ကျင့်စဉ်၏ မရှိမဖြစ် လိုအပ်ချက်
Vol. 15 Ch. 200
အကောင်းဆုံး ဝိညာဉ်စွမ်းအား အခန်းတွင် တံခါး ပိတ်ပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဦးစွာ ထုတ်ယူခြင်း ဖြစ်သည်။ ကောင်းကင်ဖွေရှာ နန်းတော်၏ အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်ရှိ ဝိညာဉ်စွမ်းအား အခန်းထဲတွင် ရှိနေသည့် အကြောင်းမှာ မည်သူကမျှ သူ့ကို နောက်ယောင်ခံ၍ မရနိုင်မှန်း သိ၍ ဖြစ်သည်။
မိုဝူကျီက နောက်ဆုံး စာရွက်များကို အရင်ဦးစွာ လှန်လှောကြည့်ဖို့ စိတ်ကူးမရှိဘဲ ပထမ စာမျက်နှာမှ လှန်ကြည့်လိုက်သည်။
သူက ကျင့်စဉ် စာရွက်များကို လှန်လှော လိုက်သည့်အခါ မိုဝူကျီ မျက်နှာတွင် အမူအရာ ပျက်လာလေသည်။ အကြောင်းမှာ ဤကျင့်စဉ်တွင် ပြဿနာရှိနေ၍ မဟုတ်ဘဲ သူ့လောင်ဟိုင်မှ ဝယ်ယူခဲ့သော ကျင့်စဉ်မှာ ပြဿနာ ရှိနေသောကြောင့် ဖြစ်၏။
သူက ပထမဆုံး ဆယ်ရွက်အထိ လှန်ကြည့်ပြီးသည့် အချိန်တွင် သူလောင်ဟိုင်မှ ဝယ်ယူခဲ့သော ကျင့်စဉ်၏ ၉၀ ရာခိုင်နှုန်းလောက် ပါကြောင်း မှန်းဆ မိပြီးလေပြီ။ သို့သော်လည်း လောင်ဟိုင်အိမ်တော်မှ ကျင့်စဉ်မှာ မလိုအပ်သည့် အရာများကို တကယ့် အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် ပေါင်းထည့်ထားကြောင်း သိလိုက်ရသည်။ ထိုအပိုများက ဖတ်ဖို့ နားမလည်သည့် သူကိုပင် အဆင်ပြေပြေ နားလည် စေလေသည်။
ယခု ဤကျင့်စဉ်တွင် အပိုများ ဖယ်ထုတ် ထားသောအခါ မိုဝူကျီက ယခင်ကျင့်စဉ်ကို အသုံးပြုစဉ် သူ့ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းတွင် အမှားများစွာ လုပ်မိကြောင်း သတိပြုမိ လိုက်သည်။
အဓိက အကြောင်းအရင်းမှာ အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် ပေါင်းထည့်ထားသော အပိုများမှာ အသုံးမဝင်သော အပိုများသာ ဖြစ်နေလေသည်။
ကောင်းချက်တစ်ခုမှာ ထိုအပိုများကြောင့် ကျင့်စဉ်ကို သက်ရောက်မှု မရှိခြင်း ဖြစ်သည်။ မိုဝူကျီက လောင်ဟိုင်အိမ်တော်မှ ကျင့်စဉ်အပိုများကို ဖယ်ပြီး ဤကျင့်စဉ်၏ ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို ပိုလိုလား လေသည်။
စာရွက် ဆယ်ရွက်သည် လူသား အဆင့်လွန် ကျင့်စဉ် ဖြစ်ကာ မိုဝူကျီက စာမျက်နှာ ၁၁ကို လှန်ကြည့်ဖို့ရာ အလွန်ပင် စိတ်လှုပ်ရှား နေမိသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်ထားရ၏။ သူက အမှတ်လဲလှယ်ရေး ခန်းမအတွင်းတွင် စာမျက်နှာ ၁၁ကို လှန်မကြည့်ရဲခဲ့ပေ။ အကြောင်းမှာ လူအိုကြီးက သူ့အပြုအမူများကို စိတ်စွမ်းအား သုံး၍ ကြည့်နေမည်ကို စိုးရိမ်၍ ဖြစ်သည်။ လမ်းတွင်လည်း သူက အာရုံမစိုက်နိုင်မှာ စိုးသောကြောင့် ဖြစ်သည်။
ယခုအချိန်အထိ မိုဝူကျီက စာမျက်နှာ ၁၁ကို လှန်မကြည့် ရသေးပေ။
စာမျက်နှာ ၁၁တွင် ဗလာဖြစ်နေမှန်း သိလိုက်ရသည့် အခါ မိုဝူကျီက ကြောင်သွားလေသည်။ သူက စာမျက်နှာ ၁၁ သည် ဗလာဖြစ် နေသောကြောင့် လှည့်စားခံလိုက် ရလေပြီ။
မိုဝူကျီက အတော်ကြာသည့် အထိ စိုက်ကြည့် နေမိကာ စိတ်လိုက်မာန်ပါ ဆက်လှန်လိုက်ရင်း ကျိန်ဆဲ လိုက်တော့သည်။
“သေစမ်း ... ” မိုဝူကျီက ထျန်းဂျီဂိုဏ်း ခေါင်းဆောင်ကို မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
ဤစာအုပ်တွင် စာမျက်နှာ ၁၁ရွက်သာ ပါဝင်ပြီး သူ့တွင် ပြုပြင် မွမ်းမံပြီးသား ရှေ့ဆုံးဆယ်ရွက် ရှိနေလေပြီ။ စာမျက်နှာ ၁၁ကား အမှန်တကယ်ကို ဗလာစာရွက် ဖြစ်နေသည်။
စာမျက်နှာ ၁၂ ...
စာမျက်နှာ၁၂ မရှိတော့ပေ။ စာမျက်နှာ၁၁ နောက်တွင် စာအုပ်အဖုံးသား ရှိနေသည်။ စာအုပ်အဖုံးကား ရှေ့မှ စာရွက်များထက် ဆယ်ဆမက ပိုထူလေ၏။ စာအုပ်ကို ချိပ်ပိတ်ထားစဉ်က ထိုအဖုံးပေါ်တွင် စာရွက် တစ်ရွက်ချင်းစီ အမှတ်အသားကို မြင်ရလေသည်။ သို့သော်လည်း ချိပ်ပိတ်ထားခြင်း မရှိဘဲ မိုဝူကျီက မြင်တွေ့နေ ရသည်က စာရွက် အဖုံးမည်းသာ ဖြစ်၏။
စာအုပ် နောက်အဖုံးတွင် ရေးသား ထားသည်များလည်း မရှိပေ။
ဒီလိုအမှိုက် အတွက် ငါက အမှတ်သောင်းကျော် ဖြုန်းတီးမိခဲ့တာ ဆိုတာ မယုံကြည်နိုင်ဘူး ...
အပြည့်အဝ ကျိန်ဆဲပြီး နောက်တွင် မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို စိတ်ဓာတ်ကျစွာ ဘေးချထား လိုက်တော့သည်။ သူက သူ့လည်ပင်းမှ လက်စွပ်ကို ထုတ်ယူကာ နယ်ခြား ကျင့်ကြံသူဆီမှ တွေ့ထားသော မြေကမ္ဘာအဆင့် ကျင့်စဉ်ကို ယူလိုက်သည်။
ထျန်းဂျီဂိုဏ်းသည် ရွမ်အဆင့် ဂိုဏ်းတစ်ခုသာ ဖြစ်၏။ သူတို့က ဤသို့ အပြုအမူမျိုး ကျူးလွန်ရဲ သနည်း။
တံခါးပိတ် ကျင့်ကြံခြင်းက ထွက်လာတာနှင့် သူက စာအုပ်ကို ယူပြီး ထိုဂိုဏ်းဆီ ရောက်အောင် သွားဦးမည်။ အမှတ်တွေ ရဖို့ လွယ်တယ်များ မှတ်နေလား ...
ထိုအမှတ်များတွက် သူ့အသက်လေး ဖက်နှင့်ထုပ် ထားရသည့် အချိန်များလည်း ရှိခဲ့သည်။
တစ်ခုခုတော့ မှားယွင်း နေလေပြီ ...
မိုဝူကျီက ထျန်းဂျီဂိုဏ်း၌ အမှတ်လေး တချို့သာ ရရှိမည့် အကြောင်း တွေးမိလိုက်သည်။ သို့သော်လည်း သူက ထိုကိစ္စကို အကျယ်ချဲ့ နေလျှင် ထိုရွမ်အဆင့် ဂိုဏ်းလေးကို ပျက်စီး မသွားစေဘူးလား ... ထို့အပြင် ထျန်းဂျီဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က သာမန် အရည်အသွေး တစ်ခုကို အမှတ်သောင်းကျော် ထားရဲမည့် အရူးလည်း မဟုတ်လောက်ပေ။
အားလုံးကို ချင့်ချိန် တွေးမိပြီး မိုဝူကျီက သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ကာ နေ့တစ်ဝက်လောက် ကျိန်ဆဲ ထားသည့် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကောက်ယူ လိုက်တော့သည်။
ဤတစ်ကြိမ်တွင် သူက စာမျက်နှာ ၁၁ကို စိတ်စွမ်းအားဖြင့် ဖတ်ရှုစစ်ဆေး ကြည့်လိုက်သော်လည်း ဗလာစာရွက်သာ ဖြစ်နေသေး၏။ ထို့နောက်တွင် သူက စာမျက်နှာ ၁၂ကို စစ်ဆေးကြည့် လိုက်သော်လည်း မအောင်မြင်ပေ။
သူ့စိတ် စွမ်းအားဖြင့် သူက စာအုပ် အဖုံးတွင် မျဉ်းကြောင်းလေးများကို ခံစားမိလေသည်။
အစီအရင်များလား ... .
မဖြစ်နိုင်ပေ။ မိုဝူကျီက ထိုအရာသည် အစီအရင် မဟုတ်ကြောင်း အမြန်အဆန် သတိထားမိ လိုက်သည်။ သူ့က ချုရှင်ကျီ၏ အစီအရင်ကို လေ့လာနေသည့် အတွက် သူက အစီအရင် အကြောင်း အတော်လေး သိနေလေပြီ။ ထိုမျဉ်းကြောင်းများက အစီအရင်နှင့် မတူပေ။ သို့သော် သူတို့က ခန္ဓာကိုယ်ထဲမှ ဝိညာဉ် လမ်းကြောင်းများနှင့် တူညီလှသည်။
မိုဝူကျီက စာရွက် အဖုံးပေါ်တွင် လက်တင်ထားရင်း မျက်လုံးမှိတ်ကာ ထိုမျဉ်းကြောင်းများကို ခံစားနေ လိုက်သည်။ အတော်လေး ကြာပြီးသည့် နောက်တွင် သူက ထိုမျဉ်းကြောင်းများက ထူးခြားကြောင်း မခံစားရပေ။
သူက မျဉ်းကြောင်းထဲကို သဘာဝ စွမ်းအားအချို့ ပို့လွှတ် လိုက်သည့်အခါ မိုဝူကျီက အတော်လေး အံ့အားသင့်မိ သွားသည်။ သူ့သဘာဝ စွမ်းအားများက ထိုမျဉ်းကြောင်းထဲတွင် စိမ့်ဝင် သွားလေသည်။
ခဏအကြာတွင် မိုဝူကျီက အသစ်ရှာတွေ့ သွားလေသည်။ သူ့သဘာဝ စွမ်းအားများက မျဉ်းကြောင်း တစ်ခုတည်းသို့သာ ဝင်သွားပြီး မျဉ်းနှစ်ကြောင်းစီ ခွဲထွက်မသွားပေ။ သို့သော်လည်း သူက ထိုမျဉ်းကြောင်းထဲကို သဘာဝ စွမ်းအားများ မည်မျှပင် ပို့ဆောင်ပြီး ကြိုးစားသော်လည်း စာအုပ်က မူလအခြေအနေ အတိုင်း ကျန်ရှိ နေလေသည်။
ထို့နောက် မိုဝူကျီက ကျန်ရှိနေသည့် မျဉ်းကြောင်းများ ထဲသို့ ဝိညာဉ် စွမ်းအားများ ပို့လွှတ်လိုက်သည်။ သူက ဒုတိယ ချီသွေးကြောကို အသုံးပြုပြီး ဝိညာဉ် စွမ်းအားများကို မျဉ်းတစ်ကြောင်းဆီ ပေးပို့သောအခါ သူ့ခန့်မှန်းချက် အတိုင်း ဒုတိယချီ သွေးကြောသည် ဒုတိယ မျဉ်းကြောင်းထဲသာ စီးဆင်း သွားလေသည်။
ဝိညာဉ်လမ်းကြောင်း နှစ်ခုက အဆက်မပြတ် စီးဆင်း လာသောကြောင့် ဝိညာဉ်ကွန်ရက် တစ်ခု ဖြစ်ပေါ် လာလေသည်။ သို့သော်လည်း မိုဝူကျီက သူ့ခန္ဓာထဲတွင် ထိုသို့ ဝိညာဉ်စွမ်းအား ကွန်ရက်ကို ကျင့်ကြံနိုင်တာ ဖြစ်ပြီး စာအုပ်ပေါ်တွင် မဟုတ်ပေ။
ထိုနည်းလမ်းဖြင့် မိုဝူကျီက သူ့စွမ်းအားများကို စာအုပ်မှ မျဉ်းကြောင်းများဆီ ပို့လွှတ် လိုက်တော့သည်။ သူ့တွင် ချီသွေးကြော ၁၀၁ခုရှိသောကြောင့် သူက မျဉ်းကြောင်း ၁၀၁ခုဆီ ပေးပို့လို့ ရလေသည်။
စာအုပ် အဖုံးပေါ်တွင် ၁၀၁ခုမြောက် လမ်းကြောင်းအထိ ရောက်သွားသော အခါ တစ်ခုနှင့် တစ်ခု ထိတွေ့မိပြီး မမျှော်လင့်ထားဘဲ ကြီးမားလှသည့် ဝိညာဉ်စွမ်းအား ကွန်ရက်တစ်ခု ဖြစ်ပေါ် လာလေသည်။
“ဟူး ...” စာရွက် လှန်သံများကို ကြားလိုက် ရသောကြောင့် မိုဝူကျီက စာအုပ်ကို ဖျက်ဆီးမိမှာ စိုးရိမ်၍ သူ့စွမ်းအားများကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက သူ့ရှေ့တွင် ရှိနေသော အရာကို ကြည့်ပြီး မှင်တက် သွားလေသည်။
သူ့ရှေ့တွင် ရှိနေသော စာအုပ်အဖုံးထူမှ စာရွက်ဆယ်ရွက် အဖြစ် ပြန်ကွဲ သွားလေသည်။ မိုဝူကျီက စာမျက်နှာ ၁၂ကို လှန်ကြည့် လိုက်သောအခါ အထဲမှ အကြောင်းအရာကို မြင်လိုက်ရသည့် အတွက် သူ့မျက်လုံးများတွင် မျက်ရည်စများ ခိုအောင်း လာလေသည်။
လူသား အဆင့်လွန် အဆင့် ရောက်ပြီးနောက်တွင် ဝိညာဉ်လမ်းကြောင်း လှည့်ပတ်ပုံများနှင့် ပတ်သက်၍ ရှင်းလင်းသော ဖော်ပြချက်များ ပါဝင်ပြီး ဝိညာဉ် လှည့်ပတ်ပုံ အမျိုးမျိုးကိုလည်း ရှင်းပြထားသေး၏။ ထို့အပြင် ဤစာအုပ် အတွင်း၌ ရုပ်ပုံများနှင့် ရှင်းပြချက်များပါ တွဲ၍ ပါရှိလေသည်။ ရှေ့ဆုံး ဆယ်ရွက်နှင့် ယှဉ်လျှင် နောက်ပိုင်းမှ စာရွက်များ၏ ရှင်းပြချက်များက ပို၍ အသေးစိတ် လှသည်။
အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လက်ကိုင်ထားပြီး မိုဝူကျီက ထျန်းဂျီဂိုဏ်း ခေါင်းဆောင်ကို စိတ်ထဲမှ တောင်းပန် လိုက်တော့သည်။ စောစောလေးက သူသည် မှားယွင်းစွာ ကျိန်ဆဲ မိခဲ့လေသည်။
“သေချာ မစစ်ဆေးကြည့်ဘဲ မပြောသင့်ပေ” ဟူသော စကားမှ “သေချာ မစစ်ဆေးကြည့်ဘဲ တဗျစ်တောက်တောက် မပြောဆိုသင့်ပေ” ဟု ပြောင်းလဲ သုံးသင့်လေသည်။
စာရွက် အနည်းငယ်ကို လှန်ကြည့်ပြီးနောက် မိုဝူကျီက တစ်ခုကို နားလည် လာလေသည်။
ထျန်းဂျီဂိုဏ်းက ဤစာအုပ်ကို ရောင်းချရန် ထုတ်လာသည့် အကြောင်းရင်းမှာ သူတို့သည်လည်း စာအုပ် အဖုံးကား ချိပ်ပိတ်ထားခြင်း သိ၍ ဖြစ်သည်။ သူတို့သည် ထိုချိပ်ပိတ် ထားမှုကား ချီသွေးကြော ၁၀၁ခု သို့မဟုတ် ဝိညာဉ် လမ်းကြောင်း ၁၀၁ခု ဖွင့်ထားသော သူသာလျှင် ပြန်ဖြေနိုင်ကြောင်း သိလိမ့်မည်။
ထျန်းဂျီဂိုဏ်းက ပါရမီရှင်များက ကြိုးစား ကြည့်ကြသော်လည်း ထိုမျဉ်းကြောင်းများ ထဲကို သဘာဝ စွမ်းအားများ မပို့လွှတ်နိုင်ပဲ ပိတ်ထားသည့် စာရွက်များက ပေါ်လာမည် မဟုတ်ပေ။ ပါရမီရှင် တစ်ယောက်က အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် အတင်းဖွင့်ရန် ကြိုးစားကြည့်ပါက ဤကျင့်စဉ်ကို ဖျက်ဆီးမိကောင်း ဖျက်ဆီး မိနိုင်လေသည်။
ထျန်းဂျီဂိုဏ်း ပါရမီရှင်များက ထိုသို့ဈေးအမြင့် ထားခဲ့ခြင်းမှာ သူတို့သည် ဤစာအုပ်သည် အမှန်ပင် အဖိုးတန်ကြောင်း သိရှိ၍ ဖြစ်လိမ့်မည်။ မိုဝူကျီ သိလိုက်သည့် အမှန်တရားမှာ ထိုကျင့်စဉ်ကို ဝယ်ယူဖို့ရန် သတ်မှတ်ထားသည့် ဈေးနှုန်းမှာ မလုံလောက်သေးပေ။ ဖြစ်နိုင်သည်က ထျန်းဂျီဂိုဏ်းသည် အမှတ် ၁၀၀နှင့် ရောင်းလျှင်ပင် ဝယ်သူမရှိမှာ စိုးရိမ်၍ သူတို့က ကံတရားကို ပုံအပ်ပြီး အမှတ် တစ်သောင်းထိ တင်ကာ ထိုစာအုပ်ကို မည်သူ ဝယ်သွားကြောင်း ကြည့်ချင်ကြတာ ဖြစ်ရမည်။
မိုဝူကျီသည် ထျန်းဂျီဂိုဏ်းလည်း ဝယ်သွားသည့် သူကို လိုက်ရှာ နေလောက်မည် ဖြစ်ကြောင်း သေချာ၏။ သူတို့သည် စာအုပ်တွင် လျှို့ဝှက်ချက်များစွာ ပါဝင်ကြောင်း သိ၍ ထိုစာအုပ်သည် မည်သူ့ လက်ထဲသို့ ရောက်ရှိသွားကြောင်း သိချင်ကြသည်မှာ ပုံမှန်ကိစ္စရပ် ဖြစ်သည်။
ဆက်တိုက် ဆိုသလို သူက ထျန်းဂျီဂိုဏ်းကို တွေးမိသည့်အခါ ရှေးအခါက ပါရမီရှင်များစွာ ရှိသည့်အချက်ကို သက်ပြင်း ချမိလိုက်သည်။ သူ့စကားလုံးမဲ့ ဆေးနည်း စာအုပ်သည်လည်း အမွေအနှစ် တစ်ခု ဖြစ်ရမည်။ တခြားသူများ မဖွင့်နိုင်သည့် အကြောင်းရင်းမှာ ချီသွေးကြောများနှင့် ဖွင့်နိုင်သည့် သေမျိုးများနှင့် ဆက်စပ် နေသောကြောင့် ဖြစ်ရမည်။ သူက ဝိညာဉ်ကြော မပါရှိသည့် သေမျိုး ဖြစ်ပြီး ကျင့်ကြံဖို့ရာ အတွက် ချီသွေးကြောများကို ဖွင့်နိုင်လေသည်။
စာအုပ် အနောက်ဖုံးတွင် နောက်ထပ် အဖုံးများ ရှိနေသည်ကို မြင်ပြီး မိုဝူကျီက အတော်လေး ဘဝင်ခိုက် သွားလေသည်။ သူက ယွမ်ဒန်အဆင့်သို့ ရောက်ပြီးသည့် နောက်တွင်လည်း ဆက်၍ ကျင့်ကြံနိုင် သေးသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော ...
ယန်မြို့တော် မြေကွက်လပ် …
ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားကို ဆွေးနွေး နေကြသော ကျင့်ကြံသူ တချို့ ရှိလေသည်။ ထိပ်ဆုံး သုံးယောက်မှ လွဲ၍ ကျင့်ကြံသူများ ဆွေးနွေး နေသည့်သူမှာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သာ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ဝက်ခန့်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် အဆင့်ခြောက်တွင် ဖြစ်ကာ နှစ်ဝက် အကြာတွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကား စုစုပေါင်း အမှတ် ၁၂၀၇၆ဖြင့် ပျောက်သွားကာ အဆင့် ၁၅သို့ ကျရောက် သွားလေသည်။
“နယ်ခြား ကျင့်ကြံသူတွေ တိုးလာတာကို တာ့ရှီရှုန်း အမှတ်က မတိုးလာတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...”
“တာ့ရှီရှုန်းက သေရမှာ မကြောက်မဲ့လူမှန်း အရင်ကတည်းက သတိထား မိတယ် ... သူသာ အသက် ရှင်နေသရွေ့ နယ်ခြား ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဦးမှာ အသေချာပဲ ... အခု သူ ပေါ်မလာဘူး ဆိုတော့ ဖြစ်နိုင်ချေ တစ်ခုက ...”
“ကျုပ်ရော တာ့ရှီရှုန်း ရှင်းဟယ် အသတ်ခံ ရတာလားလို့ သံသယ ဝင်မိတယ်။ အရင်တစ်ခါ အင်မော်တယ် ကျောက်စိမ်း အိမ်တော်တုန်းမှာ အဲဒီကိစ္စ ဖြစ်တုန်းက ကျုပ်လည်း ရှိနေခဲ့တာ … တာ့ရှီရှုန်းက သေရမှာ မကြောက်ပေမဲ့ သူ့ကျင့်ကြံဆင့်က အကန့်အသတ်တော့ ရှိသေးတယ်လေဗျာ ... တကယ်လို့ တခြား မျိုးနွယ်စုရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ အမှတ်တေး ခံရရင် သူက သေရမှာ မကြောက်ဘူး ဆိုရင်တောင် အချည်းနှီးပဲ ...”
“တခြား ဘယ်မျိုးနွယ်စု ရှိသေးလို့လဲ ... လိန်မျိုးနွယ်စုပဲ ဖြစ်ရမယ် ... သူတို့က သူတို့ ကျူးလွန်ထားတဲ့ ပြစ်မှုကို ဖုံးချင်တာနဲ့ တခြားသူ လွှဲချနေကြတာ ... ကျုပ်တို့တွေ ဒီကိစ္စကို ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို တင်ပြသင့်တယ်လို့ ထင်တယ် ... နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က တကယ် အသတ်ခံလိုက် ရတာလား ဆိုတာလည်း စစ်ဆေးဖို့ လိုလိမ့်မယ် ...”
“ဟုတ်တယ် ... ကျုပ်တို့တွေ မဟာမိတ်အဖွဲ့ကို သတင်းပို့ရမယ် ...”
လူအများအပြားက ထိုကိစ္စကို ဆွေးနွေး နေကြပြီး ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဆီ ဦးတည်ကာ အမှန်တရားကို ရှာဖွေရန် ဆုံးဖြတ် လိုက်ကြတော့သည်။
ထိုစဉ် ယုလင်းလိန် မျိုးနွယ်စုသည် ပြဿနာအများဆုံး မျိုးနွယ်စု ဖြစ်နေလေသည်။ လိန်ချန်းဟယ် အသတ်ခံရပြီး နောက်ပိုင်းတွင် ယုလင်းလိန် မျိုးနွယ်စုက ဒုက္ခတွေ့နေလေ၏။ ယခုတွင် သူတို့က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကို ရှာမတွေ့ သေးသော်ငြား သူတို့က ကျင့်ကြံသူ အများအပြား၏ အမျက်ဒေါသကို ရင်ဆိုင် နေရလေသည်။
လူအုပ်ထဲသို့ ဝင်လာသည့် အကြီးအကဲ တစ်ယောက်ရှိလေသည်။ သူက အင်ပါယာ ငါးခု၏ ဂိုဏ်းအဆင့် ဇယားကို ကြည့်ကာ သက်ပြင်း ချလိုက်တော့သည်။ ထိုအကြီးအကဲကား ထျန်းဂျီဂိုဏ်း ခေါင်းဆောင် ဖြစ်လေသည်။ သူက သူတို့ထျန်းဂျီဂိုဏ်း အဆင့်မှာ အရမ်း နိမ့်နေ၍ ပြဿနာ တက်နေခြင်း မဟုတ်ဘဲ မြင့်လွန်းနေ၍ ဖြစ်သည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဝယ်သွားပြီး နောက်ပိုင်းတွင် ထျန်းဂျီဂိုဏ်းက ထိပ်ဆုံး ၅၀ထိ တန်းတက် သွားတော့သည်။ ကောင်းကင်တစ်ပိုင်း အဆင့်များပင် ထိုအဆင့်ကို ရဖို့ရာ မလွယ်ကူလှပေ။ ရွမ်အဆင့် ဂိုဏ်းတစ်ခုက ထိပ်ဆုံး ၅၀ထဲ ဝင်သွားသည်ကို တွေးကြည့် ကြစမ်းပါ ...
နှစ်ဝက် အကြာတွင် ထျန်းဂျီဂိုဏ်းက ထိပ်ဆုံး ၁၀၀ထဲတွင် ပါရှိနေသေးရာ ထိုသည်က လူအများက သတိထားမိ မလားဟု သူ့ကို စိုးရိမ် စေမိသည်။
***