← Chapters

မိုဝူကျီ ၏ ဘေးပတ်ဝန်းကျင်

Vol. 14 Ch. 193

မိုဝူကျီ ၏ ဘေးပတ်ဝန်းကျင်

Vol. 14 Ch. 193

မိုဝူကျီ တည်နေရာနှင့် ဆယ်မီတာ အကွာလောက်တွင် ရိုးရိုးလေးချီက သုန်မှုန်နေသည့် မျက်နှာနှင့် ပေါ်လာလေသည်။ သူက မိုးကြိုးမြူတော တစ်အုပ်လုံးကို သုံးလကြာ ရှာဖွေခဲ့သည်။ လျှပ်စီး ချောက်ကမ်းပါးများ၊ လျှပ်စီးရေကန်များ၊ လျှပ်စီး တောအုပ်များနှင့် နွယ်ပင် အုပ်နေသည့် တောအုပ်ထဲတွင်ပင် ရှာဖွေခဲ့သော်လည်း မိုဝူကျီ အရိပ်အယောင်တော့ မမြင်တွေ့မိသေးပေ။

လွန်ခဲ့သည့် သုံးလခန့်က မိုဝူကျီသည် လေထဲတွင် ပျောက်သွားသကဲ့သို့ အစအနပင် ရှာလို့ မတွေ့ချေ။ သူက မိုဝူကျီကို အားကောင်းသည့် သားရဲများ လက်ချက်ဖြင့် သေသွားတာလားဟု သံသယ ဝင်မိသော်လည်း မိုဝူကျီက ထိုသို့ သေမည့် လူစားမျိုး မဟုတ်ကြောင်းလည်း ယုံကြည် နေမိသည်။ အကြောင်းမှာ ထိုကောင်လေးက အရမ်းကို ဉာဏ်များ၍ ဖြစ်သည်။ မိုဝူကျီကို ရှာတွေ့ပါက မိုဝူကျီ၏ သွေးများကိုလည်း တစ်စက်မကျန်အောင် သောက်ပစ်မည် ဟုပင် ကျိန်ဆိုထား၏။

“ဝှီး ...” အဝေးတစ်နေရာမှ ဆူညံဆူညံ အသံများ ထွက်ပေါ် လာသောကြောင့် ရိုးရိုးလေးချီက ထွက်သွားရန်မှအပ ရွေးချယ်စရာ မရှိတော့ပေ။

သူ့တွင် ရွေးချယ်စရာ မရှိပေ။ ယခင်က သူသည် သခွားသီးပုတိုကို မသတ်နိုင်ခဲ့ရာ ယခု နယ်ခြား ကျင့်ကြံသူများက နယ်မြေကို ရှင်းလင်းဖို့ရာ ရောက်ရှိလာကြလေပြီ။ ဤမိုးကြိုးမြူတောကား နယ်ခြား ကျင့်ကြံသူများကြောင့် လုံးဝကို ပျက်စီးသွားကာ ကွင်းပြင်ကြီး ဖြစ်နေလေ၏။ သူ ရပ်နေသည့် နေရာသည်လည်း မကြာခင် ထိုသို့ အဆုံးသတ်ဖွယ် ရှိသည်။

ရိုးရိုးလေးချီ ထွက်သွားခါနီးတွင် သူက ရုတ်တရက် ဝိညာဉ် စွမ်းအားများ ဂနာမငြိမ် ဖြစ်နေသည်ကို ခံစားမိလိုက်၍ တစ်ယောက်တော့ နောက်အဆင့် တက်လှမ်းနေမှန်း သိလိုက်သည်။

ချက်ချင်း ဆိုသလို သူက စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။ သို့သော် သူက ပတ်ဝန်းကျင်ကို အသေးစိတ် မစစ်ဆေးရသေးခင် ကြောက်ခမန်းလိလိ အဖြူရောင် အလင်းက သူ့ဆီ အဝေးမှ ရောက်ရှိလာသည်။ ရှေ့ကို ခုန်တက်ကာ ရိုးရိုးလေးချီက ငှက်တစ်ကောင်ကဲ့သို့ လှုပ်ရှားရင်း မိုဝူကျီ တံခါးပိတ် ကျင့်ကြံနေသည့် မိုးကြိုးမြူတော နက်ပိုင်းသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ သူက အရူးနယ်ခြား ကျင့်ကြံသူများက ပြန်ရောက်လာမှန်း သိ၍ ဤအစိတ်အပိုင်းကား မကြာခင် ဖျက်ဆီး ခံရမည်မှန်းလည်း သိ၏။

မိုဝူကျီ၏ ရိုးရိုးတန်းတန်း ပုန်းကွယ်ရေး အကြံက သူ့အသက်အား နောက်တစ်ကြိမ် ကယ်တင် သွားပြန်သည်။ ရိုးရိုးလေးချီက တံခါးပိတ် ကျင့်ကြံနေခြင်းကို လျစ်လျူရှုကာ သူ့အပေါ် ဘေးဘက်မှ ဖြတ်ပြေး သွားတော့သည်။

“ဘမ်း..” မိုဝူကျီ ချီသွေးကြောများက အတူတူ တုန်ခါနေပြီး သူ့ဒန်တျန်းထဲမှ အားကောင်းသည့် သဘာဝ စွမ်းအားလှိုင်းကြီး ပျံ့နှံ့လာပြီး ချီသွေးကြော တစ်ခုစီတိုင်းကို ဖြည့်သွားလေ၏။

ပေါများလှသည့် သဘာဝ စွမ်းအားများက သူ့ကို မြေအောက်မှ ထွက်ပြီး ထိန်းမချုပ်နိုင်စွာ အော်ဟစ် ပစ်ချင်စိတ်ကို လှုံ့ဆော် ပေးနေသည်။ ထိုအခိုက်အတန့် လောက်တွင် သူ့ပတ်ဝန်းကျင်လည်း စတင်၍ တုန်ခါလာကာ သူ့ဘေးမှ မြေများက တုန်ခါပြီး ကျလာတော့သည်။

ထို့ကြောင့် မိုဝူကျီက ရုတ်တရက် မျက်လုံးဖွင့်ကြည့် လိုက်ရသည်။ သူက လူသားအဆင့်လွန်သို့ တက်လှမ်း သွားသော်လည်း ထိုတုန်ခါမှုက သူ့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ထို့အစား မြေပြင်ပေါ် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာ၏။ ထိုသို့ဆိုလျှင် သူ့ပုန်းကွယ်ရာ နေရာတွင် တစ်ယောက်ယောက် ရှိနေပြီလား ...

“ဘမ်း ဘမ်း ဘမ်း ...” နောက်ထပ် ပေါက်ကွဲသံများ ကြားရလိုက်သည်။ ထိုသည်က သူ့မှန်းဆချက်များကို သေချာသွားစေသည်။ တစ်ယောက်ယောက် သူ့နေရာသို့ ရောက်လာကာ အပြင်းအထန် တိုက်ခိုက်နေရသည်။

ခဏလောက် နေပါဦး ... ဒါက တိုက်ပွဲ တိုက်နေတဲ့ အသံနဲ့လည်း မတူပါ့လား ...

မိုဝူကျီက အားလုံးကို အလျင်အမြန် သိမ်းဆည်းလိုက်ကာ တစ်ဝက်တစ်ပျက် အသုံးပြုထားသော ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးကိုလည်း ကျောက်စိမ်းသေတ္တာ အထဲ ပြန်ထည့် လိုက်သည်။ သူ့ ၁၀၁ ခုမြောက် ဖွင့်နိုင်သည့် ပျော်ရွှင်နေမှုကို ခဏ ဘေးဖယ်ထားရင်း သူက မျက်နှာဖုံးကို တပ်ဆင်လိုက်ကာ မျက်နှာမည်း ဘုန်းကြီးသဖွယ် ပြောင်းလိုက်တော့သည်။

“ဘုန်း ..” မြေများက ပြိုကျလာကာ မိုဝူကျီက ချောင်းမြောင်း တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး မလှုပ်ရှားပေ။ ခဏအကြာတွင် သူက အပြင်ဘက်မှ ဆူညံသံများက ငြိမ်ကျသွားကြောင်း သတိထားမိ လိုက်သည်။ သူက မီတာ အနည်းငယ်လောက် ပြန်မတက်လာခင် သူက စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် လိုက်သည်။

ထိုစဉ် မြေပြင်ပေါ်မှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အကယ်၍ သူသာ မြေအောက်တွင် တံခါးပိတ် ကျင့်ကြံနေခြင်း အချိန် သုံးလ ရှိနေမှန်း မသိခဲ့လျှင် ဆယ်ရာစုလောက် ကုန်ဆုံးသွားပြီ လောက်ကို ထင်မိမှာ ဖြစ်၏။

မူလက ရှိနေသော လျှပ်စီးရေကန်များ၊ တောအုပ်များ၊ မြူများက လုံးဝ ပျောက်ကွယ် သွားလေပြီ။ ထိုနေရာများတွင် အစားထိုး ဝင်ရောက်လာသည်က ကျတ်တီးမြေသာ ဖြစ်သည်။ လျှပ်စီးရေကန် အသေးလေးသာ လျှပ်စီးအားများကို ထုတ်လွှင့်နေဆဲ ဖြစ်သည်။

ကျင့်ကြံသူ ထောင်ချီက ကျန်ရှိနေသည့် သစ်ပင်များကို ခုတ်ထွင်သွားသည်ကို မြင်၍ မိုဝူကျီက ကိုယ့်မျက်လုံးပင် မယုံနိုင်ပေ။ သူတို့က မိုးကြိုးမြူတောကို ဖျက်ဆီးနေကြတာလား ...

ထိုနယ်ခြား ကျင့်ကြံသူများက အမှန်ပင် အရိုင်းအစိုင်း အုပ်စု ဖြစ်၏။ လူများအတွက် ရှာဖို့ရန် ထိုသို့ အားကောင်းသည့် နည်းလမ်းကို သုံးကြသည်လား ... တစ်ဖက်က ကြည့်လျှင် သူတို့သည် နယ်မြေ ရှင်းလင်းရန် နည်းလမ်းကြမ်းကို အသုံးပြုနေကြခြင်း ဖြစ်၏။

အခု ထွက်သွားလို့ မဖြစ်သေးဘူး ... မိုဝူကျီက သူ့လက်ရှိ အနေအထားကို ချက်ချင်း အသိဝင်လာသည်။ အကယ်၍ သူသာ ထွက်သွားပါက သေချာပေါက် ရှာတွေ့သွားလိမ့်မည်။

“ဝေါ ဝေါ .....” ကျယ်လောင်စွာ ဖြစ်ပေါ်နေသော အသံလှိုင်းများကိုပင် ကြားနေရသည် ။ ထို့နောက်တွင် အားပြင်း ရိုက်ချက်များနှင့် သဘာဝစွမ်းအား ပေါက်ကွဲခြင်းများက ကပ်ပါလာလေသည်။

အသက်ရှုကြိမ် ဆယ်ကြိမ်လောက်တွင် သားရဲအုပ်စုလိုက်ကြီးက ကမူးရှူးထိုး ပြေးထွက်လာကြသည်။

ဧရာမ လူဝံကြီးနှင့် ထိပ်ပြောင် ဘုန်းကြီးတို့က တိုက်ခိုက် နေကြလေသည်။ မိုဝူကျီက သူ့စိတ်စွမ်းအားကို အလျင်အမြန် သိမ်းဆည်း လိုက်ရသည်။ ထိုဘုန်းကြီးက သခွားသီးပုတိုထက် များစွာ အားကောင်းကြောင်း ခံစားမိလိုက်သည်။

အမွှေးတိုင် တစ်ဝက်အကြာတွင် အသံများကို ကြားလာရပြန်သည်။ ထို့ကြောင့် စိတ်စွမ်းအားဖြင့် နောက်တစ်ကြိမ် စစ်ဆေးကြည့် လိုက်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက အဆင့်မြင့် ကျင့်ကြံသူ နှစ်ယောက် တိုက်ပွဲကို မလေ့လာရဲဘဲ အဆင့်နိမ့် ကျင့်ကြံသူများ အပေါ်သာ အာရုံစိုက် ထားလိုက်သည်။

အဆင့်နိမ့် ကျင့်ကြံသူ ထောင်ချီက သားရဲအုပ်စုနှင့် တိုက်ခိုက်နေကြပြီး အသံများက ကောင်းကင်ထိ ဟိန်းထွက် နေလေသည်။

မိုဝူကျီက လေအေးများ ရှူရှိုက်လိုက်ကာ သူက မိုးကြိုးမြူတောတွင် သားရဲများစွာ ရှိမှန်း သိသော်လည်း ထိုမျှ များလိမ့်မည်ဟု ထင်မထားပေ။

သားရဲသောင်းချီကာ ထွက်လာကြပြီး သူတို့၏ အိမ်၊ နေစရာ နေရာကို ဖျက်ဆီးကြသည့် ကျင့်ကြံသူများကို ဝင်တိုက်ခိုက် နေကြသည်။ တစ်ယောက်ချင်းစီက သူတို့တွင် ရှိနေသည့် အရည်အချင်းများနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

သားရဲများနှင့် ကျင့်ကြံသူများက ယင်ကောင်များကဲသို့ အတုံးတုံး အရုံးရုံး သေဆုံးကြရသည်။

ဧရာမ လူဝံကြီးနှင့် ရင်ဆိုင်နေသည့် ဘုန်းကြီးသည် သူ့ဘေးနားမှ အခြေအနေများကို မြင်သောအခါ ထိတ်လန့်တကြီး အော်ဟစ် လိုက်တော့သည်။

“စစ်ကူ မြန်မြန် တောင်းချေ ... ”

သို့သော်လည်း သူ့စကား တစ်ဝက် တစ်ပျက်တွင် ဟိုးအဝေး တစ်နေရာမှ သတ်ရန် ကြွေးကြော်သံများက ပျံ့လွင့်လာလေသည်။ သူတို့က သားရဲများနှင့် တိုက်ခိုက်နေစဉ် အင်ပါယာငါးခုမှ ကျင့်ကြံသူများလည်း အရှိန်ဟုန်ပြင်းပြင်း ချီတက်လာကြသည်။

“အရူး မင်းတို့ကို မိုးကြိုးမြူတောကို မထိနဲ့လို့ ပြောမထားဘူးလား ... ” ဘုန်းကြီးက ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း ယခုအချိန်တွင် သူ့အတွက် နောက်ဆုတ်ဖို့ရာ ခက်ခဲလှသည်။ ဧရာမ လူဝံကြီးက အားအပြည့် တိုက်ခိုက်နေခြင်း ဖြစ်ရာ သူသာ နောက်ဆုတ်လိုက်ပါက သေချာပေါက် အသတ်ခံရလိမ့်မည်။

မိုဝူကျီက မြေအောက်ကနေ အခြေအနေများကို လေ့လာနေပြီး သူ့နှလုံးခုန်သံများလည်း မြန်ဆန်နေလေသည်။ ထိုသို့ ရှုပ်ထွေးလှသော ကျင့်ကြံသူ တိုက်ပွဲတွင် တစ်ခါတစ်ရံ မင်းက ဘယ်လောက် အားကောင်း နေစေကာမူ တိုက်ပွဲအတွင်း ကျရှုံးသွားနိုင်ချေက အရမ်းမြင့်၏။

ကြီးမားသည့် တိုက်ပွဲကြီးက နှစ်နာရီ ကြာသွားကာ ပြီးဆုံးမည့် အရိပ်အယောင် မရှိပေ။ အဝေး တစ်နေရာမှ တောက်ပသည့် အလင်းများ ကောင်းကင်သို့ ပစ်လွှတ်နေလေသည်။ ထိုသည်က ဘုန်းကြီးကို ပို၍ စိုးရိမ်လာစေကာ သူက ရုတ်တရက် လည်ပင်းမှ ဗုဒ္ဓပုတီးကို ချွတ်ယူကာ ဧရာမ လူဝံကြီးဆီ ပစ်ပေါက် လိုက်တော့သည်။

ဧရာမ လူဝံကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းတွင် သူ့ပါးစပ်မှ လျှပ်စီးတန်းများဖြင့် ပစ်လွတ်လိုက်သည်။ လျှပ်စီး တစ်ခုချင်းစီက ဗုဒ္ဓပုတီးစေ့များနှင့် ထိတွေ့ပြီး ကျယ်လောင်စွာ ပေါက်ကွဲ သွားကြလေသည်။

“ဘုန်း ..” ဧရာမ လူဝံကြီးက အချိန်မီ ပြန်တိုက်ခိုက် လိုက်သော်လည်း ဗုဒ္ဓပုတီးစေ့ တစ်လုံးက သူ့မျက်လုံးများကြား ကျရောက် သွားလေသည်။ ဧရာမ လူဝံကြီးက မချိဆန့်ငင် အော်မြည်လိုက်ပြီး ဘုန်းကြီးကို သေသည်အထိ တိုက်ရန် ရှာဖွေလိုက်တော့သည်။ သို့သော် ထိုစဉ် ဘုန်းကြီးမှာ လှည့်၍ မိုးကြိုးမြူတောထဲသို့ ဝင်သွားလေပြီ။

ဧရာမ လူဝံကြီး မျက်လုံးတွင် လူသတ်ငွေ့များ ဖုံးလွမ်းနေကာ အဝေးတွင် ကျင့်ကြံသူ အများအပြား ရှိကြောင်း သိဟန်ရသည်။ အဆုံးသတ်တွင် သူက ဘုန်းကြီးနောက် မလိုက်တော့ဘဲ ကျယ်လောင်စွာ မြည်တမ်းလိုက်ကာ မိုးကြိုးမြူတောနက်ထဲသာ ဝင်သွားတော့သည်။

ဧရာမ လူဝံကြီး အော်သံနောက်တွင် သားရဲအုပ်စုလိုက်လည်း နောက်ဆုတ်သွားကာ အချိန်တိုအတွင်း လုံးဝ ပျောက်ကွယ် သွားတော့သည်။ နောက်ဆုံးတော့ မိုဝူကျီက သက်ပြင်းချ လိုက်တော့သည်။ တိုက်ပွဲက ဤနေရာတွင် အဆုံးသတ် သွားသောကြောင့် ထိုလူများလည်း မကြာခင် နောက်ပြန်ဆုတ် သွားလောက်သည်။ သူတို့ ထွက်သွားသည်နှင့် သူက ဤနေရာမှ ထွက်သွားရန် အခွင့်အရေး ရလိမ့်မည်။

သူမျှော်လင့်ထားသည့်အတိုင်း သားရဲများ နောက်ဆုတ် သွားသည်နှင့် ကျင့်ကြံသူ အများစုက မိုးကြိုးမြူတောမှ ထွက်သွားတော့သည်။ သူတို့သည် အပြင်ဘက်တွင် သူတို့ကို စောင့်နေသော တိုက်ပွဲကြီး တစ်ခုရှိကြောင်း သိကြသည်။

သို့သော်လည်း မိုဝူကျီက အနားယူဖို့ အချိန်မရခင် သူ့ခေါင်းပေါ်မှ မြေများက ပြိုကျ လာလေသည်။ သူက ရှောင်ရှားဖို့ရန် ကြိုးစားသော်လည်း အကျုံးတော့ မဝင်ချေ။ မြေများ ပြိုကျ လာသောကြောင့် ကောင်းကင်ပြာနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားကာ သူ့ပေတူးနေသော မျက်နှာဖြင့် စိတ်ထဲတွင် “သွားပြီ” ဟုသာ ရေရွတ်လိုက်တော့သည်။

“ဒီမှာ လူတစ်ယောက် ရှိတယ် ..” မိုဝူကျီ ပေါ်လာသည်နှင့် နယ်ခြား ကျင့်ကြံသူ တစ်ယောက်က ချက်ချင်းပင် ရှာတွေ့သွားလေသည်။

“သူ့ကို သတ်စမ်း..” မိုဝူကျီဆီ များပြားစွာသော ကျင့်ကြံသူများက အပြေးအလွှား ဝင်လာကြသည်။ ထိုသည်က မိုဝူကျီကို ထိတ်လန့် သွားစေသည်။ သူက အမြန်အဆန် တွင်းမှ ခုန်ထွက် လိုက်ရင်း မိုးကြိုးမြူတောနက်သို့ ဆုတ်ဖို့ရာ ကြိုးစားလိုက်သည်။ သို့သော် မီတာ အတော်လေး အလှမ်း ကွာလာသည့်အခါ ကျင့်ကြံသူ ဆယ်ယောက်လောက်က သူ့အား ပိတ်ဆို့ ထားလိုက်ကြသည်။

ထွက်ပြေးဖို့ရန် လမ်းမရှိတော့၍ မိုဝူကျီက နေရာတွင် ရပ်တန့် လိုက်ရသည်။ ထို့နောက် သူက လက်ဟန်များဖြင့် ကျင့်စဉ်ကို ဖော်ကာ လျှပ်စီးအားများကို ပစ်လွတ်လိုက်တော့သည်။

ခဏအကြာတွင် သူက အတော််လေး အံ့အားသင့် မိသွားသည်။

သူက ယခင် သူတူးခဲ့သော လျှပ်စီးကန် အပေါ်တွင် ရပ်နေခြင်း ဖြစ်ကာ ဘေးပတ်ဝန်းကျင်က ပျက်စီး နေသော်လည်း လျှပ်စီးရေကန်မှ လျှပ်စီးများက ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူက လျှပ်စီး ရေကန်ပေါ်တွင် တိုက်ခိုက်သည်နှင့် သူ့လျှပ်စီးအားများက ရေကန်ထဲ ကျသွားသည်။ သူတို့က ရေကန်အတွင်းမှ မူလ လျှပ်စီး သဘာဝဓာတ်ကို နှိုးဆွ ပေးသောကြောင့် လျှပ်စီးအားများက ရန်သူများဆီ အဆက်မပြတ် ကျရောက် သွားတော့သည်။

“ဘမ်း ဘမ်း …. ” အချိန်တိုအတွင်း မိုဝူကျီ ဘေးပတ်လည်သည် လျှပ်စီးတော အဖြစ် ပြောင်းသွားလေသည်။ မိုဝူကျီကို ဝန်းရံထားသော ကျင့်ကြံသူများက ချက်ချင်းပင် လျှပ်စီးများ ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။ မိုဝူကျီက ထိုသို့ အခွင့်အရေးကောင်းကို မည်သို့ လက်လွတ်ပေးရမည်နည်း။ သူ့လက်မှ လျှပ်စီးများကို ဆက်တိုက် ထုတ်လွင့်လိုက်ပြီး ဒဏ်ရာ အပြင်းအထန် ရနေသည့် ကျင့်ကြံသူကို တွေ့သည်နှင့် သူက ထိုနေရာသို့ အပိုလျှပ်စီးကို ပို့ဆောင် ပေးလိုက်သည်။

အချိန်တိုအတွင်း မိုဝူကျီကြောင့် အသတ်ခံရသည့် ကျင့်ကြံသူ အရေအတွက်မှာ ဆယ်ဂဏန်း ရှိလေသည်။

“အဲလူက အများဆုံး လူသား အဆင့်လွန်ပဲ ရှိဦးမှာ … အားလုံး သူ့ကို တိုက်ကြ … ” မိုဝူကျီက လျှပ်စီး ရေကန်ကို ကောင်းကောင်း အသုံးချပြီး ကျင့်ကြံသူများကို ညှာတာမှု ကင်းမဲ့စွာ သတ်ဖြတ် တိုက်ခိုက်နေသည်ကို မြင်လျှင် နယ်ခြားကျင့်ကြံသူများက စတင် ကြမ်းတမ်း လာတော့သည်။

သူ့တွင် နေရာ အခွင့်သာ နေသလို သူတို့ဘက်တွင်လည်း အရေအတွက် အရေးသာ လေသည်။ သူတို့ထဲမှ တချို့ ကျဆုံးသွားသော်လည်း ရာဂဏန်းတော့ ကျန်သေးလေသည်။ အကယ်၍ သူတို့က လူသား အဆင့်လွန် တစ်ယောက်ကိုမှ မသတ်နိုင်လျှင် ဟာသပြက်လုံး တစ်ခု ဖြစ်သွားလိမ့်မည်။

မိုဝူကျီ ဘယ်နေရာသို့ သွားပါစေ သူ့ကို နယ်ခြား ကျင့်ကြံသူ တချို့က ကာဆီး ထားလေသည်။ ထို‌ကြောင့် သူက ထပ်မရွေ့ရှားရန် ဆုံးဖြတ်လိုက်ကာ သူတို့ဆီကို လျှပ်စီးများသာ တိုက်ရိုက် ပစ်လွှတ် နေလိုက်တော့သည်။

သူက စိတ်စွမ်းအားနှင့် ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို ပိုင်ဆိုင်ထားသဖြင့် ထိုရိုက်ချက်များကို အလွယ်တကူ ရှောင်ရှား နိုင်လေသည်။ ထို့အပြင် လျှပ်စီးရေကန်တွင် တိုက်ခိုက်ရခြင်းက သူ့အတွက် အရေးသာလေ၏။ သူ့ထက် ကျင့်ကြံခြင်း အဆင့်မြင့်သူများ မပါသရွေ့ သူ့အတွက် ကြောက်ရွံ့နေစရာ မလိုပေ။

သူ့လက်ထဲတွင် ထျန်းဂျီတုတ်လည်း ရောက်ရှိ လာလေသည်။ လျှပ်စီးအားများကြောင့် နှေးကွေးသွားသော သူများ ရှိရာဆီ ဝှေ့ယမ်း လိုက်တော့သည်။

“အားလုံး အတူတူ ပေါင်းချကြမယ် .. ” မိုဝူကျီ၏ လှုပ်ရှားမှု နယ်ပယ် ကျယ်ပြန့်လာသည်ကို မြင်၍ နယ်ခြားကျင့်ကြံသူ တစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။

နှစ်နာရီအကြာတွင် မိုဝူကျီကို ဝန်းရံထားသော နယ်ခြား ကျင့်ကြံသူများက ခေါင်းအေးအေး ထားလိုက်ကြတော့သည်။ မိုဝူကျီလည်း ဒဏ်ရာများ ရနေကာ သူ့ခေါင်းတွင်လည်း ပွန်းပဲ့ရာများ ရှိနေသော်လည်း မမောပန်း နိုင်သေးပေ။

သူက မမောပန်းရုံ သာမက ကျင့်ကြံသူ ရာဂဏန်းလောက်က သူ့လက်ထဲတွင် သေဆုံး သွားကြရသည်။ သေဆုံးသွားသော သူများကြားတွင် ယွမ်ဒန်အဆင့် မပါသော်လည်း လူသားအဆင့်လွန် ကျင့်ကြံသူများက မနည်းလှပေ။

“ဒီလူက လူသားအဆင့်လွန် မဟုတ်ဘူး ယွမ်ဒန်အဆင့်ပဲ … ” နယ်ခြားကျင့်ကြံသူ တစ်ယောက်က မိုဝူကျီသည် ယွမ်ဒန်အဆင့် ဖြစ်ကြောင်း ပြောလိုက်သည့်အခါ ကျန်ရှိနေသည့် ကျင့်ကြံသူများက အဖြစ်အပျက်များကို နားလည် သွားကြတော့သည်။ လူသားအဆင့်လွန် ကျင့်ကြံသူ တစ်ယောက်က သူ့သဘာဝ စွမ်းအားများ အတွက် သက်လုံမည်မျှ ကောင်းနိုင်မည်နည်း။

သူတို့က ထိုအချက်ကို နားလည် သွားသည့်အခါ ကျန်ရှိနေသည့် ကျင့်ကြံသူ အများစုက ထွက်သွားကြတော့သည်။ မိုဝူကျီက လျှပ်စီး ရေကန်အလယ်တွင် ရပ်နေလျှက် သူ့ထျန်းဂျီတုတ်ကို ထောက်ထားပြီး သွေးများ မရပ်မနား အန်ထုတ်နေသည်။ ထိုစဉ် ဒဏ်ရာမရသည့် သူ့ခန္ဓာ အစိတ်အပိုင်းရယ်လို့ မရှိချေ။ သွေးများ ရွှဲစိုနေလေသည်။ သူ့တွင် သဘာဝဓာတ် သိုလှောင်ရေး လမ်းကြောင်း နှစ်ခု ပွင့်သွားသော်လည်း သူက ကန့်သတ်ချက်သို့ ရောက်နေလေပြီ။

နေရောင်များက မြူများကို ဖောက်ထွင်း၍ မိုဝူကျီ၏ ချုံးချုံးကျနေသည့် ခန္ဓာပေါ်သို့ ကျရောက်နေလေ၏။ လူသေအလောင်း ပင်လယ်ထဲတွင် တစ်ယောက်တည်း မတ်မတ် ရပ်နေသည့် မြင်ကွင်းကို တွေ့ရလေသည်။ ထိုသည်က သူ မည်သို့ လမ်းကို လျှောက်လှမ်းရန် ရွေးချယ်မိကြောင်း သဘာဝတရားကြီးက အသိပေးနေလေ၏။

***

All Chapters