ဝူရှောင်းသောင့်၏ဇာတ်လမ်း (၉) ဇာတ်သိမ်း
Vol. 166 Ch. 2319
ဝူရှောင်းသောင့်သည် ခေါင်းမော့လိုက်ရာ ဖူမင်ရှောက်၏ ခိုင်မာသော မေးရိုး၊ တိကျစွာကွေးတွန့်နေသော နှုတ်ခမ်းများနှင့် စိတ်ပိုင်းဖြတ်ထားသော အကြည့်များကို မြင်လိုက်ရသည်။ သူမကိုကာကွယ်ရန်အတွက် သူ ထပ်ခါထပ်ခါ အခုတ်ခံနေရသည်ကိုကြည့်ပြီး သူမ၏မျက်လုံးများသည် ပိုပိုပြီး နက်ရှိုင်းလာသည်။
“ရွှမ်း”
သူအနောက်မှ ဓားဖြင့်အခုတ်ခံရသဖြင့် အရှေ့သို့ ယိုင်သွားသော်လည်း သူမကို မလွှတ်သေးပေ။
“ဖူမင်ရှောက် ကျွန်မကိုလွှတ် အဲလူတွေက ရှင့်ကိုထိန်းချုပ်ဖို့ ကျွန်မကို အသုံးချနေတာ” ဝူရှောင်းသောင့် အော်လေသည်။
“ငါ့ဘဝမှာ မင်းလက်ကို ဘယ်တော့မှ မလွှတ်ဘူး” ဖူမ်ရှောက်သည် ဝူရှောင်းသောင့်ကိုကြည့်ရင်းနှင့် သူ၏မျက်လုံးထဲမှခံစားချက်များသည် ဖုံးဖိမရ တော့ပေ။ သူ့ကို ထိုပုံစံအတိုင်းမြင်ရသည်မှာ သူမ၏နှလုံးသားများကို လှုပ်ခတ် သွားစေသည်။ သူမ၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာပြီး ထိုဖြားယောင်း သည့်အပြုံးကို သူမေ့နိုင်မည်မဟုတ်ပေ။
သူမ ရုန်းထွက်ပြီး ရပ်လိုက်ချိန်တွင် အပြုံးများပျောက်ကွယ်သွားကာ အားကုန်အော်လိုက်သည် “သတိထား နောက်မှာ လမ်းဖယ်”
ဖူမင်ရှောက်သည် အနောက်မှလူသတ်မည့် အရိပ်အယောင်ကိုခံစားမိ သော်လည်း မနာခံပေ။ မဟုတ်လျှင် သူမ ထိခိုက်သွားနိုင်သည်။
“ရွှမ်း”
မြှားရှည်တစ်ချောင်း ပစ်ထွက်လာရာ သူ့နောက်ကျောမှ နှလုံးထိ ထိုးစိုက် ဝင်သွားလေသည်။
အချိန်သည် ထိုအခိုက်အတန့်၌ပင် ရပ်တန့်နေသလိုပင်။ ဝူရှောင်းသောင့် သည် သူ့ရင်ဘတ်တွင် ထိုးစိုက်နေသော မြှားကိုကြည့်ပြီး ခေတ္တမျှ ငေးငိုင်နေမိ သည်။
သူ့ပါးစပ်ထောင့်မှ သွေးစီးကျလာပြီး ခန္ဓာကိုယ်မှာ ခွေယိုင်သွားက ဒူး တစ်ဖက်ထောက်ငိုက်စိုက်ကျသွားသည်။
….
သူ့ကို မြှားရှည်ထိုးစိုက်သွားပြီး တိုက်ခိုက်မှုစွမ်းအင်ပျောက်သွားသည်ကို ထိုလူများမြင်သောအခါ ချက်ချင်းရှေ့ဆက်မတိုးကြဘဲ သူ့ကိုဝိုင်းလိုက်ကြ၏။
“ဖူမင်ရှောက်” ဝူရှောင်းသောင့်သည် သူနှင့်အတူ ဒူးထောက်လိုက်ကာ သူ၏ ဖြူဖျော့သော မျက်နှာကိုမြင်လိုက်ရသောအခါ သူမဘဝ၏ပထမဆုံး အကြိမ်အနေနှင့် မိခင်ဖြစ်သူမှလွဲပြီး တခြားတစ်ယောက်အတွက် ငိုကြွေးမိ သည် “ဘာလို့အဲလောက် အ,ရတာလဲ လမ်းဖယ်လို့မပြောဘူးလား”
ဖူမင်ရှောက်သည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး အားပျော့စွာဖြင့် ပြုံးလိုက် သည် “ငါ ဖယ်လိုက်ရင် မင်းကိုထိသွားမှာလေ”
“ငတုံး ငတုံး ငတုံးကြီး” ဝူရှောင်းသောင့်သည် လက်ဆန့်ထုတ်ပြီး သူ့ မျက်နှာကိုထိကိုင်လိုက်သည် “ဒီကမ္ဘာမှာ ရှင့်လောက်တုံးတဲ့သူမရှိတော့ဘူး”
“ဒုက္ခရှေ့ရောက်ရင် ရောင့်ရဲတတ်ရတယ်” ဖူမင်ရှောက်သည် သူမကို ပြုံးပြလိုက်သည်။ သို့သော် မျက်လုံးထဲမှ အလင်းသည် လျော့ကျလာသည်။
“ရှင့်ကို သေခွင့်မပေးနိုင်ဘူး” ဝူရှောင်းသောင့်သည် အသက်စောင့်ဆေး ထုတ်ကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။ ပြီးနောက် ရှေ့တိုးကာ သူ့နှုတ်ခမ်းများ ကို အနမ်းခြွေလိုက်သည် “ကျွန်မ ရှင့်ကိုကယ်လိုက်ပြီ ရှင်က ကျွန်မအပိုင်ဖြစ် သွားပြီ.. ရှင့်ခန္ဓာကိုယ်နဲ့ ကျွန်မကို ပြန်ပေးဆပ်ဖို့ မှတ်ထားပါ”
ဖူမင်ရှောက်၏ ပြန့်ကျဲသွားသော အသိစိတ်များသည် ဆေး၏အာနိသင် ကြောင့် တဖြည်းဖြည်း ပြန်ကောင်းလာသည်။ သူမ၏ စကားများကို ကြားပြီး နောက် ပြန်ဖြေလိုက်ချင်သော်လည်း ဘာမှမပြောနိုင်ပေ။
ဖူမင်ရှောက် ပြန်ကောင်းတော့မည်ကို တွေ့သောအခါ ထိုလူများသည် ရှေ့တိုးပြီး သတ်ရန်ကြိုးစားလေသည်။ သို့သော် အင်အားတစ်ခုကြောင့် နောက် သို့ပြန်ကန်ကျသွားသည်။
သူတို့သည် ဝူရှောင်းသောင့်ပတ်ပတ်လည်တွင် လှိုင်းဂယက်များကို မြင် လိုက်ရပြီး ရှည်လျားသောဆံပင်နှင့် စကတ်သည် လေမတိုက်ဘဲနှင့် လှုပ်ယမ်း နေသည်ကိုမြင်လိုက်ရသည်။ ထိုလူများသည် သူမခန္ဓာကိုယ်မှထွက်လာသော ရောင်ဝါကြောင့် လွင့်စင်သွားလေသည်။
သူမသည် မြှားကိုဖျတ်လတ်စွာဖြင့် ယူပြီး သူ့ကျောပြင်မှ လက်ကျန်မြှား ကို ဆွဲထုတ်ပြီး ဒဏ်ရာကို ဝိညာဉ်စွမ်းအားဖြင့် ပိတ်ပေးလိုက်သည်။ သူ့ခန္ဓာ ကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားဝင်သွားသောအခါ သူ့ဒဏ်ရာကိုပြင်ပေးလေသည်။
ကံကောင်းထောက်မစွာပင် သူမသည် ဖူမင်ရှောက်ကြောင့် လှုံ့ဆော်မှု ဖြစ်သွားကာ ခန္ဓာကိုယ်ထဲမှဝိညာဉ်စွမ်းအားကို မမျှော်လင့်ဘဲထုတ်နိုင်သွား သည်။
“ရွှမ်ဖန်း ဒီလူတွေကိုသတ်လိုက် တစ်ယောက်မှ မချန်နဲ့” သူမသည် ဖူဖင်ရှောက်ကို တွဲထလိုက်သည်။ သူမ၏ စကားဆုံးသည်နှင့် ကြီးကျယ်ခမ်းနား သော နဂါးတစ်ကောင် လေထဲတွင်ပေါ်လာပြီး နဂါး၏အသက်ရှူသံတစ်ရှိုက် နှင့်တင် သူမနားမှလူများကို ရှင်းလိုက်နိုင်သည်။
ရွှမ်ဖန်း၏ လှုပ်ရှားမှုများ ချောမွေ့စေရန်အတွက် သူမသည် ဖန်မင်ရှောက်၏ ခန္ဓာကိုယ်ကိုဖက်ကာ လေထဲသို့ပျံသွားပြီး ရွှမ်ဖန်း၏ ဦးခေါင်း ပေါ်တွင် မြဲမြံစွာရပ်ပြီး ဖူမင်ရှောက်ခေါ်လာသည့်လူများမှ လွဲပြီး တောထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် သေသွားသည်ကိုကြည့်နေခဲ့သည်။
အစကတည်းက ဒဏ်ရာရထားသော ထိုလူများသည် ဤမြင်ကွင်းကို မြင် သောအခါ အားလုံးကြောက်ရွံ့ကုန်ကြသည်။
ကယ်တင်ရန်လာသော မူစစ်နှင့်သူ့လူများသည် ရုတ်တရက် နဂါးပေါ် လာသည်ကို ကြည့်ပြီး ကြောင်နေမိကြသည်။
ဒီကမ္ဘာမှာ တကယ်နဂါးရှိတာပဲ။
“နဂါးခေါင်းပေါ်မှာ မင်းသားနဲ့ သခင်မလေးဝူတို့ ရှိနေတာပဲ” လူတစ် ယောက်သည် ယုံကြည်ရခက်စွာဖြင့် အော်လိုက်သည်။
မူစစ်သည် ဝူရှောင်းသောင့်ကို ကြည့်လိုက်ချိန်တွင် သူမသည် ရှိန်လောက် သည့်ရောင်ဝါထုတ်လွှတ်ထားကာ တောအုပ်ငယ်သည် သူမလက်တစ်ချက် ဝှေ့လိုက်သည်နှင့် ကျတ်တီးမေအဖြစ် ပြောင်းသွားသည်။ ရုတ်တရက်ပင် မီးငှက်၏ကျောပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်သည် သူ့မျက်စိထဲတွင်ပေါ်လာသည်။
သူ ခေါင်းခါပြီး ပြုံးလိုက်သည်။ ရွှမ်ဖန်းနှင့် ဝူရှောင်းသောင့်တို့ သူ့ဆီ ရောက်လာမှပင် ဖူမင်ရှောက် ဒဏ်ရာအပြင်းအထန်ရထားသည်ကို သူ မြင် လိုက်ရသည်။
“သူ့ကို ဆေးကုဖို့ ပြန်ခေါ်သွားချင်တဲ့ ကျန်တဲ့သူတွေကို ပြန်ခေါ်ဖို့ ရှင့်ကို ပဲ တာဝန်ပေးလိုက်တော့မယ်” ထိုသို့ပြောပြီးနောက် သူမသည် မင်းသား အိမ်တော်ကို ပြန်ခေါ်သွားချင်နေသည်။
“ဒီလိုမျိုးပြန်သွားရင် မင်းဒုက္ခရောက်လိမ့်မယ်” မူစစ်သည် သူမအောက် မှ ရွှမ်ဖန်းကို ကြည့်နေသည်။ နဂါးအစစ်သာပေါ်လာလျှင် တော်ဝင်မိသားစု အကြားတွင် မကြုံစဖူးရုန့်ရင်းဆန်ခတ်များ ဖြစ်လာလိမ့်မည်။
ဝူရှောင်းသောင့်သည် သတိပြန်ဝင်လာကာ ရွှမ်ဖန်းကို သိမ်းပြီး လေဟာ နယ်လိုဏ်ခေါင်းပြုလုပ်ကာ ဖူမင်ရှောက်ကိုတွဲပြီး လျှောက်ဝင်ခဲ့သည်။
မူစစ်၏လူများသည် ဤအခြေအနေကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သဖြင့် ထိတ်လန့်သွားကာ စကားပင်ဖြောင့်အောင်မပြောနိုင်တော့ပေ “စစ်သူကြီး စစ်သူကြီး သခင်မလေးဝူ သူမက…”
“ဒီနေ့ကိစ္စကို စကားတစ်ခွန်းမှမထွက်စေနဲ့” မူစစ်သည် မျက်မှောင် ကြုတ်ကာ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ စစ်သူကြီး”
“သွား တောအုပ်ထဲက အခြေအနေကြည့်ပြီး ဒဏ်ရာရတဲ့သူတွေကို မင်းသားအိမ်တော်ကို ပြန်ပို့လိုက်”
“ဟုတ်ကဲ့”
မကြာမီတွင် ဒဏ်ရာရသူများကို ကုသရန်ပြန်ပို့ပြီး အလောင်းများကို လည်း သယ်သွားကြသည်။ တစ်ဖက်ရန်သူ၏ အလောင်းများကိုတော့ နေရာ၌ ပင် မီးရှို့လိုက်ကြသည်။
“စစ်သူကြီး မင်းသား ၂ ပဲ” တပ်သားတစ်ယောက်သည် သစ်ပင် ပင်စည် အောက်တွင် မင်းသား ၂ ၏အလောင်းကိုတွေ့လေသည်။ သူ့မျက်လုံးများမှာ ပြူးကျယ်နေပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။
“သူ့အလောင်းကို မင်းကြီးဆီသယ်သွားလိုက်”
မင်းသားတစ်ပါး ဤသို့သေဆုံးသွားသည်ကို မင်းကြီးကိုအသိပေးရမည်။ သို့သော် မင်းကြီးသည် သူ၏သေဆုံးမှုကို မစုံစမ်းရဲပေ။၏
ဝူရှောင်းသောင့်၏ သရုပ်မှန်ကို ထုတ်ဖော်မပြသော်လည်း မင်းကြီး သိ သည်။ မင်းသား ၂ သည် ဝူရှောင်းသောင့်ကို ဓားစာခံအဖြစ် ဖမ်းချုပ်ထားသည် မှာ သူမ မင်းကြီးကို သွားရှင်းပြရန်မလိုသည့် အချက်ဖြစ်သည်။
မင်းကြီးသည် မင်းသား ၂ ၏အလောင်းကိုမြင်သောအခါ အမှန်တကယ် ပင် ပူပန်မိသည်။ သို့သော် မူစစ်ပြောပြသော အဖြစ်အပျက်များကို နားထောင် ပြီးနောက် မင်းသား ၂ ကို ဝူရှောင်းသောင့် သတ်သွားခြင်းဖြစ်ကြောင်း သိပြီး နောက် ဤသားမျိုးနောက်ထပ်မမွေးရန် မျှော်လင့်မိသည်။
ဝူရှောင်းသောင့်လို အမတကိုမှ သွားပြစ်မှားတယ်ပေါ့။
ဝူရှောင်းသောင့်၏ ဒေါသထွက်နေသော ပုံစံကိုတွေးကြည့်ပြီးနောက် သူ ချက်ချင်းပင် လူခေါ်ကာ ဝူရှောင်းသောင့်ကို ကိုယ်တိုင် တောင်းပန်ရန် မင်းသားအိမ်တော်ကိုသွားလေသည်။
ဝူရှောင်းသောင့်သည် မင်းကြီးကိုမြင်သောအခါ ဒေါသမထွက်ဘဲ ဖူမင်ရှောက်ကိုသာ ကြည့်နေသည်။ သားဖြစ်သူ အိပ်ရာပေါ်တွင်လှဲလျောင်းနေ သည်ကိုမြင်သောအခါ မင်းကြီးသည် စိတ်မကောင်းဖြစ်မသိသည်။
“ကျွန်မ သူ့ကိုခေါ်သွားချင်တယ်” ဝူရှောင်းသောင့်သည် မင်းကြီးကို ပြော လိုက်သည်။
“သူ့ကိုခေါ်သွားမယ်ဟုတ်လား ဘယ်သွားမလို့လဲ” မင်းကြီး မေးလိုက်၏။
“ကျွန်မ ကမ္ဘာကိုသွားမှာ.. သူ့နှလုံးကို ထိခို်ကထားတယ်.. သူ့အသက် ကို ဆွဲဆန့်ထားနိုင်ပေမဲ့ အရှင်းပျောက်အောင် မကုနိုင်ဘူး.. ကျွန်မအမေဆီ ခေါ်သွားပြီး ကယ်နိုင်မလားလို့ကြည့်ချင်တယ်” ဝူရှောင်းသောင့် ပြန်ဖြေလိုက် သည်။
“ဘယ်တော့သွားမှာလဲ”
“အစကတော့ မင်းကြီးကို လူလွှတ်အကြောင်းကြားပြီး မနက်ဖြန်မှသွား မလို့.. ဒါပေမဲ့ ဒီနေ့မင်းကြီးရောက်လာတယ်ဆိုတော့ ဒီနေ့ပဲသွားမယ်” ဝူရှောင်းသောင့် ပြောလိုက်သည် “ဒီတစ်ခါပြီးရင် ဘယ်တော့မှပြန်တွေ့နိုင်မလဲ ဆိုတာ မသိနိုင်လို့ သူ့ကိုခဏနိုးအောင်လုပ်ပေးမယ်.. သားအဖတေ စကားပြော လို့ရတယ်.. ဒါပေမဲ့အကြာကြီးတော့မရဘူး”
သူမ အပ်တစ်ချောင်းထုတ်ကာ သွေးကြောတစ်ခုကိုစိုက်လိုက်သည်နှင့် သူ သတိလည်လာသည်။ ထို့နောက် သူမ ထွက်သွားကာ သားအဖနှစ်ယောက် စကားပြောရန်ထားခဲ့သည်။
ခဏကြာပြီးနောက် မင်းကြီးထွက်လာသည်နှင့် ဝူရှောင်းသောင့် ဝင်သွား လိုက်သည်။ အိပ်ရာပေါ်တွင်လှဲနေသောလူ သူမကိုပြုံးပြသည်ကိုမြင်သည်နှင့် သူ့ကိုမုန်းတီးစွာဖြင့် စိုက်ကြည့်ကာ သူ၏အပြုအမူကို စောဒကတက်လေ သည်။
ဖူမင်ရှောက်သည် လက်ဆန့်ထုတ်ကာ သူမ၏လက်ကိုဆွဲယူပြီး အားပျော့ စွာဖြင့် ပြောလေသည် “ငါ မင်းနဲ့သွားရမယ်ဆိုတာကို ခမည်းတော်ပြောတယ်.. နောက်ဆို မင်းငါ့ကို တာဝန်ယူရတော့မယ်.. မင်းက ငါ့ကိုကယ်လိုက်တာဆို တော့ ငါ့ကိုယ်ငါ မင်းကိုပေးဖို့ ကတိပေး…”
ဟင် ဒီစကားတွေကို ရင်းနှီးနေတယ်။ အဲတုန်းက သူသတိမေ့နေတာ မဟုတ်ဘူးလား။
“ငါ ထပ်ကြိုးစားချင်တယ်”
“ဘာကိုထပ်ကြိုးစားဦးမှာလဲ.. အခုကောင်းကောင်း အနားယူလိုက်ဦး”
ဖူမင်ရှောက်သည် သူမကိုတည့်တည့်စိုက်ကြည့်လေသည်။ သူမသာ ထိုအရာကိုမပေးလျှင် သူ အနားယူမည်မဟုတ်ပေ။
သူ့ကို ကြည့်လိုက်သည်နှင့် ဝူရှောင်းသောင့်သည် စိတ်ပျော့သွားကာ ကုန်းပြီး သူမ၏နှုတ်ခမ်းနှင့် သူ့နှုတ်ခမ်းကိုထပ်လိုက်သည်။ သူတို့၏နှုတ်ခမ်း ထောင့်များမှာ ကွေးတက်သွားသည်။
“အခုကစပြီး မင်းက ငါ့အပိုင်ပဲ”
“အင်း…”