ထျန်းဂျီ ဂိုဏ်း၏ ကျင့်စဉ်
Vol. 15 Ch. 199
မိုဝူကျီက သူ့စိတ်စွမ်းအားကို တစ်ယောက်ယောက် သတိထား သွားမိမည်ကို စိုးရိမ် နေသောကြောင့် လမ်းလျှောက်နေရင်း တခြား ကျင့်စဉ် တချို့ကို လှန်လှော နေလိုက်သည်။ ဤနေရာတွင် မလဲလှယ်သည့် ကျင့်စဉ်များ အတွက် အဝေးယူ မသွားစေရန် ကြိုးပါးလေး တွယ်ကပ် ထားလေသည်။ မြန်မြန် လှန်လှော ကြည့်ရှုလျှင်ပင် ရှေ့ဆုံးစာရွက် အချို့သာ မြင်ရပြီး နောက်ပိုင်းများကို ချိပ်ပိတ် ထားလေသည်။
လမ်းလျှောက်လိုက်၊ ရပ်လိုက်ဖြင့် မိုဝူကျီက “အင်မော်တယ်” ပါဝင်နေသည့် ကျင့်စဉ် တော်တော် များများကို တွေ့ပြီး သွားလေပြီ။ သို့သော်လည်း မိုဝူကျီက ဤ “အင်မော်တယ်” ကျင့်စဉ်များသည် လူသားအဆင့် ကျင့်စဉ်များ ဖြစ်နေကြောင်း သိသည့်အခါ မချိတင်ကဲ ပြုံးလိုက်လေသည်။ သူတို့သည် မျက်စိထဲ ထင်းနေသည့် အင်မော်တယ် မော်တယ် ကျင့်စဉ် မဟုတ်ပေ။
အစပိုင်းတွင် မိုဝူကျီက သိပ်၍ မစိုးရိမ်ပေ။ အင်ပါယာ ငါးခုလုံးမှ ကျင့်စဉ်များက ဤနေရာတွင် စုစည်း နေခြင်းနှင့်အတူ အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ သာမန်ဖြစ်၍ သူ့အတွက် အင်မော်တယ် မော်တယ် ကျင့်စဉ် ဒုတိယအတွဲကို ရှာဖို့ရာ လွယ်ကူပေ လိမ့်မည်။
သို့သော် နေ့ဝက်ကုန်ဆုံး သွားသည့်အတွက် မိုဝူကျီက မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ် တချို့ကို မြင်လိုက်သော်လည်း သူတို့ အားလုံးက ရွမ်အဆင့်မှ ဖြစ်ကြသည်။ ထိုအရာများက သာမန် ကျင့်စဉ်များ ဖြစ်ကြပြီး သူ ကျင့်ကြံနေသည့် အရာနှင့် အတူတူပင် ဖြစ်၏။ သို့သော်လည်း သူလိုအပ် နေသည်က အင်မော်တယ် မော်တယ်ကျင့်စဉ် နောက်ဆက်တွဲ ဖြစ်ကာ သူအသုံးပြုနေသော လူသားအဆင့် ကျင့်စဉ် မဟုတ်ပေ။
နောက်တစ်နာရီ ကျော်လွန် သွားသော်လည်း မိုဝူကျီ အားထုတ်မှုများက အသုံး မဝင်သေးပေ။ သူလိုချင်တာသာ ရှာမတွေ့လျှင် သူက တခြားကျင့်စဉ် တစ်ခုကို ပြောင်းရှာရမည် ဖြစ်သည်။ ဤနေရာတွင် မြေကမ္ဘာအဆင့် ကျင့်စဉ်များ မရှားပါးလှပေ။ ယခင်က သူက အမှတ် ၉၀၀၀ရှိသော မြေကမ္ဘာ ရတနာ အဆင့် ကျင့်စဉ် တစ်ခုကို တွေ့သေးသည်။ သူက ထိုအရာများ အားလုံးကို လျစ်လျူရှုလျှင်ပင် သူ့တွင် မြေကမ္ဘာအဆင့် ကျင့်စဉ် တစ်ခု ရှိသေးသည်။ ထိုကျင့်စဉ်က သူ့စစ်ပွဲမှ ရရှိခဲ့ခြင်း ဖြစ်ရာ သူက နယ်ခြား ကျင့်ကြံသူ သိုလှောင်အိတ် အတွင်းမှ ရရှိထားခြင်း ဖြစ်သည်။
ထျန်းဂျီ ဂိုဏ်းလား ... .
မိုဝူကျီက နာမည်ကို တွေ့သည့်အခါ ရပ်တန့်လိုက်သည်။ အကြာင်းမှာ သူလိုချင်သည့် ကျင့်စဉ်ကို တွေ့၍ မဟုတ်ဘဲ ထိုဂိုဏ်းနာမည်မှာ ရင်းနှီးနေ၍ ဖြစ်သည်။
သူ့မှော်ရတနာ ကိုလည်း ထျန်းဂျီတုတ်ဟု ခေါ်လေသည်။ ယခုတွင် ထျန်းဂျီဂိုဏ်းကို တွေ့လေသည်။ ထျန်းဂျီတုတ်တွင် ကျင့်စဉ် ၁၂ခုရှိသော်လည်း ရွမ်အဆင့် ဖြစ်နေသည်က ကံဆိုးလှချေ၏။
အင်ပါယာ ငါးခုထဲတွင် ရွမ်အဆင့် ဂိုဏ်းတစ်ခုကား အဆင့်အနိမ့်ဆုံး တည်ရှိမှုဟုပင် ယူဆ၍ ရသည်။ သာမန် ပြည်နယ်တစ်ခုပင် ရွမ်အဆင့် ဂိုဏ်းထက် အင်အားကြီး နိုင်သေးသည်။
မိုဝူကျီက ထျန်းဂျီဂိုဏ်း၏ ကျင့်စဉ်ကို သူ့စိတ်စွမ်းအားဖြင့် ဝင်ကြည့် လိုက်သည့်အခါ ချက်ချင်းပင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ရှာတွေ့ သွားလေသည်။
မိုဝူကျီက ရယ်မောလိုက်သည်။ ရွမ်အဆင့် ဂိုဏ်းတစ်ခုက ဤအင်မော်တယ် မော်တယ် ကျင့်စဉ်ကို ပေးထားလေသည်။
မိုဝူကျီက စိတ်စွမ်းအားဖြင့် ဆက်၍ ဖတ်ရှုမည့် ဆဲဆဲတွင် လိုအပ်နေသည့် အမှတ်များကို မြင်လိုက်ရသည်။ သူက အတော်လေး အံ့အားသင့် သွားလေသည်။ အင်မော်တယ် မော်တယ် ကျင့်စဉ်ကား လဲလှယ်ဖို့ရန် အမှတ်ပေါင်း ၁၀၀၀၈ မှတ် လိုအပ်၏။
အကြည့်များ မှားသွားတာလား ... ..
မိုဝူကျီက မျက်လုံးကို ပွတ်၍ နောက်တစ်ခါ သေချာ ထပ်ကြည့်လိုက်သည်။ မှန်နေပေသည်။ ထိုအရာသည် အမှန်တကယ်ကို ၁၀၀၀၈မှတ် လိုအပ်လေသည်။ သူက မှားကြည့်မိခြင်း မဟုတ်ပေ။
ယခင်က မိုဝူကျီသည် အင်မော်တယ် မော်တယ် ကျင့်စဉ် အများအပြားကို တွေ့ခဲ့သည်။ တည်ငြိမ်ဝိညာဉ် မျိုးနွယ်စုမှ အကောင်းဆုံးမှာ အမှတ် ငါးမှတ်သာ လိုအပ်လေသည်။ အများစုမှာ တစ်မှတ်သာ လိုအပ်ကြသည်။ သို့သော် ထျန်းဂျီဂိုဏ်း၏ အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ အမှတ်ပေါင်း ၁၀၀၀၈မှတ် လိုအပ်နေသည်။ အင်မော်တယ် မော်တယ်၏ နောက်ဆက်တွဲ ဖြစ်နေလျှင်ပင် ထိုမျှ ဈေးအထိ မမြင့်သင့်လောက်ပေ။
မိုဝူကျီက ထျန်းဂျီဂိုဏ်းမှ တခြား ကျင့်စဉ်များကို ကြည့်လိုက်သည့် အခါ သူတို့က ပုံမှန်ဈေးသာ ဖြစ်ကြသည်။ ဤအရာမှ လွဲ၍ ဈေးအမြင့်ဆုံးမှာ အမှတ်ပေါင်း ၁၂၁မှတ်သာ လိုအပ်လေသည်။
စံချိန်အရ သူတို့သည် ဈေးနှုန်း မှားကပ်စရာ အကြောင်းမရှိပေ။ ဖြစ်နိုင်ချေ တစ်ခုတည်းက ထျန်းဂျီဂိုဏ်းက သူတို့ ကျင့်စဉ်ကို မပေးချင်တာ ဖြစ်ရမည်။ သို့သော် မပေးချင်လျှင် ထုတ်မလာလျှင် ပြီးပြီ မဟုတ်ပါလော ... အဘယ်ကြောင့် ထုတ်လာရ သနည်း။ မိုဝူကျီက အမှတ် ၁၀၀၀၈မှတ်ကို နှုတ်ပြီး ပထမစာရွက်ကို ချက်ချင်း လှန်ကြည့် လိုက်တော့သည်။
“မိုးမြေကို ဦးစွာ ဖွင့်ကြည့် လိုက်သည့်အခါ သဘာဝ စွမ်းအားတွေ ဖြစ်ပေါ်လာတယ်။ အဓိပ္ပာယ် မရှိတဲ့ ဖြေရှင်းချက် ဖြစ်တယ်။ ဝိညာဉ် စွမ်းအားများနှင့် မိုးမြေက တစ်ချိန်တည်းမှာ ဖြစ်ပေါ် လာပြီးတော့ တစ်ခုနဲ့ တစ်ခု ထောက်ပံ့ ပေးထားတယ်။ တာအို လမ်းစဉ်ပေါ် မရောက်ကြသေးတဲ့ သူများကို သေမျိုးလို့သာ သတ်မှတ်ကြတယ်။ ငါသည်လည်း သေမျိုး တစ်ယောက် ဖြစ်ပြီးတော့ သဘာဝ စွမ်းအားများကို စုပ်ယူပြီးတော့ အသက်ရှည် လာခဲ့တယ် ...”
အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဖွင့်ကြည့် လိုက်သည့်အခါ သူ လောင်ဟိုင်ကုန်သည် အိမ်တော်မှ ဝယ်ယူခဲ့သည့် ကွက်တိ တူလေသည်။ ထိုကျင့်စဉ်များက အကြမ်းအားဖြင့် တူညီကြသည်။ လောင်ဟိုင် အိမ်တော်ကထက် ပို၍ ရှင်းလင်းကာ အသေးစိတ် ဖော်ပြချက် တချို့ ပါဝင်လေသည်။
စာမျက်နှာ ဆယ်ရွက်ကို လှန်ကြည့်ပြီးနောက် မိုဝူကျီက ဆက်၍ မဖွင့်နိုင်တော့ပေ။ ပါဝင် အကြောင်းအရာများကို ထင်ထားသည့် အတိုင်း ချိပ်ပိတ် ထားလေသည်။ ဤနေရာတွင် ကျင့်စဉ်များ အားလုံးကို အဆုံးထိ ဖတ်ခွင့် မပေးပေ။
ကံဆိုးလှစွာ မိုဝူကျီက အတော်လေး အံ့အားသင့်မိ သွားသည်။ စာအုပ် အထူအရ စာရွက်ရေ ဆယ်ရွက်သည် ကျင့်စဉ် တစ်ခုလုံး၏ ဆယ်ပုံ တစ်ပုံလောက်သာ ရှိလေသည်။
ထိုဆယ်ပုံ တစ်ပုံစာတွင် သူ လောင်ဟိုင် အိမ်တော်မှ ဝယ်ယူလာသည့် ကျင့်စဉ်ထဲမှ ၉၀ ရာခိုင်နှုန်း လောက်ကို တွေ့မြင်ရသည်။ အကယ်၍ နောက်စာရွက်များတွင် အင်မော်တယ် မော်တယ် ကျင့်စဉ် အကြောင်းအရာ ဆက်၍ ပါဝင်နေလျှင် ဤကျင့်စဉ်က အမှန်တကယ် ပိုကောင်းလေသည်။ ထျန်းဂျီ ဂိုဏ်းသည် တခြားသူများကို ရိုက်စားလုပ်ဖို့ မရည်ရွယ် ထားသရွေ့ ဤကျင့်စဉ်မှာ သူအလို ရှိနေသော ကျင့်စဉ် ဖြစ်၏။ စာအုပ် နာမည်မှာ တူညီသော်လည်း စာအုပ်အထူက ကွာခြားလှသည်။ နောက်စာရွက်များ အားလုံးက ဗလာမဖြစ်နေ သရွေ့ပေါ့ ...
မိုဝူကျီက ထျန်းဂျီ ဂိုဏ်းသည် ထိုစာရွက်များကို တမင်သက်သက် ချိပ်ပိတ်ထားတာ မဟုတ်ကြောင်း သေချာလေသည်။ ထို့အပြင် ထျန်းဂျီ ဂိုဏ်းမှာ ရွမ်အဆင့်ဂိုဏ်း တစ်ခု ဖြစ်ကာ ထိုသို့ အောက်တန်းကျသည့် အပြုအမူမျိုး မလုပ်လောက်ပေ။ ထိုသို့ဆိုလျှင် ဤစာအုပ်ကို ရွေးချယ် လိုက်တော့မည်။
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်၍ အင်မော်တယ် မော်တယ် ကျင့်စဉ်အောက်မှ နေရာခြားလေးတွင် ဖြတ်လိုက်ကာ “ဘီ” အသံနှင့်အတူ သူ့အမှတ်ရှိ လိုင်းတွင် ၁၂၀၇၆ အပြင် ၁၀၀၀၈ကို သုံးပြီးကြောင်း ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို တွယ်ကပ်ထားသည့် ကြိုးမျှင်လေးမှာ ပျောက်ဆုံး သွားလေပြီ။
တစ်ခါတည်းဖြင့် အမှတ်သောင်းချီ သုံးလိုက်ခြင်းက သူ့နှလုံးသား မနာကျင်ဘူးဟု ပြောလျှင် ညာနေတာသာ ဖြစ်ရမည်။ သို့သော် စိတ်ထဲ မကောင်းသော်လည်း သူက နောက်တစ်ခါ လဲလှယ်ဖို့ရာလည်း တွေဝေနေမည် မဟုတ်ပေ။ ကျင့်စဉ်မရှိဘဲ သူက ဘယ်လိုလုပ် အဆင့်တက်လှမ်း နိုင်မည်နည်း။ ဤနေရာတွင် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဖွင့်မကြည့်သေးချေ။ အဝင်ဝက လူအိုကြီးသည် သူ့နောက်သို့ စိတ်စွမ်းအားဖြင့် လိုက်ကြည့်နေမှန်း ခံစားမိနေသည်။
အမှတ် ၂၀၀၀ကျော် ကျန်သေးသောကြောင့် နောက်ထပ် ကျင့်စဉ်တစ်ခုကို ရှာရန် ရည်ရွယ် ထားလေသည်။ သို့သော် သူက ကျင့်စဉ်ရှာခြင်း အပေါ် အချိန်များစွာ ဖြုန်းတီးမိ၍ ယာယီ လက်လျှော့ရန် ဆုံးဖြတ် လိုက်တော့သည်။ သူက လိန်မျိုးနွယ်စုသည် သူ့လူများကို ယန်မြို့တော်သို့ လွှတ်လိုက် ပြီလားဟု စိုးရိမ် နေရသေးသည်။
လျန်ဟယ်ကျိုးက မိုဝူကျီကို ထျန်းရှန်း အင်ပါယာတွင် ကူညီပေး နိုင်သော်လည်း လိန်မျိုးနွယ်စုများက မိုဝူကျီကို လိုက်လံ ရှာဖွေမှုကိုတော့ မတားဆီးနိုင်ပေ။
နှစ်ရက်အကြာတွင် မိုဝူကျီက ယန်မြို့တော်နှင့် မိုင်သောင်းချီ ကွာဝေးသော နေရာသို့ ရောက်နေသော်လည်း မရပ်တန့် နိုင်သေးပေ။ သူက ကားပျံကို ကောင်းကောင်း ထိန်းချုပ်ပြီး ကောင်းကင်ဖွေရှာ နန်းတော်ဆီသာ ပျံသန်း လိုက်တော့သည်။
သူက တံခါးပိတ် ကျင့်ကြံချင်ကာ ကောင်းကင်ဖွေရှာ နန်းတော်၏ ဝိညာဉ်စွမ်းအား အခန်းက အသင့်တော်ဆုံး ဖြစ်သည်။ ယခု သူ့တွင် အမှတ်များစွာ ရှိနေသောကြောင့် သူက ဝိညာဉ်စွမ်းအား အခန်းကို သူ့စိတ်ကြိုက် သုံးနိုင်လိမ့်မည်။ ဝိညာဉ်စွမ်းအား အခန်းထဲတွင် ဂျင်ယွီပင် သူ့အား ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
နယ်ခြား တိုက်ပွဲအတွက် သူ့ကျင့်ကြံဆင့်ကား အရမ်း နိမ့်နေသေးသည်။
ယန်မြို့တော် ထျန်းဂျီဂိုဏ်း ယာယီစခန်း …
လူအိုကြီးက တံခါးကို စိုက်ကြည့်နေကာ သူ့ဘေးတွင် လူလတ် အမျိုးသား တစ်ယောက် ရှိနေသည်။ အမွေးတိုင် တစ်တိုင်စာလောက်တွင် မိန်းမပျိုလေးက ဝင်လာကာ အရိုအသေ ပေးလိုက်ပြီး ပြောလိုက်သည်။
“ဆရာ စစ်ဆေးမှုတွေ ပြီးသွားပါပြီ ... ကျွန်မတို့ဂိုဏ်းရဲ့ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အမှတ်သောင်းချီ ပေးပြီး လဲလှယ် သွားတာက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပါရှင့် ”
“ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားထဲက ကျင့်ကြံသူ ၂၇၀၅ နဲ့ အတူတူပဲလား ...” လူအိုကြီးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ကျော်ကြားမှုကို ကြားဖူးဟန် ရှိသည်။
အမျိုးသမီးက ခေါင်းညိတ်ပြ လိုက်ကာ …
“ဟုတ်ပါတယ်ရှင့် ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်မှ ပေါ်လာခဲ့တယ်။ အဲဒီနောက် လိန်မျိုးနွယ်စုရဲ့ လိန်ချန်းဟယ်က ကောင်းကင်ဖွေရှာ နန်းတော် ဟော်ယွီချန် နောက်ကို လိုက်ရင်း အင်မော်တယ် ကျောက်စိမ်း အိမ်တော်ဆီ ရောက်လာခဲ့တယ်။ အဲဒါနဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဟော်ယွီချန်ကို ကယ်လိုက်ပြီးတော့ လူအုပ်ကြီးကို လိန်ချန်းဟယ်ကို သတ်ပစ်ဖို့ လှုံ့ဆော် နိုင်ခဲ့တယ်။ ပြီးတာနဲ့ သူက အမှတ်လဲလှယ်ရေး ခန်းမဆီ သွားပြီးတော့ ကျွန်မတို့ဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ လဲလှယ် သွားခဲ့တာတဲ့ ...”
“အခု သူက ဘယ်မှာ ရှိနေတာလဲ ... သတင်းရော ရရဲ့လား ...” လူအိုကြီးက အလောတကြီး မေးလိုက်သည်။
အမျိုးသမီးက ခေါင်းခါ လိုက်ပြီးတော့ …
“မရသေးဘူး။ ကျွန်မ ကြားတာတော့ လိန်မျိုးနွယ်စု ကလည်း ယန်မြို့တော်ကို ကျင့်ကြံသူ ၂၇၀၅ကို ရှာဖို့ လူတွေ လွှတ်ထားတယ်တဲ့ ... သူတို့က ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကိုပါ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူတို့ရဲ့ ဂိုဏ်းတပည့်ကို သတ်သွားတယ် ဆိုပြီးတော့ ထျန်းရှန်းအင်ပါယာ ဥပဒေကို ဆန့်ကျင်နေတယ် ဆိုပြီး သူ့ကို အပ်ဖို့ တောင်းဆို ထားသေးတယ်။ ဒါပေမဲ့ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ရော၊ ထျန်းရှန်း အင်ပါယာရော ဘာမှ မလုပ်ကြဘူး ...”
လူအိုကြီးဘေးမှ လူလတ် အမျိုးသားက သက်ပြင်းချကာ ပြောလိုက်သည်။
“အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အမှတ်သောင်းချီ ပေးပြီး ဝယ်မဲ့သူ ရှိလာလိမ့်မယ်လို့ တွေးမထားမိဘူး။ တကယ်လို့ သူသာ ကျင့်စဉ်က ဗလာဖြစ်နေမှန်း သိသွားရင် ကျုပ်တို့ ထျန်းဂျီဂိုဏ်းကို ဒေါသများ ထွက်နေမလား မသိဘူး ... ”
လူအိုကြီးက ခေါင်းခါကာ …
“ငါတို့ ထျန်းဂျီဂိုဏ်းရဲ့ အင်မော်တယ် မော်တယ် ကျင့်စဉ်က လုံးဝ ဗလာဖြစ်နေတာတော့ မဟုတ်ဘူး။ ရေစက်ပါတဲ့ သူက အကြောင်းအရာတွေကို မြင်ရမှာပါ ... တကယ်လို့ ငါတို့ ထျန်းဂျီဂိုဏ်းကသာ အဲဒီ အကြောင်းအရာတွေကို မြင်နိုင်ရင် ဒီလို အခြေအနေထိ ဖြစ်လာမှာ မဟုတ်ဘူး။ အခု ငါတို့က ရွမ်အဆင့် ဂိုဏ်းတောင် ဖြစ်လာခဲ့ပြီ။ အင်မော်တယ် မော်တယ် ကျင့်စဉ်ရဲ့ ကြီးမြတ်မှုကို မင်းတို့တွေ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး ...”
လူအိုကြီးက ခဏတာ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ချွေကျီ၊ ပင်းအာ မင်းတို့ နှစ်ယောက်လုံး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်းကို စုံစမ်းရမယ်။ ပြီးတော့ သူ့ကို ငါတို့ ထျန်းဂျီဂိုဏ်းကို လာဖို့ ဖိတ်ကြားရမယ်။ တကယ်လို့ သူသာ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို မြင်နိုင်ခဲ့တယ် ဆိုရင် ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင် လုပ်ပေးဖို့ တောင်းဆိုရမယ် ...”
“အာ ...” နောက်ဆုံးစကားက ပင်းအာနှင့် လူလတ်အရွယ် အမျိုးသားကို အံ့ဩတကြီး ဖြစ်သွားစေသည်။ သူတို့က မယုံကြည်နိုင်သည့် အခြေအနေ ဖြစ်နေလေ၏။
ထျန်းဂျီဂိုဏ်းသည် ရွမ်အဆင့်ဂိုဏ်း တစ်ခုသာ ဖြစ်သော်လည်း ဂိုဏ်းခေါင်းဆောင် ဖြစ်ဖို့ရာ မလွယ်ကူပေ။ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်ကို ဂိုဏ်းခေါင်းဆောင် ဖြစ်စေရမှာလား ... ထိုနယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ အဆင့်ဇယားမှာ ရှိနေလျှင်ပင် သူက အရည်အချင်း မပြည့်မီသေးပေ။
ထျန်းဂျီဂိုဏ်းနှင့် လိန်မျိုးနွယ်စုတို့က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ယန်မြို့တော်တွင် ရှာဖွေနေကြ သော်လည်း မိုဝူကျီက ဘာမှမသိပေ။ အကယ်၍ သူသာ မြန်မြန် ထွက်ပြေး လာရခြင်းကြောင့်သာ မဟုတ်လျှင် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ထုတ်ယူပြီး သေချာလေ့လာ ကြည့်မိလိမ့်မည်။ အကြောင်းမှာ သူက ကားပျံကို ထိန်းချုပ် နေရသည့် အတွက် မိုရွယ်စာအုပ်သာ ကြည့်နိုင်လေသည်။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် မျောပါ သွားပြီးတော့ ကားပျံကို ထိန်းချုပ်ဖို့ရာ မေ့လျော့သွားမှာ စိုးရိမ်မိ၍ ဖြစ်သည်။
တစ်လ အကြာတွင် မိုဝူကျီက ကောင်းကင်ဖွေရှာ နန်းတော်သို့ ပြန်ရောက် လာလေပြီ။
ချိန်စုယင်နှင့် အတူ သူထွက်သွားသည့် အချိန်နှင့် ယှဉ်လျှင် ကောင်းကင်ဖွေရှာ နန်းတော်တွင် ငြီးငွေ့ဖွယ် ကောင်းလှသည်။ ဖြတ်သန်း သွားလာနေသော တပည့်အချို့သာ ရှိပြီး အများစုမှာ နယ်ခြားတိုက်ပွဲ အတွက် ရှေ့တန်းသို့ သွားကြလေပြီ။
မိုဝူကျီက ဂိုဏ်းသို့ ပြန်ရောက် လာသောအခါ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ဆီသာ အရင် သွားလိုက်သည်။ တံခါးပိတ် ကျင့်ကြံခြင်းက သူအလိုအပ်ဆုံးအရာ ဖြစ်သည်။ သူက လူသား အဆင့်လွန် အဆင့်၁ ဖြစ်ကာ သူကား ကောင်းကင်ဖွေရှာ နန်းတော်မှ လူငယ် မျိုးဆက်ထဲတွင် ပါရမီရှင်ဟုပင် ယူဆ၍ ရလေပြီ။ သို့သော်လည်း မိုဝူကျီအတွက် မလုံလောက်သေးချေ။ သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့် သူက ပို၍ မလုံလောက်သေးဟု များများခံစား လာရသည်။
“ဝိညာဉ်စွမ်းအား အဆင့်မြင့် အခန်းကို တစ်နှစ်စာ လိုချင်ပါတယ် ...” မိုဝူကျီက အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်သို့ ရောက်လာသည်နှင့် ကျယ်လောင်စွာ ပြောလိုက်တော့သည်။
ကောင်တာမှ လူလတ်အရွယ် အမျိုးသမီးက မျက်နှာထား တည်တည်ဖြင့် ပြောလိုက်သည်။
“သုံးလအထက် ကျင့်ကြံဖို့ဆိုရင် စိတ်စွမ်းအင် ကျောက်တုံးတွေ လက်မခံဘူး အမှတ်နဲ့ပဲ ပေးချေလို့ ရမယ် ... အမှတ် ၁၀၀၀ လိုအပ်တယ် ... ”
ထို့နောက် အမျိုးသမီးက ကတ်ဖြတ်သည့် စက်ထုတ်ပေး လိုက်သည်။
မိုဝူကျီက ဤအမျိုးသမီးနှင့် ထပ်၍ စကား မပြောချင်တော့ပေ။ သူက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကျောက်စိမ်းပြားကို ထုတ်ယူ၍ ဖြတ်ပေးလိုက်သည်။ ချိန်စုယင်က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အမှတ်များကို ဂိုဏ်းတစ်ရာ မဟာမိတ်ပြင်ပ သူတို့၏ ကိုယ်ပိုင် ဂိုဏ်းတွင်လည်း အသုံးပြုနိုင်ကြောင်း ပြောဖူးသည်။
အမှန်ပင် လူလတ် အမျိုးသမီးက ဘာမှထပ်၍ မပြောတော့ပေ။ ကတ်ကို တိုက်ရိုက်သာ ဖြတ်၍ မိုဝူကျီဆီ ပြန်ပေးလိုက်သည်။
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ယူ၍ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်၏ အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်းထဲ အပြေးအလွှား ဝင်သွားတော့သည်။ သူက သူ့တံခါးပိတ် ကျင့်ကြံခြင်းကို စတင် လိုက်တော့မည် ဖြစ်၏။
***