← Chapters

ပင်လယ်ကို ကြည့်ရှုခြင်း

Vol. 154 Ch. 2134

ပင်လယ်ကို ကြည့်ရှုခြင်း

Vol. 154 Ch. 2134

ဝမ်လင်း ထွက်လာ၏။

သူသည် လှိုဏ်ဂူလောကကနေ ပျောက်ကွယ်သွားသည်။ အလုံးစုံကောင်းကင်တွင် သာမန်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်၌ အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ဆံပင်က ခါးထက်ထိ ဝဲကျနေသည်။ သူမထံမှ ကျော့ရှင်းမှုကို ပေးစွမ်းနေသည်။

သူမက ကောင်းကင်ထက်သို့ ကြည့်နေ၏။ သူမကို အနီးကပ်ကြည့်ပါက သူမ၏မျက်နှာထက်ရှိ လှပသော မျက်ခုံးကို မြင်ရလိမ့်မည်။ သူမက စိတ်ရှုပ်ထွေးမှု ပြည့်နေ၏။ သူမသည် နတ်ဘုရားအာရုံတစ်ခု ရောက်ရှိလာပြီး သူမဘေးတွင် ခဏရပ်သွားပြီး ပြန်ထွက်သွားသည်ကို ခံစားမိသည်။

သူမက ၎င်းမှာ ထင်ယောင်ထင်မှား ဖြစ်မိတာဟု ထင်မိ၏။ သို့သော် ထိုနတ်ဘုရားအာရုံ ပျောက်ကွယ်သွားချိန်တွင် သူမ၏ရှေ့တွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာခဲ့သည်။ ထိုကျောက်စိမ်းပြားက နေရာတွင် လွင့်မြောကာ ညင်သာသောအလင်းကို ထုတ်လွှတ်နေသည်။

သူမသည် ရှီဇီဖန်ပင်။

သူမသည် ထိုကျောက်စိမ်းပြားကို စိုက်ကြည့်နေသည်။ ထိုညင်သာသောအလင်း တောက်ပနေလျက် ၎င်းထံမှ ရင်းနှီးသောအော်ရာတစ်ခုကို ထုတ်လွှတ်သည်။

“ဝမ်လင်း…”  ရှီဇီဖန်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ကျောက်စိမ်းပြားထံ လက်ဆန့်ထုတ်၏။ သူမက ၎င်းကို လက်ထဲတွင် ကိုင်ကာ မျက်လုံးမှိတ်၏။ သူမ၏နတ်ဘုရားအာရုံက ၎င်းကျောက်စိမ်းပြားထဲ ဝင်ရောက်သွားပြီး ၎င်းအတွင်း၌ ဝမ်လင်း၏အသံ ရှိနေသည်။

အချိန်အတန်ကြာပြီးနောက် ရှီဇီဖန်က မျက်လုံးပြန်ဖွင့်လာပြီး ပြုံးသည်။ ဒီအပြုံးက လှလွန်း၏။

လှိုဏ်ဂူလောကထဲ၌ ပြင်ပနယ်မြေရှိ လူသူကင်းမဲ့သော ကြယ်အဖွဲ့အစည်းတစ်ခုရှိကာ ထိုနေရာတွင် ကျောက်စိုင်ကျောက်သားများ လွင့်မြောနေ၏။ ယင်းတို့က ထူးခြားသော ဥပဒေသအတိုင်း နောက်မှ လိုက်ပါကာ ကြီးမားသော စက်ဝန်းပြတ်အသွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။

ကြီးမားသော ကျောက်တုံးတစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ့မျက်နှာက နီမြန်းနေကာ သူက တည်ငြိမ်စွာ ကျင့်ကြံနေသည်။ သူ အသက်ရှုတိုင်း မီးခိုးရောင်အလင်းတန်းတခုက သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာကာ ကျောက်တုံးထဲသို့ ဝင်ရောက်သည်။  ထို့နောက် ၎င်းက ပျံ့နှံ့သွားပြီး တခြားကျောက်တုံးများ၏ စုပ်ယူခြင်းကို ခံရသည်။

သည်နေရာသို့ သူ ရောက်မလာခင်က ကျောက်တုံးများ ရှိမနေခဲ့ပေ။ သို့သော် ထိုအဘိုးအို ရောက်လာသည့်အခါ၌ ဒီကျောက်တုံးများ ပေါ်လာခဲ့တာ ဖြစ်၏။ ယင်းတို့က သူ၏မန္တာန်ကြောင့် ပေါ်လာခဲ့သည့်အလား။

ထိုအဘိုးအိုက လေကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းတွင် ရှိနေသော အက်ကြောင်းထနေသည့် ကျောက်ရုပ်တု ဖြစ်၏။ သူ့ကြောင့်သာမဟုတ်ပါက ဝမ်လင်းသည် အတိတ်တုန်းက တာအိုပညာရှင်ရေနှင့် တိုက်ခိုက်ခဲ့ချိန်၌ ပို၍ အန္တရာယ်ရှိခဲ့မည် ဖြစ်သည်။

ထိုအခိုက်တွင် ယင်းအဘိုးအိုက မျက်လုံးမှိတ်ကာ တိတ်တဆိတ် ကျင့်ကြံနေ၏။

“ငါ အပြည့်အဝ ပြန်ကောင်းဖို့ နှစ်ပေါင်းသုံးရာ လိုသေးတယ်။ပြီးရင်တော့ ငါ ဒီကနေ ထွက်သွားပြီး မွေးရပ်မြေကို ပြန်နိုင်ပြီ…”  ထိုအဘိုးအိုက မျက်လုံးဖွင့်လာ၏။

သူက လှိုဏ်ဂူလောကမှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပါ။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ တာအိုခုနစ်ခုကလန်မှ လာခဲ့တာ ဖြစ်၏။ တကယ်တော့ သူသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ တပည့်တစ်ယောက်ပင်။

သူ ခပ်တိုးတိုး ရေရွတ်နေစဉ် သူက ဒီလှိုဏ်ဂူလောကကနေ မထွက်သွားချင်သလိုပင် အနည်းငယ် ခံစားမိ၏။ တကယ်တော့ သူ ဒီနေရာတွင် ရှိနေသည်မှာ ကြာမြင့်ပြီ မဟုတလား။ အနည်းငယ် စဉ်းစားပြီးနောက် သူက သက်ပြင်းချကာ မျက်လုံးထပ်မှိတ်၏။ သူသည် ပြန်ကျင့်ကြံချိန်တွင် အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုက ဝေ့ခတ်သွား၏။

ထိုနတ်ဘုရားအာရုံ၏ စွမ်းအားက သည်အဘိုးအိုကို တုန်လှုပ်သွားစေသည်။ သူက ထိုနတ်ဘုရားအာရုံကသာ သူ့ကို ထောက်လှမ်းမိစေချင်ခြင်းကြောင့်သာ မဟုတ်ပါက သူသည် ၎င်းကို လုံးဝ ခံစားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူ့အတွက် ၎င်းက မိုးကောင်းကင်၏ ခွန်အားအလား။

ယင်းက ဝေ့ခတ်သွားပြီး ရပ်တန့်မသွားပေ။ သို့သော် ၎င်း ပျောက်ကွယ်သွားသည့်နောက် ထိုအဘိုးအိုသည် ဒီအခြေအနေကို မရေမရာ ဖြစ်သွားစဉ် ဆေးလုံးတလုံးက သူ့ရှေ့တွင် ပေါ်လာ၏။

ထိုဆေးလုံးသည် လုံးဝ နီရဲနေ၏။ လောက၏ တုန်လှုပ်ဖွယ်စွမ်းအားတစ်ခုကို ပေးစွမ်းနေသည်။ ထိုဆေးလုံး၏ မွှေးရနံ့ဖြင့်ပင် သူ့ခန္ဓာကိုယ်တွင်းရှိ ကျောက်သားအားသည် ဖိနှိပ်ခံရသည်။

ထိုဆေးလုံးကို ကြည့်၍ နတ်ဘုရားအာရုံအကြောင်း ပြန်စဉ်းစားနေလျက် ထိုအဘိုးအိုသည် ရင်းနှီးမှုအငွေ့အသက်ကို ခံစားမိ၏။ ထို့နောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါက သူပဲကို…”

ဝမ်လင်း လှိုဏ်ဂူလောကကနေ ထွက်ခွာသွားသည့်အခိုက်တွင် ပြင်ပနယ်မြေရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအတွင်းမှ အိပ်ပျော်နေသော ကလေးငယ်၏ မျက်လုံးသည် တုန်ခါသွား၏။ သူသည် နိုးလာသည့်အလား။

သို့သော် အချိန်အတန်ကြာပြီးသည့်ထိ သူက မျက်လုံးဖွင့်မလာဘဲ ပြန်အိပ်ပျော်သွားသည်။ ထိုဂြိုဟ်၏အတွင်းနှင့်အပြင်မှ အဆုံးမရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုကလေးငယ်ထံ တိုးဝင်လာကာ သူ၏ ကြီးထွားမှုအတွက် အားအင်များ ဖြစ်စေသည်။

သူ့ရှေ့တွင် နတ်ဘုရားအာရုံကြောင့် ဖြစ်ပေါ်သော ကျောက်စိမ်းပြားတစ်ခု ရှိ၏။ ထိုကျောက်စိမ်းပြားမှာ ပုံရိပ်ယောင်လိုလို၊ အထည်ဒြပ်လိုလို ပြောင်းလဲနေသည်။ ၎င်းက နေရာတွင် လွင့်မြောနေကာ သည်ကလေးငယ် နိုးလာပြီး ၎င်းကို တွေ့မြင်သည့်အထိ စောင့်ဆိုင်းနေလေမည်။

သည်ကလေးငယ် ရှိနေသော ကျင့်ကြံခြင်းဂြိုဟ်က သာမန်သာ ဖြစ်ပြီး ထူးခြားပုံ တစက်မျှ မပေါ်ပေ။

ဝမ်လင်းက သည်နေရာသို့ အရင်က ရောက်လာခဲ့ဖူး၏။ သူက ထာဆန်၏ခန္ဓာကိုယ်ကို တွေ့မြင်ခဲ့ရုံသာမက ဂြိုဟ်အတွင်း၌ အိပ်ပျော်နေသော ထာဆန်ကိုပါ တွေ့ခဲ့ပြီး ဖြစ်သည်။

သူ ထွက်သွားသည့်နောက် လှိုဏ်ဂူလောကမှာ တည်ငြိမ်လာသည်။ ဝမ်လင်း ထွက်သွားသည့်နောက် လှိုဏ်ဂူလောကတွင် အားလုံးနီးပါး မထောက်လှမ်းမိနိုင်သော အားတစ်ခု ပြည့်နေ၏။

ထိုအားက သည်လှိုဏ်ဂူလောကကို မျိုးဆက်များစွာ ကာကွယ်ပေးနိုင်သည်။ ထို့အတွက်ကြောင့် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကဲ့သို့ မတော်တဆမှုမျိုး လုံးဝ ထပ်ဖြစ်လာတော့မည် မဟုတ်ပေ။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ မြူများ ဝန်းရံနေသော တောင်တလုံး ရှိ၏။ ယနေ့တွင် အစွမ်းထက်အားတခုက ထိုးထွက်ကာ အဆုံးမဲ့ သလင်းအလင်းက အဘက်ဘက်သို့ ပျံ့နှံ့သည်။

ထိုအလင်းများ ပြန့်ကြဲသွားပြီးနောက် ဝမ်လင်းသည် လှိုဏ်ဂူလောက၏ ဂိတ်တံခါးထံမှ လှမ်းထွက်လာ၏။

နှစ်ပေါင်းသုံးရာမှာ မျက်စိတမှိတ်အတွင်း ကုန်လွန်သွား၏။ ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ လောကကို ကြည့်ကာ ရှေ့သို့ တိတ်တဆိတ် လှမ်းလာသည်။

“တာအိုခုနစ်ခုကလန်…”  ဝမ်လင်းက တကိုယ်တည်း ရေရွတ်၏။ သူ မထွက်သွားခင် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ လေပြင်းတစ်ခုက တာအိုခုနစ်ခုကလန်ကို ရိုက်ခတ်သွားသည်။ ထိုကလန်၏ အပျက်အစီးပုံများသည် လွင့်ပြယ်ကာ အစွမ်းထက်ကလန်၏ အစားထိုးခြင်းကို ခံရ၏။

“ဒီနေရာဟာ လှိုဏ်ဂူလောကက ထွက်လာခဲ့တဲ့ လူတိုင်းအတွက် အိမ် ဖြစ်လာလိမ့်မယ်…”

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ ကောင်းကင်ထက်သို့ လက်ဆန့်ထုတ်သည်။ ချက်ခြင်းပင် အလင်းတန်းနှစ်ဆယ်နီးပါး ပေါ်လာကာ အဘက်ဘက်သို့ ပျံ့သွားသည်။

ထိုအလင်းနှစ်ဆယ်နီးပါးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မတူညီသောနေရာများတွင် ပေါ်လာ၏။

ချင်းရွှေသည် ကန္တာရတစ်ခုကို ဖြတ်နေစဉ် သူက တခုခုကို သတိပြုမိကာ အပေါ်သို့ မော့ကြည့်သည်။ အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်လာ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ တအောင့်အကြာတွင် သူက ပြုံး၍ မျက်လုံးဖွင့်လာသည်။

အရှင်ဟုန်ရှန်သည် ကောင်းကင်ထက်တွင် ပျံသန်းနေ၏။ သူ့ရှေ့တွင် အဘိုးအိုတစ်ယောက် ရှိနေသော ဓားအလင်းတန်းတစ်ခု ရှိ၏။ ထိုအဘိုးအို၏ အမူအရာက ကြမ်းကြုတ်နေသည်။ သို့သော် သူသည် အမြန်ဆုံးနှုန်းဖြင့် အကြောက်အကန်  ထွက်ပြေးနေတာ ဖြစ်၏။

အရှင်ဟုန်ရှန်က သုန်မှုန်စွာ နောက်မှ လိုက်နေသည်။ သည်အခိုက်တွင် အလင်းစတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ့ကို ကောင်းကင်ဘုံနွားထီးကုန်းမြေရှိရာအရပ်သို့ လှမ်းကြည့်မိစေသည်။ သူ၏သုန်မှုန်မှုက ပြောလျှော့သွားသည်။ သို့သော် သူက ပို၍ မြန်ဆန်စွာ နောက်မှ လိုက်လံသည်။

ချင်းလင်၊ ကျိုးယု၊ အနီရောင်လိပ်ပြာ၊ ကျိုးယုနှင့် လှိုဏ်ဂူလောကမှ ထွက်လာခဲ့သော လူတိုင်းနီးပါးမှာ သည်အလင်းစကို လက်ခံရရှိကာ တာအိုခုနစ်ခုကလန်၏ တည်ရှိမှုကို ခံစားမိသည်။ အကယ်၍ သူတို့သည် သေမျိုးများ ဖြစ်နေလျှင်ပင် တာအိုခုနစ်ခုကလန်၏ မှတ်ဉာဏ်များသည် အနာဂတ်၌ တဖြည်းဖြည်း နိုးထလာလိမ့်မည် ဖြစ်၏။

ဝမ်လင်းသည် တာအိုခုနစ်ခုကလန်ကို နောက်ဆုံးအနေဖြင့် တချက် ကြည့်၏။ ထို့နောက် သူက ၎င်းပတ်လည်တွင် အစွမ်းထက်အစီအရင်တစ်ခုကို ချခင်းသည်။ ထိုအစီအရင်သည် သူ လှိုဏ်ဂူလောကတွင် ချခင်းခဲ့သော အစီအရင်နှင့် ယှဉ်၍ရ၏။ အကယ်၍ သူသာ ထာဝရနတ်ဘုရားနယ်မြေ၌ သူ ပြုလုပ်မည့်အရာကို မလုပ်နိုင်ခဲ့လျှင်ပင် လှိုဏ်ဂူလောကနှင့် တာအိုခုနစ်ခုကလန်၏ တည်ရှိမှုတို့ကို ဘေးကင်းရန် သေချာအောင် ပြုလုပ်ပေးခဲ့တာ ဖြစ်သည်။

ထိုသည်တို့ကို ပြုလုပ်ပေးပြီးနောက် ဝမ်လင်းသည် လှည့်မကြည့်တော့ဘဲ ကောင်းကင်ထက်သို့ လျှောက်လှမ်းကာ ပျောက်ကွယ်သွား၏။

“နှစ်ပေါင်းသုံးရာဟာ သေမျိုးတွေအတွက်တော့ ကြာမြင့်လှတဲ့အချိန် ဖြစ်ပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ သိပ်မကြာဘူး။ အရူးဟာ ကောင်းကင်ဘုံအင်ပါယာ ဖြစ်လာပြီး ကျိတုလည်း ရှေးရှီအင်ပါယာ ဖြစ်လာခဲ့ပြီ။ သူတို့ ဘာလုပ်နေလဲ ငါ သိချင်မိတယ်..”

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

“ပြီးတော့…လီချန်မေ…နင် ဘယ်မှာလဲ…”  ဝမ်လင်းသည် သက်ပြင်းချ၏။ သူသည် လီချန်မေသည် ချင်းရွှေကဲ့သို့ သူမ၏ မှတ်ဉာဏ်များ ပြန်ရခဲ့ပြီကို ခန့်မှန်းမိ၏။ သူသည် သူမ သူ့ကို မတွေ့ချင်သော အကြောင်းရင်းကိုလည်း ခန့်မှန်းမိသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်ကာ ရှေးကလန်ရှိရာထံ လျှောက်လှမ်းသည်။

“ငါ ကူးတောက်ကို ထာဝရနတ်ဘုရားနယ်မြေ ဖွင့်တဲ့အခါကျရင် ရှေးကလန်ဘက်ကနေ ဝင်ရောက်မယ်လို့ ကတိပေးထားခဲ့တယ်…”

ဝမ်လင်းသည် သူ့ကတိကို မှတ်မိသည်။ သူက ကောင်းကင်ဘုံကလန်ကို ရက်အနည်းငယ် ဖြတ်သန်းလာပြီးနောက် ကျယ်ပြောသောပင်လယ်ချိုင့်ဝှမ်း၏ အစွန်းသို့ ရောက်လာ၏။ ထို့နောက် သူသည် ပင်လယ်မုန်တိုင်း တည်ရှိသော ဗဟိုချက်သို့ လျှောက်လာသည်။

သူ နီးကပ်မလာခင် သူသည် ကျယ်လောင်စွာ တုန်ဟည်းသံများကို ကြားရ၏။ နက်မှောင်သော ကောင်းကင်ကို လှမ်းမြင်သည်။ သည်မုန်တိုင်း ဖြစ်တည်ခဲ့တာ နှစ်ပေါင်းသုံးရာ ရှိခဲ့ပြီ ဖြစ်၍ ယခုအခါ ၎င်းသည် ပို၍ အားကောင်းလာသည်။

ထိုပင်လယ်မုန်တိုင်းအတွင်း၌ ဧရာမတိုင်လုံးကိုးခုက မတူညီသောအရောင်ကိုးခုကို ပေးစွမ်းနေသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ထာဝရနတ်ဘုရားနယ်မြေနှင့် ပတ်သတ်၍ သတင်းစကားများကြောင့် သည်နေရာတွင် လူများစွာ ရှိနေ၏။ သူတို့က လိုအင်ဆန္ဒများ ပြည့်နေကြသည်။

ဝမ်လင်းသည် မုန်တိုင်း၏ တဖက်တွင် ရပ်နေ၏။ သူက ၎င်းကို ချက်ခြင်း ဖြတ်လျှောက်လာသည်။ သူက ရှေးကလန်ဘက်ခြမ်းတွင် ပေါ်လာပြီး လာမည့်လအနည်းငယ်တွင် ထာဝရနတ်ဘုရားနယ်မြေ ပွင့်တော့မည်ကို စောင့်ဆိုင်းနေသည်။

ထိုအချိန်က တဖြည်းဖြည်း နီးကပ်လာနေစဉ် ကောင်းကင်ဘုံကလန်နှင့် ရှေးကလန်တို့သည် ထို့အတွက် ပြင်ဆင်ထားသော စွမ်းအားသည် ပေါက်ကွဲလာကြသည်။

All Chapters