← Chapters

တာ့ရှီရှုန်း၏ ဂုဏ်သတင်း

Vol. 16 Ch. 219

တာ့ရှီရှုန်း၏ ဂုဏ်သတင်း

Vol. 16 Ch. 219

ပြောလိုက်သူမှာ မေးချွန်ချွန်နှင့် အမျိုးသား ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်တွင် ဝိညာဉ် စွမ်းအားများ လွှမ်းခြုံ ထားလေ၏။ မိုဝူကျီအတွက် ယွမ်ဒန်အဆင့် ကျင့်ကြံသူများနှင့် တွေ့သည်မှာ ပထမဆုံး အကြိမ် မဟုတ်တော့ပေ။ အကြည့် တစ်ချက်တည်းဖြင့် ထိုသူ အဆင့်သည် ဂျုချီဂျန်းထက် များစွာ မြင့်ကြောင်း ခံစားမိ လိုက်သည်။

သူက လက်ရှိ လူနှစ်ဆယ်ကို ကြည့်လိုက်ပြီး မိုဝူကျီက ထိုမေးချွန်ချွန် လူသည် အားအကောင်းဆုံး ဖြစ်ကြောင်း သေချာ သွားလေသည်။

ကျောက်ခန်းမကား အလွန် နေရာ ကျယ်ဝန်း၍ မိုဝူကျီတို့ အဖွဲ့ တဲနားသို့ ကပ်လာလျှင်ပင် သူတို့က မည်သူ့ကိုမှ နှောင့်ယှက်မိမည် မဟုတ်ပေ။ ထို့ကြောင့် အသံစူးစူး ထွက်လာသည်နှင့် ဖူချန်းက သူ့နောက်ကျောမှ ဓားကို ဆွဲထုတ် လိုက်လေသည်။ သူက မိုဝူကျီကို တစ်ချက် ကြည့်လိုက်လေသည်။ မိုဝူကျီသာ တိုက်ခိုက်လျှင် သူက နောက်က ထက်ကြပ်မကွာ လိုက်မည် ဖြစ်သည်။

မိုဝူကျီ အဆင်ပြေ နေသည်ကို မြင်၍ နှုတ်ဆက်ချင်သည့် ကျန်းရှားပိုင်က ချက်ချင်း ပါးစပ်ပိတ် သွားလေသည်။ အကြောင်းမှာ သူတို့က မိုဝူကျီထက် စောရောက်နေ၍ မိုဝူကျီကို အမိန့်ပေး နေသူမှာ အားကောင်းသည့် ကျင့်ကြံသူ ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် သူက မိုဝူကျီနှင့် ရင်းနှီးနေကြောင်း မပြလိုပေ။

“ခဏ ...” မိုဝူကျီက ဖူချန်းကို ရပ်တန့်စေ လိုက်ပြီး သူ့စိတ် စွမ်းအားကို တဲဆီ ပို့လွှတ် လိုက်လေသည်။ တဲကို အလွှာ အထပ်ထပ်နှင့် ကာရံထားသည့် အတွက် သူ့စိတ် စွမ်းအားမှာ အပေါ်ယံသာ ထိုးဖောက် နိုင်လေသည်။ မိုဝူကျီက ထိုတဲသည် တစ်ခုခု ထူးဆန်းနေကြောင်း ခံစားမိ၏။

တဲအတွင်းတွင် သွေးဆာနေသည့် အငွေ့အသက် ရှိကာ အလောင်းပုပ်၏ အငွေ့အသက်များပင် ရနေလေသည်။ မိုဝူကျီက တဲကို သေချာ မသိသော်လည်း ရတနာ မရှိကြောင်းတော့ သေချာလေသည်။ သူက သင်္ဘောပေါ်မှ ကျင့်ကြံသူ တစ္ဆေကို နှိမ်နင်း လာခါစ ဖြစ်သောကြောင့် ထိုသို့သော အရာမျိုးကို အာရုံခံစား လွယ်နေလေသည်။

တဲအတွင်းမှ ယင်စွမ်းအားမှာ မသိပ်သည်း လှပေ။ ထို့ကြောင့် ကျင့်ကြံသူ တစ္ဆေတော့ မဟုတ်လောက်ချေ။ သို့သော် အားလုံးက မြေပုံ အတူတူ ရထားကြသည့် အတွက် ထိုမြေပုံက မည်သို့ ထွက်ပေါ်လာ သနည်း။ တစ်ယောက်ယောက်က သူတို့ဆီ ရည်ရွယ်ချက် ရှိရှိ ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် တဲအတွင်းတွင် ကျင့်ကြံသူ တစ္ဆေ မဟုတ်လျှင် မိုဝူကျီက ထင်ထင်ရှားရှား မဖြစ်လိုပေ။

“နောက်ဆုတ်ပြီး ပြန်ကြစို့ ...” မိုဝူကျီက အားလုံး အကြည့်များကိုလည်း ဂရုစိုက် မနေနိုင်ပေ။ အမှန်ပင် ခြေလှမ်းများ ဆုတ်လိုက်လေသည်။

မိုဝူကျီကို သိသည့် ဘုန်းကြီးက ရုတ်တရက် ထမေး လိုက်လေသည်။

“ဆရာမိုတို့ သင်္ဘောပေါ်က ရတနာတွေများ ရလာကြ တာလား။ ဖူချန်းဆီမှာ ဘယ်လိုလုပ် သိုလှောင်အိတ် ရှိနေတာလဲ ... ကိုယ်တော်တောင် ဒကာဆီ မှီခို သွားချင်မိပြီ။ ကိုယ်တော်ကိုလည်း သိုလှောင်ရေး ရတနာ ပေးမလား ...”

ထိုစကား တစ်ခွန်းဖြင့် အားလုံး၏ အကြည့်များက သူတို့ သုံးယောက်ဆီ နောက်တစ်ဖန် ရောက်ရှိ လာပြန်သည်။

“မင်းတို့တွေက အခွင့်ကောင်းနဲ့ ကြုံခဲ့တာကိုး ...” မေးချွန်ချွန် လူက မိုဝူကျီကို မေးလိုက်သည်။

“မင်းလည်ပင်းက ဘာကြီးလဲ။ ကြည့်ရအောင် ချွတ်လိုက်စမ်း ...” သူ့အကြည့်က မိုတူကျီခါးရှိ သိုလှောင်အိတ် ဆီကနေ လည်ပင်းမှ သိုလှောင်လက်စွပ် အထိ ရောက်သွားလေသည်။

“ခင်ဗျားတို့ တိုက်မယ်ဆိုလည်း လာကြ ... လျှောက်ပြော မနေကြနဲ့ ...” နောက်စက္ကန့် ပိုင်းလေးအတွင်း မိုဝူကျီ လက်ထဲတွင် ထျန်းဂျီတုတ် ပေါ်လာလေသည်။ အစပိုင်းတွင် သူက မတိုက်ခိုက်ချင်သည့် အကြောင်းအရင်းမှာ တဲအကြောင်း များစွာ မသိသေး၍ ဖြစ်သည်။ သို့သော် သူ့သိုလှောင် လက်စွပ်ကို မျက်စိ ကျနေကြသည့် လူများရှိနေသည့် အတွက် သူတို့နှင့် ရင်ဆိုင်ရုံမှ အပ ရွေးချယ်စရာ မရှိတော့ချေ။ စိတ်ထဲတွင် သူက အတော်လေး အခက်တွေ့ နေလေသည်။ သူက သိုလှောင်လက်စွပ်ကို လည်ပင်းတွင် ချိတ်ဆွဲထား သော်လည်း သတိထားမိ သူများ ရှိနေသေး လေ၏။

သို့သော်လည်း မိုဝူကျီက ဘုန်းကြီးသည် လူပြောင်တစ်ယောက် မဟုတ်ကြောင်း တစ်ချက်တော့ သေချာ သွားလေသည်။ သူက နောက်ဆုတ်သွားပြီ ဖြစ်ရာ တိုက်ပွဲကို ဝင်မတိုက်ချေ။ ထို့ကြောင့် ဘုန်းကြီးက သူနှင့် ယွမ်ဒန်အဆင့် ကျင့်ကြံသူကြား မီးစ ညှိပေးရုံသာ ဖြစ်လေသည်။

ဖူချန်းက ဓားကို ထုတ်ရင်း မိုဝူကျီ ဘေးတွင် ရပ်နေလေသည်။ သူတို့က မိတ်ဆွေတွေ ဖြစ်သည့်အတွက် သူက ထိုတိုက်ပွဲတွင် သေချာပေါက် ဝင်ပါရမည်။ ကျောင်းယန်က အားနည်းသော်လည်း သူမလည်း မှော်ရတနာ တစ်ခုကို ဆွဲကိုင်ကာ သူတို့နှစ်ယောက် နောက်တွင် ရပ်နေလေသည်။

“ငါတို့လည်း ပါတယ် ...” အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က ပြောရင်း မိုဝူကျီဘေး ဝင်ရပ် လိုက်လေသည်။

ထိုနှစ်ယောက်ကို နားမလည်စွာ ကြည့်လိုက်ရင်း သူ့အနေဖြင့် သူတို့ကို တစ်ခါမှ မမြင်ဖူးကြောင်း သေချာ၏။ သို့သော် သူတို့က အဘယ်ကြောင့် ကူညီပေး သနည်း။ ထို့အပြင် တိုက်ပွဲက ယွမ်ဒန်အဆင့် ကျင့်ကြံသူနှင့် ဖြစ်နေသေး လေသည်။

“တာအိုရောင်းရင်း နှစ်ယောက်ကို ကျုပ်တော့ မတွေ့ဖူးဘူး ...” မိုဝူကျီက မေးကြည့် လိုက်တော့သည်။

အမျိုးသမီးက လေးစားစွာ ဦးညွှတ်၍ …

“တာ့ရှီရှုန်းက ကျွန်မတို့ကို မသိပေမဲ့ ကျွန်မတို့က တာ့ရှီရှုန်းကို ကြည့်နေတာ ကြာလှပါပြီ ... ကျွန်မက စန်ယီပင်းပါ။ ဒါကတော့ ကျွန်မရဲ့ ဂိုဏ်းတူ အစ်ကို နှဲ့ကျန်းနွန်ပါ ...” စန်ယီပင်းဘေးတွင် ရပ်နေသည့် အမျိုးသားက လေးလေးစားစား နှုတ်ဆက် လိုက်လေသည်။

“နှဲ့ကျန်းနွန်က တာ့ရှီရှုန်းကို နှုတ်ဆက်ပါတယ် ...”

နောက်ထပ် တာ့ရှီရှုန်း အခေါ်ခံရတုန်းလား ...

မိုဝူကျီက သူ့လက်ထဲမှ ထျန်းဂျီတုတ်ကို ကြည့်ပြီး လက်ရှိ အခြေအနေများကို နားလည် သွားလေသည်။ သူတို့သည် သူ့ကို နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း အမှတ်ရသွားဟန် ရသည်။

“ဒီလိုဆိုမှတော့ နှစ်ယောက်လုံးကို ကျေးဇူး တင်ပါတယ်။ အားလုံး အရင် မတိုက်ကြ သေးနဲ့ဦး နောက်မှာပဲ နေပြီး ကူပေးပါ ...” မိုဝူကျီက ပြောရင်း ခေါင်းညိတ်ပြ လိုက်သည်။

မေးချွန်ချွန် အမျိုးသားက ဂျူချီဂျန်းထက် အဆင့်မြင့်သည့် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အင်အားချင်းဖြင့် သူက ဂျူချီဂျန်းထက် အားမကောင်း နိုင်ပေ။ မိုဝူကျီက ဂျူချီဂျန်းကို သတ်နိုင်ခဲ့၍ ထိုလူကို သိပ်စိတ်ထဲ ထားစရာ မလိုပေ။

စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က မိုဝူကျီ ဘေးတွင် ရပ်နေသည့် အခါ မေးချွန်လူက တစ်ခုခုကို အမှတ်ရ သွားဟန်ဖြင့် သူက မိုဝူကျီလက်ထဲမှ ထျန်းဂျီတုတ်ကို သေချာကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ဦးညွှတ်လိုက်ကာ …

“ခင်ဗျားကို ရန်စမိတာ တောင်းပန်ပါတယ်။ ဒီမှာပဲ ဆက်နေနေ ဒါမှမဟုတ် ထွက်သွားမယ် ဆိုလည်း မိတ်ဆွေ လုပ်ချင်သလိုသာ လုပ်ပါဗျာ”

ထိုစကားကို ကြားပြီးနောက် အားလုံးက ကြောင်သွားကြသည်။ အလယ်အလတ် အဆင့် ယွမ်ဒန် ကျင့်ကြံသူ ဖြစ်သည့် မေးချွန်ချွန် လူက ဤနေရာတွင် အားအကောင်းဆုံးလူ ဖြစ်သော်လည်း ဒေါသ ထွက်သည့်အခါ အရာအားလုံးကို လျစ်လျူရှုမိ လိုက်လေသည်။ ယွမ်ဒန်အဆင့် ကျင့်ကြံသူက ထိုသို့ စကားမျိုး ပြောသည်က တောင်းပန်မှုနှင့် တူညီလေသည်။ သို့သော် မိုဝူကျီတွင် ဝိညာဉ် စွမ်းအားများ မရှိသည့်အပြင် ငယ်ရွယ် သေးသည့်အတွက် အများဆုံး လူသား အဆင့်လွန် အခြေခံ အဆင့်သာ ရှိလိမ့်မည်။ လူသား အဆင့်လွန် ကျင့်ကြံသူ တစ်ယောက်က ယွမ်ဒန်အဆင့် ကျင့်ကြံသူ တောင်းပန်အောင် ဘယ်လိုများ လုပ်ခဲ့သနည်း။

စန်ယီပင်းက ပုံမှန်ဖြစ်နေကျ ကိစ္စလိုမျိုး တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။ အကယ်၍ မိုဝူကျီသာ ထိုမျှ မစွမ်းဆောင် နိုင်ပါက သူက လူများစွာမှ တာ့ရှီရှုန်း ခေါ်ဆိုခံရမှာ မဟုတ်ပေ။ သို့မဟုတ် နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်လာမည် မဟုတ်ပေ။ ထို့အပြင် သူမ မွေးစား အဖေက သူ့ကို ထျန်းဂျီဂိုဏ်း ခေါင်းဆောင်အဖြစ် သတ်မှတ် ပေးခဲ့သေးသည် မဟုတ်ပါလော ...

သူ့ရန်သူက မတိုက်လို တော့သည်ကို တွေ့သောအခါ မိုဝူကျီလည်း မတိုက်တော့ပေ။ သူက မေးချွန်ချွန် လူသည် သူ့ကို မှတ်မိသွားကြောင်း သတိပြုမိ လိုက်သည်။ ကြည့်ရသည်မှာ သူ့ထျန်းဂျီတုတ်က အတော်လေး သိသာနေဟန် ရှိသည်။

“သွားကြစို့ ...” သူတို့က မတိုက် လိုသောကြောင့် မိုဝူကျီက လှည့်ထွက်လိုက်သည်။

မိုဝူကျီ ထွက်သွားသည်ကို တွေ့၍ ဖူချန်းနှင့် ကျောင်းယန်တို့က အမြန်အဆန် လိုက်ပါ သွားကြသည်။ သူတို့က မိုဝူကျီနောက် လိုက်ပါ သွားသောကြောင့် မိုဝူကျီသည် အင်မော်တယ် နယ်မြေထက်ပင် ဆွဲဆောင်မှု ပိုရှိ သွားလေသည်။

ထူးဆန်းသည့် “ဟီးဟီး” ဟူသော ရယ်သံက အခန်းအတွင်း ပဲ့တင် ရိုက်လာကာ ထိုအသံက လူအများအား အဆင်မပြေ ဖြစ်စေသည်။

“ဒီနေရာမှာ မင်းတို့အားလုံး စုစည်းထားဖို့ အရမ်း ခက်ခဲတာ ဆိုတော့ မင်းတို့တွေ ထွက်မသွားသင့်ဘူး ...”

အသံ ရပ်သွားသည်နှင့် တဲအလယ်မှ စတင်၍ ဖြည်းဖြည်းချင်း ဖွင့်လာပြီး အက်ကြောင်း အသေးလေး ဖြစ်ပေါ် လာလေသည်။ ထိုအက်ကြောင်းက ပိုပို၍ ကြီးမားလာကာ တဲပင် ထိုအရာကို ဖုံးမထား နိုင်တော့ပေ။

တဲကို ဝန်းရံနေ ကြသည့် ကျင့်ကြံသူ အားလုံးက နောက်ဆုတ်လိုက် ကြသည်။ တချို့မှာ ကျောက်တံခါး ဖွင့်ရန် အပြေးအလွှား သွားကြသော်လည်း တံခါးကား တုတ်တုတ်မျှ မလှုပ်ပေ။

“အခြေအနေတွေ မကောင်းတော့ဘူး။ ဟူး … ကျုပ်တို့တွေ လောဘ ကြီးမိသွားတယ် ...” မိုဝူကျီ ဘေးတွင် ရပ်နေသည့် ဖူချန်းက သက်ပြင်းချ လိုက်တော့သည်။

သို့သော်လည်း စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က မိုဝူကျီကို ကြည့်လိုက်သည့် အခါ သူတို့ ဂိုဏ်းချုပ်တွင် အမြင်ကောင်း ရှိကြောင်း နှစ်ယောက်လုံး အံ့အားသင့်မိ သွားကြသည်။ သူတို့က မိုဝူကျီသည် ယွမ်ဒန်အဆင့် ကျင့်ကြံသူနှင့် ရင်မဆိုင် လိုသည့်အခါ ဘာမျှ ထူးဆန်း လှသည်ဟု မတွေးမိပေ။ သို့သော်လည်း မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိသောအခါ ထိုသည်က သူ့တို့အတွက် မစဉ်းစား တတ်တော့ပေ။

ယခုအခါမှ သူတို့သည် အဖြစ်အပျက်ကို နားလည် သွားတော့သည်။ မိုဝူကျီက ယွမ်ဒန်အဆင့် ကျင့်ကြံသူကို ကြောက်ရွံ့နေခြင်း မဟုတ်ချေ။ ထို့အစား တဲနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်း နေကြောင်းကို ခံစားမိ၍သာ ဖြစ်၏။ သို့သော်လည်း သူတို့က တဲအနီးအနားတွင် အချိန် အတော်ကြာ ရပ်နေခဲ့သော်လည်း ဘာပြဿနာမှ မခံစား မိကြပေ။

“တာ့ရှီရှုန်းရဲ့ လေ့လာ ဆန်းစစ် နိုင်စွမ်းက အမှန်တကယ်ကို ထိပ်တန်းပဲ။ ဒီဂျူနီယာက စီနီယာဆီက သင်ယူဖို့ ဆန္ဒရှိပါတယ် ...” တဲမှ အက်ကြောင်းက ကြီးမား လာသည်ကို တွေ့ပြီး မိုဝူကျီဘေး ပထမဆုံး ရောက်လာသူမှာ မေးချွန်ချွန် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဖြစ်နေ၏။

တာရှီရှုန်းတဲ့လား …

လူသား အဆင့်လွန် ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က တစ်ခုခုကို အမှတ်ရ သွားဟန်ဖြင့် သူလည်း မိုဝူကျီဆီ အပြေးအလွှား ရောက်လာကာ ခေါ်လိုက်တော့သည်။

“တာ့ရှီရှုန်း ဒီဂျူနီယာလည်း စီနီယာဆီက သင်ယူဖို့ ဆန္ဒရှိပါတယ် …”

ဤတာ့ရှီရှုန်းကို မကြားဖူးကြသော ကျန်ရှိ နေသူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက် ကြလေသည်။ သို့သော်လည်း လက်ရှိတွင် အားအကောင်းဆုံ ဖြစ်နေသည့် မေးချွန်ချွန်လူက မိုဝူကျီဆီ ချဉ်းကပ် သွားသောကြောင့် ကျန်လူများက နောက်မှလိုက်ကာ မိုဝူကျီကို သူတို့၏ တာ့ရှီရှုန်း အဖြစ် သတ်မှတ် လိုက်ကြတော့သည်။ ထို့နောက် သူ့နောက် လာရပ် နေကြသည်။

“ဆရာမို … ဒီကိုယ်တော်က တစ်ခါက ဒကာရဲ့ နာမည်ကို ဖြန့်ဝေ ပေးချင်တဲ့ အကြောင်း ကျိန်ဆို ဖူးပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က လာရန်စရင် ကိုယ်တော်နဲ့ အရင်ဦးဆုံး တွေ့သွား စေရမယ် …” ဘုန်းကြီးက ယုံကြည်ချက် အပြည့်ဖြင့် မိုဝူကျီ ဘေးတွင် ရပ်ရင်း ပြောလိုက်သည်။

အဖြစ်အပျက် အားလုံးအပြီးတွင် မိုဝူကျီက ပြောစရာ ရှာမတွေ့ ဖြစ်သွား လေတော့သည်။ မူလက သူ့အကြံစည်သည် ထွက်ပြေးရန် ဖြစ်သော်လည်း သူက အဖွဲ့ခေါင်းဆောင် ဖြစ်လာလေသည်။

“တာ့ရှီရှုန်း အထဲက ဘာများလဲ …” မိုဝူကျီနှင့် အနီးဆုံးတွင် ရှိသည့် စန်ယီပင်းက တဲကို ကြည့်ရင်း မေးလိုက်သည်။

မိုဝူကျီလည်း တဲကို ကြည့်ပြီး လေ့လာနေရင်း ပြန်ဖြေလိုက်သည်။

“အထဲမှာ အားကောင်းတဲ့ ဖုတ်ကျင့်ကြံသူ ရှိတယ်။ ကျောက်လှေကားနဲ့ ဒီနေရာက သူ ဖုတ်ကောင် ကျင့်ကြံခြင်း မစခင် ကိုယ်တိုင် ဆောက်ထားတာပဲ ...”

အားလုံးက ထိုစကား ကြားသောအခါ ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်သွားကာ သူတို့ ခေါင်းများပင် ကျိန်းလာသလို ခံစားလိုက် ရသည်။

ကျင့်ကြံသူ တစ္ဆေ သို့မဟုတ် ယင်ကျင့်ကြံသူ တို့နှင့် ယှဉ်လျှင် ဖုတ်ကျင့်ကြံသူ ဖြစ်ဖို့က များစွာ ခက်ခဲ လှသော်လည်း ကျင့်ကြံဆင့် တူသည့်သူများတွင် ဖုတ်ကျင့်ကြံသူက အားအကောင်းဆုံး ဖြစ်သည်မှာ သံသယ ဖြစ်စရာ မလိုပေ။ အကြောင်းမှာ သူတို့တွင် တာရှည်ခံသည့် အပြင် အဆိပ်ပြင်းသော ခန္ဓာကိုယ် ပိုင်ဆိုင် ကြသောကြောင့် ဖြစ်လေသည်။

“ဟီးဟီး … ကောင်လေး မင်းက တော်တော် သိတာပဲ ...” တဲအထဲမှ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အက်ကြောင်းက ပွင့်လာလေသည်။

“တာ့ရှီရှုန်း ကျုပ်တို့ ဘာလုပ်သင့်လဲ ...” မေးချွန်ချွန် လူက အတော်လေး စိုးရိမ် လာမိသည်။ သူက မိုဝူကျီကို အားထားဖို့ ရွေးချယ် လိုက်ခြင်းမှာ မိုဝူကျီသည် သူ့တာ့ရှီရှုန်းဟု သတ်မှတ်ထားသော နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိ၍ ဖြစ်သည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် စစ်မှန်ရေ အဆင့်၉တွင် ရှိသော ရှီကျင်းဝမ်ကို စစ်မှန်ခြင်း နတ်ဘုရား တစ်ပိုင်းအဆင့်ရှိ နယ်ခြား ကျင့်ကြံသူကို သတ်ဖို့ရာ ကူညီပေးခဲ့သည့် အကြောင်းမှာ ကောလာဟလ မဟုတ်ပေ။ ရှီကျင်းဝမ် ကိုယ်တိုင် အတည်ပြု  ထားပြီးပြီ ဖြစ်သည်။

သူက မည်မျှ အားကောင်း စေကာမူ သူက ယွမ်ဒန် အလယ်အလတ် အဆင့်တွင်သာ ရှိသေး၏။ စစ်မှန်ခြင်း နတ်ဘုရား တစ်ပိုင်းအဆင့်ကို သတ်ခဲ့ဖူးသော နယ်လှည့် ကျင့်ကြံသူကို သူက မည်သို့ ဆန့်ကျင် ရမည်နည်း။ ရှီကျင်းဝမ်က အပြည့်အဝ ထောက်ပံ့ထားလျှင်ပင် ထိုသို့ သတ်ဖို့ရာက သူလုပ်နိုင်သော အရာတော့ မဟုတ်ချေ။

မိုဝူကျီက ပြောခါနီးတွင် သူ့သိုလှောင်အိတ်မှ ကျောက်စိမ်းပြားက တုန်ခါလာလေသည်။

သူက ကျောက်စိမ်းပြားကို အမြန်အဆန် ထုတ်ယူလိုက်သည်။ ထိုသည်က ကောင်းကင်ဖွေရှာ နန်းတော် တပည့် အမှတ်အသားပြား ဖြစ်လေသည်။ အကယ်၍ တုန်ခါလာပါက ကောင်းကင်ဖွေရှာ နန်းတော်မှ တစ်ယောက်က အနီးအနားတွင် ရှိနေကြောင်း ပြသခြင်း ဖြစ်၏။ တွန့်ဆုတ်နေခြင်း အလျှင်းမရှိစွာ သူက တစ်ဖက်လူကို သူ့တည်နေရာ ပြသရန် ကျောက်စိမ်းပြားကို အသက်သွင်း လိုက်တော့သည်။

သူလည်း အကူအညီ တောင်းခံရ လိမ့်မည်။ သူသာ ကျောက်တံခါးကို မဖွင့်နိုင်ပါက ဖွင့်ဖို့ရာ အလွန် ခက်ခဲကြောင်း မှန်းဆ မိလေသည်။

“ဘမ်း ...” ကြောက်မက်ဖွယ် ပေါက်ကွဲမှုက သူတို့ခေါင်း အထက်မှ ဖြစ်ပေါ် လာလေသည်။ ထို့နောက်တွင် ကျောက်နံရံများက အဆက်မပြတ် တုန်ခါ လာလေသည်။ နံရံပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး ကျောက်တုံးများပင် ပြုတ်ကျ လာလေသည်။ မိုဝူကျီက ချက်ချင်း အော်ပြော လိုက်လေ၏။

“အားလုံး ကျောက်တံခါးကို အတူတူ တိုက်ကြစို့ …”

***

All Chapters