← Chapters

မိုးကြိုးမြူ တောထဲမှ တိုက်ပွဲကြီး

Vol. 14 Ch. 189

မိုးကြိုးမြူ တောထဲမှ တိုက်ပွဲကြီး

Vol. 14 Ch. 189

ရန်ထျန်းရှင်းက ထိုအကြောင်းကို ကြားလိုက်ရသည့် အခိုက်အတန့် တိတ်ဆိတ် သွားလေသည်။ သူ့မာနကြောင့် သူ အမှန်တကယ် လေးစားရသည့် လူတချို့သာ ရှိလေသည်။ မိုဝူကျီသည် ပါရမီအထုံ နည်းပါးသည့် အပြင်စည်း တပည့် တစ်ယောက် ဖြစ်သော်လည်း ရန်ထျန်းရှင်းက သူနှင့် ဆက်ဆံရသည်ကို သဘော ကျလေသည်။ ထို့အပြင် မိုဝူကျီသည် အပြင်စည်း တပည့် ဖြစ်နေ၍ သူ့ကိုယ်သူလည်း စိတ်ဓာတ်ကျခြင်း ရှိမနေပေ။

ရန်ထျန်းရှင်းက မိုဝူကျီနှင့် ရင်းနှီးချင်၍ မြေကမ္ဘာ မီးကျောက်များကို ရှာမည့်အစား သူနှင့် လိုက်ပါကာ ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ထို့အပြင် သူ့ကို အယောင်ဆောင် မျက်နှာဖုံးကိုပင် လက်ဆောင် ပေးလိုက်သေးသည်။ အကြောင်းမှာ မိုဝူကျီလို လူစားမျိုးကို လေးစား၍ ဖြစ်သည်။

ယခု သူက မိုဝူကျီသည် ကျဆုံးသွားတာ ဖြစ်နိုင်ကြောင်း သတိပြုမိသော အခါ အနည်းငယ်တော့ စိတ်မချမ်းမသာ ဖြစ်မိသည်။ ဤလောကတွင် ကျင့်ကြံသူအတွက် စစ်မှန်သည့် သူငယ်ချင်းကောင်း ရရှိဖို့ရန် မလွယ်ကူလှပေ။

ပဝါမည်းနှင့် ကျင့်ကြံသူ နှစ်ယောက်က ရန်ထျန်းရှင်းနှင့် ချိန်စုယင်တို့ စကားပြောနေသည့် နေရာနှင့် မနီးမဝေးတွင် ရောက်ရှိ လာလေသည်။ ကျင့်ကြံသူ နှစ်ယောက်က ရန်ထျန်းရှင်းနှင့် ချိန်စုယင်တို့ ထွက်သွားပြီး နောက်မှ မတ်တတ် ရပ်လိုက်ကြသည်။

အကယ်၍ မိုဝူကျီသာ ဤနေရာတွင် ရှိနေပါက သူတို့ထဲမှ တစ်ယောက်ကို မှတ်မိလောက်၏။ သူသည် ရိုးရိုးလေး ချီဆိုင်မှ ဆိုင်ရှင်ချီ ဖြစ်၏။

“အဲဒီ ချိန်စုယင်က မိုဝူကျီနဲ့ အတူတူ လာပြီးတော့ ဘယ်သွားမှန်းတောင် မသိဘူး .... သူမက တော်တော် တုံးတာပဲ ....” ရိုးရိုးလေးချီက ချိန်စုယင် နောက်ကွယ်မှ အတင်း တုပ်လိုက်သည်။

သူ့ဘေးမှ ပဝါမည်းနှင့် အမျိုးသမီးက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ရှင်သာ တုံးအနေတာ .... အဲဒီအမျိုးသမီးနဲ့ မိုဝူကျီက အဲဒီလောက် မရင်းနှီးတာ သိသာနေတာကို သူမက ဘာလို့ မိုဝူကျီ သွားမဲ့နေရာကို သိနေရမှာလဲ ....”

“အဲဆို အခုဘယ်လို လုပ်ကြမလဲ ....” ရိုးရိုးလေးချီသည် အမျိုးသမီးက သူ့အား အပြစ်ပြော နေသည်ကို ကြားသောအခါ စကားခေါင်းစဉ် ပြောင်းလဲ ပြောလိုက်တော့သည်။

ပဝါမည်းနှင့် အမျိုးသမီးက အဝေးမှ မြူများ ပိတ်ကွယ် နေသည်ကို မြင်သောအခါ ခဏတာ စဉ်းစား လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ငါတို့က နတ်ဘုရား ရွှေနေကြာကို မြင်ထားတဲ့ သုံးယောက်လုံးကိုလည်း သတ်ပစ် လိုက်ပြီးပြီ .... မိုဝူကျီ တစ်ယောက်တည်းပဲ ကျန်တော့တယ် .... ငါတို့က မိုဝူကျီကို မျှားပြီးတော့ပဲ ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ရှာရမယ် ....”

“ကျုပ်တို့တွေ ဒီကောင်လေးကို အထင် ကြီးမိနေတာ မဟုတ်ဘူးလား ....” ရိုးရိုးလေးချီက ရယ်မောရင်း ဆက်ပြောလိုက်သည်။

ပဝါမည်းနှင့် အမျိုးသမီးက နောက်တစ်ကြိမ် ထပ်အပြစ် တင်လိုက်သည်။

“တကယ်လို့ ဒီကလေးက ရှင့်ဝိညာဉ် အမှတ်အသားကို သတိပြု နိုင်ပြီးတော့ အဲဒီ ကံဆိုးမှုတွေကို တခြားသူဆီ လွှဲပြောင်း ပေးလိုက်တာလေ .... ရှင့်ရဲ့ ဝိညာဉ် အမှတ်အသားကို လိုက်ပြီးတော့ စိတ်စွမ်းအင် ကျောက်တွင်းကို တွေ့သွားတာ ဖြစ်နိုင်တယ်။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော သဲလွန်စပဲ .... စောစောက ချိန်စုယင် ပြောစရားအရ မိုဝူကျီက အန်ယန်းကို ရောက်လာလာချင်း မိုးကြိုးမြူတောထဲ ထွက်သွားတယ် ဆိုတာတော့ သိပြီးပြီ .... ဒီနေရာမှာ မရှိရင် သူက ဘယ်သွား နေမှာတုန်း ......”

ရိုးရိုးလေးချီက ဆက်မပြောတော့ပေ။ အမျိုးသမီးက သူမ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ပြသပြီးလေပြီ။ မိုဝူကျီတွင် နတ်ဘုရား ရွှေနေကြာ မရှိလျှင်ပင် သူတို့က မိုဝူကျီကို ရှာတွေ့ဖို့ရာ လိုကို လိုအပ်၏။

“သူ အသတ်ခံရတာ ဖြစ်နေ နိုင်တယ်နော် ....” ရိုးရိုးလေးချီက သက်ပြင်း ချလိုက်တော့သည်။ သူက မိုဝူကျီကို လေ့လာခဲ့စဉ်က မိုဝူကျီသည် သူ့အရူး လုပ်ခြင်းကို မခံလိုက်ရမှန်း သတိထားမိ လိုက်သည်။ အရူးလုပ်ခြင်း ခံလိုက်ရသည့် သူမှာ ရိုးရိုးလေးချီသာ ဖြစ်ကာ အနက်ရောင် ဆေးလုံးပင် ဆုံးရှုံးသွားသေး၏။

ပဝါမည်းနှင့် အမျိုးသမီးက ရိုးရိုးလေးချီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ရှင်က အတွေး လွန်နေပြီ .... သူ့လို ကလိမ်ကကျစ် ဉာဏ်များတဲ့သူက ဒီလို ကျင့်ကြံခြင်း တိုက်ပွဲလေးမှာ သေနိုင်ပါ့မလား .... ရှင့်လို အရူးသာ အလွယ်လေး သေမှာ ....”

ရိုးရိုးလေးချီက ညွှန်ကြားချက်များကို နောက်တစ်ကြိမ် မေးချင်သော်လည်း ပဝါမည်းနှင့် အမျိုးသမီးက လက်ကို မြှောက်ကာ သူ့အား ပါးချ လိုက်တော့သည်။ လက်ဝါးချက်က အားပြင်းစွာ သူ့အပေါ် ရောက်ရှိ လာသောကြောင့် ရိုးရိုးလေးချီက မရှောင်ရှားရဲပေ။

ရိုးရိုးလေးချီကို ရိုက်ပြီးသည်နှင့် ပဝါမည်း အမျိုးသမီးက ပြောလိုက်သည်။

“ရှင်သာ ဂိုဏ်းထဲမှာ လူအများကြီးနဲ့ ရန်စရှိတဲ့ မိုဝူကျီဆိုရင် ဒီနေရာကို ရောက်ပြီးရင် ဘယ်မှာ ပုန်းနေမလဲ ....”

“ကျူပ်ဆို ပုန်းနေမှာ မဟုတ်လောက်ဘူး .... ဒီနေရာက ထွက်ပြေးလောက်တယ် ....” ရိုးရိုးလေးချီက စိတ်ထဲက အတိုင်း ဖြေလိုက်သည်။

“ရှင်က လူကြောက် လုပ်နေတုန်းပဲလား။ သူ့လို အပြင်စည်း တပည့်ကတောင် ပြည်နယ်သခင် တစ်ယောက် ရှေ့ထားပြီးတော့ ဆူပူရဲသေးတာ .... ကြည့်ရတာ ရှင်တော့ ဒီတစ်သက် အပြင်စည်း တပည့်တောင် ဖြစ်နိုင်မဲ့ပုံ မပေါ်ဘူး .... ရှင့်ကို ပြောရဦးမယ်။ မိုဝူကျီက ရှင့်ကို အရူးလုပ်ပြီးတော့ ဒီတိုက်ပွဲကိုတောင် ရောက်လာသေးတာ သူက အလွယ်လေး ထွက်သွားမှာ မဟုတ်ဘူး။ သူ့ကိုယ်ပိုင် အစီအစဉ်တော့ ရှိလိမ့်မယ် ....” ပဝါမည်း အမျိုးသမီးက သူ့အား အဆက်မပြတ် ရိုက်လိုက်လေသည်။

“ကျုပ် အခုနားလည်ပါပြီ .... သူက မိုးကြိုးမြူတောကို သွားလိမ့်မယ် ....” ရိုးရိုးလေးချီက စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

ပဝါမည်း အမျိုးသမီး မျက်လုံးကား လင်းလက် သွားလေသည်။

“အမှန်ပဲ .... သူက မိုးကြိုးမြူတောပဲ သွားနိုင်လိမ့်မယ် .... အခုငါတို့ ချက်ချင်း လိုက်သွားကြစို့ .... ငါတို့က ဒီတစ်ကြိမ် နတ်ဘုရား ရွှေနေကြာကို ရှာမတွေ့ရင် ပျောက်ဆုံး ကောင်းကင် မြေအောက်ဈေးကနေ ထွက်သွား ရလိမ့်မယ် ....”

မိုဝူကျီကို စစ်ဆေးဖို့ရာ အတွက် သူတို့သည် သူ့အကြောင်းကို လူများစွာဆီ စုံစမ်းခဲ့ရသည်။ ထိုအရာက ထင်ရှားသည့် ကိစ္စတော့ မဟုတ်ပေမဲ့ သူတို့ အကြောင်းကိုတော့ ထုတ်ဖော်မိ သွားလေသည်။

“အာ .... မိုးကြိုးမြူတောမှာ လျှပ်စီးအားတွေ အများကြီး ရှိနေတာ .... ဒီကလေးစုတ်က ဒီနေရာကို လာရဲတာ ရူးနေလို့ပဲ နေလိမ့်မယ် ....” နောက်ထပ် လျှပ်စီးချက်က ရိုးရိုးလေးချီ၏ ပခုံးကို ထိရိုက် သွားလေသည်။ သူက ကျိန်ဆဲရင်းဖြင့် ထိုလျှပ်စီးများကို ရှောင်ရှား နေရသည်။ မိုးကြိုးမြူ တောတွင် ရှိနေသည့် တစ်ရက်တာ အတွင်း လျှပ်စီးဆယ်ချက်မက ထိရိုက်ပြီး သွားလေပြီ။

ရိုးရိုးလေးချီက သူ့စကားမဆုံးခင် ရုတ်တရက် ရပ်လိုက်တော့သည်။ သူက အမျိုးသား နှစ်ယောက်သည် သူတို့လမ်းကို ပိတ်ထားကြောင်း တွေ့လိုက်ရသည်။

“အရူး ရှင့်ပါးစပ် ပိတ်နေဖို့ ဘယ်နှကြိမ် ပြောနေရမှာလဲ ....” ပဝါမည်း အမျိုးသမီးက သူတို့ရှေ့မှ လူနှစ်ယောက်ကို တွေ့သောအခါ ရိုးရိုးလေးချီကို ဒေါသတကြီး ဆဲဆို လိုက်တော့သည်။

“မင်းတို့ နှစ်ယောက်က သတ္တိရှိတာတော့ ဝန်ခံရမယ် .... ဘာလို့ မင်းတို့တွေက ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ .... တကယ်လို့ ငါတို့ မျောလွင့်ကြယ် ယာယီစခန်းကို သွားချင်ရင် မိုးကြိုးမြူ တောကနေ ရှောင်ပြီး သွားလို့ ရတယ်လေ ....” ပြောလိုက်သည့် သူကား ပုပုဝဝ အမျိုးသား ဖြစ်သည်။

အမျိုးသားတွင် ရွှေရောင် ဆံပင်များနှင့် နားရွက်ကြီးကြီး၊ မျက်လုံးမှေးမှေး ရှိပြီး လက်ထဲတွင် မည်းသည်းနေသည့် သံမဏိအလုံး လက်နက်ကို ကိုင်ဆောင် ထားလေသည်။ အကြည့် တစ်ချက်တည်းဖြင့် သူသည် ရယ်စရာ ကောင်းလှသော သခွားသီး ပုတိုလေးနှင့် တူလှသည်။ ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးတို့က ထိုသခွားသီးကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်သောကြောင့် သတိတကြီး ဖြစ်လာကြသည်။ ထိုပုတိုတို သခွားသီး၏ ဝိညာဉ် အငွေ့အသက်များက အင်မော်တယ် ဆရာ တစ်ယောက် ကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်း ထားနိုင်သည်။

သခွားသီးပုတို ဘေးတွင် သာမန် တည်ဆောက်ပုံနှင့် ခေါင်းတလားပြားလို ရုပ်တည်ကြီးနှင့် အမျိုးသား ရှိသေး၏။ သူ့မျက်တောင်များက ပိတ်ထားလု နီးပါး ဖြစ်နေသည့် အတွက် တစ်ခုခုကို တွေးတောနေဟန် ရှိသည်။ သို့သော်လည်း သူ့ဆီမှ လူသတ်ငွေ့သည် သခွားသီး ပုတိုထက် မလျော့နည်းပေ။

“ဟားဟား ...” ရိုးရိုးလေးချီက လက်ခုပ်လက်ဝါး တီးလျက် နှစ်ခါ ရယ်မောလိုက်ပြီး …

“ဒီက တာအိုရောင်းရင်း နှစ်ယောက်က တစ်ခုခု အထင် လွဲနေတဲ့ပုံပဲ တကယ့်ကို အကြီးကြီး လွဲနေပြီ။ ကျုပ်တို့က အဲဒီ အသုံးမကျတဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့နဲ့ ဘာမှ မပတ်သက် ပါဘူးဗျာ … ဒီမိုးကြိုးမြူ တောကို လာတာက ဆေးပင်တချို့ လာရှာရုံပါ အဲဒီထက် မပိုပါဘူး ...”

“အခု မိုးကြိုးမြူ တောက ငါတို့ ပိုင်နက် ဖြစ်နေပြီကွ ...” ပုတိုတို သခွားသီးက သူ့သံမဏိ အလုံးကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်မတို့ ချက်ချင်း ထွက်သွားပါ့မယ် ...” ပဝါမည်း အမျိုးသမီးက ချက်ချင်း ပြောလိုက်သည်။ သူမက ထိုနှစ်ယောက်သည် သူတို့ထက် အားမနည်းကြောင်း ခံစားမိ၏။

“ရောက်ပြီးမှတော့ ဒီအတိုင်း သွားလို့ ရမလား ...” ဤတစ်ကြိမ်တွင် မျက်နှာထား တည်တည် အမျိုးသားက ဝင်ပြောလိုက်သည်။ သူ့စကားအဆုံးတွင် ပါးလွှာသော ပိုးချည်မျှင် ဆယ်မျှင်မက အမျိုးသမီးဆီ ထုတ်လွှင့် လိုက်သည်။

ဆက်တိုက် ဆိုသလို သခွားသီး ပုတိုလည်း လှုပ်ရှား လိုက်တော့သည်။ သူ့ဝှေ့ယမ်း နေသည့် သံမဏိအလုံးက ရုတ်တရက် မည်းနက်လာပြီး တွင်းနက်ကြီးနှင့် တူသော အလုံးကြီးက ရိုးရိုးလေးချီဆီ ရောက်ရှိ လာတော့သည်။

ရိုးရိုးလေးချီက လေဟုန်ကို ခွင်း၍ သံမဏိတူကို ထုတ်ယူကာ သံမဏိအလုံးကို ခုခံလိုက်တော့သည်။

“ဘုန်း...”

သတ္တုများ ရိုက်ခတ်မှုနှင့် အတူ သဘာဝ စွမ်းအားများ ပေါက်ကွဲမှုကြောင့် မိုးကြိုးမြူ တောတွင် ပေါက်ကွဲသံများ ဆူညံ သွားလေသည်။

အားကောင်းသည့် သဘာဝ စွမ်းအားက ရိုးရိုးလေးချီကို ထိမိသည့်အတွက် သွေးတစ်ပွက် အန်သွားကာ နောက်ဆုတ် လိုက်ရသည်။ သခွားသီး ပုတိုလည်း အဆင်ပြေ လှသည်တော့ မဟုတ်လှပေ။ သူက သွေးများကို မျိုချလိုက်၍သာ ဖြစ်သည်။

ရိုးရိုးလေးချီနှင့် သခွားသီး ပုတိုတို့ လှုပ်ရှားမှုနှင့် ယှဉ်လျှင် အမျိုးသမီးနှင့် မျက်နှာတည် အမျိုးသားတို့၏ လှုပ်ရှား တိုက်ကွက်များက မရပ်မနား တိုက်ခိုက် နေကြသည်။

မျက်နှာတည် အမျိုးသား၏ ပိုးချည်မျှင်များက ပဝါမည်း အမျိုးသမီး၏ ဓားကွေး လက်ချက်ဖြင့် ရှောင်သွားတော့သည်။ သို့သော်လည်း ထိုပိုးချည်မျှင် ဆယ်မျှင်ထဲတွင် များပြားစွာသော သဘာဝ စွမ်းအားများ ရောက်ရှိလာပြီး အမျိုးသမီး၏ အကာအကွယ်ကို ချိုးဖျက် သွားတော့သည်။ မမြင်ရသည့် သံမဏိ လက်သည်းကဲ့သို့ မျက်နှာတည် အမျိုးသားက ပဝါမည်း အမျိုးသမီးကို တစ်စစီ စုတ်ဖြဲ သွားတော့သည်။

အမျိုးသမီးက နှုတ်ခမ်း ပါးလေးဖြင့် ဖြူဖျော့ဖျော့ ဖြစ်နေလေသည်။

“မြန်မြန် ထွက်သွားကြစို့ ...” တိုက်ကွက် တစ်ကွက်တည်းဖြင့် အမျိုးသမီးက ရိုးရိုးလေးချီနှင့် သူမသည် ထိုလူနှစ်ယောက်ကို သတ်ရန် မဖြစ်နိုင်ကြောင်း သိလိုက်သည်။ အကြောင်းမှာ သူတို့က သူ့တို့ထက် သေချာပေါက် အားမနည်းကြပေ။

အမျိုးသမီး စကားမတိုင်ခင် ရိုးရိုးလေးချီက မိုးကြိုးမြူ တောနက်ထဲသို့ ထွက်ပြေး သွားလေပြီ။ ပဝါမည်း အမျိုးသမီးက ရိုးရိုးလေးချီ နောက်မှ မိုးကြိုးမြူတော အနက်ပိုင်းသို့ လိုက်မသွားခင် လေထဲတွင် စက်ဝိုင်းခြမ်းကို ဆွဲလိုက်သည်။

ရိုးရိုးလေးချီနှင့် ပဝါမည်း အမျိုးသမီးတို့နှင့် တိုက်ခိုက်နေသည့် ကျင့်ကြံသူ နှစ်ယောက်လည်း တွန့်ဆုတ်မနေဘဲ သူတို့နောက် လိုက်သွားတော့သည်။

ဧရာမ မြေချိုင့်ကြီးနှင့် အစီအစဉ်မကျ ဖြစ်နေသည်များက လွဲ၍ သူတို့လေးယောက် တိုက်ခိုက်နေသည့် နေရာတွင် ဘာမှကျန်ရှိ မနေပေ။

“ဖတ် ...” မိုဝူကျီက သူ့ခန္ဓာပေါ်မှ စိတ်စွမ်းအင် ကျောက်တုံး အမှုန့်များကို ဖယ်ရှားကာ မတ်တတ်ရပ် လိုက်တော့သည်။ သူ စတင် ကျင့်ကြံစဉ်မှ စ၍ သူရင်ဆိုင်ရသည့် အကြီးမားဆုံး အခက်အခဲ ဖြစ်လေသည်။

ဤသုံးလအတွင်း သူသည် ကျင့်ကြံခြင်း အတွက် စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက် များများကို သုံးပြီးပြီလဲ ဆိုတာ မည်သူ သိမည်နည်း။ သို့သော်လည်း သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ကိုးမှ အဆင့်သေး တစ်ခုသာ တက်လှမ်း နိုင်ခဲ့သည်။ သူ့မူလ ရည်ရွယ်ချက် ဖြစ်သည့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀သို့ ရောက်ရန် အလှမ်းကွာ နေသေးသည်။

မိုဝူကျီက မြေပြင်မှ စိတ်စွမ်းအင် ကျောက်တုံး အမှုန့်များကို ကြည့်ကာ သက်ပြင်းချ လိုက်တော့သည်။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၁၀သို့ မရောက်ခင် တစ်နှစ်ခွဲလောက် တံခါးပိတ် ကျင့်ကြံခဲ့ရသည်။

သူက ဆက်၍ ကျင့်ကြံ ရပေဦးမည်။ သူ့တွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၀ အတွေ့အကြုံတော့ ရှိသည်။ သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၀တွင် ရှိနေစဉ်က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူနှစ်ယောက်ကို သတ်နိုင်ခဲ့သည်။ ထိုသည်က အဆင့်၉နှင့် အဆင့်၁၀ ကြားက ကြီးမားသည့် ကွာခြားချက်ကား အဆင့်ကြီး တစ်ခုစာလောက် ကွာကြောင်း ပြသနေခြင်း ဖြစ်သည်။

အင်မော်တယ်ဂူကို ရှင်းလင်းပြီးနောက် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀ သို့ မရောက်မချင်း လက်မလျှော့ရန် ဆုံးဖြတ် လိုက်တော့သည်။

“ဘုန်း ...” သဘာဝ စွမ်းအားများ ပေါက်ကွဲမှုကြောင့် မိုဝူကျီ အလန့်တကြား ဖြစ်မိသွားသည်။ သူက စိတ်စွမ်းအင် ကျောက်တုံးများကို ဘေးဖယ်ကာ သိချင်စိတ်ဖြင့် သူ့၏ အခြေခံ စောင့်ကြည့်ရေး အစီအရင်ကို ဖွင့်ကြည့်လိုက်သည်။ သူ့စောင့်ကြည့်ရေး အစီအရင်ကို ခုခံရေး အစီအရင်ဘေးတွင် ထားခဲ့ကာ တစ်ယောက်ယောက် ဝင်လာတာကို ကာကွယ်ရန် ဖြစ်သည်။ မိုဝူကျီက သူ့စောင့်ကြည့်ရေး အစီအရင်ကို ပိတ်ထားသည်မှာ သူကျင့်ကြံနေ၍ ဖြစ်သည်။ သို့သော်လည်း အပြင်ဘက်တွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်သည့်အတွက် ကြည့်ဖို့ရာ လိုအပ်လေသည်။

သူ့စောင့်ကြည့်ရေး အစီအရင်မှ အပြင်းအထန် တိုက်ခိုက်နေသည့် ပုံရိပ်လေးခုကို ဝေဝေဝါးဝါး တွေ့လိုက်ရသည်။ အမျိုးသားနှင့် အမျိုးသမီးကြားမှ တိုက်ခိုက်မှုသည် သဲများ၊ ဖုန်များ ပျံ့နှံ့နေသည့် အတွက် မိုဝူကျီက သေချာ မမြင်ရပေ။ နောက်ထပ် တိုက်ပွဲတွင် အမျိုးသား နှစ်ယောက်က သူတို့ မှော်ရတနာများဖြင့် ရင်ဆိုင် တိုက်ခိုက်နေကြသည်။ ထိုလက်နက်များကြောင့် ကျောက်စရစ်ခဲများ ပျံ့လွင့် လာလေသည်။

မဖြစ်နိုင် လောက်ပါဘူး ... မိုဝူကျီက အမျိုးသား တစ်ယောက်ကို ပျောက်ဆုံး ကောင်းကင်မှ ရိုးရိုးလေးချီ ဖြစ်ကြောင်း အမှတ် ရလိုက်သည်။

မိုဝူကျီက တိုက်ပွဲကို မျက်မြင် တွေ့လေလေ ပို၍ ကြောက်လန့် လာမိလေလေ ဖြစ်သည်။ ယခင်က ရိုးရိုးလေး ချီကို အခွင့်အရေးကို စောင့်နေ၍ အားနည်းဟန် ဆောင်နေသည့် လူလို့ ထင်ထားသော်လည်း ရိုးရိုးလေးချီ၏ အစစ်အမှန် အင်အားကို ကြုံတွေ့ပြီးသည့် နောက်တွင် သူက ပို၍ စိတ်မအေး ဖြစ်လာလေသည်။ မိုဝူကျီ တွေ့ဖူးသမျှ လူအားလုံးတွင် ရိုးရိုးလေးချီ ကဲ့သို့ အားကောင်းသော သူကို မမြင်ဖူးသေးပေ။

ထိုလေးယောက်ကြောင့် ဧရာမ ကျောက်တုံးများနှင့် သစ်ပင်များ ဖျက်ဆီး ခံရသည်ကို ကြည့်ကာ သူက ထိုနယ်ပယ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာကြောင်း သတိထားမိ လိုက်သည်။ မိုဝူကျီက စိတ်ထဲတွင် သူ မည်မျှ ကံဆိုးနေကြောင်း ကျိန်ဆဲ လိုက်တော့သည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲတွင် ပထမအကြိမ် အင်မော်တယ်ဂူကို ဆောက်စဉ်က အဆင့်မြင့် သားရဲနှင့် ကြုံတွေ့ကာ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်။

ယခု မိုးကြိုးမြူတောထဲ ရှိနေစဉ် သူက ထိုသို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ ပြန်လေပြီ။ ဤတစ်ကြိမ်တွင် တစ်ယောက်တည်း မဟုတ်ဘဲ လေးယောက်လုံးက အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့အပြင် သူ့ဂူ အဝင်ဝရှေ့တွင် တိုက်ခိုက် နေကြလေသည်။ လျှပ်စီး တောင်ကြားရှိ ကျောက်တုံးများ တဖြည်းဖြည်း ပြိုကျလာသည်ကို မြင်၍ မိုဝူကျီက သူ့ဂူသည် မကြာခင် ပြိုသွားနိုင်ခြေ ရှိကြောင်း သတိပြုမိ လိုက်သည်။ အကယ်၍ ထိုသို့သာ ဖြစ်ပျက်လာပါက သူ့အတွက် ပုန်းကွယ်စရာ နေရာမရှိချေ။

***

All Chapters