ပျောက်နေသောသူ
Vol. 154 Ch. 2138
ထာဝရနတ်ဘုရားနယ်မြေ ဟူသည် အဘယ်နည်း။
ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ကျင့်ကြံသူတိုင်းနီးပါး၌ ရှိနေသော မေးခွန်းပင်။ မဟာအင်ပါယာများသည်ပင် ထိုနယ်မြေ၏ တည်ရှိမှုက မည်သည့်အရာဖြစ်သည် သို့မဟုတ် ၎င်းက မည်သည့်နေရာက လာသည်ကို မသိကြပေ။
လူများစွာက ထာဝရနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သော်လည်း သူတို့သည် ၎င်းကို မည်သို့သော နေရာမှန်း မပြောနိုင်ကြပေ။
ဝမ်လင်းက ဘေးပတ်လည်သို့ ကြည့်၏။ ကောင်းကင်သည် နီရဲနေသည်။ ကြယ်၊နေ၊လ ဟူ၍ မရှိ၊ ညင်သာသောအလင်းတစ်ခုသာ ရှိိနေပြီး မြေပြင်မှာ စက်ဝန်းအသွင် ရှိသည်။
ထိုနေရာ၌ သူ့နတ်ဘုရားအာရုံမှာ ကန့်သတ်ခံထားရပြီး ကုန်းမြေတခုလုံးကို မဖုံးလွှမ်းနိုင်ချေ။ သူသည် အနီးအနားရှိ တောင်တန်းများနှင့်မြောင်များကိုသာ မြင်ရ၏။
မြေပြင်တွင် လှမ်းလျှောက်လာရင်း ဝမ်လင်းက စဉ်းစားနေ၏။ ရှေ့သို့ လျှောက်လာနေရင်း သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးခြင်းနှင့် ရင်းနှီးသလို အငွေ့အသက် ပြည့်နေသည်။
ဝမ်လင်းက မြောက်တစ်ခုထံ၌ ရပ်ကာ ၎င်းကို စူးစမ်းကြည့်၏။ ထိုမြောင်က အဖြောင့်တိုင်း ရှိနေကာ ဓားချက်တစ်ခုဖြင့် ဖန်တီးထားသည့်အလား။
ထိုမြောက်ထံမှ အနက်ရောင်အခိုးငွေ့လှိုင်းခပ်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ ယင်းတို့က လေထဲသို့ မြင့်တက်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ သည်နေရာကနေ ထိုမြောင်၏ အတွင်းနက်ပိုင်းမှာ နက်မှောင်နေ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရှေ့သို့ လှမ်း၏။ သူက ထိုမြောင်ကို ဖြတ်သန်းလာပြီး အကွာအဝေးတစ်ခုထံ လျှောက်လှမ်း၏။ အချိန် တဖြည်းဖြည်း ကုန်လာသည်။ အချိန်မည်မျှ ကြာသွားမှန်း မသိရပြီးနောက် ဝမ်လင်းက ပိုမိုများပြားသော မြောင်များနှင့် တောင်တန်းများကို တွေ့မြင်သည်။
ထိုမြောင်များအားလုံးက တူညီပုံပေါ်၏။ ယင်းတို့က အဖြောင့်တိုင်း တည်ရှိနေသည်။
“စက်ဝန်းပုံမြေပြင်ထု…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။ သူက လေထဲသို့ ပျံတက်သည်။ သူ ပို၍ မြင့်မြင့်ပျံလာစဉ် မြေပြင်ထု အက်ကြောင်းမှာ ကြုံ့သွားသည်ဟု ထင်ရ၏။ ဝမ်လင်းက အပေါ်သို့ ရောက်လာချိန်တွင် သူက အောက်ဘက်ရှိ မြေပြင်ကို ငုံ့ကြည့်၏။ ရင်းနှီးသလို ခံစားမှုက ပို၍ပင် အားကောင်းလာသည်။
ထိုစက်ဝန်းပုံမြေပြင်ထုနှင့် ခပ်နက်နက် မြောင်များက သေသပ်သောအစီအစဉ်တစ်ခုအတိုင်း ရှိနေခြင်း ဖြစ်၏။ ယင်းတို့ကို ပေါင်းစပ်ရှုမြင်ပါက သံလိုက်အိမ်မြှောင်တစ်ခုနှင့် တူနေသည်။
ကြီးမားသော သံလိုက်အိမ်မြှောင်တစ်ခု။ သည်မြောင်များက အတိုင်းအတာစကေးများ ဖြစ်ကာ တောင်တန်းများသည် ရှေးဟောင်းစာလုံးများကို ဖြစ်ပေါ်စေခြင်းပင်။
“သံလိုက်အိမ်မြှောင့်၊ ညွှန်တံမရှိတဲ့ သံလိုက်အိမ်မြှောင်။ ဒီမြေပြင်ဟာ သံလိုက်အိမ်မြှောင်အသွင်ပဲ။ ဒါပေမဲ့ ပြီးပြည့်စုံခြင်းမရှိဘူး။ ၎င်းရဲ့ တဝက်ဟာ ပျောက်နေတယ်…”
ဝမ်လင်းက မြေပြင်ကို ကြည့်၏။ သူက ၎င်း၏တဝက်သည် ပုံရိပ်ယောင်ကဲ့သို့ ထင်ရသည်ကို မြင်သည်။
စဉ်းစားနေရင်း သူ့အကြည့်က မြေပြင်ထက်သို့ ဝေ့ခတ်ကျရောက်သွားပြီး သံလိုက်အိမ်မြှောင်၏ ဗဟိုချက်တွင် ရပ်တန့်သွားသည်။ တိမ်တိုက်များထိ ထိုးနေသော တောင်တန်းတစ်ခု ရှိနေ၏။ ခုနစ်ရောင်စုံနှင်းများက ၎င်းတောင်ထိပ်မှ ကျဆင်းနေသည်။
ထိုတောင်ကို ကြည့်ကာ ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ ရှေးရှီဘုံကျောင်းအတွင်း၌ သူ တတိယစိတ်ဝိညာဉ်ပိုင်းထုတ်ခြင်းကို ဖြတ်သန်းနေစဉ်အတွင်း သူက ဒီဆန်းကြယ်သောတောင်ကို တွေ့မြင်ခဲ့ဖူးပေသည်။
သူက ခန္ဓာကိုယ်တစ်ခုကို ချီကာ လောကကို မေးခွန်းထုတ်နေသော ပုံရိပ်တစ်ခုကို ထိုတောင်ထိပ်၌ မြင်ခဲ့ဖူး၏။ သို့သော် ခုချိန်တွင် သူက ခုနစ်ရောင်စုံနှင်းများ ကျဆင်းနေသော တောင်ကို ကြည့်၏။ သူက ထိုပုံရိပ်ကိုတော့ မတွေ့မြင်ပေ။ သို့သော် ဝမ်လင်းကို စောင့်နေသော သူ သိသည့်ပုံရိပ်တစ်ခုတော့ ရှိ၏။
ထိုသူက အိုသည်၊ သို့သော် မအိုမင်းဟုလည်း ဆိုနိုင်သည်။ သူ့ကို ခုနစ်ရောင်စုံအလင်းက ဖုံးထား၏။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။ ထိုသူမှာ ရှေ့ဖြစ်ဟောသူနှင့်လည်း တူ၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနှင့်လည်း တူ၏။ ရှေးတောက်အင်ပါယာဆရာသခင်နှင့်လည်း တူပြန်သည်။
ထိုပုံရိပ်၏နောက်၊ သည်တောင်၏နောက်တွင် တံတားတစင်း ရှိနေသည်။ ထိုတံတား၏ အစွန်းတဖက်က သံလိုက်အိမ်မြှောင်နှင့် ချိတ်ဆက်ကာ တခြားတစ်ခုက ကောင်းကင်နှင့် ချိတ်ဆက်၍ ကြီးမားသော စက်ဝန်းပြတ်(ဝါ) အကွေးတစ်ခုအသွင် ဖြစ်ပေါ်နေသည်။
ထိုတံတားက ကောင်းကင်ဘုံချေနင်းခြင်း တံတားများနှင့် ချွတ်ဆွတ်နီးပါး တူသည်။ ၎င်းက ကောင်းကင်နှင့် ချိတ်ဆက်ထားသော နေရာတွင် ဝမ်လင်းသည် သွေးရောင်ကောင်းကင်အောက်တွင် ပုံရိပ်ယောင်တစ်ခုကို ဝိုးတဝါးတွေ့မြင်သည်။
ထိုပုံရိပ်ယောင်အတွင်း၌ ပုံရိပ်နှစ်ခု တွေ့မြင်ပုံ ရသည်။ သို့သော် ယင်းပုံရိပ်နှစ်ခုမှာ ဝေဝါးနေသည်။ ထို့ကြောင့် ယင်းပုံရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ပေ။
ထိုမြင်ကွင်းသည် ကိုးခုမြောက်တံတားပြီးနောက် သူ တွေ့မြင်ခဲ့သော ပုံရိပ်ယောင်နှင့် အတူတူပင်။
“နောက်ဆုံးတော့ မင်း ရောက်လာပြီ…” ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်ကာ ရယ်မော၏။
ဝမ်လင်းက ထိုတံတားထံမှ သူ့အကြည့်ကို ပြန်ရုတ်ကာ ရှေ့ဖြစ်ဟောသူအား ကြည့်၏။ သူက စကားမဆို၊ ရှေ့သို့ ဖြည်းဖြည်ချင်း လှမ်းလာ၏။ တအောင့်အကြာတွင် သူက ခုနစ်ရောင်စုံနှင်းများ ကျဆင်းနေသော တောင်ထိပ်ပေါ်တွင် ရပ်၏။ သူက ဘေးပတ်လည်ရှိ ခုနစ်ရောင်စုံနှင်းကို ကြည့်ကာ သက်ပြင်းချသည်။
“ဒီအဘိုးအိုက ဒီနေ့အတွက် စောင့်နေခဲ့တာ ကြာခဲ့ပြီ။ ဒါတွေအားလုံးဟာ မင်းရဲ့ အိပ်မက်ပဲ။ ဒါပေမဲ့ မင်း ဒီကို ရောက်လာတာနဲ့ မင်းအိပ်မက်ထဲမှာ ပုံပျက်ယွင်းခြင်း ဖြစ်ပေါ်လိမ့်မယ်…”
ရှေ့ဖြစ်ဟောသူက ရယ်မောကာ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းသည်။
သူက ထိုသို့ ဝေ့ယမ်းလိုက်ရင်း စက်ဝန်းအသွင် ကုန်းမြေသည် စတင် တုန်ဟည်းလာ၏။ ၎င်းသည် တုန်ဟည်းနေစဉ် သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များက မြောင်များထံမှ ပေါက်ကွဲထွက်လာသည်။ အနက်ရောင်အခိုးငွေ့များသည် ကောင်းကင်ထက်သို့ ပျံတက်ကာ သည်တောင်ထံ အရှိန်အဟုန်နှင့် တိုးဝင်လာကြသည်။
ချက်ခြင်းပင် အနက်ရောင်အခိုးငွေ့များသည် သွေးရောင်ကောင်းကင်တွင် ဖုံးလွှမ်းသွား၏။ ထို့နောက် ယင်းအခိုးငွေ့တို့က ရှေ့ဖြစ်ဟောသူ၏နောက်တွင် ဧရာမပုံရိပ်တစ်ခုအဖြစ် စုဝေး ဖြစ်ပေါ်သည်။
ထိုပုံရိပ်သည် အလွန်ရှည်လျားလှ၏။ အဝေးမှ ကြည့်ပါက သည်ပုံရိပ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏မျက်နှာကိုလည်း ဖုံးကွယ်ထားသည်။ သို့သော် ဝမ်လင်းသည် ထိုပုံရိပ်မှာ သူ့ရှေ့ရှိ ရှေ့ဖြစ်ဟောသူနှင့် အတူတူမှန်း သိရှိသည်။
“ဝမ်လင်း…မင်းဟာ အရင်ဘဝတုန်းက ကောင်းကင်ဘုံချေနင်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ရင်တောင် ဒီအဘိုးအိုဟာ နယ်နိမိတ်သံလိုက်အိမ်မြှောင်ရဲ့ ဒီနေရာမှာဆို အနှိုင်းမဲ့တည်ရှိမှုပဲ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးပေါ်မှာ ဒါဟာ ငါ ဝါးမြိုနိုင်တဲ့ နေရာတစ်ခုပဲ။ မင်းနဲ့ ပေါင်းစည်းနိုင်တဲ့နေရာလည်း ဟုတ်တယ်…”
“ဒီနေရာမှာ မင်းရဲ့ အိပ်မက်ဟာ တွန့်ခေါက်ပုံပျက်သွားလိမ့်မယ်။ အစီအစဉ်မကျ ဖြစ်သွားလိမ့်မယ်။ ခုချိန်ကစပြီး ငါဟာ မင်း ဖြစ်သွားပြီ…”
ထိုကြီးမားသောပုံရိပ်ထံမှ ဟိန်းအော်သံ ထွက်ပေါ်လာကာ အဘက်ဘက်တွင် ပဲ့တင်ထပ်သည်။
“အရင်ဘဝ…” ဝမ်လင်းက ရှေ့ဖြစ်ဟောသူနှင့် သူ့နောက်မှ ပုံရိပ်ကိုကြည့်၏။ သူ့အမူအရာက တည်ငြိမ်နေသည်။
“မင်းက အရာအားလုံးကိုတော့ မှတ်မိအုံးမှာ မဟုတ်ဘူး။ ရှိစေတော့။ မင်း မသေခင် ဒီအဘိုးအိုက မင်းကို အရာအားလုံးကို နားလည်သွားအောင် လုပ်ပေးမယ်…”
ရှေ့ဖြစ်ဟောသူက ထရပ်၏။ သူက ကြီးမားသောပုံရိပ်ထံသို့ နောက်လှည့်၍ ခြေလှမ်းသည်။ ထိုပုံရိပ်၏မျက်နှာကို ဖုံးထားသော အနက်ရောင်ခေါင်းစွပ်က ရွှေ့လျားကာ သူ၏နတ်ဆိုးဆန်သော မျက်နှာ လှစ်ဟပေါ်လာသည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ မတည်ရှိဘူး။ ဒါဟာ မင်းရဲ့ အိပ်မက်ကနေ ဖန်တီးထားတဲ့ အရာတစ်ခုပဲ။ တကယ်တော့ ဒါဟာ ဖိဆန်မြေကမ္ဘာနယ်မြေရဲံ အစိတ်အပိုင်းဖြစ်တဲ့ လေဟာနယ်တစ်ခုမျှသာပဲ…”
“လေဟာနယ်…အင်း…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
“မင်း ငါ ပြောတာကို မယုံဘူးလား။ မှတ်ဉာဏ်တွေ အပြည့်အဝ ပြန်မရသေးတဲ့ မင်းဟာ ဒီအဘိုးအိုရှေ့မှာတော့ သနားစရာပဲ။ ဝမ်လင်း…ဒီအဘိုးအိုက မင်းကို ပြောလိုက်မယ်။ ဒီစကြဝဠာဟာ အဓိကနယ်မြေကြီးလေးခုနဲ့ ဖွဲ့စည်းထားတာ။ ဒီနယ်မြေဟာ ဖိဆန်မြေကမ္ဘာနယ်မြေပဲ။ နယ်မြေတစ်ခုစီမှာလည်း ရတနာတစ်ခု ရှိကြတယ်။ ဖိဆန်မြေကမ္ဘာနယ်မြေရဲ့ ရတနာဟာ နယ်နိမိတ်သံလိုက်အိမ်မြှောင်ပဲ၊ ဒီသံလိုက်အိမ်မြှောင်ဟာ တစ်ခုတည်းဖြစ်တဲ့ လေဟာနယ်ပျက်သုဉ်းခြင်းရတနာ ဖြစ်တယ်…”
“ဒီထာဝရနတ်ဘုရားနယ်မြေဟာ နယ်နိမိတ်သံလိုက်အိမ်မြှောင်ပဲ…”
ရှေ့ဖြစ်ဟောသူ၏ ကြီးမားသောပုံရိပ်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။
“မင်းကတော့ မင်းရဲ့ အရင်ဘဝမှာ မင်းဟာ လောကရဲ့ အသန်မာဆုံးသူပဲ။ မင်း လုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်အတွက်နဲ့ မင်းဟာ စောင့်ရှောက်သူဆီကနေ နယ်နိမိတ်သံလိုက်အိမ်မြှောင်ကို ငှားယမ်းပြီး ဒါကို အသုံးပြုလို့ မင်းရဲ့ ဇနီးကို ပြန်အသက်သွင်းဖို့ ကြိုးစားခဲ့တယ်..”
“မင်းက မင်းကိုယ်တိုင် ဖန်တီးထားတဲ့ အိပ်မက်တာအာကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခု ဖန်တီးပြီး မင်းရဲ့ စစ်မှန်မှုကို ဖြန့်ကျက်ဖို့ အသုံးပြုခဲ့တယ်။ မင်းဟာ မင်းအိပ်မက်ထဲမှာ မင်းရဲ့ ဇနီးကို အမှန်တကယ် ပြန်အသက်ရှင်အောင် လုပ်ချင်ခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲစေချင်ခဲ့တယ်…”
“မင်းရဲ့ ရူးသွပ်တဲ့ ဒီအကြံနဲ့ လုပ်ရပ်ကြောင့် ဒီအဘိုးအိုတောင် တုန်လှုပ်ခဲ့ရတယ်…”
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်၏။ သူ၏ စကားသံတို့မှာ ပဲ့တင်ထပ်သည်။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် တအောင့်အကြာတွင် သူက မျက်လုံး ပြန်ဖွင့်သည်။ သူသည် ကြီးမားသောပုံရိပ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတော့ ဒါက ဒီလိုပေါ့။ ဒါဆိုရင် သင်က အတိအကျဆို ဘယ်သူလဲ…”
ရှေ့ဖြစ်ဟောသူက သုန်မှုန်စွာ ပြော၏။ “ဒီအဘိုးအိုဟာ နယ်နိမိတ်သံလိုက်အိမ်မြှောင်ရဲ့ စောင့်ရှောက်သူပဲ။ အတိတ်တုန်းက ငါ့လက်ထဲက ဒီသံလိုက်အိမ်မြှောင်ကို မင်း ယူသွားခဲ့တယ်။ ပြီးတော့ ငါ့မှာ တပည့်တစ်ယောက် ရှိတယ်။ မင်း သူ့ကို သိပါတယ်။ သူ့နာမည်က မိုချီပဲ…”
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။
ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက အရောင်တောက်သွားကာ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အခိုးငွေ့ တစိတ်တပိုင်းသည် ကောင်းကင်ထက်သို့ ကွဲထွက်ကာ ဝဲကတော့နက်တစ်ခုကို ဖြစ်ပေါ်သည်။ ထိုဝဲကတော့က လှည့်ပတ်နေလျက် မတူကွဲပြားသော မြင်ကွင်းများက ၎င်း၏အတွင်းပိုင်း၌ ပေါ်လာ၏။
“မင်း ငါ့ကို မယုံကြည်သေးရင်လည်း မင်းဘာသာမင်း ကြည့်နိုင်တယ်။ ပြီးရင် ဒါက အတုလား၊ အစစ်အမှန်လားဆိုတာကို မင်းဘာသာမင်း ဆုံးဖြတ်ပါ…”
ထိုဝဲကတော့၏ အတွင်းနက်ပိုင်း၌ ဝမ်လင်းသည် ခန္ဓာကိုယ်တခုကို ချီထားကာ ကောင်းကင်ထက်သို့ အော်ဟစ်နေသော သူ၏ တခြားပုံစံအသွင်ကို တွေ့မြင်သည်။
သူက အတိတ်တုန်းက လီမူဝမ်ကို ပြန်အသက်သွင်းဖို့ ကျရှုံးခဲ့သော သူကိုယ်တိုင်၏ဘဝတစ်ခုကို မြင်သည်။ အရင်ဘဝက ဝမ်းနည်းသော သူ၏အသွင်အပြင်၊ ဒေါသထွက်နေသော အော်ဟစ်သံ၊ ရူးသွပ်သောမျက်လုံးများ။
“မိုးကောင်းကင်ဟာ နင့်ကို သေစေချင်ရင်တောင် ငါ နင့်ကို ပြန်ခေါ်ဆောင်မယ်။ ငါ မိုးကောင်းကင်ကို ချိုးဖျက်ပစ်မယ်။ ငါပါ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ထဲ နစ်မြုပ်ပြီး နင့်ကို ပြန်ခေါ်နိုင်မယ် အရာအားလုံးကို လုပ်ဆောင်မယ်…”
ငါ မအောင်မြင်ခဲ့ရင်လည်း ငါ ဝမ်လင်းဟာ လုံးဝ နိုးထလာတော့မှာ မဟုတ်ဘူး။ နင်နဲ့အတူ ထာဝရ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ထဲမှာ နစ်မြုပ်နေစေမယ်…”
ဝမ်လင်းသည် ဝဲကတော့ရှိ ပုံရိပ်များကို ကြည့်နေစဉ် အတိတ်ဘဝက မှတ်ဉာဏ်များ သူ၏စိတ်ထဲတွင် ပေါ်လာ၏။
ဝမ်လင်းက တအောင့်ကြာ စဉ်းစားပြီးနောက် ရှေ့ဖြစ်ဟောသူကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ငါ့ကို ဒီနေရာကို ရောက်လာဖို့အတွက် ဒီနေရာမှာ ငါဟာ လီမူဝမ်ကို ပြန်အသက်သွင်းနိုင်လိမ့်မယ်လို့ သင် ပြောခဲ့တာပဲ။ ဒါက အမှန်လား၊ အလိမ်အညာလား…”
“ဒါက အမှန်လည်း ဖြစ်နိုင်တယ်။ အလိမ်အညာလည်း ဖြစ်နိုင်တယ်။ နယ်နိမိတ်သံလိုက်အိမ်မြှောင်ဟာ ဖိဆန်မြေကမ္ဘာနယ်မြေရဲ့ တစ်ခုတည်းသော လေဟာနယ်ပျက်သုဉ်းခြင်းရတနာတစ်ခုပဲ…” ရှေ့ဖြစ်ဟောသူက ဝမ်လင်းသည် တည်ငြိမ်နေပုံကို တွေ့မြင်၏။ ထိုသည်က သူ့ကို ချီတုံချတုံ ဖြစ်စေသည်။ သူက ဝမ်လင်း၏ စကားများကို ကြားသည့်အခါ အလျင်စလို မလှုပ်ရှားသေးပေ။ သူက တခုခုမှားနေသကဲ့သို့ ခပ်ရေးရေး ခံစားမိသည်။
“ဒီတံတားက ဘာလဲ…” ဝမ်လင်းက လက်မြှောက်ကာ ရှေ့ဖြစ်ဟောသူ၏ ကြီးမားသော ပုံရိပ်နောက်ကွယ်မှ ကောင်းကင်နှင့်မြေကြီးဖြင့် ချိတ်ဆက်ထားသော တံတားထံသို့ လက်ညွှန်သည်။
“နယ်နိမိတ်သံလိုက်အိမ်မြှောင်ရဲ့ ကောင်းကင်ဘုံနင်းချေခြင်းတံတားပဲ။ ဒါဟာ ဖိဆန်မြေကမ္ဘာနယ်မြေက သက်ရှိအားလုံးက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်တာနဲ့ ခံစားမိနိုင်တဲ့ ကောင်းကင်ဘုံနင်းချေခြင်းတံတားရဲ့ အစစ်အမှန်ကိုယ်ထည်လည်း ဟုတ်တယ်…”
ရှေ့ဖြစ်ဟောသူသည် တခုခု ဆိုးရွားတာ ဖြစ်လာတော့မည်ကို ပို၍ ခံစားမိလာသည်။ သို့သော် သူသည် အကြောင်းရင်းကို မတွေးနိုင် ဖြစ်၏။
ဝမ်လင်းက ပြုံး၍ ရှေ့ဖြစ်ဟောသူကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ “သင်က ချီတုံချတုံ ဖြစ်နေတာပဲ။ အိပ်ပျော်နေတဲ့သူတစ်ယောက် နိုးထလာခါနီးအချိန်မှာလို ပုံပျက်ယွင်းမှု ဘာကြောင့် မဖြစ်နေတာလဲလို့ သင် စဉ်းစားနေတာမလား…”
ရှေ့ဖြစ်ဟောသူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူ၏ ကြီးမားသော ခန္ဓာကိုယ်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူက ဝမ်လင်းကို ကြည့်၏။ သေချာ ကြည့်ပြီးနာက် သူ့မျက်လုံးထဲတွင် မယုံကြည်မှုတို့ ပြည့်လာသည်။
“မင်း…တခုခုတော့ မှားနေပြီ။ မင်းသာ မင်းရဲ့ အတိတ်ဘဝကို ပြန်မှတ်မိသွားခဲ့ရင်တောင် မင်း နယ်နိမိတ်သံလိုက်အိမ်မြှောင်ထဲ ဝင်လာတာနဲ့ မင်းရဲ့ အိပ်မက်တာအိုကနေ နိုးထလာရမှာ ဖြစ်တယ်…”
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “မင်းဟာ စောင့်ရှောက်သူ မဟုတ်ဘူး။ ဒါပေမဲ့ ပျောက်နေတဲ့သူပဲ…”
သူ ထိုသို့ ပြောသည့်အခါ ရှေ့ဖြစ်ဟောသူမှာ သူ့စိတ်နှလုံး ပြိုဆင်းကျသွားသလိုမျိုး ရုတ်တရက် ခံစားမိသွားသည်။