← Chapters

တောက်ရီကို သိလား

Vol. 154 Ch. 2130

တောက်ရီကို သိလား

Vol. 154 Ch. 2130

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ လာခဲ့တာ ဖြစ်၏။ ထို့ကြောင့် သူသည် လှိုဏ်ဂူလောက၏ အဆင့်ထက် ပိုမြင့်သော ကျင့်ကြံသူများ ရှိသည်ကို သိထားသည်။ ရွှေအဆင့်ထိပ်သီး၊ အင်ပါယာအတု၊ ဩဇာအင်ပါယာနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အထွတ်အထိပ်တည်ရှိမှုကိုးယောက်ဖြစ်သော မဟာအင်ပါယာများ။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ရွှေအဆင့်ထိပ်သီးတစ်ယောက်နှင့် တွေ့ပါက အလွန်လေးစားမှု ထားရလိမ့်မည်။ တကယ်တော့ ရွှေအဆင့်များက အစွမ်းထက်ကြ၏။ သူတို့သည် အစွမ်းထက်ကလန်များ၌ မဟာအကြီးအကဲ နေရာရကြသူများပင်။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ အိပ်မက်မှာ ရွှေအဆင့်ထိပ်သီးကျင့်ကြံသူ ဖြစ်လာဖို့ပင်။ သူက ထိုရည်မှန်းချက်အတွက် ကောင်းကင်ဘုံနယ်မြေပတ်လည်ရှိ အစီအရင်ကို ချိုးဖျက်ချင်တာ မဟုတ်လား။ သူက သည်ကောင်းကင်ဘုံနယ်မြေကို ဝါးမြိုကာ သူတို့၏ သွေးကို စုပ်ယူ၍ အဆင့်ချိုးဖျက်မည်ဟု ကြံစည်ထားသည်။

သို့သော် အခု ထိုမြွေငယ်လေးက ဧရာမပင်လယ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို သူ တွေ့မြင်လိုက်ရပေပြီ။ ဤသည်က အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ စိတ်ကို ဗလာကျင်းသွားစေသည်။

ထိုပင်လယ်နဂါးထံမှ ထွက်ပေါ်နေသော ဖိအားက ကောင်းကင်ဘုံနယ်မြေကို တုန်ခါသွားစေ၏။ သည်နေရာရှိ လူအများစု၏ စိတ်နှလုံးမှာ တုန်လှုပ်ကာ သူတို့သည် ထိုနဂါးကို ဦးညွှတ်လိုစိတ်ပင် ပေါက်ကုန်သည်။

“ရွှေအဆင့်ထိပ်သီး။ ဒါက ရွှေအဆင့်ထိပ်သီးပဲ…”  အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် သူ တွေ့မြင်ရသည့်အရာကို မယုံကြည်ဝံ့ ဖြစ်နေ၏။

ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးက လှုပ်ရှားလာကာ ၎င်း၏မျက်လုံးထံမှ ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်၏။ ၎င်းက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို စိုက်ကြည့်ကာ ဟိန်းသံပြုသည်။

ထိုဟိန်းသံက သူ၏ ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ယင်သွားစေ၏။ သူ့မူလစိတ်ဝိညာဉ်ပင် မတည်မငြိမ်ဖြစ်လာကာ ပျက်စီးတော့မလို ခံစားလာရသည်။ ဤသည်မှာ ထိုနဂါးက ရွှေအဆင့်ထိပ်သီး တည်ရှိမှုမှန်း ထင်ရှားစေသည်။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူ့နဖူးထက်တွင် ချွေးများပြန်လာသည်။ သူက ဝမ်လင်းထံ၌ ဘာကြောင့် သည်နဂါး ပိုင်ဆိုင်နေတာကို စိတ်ကူး၍ပင် မကြည့်နိုင်တော့ပါ။

ဤသည်မှာ သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။

သူ နောက်ဆုတ်နေလျက် ရုတ်တရက် တစုံတခုကို တွေးမိ၏။ ထိုနဂါး ထွက်ပေါ်လာခြင်းက ဝမ်လင်းထံမှ မဟုတ်ပေ။ သာမန်သာအော်ရာရှိသော ကျင့်ကြံသူတစ်ယောက်၏ ပုခုံးထက်မှ ဖြစ်၏။

“ဒီဝမ်လင်းက အဲ့လောက် မသန်မာဘူး။ သူ့ထံကနေ ဘာဖိအားမှလည်း ထွက်ပေါ်မနေဘူး။ သူ့အော်ရာကို ဖုံးပေးထားနိုင်တဲ့ ရတနာတစ်ခု ရှိပေမယ့်လည်း ဒီလိုနည်းလမ်းကို ကာကွယ်နိုင်ဖို့ အသုံးပြုတဲ့သူတွေဟာ အားနည်းတဲ့သူတွေပဲ။ ဒါ့ကြောင့် ဝမ်လင်းရဲ့ ကျင့်ကြံမှုအဆင့်က သိပ်မြင့်မှာ မဟုတ်လောက်ဘူး…”

“ဝမ်လင်းရဲ့ ကျင့်ကြံမှုက သိပ်မမြင့်ပေမဲ့ အဲ့ကျင့်ကြံသူကတော့ သူ့ မိတ်ဆွေကောင်း ဖြစ်တဲ့ပုံပဲ။ သူဟာ သူ့အပြန်ခရီးစဉ်မှာ အားနည်းတဲ့အတွက်ကြောင့် သူနဲ့အတူ သူ့မိတ်ဆွေကို လိုက်လာပေးဖို့ အကူအညီတောင်းခဲ့တာ နေမယ်…”

“ဒါ့အပြင် အဲ့သာမန်ဆန်တဲ့သူရဲ့ ကျင့်ကြံမှုကလည်း မမြင့်ပြန်ဘူး။ ဒီတော့ ဆိုလိုတာက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ သူ့ဆရာဟာ အင်ပါယာအတု ဖြစ်နိုင်တာပဲ။ ဒီလိုပဲ ဖြစ်မှာပါ…”

အရှင်ကြက်သွေးရောင် စိတ်ဝိညာဉ်၏ မျက်လုံးသည် အရောင်တောက်သွား၏။ သူက သူ့ထင်မြင်ချက်သည် အကျိုးအကြောင်းသင့်သည်ဟု ခံစားမိ၏။

သူ နောက်ဆုတ်နေစဉ် ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးက ပါးစပ်ဟကာ ၎င်းကို ဝါးမြိုရန် တာဆူသည်။ ထိုစဉ် သူက ရုတ်တရက် အော်ဟစ်လိုက်၏။

“ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး နားထောင်ပါအုံး…”  သူ ထိုသို့ ပြောလိုက်သူမှာ ပင်လယ်နဂါးလည်းမဟုတ်၊ ဝမ်လင်းထံသို့လည်း မဟုတ်ပေ။ အကွာအဝေးတစ်ခုကနေ ဂုဏ်ယူဟန်ကြည့်နေသော လျှိုကျင်းပြောင်ထံသို့သာ ဖြစ်၏။

“ရောင်းရင်းကျင့်ကြံသူရဲ့ ဆရာက အင်ပါယာအတုပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ရမယ်။ ရောင်းရင်းရဲ့ ပါရမီနဲ့ဆို သင်ဟာ အဲ့အင်ပါယာအတုပုဂ္ဂိုလ်ရဲ့ တိုက်ရိုက်တပည့် ဖြစ်ရမယ်။ မဟုတ်ရင် သူက သင့်ကို ဒီလို ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးတစ်ကောင်ကို လက်ဆောင် ဘယ်ပေးထားပါ့မလဲ။ ဒါက ကျုပ်နဲ့ ဝမ်လင်းကြားက ကိစ္စပါ။ ဒါ့ကြောင့် ရောင်းရင်းအနေနဲ့ ဒီကိစ္စမှာ မပါဖို့ တောင်းဆိုချင်တယ်။ အဲ့လိုသာဆို ကျုပ်က ရောင်းရင်းကို ကျိန်းသေပေါက် ကျေးဇူးတင်မိမှာပဲ…”

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ထံ၌ တခြားရွေးချယ်စရာ မရှိပေ။ သည်ပင်လယ်နဂါး၏ ဖိအားအောက်၌ သူသည် ထွက်ပြေးဖို့ပင် သတ္တိမရှိပါ။

ခုလို သေရေးရှင်ရေး အချိန်၌ သူက များများတွေးနေဖို့ အချိန်မရှိတော့ပေ။ သူက ထိုသူသည် ဝမ်လင်းကြောင့် သည်နေရာသို့ ရောက်လာခဲ့သည်ကို သိနေလျှင်ပင် သူက ကြိုးစားကြည့်ရမည်သာ။

“ကျုပ် ချိပ်ပိတ်မခံရခင်တုန်းက နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ရတနာတွေ အရှေ့ပိုင်းကုန်းမြေမှာ ရှိထားပါတယ်။ ရောင်းရင်းအနေနဲ့ ကျုပ်အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုချင်ပါတယ်…”  အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ပင်လယ်နဂါးကို စိုက်ကြည့်နေလျက် သူ့စိတ်နှလုံးမှာ တင်းကြပ်နေ၏။ သူက အင်မတန် ကြောက်နေ၏။ သူ့အသံပင် တုန်နေသည်။

လျှိုကျင်းပြောင်သည် မင်သက်သွားသည်။

ဝမ်လင်းက ပြုံး၏။ ရှုလီကော၊ ပင်လယ်နဂါး၊ အရှင်တောင်ပိုင်းတိမ်နှင့် တခြားသူများမှာလည်း မင်သက်ကုန်သည်။

ရှုလီကောက ခဏ မင်သက်သွားပြီးနောက် ရုတ်တရက် စတင် ရယ်မော၏။ လျှိုကျင်းပြောင်ကလည်း ပြုံးတုံ့မပြုံးတုံ့ ပြုမူသည်။ သူက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ထံသို့ လှမ်းကြည့်၏။

“ဒီအဘိုးအိုရဲ့ ဦးလေးက မဟာအင်ပါယာတောက်ရီလက်အောက်က အင်ပါယာအတု ရွှမ်ရှန်းချင်ပါ။ သင်သာ ဒီပင်လယ်နဂါးကို ကျုပ်ကို သတ်ဖို့ လွှတ်လိုက်ရင် ကျုပ်ရဲ့ ဦးလေးက ကျိန်းသေပေါက် သိရှိလိမ့်မယ်။ သင့်ဆရာက တခြားအင်ပါယာအတုတစ်ယောက်နဲ့ ဆန့်ကျင်ဘက်မှာ ရပ်လိမ့်မယ်လို့တော့ ကျုပ် မယုံဘူး…”

အရှင်ကြက်သွေးရောင် စိတ်ဝိညာဉ်၏ မျက်နှာက ဖြူရောသွား၏။ သူက သေရမှာကို လန့်နေသည်။

“ဒါ့အပြင် မဟာအင်ပါယာတောက်ရီကလည်း အတော်လေး ဘက်လိုက်တဲ့သူ။ ကျုပ်ဆရာဦးလေးကသာ အသနားခံ အကူအညီတောင်းရင် သင်တို့အားလုံး တန်ကြေးပေးရလိမ့်မယ်။ ဝမ်လင်း…ဒီတန်ကြေးကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။ လှိုဏ်ဂူလောကတစ်ခုလုံးပါ ဖျက်စီးခံရလိမ့်မယ်…”

“မင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်ဖူးတဲ့အတွက် မဟာအင်ပါယာတွေအကြောင်း သိမှာပဲ။ မင်းသာ ငါ့ကို ထွက်သွားခွင့် ပြုရင် ဒီကောင်းကင်ဘုံနယ်မြေကို လုံးဝ မထိပါးဖို့ ငါ ကျိန်ဆိုတယ်။ ငါ ဒီလှိုဏ်ဂူလောကကနေပါ ထွက်သွားမယ်…”

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် ဝမ်လင်းက မဟာအင်ပါယာများအကြောင်း သိမည်ဟု ယုံကြည်၏။ ထို့ကြောင့် သူသည် သူ့ဒီစကားများက အရေးပါလိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။

လျှိုကျင်းပြောင်က ထိုသည်ကို ကြားသည့်အခါ သူက ဝမ်လင်းကို လှမ်းကြည့်သည်။ သည်အပြုအမူကို မြင်သည့်အခါ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ပို၍ ယုံကြည်မှု ရှိလာ၏။

ဝမ်လင်း၏အမူအရာက အနည်းငယ် ထူးခြားသွားသည်။ သူက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို လှမ်းကြည့်ကာ ပြုံး၏။

“အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က အမြန် ပြောလာသည်။ မင်း ဒီအဘိုးအိုကို ထွက်သွားခွင့် ပြုရင် ကျုပ်ဆရာဦးလေးက မင်းကို ကလန်ထဲ ဝင်ခိုင်းဖို့ ငါ တောင်းဆိုပေးမယ်။ အဲ့ကျရင် မင်းဟာ မဟာအင်ပါယာတောက်ရီရဲ့ လက်အောက်က တစုံတယောက် ဖြစ်လာလိမ့်မယ်။ မင်းရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်သွားတာနဲ့ မင်းဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ကြိုက်တာ လုပ်နိုင်ပြီ…”

“တောက်ရီ…မဟာအင်ပါယာလား…”  ဝမ်လင်းက ထရပ်ကာ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို ကြည့်၏။ သူ့အမြင်တွင် ထိုသူမှာ ပုရွတ်ဆိတ်တစ်ကောင်သာ။

ကောင်းကင်ဘုံနယ်မြေရှိ ကျင့်ကြံသူများသည် ဝမ်လင်း၏ ကျင့်ကြံမှုကို အမှန်တကယ် နားမလည်ကြပေ။ သူတို့က အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ဆန်းကြယ်လှသော မဟာအင်ပါယာတောက်ရီဟူသော အမည်ကို ပြောသည်အား ကြားသည့်အခါ ထိုအမည်ဖြင့်ပင် သူတို့၏ စိတ်နှလုံးမှာ တုန်ယင်ကုန်သည်။

တာအိုသခင်အိပ်မက်ပြာက မျက်မှောင်ကြုတ်၏။ သို့သော် သူက စကားမဆိုပေ။ အရှင်တောင်ပိုင်းတိမ်မှာလည်း သုန်မှုန်သွား၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ မဟာအင်ပါယာကိုးယောက် ရှိတယ်။ အဲ့တောက်ရီက အားအနည်းဆုံးပဲ…”  ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေလျက်ပင်။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ မျက်လုံးမှာ အရောင်လက်သွားသည်။ သူလည်း ထိုသည်ကို သိ၏။ သူက ဝမ်လင်းက ထိုသို့ ပြောလာသည့်အခါ ဝမ်လင်းသည် မဟာအင်ပါယာများမှာ တုနှိုင်း၍မရ အစွမ်းထက်သည်ကို သိသည့်အပေါ် ပို၍ ယုံကြည်ချက် ရှိသွား၏။

သို့သော် သူက အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ ဝမ်လင်းက မဟာအင်ပါယာတစ်ယောက်ကို သာမန်ကာလျှံကာ လေသံဖြင့် ပြောသည်ကို ကြားသည့်အခါ သူသည် တခုခု ဆိုးရွားတာ ဖြစ်လာတော့မည်ဟု ခံစားမိ၏။

“ဒါပေမဲ့လည်း တောက်ရီကိုယ်တိုင် ဒီကို ရောက်လာခဲ့ရင်တောင် သူက ငါ့ရှေ့မှာ ချက်ခြင်း ထွက်ပြေးသွားလိမ့်မယ်။ သူက ငါ့ကို လာမတွေ့ဝံ့မှာ စိုးတယ်…”

ဝမ်လင်းက ပြုံး၏။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် ထိုစကားတို့ကို ကြားသည့်အခါ မျက်လုံးပြူးသွားသည်။ သူက ဝမ်လင်းကို ရူးသွားတာလားဟု အကြည့်ဖြင့် လှမ်းကြည့်သည်။ မည်သူက သည်လိုစကားများကို ပြောဝံ့သနည်း။

“မင်းက တကယ်ပဲ သတ္တိသိပ်ရှိနေတာပဲ။ မင်းသာ တကယ် ရဲဝံ့တယ်ဆို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားပြီး မဟာအင်ပါယာတောက်ရီကို အဲ့လို ဘာကြောင့် သွားမပြောရတာလဲ…”

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် ထိတ်လန့်နေသော်လည်း သူ့စကားတို့မှာ မောက်မာကာ ဝမ်လင်းကိုပင် လှောင်လိုက်သေး၏။

ဝမ်လင်းက အလျင်မလိုပေ။ သည်လူက ကောင်းကင်ဘုံနယ်မြေ ပတ်လည်ရှိ အတားအဆီးအစီအရင်ကို ချိုးဖျက်ဝံ့သူ ဖြစ်၏။ ထိုသူ့ကို ရိုးရိုးရှင်းရှင်း သတ်ပစ်ခြင်းက ဝမ်လင်း၏ ဒေါသကို ပြေနိုင်စေမည် မဟုတ်ပေ။

“တောက်ရီ…ဒီလူက မင်းရဲ့လက်အောက်မှာ သူ့ဆရာဦးလေး ရှိတယ်လို့ ပြောတယ်။ ဒါ အမှန်လား ငါ့ကို ပြောချေ…”  ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ ပင်လယ်နဂါးက အလျင်အမြန် နောက်ဆုတ်သည်။ ကောင်းကင်ဘုံနယ်မြေ၏ အထက်တွင် ကြီးမားသော ဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့က လျှောက်လှမ်းတစ်ခုကို ဖွင့်ဟကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ပတ်လည်ရှိ ဥပဒေသကို ချိုးဖျက်ပြီး ချိတ်ဆက်မှုတစ်ခု ဖြစ်စေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တောက်ရီက ပင်လယ်ချိုင့်ဝှမ်းထံမှ ပြန်ရောက်ခါစ ဖြစ်၏။ သူ တွေ့မြင်ခဲ့ရသော တိုက်ပွဲမြင်ကွင်းက သူ့စိတ်ထဲတွင် ကပ်ငြိနေတုန်းပင် သူက ၎င်းကို မယုံကြည်ဝံ့ပေ။ သို့သော် သူက အရာအားလုံးသည် အမှန်ဖြစ်တာကို သိသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ဆုံးသူမှာ ကူးတောက် မဟုတ်တော့၊ သူ လန့်ရသော ဝမ်လင်း ဖြစ်နေလေပြီ။

ယင်းအခိုက်၌ တောက်ရီကလန်၏ ကောင်းကင်က ပြောင်းလဲသွားကာ လောကသည် အရောင်များ ပြောင်းလဲ၏။ ဝဲကတော့တစ်ခု ပေါ်လာကာ ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်သည်။ သူက သူ့ခန္ဓာကိုယ်သည် မလှုပ်နိုင်တော့တာကို သိလိုက်ပြီး တုန်လှုပ်သွား၏။ ထိုဝဲကတော့မှ ထွက်ပေါ်လာသော နတ်ဘုရားအာရုံက ထူးခြားသောအားတစ်ခုကို ထုတ်လွှတ်နေ၏။ သူက ယင်းဝဲကတော့ထဲ ဆွဲငင်ခြင်း ခံလိုက်ရသည်။

ဝဲကတော့ထဲ၌  သူက ထူးခြားသောကုန်းမြေတစ်ခု၊ ဝမ်လင်းကို မြင်၏။ ဝမ်လင်း၏ စကားကိုလည်း ကြားသည်။ သူသည် သေမလိုရှင်မလိုပင် ခံစားမိလိုက်ရ၏။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက် သူ ရောက်သွားသည်။ သူ့ကို သတ်ဖို့ ဝမ်လင်းအတွက် အတွေးတချက်သာ လိုသည့်အလား။

လှိုဏ်ဂူလောက၏ ကောင်းကင်ဘုံနယ်မြေတွင် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က အထက်ရှိ ဝဲကတော့ကို ကြည့်၏။ သူသည် ထိုဝဲကတော့မှ သူ့ကိုတုန်တုန်ယင်ယင် ဖြစ်စေသော အော်ရာကို ခံဏားမိသည်။ ထိုအော်ရာသည် မဟာအင်ပါယာတောက်ရီ၏ အော်ရာပင်။

“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…”

“ကျုပ် လက်အောက်မှာ အဲ့လူကို ရှိမှန်း မသိပါဘူး။ ကျေးဇူးပြုပြီး…အရှင်ဝမ်…ဒေါသ မထွက်ဖို့ တောင်းပန်ပါတယ်…”

တောက်ရီ၏ ခါးသက်သက်အသံက ဝဲကတော့ထဲမှ ထွက်ပေါ်လာ၏။ တောက်ရီ၏ မျက်လုံးထဲရှိ လေးစားမှုနှင့် ကြောက်ရွှံ့မှုကို အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် တွေ့မြင်သည်။

“အတု…အတုအယောင်ပဲ။ ဒါ မဖြစ်နိုင်ဘူး…”  အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် ရူးသွတ်သွားမလို ခံစားမိ၏။ သူက ဤအခြင်းအရာတို့ကို မယုံကြည်နိုင်ပေ။

All Chapters