင့်သည် သူမ၏ဖခင်နှင့်မောင်လေးဖြစ်သူတို့၏ အတွေးကို မသိပေ။ သူမ သိသည်မှာ ဤတစ်ကြိမ်တွင် ကံဆိုးသွားကာ လေဟာပြင် အက်ကွဲကြောင်းထဲသို့ ကျသွားခဲ့သည်။

ရေးကြီးသည့်အခိုက်အတန့်တွင် ဟေးဒီးစ်သင်ပေးထားသည့် သူမကိုယ် သူမ ကာကွယ်သည့်နည်းလမ်းကို ထုတ်သုံးလိုက်သည်။ လေဟာနယ်အက်ကွဲ ကြောင်းထဲတွင် မည်မျှကြာအောင်နေရမည်ကို မသိသေးသလို မည်သည့် အပေါက်ထဲသို့ကျသွားသည်ကို မသိရပေ။ သူမ သိသည်မှာ သူမထွက်လာပြီး နောက် ဝိညာဉ်စွမ်းအားမသုံးနိုင်ခဲ့ပေ။ ပိုအရေးကြီးသည်မှာ မီတာ ၁၀,၀၀၀ မှ အရှိန်အဟုန်ဖြင့် အောက်သို့ကျခဲ့ခြင်းဖြစ်သည်။

“ပြီးသွားပြီ ပြီးပြီပဲ ဒီတစ်ခါတော့ ငါ တကယ်သေပြီ” သူမသည် စိတ်ထဲမှ ညည်းတွားမိသည်။

အသားများကြေမွနေသည်ကို မမြင်ချင်သဖြင့် အနည်းဆုံးတော့ သူမ ကိုယ်သူမ ကာကွယ်နိုင်ရန်မျှော်လင့်ရင်း ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ဆက်တိုက်ရွှေ့လျားနေခဲ့သည်။

သူမ မမြင်သည်မှာ သူမကျသွားသည့်နေရာအောက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲဖြစ်နေသည်။ သူတို့သည် ဝိညာဉ်စွမ်းအားမသုံးဘဲ ရှေးအကျဆုံး နည်းလမ်းဖြင့် တိုက်ခိုက်နေကြသည်။ လူအနည်းငယ်သည် လေထဲတွင် ပျံနိုင် ရုံမျှဖြစ်သော်လည်း တိုက်ပွဲတွင်ဝင်ပါကြသည်။

တိုက်ပွဲသည် ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေကာ လူတစ်ယောက် လုံး မိုးပေါ်မှကျလာသည်ကိုပင် မည်သူမှသတိမထားမိကြပေ။

“ဖူမင်ရှောက် မင်း သေတဲ့ထိတိုက်ခိုက်နေဖို့မလိုပါဘူး မင်းရဲ့စစ်တပ်နဲ့ အတူ လက်နက်ချလိုက်သင့်ပြီ” မြင်းပေါ်ထိုင်နေသော မုတ်ဆိတ်နှင့်လူကြီး သည် အသက် ၂၀ အရွယ်ရှိသည့် အမျိုးသားလေးကိုကြည့်ပြီး နှာမှုတ်လေ သည် “မင်းလက်နက်ချရင် ငါ ဧကရာဇ်ကိုတင်ပြပြီး မင်းအသက်ကိုကယ်ပေး မယ်.. ပြီးတော့ မင်းက အရှေ့ချီတိုင်းပြည်ရဲ့မင်းသားလည်းဖြစ်နေတာဆိုတော့ ဘုရင်က မင်းကိုပြန်ထုတ်ဖို့ အကြောင်းပြချက်တချို့တော့ ပေးမှာပဲ”

ဖူမင်ရှောက်သည် ဒဏ်ရာရထာသော်လည်း မြင်ပေါ်တွင် အခိုင်အမာပင် ရပ်နိုင်သေးသည်။ တစ်ဖက်လူမှ စကားများကိုကြားသောအခါ သူ နှာမှုတ်လိုက် သည် “မင်းက ငါ့ရဲ့ အင်အား ၂၀,၀၀၀ ကို လူ ၁၀၀,၀၀၀ နဲ့လာတိုက်တာ.. ဟွန့် ဒီလိုယုတ်မာတဲ့နည်းလမ်းနဲ့မှပဲ တစ်မြေတည်းရပ်နိုင်တာလေ.. ပြောပါဦး ဒီ မင်းသားကို အညံ့ခံအောင်လုပ်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ”

အနာပေါ်တုတ်ကျသွားသဖြင့် ထိုလူသည် ဖူမင်ရှောက်၏ စကားများ ကြောင့် အထိနာသွားသည်။ သူ နှာမှုတ်လေသည် “မင်းရဲ့ တပ်ကူတွေကို တားထားတယ် မင်းကိုလာကယ်မယ့်သူရှိလိမ့်မယ်လို့ မထင်လိုက်နဲ့.. မင်းက ကမ်းလှမ်းတဲ့သေရည်ကို ငြင်းမှတော့ အပြစ်ပေးတဲ့သေရည်ပဲသောက်ရတော့ မယ်”

မုတ်ဆိတ်နှင့်လူသည် ပြင်ဆင်ထားသကဲ့သို့ တိုက်ခိုက်မှုများ ပိုပြင်းထန် လာသည်။ ဖူမင်ရှောက်ကို သတ်နိုင်သရွေ့ သူတို့ဤတိုက်ပွဲတွင် အနိုင်ရမည်။

“အား…” သူတို့အပေါ်မှ အော်သံတစ်သံထွက်လာပြီး ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ မုတ်ဆိတ်မွေးလူနှင့် သူ၏ကံဆိုးသော စစ်မြင်ငးတို့သည် ထိုအသားအစိုင်အခဲပုံရိပ်ကြောင့် ကြေမွသွားတော့သည်။

အားလုံးသည် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် မှင်တက်သွားကြ သည်။ နှစ်ဖက်လုံးမှ စစ်သားများသည် ချိုင့်ဝင်သွားသော အပေါက်ကိုသွား ကြည့်မိကြသည်။

ချိုင်းအတွင်းတွင် မြင်းခေါင်းနှင့် စစ်သူကြီးတို့၏ခေါင်းမှာ မျက်လုံးပြူးနေ ကာ ဝမ်းနည်းကြေကွဲစွာဖြင့် သေဆုံးသွားကြလေသည်။

ပြိုင်ဘက်၏စစ်သူကြီးမှာ ထိုအတိုင်းသေဆုံးသွားပြီဖြစ်ရာ ဖူမင်ရှောက် ၏ ဘေးမှစစ်သူကြီးသည် စစ်မြေပြင်တစ်ခုလုံးကိုအော်လိုက်သည် “မင်းတို့ စစ်သူကြီးသေသွားပြီ အညံ့ခံတဲ့သူကို သက်ညှာပေးမယ်”

သူ့တွင် နက်ရှိုင်းသည့်အတွင်းအားရှိနေပြီ အသံမှာလည်း စစ်မြေပြင် တစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။

“မင်းသား ၆ ဒါက…”

ဖူမင်ရှောက်နှင့် သူ့နားမှလူများသည် မြေပေါ်မှ အဖြူရောင်ဝတ်ထား သည့် မိန်းကလေးကိုကြည့်ပြီး မည်သို့အခြေအနေဖြစ်နေသည်ကို သိချင်နေကြ သည်။

မိုးပေါ်ကနေ ဘယ်လိုလုပ် လူတစ်ယောက်ပြုတ်ကျလာတာလဲ။ ပြီးတော့ သူမက စစ်သူကြီးနဲ့စစ်မြင်းကို အသားတုံးဖြစ်အောင်လုပ်လိုက်ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကတော့ လုံးဝအကောင်းကြီးအတိုင်းပဲ။

အရာအားလုံးသည် ထူးဆန်းလွန်းသည်။

ဝူရှောင်းသောင့်သည် မြေကြီးပေါ်တွင် ခေတ္တမျှလှဲလျောင်းပြီးနောက် ရုန်းထကာ သူမ၏တင်ပါးကိုပွတ်ပြီး ပြောလေသည် “ကံကောင်းလို့ နောက်ဆုံး အချိန်မှာ ဝိညာဉ်စွမ်းအားစုပြီး ခန္ဓာကိုယ်ကို ကာလိုက်နိုင်လို့.. မဟုတ်ရင် ငါ တကယ်သေသွားနိုင်တယ်.. ဟေး မင်းတို့က ဘယ်သူတွေလဲ”

ထိုအခါမှပင် သူမဘေးနားတွင် လူအများအပြားရှိနေသည်ကို သတိထား မိတော့သည်။ သူမ ခေါင်းမော့လိုက်ချိန်တွင် သူမ၏ စပ်စုတတ်သောမျက်လုံး များနှင့် ဖူမင်ရှောက်၏ နက်ရှိုင်းသောအကြည့်များနှင့် ဆုံမိသွားလေသည်။

All Chapters