← Chapters

ငြီးငွေ့တောအုပ် အတွင်း မြေကွက်လပ်

Vol. 15 Ch. 209

ငြီးငွေ့တောအုပ် အတွင်း မြေကွက်လပ်

Vol. 15 Ch. 209

“ဒါဆို ရှင်က ဂိုဏ်းထဲ ဝင်သွားတယ် ဆိုတဲ့ မိုဝူကျီလား ...” ဟွားရွမ်က အံ့ဩတကြီး မေးလိုက်တော့သည်။

မိုဝူကျီက ဤနေရာတွင် ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင် အကြောင်း ကြားရလိမ့်မည်ဟု ထင်မထားသဖြင့် အတော်လေး ပီတိဖြစ် သွားလေသည်။

“ဟုတ်ပါတယ် ကျုပ်က မိုဝူကျီပါ ... အခု ဒေါ်လေး ဆယ့်တစ်နဲ့ မိုရှင်းထောင်နဲ့ တွေ့ဖို့ ခေါ်သွားပေးနိုင် မလား ...” မိုဝူကျီက ရယ်မောရင်း ပြောလိုက်တော့သည်။

မိုဝူကျီက သူတို့နှင့် လမ်းခွဲပြီး နောက်တွင် သူတို့က သိမ်မွေ့အမဲလိုက် သုံးဖော်ဟု အဖွဲ့ဖွဲ့ထား လိမ့်မည်ဟု ထင်မထားမိပေ။ ယုံကြည်စရာ မကောင်းဆုံး ကိစ္စရပ်မှာ သူက ထိုအဖွဲ့ဝင်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ တတိယ အစ်မသည် မိုဝူကျီ၏ ဒေါ်လေး ဖြစ်နေကြောင်း အတည်ပြု ပြီးနောက် ဟွားရွှမ်က စိတ်လှုပ်ရှား လာ၍ လက်များပင် တုန်ယင် လာလေသည်။ ဟွားရွမ်က စိတ်ကို ငြိမ်ငြိမ်ထားကာ မိုဝူကျီကို ပြန်ဖြေမည့် အစား သူမက နောက်မှ မြင်းစီးသမားကို မကာ နောက်မှ သေဆုံးသူတွေ အကြား ပစ်လွှတ် လိုက်တော့သည်။

မြင်းစီးသူ ခန္ဓာကိုယ်ကို ဟွားရွမ်က အလွယ်တကူ မယူနိုင်ကာ လေပေါ်တွင် ဝှေ့ယမ်းရင်း အနောက်သို့ ပစ်ချ လိုက်လေသည်။

“အစ်ကိုမို ... ဒီနေရာမှာ သူက ကျွန်မ စကားတွေကို ကြားလို့ မဖြစ်တဲ့သူပေမဲ့ ဒုတိယ အစ်မကို ဖမ်းထားတဲ့ နေရာ သိတဲ့သူမလို့ သတ်လို့ မရသေးဘူး ...” ဟွားရွမ်က သက်ပြင်းချရင်း သူမဒေါသကို ထိန်းချုပ် လိုက်လေသည်။ သူမက မိုရှင်းထောင်ကို တတိယ အစ်မဟု ခေါ်သော်လည်း မိုဝူကျီကို ဂျူနီယာအဖြစ် မဆက်ဆံရဲပေ။

“လင်းပေးက အဖမ်းခံထား ရတာလား ...” မိုဝူကျီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက ကျင်းလန်ပေးကို ကယ်တင်ပေးခဲ့သူ ဖြစ်ရာ သူမနှင့် မိုရှင်းထောင်မှာ ညီအစ်မ ရင်နှစ်သည်းချာ ကဲ့သို့ ဖြစ်ကြသည်။ ကျင်းမျိုးနွယ်က မိုရှင်းထောင်ကို ကယ်တင်ခဲ့သည့် အတွက် ယခု ကျင်းလန်ပေး အဖမ်းခံရသည့် ကိစ္စကိုကြားသော အခါ အမှန်ပင် ဂရုစိုက်မိသည်။

“သူမကို ဝူရှောင်ဝူရွှောင် ခေါ်သွားတာ ...” ဟွားရွမ်က အံကိုကြိတ်၍ ပြောလိုက်သည်။

“ဒုတိယ အစ်မက အနက်ရောင် ပျားမြီးကို အတော်လေး မုန်းတီးနေတာ အဲဒါကြောင့် လက်စားချေဖို့ ဆုံးဖြတ်ခဲ့တာ။ ထွက်သွားဖို့ ပြင်နေတဲ့ အစ်မကြီးကနေ ပြီးတော့ ဒုတိယအစ်ကို ကူညီပေးခဲ့တယ်။ အဲဒါပြီးတဲ့ နောက်ကျ သူတို့အင်အားက ဟိုဘက်နဲ့ ယှဉ်ဖို့ မလုံလောက်မှန်း သိလို့ ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာ ... ”

“အဲဒါဆို သူတို့က လက်စားချေပြီး သွားပြီလား ...” မိုဝူကျီက ထိုအကြံကို တိတ်တခိုး ချီးကျူးမိ လိုက်သည်။ ဒေါ်လေး ဆယ့်တစ်သည် သန်မာသော်လည်း အနက်ရောင် ပျားမြီးက နိုင်ငံ တစ်နိုင်ငံကိုပင် သိမ်းယူနိုင်သည် အထိ အားကြီးလှသည်။ ထို့ကြောင့် အမဲလိုက်အဖွဲ့ ဖွဲ့လိုက်ခြင်းက ထိုသူများနှင့် ရင်ဆိုင်နိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။

ဟွားရွမ်က ခေါင်းညိတ်ပြ လိုက်ပြီးနောက် ခေါင်းခါပြ လိုက်သည်။

“အစပိုင်းတုန်းက ကျွန်မတို့က အနက်ရောင် ပျားမြီးကို ဖမ်းထားပြီးတော့ အားလုံးကို သတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ အဲဒီအနက်ရောင် ပျားမြီးခေါင်းဆောင်က အဆိပ်ဆူးလို့ ခေါ်တယ် ဒုတိယ အစ်မက သူ့ကို သတ်လိုက်တာကို ကျွန်မကိုယ်တိုင် တွေ့လိုက်တာ ... အဲဒီ တစ်နေရာလုံးကို မြေလှန်ရှာ လိုက်တော့ တန်ဖိုး အကြီးဆုံးက ပင်လယ်မြေပုံ ဖြစ်နေတာပဲ ...”

“စောစောက ပြောတဲ့ အင်မော်တယ် အမွေအနှစ်တွေရှိတဲ့ နေရာဆိုတာလား ...” မိုဝူကျီက မေးလိုက်သည်။

ဟွားရွမ်က ခေါင်းညိတ်ပြကာ …

“ဟုတ်ပါတယ် ... အဲဒီမြေပုံကို ရပြီးတော့ အစ်မကြီးက ပင်လယ်ကို သွားဖို့ ဆုံးဖြတ်ခဲ့တာ ...”

မိုဝူကျီ စိတ်ထဲ လေးလံ လာလေသည်။ ဒေါ်လေး ဆယ့်တစ်က ယခု ပင်လယ်ထဲ ရောက်နေမည့် အကြောင်းကို တွေးမိ၍ ပူပင် လာလေသည်။ ဒေါ်လေး ဆယ့်တစ်က အားကောင်းသော်လည်း သူမက သာမန် ကျင့်ကြံသူသာ ဖြစ်၍ ပင်လယ်ထဲသို့ ထိုမျှ အင်အားလေးနှင့် သွားခြင်းသည် သေခြင်းတရားကို ရှာနေခြင်းသာ ဖြစ်နေလိမ့်မည်။ သူက ပင်လယ်ထဲတွင် ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကို တွေ့ခဲ့ရ၍ ထိုအကြောင်းများက ခေါင်းထဲ အစီအရီ ပေါ်လာလေသည်။

“ဒုတိယ အစ်မနဲ့ ကျွန်မက အကောင်းဆုံး ကြိုးစားပြီးတော့ ဖျောင်းဖျပါတယ်။ အစ်မကြီးက ဘယ်လိုပြောပြော နားမဝင်ဘူး။ ပင်လယ်ထဲ သွားဖို့ပဲ စိတ်အား ပြင်းပြနေတာ ... သူမက ပြောတယ် သူက သူမဘဝမှာ လုပ်သင့်တာတွေလည်း လုပ်ပြီးသွားပြီတဲ့ အဲဒါကြောင့် အခွင့်အရေး ရလာတုန်း ကြိုးစားမကြည့်ဘဲ မနေချင်ဘူးတဲ့ ...” ဟွားရွမ်အသံကား ပြောရင်း လေးနက် လာလေသည်။

“အဲဒါဆိုရင် ဒေါ်လေး ဆယ့်တစ်က ထွက်သွားပြီလား ...” မိုဝူကျီက ဒေါ်လေး ဆယ့်တစ်၏ သတ္တိကို သူတို့ အတူတူ သေရည်သောက်စဉ် ကတည်းမှ သတိထားမိသည်။ သူမက အမျိုးသမီး ဖြစ်သော်လည်း သူမက မိုရှင်းထောင်နှင့် ကျင်းလင်းပေးတိုကို ပို့ဖို့ရာအတွက် ချန်လောင်မြို့သို့ သွားခွင့်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ရဲသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

ယခု ဟွားရွမ်က ဒေါ်လေး ဆယ့်တစ်သည် ကျင်းလန်ပေး အတွက် လက်စား ချေပေးဖို့ရန် သိမ်မွေ့အမဲလိုက် သုံးဖော်ကို ဖွဲ့စည်းခဲ့ပုံကို ကြားလိုက် ရသည့်အခါ ဒေါ်လေးဆယ့်တစ် လုပ်ခဲ့သမျှ အရာအားလုံးကို သိသာ သွားလေသည်။ သူမက ထိုအရာများကို သူမအတွက် မဟုတ်ဘဲ သူမမိတ်ဆွေများ အတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။

ဟွားရွှမ်က ခေါင်းကို ငုံ့ထားကာ …

“ဟုတ်ပါတယ် အစ်မကြီးက တကယ်ကို သွားချင်နေတာ ဆိုတော့ ကျွန်မတို့လည်း တားလို့ မရနိုင်ခဲ့ဘူး။ ပြီးတော့ တတိယ အစ်မလည်း အစ်မကြီး နောက်ကနေ ပင်လယ်ထဲ လိုက်သွားခဲ့တယ်။ တတိယအစ်မ ပြောတာတော့ သူမက ပင်လယ်ကြီးလောက် အမုန်းတရားကို ထမ်းပိုး ထားရလို့ အင်မော်တယ် နေရာကနေ ကံကောင်းခဲ့မယ် ဆိုရင် လက်စားချေ နိုင်လိမ့်မယ်တဲ့ ... သူမက ပင်လယ်ထဲမှာ သေသွားရင်တောင် နောင်တ မရဘူးတဲ့ ...”

မိုဝူကျီက မိုရှင်းထောင်၏ မိုမျိုးနွယ်စု အတွက် လက်စား ချေလိုစိတ်ကို နားလည်၍ သက်ပြင်းသာ ချလိုက်တော့သည်။ အကြောင်းမှာ မိုရှင်းထောင်၏ မိုမျိုးနွယ်စု အပေါ် ခံစားချက်သည် သူ့ထက် အားကောင်းလေသည်။

“နောက်ဆုံးကျတော့ ဒုတိယအစ်မလည်း သူတို့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာ ... ဒါပေမဲ့လည်း အစ်မကြီးနဲ့ တတိယ အစ်မတို့က ဒုတိယ အစ်မကို ဒီနေရာမှာ နေခိုင်းခဲ့တာ တကယ်လို့ သူတို့ သုံးယောက်လုံး ထွက်သွားရင် ကျွန်မတို့လို ကျန်နေတဲ့ အဖွဲ့ဝင်တွေက ဘာဖြစ်သွားမလဲ ... ဒုတိယအစ်မက သူတို့အကြံကို နားထောင်ပြီးတော့ သိမ်မွေ့အမဲလိုက် သုံးဖော်အဖွဲ့ အတွက် နေခဲ့တာ ... ”

ထိုအရာကို ပြောပြီးနောက် ဟွားရွှမ်က မျက်ရည် ကျလုမတတ် ဖြစ်နေလေ၍ မိုဝူကျီက မေးလိုက်ရသည်။

“အဲဒါဆိုရင် ကျန်တဲ့ အဖွဲ့သားတွေရော ...”

ဟွားရွှမ်က ခေါင်းကို ခါကာ သူမအသံက ပို၍ ဝမ်းနည်းကြေကွဲ လာဟန်ဖြင့် …

“အဖွဲ့မှာ ကိုးယောက်ပဲ ကျန်တော့တာ ... ကျန်တဲ့သူတွေက သွားပြီ ...”

မိုဝူကျီ အကြည့်များက အေးစက်လာပြီး …

“ဝူချောင်ဝူရွှောင်ကြောင့်လား ...”

ဟွားရွှမ်က ခေါင်းညိတ်ပြကာ …

“အမှန်ပဲ ... အစက ဒုတိယအစ်မက အဆိပ်ဆူးကို သတ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တာ နောက်ပိုင်း ကျတော့မှ အဲဒါက အစားထိုး ဖြစ်နေတာပဲ ... တကယ့် အစစ်က ထွက်ပြေး သွားပြီးတော့ ဝူချောင်ဝူရွှောင်တို့ကို မြေပုံအကြောင်း ပြောပြလိုက်တာ ... ကျွန်မတို့ကို ဝူချောင်ဝူရွှောင် လူအများကြီး အဝိုင်းခံ ထားရတုန်းက ဒုတိယ အစ်မကို သူတို့ ဖမ်းသွားတာ ... သူမက သူမကိုယ်သူမ သတ်သေဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ အဆုံးသတ်ကျတော့ ကျွန်မတို့ လူ ၃၀ လောက်ပဲ လွှတ်လာခဲ့တာ အခုတော့ တဖြည်းဖြည်းနဲ့ ကိုးယောက်ပဲ ကျန်တော့တယ် ... အစက ပင်လယ်ထဲ သွားပြီးတော့ အစ်မကြီးနဲ့ တတိယအစ်မကို ရှာဖို့ ကြံထားပေမဲ့ မမျှော်လင့်ထားဘဲ အစ်ကိုမိုနဲ့ တွေ့ရတာပဲ ... ကျွန်မတို့ ...”

ကျန်သည့် စကားများ ဆက်မပြောဘဲဖြင့် မိုဝူကျီက အားလုံးကို နားလည်လေသည်။

“ဒေါ်လေး ဆယ့်တစ်နဲ့ ရှင်းထောင်တို့ ဘယ်အချိန်က ပင်လယ်ထဲ ထွက်သွားကြတာလဲ ... ဒီမြေပုံအကြောင်း လူဘယ်လောက်လောက် သိလဲ ...” မိုဝူကျီ စိတ်ထဲမှ လူသတ်ငွေ့ အရိပ်အယောင်များက ထွက်ပေါ် လာလေသည်။

ဟွားရွမ်က ပြန်ဖြေလိုက်သည်။

“အစ်မကြီး၊ ဒုတိယအစ်မနဲ့ တတိယ အစ်မတော့ အားလုံးကို သိတယ်။ ကျန်တဲ့သူတွေက ဝူချောင်ဝူရွှောင် လိုချင်နေတာ မြေပုံဆိုတာပဲ သိကြတယ်။ ဒါပေမဲ့လည်း အဆိပ်ဆူးက မြေပုံအကြောင်း ပြောတုန်းက လူဘယ်လောက် သိသွားတယ် ဆိုတာတော့ မသေချာဘူး ... အစ်မကြီးနဲ့ တတိယ အစ်မတို့ ထွက်သွားတာ သုံးလကျော်နေပြီ ...”

“ဟုတ်ပြီ အခု ဝူချောင်ဝူရွှောင်တို့ နေရာကို သွားကြတာပေါ့ ...” မိုဝူကျီက ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ကို သွားရှာမည့်အစား ဝူချောင်ဝူရွှောင်တို့ကို သတ်ရန် ဆုံးဖြတ် လိုက်တော့သည်။ အကြောင်းမှာ သူတို့ ထွက်သွားတာ သုံးလ ကြာနေလေပြီ။

“ဒီလူကို အတင်းကျပ် ပြောခိုင်းဖို့ လုပ်လိုက်ရ မလား ...”

ဟွားရွှမ်က တစ်ဦးတည်းသော အသက်ရှင်သူကို ပြောနေတာ ဖြစ်၍ မိုဝူကျီက လက်ခါပြကာ …

“မလိုဘူး သူကိုယ်တိုင် ခေါ်သွားလိမ့်မယ် ...”

မိုဝူကျီက မြင်းစီးသမားဆီ သွားကာ သူ့ခန္ဓာမှ ကြိုးကို ဆွဲဖြုတ်ရင်း ပြောလိုက်သည်။

“မင်းတို့ နေရာကို ငါတို့ကို ခေါ်သွား”

မိုဝူကျီ စကားလုံးများက ရှင်းလင်းလှသည်။ ထိုလူသာ နားမထောင်ပါက သူ့စကား နားမထောင်မချင်း သူ့သွေးကြောများကို တစ်စစီ ဆွဲစုတ်ပစ်မည် ဖြစ်သည်။ သူက လူသား သွေးကြောများနှင့် ရင်းနှီးလှသည်။ အကြောင်းမှာ သူကိုယ်တိုင် ချီသွေးကြောများကို ကိုယ်တိုင်ဖွင့် ထားရခြင်း ဖြစ်သည်။

မိုဝူကျီက သူ့ချီသွေးကြောများ ကွဲထွက်လု မတတ် ဖြစ်သည့် ခံစားချက်ကို ကြုံတွေ့ဖူး၍ မည်မျှ ခံစားရကြောင်း သိရှိသည်။ သူ့ချီသွေးကြောများက ပြဲစုတ်လု နီးပါး ဖြစ်ခဲ့သော်လည်း သူက အမှန်တကယ် စုတ်ပြဲသွားသည့် ကြောက်ခမန်း လိလိ ခံစားချက်ကိုတော့ စိတ်ကူး မကြည့်ရဲပေ။

“ဟုတ်ကဲ့ပါ ဂျူနီယာ နာခံပါ့မယ် ...” မိုဝူကျီကို အံ့ဩသွား စေသည်က ထိုစကားနှင့် အတူ မြင်းစီးသမားက တွန့်ဆုတ်နေခြင်း မရှိ သဘောတူ လိုက်ခြင်း ဖြစ်သည်။

ဝူချောင်ဝူရွှောင်တို့၏ မြင်းစစ်သည် လမ်းညွှန်မှုအရ သူတို့ ၁၁ယောက်သည် ငြီးငွေ့တောအုပ်သို့ ရောက်ရှိ လာကြသည်။ မိုဝူကျီ ရုတ်တရက် ရောက်လာမှုကြောင့် ဟွားရွှမ်သည် ပင်လယ်သို့ သွားရန် ပြင်ဆင်ထားသော တစ်လတာ စားနပ်ရိက္ခာများ ပါဝင်သည့် လှည့်ကိုပင် မေ့လျော့ သွားလေသည်။

ငြီးငွေ့တောအုပ်သည် လေးဖက်လေးတန် လုံးကား အားလုံးအတူတူ ကျတ်တီးမြေ ဖြစ်နေလေသည်။ သာမန်လူ တစ်ယောက်သာ ဤနေရာကို နာရီဝက်လောက် ပြေးလိုက်ရပါက သေချာပေါက် ကူကယ်ရာမဲ့ ဖြစ်ပြီး လမ်းပျောက် သွားပေလိမ့်မည်။ ထိုမြင်းစီးသမားက ငြီးငွေ့တောအုပ်ကို အခေါက်ခေါက် အခါခါ ရောက်ဖူးနေသည့် အလား ခရီး တစ်လျှောက်လုံးတွင် တည်နေရာ စစ်ဆေးကြည့်ဖို့ပင် မရပ်တန့်ခဲ့ပေ။

သားရဲမြင်းများ၏ ခံနိုင်ရည်အားက သာမန်မြင်း များထက် ပိုသာလေသည်။ နှစ်ရက်တာ စီးနင်း လာပြီးနောက် သူတို့ကို ရှစ်နာရီမျှသာ အနားပေး ရသေးလေသည်။ သူတို့က ကျောက်တုံးကြီး ရှေ့တွင် ရပ်လိုက် ကြတော့သည်။ ကြည့်ရသည်မှာ တောင်ကုန်းပု လေးနှင့်ပင် ဆင်နေသေးသည်။

“ဘာလို့ ရပ်လိုက်တာလဲ ...” မိုဝူကျီ အမူအရာကား ပြောင်းလဲ သွားလေသည်။ အကယ်၍ ထိုသူသာ သူ့တို့အပေါ် ကြံစည်ရဲပါက သူ့၏ သွေးကြော တစ်ခုချင်းစီကို ဆွဲဖြဲပစ်ဖို့ရာ တွေဝေနေမည် မဟုတ်ပေ။

မြင်းစီးသမားက အလျင်အမြန် ပြောလိုက်သည်။

“စီနီယာ ကျွန်တော်တို့ ရောက်ပါပြီ ...”

“ခွေးသူတောင်းစား ...” ဟွားရွမ်က သူမ နောက်ကျောမှ မှိန်းကို ယူလိုက်သောကြောင့် သူမလက်ထဲသို့ ရောက်လာလေသည်။ နောက် အခိုက်အတန့်တွင် မှိန်းဖြင့် ထိုမြင်းစီးသမားကို ချိန်ရွယ်ထားကာ …

“ငါတို့ကို အရူး မှတ်နေလား ... ဒီမှာ ကျောက်တုံးက လွဲပြီး ဘာမှမရှိဘူး ...”

သို့သော်လည်း မိုဝူကျီက ထိုမြင်းစီးသမားသည် သူတို့ကို အရူးလုပ်ရဲ လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် စိတ်စွမ်းအား သုံးကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် လိုက်သည်။ ချက်ချင်းဆိုသလို တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိ လိုက်သည်။ ကျောက်တုံး ဝန်းကျင်တွင် အစီအရင်အချို့ ရှိနေလေသည်။

မိုဝူကျီက ဟွားရွှမ်ကို မခေါ်ခင် အေးစက်စက် အသံကို ကြားလိုက်ရသည်။

“မင်းတို့အားလုံးက တကယ်ကို အရူးတွေပဲ ... ဒီကျောက်တုံးအပြင် ငါ ဝူချောင်ဝူရွှောင်လည်း ရှိတယ်ကွ ...”

ထို့နောက်တွင် ဧရာမ ကျောက်တုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး တောက်ပနေသည့် ဝတ်ရုံနှင့် လူတစ်ယောက် ပေါ်လာလေသည်။ သူ့နောက်တွင် ဘေးတစ်ဖက် တစ်ချက်စီ၌ လူရာကျော် ပါလာလေသည်။

မိုဝူကျီက ထိုအရာက အစီအရင် ဖြစ်နေသောကြောင့် အမှန်ပင် အတော်လေး အံ့အားသင့်မိ သွားသည်။ ကျောက်တုံးထဲတွင် အစီအရင် လုပ်ထားခြင်းမှာ အတော်လေး လက်ရာမြောက် လှသည်။ ထို့ကြောင့် သူပင် အစီအရင်ကို သေချာ သတိမပြုမိပေ။ ပုန်းကွယ်ရေး အစီအရင်ကား အလယ်အလတ် အဆင့် အစီအရင် ဖြစ်လေသည်။

ကျောက်တုံးပွင့် သွားသောအခါ အထဲတွင် ကမ္ဘာအသစ် တစ်ခုကဲ့သို့ ခံစားလိုက် ရသည်။ နေရာအနှံ့တွင် ပန်းများ၊ ငှက်များဖြင့် ရှိနေပြီး အပြင်ဘက်တွင် ရှိသော ငြီးငွေ့တောအုပ် ထက်ပင် လှပသေးသည်။

မိုဝူကျီအတွက် ငြီးငွေ့တောအုပ်တွင် အပင်များ ခြောက်ပြီး အားလုံးက သေဆုံးနေသည့် အကြောင်းအရင်းကို နားလည်ဖို့ အချိန်ခဏ ယူခဲ့ရသည်။ အကြောင်းမှာ ဤနေရာတွင် အပင်ရှင်သန်ဖို့ရာ အတွက် မသင့်တော်၍ မဟုတ်ဘဲ အစီအရင်အထဲမှ အသက်ဓာတ်များကို ထောက်ပံ့ပေးဖို့ရာ စုပ်ယူသွားခြင်း ဖြစ်သည်။

မိုဝူကျီက ထိုပုန်းကွယ်ရေး အစီအရင်ကို နည်းနည်း နားလည်သော်လည်း သူက ထိုနေရာ အစီအရင်ကိုတော့ လုံးဝမသိချေ။ သူက ချူရှင်ကျီများ ဤနေရာ ရောက်နေလား ဟူပင် သံသယဝင်မိ သွားသည်။ သူသည် ထိုမျှ ဧရာမ အစီအရင်ကို ခင်းကျင်း၍ ကျောက်တုံးနောက်တွင် ပုန်းကွယ် ထားနိုင်မည် မဟုတ်လောက်ပေ။

ဟွားရွှမ်နှင့် ကျန်လူများက ထိုမြင်ကွင်းကြောင့် ကြောင်သွား ကြလေသည်။ သူတို့က သူတို့ရှေ့မှ မြင်ကွင်းကို အိပ်မက် မက်နေသည့် အလား မျက်တောင်မခတ် ငေးကြည့် နေကြသည်။

ထိုကျောက်တုံးကို ဖွင့်ပြီးနောက်တွင် လက်မအနည်းငယ် ကျယ်ဝန်းသော အပြာရောင်လမ်းကို တွေ့လိုက်ရသည်။ လမ်းတစ်ဖက်စီတွင် အလှစိုက် ထားသော သစ်ပင်များနှင့် မြစ်များပင် ရှိနေသည်။ တောရိုင်းတိရစ္ဆာန် တချို့ပင် ပြေးလွှား နေကြသည်။ ထိုသည်က ပျော်ရွှင်မှုတို့ အတိ ပြည့်နေသည့် နယ်ခြားကုန်းမြေ တစ်ခု ဖြစ်နေသည်။

ဟွားရွမ်က ပါးစပ် ဟောင်းလောင်းဖြင့် ငေးကြည့်နေကာ သူမ မြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။ ထိုသို့ လှပသော မြင်ကွင်းက ကျောက်တုံးနောက်မှ ပေါ်လာသည်တဲ့လား ...

“ဆရာဝူချောင် ...” မိုဝူကျီကို ခေါ်လာသည့် မြင်းစီးသမားက သူ့စကားမဆုံးခင် သူ့လည်ပင်းကို အလင်းတန်း ဖြတ်သွားကာ ခေါင်းပြတ် သွားတော့သည်။ ဤဝူချောင်က ထိုလူကို တွေဝေခြင်းမရှိ သတ်ပစ် လိုက်လေသည်။

မိုဝူကျီက ချက်ချင်း လက်ငင်း ထိုသူက ကျင့်ကြံသူ ဖြစ်ကြောင်း အတည်ပြု လိုက်တော့သည်။

***

All Chapters