← Chapters

အသက်ရှင်ဖို့ ကြိုးစားပါ

Vol. 14 Ch. 195

အသက်ရှင်ဖို့ ကြိုးစားပါ

Vol. 14 Ch. 195

“ဘုန်း ...” လျှပ်စီးအလုံးက ပေါက်ကွဲသွားကာ သွေးများ ပြန့်ကျဲ လာလေသည်။ နှာကောက် အမျိုးသားက ရှီကျင်းဝမ်၏ အရှိန်ပြင်းပြင်း ရောက်ရှိလာသည့် သဘာဝ စွမ်းအားများကို ခုခံနိုင်စွမ်း မရှိတော့သည့် အတွက် အော်ညည်း လိုက်တော့သည်။

ရှီကျင်းဝမ်က သူမ စွမ်းအားသည် ကန့်သတ်ချက်သို့ ရောက်နေမှန်း သိသည်။ ထိုသည်က သူမ အကောင်းဆုံး လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သူမက ထိုနှာကောက်ကို ပြင်းထန်စွာ ဒဏ်ရာ ရသွားစေဖို့နှင့် ယန်အာနှင့် ကျန်သူများ ထွက်ပြေးချိန် ရရှိစေရန် မျှော်လင့်မိလေသည်။ နှာကောက်ကို မိုဝူကျီက ရုတ်တရက် တိုက်ခိုက်ကာ သူမ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိအောင် ဖြစ်စေ လိမ့်မည်ကိုတော့ မမျှော်လင့်ထားပေ။ သူမ သဘာဝ စွမ်းအားများက နှာကောက်ဆီ တစ်ဟုန်ထိုး ပြေးဝင် သွားတော့သည်။ သူမက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်တော့သည်။ သူမက မိုဝူကျီ၏ ချောင်းမြောင်း တိုက်ခိုက်မှုသည် မည်သို့ အလုပ် ဖြစ်သွားကြောင်း သိချင်နေမိသည်။

အလှည့်အပြောင်း သို့မဟုတ် ခုခံမှုမရှိဘဲ ရှီကျင်းဝမ်၏ တိုက်ခိုက်မှုသည် နှာကောက်ကို အပြင်းအထန် ဒဏ်ရာ ရစေရုံလေး မဟုတ်ဘဲ အပြီးသတ် ရိုက်ချက် ဖြစ်သွားစေသည်။ နှာကောက်၏ ခါးက မိုဝူကျီ၏ လျှပ်စီးအလုံးနှင့် ထိထားသော အခိုက်အတန့် ရှီကျင်းဝမ် စွမ်းအား လှိုင်းများကြောင့် သူ့အတွင်း အင်္ဂါများမှာ စုတ်ပြဲ သွားလေသည်။

မိုဝူကျီက ထိုသို့ အခွင့်ကောင်းကို မဖြုန်းတီးတော့ဘဲ ထျန်းဂျီတုတ်ကို ယူကာ လွှဲရိုက်ချ လိုက်တော့သည်။

“ဘမ်း ...”

သွားချင်း ရိုက်သံကိုပင် ကြားနိုင်လေသည်။ နှာကောက်၏ ဦးနှောက်က မိုဝူကျီ ထျန်းဂျီတုတ် လက်ချက်ဖြင့် အသားရည်များ ဖြစ်သွားလေပြီ။

မိုဝူကျီက လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး ထျန်းဂျီတုတ်ကို သူ့နောက်မှာ ထားလိုက်သည်။

မနီးမဝေးတွင် ပြင်းထန်စွာ ဒဏ်ရာ ရနေသော ရှီကျင်းဝမ်က နှာကောက် အလောင်းကို ကြောင်တောင်တောင် ကြည့်မိနေသည်။ ထို့နောက် မိုဝူကျီကို လှည့်ကြည့်လိုက်သည်။ သူမက ပြောစရာ စကားပင် ရှာမတွေ့ပေ။

“သေချာ ကျင့်ကြံပြီးတော့ အသက်ရှင်ဖို့ အတွက် ကြိုးစားပါ ...” မိုဝူကျီက ယန်အာရှေ့တွင် ရပ်ကာ သူမကို ရိုးရိုးစကားလေး တစ်ခွန်းသာ ပြောလိုက်သည်။ ထို့နောက် သူက လှည့်ထွက်ကာ အဝေးကို လျှောက်သွားလေသည်။ သူအသံက ခပ်ဩဩရှိပြီး သူက တစ်နေရာတွင် ကြာကြာ မနေသည့် ခရီးသွားနှင့် တူလေသည်။

သေခြင်းတရားများနှင့် အကြိမ်များစွာ ကြုံတွေ့ပြီး နောက်တွင် မိုဝူကျီက အသက်ရှင်ဖို့ရာ မလွယ်ကူကြောင်း နားလည် လာလေသည်။

နှာကောက်၏ သိုလှောင်အိတ်ကို ယန်အာအတွက် ချန်ထားပေးခဲ့ လိုက်သည်။

“သူက ဘယ်သူလဲ ...” မိုဝူကျီ ပုံရိပ် ပျောက်ကွယ် သွားသည်နှင့် ယန်အာဘေးမှ အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ထိုမေးခွန်းကို မေးလိုက်သည်။

“ဘယ်သူ ... မှန်းတော့ မသိဘူး ...” ယန်အာလည်း ပြောစရာ ရှာမတွေ့ပေ။ ယခု အချိန်အထိ သူမက မိုဝူကျီသည် သူ့အသက်ကို စတေး၍ သူမကို ကယ်တင်ခဲ့ကြောင်း နားမလည်ပေ။ ထို့အပြင် သူက သူမကို ကောင်းကောင်း ကျင့်ကြံဖို့နှင့် အသက်ရှင်ဖို့ရာ ကြိုးစားရန် မှာကြား သွားသေးသည်။ သူမ မှတ်ဉာဏ်တွင် ထိုသို့ မျက်နှာမည်း ဘုန်းကြီးနှင့် မခင်မင်ဖူးပေ။ ထိုလူက သူမ အတိတ်က သိတဲ့သူများ ဖြစ်နေမလား ... ဆရာက သူမ သိတဲ့သူတိုင်းက သေမျိုးတွေချည်းလို့ ပြောထား ဖူးသေးသည် မဟုတ်ပါလော ...  သူက ထိုသို့ ကျင့်ကြံသူမျိုးကို သိမည်နည်း။

“နင်က သူ့ကို မသိဘဲနဲ့ သူက နင့်အတွက် အသက်ကိုတောင် စတေးပြီး ကယ်ပေးခဲ့တာလား ...” ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ထပ်မေးလိုက်သည်။

“ယန်အာ ...” ရှီကျင်းဝမ်က ဆေးတချို့ကို မျိုချပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

“အာ ... စီနီယာအစ်မ အဆင်ပြေရဲ့လား ...” ယန်အာက နောက်ဆုံးတွင် အသိပြန်ကပ် လာကာ ချက်ချင်း ရှီကျင်းဝမ် ထနိုင်ရန် ပြေးကာ ကူညီပေးလိုက်သည်။

ရှီကျင်းဝမ်က မိုဝူကျီ ထွက်သွားသည့် နေရာကို ကြည့်ကာ မေးကြည့်လိုက်သည်။

“ယန်အာ သူ့ကို သိလား ...”

ယန်အာက ခေါင်းခါပြ လိုက်သည်။ သူမက ထိုအမာရွတ်၊ သွေးများ ပေကျံနေသော၊ ဒဏ်ရာများ ပြည့်နေသော မျက်နှာမည်း ဘုန်းကြီးကို တကယ်ကို မသိပေ။

“သေစမ်း ...” အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ရုတ်တရက် တအံ့တဩ ထပြောလိုက်သည်။

အခြား သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး သူမက ဘယ်သူကို ပြောနေကြောင်း ကြောင်သွားကြသည်။

အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက လျှပ်စီးရေကန် ဝန်းကျင်မှ လူအသေလောင်း ရာကျော်ကို လက်ညှိုးထိုးပြ၍ တုန်လှုပ်တကြီး ပြောလိုက်သည်။

“ဒီလူတွေ အကုန်လုံးကို သူတစ်ယောက်တည်း သတ်တာတော့ မဟုတ်ဘူးမလား ...”

လေးယောက်သား လုံးဝ တိတ်ဆိတ် သွားလေသည်။ အချိန်တချို့ အကြာတွင် ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ထပြောလိုက်သည်။

“သူပဲ ဖြစ်ရမယ်။ သူ့တစ်ကိုယ်လုံးက သွေးတွေ ပေကျံနေပြီးတော့ ခေါင်းနဲ့ တစ်ကိုယ်လုံး လျှပ်စီး ဒဏ်ရာတွေ ပြည့်နေတာ ... ကြည့်ရတာ လျှပ်စီးကန်ထဲက ထွက်လာသလိုပဲ ...”

“သူ ဘယ်သူလဲ ဆိုတာ ငါသိပြီ ... သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ ... သူ့အဆင့် ဒီလောက် မြင့်နေတာ မအံ့ဩတော့ပါဘူး သူက တကယ်ကို အားကောင်းတယ် ...” အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက နောက်ဆုံးတွင် သတိထားမိပြီး အံ့ဩတကြီး ရေရွတ် လိုက်တော့သည်။

အကြောင်းမှာ မိုးကြိုးမြူ တောတွင် သားရဲများနှင့် တွေ့နိုင်သလို အခြားသော အကြောင်းပြချက် များကြောင့်လည်း ဖြစ်နိုင်သည်။ နယ်ခြား ကျင့်ကြံသူများက မိုးကြိုးမြူ တောတွင် ဖွတ်ဖွတ်ညက်ညက် ကြေအောင် ခွက်ထိုးလန် ရှုံးသွားကြသည်။ ထို့ကြောင့် နယ်ခြား ကျင့်ကြံသူများက မိုးကြိုးမြူတောတွင် သူတို့၏ ယာယီစခန်းကို ဆောက်မည့် အကြံကို လက်လျှော့၍ နောက်ဆုတ် သွားကြတော့သည်။

ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်းအိမ်တော် …

ထိုသည်က ယန်မြို့တော်တွင် နံပါတ်တစ် ဟိုတယ် ဖြစ်ရုံသာမက ထျန်းရှန်း အင်ပါယာ တစ်ခုလုံးတွင် အကောင်းဆုံး နံပါတ်တစ် ဖြစ်နေသေး၏။ ပတ်ဝန်းကျင် အနေအထားက သာယာသည့် အပြင် ဝိညာဉ် စွမ်းအားများလည်း ပေါကြွယ်ဝကာ နေရာမှာလည်း ကျယ်ဝန်း လှပေသည်။ ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ မြို့ကွက်လပ်မှ စိုက်ထူထားသော ဂိုဏ်းတစ်ရာ မဟာမိတ် အမှတ်ဇယားများကို အလွယ်တကူ မြင်နိုင်လေသည်။ ထို့အပြင် ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်တွင် အထူးပြုလုပ် ထားသော အရောင်းအဝယ် ခန်းမ ရှိလေသည်။

အင်ပါယာ ငါးခုနှင့် နယ်ခြား ကျင့်ကြံသူများ တိုက်ပွဲအတွင်း ဤနေရာတွင် တိုက်ပွဲမှ ပစ္စည်းများ ရှိသည်။ ကျင့်ကြံသူ တချို့က ဈေးတွင် လဲလှယ် ကြသော်လည်း ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်ကို သွားကြသူများလည်း ရှိ၏။

လက်တလောတွင် နယ်ခြား ကျင့်ကြံသူများက မိုးကြိုးမြူတောမှ နောက်ဆုတ်သွားကာ ထျန်းရှင်း အင်ပါယာမှ နယ်ခြား ကျင့်ကြံသူများနှင့် အဖွဲ့ပြန်ဖွဲ့စည်း ထားလေသည်။ ပုံမှန်အားဖြင့် အင်ပါယာ ငါးခု၏ ကျင့်ကြံသူများက ယန်မြို့တော် ယာယီစခန်းသို့ ပြန်ရောက်ရှိ လာကြသည်။ ထို့ကြောင့် ယန်မြို့တော်ကား စည်ကားနေကာ ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်တွင်လည်း ပို၍ အသက်ဝင်နေသည်။

လူအများကို ဆွဲဆောင်နိုင်ရန် အင်မော်တယ် ကျောက်စိမ်း အိမ်တော်က သူတို့၏ ဆယ်ထပ်လုံးကို လက်ဖက်ရည် အိမ်တော်အဖြစ် ပြောင်းလဲ ထားလေသည်။ ဤနေရာတွင် လူအများက လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောနိုင်ကြသည်။ တစ်ချိန်တည်းတွင် သူတို့က အရောင်းအဝယ် ခန်းမကို သွား၍ လဲလှယ် နိုင်ကြသေးသည်။

ကျင့်ကြံသူများက အင်မော်တယ် ကျောက်စိမ်း အိမ်တော်သို့ လာရောက် လည်ပတ်ကြသည်။ ဤနေရာတွင် သူတို့က စိတ်ကြိုက် စိတ်ထဲရှိတာ ပြောဆို နိုင်လေသည်။

နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ပွဲအပြင် ကျင့်ကြံသူများ အကြားမှ ရေပန်း အစားဆုံး ခေါင်းစဉ်မှာ ယန်မြို့တော် ကွက်လပ်မှ အမှတ်ဇယား အကြောင်း ဖြစ်၏။ အကျယ်တဝင့် ဆွေးနွေးကြသည့် ခေါင်းစဉ်မှာ နံပါတ်တစ် ဖြစ်နေသည့် ကြီးမြတ်ရန်ကျူး ဂိုဏ်းမှ ရှီယီရွမ် မဟုတ်သလို ကောင်းကင်ဖွေရှာ နန်းတော်မှ နံပါတ်နှစ်နှင့် သုံးဖြစ်ကြသည့် ဖုန်းလော့ကျန့်နှင့် ကုန်းကျိဟန် အကြောင်း မဟုတ်ပေ။ အမည်မသိ ကျင့်ကြံသူ ဖြစ်သည့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ ဖြစ်သည်။

နှစ်ဝက်အတွင်း နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်သည့် ထိုဖျက်မြင်းမှာ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် ဗြုန်းခနဲ ပေါ်လာခြင်း ဖြစ်သည်။ ထိုမျှတင် မဟုတ်သေးပေ။ သူက အဆင့် ၁၀ တစ်ခါတည်း တန်းဖြစ် သွားလေသည်။ လအနည်းငယ် အတွင်း နယ်လှည့် ကျင့်ကြံသူက ပါရမီရှင်ထက်တွင် ပါရမီရှင်များ ပေါ်လာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားသေးသည်။

လူတော်တော် များများက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သည် ကံကောင်း၍ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှ ကျင့်ကြံသူကို သတ်နိုင်ခဲ့သည် ဟုသာ တွေးထင် ကုန်ကြတော့သည်။ ထို့ကြောင့်သာ တစ်ခါတည်းဖြင့် အမှတ် ၉၀၀၀ တန်းရသွားခြင်း ဖြစ်ရမည်။ ထိုသည်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပြန်လည် မကျော်ကြားလာခင် နှစ်လအကြာမှ ဖြစ်သည်။ တစ်ခါတည်းဖြင့် သူ့အမှတ်ကား ၃၀၀၀ ကျော် သွားလေကာ စုစုပေါင်းအမှတ် ၁၂၀၇၆ ဖြင့် အဆင့် ၆တွင် ရပ်တည် နေလေသည်။

ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် ရလဒ်အသစ်များ ထွက်လာသော အခါ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အမှတ်ပေါင်း ၁၂၀၇၆ဖြင့် အဆင့်၆ နေရာကို ရောက်နေသည်ကို တွေ့လိုက် ကြရသည်။ ထိုမှသာ ကံကောင်း၍ ဖြစ်လာသည်ဟု ယုံကြည်နေကြသော လူများလည်း လျော့နည်း သွားတော့သည်။

ကံကောင်းမှုက တစ်ကြိမ် တစ်ခါသာ လာတတ်ကာ အမြဲတမ်း ကံကောင်း မနေနိုင်ပေ။ ထို့အပြင် ဤတစ်ကြိမ်တွင် သူ့အမှတ်များ မည်သို့ မြင့်တက်လာကြောင်း တွေ့လိုက်ကြရသည်။ တခါတည်း ၃၀၀၀ တန်းသွားခြင်း မဟုတ်လဲ တဖြည်းဖြည်းချင်းစီ အမှတ်တွေ တိုးလာခြင်း ဖြစ်သည်။

အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ ဆိုင်အကူ စကားအရ သူသည် ကံတိုက်ဆိုင်သော တစ်ရက်တွင် အဆင့်ဇယား ရှေ့တွင် ရပ်နေမိခဲ့၍ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ၏ အမှတ်များက တဖြည်းဖြည်းချင်း တက်လာကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရသည်။ နှစ်နာရီအတွင်း အကြိမ်ရေ တစ်ခါလောက် အမှတ်များ ပြောင်းလဲ သွားလေသည်။

ပြတင်းပေါက် ဘေးတွင် ထိုင်နေသည့် ကျင့်ကြံသူများက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ဆွေးနွေး နေကြသည်။ သူတို့ထဲမှ တစ်ယောက်က ဆိုင်အကူ စကားများကို ပြောပြ လိုက်သည့်အခါ နောက်တစ်ယောက်က ချက်ချင်း ပြန်လည် ချေပလေသည်။

“ဒါက မဖြစ်နိုင်ပါဘူး။ အမှတ်တွေ အကြိမ်ရေ တစ်ရာလောက် ပြောင်းတာ ယုံပါတယ်။ ဒါပေမဲ့ အဲဒီလို အမှတ်တွေ ပြောင်းဖို့က နယ်လှည့် ကျင့်ကြံသူတွေကို ဆက်တိုက် သတ်နေရမှာကွ ... ဒါပေမဲ့ မင်းပြောတာ နှစ်နာရီအတွင်း အကြိမ်ရေ တစ်ရာလောက် ပြောင်းသွားတာ ကတော့ နည်းနည်း ပိုလွန်း နေပြီလေကွာ ...”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ ...” ဆိုင်အကူ ပြောပြသည့် အကြောင်းကို လက်ဆင့်ကမ်းသည့် ကျင့်ကြံသူက အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ တခြား ကျင့်ကြံသူ စကားများက သူ့အား မျက်ကန်း တစ်ယောက်လို လျှောက်ပြောနေသည်ဟု ထင်ရစေသည်။

မယုံကြည်သည့် ကျင့်ကြံသူက ရိုးရိုးလေး ဆက်ပြောလိုက်သည်။

“တွေးကြည့်ပါဦး’နှစ်နာရီအတွင်း အမှတ်က အကြိမ်တစ်ရာလောက် ပြောင်းတာဆိုတာ ဘာအဓိပ္ပာယ်လဲ ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅မှာ နယ်ခြားကျင့်ကြံသူ ရာကျော် အဝန်းခံ နေရတာပေါ့၊ အဲဒီလိုလူတွေနဲ့ ရင်ဆိုင်နေရရင် အားလုံးကို တစ်ခါတည်း မသတ်နိုင်ဘူး ဆိုတော့ တစ်ခါမှာ တစ်ယောက်နှုန်းနဲ့ သတ်ရမယ် ... အဲဒီလိုဆိုရင် ဘယ်လို ဖြစ်သွားမလဲ ... အဲဒီနယ်လှည့် ကျင့်ကြံသူရဲ့ အဆင့်က သိပ်မမြင့်ဘူး။ ကျင့်ကြံဆင့် အနိမ့်နဲ့ နယ်လှည့် ကျင့်ကြံသူကို နယ်ခြား ကျင့်ကြံသူတွေ ရာချီဝိုင်း ထားတာတောင် သူက အသတ်မခံ ရရုံတင်မဘူး တစ်ယောက်ချင်းစီ သတ်နိုင် ခဲ့တာလား ... သူ့ရန်သူတွေက ဝက်တွေလို မင်းလာသတ်မဲ့ အချိန်ကို လည်စင်း စောင့်နေရင်တော့ မပြောတတ်ဘူး ...”

ပြန်ပြောပြသည့် ကျင့်ကြံသူက ထိုမေးခွန်းများ ကြားသောအခါ ကြောင်သွားကာ သူက လျော့သွားလေသည်။

“ခင်ဗျား ပြောတာတွေလည်း ဟုတ်သားဗျ ... ဒီလိုတော့ မဖြစ်နိုင်လောက်ဘူး ...”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ ... အဲဒါတွေက အမှန်ဆိုတာ သက်သေ ပြနိုင်တယ်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အခုထိ မြေကမ္ဘာအဆင့်ကို မတက်လှမ်း ရသေးတာလဲ အတည် ပြုပေးနိုင်တယ် ...” ရှင်းလင်း ပြတ်သားလှသည့် အသံက မကျေမနပ် ပြောလိုက်သည်။

အသံက အနည်းငယ် ကျယ်လောင် နေသောကြောင့် အားလုံးက အာရုံစိုက်မိ သွားလေသည်။

ပြောသည့်သူမှာ အစိမ်းရောင်ဝ တ်စုံနှင့် အမျိုးသမီး ဖြစ်၏။ သူမက လူအများအာရုံ ရလာသည်ကို မြင်သောအခါ ဆက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်မ ကိုယ်တိုင် သူ့တိုက်ပွဲအပြီး ရလဒ်ကို တွေ့လိုက်ရတာ ... နေရာ တစ်ခုလုံးက နယ်ခြား ကျင့်ကြံသူ အလောင်းတွေနဲ့ ပြည့်နေတာ ... သူလည်း ဒဏ်ရာ အပြင်းအထန် ရထားတယ်။ အဲဒါတောင် သူက ကျွန်မတို့ရဲ့ ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီက စီနီယာ ရှီကျင်းဝမ်ကို စစ်မှန်ခြင်း နတ်ဘုရား အဆင့်က သူကို သတ်နိုင်အောင် ကူညီပေးခဲ့ သေးတယ် ...”

အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ယန်အာတို့နှင့် ရှိနေသည့် အမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူမက မိုဝူကျီသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်လိမ့်မည်ဟု ယုံကြည် နေမိသည်။

“မင်းပြောနေတာကို ဘယ်သူက သိမှာလဲ ... လူတော်တော် များများက ကျင့်ကြံသူ ၂၇၀၅ ကို သိတယ်ဆိုပြီး ပြောကြပေမဲ့ အားလုံက အတုအယောင် တွေချည်းပဲ ...” လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ထိုမျှ ဂုဏ်သတင်း ကျော်ကြားသည့် တစ်ယောက်တည်းသော သူ မဟုတ်ပေ။ အဆင့် ၁၀၀ထဲတွင် ရှိနေသော ကျင့်ကြံသူ အားလုံးမှာ ကောင်းကင် ချီးမြှောက်ခံရသော ကလေးများ ဖြစ်ကြသည်။ ယန်မြို့တော်၌ တစ်ယောက်ချင်းစီတွင် လူကြိုက် များကြလေသည်။ အကယ်၍ သူတို့သာ အင်မော်တယ် ကျောက်စိမ်း အိမ်တော်သို့ ဝင်လာလျှင် အိမ်တော်က ဘာကြေးမှ လက်ခံမည် မဟုတ်ပေ။ ဂုဏ်တောင် ယူနေလိမ့်ဦးမည် ဖြစ်၏။

အဆင့် ၆တွင် ရှိသော နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် အင်ပါယာ ငါးခု၏ ကျော်ကြားသော ပုံရိပ် ဖြစ်နေလေပြီ။ အကယ်၍ သာမန် ဂိုဏ်းခေါင်းဆောင်သာ သူနှင့် တွေ့ဆုံပါက ဂိုဏ်းခေါင်းဆောင်ပင် ရပ်၍ နှုတ်ဆက်ဦးမည် ဖြစ်သည်။ ထိုသို့သော ပါရမီရှင်မျိုးကို မျက်မြင်ကိုယ်တွေ့ ဆုံစည်း နိုင်ခြင်းသည် ရွှေကောက်ရသလို ခံစားချက်နှင့် အတူတူ ဖြစ်၏။

ထို့ကြောင့် လူတော်တော်များများက သူတို့ကိုယ် သူတို့ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားထဲမှ ပါရမီရှင်များနှင့် သိကျွမ်းခွင့် ရချင်ကြသည်။ သို့သော် ထိုပါရမီရှင် အများစုကား နာမည် ကျော်ကြားပြီး လူသိများသော သူများ ဖြစ်ကြသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ အမည်မသိ ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် လူအများစုက သူတို့ကိုယ် သူတို့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅နှင့်သိကျွမ်းကြောင်း ပြောဆိုကြသည်။

“ကျွန်မက ကောင်းကင်ဖွေရှာ နန်းတော် တာအိုဂိတ် အတွင်းစည်းတပည့် ရွှယ်ထုံဇီးပဲ ... အဲဒီအဖြစ်အပျက် ဖြစ်တုန်းက ကျွန်မ တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး စီနီယာ ကျင်းဝမ်လည်း ရှိနေတယ်။ ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် ယန်အာနဲ့ ကြီးမြတ်ရန်ကျူး ဂိုဏ်းက လင်းယီကျန်းလည်း ရှိတယ် ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့အသက်ကိုတောင် စတေးပြီးတော့ ယန်အာကို ကယ်တင်ပေးခဲ့တာ ဘာလို့ လိမ်ပြောရမှာလဲ ...” အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ဆူပုပ် နေလေသည်။ သူတို့က သူမကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နှင့် သိကျွမ်းသည်ဟု လိမ်ညာသော သူများနှင့် နှိုင်းသည့်အတွက် အတော်လေး စိတ်ဆိုးမိသည်။

“အဲဒီ စီနီယာက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အတွင်းစည်း တပည့် ဟုတ်တယ် ... သူမက လိမ်မှာ မဟုတ်ဘူး ...” တစ်ယောက်က ရွယ်ထုံဇီးကို မှတ်မိလေသည်။

“စီနီယာရွယ် အဲဒီနယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဘယ်လို ပုံစံမျိုးလဲဗျ ...” နောက်တစ်ယောက်က ထပ်မေး လိုက်လေသည်။

***

All Chapters