← Chapters

မင်းမှန်တယ်

Vol. 14 Ch. 196

မင်းမှန်တယ်

Vol. 14 Ch. 196

ရွယ်ထုံဇီးက မပြောခင် ခဏတာ စဉ်းစားလိုက်ပြီး …

“သူ့အသားရေက နည်းနည်း မည်းပြီးတော့ သူ့မျက်နှာမှာ အမာရွတ်ကြီး ရှိတယ် ... သူက ဘုန်းကြီးလို ဝတ်ထားတာ ... သူ့ကို တွေ့တုန်းက သူ့ခန္ဓာမှ ဒဏ်ရာအပြည့်ပဲ ဒဏ်ရာ လွတ်နေတဲ့ နေရာလို့ကို မမြင်မိဘူး ... ပြီးတော့ ယန်အာကို ကယ်တင်ဖို့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူရဲ့ အလင်းတန်းကို ဝင်ခံလိုက်တာ ရင်ဘတ်မှာ ပေါက်သွားသေးတယ် ...”

သူမ တွေဝေနေသည့် နောက်ကွယ်က အကြောင်းရင်းမှာ ရွယ်ထုံဇီးက မိုဝူကျီ (ယန်အာကို ကယ်တင်ပေးခဲ့သူ)သည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း မသေချာ၍ မဟုတ်ပေ။ ထို့အပြင် ထိုသည်က သူမအတွေးသာ ဖြစ်လေသည်။ မည်သို့ပင် ဖြစ်နေပါစေ ရွယ်ထုံဇီး စကားများကို ကြားပြီးသည့် နောက်တွင် ဆယ်ထပ်လုံးရှိ ကျင့်ကြံသူများ ကြားတွင် ပွက်လောရိုက် သွားလေသည်။ ရွယ်ထုံဇီး စကားအဆုံးတွင် အားလုံး၏ မျက်လုံးထဲတွင် အခြေအနေ တစ်ခုလုံးကို မြင်ယောင် လာလေသည်။ သူတို့က နယ်လှည့် ကျင့်ကြံသူက ထိုအမှတ်များကို သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများစွာကို ဖြတ်သန်း၍ ရလာသည်မှန်း သိလိုက်ကြသည်။ ကံကောင်း ထောက်မ၍ ရန်သူ၏ သေရေးတမျှ အခြေအနေတွင် သတ်နိုင်ခဲ့ခြင်း မဟုတ်ပေ။

“ဒီလောက် အမှတ်တွေ ရအောင် သူ့အသက်ကို စတေး ထားတယ်လို့ ကျွန်မတော့ ယုံကြည်တယ် ...” ရွယ်ထုံဇီးက နောက်ဆုံးစကားကို ထပ်ပြော လိုက်သည့်အခါ အားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို လေးစား လာကြတော့သည်။

“အမှတ်တွေ ရဖို့အတွက် အသက်ကိုတောင် ပဓာန မထားတာ ... ကျုပ် လျူမန်တော့ သူ့ဆီမှ အများကြီး သင်ယူ လိုက်ရတယ်ဗျို့ ...” ခဏအကြာတွင် လူသန်ကြီး တစ်ယောက်က စိတ်အား တက်ကြွစွာ ပြောလိုက်လေသည်။

“အမှန်ပဲ ... ကျုပ်တို့က ကျင့်ကြံခြင်း လမ်းကြောင်းကို ရွေးချယ် ထားပြီးပြီ။ နယ်ခြား ကျင့်ကြံသူတွေက ကျုပ်တို့ အိမ်၊ ကျုပ်တို့မြေကို လာရောက် ကျူးကျော်ကြတယ် ... ကျွန်တော့် အသက်ကို စတေးပြီး မတိုက်ခိုက်မှတော့ ကျုပ်တို့ နေထိုင်ရာ မြေအတွက် ဘာတာဝန်ကျေမှာလဲ ... နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကတောင် ဒီလောက် လုပ်နိုင်သေးရင် ကျုပ်တို့ ဂိုဏ်းသားတွေ ကရော ဘာလို အတူတူ မလုပ်နိုင်ရမှာလဲ ...”

“ကျုပ်လည်း အတူတူပဲ တွေးမိတယ် ... နယ်လှည့် ကျင့်ကြံသူက လူတွေကို ကယ်ပြီး အသက်ကို စတေးပြီးတော့ နယ်ခြား ကျင့်ကြံသူတွေကို တိုက်ခိုက်တယ် ဆို‌တော့ ကျုပ်ကို ကျုပ်တောင် ရှက်မိတယ် ...”

“သူက အမှန်တကယ် လူသား အဆင့်လွန် ကျင့်ကြံသူဆိုရင် ပို၍တောင် လေးစားဖို့ ကောင်းသွားပြီဗျာ ... အဆင့်တစ် ရှီယီရွမ်တို့ အဆင့်နှစ်နဲ့သုံး ဖြစ်တဲ့ ဖုန်းလော့ကျန့်နဲ့ ကုန်းကျိဟန်တို့နဲ့ ယှဉ်ရင် သူက အတော်လေး သွေးပူတာပဲ ...”

ဆယ်လွှာ ထောင့်တစ်နေရာတွင် ဖြူဖျော့ဖျော့ ကျောင်းသားက ထိုင်နေကာ ထိုဆွေးနွေးချက်များကို ကြားပြီး အတော်လေး အံ့အားသင့်မိ သွားသည်။ သူက သူသည် ထိုသို့ အောင်မြင်ကျော်ကြား နေလိမ့်မည်ဟု ထင်မထားခဲ့ကေ။ သူက ယန်မြို့တော်ကို ဝင်လာသည့် အခိုက်အတန့်မှ စ၍ သူ ကြားသမျှ အရာအားလုံးကား နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်းပင် ဖြစ်သည်။

ထိုဖြူဖျော့ဖျော့ ကျောင်းသားက မိုဝူကျီ ဖြစ်၏။ မိုးကြိုးမြူတောမှ ထွက်လာပြီးနောက် သူက အပြည့်အဝ ပြန်ကောင်းဖို့ရန် တစ်လတာ အချိန်ယူခဲ့ ရသည်။ သူက စီနီယာ ကျင်းဝမ်နှင့် မဆက်ဆံ လိုသောကြောင့် သူ့ပုံစံကို ဘုန်းကြီးမှ ကျောင်းသားပုံ ပြောင်းထားခြင်း ဖြစ်၏။

သူ့စိတ်ထဲတွင် ရွယ်ထုံဇီးက သူ့ကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေမှန်း ခန့်မှန်းနိုင်ခဲ့မှန်း အတော်လေး အံ့အားသင့်မိ နေသည်။

မိုဝူကျီ ဤနေရာသို့ ရောက်ရှိလာသည့် အကြောင်းရင်းမှာ အမှတ်များ ရရှိဖို့ရာ မဟုတ်ပေ။ ထို့အစား ဒဏ်ရာများ ပျောက်ကင်း သွားစဉ်မှ စ၍ သူ့ကျင့်ကြံဆင့်က တက်မလာချေ။ တစ်လတာ တံခါးပိတ် ကျင့်ကြံသော်လည်း သူက လူသား အဆင့်လွန် အဆင့် ၁ ၌သာ ကျန်ရှိနေလေသည်။ သူက ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံး သုံးလျှင်ပင် သူ့ကျင့်ကြံဆင့်က တစ်စက်လေးမျှ တိုးတက် မလာပေ။

သူ့ကျင့်ကြံခြင်းက ရပ်တန့် သွားသောကြောင့် မိုဝူကျီက သူ့ကျင့်စဉ်တွင် တစ်ခုခု မှားယွင်းနေခြင်း ဖြစ်ရမည်ဟု ယုံကြည်မိ ထားသည်။ အင်မော်တယ် မော်တယ် ကျင့်စဉ်က သူ့ကို လူသား အဆင့်လွန် မကျော်လွန် နိုင်စေပေ။

နောက်ပြဿနာ တစ်ခုကား သူက လူသားအဆင့်လွန် အကြောင်းကို များစွာ မသိပေ။

ထို့ကြောင့် မိုဝူကျီက အမှတ်များကို အသုံးပြု၍ ယန်မြို့တော်တွင် ကျင့်စဉ်တချို့ လဲလှယ်ရန် စိတ်ကူး ထားလေသည်။ ဂိုဏ်းပေါင်းသိန်းချီ ရောနှောထားသော ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့တွင် အင်မော်တယ် မော်တယ် ကျင့်စဉ်မှ ဆက်လက် ကျင့်ကြံနိုင်မည့် ကျင့်စဉ်များ ရှာဖို့ရန် ပြဿနာ မရှိလောက်ချေ။

“ဟော်ယွီချန် မင်း ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် ငါတို့ လိန်မျိုးနွယ်စုက မင်းကို အလွတ်မပေးဘူး ...” ခြေသံများက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ဆွေးနွေးမှုကို နှောင့်ယှက် လိုက်လေသည်။

ထို့နောက်တွင် လူငါးယောက်၊ ခြောက်ယောက် ထွက်ပေါ်လာလေ၏။ သူတို့ကို ဦးဆောင်လာသူမှာ ရှုပ်ပွနေသည့် ဆံပင်နှင့် နှုတ်ခမ်းထောင့်တွင် သွေးများ ပေကျံနေသောသူ ဖြစ်၏။ သူ့နောက်တွင် ကျင့်ကြံသူ ငါးယောက်ရှိကာ အမျိုးသမီး တစ်ယောက် ပါဝင်လေသည်။

ငါးယောက်သား သူတို့ရှေ့မှ မျှော်လင့်ချက် ပျက်သုဉ်းနေသည့် အကြည့်လေးနှင့် လူငယ်လေးကို ဝန်းရံထား လိုက်သည်။ သူ့အတွက် လွတ်မြောက်ရန် လမ်းမရှိကြောင်း သိ၏။

တစ်ဖက်တွင် မိုဝူကျီက လူငယ်လေးကို လေ့လာ နေလေသည်။ ထိုလူက နည်းနည်း ရင်းနှီးနေဟန် ခံစားနေရသည်။

ဆယ်လွှာလုံးမှ ကျင့်ကြံသူများက သူတို့အား ကြည့်နေသည်ကို မြင်သောအခါ လူခြောက်ယောက်က အလျင်အမြန် လေးလေးစားစား နှုတ်ဆက်ကာ …

“အားလုံးပဲ ... ကျုပ်က ယုလင်း လိန်မျိုးနွယ်စုရဲ့ လိန်ချန်းဟယ်ပါ ... ဒီလူကတော့ ဟော်ယွီချန်ပါ။ မိုးကြိုးမြူတောထဲ ကျုပ်တို့တွေ တိုက်ပွဲ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာစဉ် အင်ပါယာငါးခုက လူတွေ ဒဏ်ရာ ရလာတာ မြင်တော့ ကျုပ်တို့ လိန်မျိုးနွယ်စုက သူတို့ကို ရဲရဲဝံ့ဝံ့ ကယ်တယ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူက သိုးရေခြုံထားတဲ့ ဝံပုလွေ ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ ... သူ့ဒဏ်ရာတွေ ပျောက်ကင်း သွားပြီးတော့ သူက ကျုပ်တို့ လိန်မျိုးနွယ်စုရဲ့ ရန်ကျဲ့၏ စေ့စပ်ထားသူ ရှုကျဲ့ကို အဓမ္မ ပြုကျင့်ခဲ့တယ် ...”

“လိန်ရန်ကျဲ့လား ... သူက ကြီးမြတ်ရန်ကျုး ဂိုဏ်းက နံပါတ်တစ် ပါရမီရှင် တပည့် မဟုတ်ဘူးလား ... အသာလွန်ဆုံး လျှပ်စီး ဝိညာဉ်ကြောနဲ့ လိန်ရန်ကျဲ့လား ...” လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။

လိန်ချန်းဟယ်က နောက်တစ်ကြိမ် ခါးညွတ်ကာ …

“ဟုတ်ပါ့ဗျာ ... ကြီးမြတ်ရန်ကျူး ဂိုဏ်းကို ဝင်ခွင့်ရသွားတဲ့ ရန်ကျဲ့ပါ ... ဂိုဏ်းထဲမှာတောင် သူက ထိပ်တန်း ပါရမီရှင် ဆယ်ယောက်ထဲ ပါတယ်ဗျ ...”

မိုဝူကျီက ထိုကျင့်ကြံသူသည် ဟော်ယွီချန် ဖြစ်ကြောင်း ကြားသောအခါ အဖြစ်အပျက်များကို ချက်ချင်း သဘောပေါက် သွားတော့သည်။ ထိုလူကို ရင်းနှီးနေဟန် ပေါ်နေသည်က မထူးဆန်းတော့ပေ။ ထိုသူက ဟော်ယွီချန် ဖြစ်နေသည်။

သူက ဟော်ယွီချန်သည် ယုလင်း လိန်မျိုးနွယ်စုကို မဆန့်ကျင်မှန်း သဘောပေါက် သွားလေသည်။ လိန်မျိုးနွယ်စုမှ လိန်ရန်ကျဲ့ကား ကြီးမြတ်ရန်ကျုး ဂိုဏ်းမှ ထိပ်တန်း ဆယ်ယောက်ထဲ ဖြစ်နေသည်။ ဟော်ယွီချန်က ကောင်းကင်ဖွေရှာ နန်းတော်တွင် အတွင်းစည်း သာသာ ဖြစ်ရာ ထိုမျှ လုပ်ပိုင်ခွင့် အများအပြား မရှိချေ။ ထို့အပြင် သူ့နေရာကို စစ်မှန်ခြင်း နတ်ဘုရားပန်းနှင့် လဲလှယ်၍ ရလာခြင်း ဖြစ်သည်။ အတွင်းစည်း တပည့် လိုအပ်ချက်များနှင့် ပြည့်စုံ၍ ဖြစ်လာခြင်း မဟုတ်ပေ။

နှုတ်ခမ်းကို တင်းတင်းစေ့ ထားရင်း ဟော်ယွီချန်က စကားတစ်ခွန်းမျှ ပြန်မပြောပေ။ သို့မဟုတ် ပြောလျှင်လည်း ဘာမှ အသုံးဝင်မည် မဟုတ်ချေ။

လူအုပ်ကြီးက လေးစားခြင်းများ ဖြစ်တည်လာသည်ကို မြင်သည့်အခါ လိန်ချန်းဟယ်က ထပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒီလူက ကြင်နာတရားကို ဒီလိုနည်းနဲ့ ပြန်ပေးဆပ် လိုက်တာပဲ ... ရှုကျဲ့ကို အဓမ္မပြုကျင့်ပြီးတဲ့ နောက်မှာ သူမကို နှုတ်ပိတ် သတ်ပစ်လိုက်တယ်။ ပြီးတော့ ရှုကျဲ့ရဲ့ အမေနဲ့ အစ်မကြီးက သူလုပ်ခဲ့တာတွေ သိသွားတော့ သူတို့ နှစ်ယောက်လုံးကိုလည်း သတ်လိုက်တယ်။ ဒီလိုအပြုအမူမျိုး ... ယောက်ျားသားတွေကိုရော နတ်ဘုရားကိုပါ ဒေါသ ထွက်စေလိမ့်မယ် ...”

ထိုစဉ် ကျင့်ကြံသူ အများအပြားက သူတို့၏ တရားမျှတမှု စိတ်ဓာတ်ကြောင့် ဒေါသထွက် လာကြသည်။ ဟော်ယွီချန် ပြုလုပ်ခဲ့သည့် အရာကား ခွင့်လွှတ်ပေး၍ မရချေ။ ကျင့်ကြံသူများက ကျေးဇူးတရားနှင့် လက်စားချေခြင်း အကြောင်း ရှင်းရှင်းလင်းလင်း သိကြသည်။ တချို့သာ ထိုသို့ သစ္စာဖောက်သည့် အပြုအမူမျိုး ပြုလုပ်နိုင်တာ ဖြစ်၏။

လိန်ချန်းဟယ်က ဤနေရာတွင် မရပ်တန့်သေးဘဲ ထပ်ပြော လိုက်သေးသည်။

“ကျုပ်က အဲဒီကိစ္စတွေ ဖြစ်ပြီးမှ သိတာက သူက ကောင်းကင် နတ်ဆိုးဂိုဏ်းက ဆိုတာပဲ ... အားလုံးဆီက အကူအညီ အများကြီး မလိုအပ်ပါဘူး သူ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ အားလုံးက တားဆီးပေးဖို့ မျှော်လင့်ရုံလေးပါ ...”

“စိတ်မပူနဲ့ ညီလေးလိန် မပြောရင်တောင် ငါတို့က အဲဒီလို ခွေးကောင်ကို ထွက်ပြေးခွင့် မပြုဘူး” လူအုပ်ထဲမှ လူတချို့ ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

မိုဝူကျီက မျက်မှောင်ကြုတ် လိုက်သည်။ သူက ဟော်ယွီချန် အကြောင်း အပြည့်အဝ မသိသော်လည်း သူက တစ်ခုတော့ သေချာလေသည်။ ဟော်ယွီချန်က သေချာပေါက် မုဒိမ်းကောင်နှင့် လူသတ်သမား မဖြစ်နိုင်ပေ။ သူ့အကျိုးကို ထိခိုက်မည့် အရာများကို လုပ်မည့် သူ မဟုတ်ပေ။ ထို့အပြင် ခန့်ညား ချောမောလှသည့် ဟော်ယွီချန်လို လူမျိုးက ထိုသို့ ယုတ္တိမရှိသည့် အပြုအမူကို ပြုကျင့်မည်နည်း။ သူ့တွင် မိန်းမ မရှားလှပေ။

ယုလင်း လိန်မျိုးနွယ်စုက မိုဝူကျီနှင့် အစိမ်းသပ်သပ်တော့ မဟုတ်ပေ။ ယခင် တစ်လမ်းစဉ် လေလံပွဲတွင် ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်ရပ် ပညာရပ်အတွက် သူတို့နှင့် အတိုက်အခံ လုပ်ဖူးသည်။ လေလံပွဲတွင် တွေ့သည့်သူမှာ လိန်မန်ဖြစ်ကာ သူလေသံအရ မိုဝူကျီသည် ထိုသူသည် လူကောင်း မဟုတ်မှန်း သိလိုက်သည်။ ဤလိန်ချန်းဟယ် သည်လည်း တစ်သိုက်တည်းက ပေါက်သည့် သူများ ဖြစ်သည့်အတွက် အတူတူသာ ဖြစ်ရမည်။

ဟော်ယွီချန်က ရုတ်တရက် ထရယ်မော လိုက်သည်။ သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖယ်ရှားလိုက်ကာ …

“ဒါက လိန်မျိုးနွယ်စုက သူများတွေကို အနိုင်ကျင့်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ လိန်မျိုးနွယ်စုက ကျုပ် ဟော်ယွီချန်ကို ကယ်ဆယ် ခဲ့တာတဲ့လား ... ခွေးသားတွေ ... မင်းတို့ လိန်မျိုးနွယ်စုက ငါ့ကို ဘာလို့ အရှက်လိုက်ခွဲ နေတာလဲဆိုတာ မင်းတို့ကို မင်းတို့ သိပါတယ်။ ငါက ငါ့အသိတရားကို ချိုးဖောက်ပြီးတော့ ဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ လိန်မျိုးနွယ်စုက ငါ့ကို သတ်လိုက်ရင်တောင် ငါ့အစား လက်စား ပြန်ချေပေးမဲ့ ငါ့အစ်ကိုတွေ ရှိသေးတယ် ...”

“ဟော်ယွီချန် ကိုယ့်ဘာသာ နာမည်ကောင်းရဖို့ ကြိုးစားမနေနဲ့ ... မင်းမှာ ကောင်းကင် နတ်ဆိုးဂိုဏ်း အတွင်းရော အပြင်မှာ မိတ်ဆွေတွေ အများကြီးရှိပေမဲ့ အခု ဘယ်သူက မင်းဘက်က ဝင်ပြော ပေးကြလို့လဲ ... အကြောင်းရင်းကို ပြောပြရဦး မလား ... မင်းလုပ်ခဲ့တာ အရာတွေက တကယ့်ကို လူမဆန်လို့ပဲ မင်းဂိုဏ်းက လူတွေတောင် မင်းကို ကြည့်ချင်ကြမှာ မဟုတ်ဘူးကွ ...”

သူ့စကား အဆုံးတွင် လိန်ချန်းဟယ်က သူ့လက်ကို ဝှေ့ပြလိုက်ကာ …

“ဒီလူကို ခေါ်သွားပြီးတော့ ရှုကျဲ့ အုတ်ဂူရှေ့ သတ်ပြီး အပြစ်ကြွေး ဆပ်ခိုင်းလိုက် ...”

သူက လုံလုံလောက်လောက် ပြောဆို ပြီးသောကြောင့် ဆက်ပြောမိလျှင် သူ့ရှေ့မှ ပြီးပြည့်စုံသော ဇာတ်ညွှန်းကို ဖျက်ဆီး သွားမိလိမ့်မည်။ ထို့ကြောင့် နောက်ဆုံး အဆုံးသတ်သင့်ပြီ ဟု တွေးတောမိ လိုက်သည်။

စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဟော်ယွီချန် လက်ထဲတွင် ယပ်တောင် တစ်ချပ် ရောက်ရှိ လာလေသည်။ သူက အရေအတွက် မမျှတမှန်း သိသော်လည်း တိုက်ခိုက်ဖို့သာ ရွေးချယ်မည်။

“ဘယ်သူ လုပ်ရဲလဲ ကြည့်ကြတာပေါ့ ...” လူသတ်ငွေ့ ပြည့်နေသည့် အသံတစ်ခု ထွက်ပေါ် လာလေသည်။

လူအားလုံးက အသံကြားရာ လှည့်ကြည့် လိုက်သည့်အခါ ဖြူဖျော့ဖျော့ ကျောင်းသား ထလာသည်ကို တွေ့လိုက်ရသည်။

အစပိုင်းက ထိတ်လန့်မိ သွားသော လိန်ချန်းဟယ်သည် မိုဝူကျီမှ ဝိညာဉ် စွမ်းအားများကို မခံစားမိသောအခါ ပြောလိုက်တော့သည်။

“ငါတို့ ယုလင်း လိန်မျိုးနွယ်စု လက်စားချေတာ ဝင်နှောင့်ယှက်ရဲရင် သေသွားမယ်။ ပါမွှားလေးက ဒီနတ်ဆိုးအတွက် ပြောပေးရဲတယ် ဆိုတော့ အသက်ရှင်ရတာ ပျင်းနေတာလား ... မင်းကိုယ်မင်း နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ထင်နေလား ... သူ့ကို သတ်ကြစမ်း ...”

လိန်ချန်းဟယ် စကားအဆုံးတွင် နဂါးစိမ်း ဓားတစ်လက်က ပျံသန်း လာလေသည်။

မိုဝူကျီက လိန်ချန်းဟယ်ကို တည်တည်ငြိမ်ငြိမ် ကြည့်ရင်း ပြန်ပြောလိုက်သည်။

“မင်းမှန်တယ် ... ငါက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပဲ ...”

***

All Chapters