← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 154 Ch. 2139

ပြန်လည်မွေးဖွားခြင်း

Vol. 154 Ch. 2139

“ငါ ရှေးရှီဘုံကျောင်းအတွင်းမှာ ရှိခဲ့တဲ့အချိန်တုန်းက ခုနစ်ရောင်စုံနှင်းတွေ ကျဆင်းနေတဲ့ တောင်တခုပေါ်မှာ ခန္ဓာကိုယ်တခုကို ပွေ့ချီထားပြီး ကောင်းကင်ထက်ကို ဟိန်းအော်နေတဲ့ ပုံရိပ်ကို  မတွေ့မြင်ခင်က အချိန်ထိ ဒီအရာအားလုံးနဲ့ ပတ်သတ်ပြီး ငါဟာ ချီတုံချတုံဖြစ်ခဲ့၊ တွေဝေခဲ့ရတယ်။ တခုခုမှားနေသလိုမျိုး ငါ ခံစားခဲ့ရတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ရူးသွပ်တဲ့အကြံတစ်ခု ပေါ်လာခဲ့တယ်…”

ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကို မကြည့်ပေ။ သူက ရှေ့ဖြစ်ဟောသူနောက်မှ တံတားထံသို့သာ ကြည့်သည်။

“ငါ တွေ့မြင်ခဲ့ရတာတဲ့ ကျရှုံးမှုကြောင့် ငါ ကြောက်ခဲ့ရတယ်။ လီမူဝမ်ကို ပြန်အသက်မသွင်းနိုင်တော့မှာ ငါ ကျရှုံးခဲ့တယ်။ အရာအားလုံးဟာ ငါ ဝမ်အာနဲ့ တွေ့ဆုံခဲ့တဲ့ အရင်ဘဝတခုသာ ဖြစ်နေမှာကို ငါ ကြောက်မိတယ်။ သူမကို ပြန်အသက်သွင်းနိုင်ဖို့ ငါ အစွမ်းကုန်ကြိုးစားခဲ့ပြီး ကျရှုံးမှာကို ငါ ကြောက်ခဲ့တယ်။  ဒါ့ကြောင့် ငါဟာ ငါ့အိပ်မက် အမှန်တကယ် ဖြစ်လာဖို့အထိ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို ပြောင်းလဲဖို့အတွက် ငါ့ကိုယ်ငါ အိပ်မက်တာအိုထဲမှာ နစ်မြုပ်ခဲ့တယ်…”

“ဒါပေမဲ့လည်း ဒါက အရင်ဘဝ တကယ်ပဲ ဟုတ်ခဲ့လား။ ငါတော့ အဲ့လို မထင်ဘူး။ ဒါတွေက အားလုံးအမှန် ဖြစ်နေမှာ ငါ စိုးမိတယ်။ ဒါ့ကြောင့် ငါ ဒါကို သက်သေပြရမယ်။ ဒါကို ပြောင်းလဲရမယ်…”

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။

“အတိတ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ငါ အသံတစ်သံ ကြားခဲ့တယ်။ အဲ့အသံက ငါဟာ ပျောက်နေတဲ့သူ၊ ပျောက်နေတဲ့သူလို့ ငါ့ကို ဆက်တိုက် ပြောနေခဲ့တယ်…”

“ဘာက ပျောက်နေတဲ့အရာမှန်းတော့ ငါ မသိခဲ့ဘူး…”

“လှိုဏ်ဂူလောကမှာတုန်းက ငါ မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ဖူးတယ်။ ကောင်းကင်ဘုံအင်ပါယာပေဖန်ဟာ ကောင်းကင်ကို လက်ညှိုးထိုးပြီး ရူးသွပ်သွားခဲ့တဲ့ မြင်ကွင်းပဲ။ အဲ့ဒီနောက် သူဟာ အဲ့လောကဟာ လှိုဏ်ဂူတခုသာ ဖြစ်မှန်း မထင်မှတ်ဘဲ သဘောပေါက်သွားခဲ့တာလို့ ငါ သိခဲ့တယ်။ သူက အဲ့တာကို လက်သင့်မခံနိုင်ဘဲ ရူးသွားခဲ့တာပဲ…”

“အရှင်ပြန့်ကြဲစိတ်ဝိညာဉ်လိုမျိုးပေါ့။ ဒါပေမဲ့ ပေဖန်ကတော့ အရှင်ပြန့်ကြဲစိတ်ဝိညာဉ်လို့ သတ္တိမရှိခဲ့ဘူး…”

“အရှင်ပြန့်ကြဲစိတ်ဝိညာဉ်ရဲ့ မြင်ကွင်းက ငါ့ကို လွှမ်းမိုးမှုတစ်ခု ရှိခဲ့တယ်။ အဲ့လိုပဲ ပိုပြီးလည်း ကြောက်သွားစေခဲ့တယ်…”

“လှိုဏ်ဂူလောကမှာတုန်းက ငါဟာ တတိယအဆင့်ကို ရောက်ဖို့ ကြိုးစားခဲ့တုန်းက လေဟာနယ်ဂိတ်တံခါး ပေါ်လာခဲ့တယ်။ ပြီးတော့ အဲ့လေဟာနယ်ဂိတ်တံခါးကနေ အသံတစ်သံ ထွက်လာခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ အဲ့အသံဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ တခုခုမှာ ပျောက်ရှနေတယ်လို့ ငါ့ကို ပြောခဲ့တဲ့ အသံနဲ့ တူနေတာကို သိရှိခဲ့တယ်…”

“ဒီဟာက ငါ့မှာ ရူးသွပ်တဲ့အကြံ ရှိလာခဲ့တဲ့အထိပဲ။ ငါ ကျိချောင်သားရဲရဲ့ ဦးခေါင်းခွံနဲ့ အဲ့မှာ ကျန်ခဲ့တဲ့ နတ်ဘုရားအာရုံတစ်ခုကို ရှာတွေ့ခဲ့တဲ့အထိပဲ…”

ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ကျိချောင်၏ဦးခေါင်းခွံတစ်ခု ပေါ်လာသည်။

ထိုဦးခေါင်းခွံပေါ်၌ ရေးထွင်းခပ်နှိပ်ထားသော စာသားများ ရှိနေပြီး ယင်းထံမှ အေးစက်စက်အလင်းနှင့် သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေသည်။

“ငါ အရာအားလုံးအတွက် အဖြေရခဲ့ပြီ…”  ဝမ်လင်းက သူ့လက်ထဲရှိ ထိုဦးခေါင်းခွံကို ကြည့်ကာ စိတ်ရှုပ်ထွေးသော အမူအရာ လှစ်ဟပေါ်သည်။

“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ပျောက်နေတဲ့သူဟာ မင်းပဲ။ မင်းဟာ စောင့်ရှောက်သူဆိုတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနယ်နိမိတ်သံလိုက်အိမ်မြှောင်ရဲ့ ရတနာစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်တယ်…”

ဝမ်လင်းက အပေါ်သို့ မော့ကြည့်၏။ သူ၏မျက်လုံးတို့မှာ အရောင်တောက်နေသည်။ သူ့အကြည့်က ရှေ့ဖြစ်ဟောသူကို တုန်ယင်သွားစေသည်။

“အစတုန်းက ငါဟာ လီမူဝမ်ကို ပြန်အသက်သွင်းဖို့နဲ့ ပတ်သတ်ပြီး အတော်လေး ဇဝေဇဝါ ဖြစ်ခဲ့ရတယ်။ မင်း ရှေးတောက်ရဲ့ သဲကန္တရမှာ မပေါ်လာခင်ထိ ငါဟာ လီမူဝမ်ကို ဘယ်သို အသက်ပြန်ရှင်အောင် လုပ်ရမလဲ မသိခဲ့ဘူး…”

“မင်းရဲ့ စကားတွေဟာ ငါ့ကို သတိရမိသွားစေခဲ့တာပဲ။ ငါ့အတွေ့အကြုံနဲ့ ငါဟာ ရှေးရှီဘုံကျောင်းအတွင်းမှာ အော်ဟစ်နေတဲ့ပုံရိပ်ကို မြင်ခဲ့တဲ့အချိန်မှာတော့ ငါက နည်းလမ်းတစ်ခုကို တွေးမိခဲ့တာပဲ…”

“ငါက အဲ့နည်းလမ်းကို တွေးမိခဲ့တဲ့အချိန်တုန်းကတော့ တွေဝေခဲ့မိတယ်။ ငါဟာ အမှန်တကယ် တည်ရှိမှုလား၊ ဒါမှမဟုတ် အိပ်မက်တစ်ခုလား။ အင်မောတယ်ထာဝရကုန်းမြေက အစစ်အမှန် တည်ရှိမှု ဟုတ်ရဲ့လား…”

“ငါ ဒီဦးခေါင်းခွံကို တွေ့မြင်တဲ့အချိန်ထိပဲ…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်၏။

“မင်း…မင်း ဘာနည်းလမ်းကို တွေးမိခဲ့တာလဲ…”  ရှေ့ဖြစ်ဟောသူ ပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များသည် ဆက်တိုက် လှည့်ပတ်လာသည်။ သူက ဝမ်လင်း၏ တည်ငြိမ်နေပုံကို ကြည့်၏။ ဝမ်လင်း၏ တည်ငြိမ်သော စကားတို့က သူ့စိတ်နှလုံးတွင် အကြောက်တရားနှင့် ပြည့်နေစေသည်။

သူက သူသည် ခုချိန်တွင် သူ သိထားခဲ့သော အရာအားလုံးသည် ကွဲပြားသွားပြီကို သိရှိလိုက်ရသည်။ ရုတ်တရက် သူသည် ဝမ်လင်းက ရူးသွပ်ဖွယ်အကြံနှင့်နည်းလမ်းကို ပြောပြနေသည်အား ကြားသည့်အခါ သူ့အပေါ် ကပ်ဘေးတစ်ခု ပြိုဆင်းကျလာတော့မည့်ကဲ့သို့ ခံစားမိသည်။

ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို တည်ငြိမ်စွာ ကြည့်၏။

“ငါ့နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ ငါဟာ အချိန်စီးဆင်းခြင်းကို သိထားတယ်။ သင်လည်း ဒါကို သိမှာပါ။ ငါ့သတ်ဖြတ်သူကိုယ်ပွား ပြီးပြည့်စုံတဲ့နောက် ငါဟာ အချိန်စီးဆင်းခြင်းမန္တာန်ကို အသုံးပြုပြီး သူ့ကို အတိတ်ရှိ ပို့လွှတ်ခဲ့တာပဲ…”

“ငါဟာ သူ့ကို အတိတ်ကာလရှိ ပို့လွှတ်ပြီး ငါ့ဘဝကို တုပစေခဲ့တယ်။ သူက သူ့အိပ်မက်တာအိုကို အသုံးပြုပြီး ရှေ့ဖြစ်ကြည့်တယ်။ ငါ့ဘဝမှာ ဖြစ်လာမယ့် အရာအားလုံးကို တွက်ချက်ခဲ့တယ်…”

“ငါဟာ သူ့ကို လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ ငါ့ကိုယ်ပွားကို လွတ်လပ်ခွင့် ပေးခဲ့တယ်…” “အဲ့လိုလုပ်ပြီးတဲ့နောက် ငါဟာ ရုတ်တရက် အရာအားလုံးဟာ ရှင်းလင်းသွားတာကို သဘောပေါက်ခဲ့တယ်။ မင်းပြောတဲ့ ဒီအရင်ဘဝဟာ ငါ အတိတ်ကို စေလွှတ်ခဲ့တဲ့ ငါ့သတ်ဖြတ်သူ ကိုယ်ပွားသာ ဖြစ်တယ်။ မင်းဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ အတုအယောင်၊ပုံရိပ်ယောင်သာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ငါ‌ မင်းကို ပြောလိုက်မယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ အိပ်မက်တစ်ခု မဟုတ်ဘူး။ ပုံရိပ်ယောင်လည်း မဟုတ်ဘူး…”

“ငါ ဝမ်လင်းဟာ ပြန်လည်မွေးဖွားခဲ့တာ မဟုတ်ဘူး။ ငါဟာ ဟင်္သာပြဒါးဂြိုဟ်မှာ မွေးဖွားခဲ့ပြီး ဒီကနေ့ အဆင့်ထိ ရောက်ရှိခဲ့တာသာ ဖြစ်တယ်။ ငါဟာ ငါပဲ ဖြစ်တယ်…”

“မင်းနဲ့ တခြားတချို့သူတွေက ဒါတွေအားလုံးဟာ အိပ်မက်တစ်ခု ဖြစ်လိမ့်မယ်လို့ တွေးရတဲ့အကြောင်းရင်းဟာ ငါ့သတ်ဖြတ်သူကိုယ်ပွားက အတိတ်မှာ တစုံတခုကို အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့လို့သာ ဖြစ်တယ်…”

“ငါ့သတ်ဖြတ်သူကိုယ်ပွားဟာ အတိတ်မှာ ဘာလုပ်ခဲ့လဲ၊ အခု သူ ဘယ်မှာ ရှိနေလဲ ငါ မသိဘူး။ ဒါပေမဲ့ ငါ ကျိချောင်ရဲ့ ဦးခေါင်းခွံကို မြင်ခဲ့တဲ့အချိန်မှာ သူ့ရဲ့နတ်ဘုရားအာရုံကို ငါ မြင်ခဲ့တာပဲ။ ငါဟာ သူ့ကို လီမူဝမ်ကို ရှာဖွေဖို့ တာဝန်ပေးခဲ့ပြီး သူမကို နိုးထစေမယ့် နည်းလမ်းကို တွေ့မြင်ခဲ့တယ်…”

“အဲ့နတ်ဘုရားအာရုံက ငါ့ကို အတိတ်က အကြောင်းရင်းတွေကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ ငါ့သတ်ဖြတ်သူကိုယ်ပွားဟာ လောကကို ပြောင်းပစ်ခဲ့ပြီး သံလိုက်အိမ်မြှောင်တစ်ခုကို ငှားယမ်းခဲ့တယ်။ အဲ့သံလိုက်အိမ်မြှောင်ဟာ လီမူဝမ်ကို ပြန်အသက်သွင်းဖို့အတွက် သော့ချက်ပဲ…”

“သူက ဒီသံလိုက်အိမ်မြှောင်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ထားခဲ့ပြီး ဒီအထဲကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့တယ်။ဒါပေမဲ့ သူ ဝင်ရောက်ခဲ့တဲ့အချိန်တိုင်း သိပ်မကြာခင်မှာ သူ ကွယ်ပျောက်သွားရတယ်…”

“သူ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် တခုအတွင်း ထာဝရနတ်ဘုရားနယ်မြေကို လာရောက်တဲ့အချိန်ထိပေါ့။ သူ မပျောက်ကွယ်ခင်လေးမှာ သူဟာ ငါ သူ့ကို ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမောက်ခဲ့ပြီး ဒီသံလိုက်အိမ်မြှောင်ကို ဖောက်ခွဲပစ်ခဲ့တာပဲ။ ဒါ့ကြောင့် ဒီသံလိုက်အိမ်မြှောင်ဟာ မပြည့်မစုံ ဖြစ်သွားပြီး အထဲမှာ ရှိတဲ့ ရတနာစိတ်ဝိညာဉ်လည်း လွတ်မြောက်သွားခဲ့တယ်…”

“အဲ့ရတနာစိတ်ဝိညာဉ်ဟာ မင်းပဲ…”  ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို ကြည့်၏။ ရှေ့ဖြစ်ဟောသူက ထိုစကားကို ကြားသည့်အခါ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်ကာ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် အံ့မခန်းကြောက်ရွှံ့မှု ပြည့်လာသည်။

“မဖြစ်နိုင်ဘူး…ဒါက မဖြစ်နိုင်ဘူး…”

“ဒါက ငါ့နည်းလမ်းပဲ။ မင်းကို သံလိုက်အိမ်မြှောင်ထဲကနေ လွှတ်ပေးပြီး ဒီသံလိုက်အိမ်မြှောင်ရဲ့ အနှစ်သာရဖြစ်တဲ့ မင်းကို အသုံးပြုပြီး ငါ့ဇနီးကို ကယ်တင်မယ့် ငါ့ရဲ့ နည်းလမ်းပဲ…”

“ပြန်လည်မွေးဖွားခြင်းဟာ ရှိတာ မှန်တယ်။ မင်း ဒါကိုထွင်းဖောက် နားလည်တာနဲ့ မင်းဟာ ဆန္ဒရှိသလို လှုပ်ရှားနိုင်တယ်။ မင်း နားမလည်ဘူးဆိုရင်တော့ မင်းက ဒါကို အရင်ဘဝလို့ ခေါ်ချင်ခေါ်နိုင်တယ။ ဒါဟာ စက်ဝန်းသံသရာတစ်ခုပဲ။ ဒါဟာ အမြဲတမ်း တည်ရှိတယ်။ မင်းဒါကို မြင်နိုင်တယ်။ ခံစားနိုင်တယ်…”

“မိုချီရဲ့စကားတွေလိုပေါ့။ အနီရောင်လိပ်ပြာရဲ့ မှတ်ဉာဏ်တွေလိုပေါ့။ မင်း ရှေးတောက်ရဲ့ ကန္တာရထဲမှာ သတ်ဖြတ်သူကိုယ်ပွားကို သိခဲ့သလိုပေါ့…”

“ရှေးဘိုးဘေးနဲ့ ကောင်းကင်ဘုံဘိုးဘေးတို့ဟာ ပြန်လည်မွေးဖွားခြင်းကို ဖြတ်မမြင်နိုင်ခဲ့ကြဘူး။ သူတို့က အရာအားလုံးဟာ မှားယွင်းနေတယ်လို့ ထင်ခဲ့တယ်။ တာအိုကို ရှာဖွေဖို့ အသက်ပေးခဲ့တယ်။ ဒါဟာ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ပဲ…”

“ပြန်လည်မွေးဖွားခြင်းကို နားလည်တဲ့နောက် မင်းဟာ ဒါက စက်ဝန်းတစ်ခုမျှသာ ဖြစ်ကြောင်းကို မြင်နိုင်မယ်။ မင်း ဘယ်နေရာကိုမဆို ခြေလှမ်းနိုင်ပြီး ဒါကို ဖမ်းဆုပ်နိုင်မယ်…”

ဝမ်လင်းသည် ခေါင်းယမ်းကာ ရှေ့ဖြစ်ဟောသူကို တည်ငြိမ်စွာ ကြည့်၏။

“မင်းက ငါ့အပေါ်မှာ အကြံအစည်တွေ ထားရှိခဲ့တယ်။ ဒါပေမဲ့ မင်း မသိတာက အဆုံးသပ်မှာတော့ ငါသာ မင်းကို ကြံစည်လှည့်ဖြားခဲ့တယ်ဆိုတာကိုပဲ…”

“မဖြစ်နိုင်ဘူး။ ဒီလို မဖြစ်နိုင်ဘူး။ ငါ ကိုယ်တိုင် မင်းရဲ့ အရင်ဘဝကို မြင်ခဲ့တာ။ ငါကိုယ်တိုင် မင်း ငါ့ရဲ့ သံလိုက်အိမ်မြှောင်ကို ငှားယမ်းခဲ့တာကို မြင်ခဲ့တာ။ ငါ ကိုယ်တိုင် မင်း အဲ့သံလိုက်အိမ်မြှောင်နဲ့အတူ အိပ်မက်ထဲ ဝင်သွားခဲ့တာကို မြင်ခဲ့တာ…”

“ငါ ကိုယ်တိုင် မင်း အကြိမ်ကြိမ် ပြန်လည်မွေးဖွားခဲ့ပြီး သံလိုက်အိမ်မြှောင်ထဲမှာ ဒီအဆင့်ထိ ရောက်လာရင် ပျောက်ကွယ်သွားခဲ့တာကို မြင်ခဲ့တာ…”

ရှေ့ဖြစ်ဟောသူသည် ရူးသွပ်သွားပုံရသည်။ သူက တဘဝလုံး ကြံစည်ခဲ့၏။ သို့သော် အဆုံးသပ်မှာတော့ သူ မှားယွင်းတွက်ချက်မိခဲ့ပြီ ဖြစ်သည်။

သူ သံလိုက်အိမ်မြှောင်ကနေ လွတ်လာချိန်တွင် သူက ထိုသည်မှာ မတော်တဆတစ်ခုဟု တွေးခဲ့၏။ သို့သော် သူက ၎င်းမှာ ဝမ်လင်း၏အကြံ၏ တစိတ်တပိုင်း ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မဖြစ်နိုင်ဘူး။ ငါ ဒါကို မယုံဘူး…”  ရှေ့ဖြစ်ဟောသူက အော်ဟစ်ကာ အနက်ရောင်မြူဖြင့်ပြုလုပ်ထားသော သူ့ခန္ဓာကိုယ်သည် ဝမ်လင်းထံ တရှိန်ထိုး တိုးဝင်လာ၏။ သူက ဝမ်လင်းကို ဝါးမြိုပစ်လိုသည့်အလား။

“မင်း ဒီလို မြင်တာနဲ့ပဲ ဒါက မှန်တယ်လို့ မဆိုလိုဘူး။ မင်းဟာ ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်ကို ဖြတ်မမြင်နိုင်တဲ့အတွက်ကြောင့်ပဲ။ မင်းသာ ဒီပြန်လည်မွေးဖွားခြင်းအကြောင်းကို သဘောပေါက်ရင် မင်း အဲ့တာကို နားလည်မယ်။ မင်း သဘောမပေါက်ရင်တော့ ဘယ်တော့မှ နားလည်လာနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။

All Chapters