← Chapters

ဒီလိုဆိုမှတော့ သွားသေလိုက်တော့

Vol. 8 Ch. 115

ဒီလိုဆိုမှတော့ သွားသေလိုက်တော့

Vol. 8 Ch. 115

*ဥက္ကဋ္ဌကြီး*

ဝေ့ဖန်း ဧည့်ကြိုကောင်တာနား ရောက်လာကတည်းက နေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။

ယခင်တုန်းက သရဖူအဖွဲ့ကို ပိုင်ကလန်က ပိုင်ဆိုင်ခဲ့ပြီးနောက် သူတို့က ထူးဆန်းသောသူတစ်ယောက်ကို လွှဲပေးလိုက်သည်ဟု ဆိုကြသည်။

ထိုထူးဆန်းသော သူသည် သရဖူအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

သနားဖွယ်ကောင်းသည်က ဝေ့ဖန်းနှင့် အခြား ရာထူးကြီးသူများမှ လွဲ၍ အခြားသူများက ဥက္ကဋ္ဌအသစ်ကို ရိပ်ဖမ်းသံဖမ်းတောင် မမြင်ဖူးကြခြင်းပင် ဖြစ်သည်။

ဥက္ကဋ္ဌအသစ်က ယောကျ်ားလား၊ မိန်းမလား၊ ပိန်သလား၊ ဝသလားတောင် မည်သူမှ မပြောနိုင်ကြပါ။

သို့သော် ယခုတော့…

ခန်းမအတွင်းရှိ လူတိုင်းက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်နေကြသည်။

သရဖူဟိုတယ်၏ လက်ရှိဥက္ကဋ္ဌအသစ်က ကျောင်းသားတစ်ယောက်နှင့် ဆင်တူသော လူငယ်လေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိကြပါ။

*မ… မယုံနိုင်စရာပဲ*

ဂလု!

လုံခြုံရေးဝန်ထမ်းတိုင်းက ယဲ့ဖန်ကို ထိတ်လန့်တကြားနှင့် မျက်လုံးအပြူးသားဖြင့် ကြည့်နေမိကြသည်။

သူတို့ ဥက္ကဋ္ဌကို ရိုက်နှက်ရန် ကြံစည်ခဲ့သည်ကို သတိပြုမိပြီး ဘောင်းဘီထဲ သေးထွက်ကျတော့မလို ဖြစ်လာသည်။

ထိုစဉ် ကော်ရှန့်က ပြာနှမ်းနေသော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ် လဲကျကာ ဗလုံးဗထွေး လေသံဖြင့် "ဥ… ဥက္ကဋ္ဌ ! သူ… သူက သရဖူအဖွဲ့ရဲ့ ဥက္ကဋ္ဌ! ဒါ… လုံးဝ မဖြစ်နိုင်ဘူး"

ကော်ရှန့် ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သရဖူအဖွဲ့၏ ဥက္ကဋ္ဌအသစ်သည် အလွန် အင်အားတောင့်သည်ဟု သူ့ကို ပြောခဲ့ကြသည်။ ကျန်းရှီမြို့ရှိ ပိုင်ကလန်နှင့် အခြား အဓိကကလန်များကတောင် သူ့ကို တလေးတစား ဆက်ဆံရသည်။

ယခင်တုန်းက ထိုကဲ့သို့ အင်အားတောင့်သောသူနှင့် သူ မည်သို့မှ ပတ်သတ်လိမ့်မည်ဟု တွေးထားမိသော်လည်း ယခုအခါတွင်တော့….

သူနှင့် ယဲ့ဖန်ကြားက အဖြစ်အပျက်ကို ပြန်သတိရမိပြိးနောက် ကော်ရှန့်တစ်ယောက် အရိုးအသားထဲထိ ကြက်သီး တဖြန်းဖြန်း ထလာသည်။

ထိုစဉ် ယဲ့ဖန်က ကော်ရှန့်ကို စိုက်ကြည့်ကာ ခပ်တည်တည်ဖြင့် မေးလိုက်သည်။

"မင်း အခုထိ ငါ့ခြေလက်တွေကို ချိုးပစ်ပြီး ဒီနေရာကနေ ငါ့ကို တွားသွားသွားစေချင်သေးလား?"

*ဘာ*

ယဲ့ဖန်၏ အပြောကြောင့် ဝေ့ဖန်းနှင့် အခြားရာထူးကြီးသူများ ထိတ်လန့်သွားကာ ကော်ရှန့်အား အလန့်တကြား ကြည့်လိုက်ကြသည်။

သူတို့၏ မန်နေဂျာပေါက်စလေးက ဥက္ကဋ္ဌကို သည်လောက် ရိုင်းစိုင်းသည့်စကားမျိုး ပြောရဲလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

ဝေ့ဖန်း၏ မျက်နှာသည်လည်း ချက်ချင်းဆိုသလို ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

ဝေ့ဖန်းက ကော်ရှန့်နားသို့ သွား၍ သူ့ပါးကို ရိုက်ချလိုက်သည်။

ဖြန်း!

ကော်ရှန့် ချက်ချင်း လဲကျသွားသည်။ မျက်နှာက ချက်ချင်း ယောင်ကိုင်းလာသလို ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာသည်။

"ခွေးမသား မင်းက ဥက္ကဋ္ဌကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်ပေါ့? မင်း သေချင်နေတာလား"

ဝေ့ဖန်း ဒေါသထွက်လွန်း၍ သွေးပါအန်ချင်နေသည်။

သူ့တူက ဒီလို ပြဿနာကို မီးခွက်ထွန်းရှာတတ်သည့် ပြဿနာအိုး ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ သူက ယဲ့ဖန်လို လူမျိုးကိုတောင်မှ ရန်စရဲနေသေးသည်။

သူ့ဦးလေး၏ ကြောက်စရာကောင်းသော မျက်နှာကို ကြည့်ပြီး ကော်ရှန့် မျက်ရည် ကျလုကျခင် ဖြစ်လာသည်။

ကော်ရှန့်က ယဲ့ဖန်ရှေ့ ဒူးထောက်ကာ "ဥက္ကဋ္ဌ ကျွန်… ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်က တော်တော် ဇီဇာကြောင်ပြီး နှလုံးသားကလည်း မှားယွင်းတဲ့အမြင်နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဥက္ကဋ္ဌ ဒီတစ်ခါလေးပဲ ညှာတာပေးပါဗျာ"

ကော်ရှန့် ကြောက်လန့်ကာ ကတုန်ကယင်ဖြစ်နေပြီး အလွန်‌ နောင်တရနေသည်။

ယဲ့ဖန်က လက်ရှိ ဥက္ကဋ္ဌဆိုတာကိုသာ သူ သိပါက သူ ဘယ်တော့မှ ယဲ့ဖန်ကို ရန်စမိမည် မဟုတ်ပါ။

ကော်ရှန့်၏ အလန့်တကြား ဖြစ်နေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က ရက်ရက်စက်စက် ပြုံးကာ "မင်းကို သနားရမယ်?"

"သူတောင်းစားလေးက မင်းဆီက ခွင့်လွှတ်ပေးဖို့ တောင်းဆိုတုန်းက မင်း သူ့ကို ခွင့်လွှတ်ပေးခဲ့လို့လား?"

"ငါက သာမန်လူလိုမျိုး မင်းကို ခွင့်လွှတ်ပေးဖို့ ပြောရင် မင်း ငါ့ကို ခွင့်လွှတ်ပေးမှာလား"

ယဲ့ဖန်၏ မျက်လုံးက ပို၍ အေးစက်လာကာ ဆက်ပြောလိုက်သည်။ "မင်းက သူ့ကို ခွင့်မလွှတ်ပေးခဲ့တဲ့အပြင် ငါ့ကိုလည်း ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ အဲ့လိုဆိုမှတော့ ငါက မင်းကို ဘာလို့ ခွင့်လွှတ်ပေးရမှာလဲ?"

…

ယဲ့ဖန်၏ စကားကြောင့် ကော်ရှန့် ရှက်ရွံ့လာကာ သူ့ကိုယ်ကလည်း တုန်ယင်လာသည်။

ယဲ့ဖန်က သူပြောခဲ့သလို ပြန်ပြောလာသည်။

"သူ့ခြေလက်တွေကို ချိုးပစ်ပြီးတော့ သူ့ကို ဒီကနေ လွှင့်ပစ်လိုက်။ သူ့ကို တစ်ဘဝလုံး သူတောင်းစား အဖြစ် နေခိုင်းလိုက်"

*တစ်ဘဝလုံး သူတောင်းစား အဖြစ် နေခိုင်းလိုက်*

*သွားပြီ*

*သူတော့ လုံးဝကို သွားပြီပဲ*

အရင်တုန်းက သူက ရာထူးကြီးကြီး ရခဲ့ပြီး မြို့၏ အချမ်းသာဆုံးလူတွေထဲက တစ်ယောက်တောင် ဖြစ်လာနိုင်ခဲ့သည်။ ယခုတော့ သူ ထိုအရာများနှင့် ဆန့်ကျင်ဘက်ဘဝတွင် နေရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

ကော်ရှန့် နောင်တရကာ ကိုယ့်ပါးကိုယ်သာ ရိုက်ချင်တော့သည်။

သို့သော် ယခုမှ နောင်တရလည်း နောက်ကျသွားချေပြီ။

အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က သူ့ဆီ လှမ်းလာကာ သူ့လက်မောင်းကို တစ်ယောက် တစ်ဘက် ချုပ်၍ ချိုးလိုက်သည်။

ကော်ရှန့် နာနာကျည်းကျည်းဖြင့် အော်ဟစ်နေရသည်။

ခွပ်! ခွပ်!

ကော်ရှန့်၏ ခြေထောက်များလည်း ကျိုးသွားချေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရင်မန်နေဂျာလေး ဒုက္ခိတဖြစ်သွားချေလေပြီ။

ဤမျှ ရက်စက်သာ မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ထို့နောက် ယဲ့ဖန်က ဒဏ်ရာရနေသော လုံခြုံရေးဝန်ထမ်းများကို ကြည့်ကာ ပြောလိုက်သည်။

"အခုကစပြီး သခင့်နောက်မှာနေပြီး သခင်ပါးဝနေတဲ့ သူတွေကို သရဖူအဖွဲ့မှာ ထားဖို့ တားမြစ်တယ်။ သူတို့ကိုလည်း ဒီနေရာကနေ လွှင့်ပစ်လိုက်"

"ဟုတ်ကဲ့ ဥက္ကဋ္ဌ"

ကျယ်လောင်သော ပြန်ဖြေသံများနှင့်အတူ ဝတ်စုံနက်များနှင့် လူများက ကော်ရှန့်နှင့် လုံခြုံရေးဝန်ထမ်းများကို အပြင်သို့ ကန်ထုတ်ပစ်လိုက်သည်။

ထိုအခါမှသာ ယဲ့ဖန်က ဝေ့ဖန်းနှင့် သရဖူအဖွဲ့၏ အခြားရာထူးကြီးသူများနှင့်အတူ အပေါ်သို့ တက်သွားသည်။

…

ထိုအချိန်တွင်းတွင် တရုတ်ပြည် တောင်ပိုင်းရှိ လော့ကလန်အတွင်း၌

အမျိုးသမီးတစ်ယောက်က စာဖတ်ခန်းတွင် ဓာတ်ပုံတစ်ပုံကို ကိုင်၍ ငြိမ်သက်စွာ ထိုင်နေသည်။

ထိုဓာတ်ပုံသည် ကုန်းယွင်ဖေး၏ ပုံဖြစ်သည်။

"မဒမ် ဒီကျွန်အိုကြီး သေသင့်ပါတယ်။ ကျွန်တော် သခင်လေးကို ကာကွယ်ဖို့ အရေးနိမ့်ခဲ့ပါတယ်"

လက်မောင်းတစ်ဘက်သာ ရှိသော အဘိုးအိုကြီးက ကြမ်းပြင်ပေါ် ဒူးထောက်၍ တုန်ယင်လို့နေသည်။

ထိုသူသည် ကုန်းယွင်ဖေး၏ သက်တော်စောင့်ဖြစ်သူ လူအိုကြီး ဖြစ်သည်။

သို့သော် ယခုအချိန်တွင် လူအိုကြီးသည် အလွန်ကြောက်လန့်၍ နဖူးမှလည်း ချွေးဒီးဒီးကျနေသည်။

သူ၏ ပုံစံက မိန်းမတစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသည်ထက် သရဲတစ္ဆေနှင့် ဆုံနေရသည့်ပုံ ပေါက်သည်။

"မင်းက သေသင့်တယ် ဟုတ်လား?"

သူ့စကားကြောင့် ထိုအမျိုးသမီးက ခေါင်းအသာမော့၍ ခနိုးခနဲ့ ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုလည်း သွားသေလိုက်တော့"

သူမစကားကြောင့် လူအိုကြီးက တုန်ယင်လာကာ ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။

သို့သော် သူ ထရပ်လိုက်သည်နှင့် ပိန်ရှုံ့နေသော လက်တစ်ဘက်က အမှောင်ထဲက ထွက်လာသည်။

ထိုလက်သည် အလင်းကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားသွားသည်။

ဗလုံးဗထွေးအသံနှင့်အတူ လူအိုကြီး တောင့်ခနဲ ဖြစ်သွားသည်။

သူ ခေါင်းကို ငုံ၍ သူ့ရင်ဘက်ကို ကြည့်လိုက်သည်။

ထိုအခါ သွေးများနှင့် အပေါက်ရာကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လတ်လတ်ဆက်ဆက် သွေးများက စီးကျနေသော်လည်း သူ့နှလုံးကတော့ ရင်ဘတ်ထဲတွင် မရှိတော့ချေ။

"နှလုံးစား…အဘိုးကြီး.."

လူအိုကြီး ကြောက်လန့်ကာ မျက်လုံးအပြူးသား ဖြစ်နေသည်။

သူစကားဆုံးအောင် မပြောခင်မှာပင် ကြမ်းပြင်ပေါ်သို့ အမှိုက်အိတ်တစ်အိတ်လို ပြုတ်ကျသွားသည်။ သူ သေသွားပြီ ဖြစ်သည်။

အမှောင်ထဲတွင်တော့ မကောင်းဆိုးဝါးတစ်ကောင်က အစာစားနေသကဲ့သို့ တကျွိကျွိမြည်နေသည်။

သို့သော် ထိုအမျိုးသမီးကတော့ ခွေးတစ်ကောင် သေသွားသကဲ့သို့ တည်ငြိမ်နေကာ ကြည့်တောင် ကြည့်မနေပေ။

သူမက သူမလက်ထဲက ဓာတ်ပုံကို ညင်သာစွာ ပွတ်သတ်၍ သူမ၏ သားကို ချစ်မြတ်နိုးစွာ ကြည့်နေသည်။

"ယွင်ဖေး ငြိမ်းချမ်းစွာ အနားယူပါ။ ငါ စစ်ကို သတိပေးလိုက်ပြီးပြီ။ ပြည်ပက ခွန်အားကြီးတဲ့ စစ်သားတွေကို သတ်ပြီးတာနဲ့ သူ ပြန်လာပြီးတော့ မင်းအတွက် လက်စားချေပေးလိမ့်မယ်"

"သူတို့ကို လဝက်လောက် အသက်ရှင်ခွင့် ပေးလိုက်ပါ။ လဝက်လောက်ပါပဲ၊ ပြီးတာနဲ့ သူတို့အားလုံး သေစေရမယ်"

All Chapters