← Chapters

တစ်ယောက်၏ အသက်ကို စွန့်၍ နှစ်ယောက်ကို ကယ်တင်ခြင်း

Vol. 14 Ch. 194

တစ်ယောက်၏ အသက်ကို စွန့်၍ နှစ်ယောက်ကို ကယ်တင်ခြင်း

Vol. 14 Ch. 194

ကုသဆေးလုံးတချို့ကို သောက်သုံးလိုက်ပြီး မိုဝူကျီက လျှပ်စီးရေကန်မှ ထွက်လာ လိုက်တော့သည်။ သူ့သတ်လိုက်သည့် ကျင့်ကြံသူများက ပါးမွှားလေးတွေ ဖြစ်ကာ အများစုမှာ လူသား အဆင့်လွန်များ ဖြစ်ကြသည်။ အများစုတွင် သိုလှောင်အိတ်ပင် မရှိကြချေ။ ထို့ကြောင့် မိုဝူကျီက အချိန်ကုန်ခံကာ လျှပ်စီးဒဏ်များ ခံယူရင်း ပစ္စည်းများ လိုက်ရှာရန် မလုပ်နေတော့ပေ။ သူ အလိုအပ်ဆုံး အရာကား ပြန်ကောင်းဖို့ပင် ဖြစ်သည်။ ချမ်းသာဖို့ မဟုတ်ပေ။

သူက လျှပ်စီးရေကန်မှ ထွက်လာသည့် အခိုက်အတန့်တွင် မိုဝူကျီက ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူ့စွမ်းအားများကို ပြန်လည် ဖြည့်တင်း လိုက်သည်။ သူက မြန်မြန် ထွက်မသွားချင်၍ မဟုတ်ဘဲ သူက စွမ်းအားများစွာ သုံးထားမိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူက အခုချိန် ထွက်သွားပါက သူက ဝေးဝေး ရောက်နိုင်မည် မဟုတ်ပေ။

မိုးကြိုးမြူတောမှ ဤအစိတ်အပိုင်းကား လုံးလုံးလျားလျား ဖြိုချထားသလို ဖြစ်နေသည်။ သူ့အတွက် ဤနေရာတွင် ကြာကြာနေဖို့ရာ အန္တရာယ် မကင်းလှပေ။ သူ့က စွမ်းအားများကို ပြန်လည် စုစည်းနိုင်သည်အထိ စောင့်ဆိုင်းပြီး ချက်ချင်း ထွက်သွားရမည်။ ကားပျံနှင့် ထွက်သွားရမည့် စတေးမှုမျိုးပါ ပြုလုပ်သင့်ရင် ပြုလုပ်ရမည်။

အမွေးတိုင် တစ်ဝက် အကြာတွင် မိုဝူကျီက မတ်တတ်ရပ်ဖို့ရာ ကြံနေစဉ် ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။ သူက အလျင်အမြန် ဘေးသို့ကပ်ကာ ဘာဖြစ် သွားကြောင်း  ကြည့်လိုက်တော့သည်။

လောင်မြိုက်နေသည့် မီးတောက် အဆောင်တစ်ခုကား ပျံသန်းလာလေသည်။ မိုဝူကျီက အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့တက်ကာ ထိုပျံသန်းလာသည့် အဆောင်ကို ရှောင်ရှား လိုက်တော့သည်။

“ဘုန်း ..” မီးတောက် အဆောင်က ပေါက်ကွဲသွားပြီး မိုဝူကျီဆီ မီးပွားများ လွင့်စဥ်လာ၍ သူ့အဝတ်များနှင့် ဆံပင်များ မီးကျွမ်း သွားလေသည်။

သူက သူ့ခန္ဓာမှ မီးတောက်များကို ငြှိမ်းသတ်လိုက်ပြီး သူ့ကို ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်သည့် သူကို သေချာကြည့် လိုက်တော့သည်။ ထိုလူတွင် မီးသွေးကဲ့သို့ မည်းတူးနေသော မျက်နှာရှိပြီး သူ့မျက်နှာဖုံးမှ မျက်နှာမည်း မျက်နှာထက်ပင် ပိုမည်းနေသေး၏။ သူက ပါးစပ်ကို အားရပါးရ ဟကာ လေကို အသည်းအသန် ရှူရှိုက်နေလေသည်။ ထိုလူသည် ပြင်းထန်စွာ ဒဏ်ရာ ရနေသည်မှာ သိသာလှသည်။ သူက သားရဲ တစ်ကောင်ကောင်၏ တောင်ပံကြောင့် သူ့ရင်ဘတ်နှင့် ခြေထောက်များတွင် ဒဏ်ရာရထားဟန် ရှိသည်။

ထိုသူက သူ့အား ပါးစပ် ဟောင်းလောင်းဖြင့် ကြည့်နေသည်ကို တွေ့ပြီး မိုဝူကျီက သူ့ထျန်းဂျီတုတ်ကို ယူဖို့ရာ တွန့်ဆုတ် မနေဘဲ အောက်ကို လွှဲရိုက်ချ လိုက်တော့သည်။

မိုဝူကျီကို ချောင်းမြောင်း တိုက်ခိုက်သည့် ကျင့်ကြံသူက မလှုပ်ရှားနိုင် ဖြစ်နေသော်လည်း သူက မိုဝူကျီ၏ ထျန်းဂျီတုတ်ကို လက်ဖြင့် ကာထား နိုင်လိုက်သည်။

“ဘုန်း ..” အသံကြီး တစ်ခု ထွက်ပေါ် လာသည်နှင့် ပြင်းထန်သည့် စွမ်းအားကြောင့် မိုဝူကျီက သူတုတ်နှင့်အတူ လွင့်စဉ် သွားတော့သည်။

မိုဝူကျီက လေထဲတွင် ရှိနေစဉ် သူက လျှပ်စီးအားများကို ထိုလူဆီ ပစ်လွှတ် လိုက်တော့သည်။ ထိုကျင့်ကြံသူက ပြင်းထန်စွာ ဒဏ်ရာရ နေသော်လည်း သူက မိုဝူကျီကို လွင့်စဉ် သွားစေသေး၍ သူ့ကျင့်ကြံဆင့်မှာ ယွမ်ဒန်အဆင့် နောက်ပိုင်းသို့ ရောက်ရှိနေရမည်။

မိုဝူကျီ တိုက်ကွက်များက ရောက်ရှိလာပြီး ဘေးပတ်လည်မှ လေထုက ပုံမှန်မဟုတ်ပေ။ မျက်နှာမည်း ကျင့်ကြံသူ မျက်လုံးတွင် မျှော်လင့်ချက်များ ကုန်ဆုံးသွားဟန် ဖြစ်ပေါ်လာသည်။ သူက မလှုပ်ရှားနိုင်၍ သူက မည်မျှပင် အံ့အားသင့်ဖို့ ကောင်းနေစေကာမူ သူက မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးကို မခုခံနိုင်ပေ။ ထို့အပြင် သူက မိုဝူကျီကို လွင့်စဉ် သွားစေစဉ်က သူ့လက်မောင်းက မိုဝူကျီ၏ ထျန်းဂျီတုတ်ကို မရှောင်ရှားနိုင်ခဲ့၍ ကျိုးကြေသွားလေသည်။

“ဘမ်း ..” လျှပ်စီးများက ပေါက်ကွဲသွားပြီး မျက်နှာမည်း ကျင့်ကြံသူ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားလေသည်။

မိုဝူကျီက ကျင့်ကြံသူ အလောင်းဆီ သတိတကြီး လျှောက်လာလိုက်ပြီး သိုလှောင်အိတ်ကို ယူလိုက်တော့သည်။

ကုသဆေး နှစ်လုံးကို မျိုချလိုက်ပြီးတော့ မိုဝူကျီက ထွက်သွားရန် အချိန် ရောက်လာကြောင်း ဆုံးဖြတ် လိုက်တော့သည်။

“ဘမ်း ..” သဘာဝ စွမ်းအားများ နှစ်ခု ထိတွေ့မှုကြောင့် ပေါက်ကွဲသံကိုပင် ကြားနိုင်လေ၏။ မိုဝူကျီက ပုံရိပ်တစ်ခု ရောက်မလာခင်အထိ တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။

မိုဝူကျီက ဘေးကို အလောတကြီး ရှောင်ရှားကာ ထိုလူကို လျှပ်တစ်ပြက် လျှပ်စီးစာ ကျွေးရန် ပြင်ဆင် လိုက်တော့သည်။ သို့သော်လည်း ထိုလူ မျက်နှာကို မြင်လိုက်ရသည့်အခါ သူက ချက်ချင်း ဆိုသလို ထိုအတွေးကို လက်လျော့ လိုက်တော့သည်။

သူက ထိုလူကို မှတ်မိသည်။ ဤလူကား ယန်အာ၏ ဆရာတူ အစ်မဖြစ်သည့် ဆေးလုံးဘုံ စေတီမှ ရှီကျင်းဝမ် ဖြစ်သည်။ ရှီကျင်းဝမ်က သူ့အား တိုက်ခိုက်သည် မဟုတ်ပေ။ သူမ ရန်သူကြောင့် လွင့်စဉ်လာခြင်း ဖြစ်၏။

မျှော်လင့်ထားသည့် အတိုင်း ရှီကျင်းဝမ်က မြေပြင်ပေါ် မကျရောက်ခင် သူမ နောက်မှ ပုံရိပ်တစ်ခု လိုက်ပါလာလေသည်။ ထိုသည်က နှာကောက် အမျိုးသား ဖြစ်ကာ နယ်ခြား ကျင့်ကြံသူ ဖြစ်လိမ့်မည်။

မိုဝူကျီက နယ်ခြား ကျင့်ကြံသူ ရာကျော်နှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် သူတို့ အကြောင်းကို အကြမ်းဖျင်း နားလည်လာလေပြီ။ နယ်ခြား ကျင့်ကြံသူများ၏ ကျင့်စဉ်များက ဤနေရာနှင့် ခြားနားလှသည်။ သူတို့ တိုက်ခိုက်ကြသည့် အခါ သူတို့ ဝိညာဉ်စွမ်းအားများ စီးဆင်းမှုတွင် သိသိသာသာ ခြားနားချက် ရှိလေသည်။

နှာကောက် အမျိုးသား၏ အင်အားက သခွားသီးပုတိုနှင့် မျက်နှာတည် အမျိုးသားတို့ထပ် နိမ့်ကျပေမဲ့ သူ့တိုက်ခိုက်မှုများက သူနှင့် တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများ ထက်တော့ အားကောင်းလေသည်။ ထိုသူက ရှီကျင်းဝမ်ဆီ ခုန်ဝင်သွားသည့်အခါ သူ့ခန္ဓာမှ ဝိညာဉ်စွမ်းအားများ စီးဆင်းမှုက ပို၍ သိသာလာသည်။

နယ်ခြား ကျင့်ကြံသူ၏ မှော်ရတနာက ရှီကျင်းဝမ်ကို ပိတ်ထားသောကြောင့် ရှီကျင်းဝမ်မှာ မြေပြင်ပေါ် မြဲမြံစွာ ရပ်ကာ ဆေးဒယ်စောက်ကို မလိုက်သည်။ ဆေးဒယ်စောက်နှင့် နှာကောက် မှော်ရတနာနှင့် ထိတွေ့မိသောအခါ ကောင်းကင်တစ်ဝိုက်တွင် သဘာဝ စွမ်းအားများဖြင့် ပြည့်နှက် သွားသည်။ သူတို့နှစ်ယောက် ရင်ဆိုင်နေသည့်အခါ ထိုနေရာ တစ်လျှောက်ကို ထွန်ခြစ်ဖြင့် ခြစ်ထုတ် ထားသကဲ့သို့ ရှုပ်ပွသွားလေသည်။

ထိုသည်က သူ ပါဝင်နိုင်သည့် တိုက်ပွဲ မဟုတ်ပေ။ မြန်မြန် ထွက်သွားတာ အကောင်းဆုံး ဖြစ်၏။ မိုဝူကျီ ထွက်သွားမည့် ဆဲဆဲတွင် ယန်အာအသံကို ကြားလိုက်ရသည်။

မိုဝူကျီက ယန်အာနှင့် အခြား မိန်းကလေး နှစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်မိသွားသည်။ မိုဝူကျီက လူသားအဆင့်လွန် အဆင့်သို့ ရောက်နေပြီ ဖြစ်၍ ထိုသုံးယောက်မှာ အဆင့်တူ ဖြစ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့် ပြောနိုင်သည်။ သူတို့ အဆင့်ဖြင့် ရှီကျင်းဝမ်ကို ကူညီဖို့ကိစ္စကား အချည်းနှီး ဖြစ်ပေလိမ့်မည်။

ယန်အာက အတင်း ပြေးလာသည်ကို တွေ့သောအခါ ရှီကျင်းဝမ်မျက်နှာက ချက်ချင်းပင် ပြောင်းလဲ သွားတော့သည်။ မူလက ထွက်သွားရန် ကြံစည်နေသော မိုဝူကျီပင် ထိုအတွေးကို စွန့်လွတ်ကာ ယန်အာဆီ ပြေးသွားလိုက်သည်။

နှာကောက် အမျိုးသားသာ အရူးမဟုတ်ပါက သူသည် ယန်အာနှင့် ရှီကျင်းဝမ်တို့ကြားမှ ဆက်ဆံရေးမှာ သာမာန် မဟုတ်ကြောင်း သေချာပေါက် သိလိမ့်မည်။ အကယ်၍ သူသာ နှာကောက်ဆိုပါက သူသည် ယန်အာကို တိုက်ပြီး ဖျက်ဆီးဖို့ရာ တွန့်ဆုတ်နေမည် မဟုတ်ပေ။

ယန်အာနှင့် နှာကောက်တို့၏ ကျင့်ကြံဆင့်မှာ မိုးနှင့်မြေလို ကွာခြားလှသည်။ လက်တစ်ချောင်းလေး မြောက်ရုံဖြင့် ယန်အာကို သတ်နိုင်လိမ့်မည်။ သူက အများကြီး လုပ်စရာ မလိုဘဲ ရှီကျင်းဝမ်အပေါ်တွင် သေချာပေါက် သက်ရောက်မှု အကြီးကြီး ရှိလိမ့်မည်။

ယန်အာက အမှန်ပင် တိုက်ပွဲ ကျွမ်းကျင်မှု လိုအပ်နေသေးသည်။ သူမက ရှီကျင်းဝမ်ကို ကူညီချင်တာ နားလည်နိုင်သော်လည်း သူမစွမ်းအားဖြင့် အတိအကျပြောရလျှင် သူမသည် အဝေး တိုက်ခိုက်မှုများကို မတိုက်နိုင်သရွေ့ ရှီကျင်းဝမ်ကို သူမအနေနှင့် မကူညီနိုင်ပေ။

မိုဝူကျီ ခန့်မှန်းချက်များက အမှားယွင်းမရှိချေ။ ယန်အာ ပေါ်လာသည့် အခိုက်အတန့် သူမဆီသို့ အနက်ရောင် အလင်းများ ပြေးဝင် လာတော့သည်။

ထိုစဉ် ယန်အာက မိုဝူကျီ ရင်ဆိုင်ဖူးသည့် အခြေအနေနှင့် တစ်ထပ်တည်း ကျရောက်နေသည်။ ဘေးပတ်လည်မှ စွမ်းအားများက သူမကို ထိန်းချုပ်ထားကာ သူမ လှုပ်ရှားမှုများက အင်မတန် နှေးကွေးလာလေသည်။ ရှီကျင်းဝမ်က ယန်အာကို ကယ်တင်လိုလျှင်ပင် သူမက အချိန်မီ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ရှီကျင်းဝမ်က မခံမရပ် နိုင်ဖြစ်ကာ သူမ လက်နက်ကို နှာကောက်ဆီ အားကုန်သုံး၍ ဝှေ့ယမ်း လိုက်သည်။ တစ်ချိန်တည်းတွင် သူမက ဆေးလုံးတချို့ ထုတ်ယူကာ နှာကောက်ဆီ ပစ်လွှတ် လိုက်တော့သည်။

ဆေးလုံးကို သုံး၍ တိုက်ခိုက်သည်က မိုဝူကျီ တစ်ခါမျှ မမြင်ဖူးသည့် အရာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူက ထိုဆေးလုံးများက ရန်သူကို မည်သို့ တိုက်ခိုက် နိုင်မည်ဖြစ်ကြောင်းကို အာရုံမစိုက်နိုင်ချေ။

အနက်ရောင် အလင်း ရောက်ရှိလာသည့် အခိုက်အတန့် မိုဝူကျီက ယန်အာဘေးသို့ ရောက်ရှိ သွားလေသည်။ သူက ယန်အာကို ချက်ချင်း ဆွဲကာ သူ့ထျန်းဂျီတုတ်ဖြင့် အနက်ရောင် အလင်းကို ပြန်ခုခံ ရိုက်လိုက်သည်။

“ဒေါင် ..” မိုဝူကျီ၏ ထျန်းဂျီတုတ်က အဝေးသို့ လွင့်စဉ်သွားကာ အနက်ရောင် အလင်းကား အလင်းကြောင်းလေးသာ ကျန်ရှိလေသည်။ မိုဝူကျီ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွား၏။

ထိုအနက်ရောင် အလင်းက ပုံမှန်ဆိုလျှင် ယန်အာ၏ လည်ပင်းကို ထိုးဖောက်သွားမည် ဖြစ်ကာ မိုဝူကျီက အချိန်မီ ရောက်ရှိသွားပြီး ယန်အာကို ဆွဲလိုက်နိုင်သည်။ မိုဝူကျီက ယန်အာထက် အရပ်ရှည် သောကြောင့် ထိုအလင်းကား သူ့လည်ပင်းသို့ မဟုတ်ဘဲ သူ့ရင်ဘတ်နှင့် တစ်တန်းတည်း ကျရောက်သွားခြင်း ဖြစ်သည်။

တိုက်ခိုက်မှုမှ လောင်မြှိုက်သည့် ခံစားချက်ကား မိုဝူကျီ တစ်ကိုယ်လုံးဆီ ပျံ့နှံ့လာလေသည်။ မိုဝူကျီက သူ့ခန္ဓာတစ်ကိုယ်လုံးကား ရေပွက်ပွက် ဆူသည့်အထဲ အနှစ်ခံလိုက်ရသည့် အလား ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးတွင် အနီရောင်များနှင့် လောင်ကျွမ်း လာလေသည်။

မိုဝူကျီ ရင်ဘတ်အပေါ်တွင် အပေါက်လေး တစ်ခု ရှိနေသည်။ ထိုဒဏ်ရာမှ သွေးများ မစီးကျနေသော်လည်း အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေလေသည်။

“ဘုန်း ..” မိုဝူကျီက လေထဲသို့ လွင့်စဉ်သွားပြီး ကျောက်တုံးနှင့် ထိရိုက်သွားလေသည်။

အဖြစ်အပျက် တစ်ခုလုံးကား မြန်ဆန်လှသည်။ မိုဝူကျီ လွင့်စဉ်သွားသည့် အခါမှ ယန်အာသည် အသိပြန်ကပ် လာတော့၏။ အကယ်၍ သူသာ ဝင်မကယ်တင်ခဲ့ပါက သူမ သေဆုံး သွားလောက်ကြောင်း သတိထားမိလိုက်သည်။

မိုဝူကျီက သူ့အသက်ကို စတေး၍ ယန်အာကို ကယ်တင် လိုက်သည်ကို မြင်၍ နှာကောက်က သူ့တွင် နောက်ထပ် အခွင့်အရေး မရှိတော့ကြောင်း သိလိုက်ရသည်။ သူ့တိုက်ခိုက်မှု ကျရှုံးသွားပြီး သူနှင့် ရှီကျင်းဝမ်ကြားမှ ရလဒ်ကား ပြန်ပြောင်း သွားလေသည်။

“ကျွန်မမှာ ကုသဆေးလုံး အချို့ ရှိတယ် ..” ယန်အာက နောက်ဆုံးတွင် တုံ့ပြန်လိုက်တော့သည်။ သူမက အလျင်အမြန် မိုဝူကျီဘေးသို့ ပြေးသွားကာ ဆေးတချို့ တိုက်လိုက်သည်။

မိုဝူကျီက လက်ကို ယမ်းပြလိုက်ပြီး သူ့အိတ်ထဲမှ ဆေးလုံးသာ သောက်သုံးလိုက်သည်။ ယန်အာ ကုသဆေးလုံးများက သူ့ဆေးများနှင့် မယှဉ်နိုင်ချေ။ ထို့ကြောင့် သူ့ဆေးများသာ သောက်သုံးတာ ပိုကောင်းလေ၏။

“ဘေးဖယ်နေ ..” မိုဝူကျီက ရုန်းကန်ထလိုက်ရင်း အသံဩဩဖြင့် ပြောလိုက်သည်။ သူက သူ့ခန္ဓာတစ်ခုလုံးမှ သွေးများပင် ခန်းခြောက်သွားပြီဟု ခံစားလိုက်ရသည်။ ရှီကျင်းဝမ်က ယန်အာ အဆင်ပြေသည်ကို မြင်သောအခါ နှာကောက်ကို အားဖိထည့်၍ ကမူးရှူးထိုး တိုက်ခိုက်တော့သည်။

မိုဝူကျီက သူ့ထျန်းဂျီတုတ်ဆီ ဒယီးဒယိုင် လျှောက်သွားလိုက်ပြီး ကောက်ယူ လိုက်တော့သည်။ သူက ထွက်မသွား နိုင်သေးပေ။ နှာကောက်က ယန်အာကို သတ်ဖို့ ကြိုးစားခဲ့ရုံသာမက သူ့ကိုလည်း လိုသည်ထက် ပို၍ ဒဏ်ရာရစေခဲ့သည်။၊ အကယ်၍ သူသာ ထိုအနက်လင်းကို အနည်းငယ်သာ လမ်းကြောင်း မပြောင်းနိုင်ခဲ့ပါက ထိုအလင်းက သူ့နှလုံးကို ဖောက်သွားလိမ့်မည်။ သူ့အသက်လေး ဆုံးရှုံးသွားနိုင်၏။ အကယ်၍ သူက လက်စားမချေလျှင် သူ့စိတ်ထဲတွင် နေလို့ ကောင်းမည် မဟုတ်ပေ။

“ဘုန်း ဘုန်း … ” နှာကောက်သည် ရှီကျင်းဝမ်ထက် နည်းနည်း အားကောင်းသော်လည်း ခြားနားချက်ကား ကန့်သတ်ချက်တော့ ရှိသေးသည်။ နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရာ သဲများ၊ ကျောက်စရစ်ခဲများပင် လွင့်စဉ်လာသည်။ သူတို့ တိုက်ပွဲကား လုံးဝကို ရှုပ်ပွသွားစေသည်။

ထိုစဉ် ယန်အာနှင့် အမျိုးသမီး နှစ်ယောက်တို့က ထိုနှစ်ယောက်၏ တိုက်ပွဲကို မြင်ပြီး ကူညီဖို့ဆိုတာ ဆိုမထားလေနှင့်။ မတ်မတ်ပင် မရပ်နိုင်ကြပေ။

တစ်ဖက်တွင် မိုဝူကျီက သူတို့နှစ်ယောက်၏ တိုက်ခိုက်မှု၊ ခုခံမှုများကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ မိုဝူကျီက အမှန်ပင် ရှီကျင်းဝမ်၏ တိုက်ကွက်ကို လေးစား၏။ တိုက်ခိုက်ခြင်းကား ကျင့်ကြံခြင်း သို့မဟုတ် အင်အား ဖြစ်သည်။ အကောင်းဆုံး တိုက်ကွက်များကို ထုတ်ကာ ကိုယ့်အသက်အတွက် ယှဉ်ပြိုင်ကြရမည်။ ရှီကျင်းဝမ်က ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထိုစဉ် ရှီကျင်းဝမ် တစ်ကိုယ်လုံးတွင် ဒဏ်ရာများနှင့် ပြည့်နေလေသည်။ သူမ နှလုံးနှင့် လည်ချောင်း နေရာတွင် အပေါက်နှစ်ခု ရှိနေလေသည်။ သို့သော်လည်း သူမက အားလျော့မသွားချေ။ ပို၍ပင် တိုးပွားလာနေသေး၏။

နှာကောက်လည်း အခြေအနေ သိပ်၍ မဟန်ပေ။ အမည်မသိ နည်းလမ်း တချို့ဖြင့် ရှီကျင်းဝမ်သည် သူ့လည်ပင်းကို ဆွဲစုတ်နိုင်ခဲ့ကာ အသားများပင် လှန်နေလေသည်။ သူ့ရင်ဘတ်တွင်လည်း အပေါက်ကြီး တစ်ခုရှိကာ သွေးများ စီးကျနေလေသည်။

နှစ်ယောက်သားက အပြင်းအထန် တိုက်ခိုက် နေကြသော်လည်း မိုဝူကျီက သူတို့ နှစ်ယောက် တိုက်ပွဲကား မကြာခင်တွင် အဆုံးသတ်တော့မည် ဖြစ်ကြောင်း ပြောနိုင်သည်။ နောက်ဆုံး ရလဒ်က ရှီကျင်းဝမ် သေဆုံးခြင်း နှင့်အတူ နှာကောက်သည်လည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားလိမ့်မည်။

မိုဝူကျီက ရှေ့တက်လှမ်း လာလိုက်သည်။ သူ့စိတ်စွမ်းအားဖြင့် သူက နှာကောက်သည် ဧရာမ ပိုက်ကွန်ကို ထုတ်ယူလိုက်ကြောင်း မြင်လိုက်သည်။ ထိုလူက ရှီကျင်းဝမ်ကို ပိတ်လှောင်ဖို့ရာ ကြိုးစားနေသည်လား …

ရှီကျင်းဝမ်က ချက်ချင်း ဆိုသလို အခွင့်အရေးကောင်း ဆုံးရှုံးကာ အဆိုးဘက် ရောက်ရှိ သွားလေသည်။ သို့သော်လည်း မိုဝူကျီက သူမသည် ထိုထောင်ချောက် အတွင်း ကျရောက် သွားလောက်အောင် ရူးမိုက်လိမ့်မည်ဟု ထင်မထားပေ။

ထင်ထားသည့် အတိုင်း ဧရာမ ပိုက်ကွန်ကြီး ပစ်လိုက်သောအခါ ရှီကျင်းဝမ်၏ ဆေးဒယ်စောက်လည်း ပစ်လွှတ်လိုက်တော့သည်။၊ ပိုက်ကွန်ထဲတွင် ဆေးဒယ်စောက် ရောက်ရှိသွားသော်လည်း ရှီကျင်းဝမ်ကိုတော့ မပိတ်လှောင် နိုင်လိုက်ချေ။ တစ်ချိန်တည်းတွင် ရှီကျင်းဝမ်က ဆေးလုံးအချို့ ထုတ်ပစ်လိုက်သည်။

ရှီကျင်းဝမ်၏ ဆေးလုံးများကို ပြန်လည် တိုက်ခိုက်ရန် နှာကောက်က အနက်ရောင်အလင်း ပြန်လွှတ် လိုက်သည်။

ဆေးနှစ်လုံးကား နှာကောက် ခန္ဓာပေါ်တွင် ပေါက်ကွဲသွားလေသည်။ မိုဝူကျီက နှာကောက် ခန္ဓာမှ သွေးများ စီးကျလာသော အပေါက်နှစ်ခုကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ရှီကျင်းဝမ်တွင် အနက်ရောင် အလင်းကြောင့် အပေါက် နှစ်ခု တိုးသွားလေသည်။

ရှီကျင်းဝမ်က ရူးသွပ်သွားသည်များလား …. သူမခန္ဓာပေါ်မှ ဒဏ်ရာများကို အရေးမစိုက်ဘဲ သူမက လက်ဟန်တချို့ ပြုလုပ်ရင်း နှာကောက်ဆီကို ပြေးဝင်သွားတော့သည်။

လွှမ်းမိုးနိုင်သော သဘာဝစွမ်းအားများက ထွက်ပေါ်လာလေ၏။ နှာကောက်က မနေနိုင်ဘဲ နောက်ဆုတ်လိုက်ကာ ရှီကျင်းဝမ်၏ နောက်ဆုံး တိုက်ကွက်ကို ပြန်ရင်ဆိုင်ဖို့ရာ သူ့စွမ်းအားများ အားလုံးကို ထုတ်လိုက်တော့သည်။

ထိုစဉ် မိုဝူကျီက သူ့ထျန်းဂျီတုတ်ကို မြောက်ကာ နှာကောက် လည်ပင်းဆီ ခုန်ဝင်လိုက်လေသည်။

နှာကောက် အေးစက်စွာ လှောင်ရယ်မော လိုက်သည်။ ပါမွှားလေးက သူ့ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြံစည်ရဲသည်လား …

သူက ရှီကျင်းဝမ်နှင့် အပြည့်အဝ တိုက်ခိုက် နေလျှင်ပင် ပါမွှားလေးက ကြံစည်နိုင်သော သူ မဟုတ်ချေ။ သူ့ခန္ဓာကိုယ်ကို အနည်းငယ်စောင်းကာ ရှောင်ရှား လိုက်သည်။ မိုဝူကျီ၏ ထျန်းဂျီတုတ်က လမ်းကြောင်း လွဲသွားကာ သူ့အား မရိုက်မိလိုက်ပေ။

နှာကောက်က သူ့အမြန်နှုန်းကို မြင့်လိုက်လေ၏။ သူက မိုဝူကျီ ဦးနှောက်တွင် အပေါက်ငါးခု မဖောက်ခင် ရှီကျင်းဝမ်ကို ဖိအား ပေးချင်သည်။ ရှီကျင်းဝမ် တိုက်ခိုက်မှုများက ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၍ သူ့အတွက် စိုးရိမ်နေစရာ မလိုပေ။

သို့သော် နှာကောက်က ထပ်၍ အေးစက်စက် မရယ်မောနိုင်တော့ပေ။ ကြောက်ခမန်းလိလိ လျှပ်စီးအလုံးက သူ့ခါးမှ အပေါက်ဆီ ရောက်ရှိလာလေသည်။ ယခုလေးတင် ရှီကျင်းဝမ်က သူ့မ သဘာဝ စွမ်းအားများနှင့် တိုက်ခိုက် ထားသည့်အတွက် နေရာကား မတည်မငြိမ် ဖြစ်ထားလေ၏။ ထို့ကြောင့် သူက ဘေးမှ ရောက်ရှိလာသော လျှပ်စီးအလုံးကို မမြင်မိလိုက်ချေ။

***

All Chapters