လူသား အဆင့်လွန်ဆုံးနှင့် ယွမ်ဒန်အဆင့် ယှဉ်ပြိုင်မှု
Vol. 15 Ch. 206
“ဒီဟာကို ပျောက်ကွယ်ဓားလို့ ခေါ်တယ်လို့ ကြားဖူးတယ်။ ကျုပ်က အခွင့် တိုက်ဆိုင်ပြီးတော့ အမွေ ရထားတာလေ။ ပျင်းပျင်းနဲ့ ဆော့ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ ...”
မိုဝူကျီက ပြန်ဖြေ လိုက်ပြီးနောက် သူ့ထျန်းဂျီတုတ်ကို ဝှေ့ယမ်းကာ ကောင်းကင် တစ်ခွင်အထိ သဘာဝ စွမ်းအားများ ထုတ်လွှင့်လိုက်ပြီး ဂျူချီဂျန်းဆီ ချီတက် သွားတော့သည်။
ထိုစဉ် ဂျူချီဂျန်းက အဘယ်ကြောင့် မိုဝူကျီ ဓားလျှို့ဝှက် ပညာရပ်ကို ဂရုစိုက် နေတော့မည်နည်း။ သူ့ဓားရှည်ကို လှည့်လိုက်ပြီး သူ့တစ်ကိုယ်လုံးကား ကောင်းကင်မှ ဆင်းသက် လာသည့်အလား သူ့ဓားက မိုဝူကျီကို ချိန်ရွယ် ထားလေသည်။
ဓားဖြင့် ကျင့်ကြံရသည့် အကြောင်းအရင်းမှာ လူကြိုက်များရုံ သာမက နောက်တစ်ချက်မှာ ဓားသည် သိမ်မွေ့ကာ ပေါ့ပါး ဖျတ်လတ်လှ၏။ ဓားပညာကို ထုတ်လွှင့် လိုက်သည့်အခါ အကြီးကျယ်ဆုံး မှော်ရတနာများ ထက်ပင် တစ်ပန်းသာ သွားနိုင်လေသည်။
ဓားအလင်း၊ ဓားမျက်နှာပြင်၊ ဓားမိုး သို့မဟုတ် ဓားစွမ်းအား အစရှိသဖြင့် ရှိကြပြီး လူတချို့သာ ဓားဖြင့် ရန်သူကို ခုတ်ဖို့ သုံးလေသည်။
မိုဝူကျီက ဓားသုံးသော ကျင့်ကြံသူ အများအပြားကို ကြုံတွေ့ပြီးပြီ ဖြစ်ရာ ဓားပုံစံ အမျိုးမျိုးနှင့် အတွေ့အကြုံ ရှိလေသည်။ သို့သော်လည်း ဓားကို ပုဆိန်ကဲ့သို့ အသုံးပြုပြီး ရန်သူကို ခုတ်ဖို့ အသုံးပြုသော ကျင့်ကြံသူများကို အနည်းငယ်သာ ကြုံဖူးသည်။ အသာလွန်ဆုံး ရတနာများတွင် အားအကောင်းဆုံး စွမ်းအားများ ရှိကြသည်။
မိုဝူကျီက ပို၍ လေးနက် လာလေသည်။
“ဒေါင် ...” ဂျူချီဂျန်း ဓားရှည်က လေထုကို ခွင်း၍ အသက် ဝင်နေသော ဓားပုံရိပ်များ ဖြစ်ပေါ် လာစေသည်။
ဓားပုံရိပ်များက မိုဝူကျီ၏ ထျန်းဂျီတုတ်နှင့် တွေ့သည့်အခါ ကောင်းကင်တစ်ခွင် ဖုံးလွှမ်း သွားနိုင်သည့် ဓားအလင်းများ ဖြစ်ပေါ် လာလေသည်။
မိုဝူကျီကို မှင်တက် သွားစေသည်က သူ့ထျန်းဂျီတုတ်သည် ဓားပုံရိပ်များကို လွင့်စဉ်သွားစေ သော်လည်း ဓားအလင်းက တစ်ချက်လေးမှ လျော့နည်း မသွားပေ။ ကောင်းကင်မှ မိုဝူကျီဆီ ကျရောက် လာနေဆဲ ဖြစ်သည်။
ထိုဓားပုံရိပ်များ၏ သဘာဝ စွမ်းအားများကြောင့် မိုဝူကျီက နောက်ဆုတ် လိုက်ရသည်။ သို့သော် ဓားအလင်းများက ကောင်းကင်အနှံ့ ပျံ့နှံ့နေသည့် အတွက် မိုဝူကျီအတွက် ရှောင်ရှားဖို့ရန် မဖြစ်နိုင်ချေ။
မိုဝူကျီ၏ ထျန်းဂျီတုတ်က တုတ်ပုံရိပ်များကို တစ်ခုပြီး တစ်ခု ပြန်ထုတ်လွှင့် နေပေမဲ့ ဓားအလင်းက မိုဝူကျီ၏ တုတ်အရိပ်များကို ဖြတ်သန်း သွားလေသည်။ ဓားအလင်းက ရောက်လာသော်လည်း အားအင်က လျော့နည်းသွားဟန် မရှိပေ။ မိုဝူကျီက ထိုဓားအလင်းသည် သူ့ထျန်းဂျီတုတ်ကို ဖြတ်သန်းသွားပြီး သူ့ခန္ဓာကို ထိလိမ့်မည် ဖြစ်ကြောင်း သိ၏။
ဂျူချီဂျန်း ထုတ်လွှင့်လိုက်သည့် ဓားပညာသည် အမှန်တကယ်ပင် အားကောင်းလှသည်။ အထူးသဖြင့် အတော်လေး ထူးခြားလှသည်။ ဆောလမွန် ငါးအုပ် မွေးရပ်ပြန်လာ သကဲ့သို့ မိုဝူကျီဆီ အပြေးအလွှား ဝင်လာ နေကြသည်။
ဂျူချီဂျန်းက ပူပင်နေသည့် မိုဝူကျီကို မြင်၍ သူ့နှုတ်ခမ်းများက လှောင်ပြောင်ပြုံး ဖြစ်သွားလေသည်။ သူ့လက်ထဲမှ ဓားရှည်က ဓားအလင်းများ ပို့လွှတ် လိုက်တော့သည်။ သူ့ဓားနှင့်အတူ မိုဝူကျီကို ပြေးဝင် သွားလေသည်။ သူ့ယခင်က အသုံးပြုခဲ့သည့် ဓားပညာရပ်ကို ငြိမ်းသတ်မဲ့ ဓားအလင်း ဖြစ်သည်။ တိုက်ခိုက်မှုများကို ခုခံရုံအပြင် မိုဝူကျီအတွက် ထိုဓားပညာရပ်ကို ရင်ဆိုင်ဖို့ နည်းလမ်း မရှိချေ၊။ မိုဝူကျီ စွမ်းအားက သူ့အထက် မမြင့်သရွေ့ ငြိမ်းသတ်မဲ့ ဓားအလင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
မိုဝူကျီ သွင်ပြင်အရ သူသည် မိုဝူကျီသည် ထိုဓားကို မခုခံနိုင်မှန်း ပြောနိုင်သည်။ မိုဝူကျီက ငြိမ်းသတ်မဲ့ ဓားအလင်းကြောင့် ဒဏ်ရာ ရသွားသရွေ့ သူ့လှုပ်ရှားမှုများက သေကွင်းသေကွက် ဖြစ်လာလိမ့်မည်။
မိုဝူကျီက အမှိုက်လို ဝိညာဉ်ကြောဖြင့် အမှန်တကယ် မြေကမ္ဘာ အဆင့်ထိ တက်လှမ်း နိုင်လေသည်။ ထိုအရာက လုံးဝ မကြားဖူးသော အရာ ဖြစ်၏။ ထို့ကြောင့် သူက မိုဝူကျီကို အချိန်တို အတွင်း အပြတ် ဖြတ်နိုင်ရန် သူ၏ အားအပြင်းဆုံး အကွက်ကို ထုတ်သုံး လိုက်ရခြင်း ဖြစ်သည်။ ထို့နောက် သူက မိုဝူကျီခန္ဓာမှ လျှို့ဝှက်ချက်ကို ရှာဖွေကြည့် ရမည်။
“ဘမ်းဘမ်းဘမ်း ...” မိုဝူကျီ ခြေထောက် အောက်တွင် ဆက်တိုက် ပေါက်ကွဲပြီးနောက် ဓားအလင်းများက မြေပြင်သို့ ကျရောက် လာလေသည်။ ဓားအလင်းက မြေပြင်ပေါ် ကျရောက် လာသောကြောင့် သူတို့က ဓားအလင်းတန်းများ အဖြစ် ကွဲထွက်သွားပြီး မိုဝူကျီ ဘောင်းဘီကို စုတ်ပြဲ သွားစေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီ ခြေထောက်ကို ပေါက်ပြဲသွား စေပြီး သွေးများ စီးကျ လာလေသည်။
ဂျုချီဂျန်း၏ တိုက်ကွက်ကို ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း အကွက်ဖြင့် ရှောင်လိုက်ရသည်။ မိုဝူကျီက နောက်ထပ် နောက်မဆုတ်တော့ဘဲ ဂျူချီဂျန်းဆီ ပြေးသွားတော့သည်။
“ဘမ်းဘမ်း ...” ထျန်းဂျီတုတ်က ဓားအလင်းပေါ် ကျရောက် သွားသောအခါ ဓားအလင်း တချို့က ပျောက်ကွယ် မသွားဘဲ မိုဝူကျီ ရင်ဘတ်ကို ဖြတ်သန်း သွားလေသည်။ ထိုစဉ် ဂျူချီဂျန်း အောက်ပိုင်းသို့ လျှပ်စီးအလုံး ကျရောက် သွားလေသည်။
“ဘမ်း ...” လျှပ်စီးအလုံးက ပေါက်ကွဲ သွားတော့သည်။ ဂျူချီဂျန်း တစ်ကိုယ်လုံးကား မြေပြင်ပေါ် ရောက်သွားပြီး သူအူတချို့နှင့် သွေးများက မြေပေါ် ကျနေလေသည်။
“ဘုန်း ...” ဂျူချီဂျန်းက မြေပြင်ပေါ်သို့ လဲကျ သွားတော့သည်။ သူ့အောက်ပိုင်းနှင့် သူ့ညာဘက် ခြေထောက်ကား ပေါက်ကွဲ သွားသည့်အထဲ ပါသွားလေသည်။ သူ့အူများက သူ့ဝမ်းဗိုက်မှ ထွက်ကျ နေလေသည်။
သွေးများ စိုရွှဲနေသည့် ဂျူချီဂျန်းက တုန်ယင်နေပြီး မိုဝူကျီကို လက်ညှိုး ထိုးလိုက်သည်။ သူက မိုဝူကျီသည် သေတော့မည်ဟု သေချာ နေသော်လည်း မိုဝူကျီက မသေဘဲ သူက တန်ပြန် တိုက်ခိုက် လိုက်သေးသည်။ သူက အမှန်ပင် ကျိတ်ကြံစည် နေခြင်း ဖြစ်ရမည်။ မိုဝူကျီက သူ့၏ ငြိမ်းသတ်မဲ့ ဓားအလင်းကို မည်ကဲ့သို့ ရှောင်ရှား နိုင်သနည်း။ သူ့ထက် ကျင့်ကြံဆင့် မြင့်သည့်သူ ဆိုလျှင်ပင် သူတို့သည် ရှောင်နိုင်မည် မဟုတ်ပေ။
မိုဝူကျီ ရင်ဘတ်တွင်လည်း သွေးများ နီရဲနေလေသည်။ သူသွားရာ လမ်းတစ်လျှောက်တွင် သွေးများ ကျန်ရစ်နေလေ၏။ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်ဖြင့် ဂျူချီဂျန်း၏ တိုက်ကွက်ကို ရှောင်ရှား နိုင်ခဲ့သော်လည်း မိုဝူကျီက ဂျူချီဂျန်း အသုံးပြုသည့် ဓားပညာက မည်မျှ အားကောင်းမှန်း သိသည်။ အကယ်၍ သူသာ အခွင့်အရေး ကောင်းကို မဖမ်းဆုပ်မိလျှင် လျှပ်စီး အလုံးဖြင့် လျှပ်တစ်ပြက် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ယနေ့တော့ ဂျူချီဂျန်းကို သတ်နိုင်တော့မည် ဖြစ်၏။
“ငါသိသွားပြီ မင်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ ... ဟုတ်တယ် မင်းက ၂၇၀၅ပဲ ...” သူက မြေပြင်ပေါ် လဲကျနေရင်း ဂျူချီဂျန်းက မိုဝူကျီကို မှတ် မိသွားလေသည်။ သူ့လက်ထဲမှ တုတ်သည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ အမှတ်အသား မဟုတ်ပါလော ...
“မှန်တယ် ငါက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ ... ငါ အရင်က ပြောခဲ့သလိုပဲ ဒီနေ့ မင်းကို ဒီနေရာမှာ မြေမြှုပ်ပေးမယ် ...” မိုဝူကျီက ထျန်းဂျီတုတ်ကို မြှောက်ရင်း ပြောလိုက်သည်။
“မင်းက ဘယ်လိုလုပ် ယွမ်ဒန်အဆင့် ရောက်လာတာလဲ ...” သူ သေမင်းနှင့် ရင်ဆိုင်နေရ သော်လည်း ဂျူချီဂျန်းက လက်မခံနိုင်ပေ။
မိုဝူကျီ၏ ထျန်းဂျီတုတ်က လေထဲတွင် ရပ်သွားပြီး သူ့လက် တစ်ဖက်ဖြင့် နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ပြောလိုက်သည်။
“အဲဒီ မေးခွန်းကိုတော့ ဖြေပေးရမှာပေါ့ ... ငါက သင်ယူရတာ သဘောကျတဲ့ သူလေ ... ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူတို့မသိတဲ့ အရာတွေကို တခြား လူတွေစီက မေးမြန်းပြီးတော့ သင်ယူရမယ် ... အဲဒါကြောင့် မင်းမေးခွန်းကို ဖြေပေးမယ် ငါက ယွမ်ဒန်အဆင့် မရောက်သေးဘူး ...”
“မဖြစ်နိုင်တာ ...” ဂျူချီဂျန်းက နာကြည်းစွာ အော်ဟစ် လိုက်တော့သည်။ မိုဝူကျီက သူ့ထက် အဆင့် နိမ့်နေသည့် သူ ဖြစ်နေမှန်း လက်ခံဖို့ရာ ငြင်းဆန် နေလေသည်။
“မဖြစ်နိုင်ဘူး ... လူသား အဆင့်လွန် ကျင့်ကြံသူထဲ ငါ့ကို သတ်နိုင်တာ မရှိဘူး ...”
ဂျူချီဂျန်းက မျက်နှာတွင် ခါးသီးဟန်များ ရှိနေပြီး သူ့လက်ထဲတွင် ဓားရှည်ရှိနေဆဲ ဖြစ်သည်။ မိုဝူကျီ အနီးကပ် လာသည်နှင့် သူက မိုဝူကျီကို သူနှင့်အတူ ငရဲသို့ ဆွဲခေါ်သွားရန် ပြင်ထားလေသည်။
သို့သော်လည်း သူ့ယခင်က စကားကိုသာ စိတ်ထဲ တွေးမိနေဆဲ ဖြစ်သည်။ လူသား အဆင့်နှင့် မြေကမ္ဘာ အဆင့်ကြားမှ ကွာခြားချက်သည် မိုးနှင့်မြေလို ခြားနားလှသည်။ သူက လူသား အဆင့်လွန်မှ တစ်ယောက်က သူ့ကို အပြင်းအထန် ဒဏ်ရာ ရစေလိမ့်မည်ဟု အမှန်တကယ် မယုံကြည်နိုင်ပေ။ သတ်မိလု နီးပါးအထိ ဖြစ်သွားသေးသည်။ ဂျူချီဂျန်းက သူနှင့် ကျင့်ကြံဆင့် တူသည့် လူများထဲတွင် သူက သာမန်အထက် ရှိကြောင်း ယုံကြည်ချက် ရှိ၏။
မိုဝူကျီ အသံနှင့်အတူ တုတ်ကား ကျရောက် လာလေသည်။
“ငါက လူသား အဆင့်လွန်ဆုံး အဆင့် ၁၂ မှာပဲ ...”
ဂျုချီဂျန်းက “လူသား အဆင့်လွန်ဆုံး” စကားကို အံ့အားတကြီး ဖြစ်မိသွားသည်။ သူ့စိတ်ထဲတွင် မိုဝူကျီ စကားများကို ယုံကြည်မိသည်။ မိုဝူကျီက လူသား အဆင့်လွန်ဆုံး အဆင့်ထဲ ရှိနေဟန် ရသည်။ သို့သော် ဘယ်အချိန်က စပြီး အဆင့် ၁၂ထိ ရှိသွားတာလဲ ...
ထျန်းဂျီတုတ် ကျရောက် လာသောအခါ ဓားအလင်းက ပေါက်ကွဲလု နီးပါး ဖြစ်နေလေပြီ။ သူ မသေဆုံးခင် ဂျုချီဂျန်းက နောက်ဆုံး အကွက်ကို ထုတ်သုံး လိုက်သေးသည်။ သူက မိုဝူကျီ တုတ်ရောက် လာအောင် စောင့်နေပြီးမှ တုတ်ကို ရစ်ပတ်ထားသော ဓားအလင်းတွင် သူ့အသက်ဓာတ် မြှုပ်နှံ ထားလေသည်။ ထို့နောက် မိုဝူကျီ ခန္ဓာထဲ ထိုးစိုက်သွားအောင် လုပ်မည် ဖြစ်သည်။
ထျန်းဂျီတုတ်က ရုတ်တရက် လေထဲတွင် တစ်ဝက်တစ်ပျက် ရပ်သွားလေသည်။
“ဘုန်း ...” လျှပ်စီးအားက ဂျူချီဂျန်း ရင်ဘတ်ဆီ ကျရောက်သွားပြီး သွေးတစ်ပွက် အန်သွားလေသည်။ ထိုသွေးများက မိုဝူကျီ၏ လျှပ်စီးကြောင့် မဟုတ်ဘဲ ဒေါသကြောင့် ဖြစ်သည်။ သူက မိုဝူကျီကို လက်ညှိုးထိုးကာ …
“ဒီလို စက်ဆုပ်ဖွယ် ကောင်းတဲ့လူလည်း ရှိသေးတာလား” ဟုသာ တွေးတော နိုင်တော့သည်။
သူ့ဓား အလင်းက အပြည့်အဝ ဖြစ်တည် မလာခင် မိုဝူကျီဘေးတွင် ပျောက်ကွယ် သွားလေသည်။ နောက် အခိုက်အတန့်တွင် ဂျူချီဂျန်းက မြေပြင်ပေါ်သို့ အသက်ပျောက်ကာ လုံးဝ ပြိုလဲ သွားလေပြီ။
“အသက် ရှင်နေတဲ့ ရန်သူတွေကို ဘယ်တော့မှ မယုံရဘူး ...” မိုဝူကျီက ထျန်းဂျီတုတ်ကို ဝှေ့ယမ်းရင်း ဂျုချီဂျန် ဦးခေါင်းခွံကို ခြေမွှပစ် လိုက်တော့သည်။ နောက်ဆုံးတွင် မိုဝူကျီက အသက်ဝအောင် ရှူနိုင်လေပြီ။ သူက ရန်သူနှင့် ရင်ဆိုင် ရသည့်အခါ အဓိပ္ပာယ် မရှိသည်များ ပြောနေခြင်းကို မနှစ်သက်ပေ။ သူက ရပ်ပြီး စကားပြော လိုက်သည့် အကြောင်းအရင်းမှာ ဂျူချီဂျန်းဆီမှ ဒေါသကို ခံစားမိ၍ ဖြစ်သည်။
ဂျုချီဂျန်းက ရင်ဆိုင်ဖို့ရာ အလွန် ခက်ခဲလှသည်။ လူသား အဆင့်လွန်ဆုံး အဆင့်နှင့် ယွမ်ဒန်အဆင့် တစ်ကို တိုက်ခိုက်ရာတွင် သူက ရန်သူကို မချုပ်ကိုင်နိုင်ချေ။ သူ့ကို တိုက်နိုင်ရုံ လောက်သာ ဖြစ်၏။
မိုဝူကျီက လျှောက်သွားလိုက်ပြီး ဂျူချီဂျန်း၏ သိုလှောင်အိတ်နှင့် ဓားရှည်ကို သိမ်းဆည်း လိုက်တော့သည်။ ရုတ်တရက် သူ့အားနည်းမှုကို ခံစားမိကာ တစ်ခုတည်းသော အံ့ဩစရာ အကွက်မှာ လျှပ်တစ်ပြက် လျှပ်စီး ဖြစ်သည်။ သူ့ထျန်းဂျီတုတ်ကို ကိုင်တွယ် ရာမှာလည်း အခြေခံ အဆင့်သာ ဖြစ်ရာ သူ့တွင် တုတ်ကျင့်စဉ် များလည်း မရှိချေ။
ဤတစ်ကြိမ်တွင် သူက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပညာရပ်၏ ဒုတိယ ပုံစံကိုပါ အသေအချာ သင်ယူဖို့ လိုအပ်နေသည်။ တစ်ချိန်တည်းတွင် ယွမ်ဒန်အဆင့်သို့ တက်လှမ်းရန် နည်းလမ်း ရှာရမည်။ အကောင်းဆုံး နည်းလမ်းမှာ သူ့စွမ်းအား တိုးတက်စေရန် အားကောင်းသော ကျင့်စဉ်တချို့ကို ရှာခြင်း ဖြစ်သည်။ ကြယ်တာရာ လှည့်ပတ် ဖြတ်သန်းခြင်း ပညာရပ်သည် မဆိုးလှပေ။ သူ့အား သေရေး၊ ရှင်ရေး အခြေအနေတွင် ကယ်တင် နိုင်ခဲ့သည်။ ယန်ချင်ယင် စကားအရ ထိုသည်က လျှို့ဝှက်ကျင့်စဉ် တစ်ခု ဖြစ်၏။ ကြည့်ရသည်မှာ သူက ဤကျင့်စဉ်ကို ဆက်လက် ကျင့်ကြံ၍ ဒုတိယအဆင့်ကို ဆက်တက်လှမ်း သင့်ပေသည်။
ချင်ယွီပြည်နယ် တော်ဝင်နန်းတော် အပြင်ဘက်တွင် စစ်သားများက အပျက်အစီးများကို ရှင်းလင်း နေကြသည်။ စစ်ထူချင်က ပျက်စီးသွားသည့် နန်းတော်တွင် ရပ်နေရင်း ရတက်မအေး ဖြစ်နေမိသည်။
“ပြည်နယ် ကာကွယ်သူ ... အင်မော်တယ် ဆရာချီဂျန်းက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အတွင်းစည်း တပည့်ပါ ...” စစ်ထူချင် စကားများက ပြတ်တောက် သွားလေသည်။ သူလှည့်ကြည့် လိုက်သည့်အခါ ပြည်နယ် ကာကွယ်သူ ကျူးကန်ဖူသည် ဤနေရာတွင် မရှိနေတော့ချေ။
စစ်ထူချင် မျက်နှာက ဖြူဖျော့ သွားလေသည်။ သူ့မျက်နှာက နဂိုကတည်းမှ ဖြူသည့်အတွက် ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ ကျူးကန်ဖူသည် ဂျူချီဂျန်းကို သွား၍ ကူညီသည်မှာ မဖြစ်နိုင်ကြောင်း သိ၏။ ယခု ကျူးကန်ဖူက အသံမပေးဘဲ ပျောက်သွားလေသည်။ သူက နှုတ်တောင် မနှုတ်ဆက် သွားချေ။ ဖြစ်နိုင်ချေ တစ်ခုက ပြည်နယ် ကာကွယ်သူသည် ဂျူချီဂျန်းက မိုဝူကျီကို သတ်နိုင်မည်မှန်း မယုံ၍ ထွက်ပြေးသွားခြင်း ဖြစ်ရမည်။
“မြန်မြန် မြို့စားကြီးဟန်ကို ခေါ်လိုက်ကြ ...” စစ်ထူချင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ထိုသည်က သူ့နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်သည့်အတွက် မြဲမြဲစွဲကိုင် ထားရမည်။
ဟန်ချန်အန်းက မိုဝူကျီကို သူ့လက်ထဲမှ တစ်ခါ ကယ်တင်ဖူး လေသည်။ ထို့နောက် သူက မိုဝူကျီကို မကျေမနပ် ဖြစ်မိသော်လည်း ယခုတွင် သူ့ကို ကယ်တင်ပေးရန် ဟန်ချန်အန်းကို တောင်းပန် ရလိမ့်မည်။
“သခင် မြို့စားကြီး ရောက်ပါပြီ ...” ဟန်ချန်အန်း အသံကို ကြားလိုက်ရသည်။ ချင်ယွီပြည်နယ်၏ တော်ဝင်နန်းတော် အဖျက်ဆီး ခံလိုက်ရကြောင်း ကြား၍ သူက အဘယ်ကြောင့် မလာဘဲ နေရမည်နည်း။ သူ တစ်ယောက်တည်း မဟုတ်ပေ။ များစွာသော မြို့စားကြီးများနှင့် အရာထမ်းများလည်း အသီးသီး ရောက်ရှိ လာကြသည်။
“စစ်ထူချင် ဟိုယင်ကောင်ကိုတော့ ရှင်းထုတ်ပြီး သွားပြီ ... အခု ကျုပ်တို့ စကားပြော ကြတာပေါ့ ...” နတ်ဆိုးဆန်ဆန် အသံတစ်ခု ပျံ့လွင့် လာလေသည်။
စစ်ထူချင်က ဒူးများပင် ပျော့ခွေလာပြီး မြေပြင်ပေါ်သို ပြိုလဲ သွားတော့သည်။
ဟန်ချန်အန်းကို မြင်၍ မိုဝူကျီက အရိုအသေ ပေးကာ နှုတ်ဆက် လိုက်လေသည်။
“မိုဝူကျီက မြို့စားကြီးကို နှုတ်ဆက်ပါတယ် ...”
“မင်းက ...” ဟန်ချန်အန်းသည် မိုဝူကျီကို အနည်းငယ် ရင်းနှီးဟန် ရှိသော်လည်း မိုဝူကျီက သွေးများပေပွ နေသောကြောင့် ချက်ချင်း မမှတ်မိလိုက်ပေ။ ထို့အပြင် သူက ပြည်နယ်သခင် နာမည်ကို ခေါ်ရဲသည့် အတွက် တုန်လှုပ်မိ သွားသည်။
ဟန်ချန်အန်းက သူ့အတွက် ဝင်မပြောခဲ့လျှင် မိုဝူကျီက စစ်ထူချင် လက်ချက်ဖြင့် သေဆုံး သွားလောက်လေပြီ။ တစ်ချိန်တည်းတွင် ဟန်ချန်အန်းက သူ့ကို မခေါ်ဆောင် သွားပါက သူသည် ဂျူမျိုးနွယ်စုကြောင့် အသတ် ခံရလိမ့်မည်။ ထိုအကြောင်းအရာ များကြောင့် သူက ဟန်နင်ဆီမှ ဆိုးရွားစွာ ဆက်ဆံခံ ရသော်လည်း သူမကို အကောင်းဆုံး ကြိုးစားကာ ကူညီပေးခဲ့သည်။
“မင်းက မြောက်ဘက်ပိုင်း ချင်စီရင်စု မိုထင်းချန်ရဲ့မြေး မိုဝူကျီ မလား ...” နောက်ဆုံးတွင် ဟန်ချန်အန်းက မိုဝူကျီကို မှတ်မိ သွားလေသည်။ သူက အံ့ဩတကြီး ဆက်မေး လိုက်တော့သည်။
“မင်းက ငါ့ရဲ့ နင်အာနဲ့ အတူ နွေဦးနတ်ဘုရား ညီလာခံကို သွားတက်တာ မလား ... နင်အာက သူမ အဆင်ပြေ တယ်လို့တော့ ပြောတယ်။ သူမ ဘယ်မှာဆိုတာ သိလား ...”
ဟန်နင်က မြေကမ္ဘာအဆင့် ဂိုဏ်း၏ အတွင်းစည်း တပည့် ဖြစ်သော်လည်း သူမအတွက် ဂိုဏ်းမှ ထွက်လာပြီး ချင်ယွီပြည်နယ်သို့ ပြန်လာရန်မှာ မဖြစ်နိုင်သေးပေ။ သူမက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်နေလျှင်ပင် ဤမျှ ခရီးအရှည်ကြီးကို ပြန်လာဖို့က သူမအတွက် အလွန် ခက်ခဲပေ လိမ့်မည်။
***