← Chapters

အပိုင်း(၂၁၃၁)

Vol. 154 Ch. 2131

အပိုင်း(၂၁၃၁)

Vol. 154 Ch. 2131

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏ မျက်လုံးသည် နီရဲသွားကာ သူက အကြောက်အကန် အော်၏။ “အတုအယောင်ပဲ။ ဘယ်သူကမှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနဲ့ ချိတ်ဆက်တဲ့ ဝဲကတော့တစ်ခုကို မဖန်တီးနိုင်ဘူး။ မဟာအင်ပါယာတစ်ယောက်ကို မဆင့်ခေါ်နိုင်ဘူး။ ဒါတွေအားလုံးက အယောင်ဆောင်နေတာ။ ဒီအဘိုးအိုကို လှည့်စားဖို့ မကြိုးစားနဲ့…”

သူ့အမူအရာက ကြမ်းကြုတ်နေကာ မျက်နှာထက်တွင် သွေးကြောများ ထောင်ထလာ၏။ သည်အခိုက်၌ သူသည် ကြောက်ဖို့ကိုပါ မေ့သွားကာ သူ့စိတ်သည် လွတ်သွားသည့်အလား။

“အတုအယောင်။ တကယ် မဟုတ်ဘူး။ ဝမ်လင်း…ဒီအဘိုးအိုက ကောင်းကင်ဘုံအင်ပါယာရဲ့ သက်တော်စောင့် လျှိုမင်းကို သိတယ်။ သူက ငါ့ရဲ့ မိတ်ဆွေကောင်းပဲ။ ငါ သူ့အသက်ကို ကယ်ခဲ့ဖူးတယ်။ သူက ကောင်းကင်ဘုံအင်ပါယာရဲ့ ယုံကြည်မှုကိုလည်း ရထားတဲ့သူ…။ သူ…”

အရှင်ကြက်သွေးရောင် စိတ်ဝိညာဉ်က ရယ်မောကာ  ဆို၏။ သည်စကားတို့က သူ၏ နောက်ဆုံးမျှော်လင့်ချက် အမျှင်တန်းဖြစ်နေသည့်အလား။

“အို…ဒါတွေအားလုံးက အတုအယောင်လား။ ငါက ကောင်းကင်ဘုံအင်ပါယာရဲ့ နတ်ဘုရားအာရုံကို ဒီကို မယူလာနိုင်ပေမယ့်လည်း သူ့ရဲ့ ပျက်စီးနေတဲ့ စိတ်ဝိညာဉ်ကိုတော့ မင်းကို ပြပေးနိုင်တယ်…”

ဝမ်လင်းက လက်ဝေ့ယမ်း၏။ ကောင်းကင်ထက်ရှိ ဝဲကတော့သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ တောက်ရီ၏အော်ရာလည်း ပျောက်သွား၏။ တောက်ရီကလန်၌ တောက်ရီသည် တုန်ယင်နေသည်။ သူသည် ဝမ်လင်း၏ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ  ရှင်းလင်းစွာ သိလိုက်လေပြီ။

“ဒါကရော အတုအယောင်လား ကြည့်လိုက်အုံး…”  ဝမ်လင်းက ထိုသို့ ဆို၏။ သူ၏နောက်တွင် အရောင်သုံးရောင် ပေါ်လာသည်။ အဖြူ၊အနက်၊ရွှေရောင်။

ထိုသုံးရောင်က ရုတ်တရက် စုဝေးကာ ဧရာမနေမင်းအဖြစ်သို့ စုဝေးသည်။ ဝမ်လင်းထံမှ မဟာအင်ပါယာတစ်ယောက်၏ အော်ရာ ပေါက်ကွဲထွက်လာ၏။ ၎င်းတို့အားလုံးက အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ပေါ်သို့သာ ကျဆင်းသည်။

တချိန်တည်းမှာ ကောင်းကင်ဘုံအင်ပါယာလျန်တောက်ကျန်း၏ မျက်နှာသည် ထိုနေမင်း၌ ပေါ်လာ၏။ သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွနေသော်လည်း သူနှင့် တွေ့ဖူးသူတိုင်းမှာ သူ့ကို မှတ်မိကြမည်ပင်။

“အတု…အတု…အားလုံးအတု…ဟန်ဆောင်လိမ်ညာတာတွေ…။ မင်းကလည်း မဟာအင်ပါယာတစ်ယောက်လား။ ဟားဟား…ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့…”

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် တဖွဖွ ရေရွတ်သည်။

ဝမ်လင်းက သူ၏ မဟာအင်ပါယာဖိအားကို ထုတ်လွှတ်ပြီးနောက် သူ့ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ဘုံနင်းခြေချင်း ခြေလှမ်းတဝက်ထိ ဆက်တိုက် မြင့်တက်လာ၏။ သူ၏ဖိအားက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ပြိုပျက်ဖို့၊ သက်ရှိအားလုံးကို ဖျက်စီးပစ်ဖို့ လုံလောက်၏။

အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်သည် ရူးသွားလေပြီ။ သူ၏ခန္ဓာကိုယ်မှာလည်း ပျက်စီး၏။

သူက သည်အမှန်တရားကို လက်မခံနိုင်ပေ။ သူသည် ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို သန့်စင်သူ၊ မဟာအင်ပါယာတောက်ရီကို ကြောက်လန့်စေသူကိုမှ သွား၍ ရန်စောင်မိခဲ့သည်ကို မယုံကြည်ဝံ့ ဖြစ်ရ၏။ သူသည် မဟာအင်ပါယာ၏ ချစ်သူကိုပင် မြည်စမ်း ကြည့်ချင်သေးသည်။ ထိုသူ၏ မျိုးဆက်ကိုပင် သူ့တပည့်အဖြစ် လက်ခံကာ မဟာအင်ပါယာကို ဆန့်ကျင်ပုန်ကန်စေခဲ့သေးသည်။

အရူး။ လုံးဝကို အဆင်အမြင်မဲ့ခဲ့ခြင်း။

သူ ရူးသွား၏။ သူ၏ခန္ဓာကိုယ် ပျက်စီးကာ သူ့မူလစိတ်ဝိညာဉ်လည်း သေဆုံးသွားသည်။ သို့သော် သူ့ ရူးသွပ်မှုနှင့် ယှဉ်ပါက သူ၏နာကျင်မှုသည် ပိုးဖလံနှင့်လမင်းကဲ့သို့ ကွာခြားနေ၏။

သည်လို သေခြင်းမျိုးက ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို တိုက်ရိုက် ဖျက်စီးပစ်ခြင်းထက် အဆများစွာ သာ၍ ရက်စက်လှ၏။ သူ၏ခန္ဓာကိုယ်ကိုအပြင် ဝမ်လင်းက သူ့ကျိုးကြောင်းသိစိတ်ကိုပါ ရက်ရက်စက်စက် ဖျက်စီးပစ်ခဲ့သည်။

သည်တိုက်ပွဲပြီးနောက် ဝမ်လင်းက မူပင်းမေ၊ ဆယ့်သုံး၊ ရှုလီကောနှင့် တခြားသူများကို ခေါ်၏။ သူ မထွက်သွားခင် ဝမ်လင်းသည် အစီအရင်ကို ပြန်တည်ဆောက်သည်။ သည်အစီအရင်မှာ အလွန်အစွမ်းထက်၏။ ကောင်းကင်ဘုံဘိုးဘေး သို့မဟုတ် ရှေးဘိုးဘေးတို့ ပြန်မမွေးလာပါက မည်သူကမျှ ၎င်းကို ချိုးဖျက်နိုင်မည် မဟုတ်ပါ။

ကူးတောက်သည်ပင် ချိုးဖျက်နိုင်မည် မဟုတ်ပေ။

ဝမ်လင်း ထွက်သွားသည့်အခါ သူက သူ့တာအိုနှင့် မန္တာန်များကို ကောင်းကင်ဘုံနယ်မြေတွင် ချန်ထားခဲ့၏။ သူက လောက၏ စွမ်းအားကိုပါ စုစည်းပြိး ဆေးတောင်တန်းတစ်ခုကို ဖန်တီးခဲ့သည်။ သူက ကောင်းကင်ဘုံနယ်မြေအတွင် အားကောင်းသော မျိုးစေ့တစ်ခုကို ချန်ထားခဲ့သည်။ အချိန် ကြာလာသည်နှင့်အမျှ ဒီနယ်မြေသည် အစွမ်းထက်ကျင့်ကြံသူများဖြင့် ပြည့်လာနိုင်လောက်မည်။ ဝမ်လင်း၏ တာအိုကို အမွေဆက်ခံသူများပင် ရှိချင်ရှိလာနိုင်မည် ဖြစ်သည်။

ပြီးပြည့်စုံသော အကာအကွယ်အစီအရင်၊ ဆေးလုံးများစွာ၊ တာအိုကျမ်းစာများနှင့် ဝမ်လင်း ဆန်းကြယ်အနှစ်သာရများအပေါ် နားလည်သဘောပေါက်မှုများကိုပင် သည်နယ်မြေ၌ ချန်ထားခဲ့၏။ သည်လောကမှာ ပို၍ သန်မာလာပြီး အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကဲ့သို့ မတော်တဆမှုမျိုး လုံးဝ ထပ်ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

မထွက်သွားခင် ဝမ်လင်းနှင့် တာအိုသခင်အိပ်မက်ပြာတို့က အချိန်အတော်ကြာ စကားဆိုခဲ့၏။ မည်သူကမျှ သူတို့ ဘာပြောခဲ့သည်ကို မသိကြပေ။ ဝမ်လင်းကို ပို့ပေးပြီးနောက် တာအိုသခင်အိပ်မက်ပြာသည် တံခါးပိတ်ကျင့်ကြံ၏။

ဝမ်လင်း ထွက်သွားသည်။ သူသည် ကျယ်ပြောသော ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းလာပြီး ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ရောက်လာသည်။ သူ့ရုပ်တု ရှေ့တွင် ရက်အတန်ငယ် ထိုင်နေပြီးနောက် သူ ပြန်ထွက်လာ၏။ ထို့နောက် သူက စစ်ပွဲကြီးဖြစ်ခဲ့စဉ် ပျက်စီးသွားခဲ့သော ထျန်ယွမ်ဂြိုဟ်သို့ သွားသည်။

ထိုနေရာတွင် ဝမ်လင်းက သူ့နတ်ဘုရားအားရုံကို ဖြန့်ကျက်လိုက်ရာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဝင်ပေါက်ကို တွေ့၏။ သည်နေရာမှာ ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ လှိုဏ်ဂူဖြစ်ကာ သူက ထိုနေရာ၌ ချိပ်ပိတ်ထားသော စာလိပ်တစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်သည်။ သူက ထိုစာလိပ်အတွင်းရှိ အမျိုးသမီးကို လွှတ်ပေးကာ သူမကို ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်အတွင်း ဝင်ရောက်စေခဲ့သည်။

အတိတ်တုန်းက ထိုဆန်းကြယ်သော အမျိုးသမီးမှာ ဝမ်လင်းအဖို့ အရေးမကြီးတော့ပေ။

ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ထွက်လာပြီးနောက် ကြယ်အဖွဲ့အစည်းလေးခု၏ နေရာတော်တော်များများကို သွားရောက်သည်။ အတိတ်တုန်းက သူ မဖြေရှင်းခဲ့ရသော ကိစ္စအချို့အတွက် သူသည် တစ်ခုပြီးတစ်ခု ဖြေရှင်းလေသည်။

အဆုံးသပ်တွင် သူက အတွင်းနယ်မြေကနေ ထွက်လာပြီး ပြင်ပနယ်မြေထံသို့ သွား၏။

ပြင်ပနယ်မြေတွင် သူ ပထမဆုံး သွားသည့်နေရာမှာ ပြိုလဲကုန်းမြေထံ ဖြစ်၏။ ထိုနေရာ၌ သူက အတိတ်တုန်းက သူ့ကို ကူညီပေးခဲ့ဖူးသော ဟင်္သာပြဒါးအဘိုးအိုကို မြင်သည်။ သူက သူ့အသိတော်တော်များများကိုလည်း တွေ့ခဲ့၏။

ရက်အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက ထိုပြိုလဲကုန်းမြေပေါ်ရှိ ချိပ်ပိတ်မှုကို ဖြေလျှော့ပေးကာ သည်နေရာမှ လူများအား သူတို့ ဆန္ဒရှိသလို ထွက်သွားခွင့် ပေးသည်။ ဝမ်လင်းသည် ပြိုလဲကုန်းမြေ၌ အရေးကြီးဆုံးပစ္စည်းတစ်ခုဖြစ်သော သံလိုက်အိမ်မြှောင်တစ်ခုပေါ်ရှိ ညွှန်တံကို ယူဆောင်သည်။

သူ၏ ခြေရာများက ပြင်ပနယ်မြေ အနှှံ့တွင် ပေါ်လာ၏။ သူက အရှင်ပြန့်ကြဲစိတ်ဝိညာဉ်ကိုလည်း တွေ့၏။ ထိုသူမှာ အတိတ်တုန်းက သူ လေးစားခဲ့ရသော သူ ဖြစ်၏။

အလားတူပင် ဝမ်လင်းသည် ပြင်ပနယ်မြေရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်၌ ကလေးပေါက်စတစ်ယောက်ကိုလည်း မြင်သည်။

ထိုကလေး၏ ခန္ဓာကိုယ်က သည်ဂြိုဟ်၏ အမြုတေ ဖြစ်နေကာ အိပ်ပျော်နေပုံ ရသည်။ ထိုကလေးက ထာဆန်နှင့်တူ၏။ ဝမ်လင်းသည် မည်သို့ဖြစ်ခဲ့သည်ကို မသိသော်လည်း ထာဆန်သည် ထူစီ ဖြစ်လာပုံရကာ သူက မန္တာန်တချို့ကို ကျင့်ကြံနေခြင်းပင်။

ထိုမန္တာန်က သူ့ခန္ဓာကိုယ်ကို ကလေးအရွယ်သို့ ပြန်ရောက်စေကာ တဖန် ပြန်ကြီးထွားရမည် ဖြစ်သည်။

ဝမ်လင်းက ထိုကလေးကို စောင့်ကြည့်နေပြီးနောက် ရက်အနည်းငယ်ကြာတွင် ထွက်လာခဲ့၏။ သူက ထာဆန်အတွက် နတ်ဘုရားအာရုံတစ်ခုကို ချန်ထားခဲ့ပြီး ထိုကလေး နိုးထလာသည်နှင့် သည်နတ်ဘုရားအာရုံကို ခံစားမိနိုင်မည် ဖြစ်သည်။

ဝမ်လင်းအတွက် လှိုဏ်ဂူလောကမှာ မည်သည့်ဆန်းကြယ်မှုမှ မရှိတော့ပေ။ အကယ်၍  ရှိသည်ဆိုခဲ့လျှင်ပင် ၎င်းမှာ ဆန်းကြယ်သော ရှေ့ဖြစ်ဟောသူနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့သာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ထိုနှစ်ယောက်၏ အရိပ်အယောင်အားလုံးမှာလည်း လှိုဏ်ဂူလောကတွင် ကွယ်ပျောက်နေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက နေရာတော်တော်များများသို့ သွား၏။ ထို့နောက် တနှစ်ကြာပြီးနောက် သူက သူ့မွေးရပ်မြေ ဟင်္သာပြဒါးဂြိုဟ်ထံ ပြန်လာသည်။

ထုတ်ဖော်ရမည့် နောက်ဆုံးလျှို့ဝှက်ချက်တစ်ခုက သူ့ကို စောင့်နေ၏။ အတိတ်တုန်းက သူသည် ၎င်းကို ရှာနိုင်စွမ်းအား မရှိခဲ့ပေ။ သူ လှိုဏ်ဂူလောကကနေ မထွက်သွားခင်က အနာဂတ်နှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးခဲ့ရသဖြင့် ၎င်းကို အာရုံစိုက်ဖို့လည်း အချိန်မရခဲ့ပေ။

သို့‌သော် ခုချိန်၌ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ရှိနေလေပြီ။ ဝမ်လင်းက နတ်ဆိုးပင်လယ်သို့ သွားကာ ရှေးဟောင်းနတ်ဘုရားကုန်းမြေသို့ ဝင်လာသည်။

ထိုကုန်းမြေသည် ထာဆန်ထွက်သွားသဖြင့် ပျက်စီးနေပြီ ဖြစ်သော်လည်း အတွင်း၌ ရှေးဟောင်းဟင်းလင်းပြင်တစ်ခု ရှိနေဆဲ ဖြစ်၏။ ဝမ်လင်းက အတွင်းသို့ ခြေလှမ်းဝင်လာရာ သူက ကျိချောင်သားရဲကို ရှာတွေ့သည်။

ထိုသားရဲက ဝမ်လင်း၏ နတ်ဘုရားအာရုံကို ဝါးမြိုခဲ့ဖူး၍ ၎င်းထံ၌ ဝမ်လင်းနှင့် ချွတ်ဆွတ်တူသော ဦးခေါင်းတစ်ခု ရှိနေခဲ့သည်။

သို့ပေမည့် ဝမ်လင်းက ၎င်းကို တွေ့သည့်အခါ ထိုသားရဲသည် နှစ်မည်မျှကြာကမှန်းမသိရဘဲ သေဆုံးနေလေပြီ။ အရိုးစုသာ ကျန်တော့၏။ ဝမ်လင်းက ထိုအရိုးစုဘေးတွင် အချိန်အတန်ကြာ ရပ်နေ၏။ သူ့အကြည့်က ၎င်းသားရဲ ဦးခေါင်းခွံများထဲမှ တစ်ခုထံသို့ မြဲမြဲမြံမြံ ကျရောက်နေသည်။

၎င်းမှာ လူသားဦးခေါင်းသာ ဖြစ်၏။ သို့သော် ပုံမှန်အရွယ်မဟုတ်၊ လက်သီးစုပ်ခန့်အရွယ်သာ ရှိ၏။ ဝမ်လင်းက ၎င်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ ထိုဦးခေါင်းမှာ သူ့ သိုလှောင်နေရာလွတ်ထဲရှိ ဦးခေါင်းနှင့် ချွတ်ဆွတ်တူနေသည်။

သူက ဦးခေါင်းကို ထုတ်ယူ၏။ သည်ဦးခေါင်းနှစ်ခုကို တခုဘေးတစ်ခု ထားသည့်အခါ ယင်းတို့ထဲမှ တစ်ခုက နက်မှောင်သောအလင်းစက်အဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

ဝမ်လင်းသည် ပျောက်ကွယ်သွားသော ဦးခေါင်းခွံမှာ သူ တောက်ရီထံမှ ရခဲ့သော ဦးခေါင်းမှန်း သိရှိသည်။

သူက တခုခုကို သိရှိလိုက်သလိုပင်။ သို့သော် ထိုအသိမှာ လျှပ်တပြတ်သာ ဖြစ်ပြီး သူက ကောင်းကောင်း မဖမ်းဆုပ်လိုက်နိုင်ပေ။

သူက ထိုဦးခေါင်းခွံကို ပွတ်သပ်ကာ ခပ်တိုးတိုး ရေရွတ်၏။ “ပြန်လည်မွေးဖွားခြင်းသာ အမှန်တကယ်ရှိခဲ့ပြီး အတိတ်နဲ့ပစ္စုပ္ပန်ဟာ တွေ့ဆုံတဲ့အခါကျရင် အတိတ်ဟာ ပျောက်ကွယ်ပြီး ဆက်ပြီး တည်ရှိတော့မှာ မဟုတ်ဘူး။ ပစ္စုပ္ပန်သာ ကျန်နေလိမ့်မယ်…”

ထိုဦးခေါင်းခွံကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက အတော်လေး စိတ်အေးသွား၏။ သူက သူ့ကိုယ်သူ သံသယ စရှိချိန်၌ သူ့စိတ်နှလုံးထဲမှ သည်ဦးခေါင်းခွံအပေါ် ကြောက်ရွှံမှုကို ခံစားရ၏။

သူက ၎င်းကို ကြောက်တာ မဟုတ်ပေ။ သည်ဦးခေါင်းခွံ၏ ဇာစ်မြစ်ကို ကြောက်မိတာ ဖြစ်၏။ သူ ချီတုံချတုံ ဖြစ်နေသည်။ အကယ်၍ ပြန်လည်မွေးဖွားခြင်းသာ ရှိခဲ့ပါက သည်ဦးခေါင်းခွံမှာ ဝမ်ပိုင်၏ ဦးခေါင်းခွံ ဖြစ်ချေလိမ့်မည်။

အခု သူက အဖြေ တွေ့ခဲ့ပြီးလေပြီ။

ဝမ်လင်းသည် ထိုဦးခေါင်းခွံကို သိမ်းဆည်းကာ ရှေးဟောင်းနတ်ဘုရားကုန်းမြေ၏ ဟင်းလင်းပြင်မှ လှမ်းထွက်လာ၏။

“ရှေ့ဖြစ်ဟောသူနဲ့ တူတဲ့ ရှေးတောက်အင်ပါယာက ငါ့ကို ပြောခဲ့ဖူးတယ်။ ငါက ဦးခေါင်းခွံနဲ့ ဆံပင်ဖြူအမျှင်တစ်ခုကို ရှာတွေ့ထားတယ်တဲ့။ အခု ဒီဦးခေါင်းခွံကတော့ ပြောင်းလဲသွားပြီ။ တနေ့ကျ ဆံဖြူအမျှင်ကရော အလားတူ ကံကြမ္မာမျိုး ကြုံရမယ်ဆိုတဲ့ အဓိပ္ပာယ်လား…”

ဝမ်လင်းသည် စဉ်းစားနေလျက် ထွက်ခွာလာ၏။

အချိန် ကုန်လာသည်။ ဖြတ်ခနဲအတွင်း ဆယ်နှစ်တာ ကုန်လွန်သွား၏။

ရှုလီကော၏ ချိပ်ပိတ်မှုကိုလည်း ဖြေလျှော့ပေးခဲ့တာ ကြာပြီ ဖြစ်သည်။ သူက လွတ်လပ်မှု ပြန်ရသွားသည့်နောက် သူနှင့် လျှိုကျင်းပြောင်တို့သည် လွန်ခဲ့သော ဆယ်နှစ်က ထွက်လာခဲ့ကြ၏။ သူတို့သည် တနေရာရာသို့ ရောက်သွားသည်။

ပင်လယ်နဂါးက သူတို့နှင့်အတူ ရှိခဲ့၏။ ထို့ကြောင့် လှိုဏ်ဂူလောကရှိ မည်သူကမျှ သူတို့ကို ထိခိုက်စေနိုင်မည် မဟုတ်တာ သေချာသည်။ သူတို့ကသာ တခြားသူများကို အနိုင်ကျင့်နိုင်သည်။ တခြားသူများကတော့ သူတို့ကို အနိုင်ကျင့်နိုင်မည့် အခွင့်အရေး မရှိပေ။

လျှိုကျင်းပြောင်က မထွက်သွားခင် သူက ရှုလီကောကို လှည့်ဖြားခြင်းတာအိုနောက် သူ လိုက်စားချင်ကြောင်း အလေးအနက် ပြောခဲ့၏။ သူက သူနှင့် ရှုလီကောတို့၏ အတွဲက ကောင်းမွန်သည်ဟု ခံစားမိသည်။ သို့သော် နောက်ထပ် သူတို့နှင့်အတူ တခြားတစ်ယောက်ကသာ လာပူးပေါင်းပါက ပို၍ ပြည့်စုံသွားလိမ့်မည်။

ရှုလီကောကလည်း ထိုသည်ကို သဘောတူသည်။ သူတို့က ဆွေးနွေးပြီးနောက် ကျုံးသဟုန်ကို ရှာပုံတော် ဖွင့်တော့၏။ သူတို့က ကျုံးသဟုန်ကို ပထမဆုံးရှာရန် ဆုံးဖြတ်ခဲ့သည်။

ဆယ့်သုံးကမူ အမြဲတမ်း မထူးခြားနားဟန်ဖြင့် ရှိကာ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ရှိနေခဲ့သည်။ သူက သည်နေရာတွင် နေကာ သူ့ဆရာ နိုးထလာမည့်အထိ ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားသည်။

သူ၏ကျင့်ကြံမှုအဆင့်က လွန်ခဲ့သောဆယ်နှစ်တွင် မြင့်တက်လာခဲ့သည်။ ပို၍ အရေးကြီးသည်မှာ သူက ဝမ်လင်း၏ တာအိုနှင့် မန္တာန်အများစုကို အမွေဆက်ခံထားသည် မဟုတ်လား။

ဆန်းကြယ်အနှစ်သာရများကလွဲ၍ ဝမ်လင်းသည် ဒြပ်စင်ငါးခုအနှစ်သာရများကို ဖွဲ့စည်းပြီးခဲ့လေပြီ။ အထူးသဖြင့် ဆယ့်သုံးသည် အဆုံးစွန်ရှစ်ပါးတာအိုနှင့် ပတ်သတ်၍ အံ့အားသင့်ဖွယ် ပါရမီပါနေခြင်းပင်။ ထို့ကြောင့် သူ၏ နားလည်သဘောပေါက်မှုမှာ လေးနက်နေလေပြီ။

ဆယ့်သုံးတစ်ယောက်တည်း ဝမ်လင်းကို စောင့်ကြပ်နေသည် မဟုတ်၊ ခြင်သားရဲဘုရင်လည်း စောင့်ကြပ်ပေးနေ၏။ ၎င်းမှာ အလွန်အစွမ်းထက်လှကာ သည်နေရာတွင် ဘုရင်တပါးကဲ့သို့ပင်။ ၎င်း လှုပ်ရှားတိုင်း သည်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံစိုက်တာကို ခံရသည်။

ခြင်သားရဲဘုရင်က မည်သူကိုမျှ နာကျင်အောင် မလုပ်ဘဲ တခါတရံ ဆော့ကစားဖို့ ဂြိုဟ်မှ ထွက်သွားတတ်၏။ သည်ဂြိုဟ်ပေါ်မှ လူများက ၎င်း၏တည်ရှိမှုနှင့် တဖြည်းဖြည်း အသားကျလာခဲ့သည်။

ဝမ်လင်းနှင့်မူပင်းမေတို့ကမူ လွန်ခဲ့သော ဆယ်နှစ်တည်းက တောင်တလုံးရှိ လှိုဏ်ဂူတစ်ခုထံ နှစ်ယောက်လုံး သွားခဲ့သည်။ ဝမ်လင်းက သူ၏အိပ်မက်တာအိုကို အသုံးပြုကာ သူနှင့်မူပင်းမေကို ခေါ်ဆောင်ပြီး အတွင်းနတ်ဆိုးဖြစ်နေသော လျှိုမေနှင့် ကိစ္စရပ်ကို ဖြေရှင်းဖို့ လုပ်ဆောင်သည်။

လျှိုမေနှင့် ကိစ္စကို ဖြေရှင်းပြီးသည်နှင့် ဝမ်လင်းနှင့်မူပင်းမေတို့ကြားရှိ ဆက်ဆံရေးက ကွဲပြားမှု ရှိကောင်းရှိလာနိုင်သည်။

အချိန် ကုန်လာသည်။ ဖြတ်ခနဲအတွင်း နောက်ထပ်ဆယ်နှစ် ကုန်လွန်သည်။

ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများသည် ဒဏ္ဌာရီပုဂ္ဂိုလ်ဝမ်လင်းက သူ့မွေးရပ်မြေသို့ ပြန်ရောက်နေတာကို မသိကြပေ။ သူတို့သည် လွန်ခဲ့သောနှစ်နှစ်ဆယ်က အေးတိအေးစက် ကျင့်ကြံသူတစ်ယောက်က တောင်တစ်လုံးကို တားမြစ်နေရာအဖြစ်သို့ သတ်မှတ်ခဲ့သည်ကိုသာ သိကြသည်။

မည်သူကမျှ ထိုနေရာသို့ ခြေလှမ်းတဝက်ပင် ဝင်ခွင့်မပြုပေ။ တစုံတစ်ယောက်က ပထမတကြိမ် ထိုသို့ ဝင်ရောက်ပါက သတိပေးခြင်း ခံရမည်။ သို့သော် ဒုတိယအကြိမ်ဆိုလျှင်ပင် သေရမည် ဖြစ်သည်။

All Chapters