← Chapters

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၃) သူမက ရှင့်ရဲ့ချစ်သူလား

Vol. 166 Ch. 2313

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၃) သူမက ရှင့်ရဲ့ချစ်သူလား

Vol. 166 Ch. 2313

ဝူရှောင်းသောင့်၏ ကျောပြင်ကိုကြည့်ပြီး သိမ်းငှက်များသည် အော်မိကြ လေသည် “အားကောင်းပြီးပေါ့ပါးလိုက်တဲ့ ခြေထောက်သိုင်းပါလား”

ဤနေရာမှ တောင်ကြားထိ ဝေးကွာလွန်းသည်။ သာမန်လူများသည် တစ်ခါတည်း မပျံနိုင်ကြပေ။ အလယ်တွင် ကြားခံတစ်စုံတစ်ရာရှိမှဖြစ်မည်။ သို့သော် သူမသည် ထိုအတိုင်းပျံသွားခဲ့သည်။

မူစစ်သည် အနောက်မှအန္တရာယ်ကို ခံစားမိသော်လည်း ရှေ့တွင်လည်း လူဝိုင်းခံနေရကာ အနောက်မှလူများကို ဖြေရှင်းရန်အင်အားမရှိတော့ပေ။ သည် တစ်ကြိမ်တွင် အဆုံးသတ်ပြီဟု တွေးလိုက်ချိန်မှာပင် သူ့အနောက်မှ ပေါက်ကွဲ သံကြားလိုက်ရပြီး လူတစ်ယောက်မှ တစ်ခုခုကို တိုက်ခိုက်သည်မှာ သေချာလှ သည်။

“စွက်”

ဓားရှည်နှင့် လည်ပင်းကိုထိုးလိုက်သည့်အသံတစ်သံ အနောက်မှထွက် လာသဖြင့် မူစစ်လှည့်ကြည့်ရာ မိန်းကလေးတစ်ဦးသည် သွေးများပေကျံနေ သည့် ဓားကိုဝှေ့ယမ်းပြီး တိုက်ခိုက်လာသောလူနှစ်ယောက်ကို သတ်နေသည် ကို တွေ့လိုက်ရသည်။

ဒီမိန်းကလေးက ဘယ်သူလဲ။ သူ့ကိုဘာလို့ကူညီတာလဲ။

မူစစ်သည် ခေတ္တမျှတွေဝေသွားချိန်တွင် သူမသည် သူ့ပခုံးကိုကိုင်ဆွဲကာ ဘယ်ဘက်မှ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

“တောင့်ခံနိုင်သေးလား” မူစစ်သည် ဒဏ်ရာများဖြင့်ပြည့်နေသည်ကို ဝူရှောင်းသောင့်မြင်နေရသည်။ သူမ၏စိတ်များ ဒေါသထွက်လာသည်။ သူမ သည် ဓားရှည်ကိုဝှေ့ယမ်းပြီး ပတ်ပတ်လည်မှလူများအားလုံးကို သတ်လိုက် သည်။ ပြီးနောက် မူစစ်၏ခါးကိုကိုင်ပြီး ခုန်ကာ ဖူမင်ရှောက်ဆီသို့ ပျံသွားလိုက် သည်။

သူမ၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းကာ သူမနှင့်မူစစ်တို့ မြေပေါ် ပြန်ကျချိန်မှာပင် အားလုံး တုံ့ပြန်နိုင်ကြလေသည်။

ဖူမင်ရှောက်သည် လေးရှည်တစ်ချောင်းကိုင်ကာ လက်ကိုဆန့်ထုတ် လိုက်၏။ သူသည် ဆန့်ကျင်ဘက်ဦးတည်ရာကို ချိန်ရွယ်ကာ မြှားရှည်တစ် ချောင်းပစ်လွှတ်လိုက်သည်နှင့် တစ်ဖက်မှလူများသည် စစ်သူကြီးဟု ဆက်တိုက်ခေါ်နေကြပြီး အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြလေသည်။

သိမ်းငှက်အဖွဲ့မှတချို့သည် တောင်တွင်နေခဲ့ပြီး မျက်နှာချင်းဆိုင်ဘက် သို့ မြှားများပစ်လွှတ်ပြီး တချို့သည် ရန်သူသတ်ရန် ဆင်းသွားကြသည်။ သူတို့ ၏ စစ်သူကြီးကျသွားသည်နှင့် ဤဘက်မှတပ်ကူများလည်းထပ်ရောက်လာ သဖြင့် ရန်သူများသည် အလျင်အမြန်တပ်ဆုတ်ကြသည်။

မူစစ်သည် ဒဏ်ရာအပြင်းအထန်ရထားကာ သွေးထွက်လွန်နေသဖြင့် ခြေကုန်လက်ပန်းကျနေပြီဖြစ်၏။ သူ ဖူမင်ရှောက်ဆီသို့ရောက်လာချိန်တွင် စိတ်လျော့လိုက်သည့်အလား မြေပေါ်သို့ပုံကျသွားသည်။

“ဟေး မူစစ် အဆင်ပြေရဲ့လား” ဝူရှောင်းသောင့်သည် သူ့ကိုတွဲထူပြီး ထိုင်ခိုင်းသည်။ သူ သတိလစ်တော့မည့် အခြေအနေကိုမြင်သောအခါ သူ့ မျက်နှာကိုရိုက်ပြီး ဒဏ်ရာများကို ကုသရန် ဆေးတိုက်လိုက်သည်။

ကံကောင်းစွာပင် မှော်ဝင်လက်စွပ်မှာ အလုပ်ဖြစ်နေသေးသည်။

မူစစ်သည် ဆေးသောက်ပြီးသည်နှင့် ခန္ဓာကိုယ်မှာ လျင်မြန်စွာ သက်သာ လာသည်။ သူသည် ဝူရှောင်းသောင့်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “မင်း ငါ့ကိုသိလို့လား”

“ကျွန်မကိုမသိတော့ဘူးလား” ဝူရှောင်းသောင့်သည် သူ့မျက်လုံးထဲမှ ထူးဆန်းမှုများကိုကြည့်ပြီး မျက်တောင်ခတ်လိုက်သည်။

“ငါ မင်းကို အရင်ကမမြင်ဖူးဘူး.. ဘယ်လိုလုပ်သိမှာလဲ၊ မင်းက တပ်သား အသစ်လား” မူစစ်သည် နားမလည်နိုင်ဖြစ်နေသည်။ ဖူမင်ရှောက်မှ တပ်သား အသစ်ခေါ်ယူသည်ကိုလည်း မကြားခဲ့ပေ။

ဖူမင်ရှောက်သည် မြှားပစ်ပြီးနောက် လျှောက်လာရာ သူတို့နှစ်ယောက် ပြောသည့်စကားများကို ကြားပြီးနောက် ပို၍ပင်နားမလည်နိုင်ဖြစ်နေသည်။

“မင်းက မူစစ်ကိုသိလို့လား” သူ ဝူရှောင်းသောင့်ကို မေးလိုက်သည်။

“သိတယ် ကလေးဘဝကတည်းက တစ်ယောက်နဲ့တစ်ယောက်သိလာ တာ” ဝူရှောင်းသောင့် ပြောလိုက်သည် “ဒါပေမဲ့ အခု သူက ကျွန်မကိုမသိတော့ တဲ့ပုံပဲ”

“မူစစ်က မူမိသားစုရဲ့ အကြီးဆုံးသားပဲ သူက မြို့တော်မှာကြီးပြင်းခဲ့ပြီး ကလေးဘဝကတည်းက ငါ့ဘေးမှာရှိလာတာ.. သူက မင်းလိုလူမျိုးကို ဘယ်တုန်းကသိလိုက်တာလဲ ငါမသိဘူး” ဖူမင်ရှောက် ပြောလေသည်။

ဝူရှောင်းသောင့် မျက်တောင်ခတ်ကာ မူစစ်၏လက်ကိုဆုပ်ကိုင်ကာ ခဏ ကြာသောအခါ လွှတ်ပြီးပြောလိုက်လေသည် “ကျွန်မ အာရုံကမှန်ပါတယ် ဒါပေမဲ့…”

မူစစ်သည် ဤကဲ့သို့ စမ်းသပ်ခြင်းနှင့် ဒုက္ခအတိလမ်းကို ရွေးချယ်လိမ့် မည်ဟု သူမ ထင်မထားပေ။

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ကျွန်မ သူ့ကိုသိတယ် ဒါပေမဲ့ သူကတော့ ကျွန်မကိုမသိတော့ဘူး ဟူး” ဝူရှောင်းသောင့်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။

သူမ မူစစ်ကိုတွေ့စဉ်က သူ့ဆီမှ ဤနေရာအကြောင်းကို သိရလိမ့်မည်ဟု ထင်ထားသည်။ သူ ပြီးခဲ့သည့်ကိစ္စများကို မေ့သွားလိမ့်မည်ဟု မည်သူထင်ထား မည်နည်း။

ဖူမင်ရှောက် မေးချင်နေသည်ကိုကြည့်ပြီး သူမ လျင်မြန်စွာပြောလိုက် သည် “ကျွန်မကို မမေးနဲ့တော့ အခုဘာမှပြောမှာမဟုတ်တော့ဘူး”

သူမ အသာမျက်မှောင်ကြုတ်လိုက်သည်ကိုကြည့်ပြီး ဖူမင်ရှောက်သည် အရိုက်ခံလိုက်ရသည့်အလား အရင်ကလို လျစ်လျူမရှုနိုင်တော့ပေ။ သူမကို ထို ပုံစံအတိုင်းမြင်ရသည်မှာ အမှန်အတိုင်းပြောလိမ့်မည်မဟုတ်ကို သူသိသည်။

မူစစ်သည် ဆေးသောက်ပြီးနောက် လျင်မြန်စွာပြန်ကောင်းလာသည်။ အစောလေးကတင် သူသည် သေတော့မည့်အတိုင်းဖြစ်နေသည်။ သို့သော် ယခု အခါ အားအပြည့်ဖြစ်သွားပြန်သည်။ ဖူမင်ရှောက်သည် အောက်မှအခြေအနေ ကိုသွားကြည့်သည်ကိုမြင်သောအခါ သူသည် နှစ်ကြိမ်မျှရုန်းကန်ပြီးနောက် ထကာ နောက်မှလိုက်သွားသည်။

ဝူရှောင်းသောင့်သည် မလှုပ်မယှက်နှင့် ထိုနေရာတွင်ထိုင်နေသည်။ သူမ သည် မူစစ်၏မှတ်ဉာဏ်ထဲမှ ရလိုက်သည့် သတင်းကိုပြန်တွေးရန်လိုနေသည်။

ဤတိုက်သည် သာမန်တိုက်ဖြစ်ကာ ကျင့်ကြံခြင်းများမရှိကြပေ။ ဤနေရာမှလူများသည် ကိုယ်ခံပညာကိုသာသိကြကာ ဝိညာဉ်စွမ်းအင်များကို မကျင့်ကြံကြပေ။ သူမ၏လက်ရှိအခြေအနေနှင့် သူမသည် ဤနေရာတွင် ထိပ်တန်းအဆင့်ဖြစ်သည်ဟု ယူဆ၍ရသည်။

သူမ၏ အသက်မှာလုံခြုံသည်ကို သိပြီးနောက်လည်း မပျော်နိုင်သေးပေ။ သူမ၏ အင်အားများပြန်ရပြီး လေဟာနယ်ကိုထိုးဖျက်ကာ ရှေးဟောင်းတိုက်ကို ပြန်ရန် စဉ်းစားနေရသည်။ မဟုတ်လျှင် မိဘများလာရှာမှပင် တွေ့ရလိမ့်မည်။

သူမ ပျောက်သွားလျှင် မိဘများနှင့် ရှောင်းယောင်ယောင်တို့ လျစ်လျူမရှု နိုင်သည်ကို သူမသိသည်။ ကိုယ်ပိုင်အားသာမလုံလောက်သဖြင့် သူတို့ဤနေရာ ကို ရောက်လာသည်အထိ စိတ်အေးအေးနှင့်စောင့်ရတော့မည်။ ဒီတစ်ခါတော့ အေးအေးဆေးဆေးအနားယူတာပေါ့။

အင်း သူမက ရှောင်းယောင်ယောင်ထက်တော့ ပိုအနားယူခဲ့တာပါလေ။

ပြီးနောက် ဖူမင်ရှောက်သည် မူစစ်လာနေသည်ကိုမြင်သောအခါ အနည်း ငယ်အံ့ဩသွားလေသည်။

“သူမ ငါ့ကိုပေးတဲ့ဆေးတွေက အရမ်းအားကောင်းတယ်” မူစစ် ပြောလေ သည် “ရှောက် သူမကဘယ်သူလဲ ဘာလို့ဒီနေရာကိုရောက်လာတာလဲ.. သူမကို ရန်သူတွေလွှတ်လိုက်တာလား”

သူမသည် အခုလေးတင် သူ့ကိုကယ်လိုက်သော်လည်း ရန်သူများမှ စေလွှတ်သူဖြစ်ပါက သူ..သက်ညှာမည်မဟုတ်ပေ။

“မဟုတ်ဘူး” ဖူမင်ရှောက်သည် အခိုင်အမာပင်ပြောလေသည်။ ဝူရှောင်းသောင့်သည် စစ်သူကြီးကို သေအောင်လုပ်လိုက်ကြောင်း သူ ပြောပြ သည်။

ထိုနာမည်ကျော် စစ်သူကြီးမျိုးဆက်မှာ ထိုအတိုင်းပင် သူမ သတ်သည်ကို ခံလိုက်ရကြောင်း ကြားသောအခါ မူစစ်သည် အလွန်ပင်အံ့ဩသွားကာ ခံစား ချက်ပါပါ ပြောလေသည် “သူ နောက်ဆုံးတော့ ဒီလိုသေသွားလိမ့်မယ်လို့ ထင် မထားဘူး”

သို့သော် သူ စိတ်အေးသွားသည်။ သူသည် သူမကို ရန်သူမှလွှတ်လိုက် သည့်သူမဖြစ်စေချင်ပေမ။

“ဒါပေမဲ့ သူမရဲ့သရုပ်မှန်က မသိရဘူး.. သူမကို ဒီအတိုင်းလွှတ်ထားလို့ မရဘူး” ဖူမင်ရှောက် ပြောလေသည် “ပြီးတော့ သူမ မင်းကိုပေးတဲ့ ဆေးတွေက ကောင်းလွန်းနေတယ် မြို့တော်ကိုပြန်ရောက်ရင် ဝမ်အာကိုကြည့်ခိုင်းတာပေါ့”

“ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ..”

“ဝမ်အာက ဘယ်သူလဲ ရှင့်ရဲ့ချစ်သူလား မူစစ်” ဝူရှောင်းသောင့်၏ အသံ သည် သူတို့နှစ်ယောက်အနောက်မှ ရုတ်တရက်ထွက်လာသည် “ရှင့်ချစ်သူဆို ရင် ကျွန်မသွားကြည့်ရမှာပေါ့”

မူစစ် “….”

ဖူမင်ရှောက် “….”

သုံးလကြာပြီးနောက် ဝူရှောင်းသောင့်သည် မူမင်ရှောက်၏အနောက်မှ ထိုင်ကာ မြင်းပေါ်တွင်လိုက်စီးရင်းနှင့် ဘေးနှစ်ဖက်ရှိ ပြည်သူများက အောင်ပွဲခံ စစ်သည်များကို ကြိုဆိုသည့်ပုံကို ကြည့်နေခဲ့သည်။

သူမ၏ စိတ်စွမ်းအင်မှာ မတိုးတက်လာသေးသော်လည်း လူများ၏ အသံ ကို ရှင်းလင်းစွာကြားရသည် “သူမက ဘယ်သူလဲ မင်းသား ၆ ရဲ့ကိုယ်လုပ်တော် လား.. စစ်သူကြီးဇနီးလား.. စစ်တပ်ထဲမှာ ယောက်ျားသားတွေဒီလောက်များ တာကို ဘယ်လိုလုပ်နေနိုင်ရတာလဲ.. သူမကိုယ်သူမ မချစ်ဘူးလားမသိဘူး” သူမသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့်အကြောင်းအရာများကို တစ်လမ်းလုံး နားထောင်လာရသည်။

အဲလူတွေက အတင်းပြောတတ်လိုက်ကြတာ။ သူမသည် စိတ်ထဲမှ ရေရွတ်မိသည်။

မုန်းတီးသောမျက်လုံးများကို ခံစားမိသဖြင့် ဝေ့ဝဲကြည့်ရာ မိန်းကလေး တော်တော်များများ သူမကိုစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဤသို့ဖြစ် ရသည်မှာ ဖူမင်ရှောက်ကြောင့်လား၊ မူစစ်ကြောင့်လား သူမ မသိပေ။

ဖူမင်ရှောက်နှင့် မူစစ်တို့သည် နန်းတော်ကိုပြန်ပြီး ဘုရင်အား သွားခစား ကြသည်။ ရန်သူဘက်မှစစ်သူကြီးကို သတ်ခဲ့သည့်သူမလည်း ဘုရင်၏ဆင့်ခေါ် စာ စာရင်းတွင်ပါလာသဖြင့် သူတို့နှင့်အတူလိုက်သွားသည်။

တော်ဝင်စာကြည့်စောင်ကို ဝင်ပြီးနောက် ဖူမင်ရှောက်နှင့် မူစစ်တို့ ဒူးထောက်ကြသည်။ သူမသည် သူတို့ဘေးတွင်ရပ်ပြီး ဘုရင့်ကိုကြည့်ကာ ဒူးထောက်ရန် အစီအစဉ်လုံးဝမရှိပေ။

“အတင့်ရဲလိုက်တာ ဘုရင့်ရှေ့မှာတောင် ဒူးမထောက်ဘူးလား” စူးရှသော အသံသည် ဘုရင့်ဘေးမှထွက်လာသည်။

“ကျွန်မမိဘတွေကလွဲရင် ဘယ်သူကမှ ဒူးထောက်ခိုင်းလို့မရဘူး” ဝူရှောင်းသောင့် ထိုစကားများ ပြောလိုက်သည်နှင့် တော်ဝင်စာကြည့်ဆောင်မှ လူများ၏ မျက်နှာထားမှာ ပြောင်းသွားကြလေသည်။

All Chapters