← Chapters

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၆) ကျွန်မနောက်လိုက် ခဲ့ပါ တာဝန်ယူပေးမယ်

Vol. 166 Ch. 2316

ဝူရှောင်းသောင့်၏ဇာတ်လမ်း (၆) ကျွန်မနောက်လိုက် ခဲ့ပါ တာဝန်ယူပေးမယ်

Vol. 166 Ch. 2316

ဝူရှောင်းသောင့်အား မိုးကြိုးချက် ပစ်ချလိုက်သည်ကိုကြည့်ပြီး အားလုံး သည် ကြက်သီးမထဘဲမနေနိုင်ကြပေ။

သူ့ကိုသာ မှန်သွားရင် ချက်ချင်းပဲသေသွားနိုင်တယ် ဟုတ်တယ်မလား။

ဖူမင်ရှောက်သည် နှုတ်ခမ်းကိုသဲ့သဲ့တွန့်ကာ လေထဲမှ ဝူရှောင်းသောင့် မျက်စိတစ်မှိတ်အတွင်း တစ်ခုခုဖြစ်သွားမည်ကို ကြောက်ရွံ့ကာ မျက်တောင် မခတ်ဘဲစိုက်ကြည့်နေသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိလာသည်မှာ သုံးလသာရှိ သေးသော်လည်း သူမသည် သူ့နှလုံးသားအတွင်းထဲသို့ မသိမသာဝင်ရောက်နေ ပြီဖြစ်သည်။ သူမ ထွက်သွားတော့မည်ကို တွေးပြီးနောက် သူ၏မျက်ခုံးများ တွန့်သွားရသည်။

“အရင်တစ်ခေါက်က သစ်ပင်အောက်မှာရှိနေတဲ့ စစ်သည်တစ်ယောက် မုန်တိုင်းကျတဲ့ညတုန်းက မိုးကြိုးအပစ်ခံရလို့သေသွားတာလေ.. ဒါပေမဲ့ သူမ က လေထဲမှာပျံနိုင်သေးတယ်” မူစစ်သည် ခံစားချက်ပါပါပြောလေသည်။

“သူမ ဒဏ်ရာရထားတယ်” ဖူမင်ရှောက်သည် ဝူရှောင်းသောင့်၏ ယိမ်းလွှဲ နေသည့် ပုံရိပ်ကို စိုးရိမ်မှုအပြည့်နှင့် ကြည့်နေသည်။

မူစစ်သည် သူ၏ခံစားချက်များကို သတိထားမိပြီး သူ့အား တအံ့တဩ ကြည့်လေသည် “မင်း…”

ဖူမင်ရှောက် မငြင်းပေ။ သူသည် မူစစ်ကိုကြည့်ရုံသာကြည့်လိုက်ပြီး ဝူရှောင်းသောင့်ဘက်သို့ အာရုံပြန်လွှဲလိုက်သည်။

ဝူရှောင်းသောင့်သည် မိုးကြိုးအပစ်ခံရသဖြင့် တစ်ကိုယ်လုံးနာကျင်နေ သည်။ ခေါင်းပေါ်မှ ဘေးဒုက္ခတိမ်တိုက်များကိုကြည့်ပြီး သူမ၏ ဦးခေါင်းပင် ထုံကျဉ်သွားသည်။

ယခုအခါမှပင် မိခင်ဖြစ်သူ မိုးကြိုးအပစ်ခံရသည့် ခံစားချက်ကို နားလည် သွားတော့သည်။ နောက်တစ်ကြိမ် အမေဖြစ်သူ မိုးကြိုးအပစ်ခံရလျှင် သူမ လှောင်မရယ်တော့ပါဘူး သူမကိုယ်သူမ သစ္စာပြုလိုက်သည်။

….

ကံကောင်းစွာပင် တိမ်တိုက်ဝိညာဉ်သည် သူနှင့် ရှီမာယူယူတို့အကြားမှ ဆက်ဆံရေးကို ဂရုစိုက်သလို အသီးဝိုင်ကြောင့် သူမကို သက်ညှာပေးသည်။ ထို့ကြောင့် သူမကို ထိမှန်သော မိုးကြိုးဘေးဒုက္ခမှာ မများသလို အရမ်းလည်း အားမကောင်းသဖြင့် သူမ အသက်ရှင်သွားသည်။ သို့သော် သူမသည် ကြေမွ ကာ မြေပေါ်သို့ကျသွားကာ အငွေ့များထွက်လာတော့သည်။

သူမသည် သူမအတွက် သတင်းပါးပေးရန် တိမ်တိုက်ဝိညာဉ်ကို သတိပေး လိုက်ချင်သေးသော်လည်း ယခုအချိန်တွင် စကားတစ်ခွန်းမှမပြောနိုင်ရာ တိမ်တိုက်ဝိညာဉ်ထွက်သွားသည်ကိုပင် ကြည့်နေရတော့သည်။

သတင်းပါးပေးနိုင်ဖို့ မျှော်လင့်ပါတယ်..

ဖူမင်ရှောက်သည် သူမဘေးသို့ချက်ချင်းရောက်လာပြီး သူမ ပေးခဲ့သည့် ဆေးများအားလုံး ကျွေးလိုက်သည်။ ဆေးသောက်ပြီးနောက် သူမ၏ခန္ဓာကိုယ် အနည်းငယ် သက်သာသွားသလိုခံစားရသည်။

“ဘယ်လိုနေသေးလဲ” သူသည် သူမကို ပွေ့ဖက်လိုက်ချင်သော်လည်း မီးသွေးကဲ့သို့ မည်းနက်နေသော သူမ၏ ခန္ဓာကိုယ်ကြောင့် ပျာယာခတ်သွားပြီး မည်သည့်နေရာမှ ပွေ့ဖက်ရမည်ကို မသိတော့ပေ။

သူ့မျက်လုံးထဲမှ နာကျင်မှုကိုကြည့်ပြီး ဝူရှောင်းသောင့် မျက်တောင်ခတ် လိုက်သည်။ ဒီလူကြီးက သူမကို အရမ်းဂရုစိုက်နေပါ့လား။

သူမသည် အဆင်ပြေသည်ဟု ပြောလိုက်ချင်သော်လည်း အားအင်မရှိ သဖြင့် သူ့ကိုမျက်တောင်ခတ်ရုံသာခတ်ပြနိုင်သည်။

မူစစ်နှင့် ကိုယ်ရံတော်များရောက်လာပြီး သူမ ယခုလိုမိုးကြိုးအပစ်ခံထား ရသည်ကိုမြင်သောအခါ သူမအား သနားစဖွယ်ကြည့်ကြသည်။

အရေပြားမှာကင်ထားသလိုဖြစ်ပြီး အားလုံးမည်းနက်နေသည်။ သူမ ဒါတွေပြီးသွားရင် အကုန်လုံးကို မျက်နှာပြရဲပါတော့မလား။ အထူးသဖြင့် သူမ သည် မိန်းကလေးဖြစ်သည်။ သည်လိုပုံစံနှင့်ဆိုလျှင် အနာဂတ်တွင် ကောင်းမွန် စွာလက်ထပ်နိုင်မည်မဟုတ်တော့ပေ။

“သွား ရထားလုံးကြီး ပြင်ထားလိုက်” မူစစ်သည် ဘေးနားမှလူများကို ညွှန်ကြားလိုက်သည်။

သူမ၏ ယခုလိုပုံစံအရ လှဲပြီးမှသွားနိုင်လိမ့်မည်။

ရထားလုံးရောက်လာချိန်တွင် ဝူရှောင်းသောင့် အနည်းငယ် သက်သာနေ ကာ အနည်းဆုံးတော့ စကားပြောနိုင်နေပြီဖြစ်သည်။

“အခု အရိုးတွေကျိုးသွားလို့ လှုပ်မရဘူး.. ကျွန်မအတွက် တဲဆောက်ပေး ပါ”

ခန္ဓာကိုယ်တစ်ခုလုံးမှအရိုးများ ကျိုးကြေနေကာ အသားများလည်း လောင်ကျွမ်းထားသည်။ အမှန်တကယ်ပင် နာကျင်လှသည်။ အားလုံးမှာ ထို အရာကိုမြင်နေရသည်။

သူတို့သည် သူမအတွက် အလျင်အမြန်တဲဆောက်ပေးကြသည်။ ထိုမှသာ သူမ မြေပေါ်တွင်လှဲလျောင်း နလန်ထူနိုင်မည်ဖြစ်ပြီး လေဒဏ်၊ နေဒဏ်ခံရ တော့မည်မဟုတ်ပေ။

ဖူမင်ရှောက်သည် အလုပ်များသည့်ကြားမှ ရောက်လာပြီး ဝူရှောင်းသောင့်မှာ မြေပေါ်တွင် လှဲလျောင်းနေပြီး ပျင်းရိစွာဖြင့် ပါးစပ်မှ ပူဖောင်းများမှုတ်နေသည်ကို မြင်သောအခါ သူ မျက်လုံးနှင့်ပြုံးမိသည်။

“သူတို့တွေ ဘယ်ရောက်သွားကြတာလဲ” ဝူရှောင်းသောင့်သည် မျက်လုံး စောင်းပြီး မေးလေသည်။

“သူတို့ကို အရင်ပြန်ခိုင်းလိုက်ပြီ” ဖူမင်ရှောက်သည် ညစ်ပတ်သည် မညစ်ပတ်သည်ကို ဂရုမစိုက်တော့ဘဲ သူမဘေးတွင်ထိုင်ချပြီး ဆက်ပြောလေ သည် “မူစစ်က မင်းကိုလာနှုတ်ဆက်ချင်နေတာ ဒါပေမဲ့ ဝမ်အာက နေမကောင်းသေးလို့ သူတို့ကို အရင်ပြန်နှင့်ခိုင်းလိုက်တယ်.. တခြားသူတွေက တော့ အပြင်မှာစောင့်ကြပ်နေကြတယ်”

ရုတ်ရုတ်သဲသဲဖြစ်သွားရာ သေချာပေါက် လူအများစုံစမ်းလာမည်ဖြစ် သည်။ သူမ နလန်ထူရန် တိတ်ဆိတ်သည့်ပတ်ဝန်းကျင်ပေးရန် သေချာ လုပ်ရ မည်။

“ကျွန်မ သက်သာလာရင် ဝမ်အာကို သွားစစ်ကြည့်လိုက်မယ် ဒါပေမဲ့ သူမ အဆင်ပြေမှာပါ” ဝူရှောင်းသောင့် ပြန်ဖြေလေသည်။

“မင်းကရော တကယ်ပဲ သမားတော်မလိုဘူးလား” ဖူမင်ရှောက်မေးလိုက် ၏။

“မလိုဘူး ဒါကသမားတော်တွေက ကျွန်မဒဏ်ရာကို မကုနိုင်ကြဘူး” ဝူရှောင်းသောင့် ပြောလိုက်သည် “ဒီဒဏ်ရာအတွက် လုပ်နိုင်သလောက်တော့ လုပ်ပြီးသွားပြီ.. စောင့်ရုံပဲရှိတော့တယ် ဒီကပတ်ဝန်းကျင်က အရမ်းဆိုးတယ်.. ပြန်ကောင်းဖို့ဆို နည်းနည်းကြာလောက်တယ်”

“ပြန်ကောင်းနိုင်မယ်ဆို ကောင်းပါတယ်” ဖူမင်ရှောက် ပြောပြီးသည်နှင့် နှုတ်ဆိတ်သွားလေသည်။ ဝူရှောင်းသောင့် အိပ်ပျော်တော့မည့်အချိန်တွင် သူ အသံထွက်လာသည် “မင်း တကယ်ပြန်တော့မလို့လား”

“ဒါပေါ့ ကျွန်မ မိသားစုက အဲဒီမှာပဲရှိသေးတယ်.. ကျွန်မသာ ကျင့်ကြံချင် ရင် ပြန်သွားရမယ်” ဝူရှောင်းသောင့်သည် ထိုအချိန်တွင် အနည်းငယ် စိတ်ရှုပ် ထွေးနေကာ မကြည်မလင်ဖြစ်နေသဖြင့် သူ့စကားကိုသာ ပြန်ဖြေပြီးနောက် အဆုံးတွင် သူ့နှလုံးသားကို အရည်ပျော်စေမည့် စကားတစ်ခွန်းထပ်ပေါင်းပြော လိုက်သည် “ကျွန်မ ထွက်သွားရင် ရှင်ကျွန်မနဲ့လိုက်ချင်လား..”

သူမ၏ အသံမှာ တိုးသထက်တိုးသွားကာ နောက်ဆုံးစကားများမှာ မကြားရသလောက် ဖြစ်နေသည်။ သို့သော် မူမင်ရှောက်သည် သူမ၏ စကား များကို ကောင်းကောင်းကြားလိုက်ရသည်။

သူမသည် ပြောပြီးနောက် အိပ်ပျော်သွားလေသည်။ သို့သော် သူ့နှလုံး သားမှာ မတည်ငြိမ်နိုင်တော့ပေ။

သူမနဲ့ သွားရမယ်ဟုတ်လား။ သူမနောက်ကိုလိုက်ပြီး ကျင့်ကြံလို့ရမယ့် ကမ္ဘာကိုသွားသင့်လား။ ဒီကနေ ကျင့်ကြံနိုင်မယ့်နေရာကို ထွက်သွားပြီး နေရ မှာလား။

မြို့တော်မှအပြန် သူမသည် သူ့ကို သွေးခုန်နှုန်းစမ်းကာ တအံ့တဩကြည့် ပြီး မျိုးစေ့ကောင်းသည်ဟု ပြောခဲ့ဖူးသည်ကို သူ မှတ်မိသည်။

ထိုအချိန်က သူ၏ကိုယ်ခံပညာမှာ အလွန်အားကောင်းသဖြင့် ကိုယ်ခံ ပညာတွင် မျိုးစေ့ကောင်းသည်ဟုသာ ထင်ခဲ့သည်။ ယခုကြည့်ရသည်မှာ သူမ သည် ကျင့်ကြံခြင်း မျိုးစေ့ကိုပြောခြင်းဖြစ်နိုင်သည်။ သူသာ ထိုနေရာသို့သွား လျှင် ဘဝအသစ်ရကောင်းရနိုင်သည်။

ဒါပေမဲ့ အခု သူ့မှာရှိနေတာ အကုန်လုံးကို ပစ်သွားနိုင်လား။

ဝူရှောင်းသောင့်သည် အတန်ကြာအောင် အိပ်ပျော်သွားသည်။ သူမ နိုးလာချိန်တွင် ဖူမင်ရှောက်သည် အရင်အနေအထားအတိုင်း မြေပြင်တွင် ထိုင် နေသည်ကိုမြင်လိုက်ရသည်။

“ဘာတွေ စဉ်းစားနေတာလဲ” သူမ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်း ခုနက ပြောခဲ့တာကို စဉ်းစားနေတာ” ဖူမင်ရှောက်သည် သူမ၏ သိချင်စိတ်ကိုမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “မင်းပြောတာက မင်းကို ငါ မြင်ပြီးသွားပြီဆိုတော့ မင်းကငါ့အပိုင်တဲ့.. ငါမင်းကိုတာဝန်ယူရမယ်ဆိုပဲ.. အဲဒါ ကြောင့် မင်းတို့ကမ္ဘာကို လိုက်ခဲ့ဖို့ခေါ်နေတာ”

ဝူရှောင်းသောင့်၏မျက်လုံးများသည် လပြည့်ဝန်းကဲ့သို့ ပြူးကျယ်ဝိုင်း စက်သွားသည်။ သူမ ခုနက ဘာပြောလိုက်တာလဲ။ ဒါက သူမပုံစံမဟုတ်ဘူး။ သို့သော် သူမ အိပ်မပျော်ခင် တစ်စုံတစ်ရာပြောလိုက်သည့်ပုံပင်။ သို့သော် သူမ သည် ရှုပ်ထွေးနေသဖြင့် ဘာကိုရေရွတ်ခဲ့သည်ကို မမှတ်မိပေ။

သူမသည် ဖူမင်ရှောက်ကို မျက်တောင်ခတ်ကြည့်ကာ သူမ ပြောခဲ့သည် မှာ မှန်ရဲ့လားဟု ကြည့်ချင်နေသည်။ သူ့မျက်နှာပေါ်မှ ရှုပ်ထွေးနေသည့် အကြည့်ကိုမြင်သောအခါ အမှန်တကယ်ပင် ထိုသို့ပြောခဲ့သည်ဟု ခံစားရသည်။

“အဟမ်း အဲတုန်းက ကျွန်မ မသဲမကွဲဖြစ်နေတာ ပြီးတော့ မဟုတ်တာ တွေပြောမိတာ” ဝူရှောင်းသောင့်သည် ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက် သည် “ကျွန်မကို အခုကြည့်လိုက် အင်္ကျီဝတ်တာ မဝတ်တာနဲ့မဆိုင်တော့ဘူး”

“မင်းက ငါ့ကို တာဝန်မဲ့တဲ့သူဖြစ်အောင် လုပ်နေတာလား” ဖူမင်ရှောက် သည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး သူ့မျက်နှာထားမှာ ပုပ်သိုးသွားရာ သူ ခံစားချက်မကောင်းတော့သည်ကို သူမ သိသည်။

“ကျွန်မက ရှင့်အတွက် စဉ်းစားပေးတာပါ” ဝူရှောင်းသောင့်ပြောလိုက် သည် “ကျွန်မတို့ကြားမှာ ဘာမှမှမဖြစ်ခဲ့တာ.. ဘယ်လိုလုပ် ရှင့်ကို တာဝန်ယူ ခိုင်းရမှာလဲ.. အဲဒါ ရှင့်အတွက် ဘယ်လောက်တောင် သနားစရာကောင်းလိုက် လဲ.. ပြီးတော့ ရှင်က ကျွန်မနဲ့လိုက်မှာတဲ့လား.. ရှင့်အမေတွေ အဖေတွေက ဒီမှာရှိနေကြတာ ကျွန်မနဲ့ထွက်သွားမှာမို့လို့လား”

“ငါ မင်းနဲ့ထွက်သွားမယ်ဆိုရင်ရော” ဖူမင်ရှောက်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။

ဝူရှောင်းသောင့် ဆက်ပြောမည့်စကားမှာ ထိုအတိုင်းပင် ပိတ်ပင်ခံလိုက်ရ သည်။ ဖူမင်ရှောက်သည် သူမ၏ ကြက်သေသေသွားသော ပုံစံကို မကျေနပ်ရာ မျက်နှာကိုအနားကပ်သွားပြီး ထပ်ပြောလေသည် “ငါ မင်းနဲ့ထွက်သွားချင်ရင် ရော မင်း ဘာလုပ်မှာလဲ ဟမ်”

“ရှင် ကျွန်မနဲ့လိုက်ချင်ရင် ကျွန်မ.. ကျွန်မရှင့်ကို တာဝန်ယူမယ်” ဝူရှောင်း သောင့်သည် သူမ၏ရှေ့မှ ကြီးမားသောမျက်နှာကိုကြည့်ပြီး ဘဝတစ်လျှောက် လုံးတွင် ပထမဆုံးအကြိမ်ရှက်မိသည်။ ကံကောင်းစွာပင် ယခုအချိန်တွင် သူမ မည်းတူးနေရာ သူမရှက်နေသည်ကို မည်သူမှမမြင်ရတော့ပေ။

All Chapters