ဝူရှောင်းသောင့်၏ဇာတ်လမ်း (၇) ပျင်းရိခြင်း
Vol. 166 Ch. 2317
ဖူမင်ရှောက်သာ သူမနှင့်အတူလိုက်ပြန်လျှင် ကောင်းသည်ဟု ဝူရှောင်းသောင့် ခံစားရသည်။ သူ၏ဝိညာဉ်ဇစ်မြစ်မှာအလွန်ကောင်းသည်။ သူ သာ ကျင့်ကြံလျှင် သေချာပေါက် ကောင်းမွန်သောဘဝရနိုင်သည်။ ယခုအချိန် တွင် သူသည် အသက် ၂၀ အရွယ်သာရှိသေးသော်လည်း နှစ်ပေါင်းအနည်းငယ် ကြာပြီးနောက် မရဏာလောကကိုရောက်သွားနိုင်သည်။ ဘာကိုမှကြောက်ရန် မလိုပေ။ သူသည် နောက်နှစ်အနည်းငယ်အတွင်းတွင် လုပ်ဆောင်နိုင်လိမ့်မည်။
ရေသည် မြင့်ရာမှနိမ့်ရာသို့ စီးဆင်းကာ လူဆိုသည်မှာ အမြင့်သို့တက် သည့်သဘောတရားရှိသည်။ သူသာ ထိုကမ္ဘာသို့သွားလျှင် သူ့အတွက်ကောင်း သည်။
သူမသည် သူထိုကမ္ဘာသို့သွားမည်ဟု ပြောလာသည့်စကားကို မသိမသာ လျစ်လျူရှုလိုက်သည်။
သို့သော် သူ သွားလိမ့်မည်မဟုတ်ဟု သူမ ခံစားနေရတုန်းပင်။ သူမသည် ဆွေမျိုးများနှင့်မခွဲနိုင်ရာ သူလည်းအတူတူပင်ဖြစ်လိမ့်မည်။ သို့သော် သူမ မေ့နေသည်မှာ တော်ဝင်မိသားစုများသည် အညှာတာမဲ့သည်။ ယခုအချိန်တွင် ရာထူးမြင့်မားနေသော်လည်း နောက်ပိုင်းတွင် ကောင်းမွန်သောဘဝရလာလိမ့် မည်ဟု မဆိုလိုပေ။
သူသာလိုက်ခဲ့ရင် သူမက သူ့ကိုတာဝန်ယူပေးမှာလား။
“ဒါမင်းပြောတာပဲနော် ငါသာ လိုက်မယ်ဆို မင်းကငါ့ကို တာဝန်ယူရမယ်” ဖူမင်ရှောက်၏ အပြုံးမှာ ပိုလေးနက်လာကာ သူ၏ရောင်ဝါသည် သူမမျက်နှာ ပေါ်သို့ ကျရောက်လာသည်။ သူသည် ယခုလို သူမ မည်းနက်ကာ ရုပ်ဆိုးနေ သည်ကို သဘောမကျပေ။
ထိုစကားများကို ပြောပြီးနောက် ဝူရှောင်းသောင့် စိတ်ငြိမ်သွားသည်။ သူ့ မျက်လုံးထဲမှ အပြုံးကိုမြင်သောအခါ မျက်တောင်ခတ်လိုက်သည် “ဟုတ်ပြီလေ”
ဘယ်လိုပဲဖြစ်ဖြစ် ရှင် ကျွန်မနဲ့သွားမှာမဟုတ်ဘူး။ သူမ စိတ်ထဲမှ ထပ် ပြောလိုက်သည်။
ဖူမင်ရှောက်သည် သူမ၏အတွေးကိုသိသည်။ ထို့ကြောင့် သူပြုံးပြီး ဘာမှ မပြောလိုက်တော့ပေ။ သွားသည်မသွားသည်ကိုတော့ သူ စဉ်းစားရန်လိုသေး သည်။
ဝူရှောင်းသောင့်သည် တောင်ပေါ်တွင် ၁၀ ရက်ကြာအောင် ဒဏ်ရာများ ကို ကုစားသည်။ ထိုရက်များတွင် ဖူမင်ရှောက်သည် သူမဘေးတွင်နေပေးကာ ဒဏ်ရာများ မည်သို့အမြန်ပျောက်ကင်းသွားသည်ကို မျက်မြင်တွေ့ခဲ့သည်။ သူမ၏ အရေပြားတွင် အနာရွတ်ပင်မရှိတော့သည်ကိုမြင်သောအခါ ထိုကမ္ဘာမှ မှော်ပညာကဲ့သို့ ဆေးများကို အံ့အားသင့်မိသည်။
…..
ပြီးခဲ့သည့် ၁၀ ရက်တွင် ဝူရှောင်းသောင့်သည် သူ့ကို ထိုကမ္ဘာအကြောင်း များပြောပြခဲ့သည်။ ထိုဆန်းပြားသောကမ္ဘာသည် လူတိုင်းကို တက်မက်စေ သည်။
သူသည် မူစစ်အကြောင်းမေးရာ ဝူရှောင်းသောင့်လည်း သိသလောက် ပြောပြသည်။ ထိုမှသာ အချိန်ကုန်မြန်စေမည်ဖြစ်သည်။ ထို့ကြောင့် မူစစ် ဝမ်အာကို ခေါ်လာပြီးတွေ့ချိန်တွင် သူ မူစစ်ကို စိုက်ကြည့်နေခဲ့သည်။
သနားစရာကောင်းလိုက်တဲ့ တပည့်လေးပဲ။ ကံကောင်းလို့ အတိတ်က အကြောင်းတွေ မေ့ပြီး နောက်တစ်ယောက်ကိုတွေ့သွားလို့။
သူမ မြို့တော်သို့ပြန်ချိန်တွင် မူစစ်နှင့် ဝမ်အာတို့သည် သူမကိုမြင်သည် နှင့် မျက်လုံးထဲမှ အံ့အားသင့်မှုများကို မဖုံးကွယ်နိုင်ပေ။
“ရှောင်းသောင့် လုံးဝကြီးပြန်ကောင်းလာပြီလား” ဝမ်အာသည် သူမ၏ လက်ကိုဆွဲပြီး ထပ်ခါထပ်ခါကြည့်လေသည်။ သူမ၏ ခန္ဓာကိုယ်တွင် အနာရွတ် မရှိတော့သည်ကိုမြင်သောအခါ စိတ်အေးသွားပြီး သူမကိုဆွဲကာထိုင်ခုံတွင် ထိုင်ခိုင်းသည် “မနက်ဖြန် တောင်ကိုလာပြီးကြည့်မယ်လို့ ပြောနေသေးတာ.. ရှင် ဒီနေ့ ပြန်လာမယ်လို့ထင်မထားဘူး ရှင့်ရဲ့ဆေးတွေက တကယ် အံ့ဩဖို့ ကောင်းတာပဲ”
“ကျွန်မရှင့်ကို သွေးခုန်နှုန်းစမ်းပေးမယ်” ဝူရှောင်းသောင့်သည် သူမ၏ လက်ကောက်ဝတ်ကိုယူကာ သွေးခုန်နှုန်းစမ်းလေသည်။
မူစစ်သည် ဝမ်အာ၏ဘေးတွင်ရပ်နေပြီး သူတို့နှစ်ယောက်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။
ပြီးခဲ့သည့်ရက်များတွင် ဝမ်အာ၏အခြေအနေသည် တိုးတက်လာခဲ့ သည်မှာ အသေအချာပင်။ သို့သော် သူတို့သည် ဝူရှောင်းသောင့်ကို တစ်ခါသာ တွေ့ခဲ့သည်။ ထိုစဉ်က သူမ လှုပ်မရခဲ့သဖြင့် ဆေးကုသပြီးနောက် ယခုအခါ သူမ၏ သွေးခုန်နှုန်းစပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဝမ်အာ မည်သို့ဖြစ်သွားသည်ကို သူတို့သိချင်နေကြသည်။
ဝူရှောင်းသောင့်သည် သွေးခုန်နှုန်းစမ်းပြီးနောက် ပြုံးပြီးပြောလိုက်သည် “အခြေအနေကတော့ အရင်ကပြောခဲ့တာနဲ့ အတူတူပဲ.. ကောင်းကင်တာအိုနဲ့ ဆက်သွယ်ချက်က ပြတ်သွားပြီ အဲဒါကြောင့် ဆက်ပြီးအားလျော့သွားမှာ မဟုတ်တော့ဘူး ဒါပေမဲ့ ဒီခန္ဓာကိုယ်က အခြေအနေကောင်းဖို့ အချိန် ၁ နှစ် ၂ နှစ်တော့လိုသေးတယ်.. စိတ်မပူပါနဲ့ ကလေးယူလို့ရပါတယ်”
ဝမ်အာ၏ မျက်နှာမှာနီရဲသွားကာ သူမအား ရှက်ကိုးရှက်ကန်းဖြင့်ကြည့် လေသည် “ဘာမဟုတ်တာတွေ လာပြောနေတာလဲ”
“ဒါကဘာလို့ ဘာမဟုတ်တာလဲ.. ရှင်တို့ ကျွန်မဆေးပညာကို ယုံရမယ်.. အမေ့လောက်တော့ မသန်မာပေမဲ့ ကျွန်မမှာလည်း ယုံကြည်ချက်ရှိပါတယ်” ဝူရှောင်းသောင့်သည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
ဝမ်အာသည် သူမ၏စကားကို နားမလည်သဖြင့် တွေးတောကာ လေးနက်သောအကြည့်ဖြင့် ဝူရှောင်းသောင့်ကို ကြည့်လိုက်၏။ သူမ တစ်စုံတစ်ရာပြောတော့မည်အပြုတွင် ဝူရှောင်းသောင့်၏ မျက်လုံးထဲမှ အပြုံး ကိုမြင်သောအခါ တမင်ပြောလိုက်သည်ကို သူမ ချက်ချင်းနားလည်သွားသည်။ ရုတ်တရက် သူမ လက်ဆန့်ထုတ်ကာ ဝူရှောင်းသောင့်အား ဆွဲဆိတ်လိုက်၏။
ဝူရှောင်းသောင့်သည် ကလေးဘဝကတည်းကပင် ပျာတီပျာယာဖြစ်ခဲ့ရာ နောက်သို့လန်ကျလေသည်။ သို့သော် သည်တစ်ကြိမ်တွင် မိုးကြိုးဘေးဒုက္ခ အတွင်းတွင် သူမ၏ အင်အားမှာ ချိပ်စည်းပိတ်ခံရသည်ကို လုံးဝမေ့နေခဲ့သည်။
“သတိထား” ဖူမင်ရှောက်၏အသံမှာ အနောက်မှ ထွက်လာသည်။ သူသည် သူမ၏ခန္ဓာကိုယ်ကို ထိန်းထားပေးပြီး မျက်လုံးများဖြင့် ပြုံးကာ ကြည့် လေသည်။
သူမသည် အချိန်တစ်ခုကြာအောင် ဝိညာဉ်စွမ်းအင်သုံးမရသဖြင့် သာမန် လူနှင့်မခြားပေ။ သို့သော် သူမ ဤမျှတုံးအလိမ့်မည်ဟု ထင်မထားပေ။
ဝူရှောင်းသောင့်သည် တည်တည်ငြိမ်ငြိမ်ပင်ပြန်ထိုင်ကာ ဝမ်အာသည် သူမကို အားနာသောအကြည့်ဖြင့် ကြည့်ကာပြောလိုက်သည် “တောင်းပန်ပါ တယ် အကုန်လုံး ကျွန်မသတိမထားလိုက်လို့ပါ…”
“ရပါတယ်” ဝူရှောင်းသောင့်သည် လက်ကိုဝှေ့ယမ်းလိုက်သည် “အခု တော့ မင်းကိုဆေးမပေးနိုင်သေးဘူး ခန္ဓာကိုယ်က အားနည်းနေသေးတယ်၊ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဂရုစိုက်ဖို့လိုတယ် ပြီးတော့ ဆေးညွှန်းဖွင့်ပေးမယ် ဘေးကလူတွေကို ကျိုခိုင်းလိုက်ပေါ့”
ပြီးနောက် သူမသည် လက်ဝှေ့ယမ်းလိုက်သည်နှင့် စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်တုံးတို့ စားပွဲပေါ်တွင်ပေါ်လာသည်။ သူမသည် ဆေးညွှန်းနှစ်ဖုံဖွင့်ပေးကာ ဖြည့်စွက်စာ ဆေးညွှန်းတချို့ကိုလည်း ရေးပေးပြီး မူစစ်အားပေးလိုက်သည် “ပထမ ၆ လမှာ ပထမဆေးညွှန်းကိုသုံးမယ် နောက်နှစ်ကျရင် ဒီဒုတိယဆေး ညွှန်းသုံးမယ်.. ဖြည့်စွက်စာကတော့ တစ်ချိန်လုံးသောက်လို့ရတယ်.. ကိုယ်ဝန် ရှိလာရင်တော့ မသောက်နဲ့တော့”
မူစစ်သည် ထိုဆေးညွှန်းများကို ဂရုတစိုက်ပင် ယူသွားသည်။ ဝမ်အာ သည် အစောကအပြုံးများပျောက်ပျက်သွားကာ သူမ၏မျက်နှာတွင် စိုးရိမ်မှု တချို့ပေါ်လာသည် “မင်းထွက်သွားတော့မှာလား”
“အခုတော့မဟုတ်သေးဘူး ဒါပေမဲ့ ဘယ်တော့ဖြစ်လာမလဲမသိသေးဘူး၊ ရုတ်တရက် ငါထွက်သွားရမယ်ဆိုရင် အရင်ရေးပေးထားတာ ပိုကောင်းတယ် လေ” ဝူရှောင်းသောင့်သည် ပစ္စည်းများကိုသိမ်းပြီး သာမန်ကာလျှံကာပင် ပြော လိုက်သည်။
သူမထွက်သွားတော့မည်ကို မူစစ်နှင့်တခြားသူများသိသဖြင့် သူမ ထိုသို့ ပြောလာချိန်တွင် တွန့်ဆုတ်ခြင်းမှတပါး တခြားမတတ်နိုင်တော့ပေ။ သို့သော် ဖူမင်ရှောက်သည် သက်ပြင်းကြီးချလိုက်ကာ သူမအား လေးနက်သော မျက်လုံး များဖြင့် စိုက်ကြည့်နေသည်။
သူမ တစ်ချိန်ချိန် ထွက်သွားတော့မည်ကို တွေးလိုက်သည်နှင့် အနည်း ငယ် မူးဝေလာသလို ခံစားရသည်။
“မင်း အခုကောင်းလာပေမဲ့ ခန္ဓာကိုယ်က အားနည်းနေသေးတယ် အဲဒါ ကြောင့် အရမ်းကြီးအားမထုတ်နဲ့ဦး” ဝူရှောင်းသောင့်သည် ဝမ်အာ၏ မျက်နှာ လေးမကောင်းသည်ကိုမြင်သည်နှင့် ထပြီးပြောလိုက်သည် “ကျွန်မတို့ အရင် ပြန်လိုက်ပါဦးမယ် ကောင်းကောင်းအနားယူလိုက်ပါဦး”
“အခုမှမြို့တော်ကိုရောက်တာရှိသေးတယ် သွားစရာနေရာရှိလို့လား ဒီ ခြံဝင်းထဲမှာ ဘာလို့မနေတာလဲ” ဝမ်အာ မေးလိုက်သည်။
“မလိုတော့ပါဘူး မင်းက ဒီမှာပဲနားဖို့လိုနေတာ.. ကျွန်မက တိတ်တိတ် မနေနိုင်ဘူး အဲဒါကြောင့်အနှောင့်အယှက်ဖြစ်လို့မရဘူးလေ.. မူစစ်က နေ့တိုင်း ကျွန်မကို လာစိုက်ကြည့်မှာကြောက်တယ်” ဝူရှောင်းသောင့်သည် ရယ်မောပြီး စနောက်လေသည်။
မူစစ်သည် စကားမပြောသလို သူမကို တားလည်းမတားပေ။ ထို အကြောင်းအရင်းကြောင့်မဟုတ်ဘဲ သူမ၏နေရာထိုင်ခင်းအတွက် သူ စီစဉ်ပေး နိုင်မည်မဟုတ်သည်ကို သူသိသောကြောင့်ပင်။
သူသည် ဝမ်အာကိုကြည့်လိုက်သည်။ သူမသည် သူ့အကြည့်၏အဓိပ္ပာယ် ကိုသိသဖြင့် ဝူရှောင်းသောင့်ကို ဆွဲမထားတော့ပေ။
ဖူမင်ရှောက်သည် ဝူရှောင်းသောင့်ကို မင်းသားအိမ်တော်သို့ ခေါ်သွား သည်။ မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ် သဖြင့် အိမ်တော်မှလူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ သူမသည် မင်းသမီးဖြစ်လာမလားဆိုသည်ကို မင်းသားအိမ်တော်မှလူများ သိချင်နေကြ သည်။ နောက်ပိုင်း မူဖင်ရှောက် သူမကို ဂရုစိုက်ပုံ၊ အလွန်မြတ်နိုးပုံများကို မြင် သောအခါ အမှန်တကယ်ဖြစ်နေသည်ကိုသိလို်ကရသည်။
ဝူရှောင်းသောင့်သည် မင်းသားအိမ်တော်တွင် နှစ်ရက်ကြာအောင်နေ သည်။ မင်းသားအိမ်တော်တွင် ပိတ်မိနေပြီးနောက် သူမ ထပ်ပြီးအချိန်မဖြုန်း နိုင်တော့ပေ။ သူမသည် ဖူမင်ရှောက်ကိုခေါ်ကာ ဈေးဝယ်ထွက်သည်။ ရက် အနည်းငယ်လျှောက်သွားပြီးနောက် သူမသည် မင်းသားဘေးမှ အချစ်ခံရသော မိန်းကလေးအဖြစ် မြို့တော်တစ်ခုလုံး သိသွားကြသည်။
ထိုနေ့တွင် ဝူရှောင်းသောင့်သည် ဖူမင်ရှောက်ကို တဖန်ပြန်သွားတွေ့ကာ သူမ အပြင်ထွက်လည်လိုသည်ဟု ပြောခဲ့သည်။ ဖူမင်ရှောက်သည် လုပ်စရာရှိ နေသဖြင့် ရက်အနည်းငယ်နေမှ အဖော်ပြုပေးမည်ဟု ပထမဆုံးအကြိမ် သူမ ကိုပြောခဲ့သည်။ သို့သော် ဝူရှောင်းသောင့်သည် အိမ်တော်အတွင်းတွင် ပျင်းရိ လာသဖြင့် သူ့အလုပ်ကိုမနှောင့်ယှက်ဘဲ သူမဘာသာသွားမည်ဟု ပြောခဲ့သည်။ ဖူမင်ရှောက်သည် သူမအား မတိုက်တွန်းနိုင်သဖြင့် သဘောတူလိုက်ရသည်။ မကြာမီတွင် ထိုဆုံးဖြတ်ချက်ကို သူ နောင်တရသွားတော့သည်။