← Chapters

ရှင်းဟန် အင်ပါယာမှ ရင်းနှီးသော လူ

Vol. 14 Ch. 185

ရှင်းဟန် အင်ပါယာမှ ရင်းနှီးသော လူ

Vol. 14 Ch. 185

“ငါတို့တွေ ကိုယ့်လမ်းကို မသွားခင် မဟာမိတ် အမှတ်အသားပြား သွားထုတ်ရအောင်လေ …” ချိန်စုယင်က မိုဝူကျီသည် အပြင်စည်း တပည့်ဖြစ်ကြောင်း အမှတ်ရလိုက်ပြီး အမှတ်အသားပြား ရနိုင်ဖို့အတွက် အနည်းငယ် စိုးရိမ်မိ သွားသည်။ အပြင်စည်း တပည့်များကို တိုက်ပွဲအတွင်း မလာဖို့ရာ ကန့်သတ် ထားသည့်အတွက် သူမက မိုဝူကျီကို သူမပါ လိုက်မည့် အကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

“ဟုတ်ပြီလေ ...” မိုဝူကျီက တွန့်ဆုတ်ခြင်းမရှိ သဘောတူ လိုက်သည်။ ချိန်စုယင်က သူ့အား မခေါ်လျှင်ပင် သူက သူမကို ဦးဆုံး သွားယူဖို့ ပြောမိမှာ ဖြစ်သည်။

သူက ကောင်းကင်ဖွေရှာ နန်းတော် တပည့် တစ်ယောက် ဖြစ်သော်လည်း ချိန်စုယင်ကဲ့သို့ တိုက်ရိုက်တပည့် တစ်ယောက်က ဂိုဏ်းအကြီးအကဲ အဖြစ် ဆက်ဆံ ခံရစဉ်တွင် သူ့လို အပြင်စည်း တပည့် တစ်ယောက်အတွက် ပြောဖို့ရာပင် အခွင့်အရေး မရှိကြောင်း သိသည်။

“ဟုတ်သား ဒါက ရှင့်အတွက် ...” ချိန်စုယင်က ကားပျံကို မိုဝူကျီဆီ လှမ်းပေးလိုက်ပြီး …

“ဒီကားပျံက ကျွန်မ ဆရာ ပေးထားတာပါ။ တကယ်လို့ ရှင်က ရောင်းဖို့ ဆုံးဖြတ်လိုက်တယ် ဆိုရင် ကျွန်မကို အရင်ဆုံး လာရှာလှည့်ပါ ... ”

“ဟုတ်ကဲ့ပါ ... ကျွန်တော် ရောင်းဖို့ ဆုံးဖြတ်တဲ့ တစ်နေ့ကျ စီနီယာ အစ်မချိန်ကို အရင်ဆုံး လာတွေ့ပါ့မယ် …” မိုဝူကျီက ကားပျံကို သိမ်းထားရင်း ပြောလိုက်သည်။

ဤကားပျံသည် ကျင့်စဉ်နှင့် လဲလှယ်ခြင်းမှ ရထားခြင်း ဖြစ်ရာ သူ့အတွက် ဝမ်းသာနေစရာ မလိုပေ။ တချို့အမြင်အရ ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပထမပုံစံ၏ ဈေးနှုန်းသည် အဆင့်နိမ့် ကားပျံ ရတနာထက်တော့ ပို၍ အဖိုးတန်လေသည်။

ချိန်စုယင်အရ ရှင်းဟန် အင်ပါယာထဲတွင် အန်ယန်းက ချန်လောင်မြို့ ပြီးလျှင် ဒုတိယ နေရာတွင် ရှိ၏။ သို့သော် မိုဝူကျီတို့ အန်ယန်းကို ရောက်လာသည်နှင့် ဤနေရာသည် ချန်လောင်ထက် များစွာ ဆိုးရွားကြောင်း ခံစားမိလိုက်သည်။ ချမ်းသာ ကြွယ်ဝမှုနှင့် သမိုင်း အမွေအနှစ်များအရ ပြောရလျှင် ချန်လောင်ကို လုံးဝ မမီပေ။

အန်ယန်းမြို့သို့ ရောက်ပြီး ပထမဆုံး သူမြင်သည့် အရာမှာ ဧရာမ ဈေးရုံကြီး ဖြစ်၏။

ပုံမှန်အခြေအနေ အောက်တွင် မြို့များက သူတို့မြို့ ဂိတ်ရှေ့တွင် ကြီးမားသည့် ဈေးဆောက်တာ ရှားပါးလှသည်။ အန်ယန်းမှ ဈေးသည် ကြီးမားသည် သာမက အသစ်လည်း ဖြစ်သည်။

ထိုဈေးကို လှည့်ပတ် သွားလာနေကြသည့် သူများက ကျင့်ကြံသူများ ဖြစ်ပြီး သေမျိုး အနည်းငယ်သာ ရှိသည်။

ဈေးအလယ် တည့်တည့်တွင် ကြီးမားသည့် ကျောက်ပြား နှစ်ခု စိုက်ထူထားသည်။ လက်ဝဲဘက်ရှိ ကျောက်ပြားပေါ်တွင် “ဂိုဏ်းတစ်ရာ မဟာမိတ် အမှတ်ဇယား” ဟု ရေးသား ထားလေသည်။ ထိုကျောက်ပြားပေါ်တွင် နာမည်များ ရှိနေသည်။ မိုဝူကျီက နံပါတ်တစ်ကို ကြည့်လိုက် မိသောအခါ ရှီယီရွမ် ဟု ခေါ်သော အမျိုးသား တစ်ယောက်ဖြစ်ပြီး သူ့နာမည်ဘေးတွင် အမှတ်ပေါင်း ၁၂၂၅၁ ရှိလေသည်။

ဒုတိယ နေရာကား မိုဝူကျီသိသည့် ဖုန်းလော့ကျန့် ဖြစ်ကာ အမှတ်ပေါင်း ၉၉၂၁ ဖြစ်သည်။ သူက ထိုနာမည်ကို ကောင်းကင်ဖွေရှာ နန်းတော်မှ ကောင်းကင်လှေကား ဇယားတွင် မြင်တွေ့ဖူးသည်။ ဖြစ်နိုင်သည်က ဒုတိယ ဖြစ်လိမ့်မည်။

တတိယ နေရာတွင် မိုဝူကျီသိသည့် နောက်ထပ် လူတစ်ယောက် ဖြစ်နေပြန်သည်။ ကုန်းကျိဟန် ဖြစ်ပြီး အမှတ်ပေါင်း ၈၆၇၂ ဖြစ်၏။ ထိုလူသည် ကောင်းကင်လှေကားဇယားတွင် နံပါတ်တစ် ဖြစ်သော်လည်း ဤဇယားတွင် တတိယနေရာ ဖြစ်နေလေသည်။

ရှီယီရွှမ်က ဘယ်က ရောက်လာတာလဲ ... သူက ကောင်းကင်ဖွေရှာ နန်းတော်က ဆိုလျှင် ကောင်းကင်လှေကား ဇယားတွင် အဘယ်ကြောင့် မမြင်ဖူးရသနည်း။

“ကျွန်မက အဲရှီယီရွမ်ကို သိတယ်။ သူက ဟန်ယန်း အင်ပါယာရဲ့ ကြီးမြတ်ရန်ကျုး ဂိုဏ်းက တိုက်ရိုက် တပည့်လေ … အရင်က ကောင်းကင်ဖွေရှာ နန်းတော်က သူ့ကို ဖိတ်ခေါ်ခဲ့ သေးတယ် ဒါပေမဲ့ သူက ကောင်းကင်ဖွေရှာ နန်းတော်က သူ့ကို သင်ပေးစရာ မရှိလို့ မလာနိုင်ဘူး ဆိုပြီး ငြင်းပယ်ခဲ့တာ … ”ချိန်စုယင်က အဆင့်များကို မြင်တော့ သက်ပြင်း ချမိလိုက်သည်။

ဖြစ်နိုင်သည်က ရှီယီရွမ်တွင် သူ့ထောင်လွှား မှုနှင့်အတူ လိုက်နိုင်သည့် စွမ်းရည်တော့ ရှိဟန် ရသည်။ သူက ကောင်းကင်ဖွေရှာ နန်းတော်ကို မဝင်တော့လည်း သူက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှာ နံပါတ်တစ် ဖြစ်နေဆဲ မဟုတ်ပါလား ...

“ကြီးမြတ်ရန်ကျုး ဂိုဏ်းက တော်တော်လေး အံ့ဩဖို့ ကောင်းတဲ့ပုံပဲ ...” မိုဝူကျီက ထပ်ပြောလိုက်သည်။

ချိန်စုယင်က ရှင်းပြလိုက်သည်။

“အင်ပါယာ ငါးခုထဲက ပါရမီရှင်တွေ အားလုံးက ကောင်းကင်ဖွေရှာ နန်းတော်ကိုပဲ လာကြတာ။ ဒါပေမဲ့ ဂိုဏ်းတစ်ခုကတော့ ခြွင်းချက်ပဲ ကြီးမြတ်ရန်ကျုး ဂိုဏ်းပေါ့… အဲဒီဂိုဏ်းမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် အရေအတွက်က ကောင်းကင်ဖွေရှာ ဂိုဏ်းနဲ့ အတူတူပဲလို့ ကောလာဟလ ထွက်ဖူးတယ်။ မှန်လား မမှန်လားတော့ မသိဘူး … ”

သူ့စိတ်ထဲတွင် မိုဝူကျီက မှန်ကန်လောက်ကြောင်း တွေးမိနေသည်။ ရှီယီရွမ်သည် ဒုတိယနေရာကို အမှတ်များစွာ အကွာဖြင့် ပထမနေရာကို ရလာသည်က တိုက်ဆိုင်မှု တစ်ခုတော့ မဖြစ်နိုင်ပေ။

သူက လက်ယာဘက်က ကျောက်ပြားကို ကြည့်လိုက်သောအခါ “အင်ပါယာငါးခု၏ ဂိုဏ်း အမှတ်များ” ဟု ရေးသားထားသည်။

မိုဝူကျီက အမှတ်ဇယားကို မြင်သောအခါ ကောင်းကင်ဖွေရှာ နန်းတော်က ပထမနေရာ ရှိလိမ့်မည်ဟု ထင်မိသည်။ သို့သော်လည်း ကြီးမြတ်ရန်ကျူးသာ ပထမနေရာ ယူထားပြီး ကောင်းကင်ဖွေရှာ နန်းတော်မှာ ဒုတိယ နေရာတွင်သာ ရှိနေသည်။

ဤကြီးမြတ်ရန်ကျုး ဂိုဏ်းက တော်တော် အံ့အားသင့်စရာ ကောင်းတာပဲ … အဆင့်ဇယား နှစ်ခုလုံးတွင် ပထမနေရာ ဗိုလ်ဆွဲထား နိုင်လေသည်။

ချိန်စုယင်က မိုဝူကျီ၏ ပင့်သက် ရှိုက်လိုက်သည်ကို ကြားကာ ပြောလိုက်သည်။

“ကြီးမြတ်ရန်ကျုးက ကောင်းကင်ဖွေရှာ နန်းတော်ပြီးရင် ဒုတိယမြောက် အားအကောင်းဆုံးလို့ ပြောလို့ရတယ် ဒါပေမဲ့ သူတို့က ငါတို့ကို ကျော်ဖို့ အဝေးကြီး လိုသေးတယ်။ ပြီးတော့ သူတို့ ပထမနေရာ ရနေတာက အစပိုင်းတုန်းက ငါတို့ဂိုဏ်းက တိုက်ရိုက် တပည့်တွေ၊ အတွင်းစည်း တပည့်တွေ မခေါ်ဘူးလေ ... တစ်လအတွင်း ရလဒ် ပြောင်းသွားလိမ့်မယ် … ”

သို့သော်လည်း မိုဝူကျီက သူမကို အပြည့်အဝ မယုံကြည်သော်ငြား ချိန်စုယင်ကို တဲ့တိုး သွားမပြောပေ။ ထို့အပြင် သူလည်း ကောင်းကင်ဖွေရှာ နန်းတော် တပည့် ဖြစ်သည့်အတွက် သူ့ဂိုဏ်းသူ မကောင်းကြောင်း မည်သို့ ပြောရမည်နည်း။

“စီနီယာ အစ်မချိန် အမှတ်တွေက ဘယ်လိုတွက်တာလဲ ... အမှတ် ၁၀၀၀၀ ကျော်နေတာ ဆိုတော့ သူက နယ်ခြား ကျင့်ကြံသူတွေ အများကြီး သတ်ခဲ့လို့လား …” မိုဝူကျီက မေးကြည့်လိုက်သည်။

ချိန်စုယင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“နယ်ခြား ကျင့်ကြံသူတွေ အင်ပါယာ ငါးခုထဲ စခန်းဆောက်ပြီးတဲ့ နောက်မှာ သူတို့လူတွေ လွှတ်လိုက်တဲ့ သင်္ဘောပျံတွေ အများကြီး ရောက်လာ သေးတယ်တဲ့ … ပြီးတော့ ပြောင်းရွှေ့ အစီအရင်ပါ ဆောက်ပြီးပြီလို့ ကြားထားတယ်။ နောက်ထပ် အင်ပါယာငါးခုက လူတွေ ထပ်သေကျေ ကြဦးမယ် ထင်တယ် … ”

ထိုအရာကို ကြားပြီး မိုဝူကျီက မျက်နှာထား တည်လာလေသည်။ သူ့ရမှတ်အတွက် လုပ်ဆောင်နေစဉ် သူသည်လည်း တခြားလူများ၏ အမှတ် ဖြစ်သွားနိုင်သေး၏။

“ဒီ နှစ်ယောက်လုံးက ကောင်းကင်ဖွေရှာ နန်းတော် အင်မော်တယ် ဆရာတွေ များလားဗျ … ” မိုဝူကျီနှင့် ချိန်စုယင်တို့က အမှတ်ဇယားများကို ကြည့်နေစဉ် အမှုထမ်း ဝတ်စုံ ဝတ်ထားသည့် လူလတ် အမျိုးသားက သူတို့ဆီ ချဉ်းကပ်လာပြီး ယဉ်ကျေးပျူငှာစွာ မေးလိုက်သည်။

ချိန်စုယင်က ဖြေလိုက်သည်။

“ဟုတ်ပါတယ် ကျွန်မတို့က ကောင်းကင်ဖွေရှာ နန်းတော်ကပါ ... ”

“ရှင်းဟန် အင်ပါယာကို ရောက်လာပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ကျွန်တော်တို့ ရှင်းဟန် ဘုရင်ကြီးက အင်မော်တယ် ဆရာများအတွက် စားသောက်ပွဲ ကျင်းပပေး နေပါတယ်။ ကျွန်တော့်ကို ကောင်းကင်ဖွေရှာ နန်း‌တော်က အင်မော်တယ် ဆရာတွေ လာမှာသိလို့ ကြိုဆိုဖို့ လွှတ်လိုက်တာပါဗျ ...” အနီဝတ်စုံနှင့် အမျိုးသားက သာမန်သေမျိုး ဖြစ်သည့်အတွက် ခြားနားချက် များစွာနှင့် ပြောသွားလေသည်။

ချိန်စုယင်က ခေါင်းညိတ်ပြ လိုက်ပြီး …

“ကျေးဇူးပြုပြီး လမ်းပြပေးပါ ... ”

သူမက အေးစက်စက်လူ ဖြစ်သော်လည်း ကမ္ဘာကြီး ဘယ်လိုအလုပ် လုပ်နေတာလဲ ဆိုသည့် ကိစ္စကို မသိသည့်သူ မဟုတ်ပေ။ ရှင်းဟန်အင်ပါယာ ဘုရင်သည် အင်ပါယာ တစ်ခု၏ ခေါင်းဆောင်ကောင်း ဖြစ်ကာ နောင်တွင် သူမသည် ထိုနယ်ပယ် အတွင်း မကြာခဏ ရောက်ရှိပေဦးမည်မို့ မျက်နှာသာ ပေးရန် လိုအပ်သေးသည်။

မိုဝူကျီက များစွာ မပြောပေ။ သူက ချိန်စုယင်နောက်တွင် အမှတ်များအတွက် အမှတ်အသားပြားသာ လိုချင်တာ ဖြစ်၏။

သူတို့ နှစ်ယောက်က အနီရောင် ဝတ်စုံနှင့် အမျိုးသားနောက်မှ လိုက်သွားကာ ကျယ်ပြန့်သည့် အပြာရောင် ကျောက်လမ်းအပေါ် လျှောက်လှမ်းပြီး နောက်ဆုံးတွင် ကြီးကျယ် ခမ်းနားသည့် ခန်းမအတွင်း ရောက်ရှိ သွားလေသည်။

ဤသည်က ရှင်းဟန် အင်ပါယာ၏ ယာယီနန်းတော် ဖြစ်သော်လည်း ချန်ယွီ နန်းတော်နှင့် ယှဉ်ကြည့်လျှင် ပို၍ ကြီးကျယ် ခမ်းနားပေသည်။

“အင်မော်တယ် ဆရာများ ကျေးဇူးပြု၍ ဝင်ကြပါ ...” အနီရောင် ဝတ်ရုံနှင့် အမျိုးသားက မိုဝူကျီနှင့် ချိန်စုယင်တို့ကို ခန်းမတံခါးရှေ့ဆီ လမ်းပြပြီးနောက် သူက ဝင်သွားရန် ဦးညွှတ်ကာ ပြလိုက်သည်။

ချိန်စုယင်က တွန့်ဆုတ်ခြင်းမရှိ ဝင်သွားလိုက်သည်။ ကောင်းကင်ဖွေရှာ နန်းတော်၏ အမွေခံတပည့် အနေနှင့် သူမ ဘယ်နေရာသို့ သွားသွား အလေးစားဆုံး ဆက်ဆံ ခံရသည်က ပုံမှန်ကိစ္စ ဖြစ်လေသည်။ ထို့ကြောင့် သူမက ကျင့်သား ရနေလေပြီ။

ခန်းမ ဘေးဘက် နံရံများတွင် လူများ ပြည့်နေပြီး အားလုံးရှေ့တွင် အစားအစာများနှင့် ပြည့်နေသော စားပွဲရှိလေသည်။

“ဟားဟား ... ကေားကင်ဖွေရှာ နန်းတော်ရဲ့ ပါရမီရှင် တပည့်တွေကို ရှင်းဟန်အင်ပါယာ ယာယီစခန်းမှ ကြိုဆိုပါတယ် ...” ဟက်ဟက်ပက်ပက် ရယ်မောသံက ခန်းမတစ်လျှောက် ပျံ့နှံ့သွားကာ မိုဝူကျီက ခန်းမအဆုံးတွင် အဝါရောင် ဝတ်စုံနှင့် လူသန်ကြီးက မတ်တတ် ရပ်နေသည်ကို တွေ့လိုက်ရသည်။

မိုဝူကျီက ထိုသူသည် ရှင်းဟန်အင်ပါယာ ဘုရင် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။ ချိန်စုယင်က ထိုသူ့အား လေးလေးစားစား နှုတ်ဆက်ကာ …

“ကောင်းကင်ဖွေရှာ နန်းတော် တပည့် ချိန်စုယင်က ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ် … ”

ထိုအပြုအမူက ဘုရင်ကို အံ့ဩတကြီး ဖြစ်သွားစေသည်။ ပုံမှန်အားဖြင့် ပြောရလျှင် ကောင်းကင်ဖွေရှာ နန်းတော် တပည့်ကား လောကဝတ် မဲ့လှသည်။ ပုံမှန် နှုတ်ဆက်လျှင် မည်သည့် ဂိုဏ်းမှဖြစ်ကြောင်း၊ သူတို့ ပိုင်ဆိုင်သည့် အဆင့်အတန်းနှင့် မည်သူ ဆိုတာကို ပြောကာ နှုတ်ဆက်ကြသည်။

ချိန်စုယင်က သူမသည် ကောင်းကင်ဖွေရှာ နန်းတော် တပည့် ဖြစ်ကြောင်းသာ ပြောခဲ့သည်။ အနည်းငယ် ရိုင်းဆိုင်းကာ လောကဝတ် မဲ့သည်ဟု သတ်မှန်၍ ရသည်။ သို့သော်လည်း ဘုရင်က သူမကို မည်သူမှန်း သိသည်။ သူမသည် အင်ပါယာ ငါးခုထဲတွင် အလှဆုံး မိန်းမပျိုထဲမှ တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမက ကောင်းကင်ဖွေရှာ နန်းတော်၏ တိုက်ရိုက် တပည့်လည်း ဖြစ်နေသေး၏။ သူမသည် ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။

မိုဝူကျီလည်း ထိုနည်းအတိုင်း …

“ကောင်းကင်ဖွေရှာ နန်းတော် တပည့် မိုဝူကျီ ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ် … ”

သူ့စကား အဆုံးတွင် သူက လူတစ်ယောက်ကို ကြည့်လိုက်မိသည်။ လူအုပ်ထဲတွင် တစ်ယောက်ကို မှတ်မိလေသည်။

“နှစ်ယောက်လုံး ဒီအတိုင်း ရပ်မနေကြပါနဲ့ ... ထိုင်ကြပါဦး … လာလာ နေရာ လုပ်ပေးလိုက်ကြလေ ... ” ချွေချန်ကျွင်းက လက်ပြရင်း သူ့လူများကို အမိန့်ပေး လိုက်သည်။ ဘုရင် တစ်ယောက်၏ လေသံကား အမှန်ပင် ကျယ်လောင်လှသည်။

လက်တွေ့တွင် ကောင်းကင်ဖွေရှာ နန်းတော်အတွက် ဘာမှ မဟုတ်သေးပေ။ ချိန်စုယင်နှင့် မိုဝူကျီတို့၏ ရိုးရှင်းသော မိတ်ဆက်မှု အတွက် သူက ဘာမှပြန်၍ မပြောရဲပေ။

စားပွဲနှစ်လုံးကို အမြန်အဆန် ထပ်ထည့်လိုက်ပြီး သူတို့ နေရာများက ရှေ့နှင့် အရမ်းနီးကာ ထိပ်ဆုံး သုံးနေရာထဲတွင် ရှိဟန် ပေါ်သည်။ ပြောရမည် ဆိုလျှင် ကောင်းကင်ဖွေရှာ နန်းတော်သည် အဆင့်တန်းမြင့်သော အနေအထား ရှိလေသည်။

ချိန်စုယင်က ကောင်းကင်ဖွေရှာ နန်းတော်တွင် တာဝန် ကျနေသော နီနန်အကြောင်း မေးခါနီးတွင် မိုဝူကျီက အနောက်ဘက်မှ နေရာများသို့ လျှောက်လှမ်း သွားသည်ကို မြင်လိုက်ရသည်။

“ဘုရင်ကြီး တွေ့ပြန်ပြီနော် ...” မိုဝူကျီက အားရပါးရ ရယ်မောရင်း တက်ကြွမှု မရှိသည့် အမျိုးသားရှေ့ ရပ်ကာ ပြောလိုက်သည်။

ထိုအမျိုးသားက မိုဝူကျီ လျှောက်လာသည်ကို တွေ့လိုက် ရသည့်အခါ တစ္ဆေ တစ်ကောင်ကို တွေ့လိုက်ရသည့် အလား လန့်ဖျပ် သွားလေသည်။ မိုဝူကျီ ခြေချစဉ် ကတည်းမှ သူ့စိတ်ကား ထိုသို့ ဖြစ်နေလေပြီ။

“ဆေးဆရာမို ... ဒီနေရာမှာ တွေ့ရလို့မယ်လို့ တကယ် ထင်မထားမိဘူး …” ဖြူဖျော့နေပြီး မုတ်ဆိတ်မွေး မရှိသည့် အမျိုးသားက အမြန်အဆန် မတ်တတ်ရပ် လိုက်ပြီး စကားပြော လိုက်သည်။

မိုဝူကျီက တစ်ခါ ထပ်ရယ်မော လိုက်ပြီး …

“ကျွန်တော်တို့တွေက စောစောစီးစီး မတွေ့ရင်တောင် မကြာခင် ပြန်တွေ့ရမှာပဲလေ … ဒီမှာသာ မတွေ့ရင် ယောင်ကျိုးက နယ်စားအိမ် သွားပြီးတော့ ခင်ဗျားကို ရှာတော့မလို့ …”

ချွေချန်ကျွင်းက မိုဝူကျီသည် နယ်စား တစ်ယောက်နှင့် ပြောနေသည်ကို တွေ့သောအခါ သူက ရယ်ရယ်မောမောဖြင့် …

“တာအို ရောင်းရင်းမိုက ချန်ယွီပြည်နယ် သခင် စစ်ထူချင်နဲ့ သိတယ် ထင်တယ် … ကောင်းတယ် ကောင်းတယ် ... ”

ချွေချန်ကျွင်းကို ဦးညွှတ်ကာ မိုဝူကျီက ပြောလိုက်သည်။

“ဘုရင်မင်းမြတ်ရဲ့ ခန့်မှန်းမှုက မမှားပါဘူး။ ကျုပ်က ပြည်နယ်သခင် စစ်ထူချင်နဲ့ သိတယ်ဗျ … ကျွန်တော့် ဘိုးဘေးတွေက အစပိုင်းက ရှင်းဟန် အင်ပါယာရဲ့ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်တွေလေ ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်များစွာက ကျွန်တော့်အဘိုး မြောက်ဘက်ပိုင်း ချင်စီရင်စု သခင် မိုထင်းချန်က ယောင်ကျိုးကို သွားပြီးတော့ ပျောက်သွားတယ်။ အဲဒီနောက်မှာ ကျွန်တော့်အဖေ မိုဂေါင်ယွမ်က ယောင်ကျိုးအထိ လာပြီးတော့ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်ကို ရှာခဲ့တယ်။ တစ်ချိန်တည်းမှာ သခင်စစ်ထူချင်ကို မြောက်ဘက်ပိုင်း ချင်စီရင်စု နေရာကို မိုမျိုးနွယ်စုကို လွှဲပေးဖို့ တောင်းခံခဲ့တယ် … ”

ထိုစဉ် မိုဝူကျီက ခဏ ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“တာအိုရောင်းရင်း အပေါင်းတို့ ဘုရင်မင်းမြတ်ရော ကျွန်တော့် မိုမျိုးနွယ်စုက တောင်းဆိုတာ များနေလား … ”

လူအများစုက မိုဝူကျီသည် စစ်ထူချင်ကို ပြဿနာ ရှာနေမှန်း သိကြသည်။ သို့သော် မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော် တပည့် ဖြစ်သည့်အတွက် တစ်ယောက်မှ စစ်ထူချင်ဘက်က ဝင်မပြောကြပေ။

ရှင်းဟန်အင်ပါယာ ဘုရင် ချွေချန်ကျွင်းသည် မိုဝူကျီ စကားနောက်မှ အဓိပ္ပာယ်များကို နားလည်သည့် အတွက် သူ့အမူအရာကား အနည်းငယ် မှိုင်းတိုင်း လာလေသည်။

“စီရင်စုသခင် နေရာတွေက မျိုးဆက် တစ်ခုနဲ့ တစ်ခု ဆက်ခံကြတာ ဆိုတော့ မသင့်လျော်တာ မရှိပါဘူး … ”

“တည့်တည့် ပြောပေးတဲ့ အတွက် ဘုရင်မင်းမြတ်ကို ကျေးဇူး တင်ပါတယ်ဗျ ... ဒါပေမဲ့လည်း သခင်စစ်ထူချင်က မိုမျိုးနွယ်စုရဲ့ တောင်းဆိုချက်ကို ဂရုမစိုက်ရုံတင် မကဘူး။ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်နေရာကို တခြား တစ်ယောက်ကို လွှဲပေးခဲ့တယ်။ ပြီးတော့ ကျွန်တော့် မျိုးနွယ်စုဝင် အားလုံးကို သတ်ဖြတ်ခဲ့တယ် … ကျွန်တော့်အဖေနဲ့ ကျွန်တော့်ကိုလည်း ယောင်ကျိုးမှာ ချုပ်ထားတယ် ... ကျွန်တော့် အဖေက ဖျားနာပြီးတော့ သေသွားတယ် ပြီးတော့ ကျွန်တော်လည်း ရူးသွပ် သွားခဲ့တယ် အဲဒီအချိန်အထိပေါ့ … ”

မိုဝူကျီက သူ့စကား အပြီးတွင် စစ်ထူချင်ကို အေးစက်စွာ ကြည့်လိုက်သည်။ မိုမျိုးနွယ်စုသည် စစ်ထူချင်က တိုက်ရိုက် ချေမှုန်းတာ မဟုတ်မှန်း သိသော်လည်း အပြစ်အားလုံးက သူ့အပေါ်သာ ပုံကျသွားလေပြီ။ သူက စစ်ထူချင်နှင့်ကိစ္စ ပြီးသည်နှင့် မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်ဆီ သွားရမည်။

***

All Chapters