← Chapters

သဘောတူညီချက်

Vol. 154 Ch. 2128

သဘောတူညီချက်

Vol. 154 Ch. 2128

“အရှင်ကြက်သွေးရောင် စိတ်ဝိညာဉ်…”  ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ ခုချိန်တါင် သူသည် ကောင်းကင်ဘုံနယ်မြေ၏ အပြင်ဘက်တွင် ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်း မြင်သည်။ သူက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၊ သူနှင့် သွေးမျိုးဆက်အချို့ ချိတ်ဆက်မှုရှိသည်ဟု ခံစားရသော လူငယ်တို့ကို မြင်သည်။ သူက ကောင်းကင်ဘုံနယ်မေအပြင်ရှိ အစီအရင်မှာ သွေးအလင်းနှင့် တိုက်စားခံနေရတာကိုလည်း မြင်သည်။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို ဝမ်လင်း လွှတ်ပေးခဲ့ချိန်က သူသည် အားနည်းနေခဲ့သော်လည်း ဝမ်လင်းအတွက်တော့ အစွမ်းထက်လွန်းခဲ့ပေ၏။ အခု သူက သူ၏ ကျင့်ကြံမှု အထွတ်အထိပ်သို့ ပြန်ရောက်ပြီ ဖြစ်သော်လည်း ဝမ်လင်းရှေ့တွင်မူ ပုရွတ်ဆိတ်သာသာပင်။

သည်လို ပုရွတ်ဆိတ်ကိုတော့ ဝမ်လင်းသည် လက်ညွှန်ချက်ဖြင့်ပင် အကြိမ်မရေမတွက်နိုင်အောင် ခြေမွပစ်၍ ရသည်။

နှာခေါင်းရှုံ့ကာ ဝမ်လင်းက ရှေ့သို့ ခြေလှမ်းပြီး အလုံးစုံကောင်းကင်တွင် ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားသည့်နောက် အလင်းဖြင့် ပြုလုပ်ထားသော ဂိတ်တံခါးမှာလည်း သည်နေရာတွင် လုံးဝ မပေါ်လာခဲ့ဖူးသည့်အလား ကွယ်ပျောက်သည်။

ဝမ်လင်း ပြန်ပေါ်လာသည့်အခါ၌ သူက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် ရှေ့တွင် ပေါ်လာခြင်းမဟုတ်၊ သူနှင့် ရင်းနှီးလှသော ကောင်းကင်ဘုံနယ်မြေထဲ၌ ပြန်ပေါ်လာတာ ဖြစ်၏။ ကောင်းကင်ဘုံနယ်မြေရှိ မည်သူကမျှ သူ ရောက်ရှိလာခြင်းကို သတိမပြုမိကြပါ။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကမူ ပြောနေဖို့ပင် မလိုတော့ပေ။

ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်သည် အရင်လို အပြာရောင် မဟုတ်တော့ သွေးနီရောင်ဖြစ်နေ၏။ ၎င်းက လေးလံထိုင်းမှိုင်း ဖိနှိပ်သော ကောင်းကင် ဖြစ်နေသည်။ သို့ပေမည့် ထိုကောင်းကင်၏ အရောင်ကလွဲ၍ သည်နယ်မြေရှိ အဆောက်အဦ၊ မြစ်များ၊ တောင်တန်းများကမူ အလှတရားကို ဆောင်ကြဉ်းနေတုန်းပင်။

ဘေးပတ်လည်သို့ ကြည့်ကာ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းသည်။ အလင်းတန်းသုံးခု ပေါ်လာကာ ဝမ်လင်းရှေ့တွင် လူသုံးယောက် ပေါ်လာသည်။

သူတို့မှာ ရှုလီကော၊လျှိုကျင်းပြောင်နှင့် ဝမ်လင်းနှင့် လှိုဏ်ဂူလောကသို့ ပြန်လိုက်လာခဲ့သော သူ့တစ်ဦးတည်းသော တပည့် ဆယ့်သုံးတို့ပင်။

ဆယ့်သုံးက သာမန် မဟုတ်ပေ။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ရာ အနီရောင်မြူကို တွေ့မြင်၏။ သူသည် တခဏ စိတ်ရှုပ်ထွေးပြီးနောက် မကြာမီတွင် ပြန်ကောင်းမွန်သွားသည်။ သူက ဝမ်လင်းကို ဦးညွှတ်ကာ သူ့ဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။

သူ့အတွက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ဖြစ်စေ၊ လှိုဏ်ဂူလောက ဖြစ်စေ သူ ဆရာနှင့်သာ အတူရှိနေသ၍ မည်သို့မျှ ကွာခြားမှု ရှိမနေပါ။

သူနှင့် ယှဉ်ပါက လျှိုကျင်းပြောင်နှင့် ရှုလီကောတို့က ထူးခြားသောအမူအရာများ ဖြစ်ကုန်၏။ ဘေးပတ်လည်သို့ ကြည့်ကာ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ဝမ်လင်းက ထိုနှစ်ယောက်သည် အတော်လေး ဂုဏ်မောက်နေသည်ကို ခံစားမိသည်။

“ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်ကာ ပြောလိုက်၏။ ငါတို့ အိမ်ပြန်ရောက်ပြီ။ မငသ်းတို့ ဆန္ဒရှိသလို လုပ်နိုင်တယ်။ ငါ ငါ့မိတ်ဆွေအချို့နဲ့ သွားတွေ့လိုက်အုံးမယ်…”

ထို့နောက် သူက ပျံသန်းကာ ထွက်လာ၏။

ဝမ်လင်း ကောင်းကင်ဘုံနယ်မြေသို့ ဝင်လာချိန်တွင် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဖြစ်၏။ သူက မူပင်းမေအပါအဝင် တော်တော်များများကို မြင်ပြီးပင်။

မူပင်းမေက တောင်ပေါ်တွင် ရပ်နေ၏။ သူမသည် လေနှင့်အတူ လွင့်သွားတော့မည့်အလား ထင်ရသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းချသည်။ သူမက သူမ၏လက်ထဲရှိ သလင်းဓားကို တင်းတင်းဆုပ်ကာ တခုခုကို ဆုံးဖြတ်ချက်ချပြီးပုံ ပေါ်သည်။

သူမက လက်ထဲရှိ ဓားကို တင်းတင်းဆုပ်ကာ သွေးရောင်ကောင်းကင်ထက်သို့ ကြည့်နေပြီး တဖက်သို့ လှည့်လိုက်သည်။ သို့သော် သူမ လှည့်လိုက်ချိန်တွင် မူပင်းမေသည် လုံးဝ တုန်လှုပ်သွားသည်။ သူမ၏မျက်လုံးထဲတွင် မယုံကြည်မှု ပြည့်နေလျက် သူမကို ကြည့်နေသော ပုံရိပ်ကို စိုက်ကြည့်နေမိသည်။

ထိုသူမှာ တခေါင်းလုံးဆံပင်ဖြူနှင့် လူငယ်ပင်။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေ၏။

ဝမ်လင်းသည် သူနှင့် သူစိမ်းလိုလို၊ ရင်းနှီးသူလိုလို အမျိုးသမီးကို ကြည့်ကာ စိတ်ရှုပ်ထွေးမှုကို ခံစားရသည်။ ထိုရှုပ်ထွေးသော ခံစားချက်က သူနှင့်အတူ ရှိခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပေပြီ။

သူ့မျက်လုံးထဲတွင် တက်ကြွငယ်ရွယ် တောက်ပသော အမျိုးသမီးငယ်လေးနှင့်အတူ ဟုန်ယွီကလန် ပေါ်လာ၏။ ထို့နောက် အကြွင်းမဲ့လှသော ပုံရိပ်နှင့်အတူ ဟင်္သာပြဒါးအုတ်ဂူ ပေါ်လာ၏။

ထိုပုံရိပ်က ထပ်ခါထပ်ခါ ပြောင်းလဲနေသည်။ ဝမ်လင်းက ထိုအမျိုးသမီးနှင့် ပတ်သတ်သော သူ့မှတ်ဉာဏ်များကို ပန်းချီကားတချပ်နှယ် ပြန်မြင်မိနေသည်။

“ငါသာ အသက်ရှင်သေးရင် ငါ ပြန်လာခဲ့မယ်…”  ဝမ်လင်းက သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်နေ၏။ သူမ၏ပုံရိပ်က သူ့မှတ်ဉာဏ်နှင့် တထပ်တည်း ဖြစ်သွားကာ သူ့စိတ်နှလုံးထဲတွင် ပျော်ဝင်သွားသည်။

မူပင်းမေက သူမတွေ့မြင်ရတာကို မယုံကြည်ဝံ့ ဖြစ်နေ၏။ သူမသည် လုံးဝ မင်သက်တွေဝေမိနေသည်။ မိန်းမောနေလျက် ဝမ်လင်း၏ ဆံဖြူပုံရိပ်က ပို၍ ထည်ဝါလာကာ နောက်ဆုံးတွင် ၎င်းက သူမ၏မှတ်ဉာဏ်နှင့် ပေါင်းစပ်ပြီး သူမ၏စိတ်နှလုံးထဲ၌ ပျော်ဝင်သွားသည်။

ထိုအခိုက်၌ သူမသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဟုန်ယွီကလန်ကို တွေ့မြင်နေပုံ ထင်ရသည်။ ထိုစဉ်က လူအများကြား၌ သူမ၏ အလှကြောင့် မရူးသွပ်၊ မစွဲလန်းသော လူငယ်တစ်ယောက် ရှိခဲ့၏။

သူမက ထိုပုံရိပ်သည် ဟင်္သာပြဒါးအုတ်ဂူ၌ သူမကို တားဆီးခဲ့ကာ သူမကို အေးစက်စက် စိုက်ကြည့်ခဲ့တာကို တွေ့မြင်သည်။

အလုံးစုံကောင်းကင်၌ သူမ၏ ကိုယ်ပွားသေဆုံးခြင်းကနေ သိရှိခဲ့ပြီးနောက် ထိုပုံရိပ်က နာကျင်စူးရှစွာ အော်ဟစ်ခဲ့ပြီး သူ့အကြည့်ထဲ၌ ဝမ်းနည်းမှု ပြည့်နေခဲ့ဖူးသည်။

အဆုံးသပ်တွင် သူမရှေ့ရှိ ပုံရိပ်များသည် ထိုသူ လှိုဏ်ဂူလောကကနေ ထွက်သွားချိန်၌ ရပ်တန့်သွား၏။ ထိုနေ့က မိုးများ ရွာသွန်းခဲ့ကာ ခွဲခွာရခြင်း ခံစားမှုတစ်ခုကို ပေးစွမ်းနေသည်။

မိုးထဲ၌ ဝမ်လင်း၏ပုံရိပ်က အလွန်ထူးခြားနေပြီး သူမ၏ စိတ်နှလုံးကို နာကျင်စေသည်။ သူမသည် စိတ်နှလုံးနာကျင်နေလျက် သူ၏ မထူးခြားသောပုံရိပ်က နူးညံ့လာခဲ့သည်ကို တွေ့မြင်သည်။ သူမက ထိုသည်မှာ သူတို့ ခွဲခွာရပြီး သူ့အနေဖြင့် ပြန်မလာနိုင်တော့ ဖြစ်ခြင်းကြောင့်မှန်းကို သိသည်။

“ငါ အသက်ရှင်သေးရင် ငါ နင့်ကို လာနှုတ်ဆက်ပါ့မယ်…” မူပင်းမေက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျနေသည်။ ဝမ်လင်း လှိုဏ်ဂူလောကကနေ ထွက်သွားပြီးနောက် သူမသည် ခုလိုပုံစံမျိုး လုံးဝ မဖြစ်ခဲ့ဖူးပေ။ ဝမ်လင်းက သည်မိန်းမလှကို ကြည့်ကာ နူးညံ့စွာ ပြုံး၏။ သူက သက်ပြင်းချကာ မူပင်းမေထံ လျှောက်လာ၏။ သူတို့နှစ်ယောက်က သွေးရောင်ကောင်းကင်ကို အတူတူ ကြည့်ကြသည်။

ဝမ်လင်းသည် ညင်သာတိုးတိတ်စွာ စကားဆိုလာသည်။ “လှိုဏ်ဂူလောကကနေ ထွက်သွားတဲ့နောက် ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ရှိနေခဲ့စဉ်တွင်း ငါ အမြဲပြောချင်နေတဲ့ တစုံတစ်ခု ရှိတယ်။ အခု ငါ ပြန်ရောက်လာပြီဆိုတော့ ငါ ပြောချင်တာကို နားထောင်ပေးမယ့်သူ ရှိပြီ…”

မူပင်းမေက ခေါင်းညိတ်၏။ သူမ၏စိတ်နှလုံးသားမှာ ပျာလောင်ခတ်နေ၏။ သူမသည် အခု ဝမ်လင်းကို တွေ့မြင်ရတာကို ယုံဖို့ ခက်နေ၏။ သူမ မည်သို့စကားဆိုရမှန်းပင် မသိတော့ပါ။

ဝမ်လင်း၏ စကားလုံးများကို ကြားသည့်နောက် သူမသည် အတော်လေး စိတ်ပူပန်လာခဲ့သည်။ သည်လိုမျိုးက သူမကဲ့သို့ စိတ်ခိုင်မာသော အမျိုးသမီးအတွက် ဖြစ်ခဲသည်။ အခုအခါ၌ သူမသည် တောက်ပသောလေဟာနယ်နယ်မြေ၏ သခင်မ၊ ကောင်းကင်ဘုံနယ်မြေ၏ သခင်မတစ်ယောက်ပင် ဖြစ်နေပြီ။ ဝမ်လင်းကလွဲ၍ မည်သည့် အမျိုးသားကမှ သူမကို ခုချိန်လောက် အကြောက်တရား၊ ထိတ်လန့်မှုတို့ကို ခံစားရအောင် မလုပ်နိုင်ပေ။

သူမက ညာလက်ဖြင့် ဓားကို တင်းတင်း ဆုပ်ထားမိသလို ဘယ်လက်ဖြင့်လည်း ဝတ်စုံစကို တင်းတင်း ဆုပ်မိသွားသည်။ သူမ၏ သွယ်လျလျ လက်ချောင်းတို့မှာ ဖြူရောနေသည်။

“လျှိုမေ…”  ဝမ်လင်းက သူ့အကြည့်ကို သွေးရောင်ကောင်းကင်ကနေ ပြန်ရုတ်သိမ်းကာ မူပင်းမေအား ညင်သာစွာ ပြောသည်။

“ဒါကို မပြောပါနဲ့။ ငါ နားမထောင်ချင်ဘူး…” မူပင်းမေ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူမ၏မျက်နှာသည် ဖြူရောသွားသည်။ သူမလက်ထဲရှိ ဓားသည်ပင် လွတ်ကျကာ သူမ နောက်ဆုတ်မိ၏။ သည်အခိုက်၌ သူမသည် အကူအညီမဲ့လှကာ ကျိုးကြွေချိနည့်နေရသည်။ လေတိုက်ရုံဖြင့် လဲပြိုမိမလို ခံစားရသည်။

သူမ၏မျက်နှာသည် ဝမ်းနည်းမှုတို့ ပြည့်၏။ သူမထံမှ မျက်ရည်တို့ ကျဆင်းနေသည်။

“ငါ နားမထောင်ချင်ဘူး။ ဝမ်လင်း…ငါ နားမထောင်ချင်ဘူး…”  သူမ မျက်ရည်များ ပိုကျဆင်းလာကာ သူမ၏ပါးထပ်မှသည် ဝတ်စုံပေါ်ထိ ကျရောက်၏။

ဝမ်လင်းက သည်အားနည်းလှသော မူပင်းမေ၏ ပုံရိပ်ကို ကြည့်မိ၏။ သူမ၏ အကူအညီမဲ့သော အကြည့်ထဲရှိ စိတ်ရှုပ်ထွေးမှုကို သူ မြင်သည်။ သူ သက်ပြင်းချမိသည်။

မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရဖို့အပြင် ငါ ဒီတခါ လှိုဏ်ဂူလောကကို ပြန်လာခဲ့တာဟာ ငါတို့ကြားက ကိစ္စကိုပါ ဖြေရှင်းဖို့ပဲ။ ငါ ဝမ်အာကို ပြန်အသက်သွင်းသွားနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပြီ။ ငါ ပြန်ထွက်သွားတာနဲ့ သူမ ပြန်ရှင်လာအောင် လုပ်တော့မယ်…”

မူပင်းမေသည် မျက်ရည်များ တသွင်သွင် စီးကျနေသည်။ သူမလို တော်လှသော အမျိုးသမီးတစ်ယောက်က ဝမ်လင်း မည်သည်ကို ပြောချင်နေသည်အား မသိဘဲ မည်သို့ နေပါ့မည်နည်း။ သူမ၏မျက်နှာထက်တွင် ခါးသီးမှုတို့ ပြည့်နေ၏။

“လျှိုမေ…ငါတို့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရအောင်။ ငါ အတိတ်တုန်းက မှားခဲ့တဲ့ အမှားအတွက်လည်း တာဝန်ယူမယ်။ ငါတို့ မှတ်ဉာဏ်တွေကို ဖုန်မှုန့်အဖြစ် ချန်ထားခဲ့ရအောင်။ နင် ဝမ်ပိုင်ကို မြင်ချင်တယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်မလား…”

ဝမ်လင်းက မူပင်းမေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ငါ ဒီတစ်ကြိမ် ပြန်လာခဲ့တာ နင့်စိတ်နှလုံးသားထဲက ကိစ္စကို ဖြေရှင်းဖို့ပဲ။ ဝမ်ပိုင်ဟာ အမေတစ်ယောက် လိုအပ်တယ်။ ငါ ငါ့အိပ်မက်တာအိုကို အသက်သွင်းပြီး နင်ရယ်၊ ငါရယ်၊ ဝမ်ပိုင်ရယ် ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခု အဆုံးသပ်ကြရအောင်…၊ အဲ့တာက ဝမ်ပိုင်ကို သူ့အမေကို တွေ့မြင်ရစေလိမ့်မယ်။ နင့်အတွက်လည်း နောင်တကင်းမဲ့စေလိမ့်မယ်။ ငါလည်း အလားတူပဲ…”

မူပင်းမေက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူမက မျက်ရည်များ သုတ်ကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ ခေါင်းညိတ်သည်။

“နင်နဲ့အတူ ငါဘဝတစ်ခု အတူရှိမယ်။ နှစ်ပေါင်းတစ်ရာပေါ့။ အဲ့ အိပ်မက်လောကထဲမှာ အရာအားလုံးကို ဖြေရှင်းမယ်ပေါ့။ ဒါဆိုအခု နင်က ငါ့ ခင်ပွန်းဖြစ်တယ်၊ ဟုတ်တယ်မလား…”

မူပင်းမေက ခပ်တိုးတိုး ဆိုသည်။

ဝမ်လင်းက မျက်လုံး မှိတ်လိုက်၏။ သူ မျက်လုံး ပြန်ဖွင့်လာသည့်အခါ ခေါင်းညိတ်သည်။

မူပင်းမေက ပြုံး၏။ သည်အပြုံးက မျက်ရည်များနှင့်ပင်။ သူမက ဝမ်လင်းထံ ညင်သာစွာ လျှောက်လာပြီး သူ့ကို ထွေးဖက်လိုက်သည်။

ဝမ်လင်းသည်လည်း မူပင်းမေကို ထွေးဖက်၏။ သူမထံမှ ကိုယ်သင်းမွှေးရနံ့က အပြစ်အနာဆာ မဲ့လှပါသည်။

ဤသည်မှာ သူတို့ အမှန်တကယ် ပွေ့ဖက်ကြသော ပထမဆုံးအကြိမ် ဖြစ်၏။ သူတို့၏ ရှုပ်ထွေးသော ခံစားချက်များကို လက်လွှတ်ဖို့၊ မှားယွင်းခဲ့သော ပတ်သတ်မှုကို ဖြေရှင်းဖို့  နှစ်ပေါင်းတစ်ရာကြာ အချိန်အတူ ကုန်ဆုံးမည့် ပထမဆုံးအကြိမ်ပင်။

သူတို့နှစ်ယောက်က သွေးရောင်ကောင်းကင်အောက်တွင် တစ်ယောက်ကို တစ်ယောက် ထွေးဖက်ထားကြသည်။ အချိန် တဖြည်းဖြည်း ကုန်လာ၏။ တနေ့ကုန်ဆုံးပြီးနောက် ကောင်းကင်ထက်ရှိ သွေးရောင်က ပို၍ အားကောင်းလာသည်။ သည်အခိုက်တွင် အစီအရင်ပေါ်၌ အက်ကြောင်းများ ပေါ်လာကာ ပျက်စီးလေတော့မည့် အရိပ်အယောင်ပင်။ ဝမ်လင်းသည် ဒီတောင်ထံမှ မူပင်းမေနှင့်အတူ ထွက်လာသည်။

All Chapters