အန္တရာယ်အကင်းဆုံး နေရာ
Vol. 14 Ch. 191
မိုဝူကျီက ပြေးထွက် လာလေသည်။ ယခင် သူ မိုးကြိုးမြူတောထဲ ဝင်စဉ်က သတိတကြီး ထားကာ သားရဲများနှင့် မတွေ့ရန် ရှောင်ရှားခဲ့ရသည်။ သို့သော် ယခုတွင် မိုဝူကျီက ဂရုစိုက်နေမည် မဟုတ်ပေ။ အားကောင်းသည့် သားရဲက သူ့ရှေ့ရှိနေလျှင်ပင် ပြေးဝင်သွားဖို့ တွေဝေနေမည် မဟုတ်ပေ။
ရိုးရိုးလေးချီ သို့မဟုတ် သခွားသီးပုတိုပင် ဖြစ်နေပါစေ သူတို့အားအင်များက မိုဝူကျီ လိုက်မီနိုင်သည့်အရာ မဟုတ်သေးပေ။ အကယ်၍ သူတို့နှစ်ယောက်သာ သူ့ခြေရာ ခံမိသွားပါက ဆိုးရွားစွာ သေဆုံးရလိမ့်မည်။
မိုဝူကျီက လေးရက်တာ နီးပါး မရပ်မနား ပြေးလာကာ နောက်ဆုံးတွင် ရပ်တန့် လိုက်တော့သည်။ သူက ထပ်မပြေးချင်တော့၍ မဟုတ်ဘဲ ထိုသို့ မလုပ်ရဲတော့၍ ဖြစ်သည်။
သူ ရောက်ရှိသည်နှင့် ကြောက်ခမန်းလိလိ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ သူက သားရဲမြည်ဟိန်းသံ ကြားဖူး၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွင်း ကောင်းကင် စမ်းသပ်ချက် ခံယူနေသော သားရဲ၏ အော်မြည်ကြွေးမှုကို ကြားဖူးသည်။
အကယ်၍ သူသာ ဆက်ပြေးပါက ထိုသားရဲပါးစပ်ထဲ တည့်တည့် ပြေးမိသွားလိမ့်မည်။ ရပ်တန့် လိုက်သောကြောင့် သူ့လက်ထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်းကို ကြည့်လိုက်တော့သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများနှင့် ပြည့်နေကာ ထိုလက်စွပ် နှစ်ကွင်းက သူ့အောင်မြင်မှု ရလဒ် ဖြစ်သည်။ ထိုလက်စွပ် နှစ်ကွင်းနှင့်ပင် အရာအားလုံး ထိုက်တန် သွားလေပြီ။
သူက ထိုလက်စွပ်များမှ အမှတ်အသားများကို ဖယ်ရှားဖို့ရန် အလျှင်မလိုပေ။ သူ့ကိုယ်သူ ပုန်းကွယ်နိုင်ဖို့က ပို၍ အရေးကြီးပေသည်။
လက်စွပ်များကို ကိုယ်နှင့်အနီးတွင် ထားကာ မိုဝူကျီက ပုန်းခိုရာ နေရာကို သတိတကြီး ရှာဖွေလိုက်တော့သည်။ သူက လေးရက်တာ ပြေးခဲ့သော်လည်း အန္တရာယ်တော့ မကင်းသေးပေ။
ပုံမှန်အားဖြင့် သူ့အတွက် အန္တရာယ် အကင်းဆုံး နေရာကား လျှပ်စီးတောင်ကြားသာ ဖြစ်၏။ သို့သော် ကံဆိုးလှစွာ သူက လျှပ်စီးတောင်ကြားကို မဝင်ရဲတော့ပေ။ ရိုးရိုးလေးချီက သူ့ကို လျှပ်စီး တောင်ကြားများတွင် လိုက်ရှာမှာ စိုးရိမ်၍ ဖြစ်သည်။ ထို့အပြင် သူက လျှပ်စီးတောင်ကြားတွင် နေထိုင်ခဲ့ရက်နှင့် ရိုးရိုးလေးချီက ရှာတွေ့သွားသေး၏။
လျှပ်စီးရေကန်လည်း မဆိုးသော နေရာ ဖြစ်သည်။ မိုဝူကျီက လျှပ်စီးရေကန်ကို တစ်ချက်ကြည့် လိုက်သော်လည်း သူ့စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြမှုနှင့် ပြည့်နေသေး၏။
မိနစ်အတော်ကြာတွင် မိုဝူကျီက လျှပ်စီးရေကန်တွင် ပုန်းကွယ်မည့် အတွေးကို လက်လျော့ လိုက်တော့သည်။ အကယ်၍ ရိုးရိုးလေးချီက သူ လျှပ်စီးတောင်ကြားတွင် ပုန်းကွယ်နေသည့် အကြောင်းကို ရှာမတွေ့ခဲ့လျှင် လျှပ်စီးရေကန်ကား ကောင်းသော ရွေးချယ်မှု ဖြစ်လေသည်။ သို့သော် လျှပ်စီးရေကန်ကား အကောင်းဆုံးတော့ မဟုတ်သေးပေ။
မိုဝူကျီက အတိုင်းအတာ မရှိသည့် မိုးကြိုးမြူတောကို ကြည့်ကာ သက်ပြင်းချ လိုက်တော့သည်။ ထိုစဉ် မိုးကြိုးမြူတောက ထွက်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။
သို့သော်လည်း မိုးကြိုးမြူတောကို ဝင်ဖို့ရာ လွယ်ကူသော်လည်း ထွက်ဖို့ရာ ခက်ခဲလှပေသည်။
ဘယ်နေရာမှာ ပုန်းရမလဲ …
မိုဝူကျီက သူ့ဆံပင်ကိုသာ ဆွဲလိုက်တော့သည်။ ရုတ်တရက် သူက ခြေထောက်အောက်မှ မြေကြီးကို ငုံ့ကြည့်မိလိုက်သည်။ သူ့ခြေလှမ်းများကြောင့် မြေကြီးက ပြားချပ် နေလေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုမြင်ကွင်းကို မြင်သွားပါက သူတို့က သေချာပေါက် တစ်ယောက်ယောက် ဖြတ်သွားကြောင်း ပြောနိုင်ကြလိမ့်မည်။ ထိုသည်က လမ်းလယ်ခေါင်တွင် လျှောက်နေရသကဲ့သို့ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသည်။
စကားပုံတောင် ရှိသေးသည် မဟုတ်ပါလော … အန္တရာယ် အများဆုံး နေရာမှာ ဘေးအကင်းဆုံး နေရာ ဖြစ်၏။ တခြားသူများက မျက်ကွယ်ရာ အရပ်ဟု ခေါ်ဆိုကြသည်။
ဤပွင့်လင်းမြင်သာ နေရာတွင် ပုန်းခိုဖို့ရာ ဆုံးဖြတ်လိုက်လေပြီ။ သို့သော် မြေပြင်ပေါ်တွင်တော့ မဟုတ်ဘဲ မြေအောက်တွင် ဖြစ်သည်။
မိုဝူကျီ အကြည့်ကား လျှပ်စီးရေကန်ဆီ ထပ်ရောက် သွားပြန်သည်။ ထိုလျှပ်စီးရေကန်မှ မြေအောက်သို့ တူးဖို့ရာ မလွယ်ကူလှပေ။ ထို့အပြင် မည်သည့် မြေအမျိုးအစား ပညာရပ် တစ်ခုကိုမှ မသိပေ။
သို့သော် အခက်အခဲက မည်သို့ပင် ဖြစ်နေပါစေ မိုဝူကျီက ထိုဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်တော့၏။ ရိုးရိုးလေးချီက သူ့အား ကွင်းပြင်အောက်မှ မြေအောက်တွင် ပုန်းနေလိမ့်မည်ဟု ထင်မထားလောက်ပေ။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများက အတွင်း အသက်ရှူနိုင်စွမ်း မလုပ်ဆောင် နိုင်သေးသည့် အတွက် အသက်ရှင်ဖို့ရာ လေလိုအပ်သည်။ ထို့ကြောင့် ကျင့်ကြံသူများက တိုက်ပွဲကို ရှောင်ရှားရန် သူတို့ကို သူတို့ လေမရှိသည့် အာကာသ အတွင်း မနေခြင်း ဖြစ်သည်။ မိုဝူကျီပင် မြေအောက်တွင် လေမရှိဘဲ မနေနိုင်ပေ။
သို့သော်လည်း မိုဝူကျီက တခြားသူများ မရှိသည့် ကောင်းကွက်တချို့ ရှိလေသည်။ သူကား တာအို အစီအရင်ကို လေ့လာထားသော သူ ဖြစ်၏။ သူက သူ့အတွက် အသက်ရှင်ဖို့ရန် လေနှင့် အသက်ဓာတ်ကို ထောက်ပံ့ပေးနိုင်မည့် အခြေခံ အစီအရင်လောက်တော့ ပြုလုပ်နိုင်လိမ့်မည်။ ထို့ကြောင့် သူက မြေအောက်တွင် ရှိနေလျှင်လည်း သေသည့်အထိ ခံစားရမည် မဟုတ်ပေ။ သူ အလိုရှိသလောက် စိတ်ကြိုက် နေနိုင်ပေသည်။ ထိုသည်က သူ အခြေခံ အသက်ဓာတ် အစီအရင်ကို အောင်မြင်မှ ဖြစ်လာနိုင်သော အခြေအနေ ဖြစ်သည်။
မိုဝူကျီက လျှပ်စီးကန်ဆီ လျှောက်သွားပြီး သူ့အတွက် ဝင်ရန် ဘေးအကင်းဆုံး နေရာကို ရွေးချယ်လိုက်တော့သည်။ လျှပ်စီးရေကန်မှ တူးသည်က ကောင်းကွက် တစ်ခုလည်း ရှိသေး၏။ လျှပ်စီးများက ဆက်တိုက် ကျရောက်နေသည့် အတွက် မြေကြီးများက ကြေမွကာ တွင်းပေါက်ကို မြန်မြန် ဖုံးသွားနိုင်လိမ့်မည်။
နှစ်ရက် အကြာတွင် မိုဝူကျီက သူ့သိုလှောင်အိတ်ကို မြေကြီးများ ဖြည့်ပြီးသည့် နောက်တွင် ရပ်တန့် လိုက်တော့သည်။၊ သူက ထို့ထပ် ဝင်၍ မရနိုင်တော့ပေ။ သူက မြေကြီးကို ဖိကာ သဲများကို သိုလှောင်အိတ်ထဲ ထားထားရသည်။ သူ ရရှိလာသည့် နေရာကား တစ်မီတာ ပတ်လည်လောက်သာ ရှိသည်။ ထိုနေရာ ကျဉ်းကျဉ်းလေးဖြင့် သူက အိပ်စက်၍ပင် မရပေ။
နေရာကား သေးငယ်လွန်း သော်လည်း မိုဝူကျီက ထပ်၍ မတူးချင်တော့ပေ။ အကယ်၍ သူက မြေကြီးများကို ဆက်တူးနေပါက သူ့အတွက် အထိနာလိမ့်မည် ဖြစ်ကြောင်း ခံစားမိသည်။ နှစ်ရက်တာ ကြာပြီးနောက် ရပ်တန့် လိုက်တော့သည်။
မိုဝူကျီက ချက်ချင်း ဆိုသလို အခြေခံ အသက်ဓာတ် အစီအရင်ကို အသက်သွင်း လိုက်ပြီး အလင်းရောင်အတွက် အလင်းကျောက်တုံးများ ထားလိုက်တော့သည်။ ထိုအရာများ ပြီးမှသာ အသက်ကောင်းကောင်း ရှုနိုင်တော့သည်။ အကယ်၍ နောင်တွင် အခွင့်အရေး ရှိပါက သူက အခြေခံဓာတ်ငါးမျိုး နည်းလမ်းများကို သေချာပေါက် သင်ယူရမည်။ ထိုနည်းလမ်းများဖြင့် သူက မြေအောက်တွင် ရုန်းကန်စရာ မလိုတော့လောက်ပေ။
ထိုစဉ် သူ့စိတ်စွမ်းအားက မြေပေါ်ကို မစစ်ဆေးနိုင်သလို ထိုသို့လုပ်စရလည်း မလိုအပ်ပေ။ သူ့တွင် စိတ်စွမ်းအား ရှိသော်လည်း သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သာ ရှိသေးသည်။ ထို့အပြင် သူ့စိတ်စွမ်းအားက အပေါ်ကို ရောက်နိုင်လျှင် တခြားသူများ၏ စိတ်စွမ်းအားလည်း မြေအောက်သို့ ရောက်ရှိ လာနိုင်သည်။
အမွေးတိုင် တစ်ဝက်စာ အချိန်တွင် မိုဝူကျီက သူ့မူလ အနေအထားကို ပြန်ရလာသော်လည်း သူ့က အဝတ်အစားများကို လဲလှယ်ရန် ပျင်းရိနေလေသည်။ သူက ချက်ချင်း လက်စွပ် နှစ်ကွင်းကို ထုတ်ယူလိုက်တော့သည်။
မိုဝူကျီ အကြည့်က သူ့ခါးမှ ကျောက်စိမ်းပြားဆီ ရောက်သွားသည့် အခိုက်အတန့်တွင် နောက်ထပ် စာလုံးများ ရောက်နေကြောင်းကို သတိထား မိလိုက်သည်။
မိုဝူကျီက အမြန်အဆန် ယူကြည့် လိုက်တော့သည်။ သူက အသက်လေးအတွက် ပြေးလွှားနေရသည့် အတွက် သူ့အမှတ်များကို စစ်ဆေးဖို့ရာ အချိန်မရခဲ့ပေ။ ထို့နောက် သူက ပုန်းခိုရေး နေရာကို ပြင်ဆင်နေရသည်နှင့် အလုပ်ရှုပ်နေမိသည်။ ထို့ကြောင့် မကြည့်မိသေးပေ။
စာလုံးအသစ်များကို ရှာတွေ့သည့်အခါ သူ့စိတ်ထဲတွင် ပေါ်လာသည့် အကြောင်းအရာက ထိုမျက်နှာတည် အမျိုးသားသည် သူ့လက်ထဲတွင် သေဆုံးသွားခြင်း ဖြစ်ရမည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကျောက်စိမ်းပြားသည် အမှတ်များကို နယ်ခြား ကျင့်ကြံသူများ၏ ဝိညာဉ် အမှတ်အသားပေါ် မူတည်၍ မှတ်သားပေးတာ ဖြစ်၏။
မိုဝူကျီက မျက်နှာတည် အမျိုးသားကို ရွေ့နေစဉ် ထိုသူက အသက်မျှင်းမျှင်းလေး ရှိနေသေး၏။ ထို့နောက် သူက ထိုလူပါးစပ်ထဲ ဆေးနှစ်လုံး ပစ်ထည့်ပေးလိုက်မိသည်။
ထိုသူက အသက်ရှူ ကျပ်၍ သေဆုံးသွားတာများလား …
သို့သော် ထိုသို့လည်း ဖြစ်ဟန် မပေါ်ပေ။
သူ့ကို ရွေ့နေတုန်း ငါက အမှန်တကယ် သတ်မိသွားတာလား ….
ကဲ ကဲ … ဆက် မတွေးတာပဲ ကောင်းပါတယ် .. ငါ့ဆီ အမှတ်တွေ ရောက်နေမှတော့ အဲဒီလူကို ငါသတ်လိုက်တာပေါ့ …
မိုဝူကျီက ကျောက်စိမ်းပြားကို မြှောက်၍ ကြည့်လိုက်ကာ စာလုံးများက သူ့ကို အံ့အားသင့် စေနိုင်ဆဲ ဖြစ်သည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၉၀၂၂ အဆင့် ၁၀ ဟူ၍ ဖြစ်သည်။
ထိုမျက်နှာတည် အမျိုးသားက ဘယ်အဆင့်တောင် ရောက်နေပြီလဲ … သူက တကယ်ရော အမှတ် ၉၀၀၀ တန်လို့လား …
မိုဝူကျီက ထိုအမှတ် ၉၀၀၀ သည် မျက်နှာတည် အမျိုးသားကို သတ်၍ ရလာသည့် အမှတ်များမှန်း သိ၏။ ထို့အပြင် သူသတ်လိုက်သည့် အမျိုးသမီးမှာ နယ်ခြား ကျင့်ကြံသူ မဟုတ်ပေ။ ထို့ကြောင့် သူမအတွက် တစ်မှတ်မျှ ရမည် မဟုတ်ပေ။
အတော်သင့် အံ့အားသင့်ပြီးသည့် နောက်တွင် မိုဝူကျီက အားရပါးရ လေပူများ မှုတ်ထုတ်ကာ သူ့ကျောက်စိမ်းပြားကို သတိတကြီး သိမ်းထားလိုက်တော့သည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့တွင် ပွက်လောရိုက် သွားလိမ့်မည်ဟု မှန်းဆမိလိုက်သေး၏။ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်က ထိပ်ဆုံး ၁၀ သို့ ဗြုန်းခနဲ ရောက်လာခြင်းမှာ မည်သူက သတိမပြုမိဘဲ နေမည်နည်း။ ထိုသို့သော အမှတ်များက လွန်ခဲ့သည့် သုံးလက ထိပ်တန်းသုံးယောက် အမှတ်များ ဖြစ်သည်။
မိုဝူကျီက မရယ်မောဘဲ မနေနိုင်တော့ချေ။ သူက အဆင့်ကို ဂရုမစိုက်သော်လည်း ထိုအမှတ်များက ပစ္စည်းများနှင့် လဲလှယ်ယူ နိုင်သည့်အတွက် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သို့သော် မိုဝူကျီ အာရုံအရှိဆုံး ကိစ္စကား အမှတ်များ မဟုတ်ဘဲ သိုလှောင် လက်စွပ် ဖြစ်လေသည်။ တိုက်ရိုက် တပည့်များ ဖြစ်သည့် ချိန်စုယင်နှင့် ရန်ထျန်းရှင်းတို့ပင် ထိုသို့သော ပစ္စည်းမရှိသေးသည့် အချိန်တွင် သူ့၌ နှစ်ကွင်း ရလာလေသည်။
အချိန်ကျရောက် လာသည့်အခါ သူက ရန်ထျန်းရှင်းကို တစ်ကွင်းပေးမည်။ သူက မိတ်ဆွေဖွဲ့ဖို့ရာ ထိုက်တန်သော လူ ဖြစ်၏။
သူ ပထမဆုံး ထုတ်ယူလိုက်သည့် လက်စွပ်ကား မျက်နှာတည် အမျိုးသား၏ လက်စွပ် ဖြစ်သည်။ မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် သူ့အမှတ်အသားကို ဖယ်ရှားလိုက်သည့် အခါ နှလုံးခုန် တစ်ချက်ပင် မြန်သွားသေး၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ရယ်မော လိုက်တော့သည်။ နောက်ဆုံးတွင် မျက်နှာတည် အမျိုးသား သေဆုံးသွားရသည့် အကြောင်းရင်းကို နားလည်သွားလေပြီ။ မိုဝူကျီက သူ့ကို ဂရုတစိုက် မရွေ့လို့ မဟုတ်သလို ဆေးလုံးများကြောင့်လည်း မဟုတ်ပေ။
ထိုလူက မိုဝူကျီကို ဒေါသအထွက် လွန်၍ သေဆုံးသွားခြင်း ဖြစ်သည်။ သူက အသက်မျှင်းမျှင်းလေး ကျန်ရှိနေစဉ် မိုဝူကျီက သူ့ကို ကယ်ဖို့ ရောက်လာသည်ဟု တွေးမိလိုက်သေးသည်။ သို့သော် မမျှော်လင့်ထားသည်က သူက မိုဝူကျီသည် သခွားသီးပုတို၏ ကာကွယ်ပေးမှုကို ရရှိရန် သူ့အား အသုံးချခဲ့ခြင်းသာ ဖြစ်နေ၏။ ထိုမျှ တင်မကသေးပေ သူလက်စွပ်ကို မျက်စိရှေ့တွင် လုယူသွားသေး၏။ သူ ဒေါသ အထွက်လွန်၍ မသေလျှင် ပိုထူးဆန်းနေလိမ့်မည်။
မိုဝူကျီက စိတ်စွမ်းအားကို သိုလှောင် လက်စွပ်ထဲ ပို့လွတ်ပြီး နေ့တစ်တဝက် အကြာ၌ လက်စွပ်အတွင်းမှ အမှတ်အသားကို ဖယ်ရှားနိုင်သွားလေ၏။
မီတာ အတော် ကျယ်ဝန်းသော ဧရိယာမှာ မိုဝူကျီ မျက်စိရှေ့တွင် ပေါ်လာလေ၏။ မိုဝူကျီက လေပူများ မှုတ်ထုတ် လိုက်တော့သည်။ ဤသိုလှောင် လက်စွပ်ကား အခန်းကျယ် တစ်ခု ဖြစ်ကာ သိုလှောင်အိတ်ကား နှိုင်းယှဉ်စရာပင် မရှိပေ။
မီတာအတော် ကျယ်ဝန်းသော နေရာအတွင်း စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ရှိပြီး ဝိညာဉ် ဆေးပင်များနှင့် သတ္တုပစ္စည်းများလည်း ရှိနေသည်။ ဆေးပုလင်းများက တောင်ပုံရာပုံ ရှိကာ ကျောက်စိမ်း သေတ္တာများ၊ ကျောက်စိမ်း ပေလွှာနှင့် ကျင့်စဉ်များပင် ရှိသေးသည်။
ထိုပစ္စည်းကောင်းများက မိုဝူကျီအပေါ် အရောင်များ ဖြာကျနေသည်။
သူက အလျင်အမြန် ကျောက်စိမ်းသေတ္တာများကို တစ်ခုချင်းစီ ယူကာ ဖွင့်လိုက်တော့သည်။ အဆိုးဆုံး သူတွေ့သည့်အရာမှာ အဆင့် ၆ ဆေးပင် ဖြစ်သည်။ တခြားအရာများမှာ အဆင့် ၇ ဝိညာဉ်ဆေးပင် ဒါမှမဟုတ် ဝိညာဉ်သစ်သီးများ ဖြစ်၏။ မိုဝူကျီက အဆင့် ၈ ဝိညာဉ်ဆေးပင် နှစ်ပင်ကို တွေ့သေးသည်။
တစ်ဖက်တွင် မိုဝူကျီက လက်နက်ထုလုပ်သည့် သတ္တုများနှင့် မရင်းနှီးလှပေ။
မိုဝူကျီက ကျောက်စိမ်း ပေလွှာများကို မသိသည့်အတွက် မထိပေ။ ထို့အစား သူက ကျင့်စဉ်များကိုသာ လှန်လှောကြည့် လိုက်တော့သည်။ ထိုအရာများကား အနည်းဆုံး ရတနာ လူသားအဆင့် ဖြစ်ကြပြီး ရတနာ မြေကမ္ဘာအဆင့် တစ်ခုပင် ပါသေး၏။
ပစ္စည်းကောင်းတွေ အများကြီး ရသော်လည်း ယခုအချိန် သူက သိုလှောင် လက်စွပ်နှင့် စိတ်စွမ်းအင် ကျောက်တုံးများသာ သုံးနိုင်သေး၏။
လက်စွပ်ကို ဘေးချထားလိုက်ပြီး ဒုတိယ လက်စွပ်ကို ထုတ်လိုက်သည်။ ထိုသည်က အမျိုးသမီး လက်စွပ်ဖြစ်ကာ မိုဝူကျီက စိတ်စွမ်းအားကို လက်စွပ်ထဲ တိုက်ရိုက်ပို့လွတ် လိုက်တော့သည်။ အမျိုးသမီးက သေဆုံးသွားသော်လည်း သူမ အမှတ်အသားက မျက်နှာတည် အမျိုးသားထက် ပိုအားကောင်း လေသည်။
မိုဝူကျီက ထိုအမှတ်အသားကို ဖယ်ရှားဖို့ရန် တစ်ရက်တာ အချိန်ယူခဲ့ရသည်။
မျက်နှာတည် အမျိုးသား လက်စွပ်ထက် များစွာ ကျယ်ဝန်းသော နေရာကား မိုဝူကျီ မျက်စိရှေ့တွင် ပေါ်လာလေသည်။ နေရာကား အနယ်ဆုံး မီတာ ဆယ်ချီ၍ ကျယ်ဝန်းပေသည်။
ထိုအမျိူးသမီးက ဘယ်က ရောက်လာတာများလဲ …
လက်စွပ်နေရာ အကျယ်အဝန်းအပြင် အထဲမှ အရာများက မိုဝူကျီကို ပြောစရာ မဲ့သွားစေသည်။
အဝတ်များ ပြည့်နေသည့် ပုံးအနည်းငယ်ရှိပြီး စိတ်စွမ်းအင် ကျောက်တုံးများလည်း တစ်သောင်း မကျော်ပေ။ မျက်နှာတည် အမျိုးသားတွင် ရှိတာနှင့် ကွာခြားလှသည်။
သို့သော်လည်း မိုဝူကျီ အာရုံကို ဖမ်းစားသွားသည်က ဆေးပြင်းမီးဖို ဖြစ်၏။ မှုန်မှိုင်းကာ မထင်ရှားသော်လည်း ဘေးမှ အနီရောင်အရိပ်အယောင်တော့ ခံစားမိသည်။ အကယ်၍ သူက သေချာမကြည့်လျှင် သတိပြုမိလိမ့်မည် မဟုတ်ပေ။
ထိုမီးဖိုကား ထူးခြားဟန် မပေါ်သော်လည်း အဆင့်ကား သိပ်၍ မဆိုးလှပေ။ မိုဝူကျီက တွေဝေမနေဘဲ သူ့အပိုင် ဖြစ်သွားကြောင်း ကြေညာ လိုက်တော့သည်။ သူက ဆေးလုံးများ ဖော်စပ်ဖို့ရန် မီးပြင်းဖို လိုအပ်နေသည်နှင့် ကွက်တိ ဖြစ်သွား၏။
ပဝါမည်း အမျိုးသမီး လက်စွပ်တွင် ကျင့်စဉ်များ မရှိသော်လည်း ထောင့်တွင် ထားထားသည့် ကျောက်စိမ်း သေတ္တာသုံးလုံး ရှိလေသည်။
မိုဝူကျီက ကျောက်စိမ်း သေတ္တာတစ်လုံးကို ဖွင့်လိုက်သည့်အခါ သိပ်သည်းပြီး သန့်စင်လှသည့် ဝိညာဉ်စွမ်းအားများ ပြည့်နေသည့် ကျောက်ကို တွေ့လိုက်ရသည်။
“ကောင်းကင် စိတ်စွမ်းအင် ကျောက်လား ..” မိုဝူကျီက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကို ရဖူးလေသည်။ အကြည့် တစ်ချက်တည်းဖြင့် သူက ထိုသည်က ကောင်းကင်စိတ် စွမ်းအင် ကျောက်တုံး ဖြစ်ကြောင်း ပြောနိုင်၏။
မိုဝူကျီက ချက်ချင်းပင် စိတ်လှုပ်ရှားမိသွားသည်။
ပစ္စည်းကောင်းလေးတွေပါ့လား ..
ထို ရတနာအဆင့် မြေကမ္ဘာ ကျင့်စဉ်များနှင့် ယှဉ်လျှင် ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးက သူ အလိုအပ်ဆုံး ဖြစ်နေ၏။
***