ဝူရှောင်းသောင့်၏ဇာတ်လမ်း (၈) ရှင်ကအ,နေတာ လား
Vol. 166 Ch. 2318
ဝူရှောင်းသောင့်သည် သူစိမ်းများနောက်မှလိုက်သည်ကို သဘောမကျ သဖြင့် မင်းသားအိမ်တော်မှ ကိုယ်ရံတော်များကို ငြင်းပယ်ကာ လမ်းလျှောက် ရန် ထွက်ခဲ့လိုက်သည်။
မြို့တော်မှာ အလွန်ကြီးမားရာ ဝူရှောင်းသောင့်သည့် ရက်ပေါင်းများစွာ ဈေးဝယ်ထွက်သည့်တိုင် မပြီးနိုင်သေးပေ။ အထူးသဖြင့် လမ်းဈေးဆိုင်များနှင့် လမ်းဘေးဖျော်ဖြေပွဲများကို သူမ အလွန်စိတ်ဝင်စားသည်။ ထို့ကြောင့် အတန် ကြာသည်အထိ လူအုပ်ကြီးနှင့်ပါသွားကာ လိုက်ကြည့်ပြီး ပျော်ပါးနေသည်။
သို့သော် မကြာမီတွင် သူမသည် ပစ်မှတ်အထားခံလိုက်ရသည်ကို သိလိုက်ရသည်။
အစပိုင်းတွင် သူမ အထင်မှားနေသည်ဟုသာ ထင်ထားခဲ့သည်။ ဘယ်လို လုပ် သူမကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရတာလဲ။ သူမ၏ဝိညာဉ်စွမ်းအားမှာ ချိပ်ပိတ်ခံထားရကာ အားနည်းနေသော်ငြား လုံးဝ အာရုံမခံမိသည်တော့မဟုတ်ပေ။ မင်းသားအိမ်တော်မှ ကိုယ်ရံတော်များ တိတ်တဆိတ် သူမကို ကာကွယ်နေမလားဟု တွေးလိုက်သေးသည်။ သို့သော် ထိုအကြံသည် မှားယွင်းကြောင်း နောက်စက္ကန့်ပိုင်းအတွင်း သိလိုက်ရ၏။
ထိုလူများတွင် လူသတ်မည့်အကြည့်ရှိနေသည်မှာ သေချာသည့်တိုင် အောင် မင်းသားအိမ်တော်မှကိုယ်ရံတော်များသည် သူမတွင် အန္တရာယ်ရှိနေ သည်ကို မခံစားမိကြပေ။
သူမ အသာမျက်မှောင်ကြုတ်လိုက်သည်။ သူမကို တစ်ယောက်ယောက် ကများရှင်းချင်နေတာလား။ ဒီနေရာမှာ သူမ ဘယ်သူ့ကိုမှမပြစ်မှားမိပါဘူး။
ယခုအချိန်တွင် သူမတွင် ဝိညာဉ်စွမ်းအားမရှိသလို ထိုလူများလေ့ကျင့် သကဲ့သို့ ကိုယ်ခံပညာလည်းရှိမနေပေ။ ပြိုင်ဘက်မှာ မည်မျှသန်မာကြောင်းကို သူမ မသိပေ။ ထို့ကြောင့် ထိုလူများကို လက်လွတ်စပယ် ရင်ဆိုင်ရြပေ။ သူမ ခေတ္တမျှစဉ်းစားပြီးနောက် အလျင်အမြန်ပင် ဘေးနားရှိအထည်ဆိုင်ဆီသို့ ပြေး သွားလိုက်သည်။
မကြာမီတွင် အင်္ကျီပြောင်းထားသော ဝူရှောင်းသောင့်သည် အနောက် ပေါက်မှထွက်ကာ နောက်မှလိုက်လာသောသူများကို မျက်ခြည်ဖြတ်လိုက်၏။ သူမ၏ စိတ်ထဲတွင် အနည်းငယ်ဂုဏ်ယူနေတုန်းမှာပင် လမ်းတချို့ဖြတ် လျှောက်ပြီး လမ်းကြားတစ်ခုအရောက်တွင် လမ်းပိတ်ခံလိုက်ရလိမ့်မည်ဟု ထင်မထားပေ။
ထိုလူများသည် အနက်ရောင်ဝတ်ရုံနှင့် မျက်နှာစည်းများကို ဝတ်ဆင် ထားကာ နတ်ဆိုးရောင်ဝါများ ထွက်နေသည်။
ထိုကဲ့သို့လူများသည် အားအင်မနည်းသလို တိုက်ပွဲစွမ်းရည်လည်း နည်းမည်မဟုတ်ပေ။
သူမ ဤလူများကို မည်သို့ပြစ်မှားမိသည်ကိုမသိပေ။ သို့သော် ဤကိစ္စကို ပေါ့သေးသေးထားရြပေ။ တစ်ဖက်လူသည် ဘာမှမပြောဘဲ တိုက်ခိုက်လေ သည်။ သူမသည် ဝိညာဉ်စွမ်းအားပျောက်ဆုံးသွားသော်လည်း တိုက်ပွဲအတွေ့ အကြုံရှိနေသေးသည်။ သူတွင် အားကောင်းသည့် ပြိုင်ဘက်ရှိသော်ငြား လူ အများအပြားသတ်နိုင်သေးသည်။
….
သူမတွင် ကိုယ်ခံပညာမရှိဘဲ သူတို့ကိုသတ်နိုင်လိမ့်မည်ဟု တစ်ဖက်လူ မှာ မထင်ထားပေ။ ထို့ကြောင့် ဒေါသတကြီး ပြေးဝင်လာကြသည်။ သူတို့သည် သူမကို အပိုင်းပိုင်းခုတ်ထစ်တော့မည်ဟု ဝူရှောင်းသောင့်တွေးပြီး နောက်ဆုံး ပြင်ဆင်ထားချိန်တွင် သူမရှေ့သို့ အမှုန့်တချို့ဖြူးလိုက်လိမ့်မည်ဟု ထင်မထား မိပေ။ ထို့နောက် သူမ၏ခန္ဓာကိုယ် အားနည်းသွားသည်ကိုခံစားမိပြီးလဲကျသွား တော့သည်။
သေစမ်း သူတို့က ညစ်တီးညစ်ပတ်လာကစားနေတာပဲ။
ထိုလူများသည် ကြမ်းတမ်းပုံပေါက်သဖြင့် သူမကို သတ်တော့မည်ဟု ထင်လိုက်ချိန်တွင် ဤကဲ့သို့လှုပ်ရှားပြီး အဖမ်းခံလိုက်ရလိမ့်မည်ဟု မတွေးမိ လိုက်ပေ။
“ခေါင်းဆောင် လက်ထဲမှာ ငွေသား ညန်း ၃၀,၀၀၀ ရှိတယ်” ထိုစကား ပြောသူသည် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
“ဒီမိန်းကလေးက ဘယ်သူလဲတော့မသိဘူး ဒါပေမဲ့ တော်တော်တန်ဖိုးရှိ တာပဲ” လူတစ်ယောက်မှ မှတ်ချက်ပေးလေသည်။
“ငါတို့မှာ ဘာသရုပ်မှန်ပဲရှိရှိ အသက်ရှင်ဖို့ အဲဒါကိုပြန်ယူဖို့ပဲရှိတယ်” ခေါင်းဆောင်ဟု အမည်တပ်ခံရသောလူသည် ရောက်လာပြီး ဝူရှောင်းသောင့် အား စောင်ဖြင့်အုပ်ကာ ဝူရှောင်းသောင့်ကိုထမ်းပြီး ထွက်သွားလေတော့သည်။
ဖူမင်ရှောက် လူများခေါ်လာပြီး လမ်းကြားထဲသို့ရောက်သောအခါ အလောင်းများနှင့် တစ်နေရာလုံး သွေးများပေကျံနေသည်ကိုသာ တွေ့လိုက်ရ သည်။
“မင်းသား ဒါက သခင်မလေးဝူရဲ့ သွေးမဖြစ်နိုင်ဘူး” ဖူမင်ရှောက်၏ မျက်နှာတင်းမာသွားသည်ကို မြင်သောအခါ ကိုယ်ရံတော်တစ်ယောက်မှ ပြော လေသည်။
ဖူမင်ရှောက် ဘာမျမပြောခင်မှာပင် သူဖုန်းစားတစ်ယောက်သည် သူ့ကို စာလာပေးလေသည် “အစ်ကိုကြီး လူတစ်ယောက်က အစ်ကိုကြီးကို ဒါပေးခိုင်း လိုက်တယ်.. အစ်ကိုကြီးက ကျွန်တော့်ကို ငွေတစ်စပေးလိမ့်မယ်လို့လည်း ပြော လိုက်တယ်”
ဖူမင်ရှောက်သည် စာယူပြီး ကိုယ်ရံတော်ကို ငွေတစ်စပေးခိုင်းကာ လှည့် ပြီးလမ်းကြားထဲမှ ပြေးထွက်လာခဲ့သည်။ သူ့နောက်မှလိုက်လာသူများသည် အမြန်ရောက်လာပြီးပြောလိုက်သည် “သခင် မသင်္ကာစရာလူမတွေ့ဘူး တစ် ဖက်လူက အရမ်းသတိရှိတာဖြစ်ရမယ်”
ဖူမင်ရှောက်သည် ထိုအရာကိုလည်း မမျှော်လင့်ပေ။ ဤအချိန်တွင် တစ် ဖက်လူမှ စာပို့လာသည်မှာ အသေအချာအစီအစဉ်ဆွဲထားသည်ကို ညွှန်ပြနေ သည်။ သူ စာဖွင့်ဖတ်လိုက်ရာ စာတစ်ကြောင်းသာရှိလေသည်။ သူ ဝူရှောင်းသောင့်ကို ကယ်ချင်လျှင် မြို့အပြင်ဘက်ရှိ သုံးမိုင်သစ်တောလေးကို အချိန်မှီရောက်လာရန်နှင့် သို့မဟုတ်လျှင် ဝူရှောင်းသောင့် အသက်ပေးရမည် ဖြစ်ကြောင်းရေးထားသည်။
တစ်ဖက်လူ သူ့ကိုပေးသည့်အချိန်မှာ အလွန်တိုတောင်သဖြင့် သူ ချက်ချင်းဆိုသလို ပြေးသွားပြီး တခြားအရာများစီစဉ်ရန် အချိန်ပင်မရှိတော့ပေ။
“သခင် တောထဲမှာ ပိတ်မိဖို့လွယ်တယ် ဒီလိုသွားရင်အန္တရာယ်ရှိနိုင်တယ်” ကိုယ်ရံတော်ပြောလေသည်။
ဖူမင်ရှောက်လည်း အန္တရာယ်ကိုသိသည်။ သို့သော် တစ်ဖက်လူသည် သူ့ဆီလာပြီး ဝူရှောင်းသောင့်ကို ဖမ်းသည်။ သူ ဝူရှောင်းသောင့်၏အသက်ကို တန်ဖိုးထားသည်ကို တစ်ဖက်လူသိနေသည်။
“ငါ အရင်သွားနှင့်မယ် မူစစ်ကိုသတင်းပို့ခိုင်းလိုက်” သူ မြင်းပေါ်သို့တက် ပြီး မြို့အပြင်သို့ ပူပန်စွာဖြင့် ထွက်ခဲ့လိုက်သည်။
သူ့ကိုယ်ရံတော်များသည် မူစစ်ကိုရှာရန် နှစ်ယောက် ချန်ထားခဲ့ပြီး အားလုံး လျင်မြန်စွာပင် မြင်းပေါ်တက်ပြီး သူ့နောက်သွားကြသည်။ မူစစ် သတင်းရသောအခါ ဖူမင်ရှောက်သည် မြို့အဝင်ပေါက်သို့ရောက်နေပြီဖြစ် သည်။ ဝူရှောင်းသောင့် အဖမ်းခံရသည်ဟု ကြားပြီးနောက် လျင်မြန်စွာပင် လူခေါ်ကာ သွားလေသည်။
ဝူရှောင်းသောင့်နိုးလာသောအခါ သစ်ပင်တစ်ပင်တွင် ချည်နှောင်ခံလိုက် ရသည်ကို သိလိုက်ရသည်။ ဘေးနားတွင် လူအများအပြားရှိနေကာ ပတ်ပတ် လည်ရှိသစ်ပင်များတွင် ပုန်းအောင်နေသည့် လူများလည်းရှိနေသေးသည်။
“ဒီလောက် မြန်မြန်နိုးလာတာပဲ” အစိမ်းရောင်ဝတ်ထားသည့်လူသည် လက်ဆန့်ထုတ်ပြီး သူမ၏မေးစေ့ကိုပင့်လိုက်ကာ သူ၏အသံမှာလည်း အေးစက်နေသည် “ထင်ထားတဲ့အတိုင်းပဲ သူမက အလှလေးပဲ.. အဲဒါကြောင့် လည်း မိန်းကလေးတွေကပ်မရတဲ့ မူမင်ရှောက်ကို ဖမ်းစားနိုင်တာပဲ”
“မင်းတို့က ဖူမင်ရှောက်ကို ရှင်းချင်တာနဲ့ ငါ့ကိုဖမ်းတာလား” ဝူရှောင်းသောင့် ချက်ချင်းနားလည်သွားသည်။ သူမ မည်သူ့ကိုမှ မပြစ်မှားဖူး သော်လည်း သူမကိုဖမ်းရသည့်အကြောင်းအရင်းက ယခုကဲ့သို့ဖြစ်နေသည်။ “ငါ သူ့ကိုသိတာ သုံးလေးလပဲရှိသေးတယ် ဒါကထောင်ချောက်ဆိုတာသိရင် သူ လာမှာမဟုတ်ဘူး”
“ဒါဆို မင်း သူ့ကိုကောင်းကောင်းမသိသေးတာပဲ” ထိုလူ ပြောလေသည် “သူလျှိုတွေက ပို့တဲ့သတင်းအရဆိုရင် သူက လွန်ခဲ့တဲ့တစ်နာရီကတည်းက မြို့တော်ကနေထွက်လာပြီ”
ဝူရှောင်းသောင့် ထိတ်လန့်သွားသည်။ ဒါထောင်ချောက်ဆိုတာ အဲလူကြီး မသိဘူးလား။
သူမ အတန်ကြာသည်အထိ ရုန်းကန်သော်လည်း ခန္ဓာကိုယ်မှာ အနည်း ငယ် ထုံနေသည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ထုတ်ရန် ကြိုးစားသော်လည်း တုံ့ပြန်မှုရှိမလာပေ။
ကောင်းကင်ဘုံကိုဆန့်ကျင်၍ အပြစ်ဒဏ်ပေးခြင်းဖြစ်နိုင်သည်။ မိုးကြိုး ဘေးဒုက္ခပြီးသည့်နောက် သူမ၏ဝိညာဉ်စွမ်းအားမှာ လုံးဝသုံးမရခဲ့ပေ။ သူမ ၏မိခင်မှာ ယအခုလို အတွေ့အကြုံရှိခဲ့သဖြင့် ယခုအချိန်တွင် ပျာယာမခတ်ခဲ့ ပေ။ ဤကဲ့သို့အချိန်ရောက်လျှင် ဝိညာဉ်စွမ်းအားမှာ အလိုလိုပြန်ရောက်လာ တတ်သည်ဟု သူမ၏မိခင်ပြောဖူးသည်ကို မှတ်မိသည်။ သို့သော် ယခုအချိန် တွင် သူမ၏ရဲတင်းလွန်းသော အပြုအမူကိုနောင်တရမိသည်။ သူမ ပြန်သွားခဲ့ သော်လည်း ဤကဲ့သို့အဖမ်းခံလိုက်ရလိမ့်မည်ဟု ထင်မထားပေ။
သူမ၏ဝိညာဉ်စွမ်းအား မည်သည့်အချိန်တွင် ပြန်ကောင်းလာမည်ကို လည်း မသိပေ။ သူမဘာသာ စဉ်းစားနေမိသည်။ သူမသည် အရင်က ပေါ်ပေါ် ထင်ထင်မနေချင်ခဲ့ပေ။ ယခုအခါ သူတို့ကိုခေါ်ထုတ်ရတော့မည်။
သူမ၏ စာချုပ်သားရဲကို ခေါ်ထုတ်တော့မည့်အချိန်တွင် တောအုပ်အပြင် ဘက်မှ မြင်းခွာသံများထွက်လာပြီး ဖူမင်ရှောက် လူတစ်စုနှင့်လာနေသည်ကို တွေးစရာပင်မလိုတော့ပေ။
ထိုနေရာတွင် စောင့်နေသောလူများသည် လှုပ်ရှားမှုများကိုကြားသော အခါ သစ်တောထဲတွင်ပုန်းနေပြီး သူ့ကိုမျက်နှာချင်းဆိုင်ရန် အစီအစဉ်မရှိပေ။
ဖူမင်ရှောက်သည် တောအုပ်အလယ်ဆီသို့ အဆက်မပြတ်ပြေးလွှားနေပြီး အလယ်သို့လာရာ ဝူရှောင်းသောင့်ကို ပင်စည်တွင်ချည်ထားသည်ကိုမြင်သည် နှင့် ကြိုးဖြည်ပေးရန်သွားလိုက်သည်။
“အ,အကြီး ဒီကိုဘယ်သူက လာခိုင်းလို့လဲ ဒါကထောင်ချောက်ဆိုတာ မသိဘူးလား” ဝူရှောင်းသောင့်သည် သူ့ကိုမြင်သည်နှင့် ကြိမ်းမောင်းလေသည်။
ထိုလူသည် သူ၏ဘေးကင်းမှုကို အရေးတယူမရှိပေ။
“ငါသိတယ်” ဖူမင်ရှောက်သည် သူမ လွတ်သွားချိန်တွင် မြေပေါ်သို့ ကျသွားမည်စိုးသဖြင့် သူမ၏ အားနည်းနေသော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက် ၏။
“သိရဲ့သားနဲ့ ရောက်လာသေးတာလား ရှင် ရူးနေတာလား”
“မင်းရှိနေလို့လေ” ငါရောက်လာတာ။
ဝူရှောင်းသောင့်သည် သူ့စကားများကိုကြားသောအခါ လက်ကောက် ဝတ်ကို ပွတ်သပ်နေရာမှ သူ့ကိုကြည့်လိုက်သည်။ သို့သော် နက်ရှိုင်းသော မျက်လုံးတစ်စုံအတွင်းသို့ ကျသွားလေသည်။
“ကျွန်မအန္တရာယ်ဖြစ်မှာမဟုတ်ပါဘူး” သူမ၏ ငေါက်ငမ်းသောအသံ သည် အားနည်းနေတုန်းပင်။
“မင်းစွမ်းအားကို သုံးလို့မရတော့ဘူးလေ”
“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တခြားနည်းလမ်းတွေရှိပါသေးတယ်”
“ငါမှအရင်ကမမြင်ဖူးတာ စိတ်မပူနဲ့ ငါနဲ့အနီးကပ်နေ.. မင်းကိုခေါ်ထုတ် သွားပေးမယ်” ဖူမင်ရှောက်သည် သူမ၏ခါးကိုပွေ့ဖက်ကာ နောက်လက်တစ် ဖက်ဖြင့် အနားရောက်လာသူများကို တိုက်ခိုက်နေသည်။
တစ်ဖက်မှာ လူအင်အားများပြားသဖြင့် ဒါဇင်မျှသော သူတို့သည် ရာချီရှိ သော ပြိုင်ဘက်ကို မခုခံနိုင်ပေ။ ဖူမင်ရှောက်၏ ကိုယ်ခံပညာမှာ အားကောင်း သော်လည်း ရာဂဏန်းမျှရှိသော ပြိုင်ဘက်ကို မတားနိုင်ပေ။ ထို့အပြင် သူသည် ဝူရှောင်းသောင့်ကို ကာကွယ်ချင်သဖြင့် ကြိမ်ဖန်များစွာ အခုတ်ခံရလေသည်။