← Chapters

ဝင်ရောက်ဖို့ အရည်အချင်း

Vol. 154 Ch. 2136

ဝင်ရောက်ဖို့ အရည်အချင်း

Vol. 154 Ch. 2136

မုန်တိုင်းက ပိုမို မြည်ဟိန်းကာ အဆများစွာ ပိုပြင်းထန်လာ၏။ ထိုအခါ ဘေးပတ်လည် ဧရိယာတွင် လေဟာနယ်အက်ကြောင်းများစွာ ပေါ်လာ၏။ ၎င်းမှာ တစ္ဆေငြီးသံကဲ့သို့ပင်။ မုန်တိုင်း၏ ဗဟိုချက်ကနေ အဘက်ဘက်သို့ ပျံ့နှံ့သည်။

ရှေးကလန်မှ ရောက်လာခါစ လူရာချီက သူတို့ရှေ့ရှိ မုန်တိုင်းကို လှမ်းကြည့်သည်။ သူတို့သည် ၎င်းထံမှ သူတို့ကို ဖျက်စီးပစ်နိုင်သော အဖျက်အစီးအော်ရာကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ထိုအားက သက်ရှိအားလုံးကို ကြောက်လန့်သွားစေဖို့ လုံလောက်၏။ သို့သော် ထိုအထဲတွင် ဝမ်လင်းနှင့် မဟာအင်ပါယာခြောက်ယောက် မပါဝင်ပေ။ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် သည်တုန်ဟည်းပြင်းထန်မှုကို ခုခံနိုင်ကြ၏။ သူတို့အတွက်တော့ ဤသည်က ပြဿနာ မဟုတ်သေးပါ။

ဝမ်လင်းက တုန်ဟည်းမြည်သံများကို လစ်လျူရှုထား၏။ ထိုအသံတို့ သူ့နားထဲ ဝင်လာချိန်တွင် သူ့စိတ်နှလုံးကို တစက်မျှ မတုန်ယင်သွားစေပေ။

ခုလက်ရှိအဆင့်ထိ ကျင့်ကြံပြီးနောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ မဆိုနှင့် ၎င်းပြင်ပရှိ ကျယ်ပြောသောဟင်းလင်းပြင်တွင်ပင် သူ့ကို တုန်လှုပ်စေနိုင်သောအရာမှာ အနည်းငယ်သာ ရှိနိုင်လိမ့်မည်။

သို့သော် မဟာအင်ပါယာခြောက်ယောက်ကမူ မတူပေ။ သူတို့သည် တုန်ဟည်းသံများ၏ သက်ရောက်မှုကို များများစားစား မခံရသော်လည်း သူတို့က သူတို့နောက်မှ လူအများစုက ၎င်းကို တောင့်မခံနိုင်တော့တာ သိ၏။

စုန့်ထျန်က ချီတုံချတုံ ဖြစ်မနေပေ။ တုန်ဟည်းသံများ ပြင်းထန်လာသည့်အခါ သူက ရှေးကလန်ဝင်များရှေ့သို့ လှုပ်ရှားလာ၏။ သူက အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူ၏နောက်တွင် ဧရာမနေမင်း ပေါ်လာ၏။ သူ၏ မဟာအင်ပါယာစွမ်းအားကို အသုံးပြုကာ သူ့နောက်မှ လူများက သည်တုန်ဟည်းသံများကို ခုခံနိုင်စေဖို့ ကူညီပေးလိုက်သည်။

ရွှမ်လောနှင့်ရှေးဂျီမဟာအင်ပါယာကလည်း ထိုသို့ ပြုလုပ်၏။ သူတို့သုံးယောက် အတူတကွ ကူညီပေးခြင်းကြောင့် ရှေးကလန်မှ ထိတ်လန့်နေသော လူရာချီသည် ဒဏ်ရာမရခဲ့ပေ။ သို့မဟုတ် နောက်သို့ လွင့်ထွက်သွားခဲ့ကြခြင်း မရှိတော့ပေ။

ကောင်းကင်ဘုံကလန်သည်လည်း ထို့အတူပင်။ ကျိုးသဲနှင့် တခြားသူများကလည်း တုန်ဟည်းသံများကနေ ကျင့်ကြံသူရာချီကို ကာကွယ်ပေးသည်။ ဝမ်လင်းတစ်ယောက်သည် နေရာတွင် တိတ်တဆိတ် ထိုင်၍ ပင်လယ်မုန်တိုင်းကို တည်ငြိမ်စွာ ကြည့်နေသည်။

သူက မည်သူ့ကိုမျှ ကူညီဖို့ မလှုပ်ရှားသေးပေ။

ဝမ်လင်းသည် ခုကစ၍ ဆယ့်နှစ်ရက်အကြာ ဖြစ်လာမည်ကို သိနေပြီး ဖြစ်၏။ သူက ဘက်နှစ်ဖက်မှလူများကို ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်သည်။

“ဂိတ်တံခါး ပွင့်ဖို့ ဆယ့်နှစ်ရက် လိုသေးတယ်။ ဒါပေမဲ့ တုန်ဟည်းသံတွေက အတိတ်တုန်းက ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဖို့ နှစ်ရက်လိုတဲ့အချိန်လောက်ထိ ပြင်းထန်နေပြီ…”

“ဒီလိုသာဆက်ဖြစ်နေရင် သူတို့ နေနိုင်စွမ်း မရှိတော့မှာ ငါ စိုးမိတယ်…”

“ထာဝရနတ်ဘုရားနယ်မြေဟာ ထူးခြားနေတယ်။ အခုက အတိတ်တုန်းကနဲ့ ကွဲပြားလွန်းနေတယ်…”

ပင်လယ်မုန်တိုင်း၏ နှစ်ဘက်မှ မဟာအင်ပါယာခြောက်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်၏။ သူတို့၏ အမူအရာများသည် သုန်မှုန်နေသည်။

သူတို့ခြောက်ယောက်သည် ဆက်လက်ခုခံနေရင်း အချိန်ကုန်လာနေ၏။ နေ့တိုင်းတွင် မုန်တိုင်း တုန်ဟည်းမှုက ပိုပြင်းထန်လာနေသည်။ ၎င်းက ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟမည့် ကိုးရက်သာ လိုတော့သည့်အချိန် ရောက်လာသည့်အခါ တုန်ဟည်းများသည် ပင်လယ်ချိုင့်ဝှမ်းတခုလုံးသို့ ပျံ့နှံ့၏။ ချိုင့်ဝှမ်းအစွန်းများကနေပင် တုန်ဟည်းသံများကို ကြားရနိုင်သည်။

ပွင်ဟမည့် ကိုးရက်မတိုင်ခင် ညဦးပိုင်း၌ တုန်ဟည်းသံများသည် ဖော်ပြ၍ မရသော အဆင့်သို့ ရောက်လာ၏။

မဟာအင်ပါယာခြောက်ယောက်သည်ပင် ထပ်မံ၍ မခုခံနိုင်တော့ဟု ခံစားမိ၏။

ထိုတုန်ဟည်းသံများက ကောင်းကင်ကို တစစီ ဖြစ်စေကာ မြေပြင်ထက်တွင် အက်ကြောင်းများ ထစေဖို့ရာ လုံလောက်၏။ မဟာအင်ပါယာခြောက်ယောက် ကာကွယ်ပေးထားသော လူရာချီသည် သူတို့၏ဒွာရပေါက်များကနေ သွေးများ စိမ့်ထွက်လာ၏။

“ကိုးရက်လိုသေးတယ်။ ဆက်ပြီး ခုခံဖို့ မဖြစ်နိုင်တော့ဘူး။ ခုချိန်ဟာ အတိတ်တုန်းက ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟခဲ့တဲ့ နောက်ဆုံးနေ့လောက်ကို ပြင်းထန်နေပြီ။ ဒီလိုသာ ဆက်ဖြစ်ရင် ဒီလူတွေဟာ မနက်ဖြန်ဆို သေကုန်လိမ့်မယ်။ ငါတို့ပါ မဝင်ခင် ဒဏ်ရာရကုန်နိုင်တယ်…”

“ဒီတစ်ကြိမ် ထာဝရနတ်ဘုရားကုန်းမြေထဲ လူအများအပြား မဝင်ရောက်နိုင်တော့မှာ ငါ စိုးမိတယ်…”  ဝူဖန်က ခပ်မြန်မြန် ပြောလာ၏။ တောက်ရီကလည်း ခေါင်းညိတ်သည်။

ကျိုးသဲက အံတင်းတင်းကြိတ်ကာ နတ်ဘုရားအာရုံသတင်းစကားကို ပို့လွှတ်၏။

“ရွှေအဆင့်ထိပ်သီးအောက်က ကျင့်ကြံသူအားလုံး မြန်မြန်နောက်ဆုတ်ကြ၊ ဒီကျယ်ပြောတဲ့ချိုင့်ဝှမ်းကနေ တည်နေရာ မြန်မြန်ပြောင်းကြတော့…”

သူ၏စကားသံ ထွက်ပေါ်လာသည့်အခါ ရှေးကလန်ဘက်မှ စုန့်ထျန်နှင့်တခြားမဟာအင်ပါယာနှစ်ယောက်မှာလည်း ဆုံးဖြတ်ချက် ချ၏။ သူတို့ စောင့်ရှောက်ပေးနေသော လူရာချီထဲမှ စမ်းသပ်မှုသုံးခု၊ ကပ်ဘေးခုနစ်ခုကို အောင်အောင်မြင်မြင် မဖြတ်သန်းရသေးသော သူများသည် ဒီတုန်ဟည်းမှုများ၏ ဗဟိုချက်ကနေ အမြန်ထွက်သွားကြသည်။

တအောင့်အကြာတွင် မုန်တိုင်း၏ နှစ်ဖက်လုံးတွင် လူတစ်ရာပင် မကျန်တော့ပေ။ အကြောင်းမှာ လူနည်းလေလေ မဟာအင်ပါယာခြောက်ပါးအပေါ်ရှိဖိအားက များစွာ လျှော့ကျသောကြောင့်ပင်။

ဝမ်လင်းက ထိုသည်တို့ကို မြင်၏။ သူသည် ငြိမ်သက်စွာ စဉ်းစားနေပြီး မည်သို့မျှ မလှုပ်ရှားသေးပေ။ သူက ပင်လယ်မုန်တိုင်းကို ကြည့်၏။ တိုင်ကိုးလုံးကြောင့် ဖြစ်ပေါ်နေသော ဂိတ်တံခါးပေါ်ရှိ အဟက အနည်းငယ်ပိုကြီးမားလာသည်ကို သူ မြင်သည်။

သည်လိုဖြင့် သုံးရက်တာ ကုန်လွန်သွားသည်။ ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟဖို့ ခြောက်ရက်သာ လိုတော့၏။ ဂိတ်တံခါးထံမှ တုန်ဟည်းသံများသည် ထပ်မံ၍ ပြင်းထန်လာသည်။ ထိုသည်က မဟာအင်ပါယာခြောက်ယောက်ကို အလွန်စိုးရိမ်ပူပန်သွားစေသည်။

သူတို့သည် ဆက်၍ တောင့်မခံနိုင်တော့ပေ။ သူတို့က လူများကို လျှော့ချပစ်ရမည်။ မဟုတ်ပါက သူတို့သည်ပင် သက်ရောက်မှု ခံရတော့ပေမည်။

“ဝမ်လင်း…”  ရွှမ်လောက ဝမ်လင်းထံ လှမ်းကြည့်၏။ သည်ပင်လယ်တုန်ဟည်းသံများ စတင်ချိန်၌ ပထမဆုံးအကြိမ် သူက ဝမ်လင်းထံ စကားပြောလာခြင်းပင်။ အမှန်တော့ စုန့်ထျန်နှင့် ရှေးဂျီအင်ပါယာတို့သည်လည်း သူတို့၏မျှော်လင့်ချက်များကို ဝမ်လင်းအပေါ်သာ ထားထားကြသည်ပင်။ သူတို့က ကူးတောက် ခုထိ မရောက်လာသေးသည့်အပေါ် စိတ်ရှုပ်မိနေ၏။

သို့ပေမည့် ခုချိန်က သည်ကိစ္စကို တွေးနေဖို့ အချိန်မရှိပေ။ ရွှမ်လော၏ စကားကို ကြားသည့်အခါ သူတို့က ချက်ခြင်းပင် ဝမ်လင်းကို လှမ်းကြည့်သည်။

“ဆရာ…”  ဝမ်လင်းက ထရပ်ပြီး ခွန်အားပြည့်ခုခံနေသော ရွှမ်လောကို ကြည့်၏။

“ဆရာ၊ ဒါက အသုံးမဝင်ဘူး။ အဆုံးသပ်မှာ သူတို့ ဝင်နိုင်မှာ မဟုတ်ဘူး။ ဆရာတို့အဆင့်တွေတောင် ဝင်နိုင်လိမ့်မှာမဟုတ်ဘူး…”  ဝမ်လင်းက ခပ်တိုးတိုး ဆို၏။ သို့သော် သူက သူ့ညာလက်ကို ရွှမ်လောနှင့်ကျန်နှစ်ယောက် စောင့်ကြပ်ပေးထားသော လူကိုးဆယ်ကျော်လောက်ထံ ဝေ့ယမ်းသည်။

ထိုအခါ ရွှမ်လောနှင့် တခြားနှစ်ယောက်၏ ဖိအားသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ရှေးကလန်ဝင်တစ်ရာနီးပါးသည် နာကျင်မှုကနေ ပြန်ကောင်းမွန်လာ၏။

“ကူးတောက်က ဒါကို သတိပြုမိလောက်ပြီး ဖြစ်တယ်။ ဒါ့ကြောင့် သူက အတင်းအကြပ် ကြားဝင်ဖို့ မပေါ်လာခဲ့တာပဲ…”

ရွှမ်လောနှင့်တခြားနှစ်ယောက်က ငြိမ်သက်သွားသည်။ သူတို့ကလည်း ဒီတကြိမ် ပွင့်ဟခြင်း၏ ထူးခြားမှုကို ခံစားမိ၏။ အခု ခြောက်ရက် ကျန်သေးသည်။ သူတို့က ထိုတုန်ဟည်းသံများက မည်မျှဆက်၍ ပြင်းထန်လာအုံးမည်ကို စိတ်ကူးကြည့်၍ပင် ခက်ခဲနေ၏။ ကြည့်ရသည်မှာ သူတို့သည်ပင် နောက်ဆုတ်ရမည့်ပုံ ရှိ၏။

ရှေးကလန်တွင် ဝမ်လင်း၏ အကာအကွယ် ရှိပေ၏။ သို့သော် ကောင်းကင်ဘုံကလန်၏ ဘက်တွင်မူ ကျိုးသဲနှင့်တခြားမဟာအင်ပါယာများ၏ ကာကွယ်မှုအောက်၌ သူတို့က လူများကို လျှော့ချရမည်ပင်။

“ရွှေအဆင့်ထိပ်သီးကျင့်ကြံသူတွေ၊ အင်ပါယာအတု ကျင့်ကြံသူတွေ ပြန်ဆုတ်ပြီး မြန်မြန် တည်နေရာရွှေ့ပြောင်းကြတော့…”  ကျိုးသဲ၏အသံ ပဲ့တင်ထပ်လာစဉ် တစ်ရာနီးပါးထဲမှာ အများစုသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူတို့က ပင်လယ်မုန်တိုင်းကို နောင်တရဟန်ဖြင့် ကြည့်ကာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြ၏။ အခုဆို ကောင်းကင်ဘုံကလန်ဘက်၌ မဟာအင်ပါယာသုံးယောက်အပြင် ဆယ့်တစ်ယောက်သာ ကျန်တော့၏။ ထိုဆယ့်တစ်ယောက်မှာ သူတို့ ရွေးချယ်ထားသော ဩဇာအင်ပါယာများ ဖြစ်၏။

ခြောက်ရက် ကျန်သေးသည်။

သည်ခြောက်ရက်တာအတွင်း ဝမ်လင်းကလွဲ၍ လူတိုင်းက နာကျင်မှုကို တောင့်ခံထားရ၏။ ရှေးကလန်၌ လူအများအပြား ရှိသော်လည်း ဝမ်လင်း၏ စကားတို့က သူတို့ကို ချီတုံချတုံ ဖြစ်စေ၏။

နောက်ထပ်သုံးရက် ကုန်လွန်လာပြီး သုံးရက်သာ ကျန်တော့ချိန်၌ တုန်ဟည်းသံမျးသည် အဆများစွာ ပို၍ ပြင်းထန်လာတော့၏။ ကောင်းကင်ဘုံကလန်ဘက်၌ ဩဇာအင်ပါယာဆယ့်တစ်ယောက်သည် ရွေးချယ်စရာမရှိဘဲ အင်တင်တင်ဖြင့် ထွက်သွားကြရသည်။

ကျိုးသဲနှင့် ကျန်နှစ်ယောက်သာ ထိုင်နေ၏။ ဩဇာအင်ပါယာများကို ကာကွယ်ပေးဖို့ မလိုတော့သည့်အခါ သူတို့က သူတို့၏ခွန်အားအပြည့်ဖြင့် ဒီတုန်ဟည်းမှုများကို ခုခံသည်။ ထို့ကြောင့် ခုခါ၌ သူတို့သည် ပို၍ ကြာကြာ ရှိနိုင်ကြမည်။

ကောင်းကင်ဘုံကလန်ဘက်ခြမ်းရှိ အဖြစ်အပျက်ကို ကြည့်ကာ ရွှမ်လောနှင့်တခြားနှစ်ယောက်မှာ ခါးသီးစွာ ခံစားမိ၏။ သူတို့က ဝမ်လင်း ပြောခဲ့သည်မှာ အမှန်ဖြစ်မည်ဟု လက်ခံလာသည်။

အစောပိုင်းတည်းက ဝမ်လင်း၏ ကူညီပေးမှုကြောင့်သာမဟုတ်ပါက သူတို့သည်လည်း တဖက်နှင့်အတူတူ ဖြစ်မည်သာ။

နောက်ဆုံးသုံးရက်က အခက်ခဲဆုံးသုံးရက် ဖြစ်၏။ တရက်တာ ကုန်လွန်သွားပြီး သုံးရက်အလိုနေ့သို့ ရောက်လာချိန်တွင် ပင်လယ်မုန်တိုင်း၏ ပြင်းထန်မှုက အဆတစ်ရာ တိုးလာ၏။

ထိုသည်က လောကကို အစိတ်စိတ်အမွှာမွှာ ပြိုလဲစေသည်။ လောကသည် လေဟာနယ်တစ်ခု ဖြစ်လာ၏။ ကျိုးသဲနှင့်တခြားသူများ၏ မျက်နှာက ဖြူရောသွား၏။ သူတို့က စုပေါင်း၍ ချက်ခြင်း ခုခံကြသည်။

ရှေးကလန်တွင်မူ အရင်ကကဲ့သို့ တည်ငြိမ်နေတုန်းပင်။ ရွှမ်လောနှင့် တခြားသူများက မည်သို့မျှ မဖြစ်သကဲ့သို့ ခံစားရ၏။ သို့သော် တဖက်ခြမ်းသို့ ကြည့်သည့်အခါ သူတို့သည် ဝမ်လင်း၏ အစွမ်းထက်ပုံကို ထပ်မံ၍ သဘောပေါက်သွားတော့သည်။

ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟမည့် နှစ်ရက်အလိုသို့ ရောက်လာချိန်တွင် ကူးတောက် ရောက်လာ၏။

သူက လေဟာနယ်ထဲမှ လှမ်းထွက်ကာ ဝမ်လင်းဘေးတွင် ထိုင်ချ၏။ သူသည် ပင်လယ်မုန်တိုင်းကို ကြည့်ကာ သက်ပြင်းချသည်။

“ရွှမ်လော…မင်းတို့သုံးယောက် နေပြီး ကျန်တဲ့သူတွေ ထွက်သွားကြတော့…”  သူ ထိုသို့ ပြောပြီးနောက် ရှေးကလန်ဝင်တစ်ရာနီးပါးထံ လက်ဝေ့ယမ်းသည်။ သူတို့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက ကူးတောက်ကို ကြည့်၏။ သူက စကားတော့ မဆိုပေ။ သူသည် ပင်လယ်မုန်တိုင်းကို ဆက်ကြည့်နေသည်။ ဂိတ်တံခါးအဟက ပိုကြီးမားလာ၏။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင် ဖြစ်ပေါ်သည်။

ထိုအခိုက်တွင် ပင်လယ်မုန်တိုင်း၏အပြင်ဘက်၌ လူရှစ်ယောက်သာ ကျန်တော့၏။ သူတို့ကို လေဟာနယ်က ဝန်းရံထားပြီး သူတို့ပတ်လည်ရှိ လောကသည် ပျက်စီးခဲ့လေပြီ။ ထိုနေ့ ကုန်လာကာ ဂိတ်တံခါးပွင့်ဟမည့် နောက်ဆုံးနေ့သို့ ရောက်လာချိန်တွင် တုန်ဟည်းသံများသည် ဝဲကတော့တစ်ခုအသွင် ဖွဲ့စည်းသည်။ ထိုဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်နေစဉ် ၎င်းက ကျိုးသဲနှင့်တခြားသူများကို သွေးအန်စေ၏။ သူတို့က မဆုတ်ချင်ဘဲ နောက်ဆုတ်ရ၏။ သူတို့၏စိတ်ထဲ၌ သူတို့၏အကန့်အသတ်သို့ ရောက်ပြီကို သိကြသည်။

တောက်ရီက အံတင်းတင်းကြိတ်ကာ ပထမဆုံး ထွက်သွားတော့၏။ သူ့နောက်တွင် အကူအညီမဲ့စွာ ဝူဖန် လိုက်ပါသည်။ ကျိုးသဲတစ်ယောက်သည် မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာသည့်အထိ တောင့်ခံနေ၏။ သူက ဆက်၍ ခုခံချင်သေးသည်။

သို့သော် သူသည် နောက်ထပ်နှစ်နှစ်ရီသာ ခုခံနိုင်ပြီး ထို့နောက်တွင် ခါးသီးသောအမူအရာဖြင့် ပျောက်ကွယ်သွားတော့သည်။

All Chapters