← Chapters

ပြီးပြည့်စုံသောရလဒ်တစ်ခု

Vol. 66 Ch. 912

ပြီးပြည့်စုံသောရလဒ်တစ်ခု

Vol. 66 Ch. 912

တစ်ချိန်က ထန်ရှုသည် အင်မော်တယ်ကမ္ဘာ၏အထွတ်အထိပ်သို့ ခြေချနိုင်ခဲ့သည်။ သဘာဝအားဖြင့် သူက လူများစွာ၏သေခြင်းရှင်ခြင်းအား ဂရုမစိုက်တတ်ပေ။ သို့သော် သူ၏အတိတ်သို့မဟုတ်လက်ရှိဘဝတွင်ဖြစ်စေ၊ သာမန်လူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း သို့မဟုတ် အားနည်းသူများအား ရက်ရက်စက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခြင်းတို့ကို မုန်းတီး၏။

နတ်ဆိုးများ။

၎င်းက အင်မော်တယ်ကမ္ဘာတွင် ထိုသို့သောသူများအတွက် ကင်ပွန်းတပ်ထားသော အမည်နာမဖြစ်သည်၊ တရားမျှတသောလူများစွာက သူတို့အား လျင်မြန်စွာ အမဲလိုက်သတ်ဖြတ်ကြသည်။ သန္ဓေသားကိုးယောက်တ‌‌စ္ဆေတစ်ရာအလံအား သန့်စင်ရန်အတွက် လျန်မိသားစုက လူမရေမတွက်များစွာကို သန့်စင်ရန် လိုအပ်သည်။ သူတို့၏ရန်သူကို သတ်ဖြတ်ခြင်းဖြင့် ဤအရာအား လုပ်ခဲ့မည်ဆိုလျှင် သူက ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ယခု သူ မြင်တွေ့ခဲ့ရသည်ကား အစိမ်းရောင်ရေကန်အဂရီခိုလာရှိလူတိုင်းအား သတ်ဖြတ်လိုခြင်း၊ နှိပ်စက်လိုခြင်းနှင့် သူတို့၏စိတ်ဝိညာဉ်များအား ဝါးမျိုကာ မကျေမချမ်းတစ္ဆေများအဖြစ် ပြောင်းလဲလိုခြင်းတို့ ဖြစ်၏။ ဤအပြုအမူက နတ်ဆိုးများလုပ်လေ့လုပ်ထရှိသည့်အရာပင်ဖြစ်သည်။

ထန်ရှုက လျန်ဝမ်ထျန်း၏ဒေါသမျက်နှာအား ကြည့်ကာ အေးစက်စွာ ပြော၏"ဟမ့်၊ ငါ တစ်ခု သိချင်တယ်။ လျန်မိသားစုရဲ့အဖွဲ့ဝင်အားလုံးက ဒီတစ္ဆေလက်နက်သန့်စင်ရာမှာ ပါဝင်ခဲ့သလား"

"မင်းက ဘာတစ္ဆေလက်နက်နဲ့ပတ်သက်ပြီး ပြောနေတာလဲ ငါ မသိဘူး"လျန်ဝမ်ထျန်းက ဒေါသတကြီးပြောလိုက်၏"မင်းက ဒီသန္ဓေသားကိုး‌ယောက်တစ္ဆေတစ်ရာအလံကို ပြောတာဆိုရင် မင်းက သူတို့ထဲကတစ်ခုကိုပဲ လုယူထားခဲ့တာပဲ။ လျန်မိသားစုရဲ့အသန်မာဆုံးအဖွဲ့ဝင်ကိုးယောက်က ထိန်းချုပ်ထားတဲ့ အလံစုစုပေါင်းကိုးခု ရှိတယ်။ မင်း ငါ့မိသားစုရဲ့ရန်သူဖြစ်ရဲရင် ငါ့မိသားစုကျွမ်းကျင်သူတွေရဲ့တစ္ဆေအဖြစ်ကို မင်း ရင်ဆိုင်ရလိမ့်မယ်"

ကိုးခုလား။

ထန်ရှု၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏သတ်ဖြတ်ခြင်းဆန္ဒက ရုတ်ခြည်းတစ်ဟုန်ထိုးတက်သွား၏။ နတ်ဓားက သူ့လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ကြယ်ပျံတစ်ခုအလား ရှေ့သို့ ပြေးသွားကာ လျန်ဝမ်ထျန်းအား နှစ်ပိုင်းပိုင်းလိုက်ပြီးနောက် သူက အမိန့်ပေးလိုက်သည်"သတ်....လျန်မိသားစုဝင်အားလုံးကို သတ်..."

"နားလည်ပါပြီ....."

မိုအားဝူ၊ ကျင်းရှီ၊ ရွှယ်ရှားနှင့်ဟေးရှုံးတို့က ချက်ချင်းတိုက်ခိုက်ခဲ့သည်။ သူတို့ခွန်အားက လျန်မိသားစုဝင်များထက် ဆယ်ဆပိုသန်မာသည်။ သူတို့က သမင်းတစ်အုပ်ပေါ်သို့ခုန်အုပ်နေသောကျားများအလားပင်။ စုန့်တုံလိုင်၊ အောင်းဝေ့နှင့် သူတို့လူများ၏ကြောက်ရွံ့တုန်လှုပ်သောအကြည့်များအောက်တွင် လျန်မိသားစုအဖွဲ့ဝင်တိုင်းအား စက္ကန့်သုံးဆယ်အောက်အတွင်း သတ်ဖြတ်ခဲ့၏။

မြင်ကွင်းမှဆယ်မီတာအကွာတွင် အဆောက်အဦးတစ်ခု၏ပြတင်းပေါက်အောင်တွင် သူဌေးဟွမ်နှင့်လီချမ်းတို့က ပုန်းခိုနေသည်။ ထန်ရှုထွက်ပေါ်လာသည်ကို မြင်သောအခါ သူဌေးဟွမ်က သူ၏အမုန်းအား ပြသခဲ့၏။ သို့သော်......

"ကောင်းကင်ဘုံ.....ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူဌေးဟွမ်က ပြင်းထန်စွာ တုန်လှုပ်နေတော့၏။ သူ့နှလုံးသားအား မြွေတစ်ကောင်ကိုက်သွားသလို ခံစားရပြီး သူ့တစ်ကိုယ်လုံး၌ ကြောက်ရွံ့မှုက မွေးဖွားလာတော့သည်။ ထိုလူ- သူ၏လူများနှင့်အတူအမဲလိုက်ခဲ့သောသူ၏ကိုယ်‌ရေးကိုယ်တာရန်သူ- က ယခုလိုကြောက်စရာကောင်းလိမ့်မည်ဟု သူ အိမ်မက်တောင် မမက်ခဲ့ပေ။ ထို့ပြင် သူ့လက်အောက်ရှိလူများထဲတွင် သာမန်လူက မည်ဖြစ်မည်နည်း။

သူတို့....သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ဖွဲ့ပင်.....

လီချမ်း၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ယနေ့ ဤ‌နေရာရှိ တိုက်ခိုက်သတ်ဖြတ်မှုနှင့်ထန်ရှုနှင့်သူ့လူများ၏ကြောက်စရာကောင်းသောခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း သူ၏မစ်ရှင်အား သူက မမေ့ပေ။ သူဌေးဟွမ်က ဘယ်လိုတောင်ကြောက်နေသလဲဆိုသည်ကို သတိပြုမိပြီးနောက် သူက သူဌေးဟွမ်၏လက်မောင်းအား ချက်ချင်းဆုပ်ကိုင်ကာ တိုးတိုးလေးနှစ်သိမ့်လိုက်၏"မစိုးရိမ်ပါနဲ့၊ သူဌေး။ ဘာကိစ္စပဲဖြစ်ဖြစ် ငါ မင်းကို ကာကွယ်ပေးမှာပါ"

သူဌေးဟွမ်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး သူက အသံကို ဖိနှိပ်လျက် ပြန်ပြော၏"မင်းလား။ ငါ့ကို ကာကွယ်မှာလား။ မင်းက ဘယ်လိုလုပ်မှာလဲ။ ငါ...ငါက အဲဒီအသတ်အဖြတ်ကြမ်းတဲ့ကလေကချေကောင်နဲ့ ရန်ငြိုးတစ်ခုရှိနေတာဟ...."

လီချမ်းက ထိတ်လန့်သွားသည့်ဟန်ဆောင်ကာ အသံတုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်"ဘာ...ဘာ.....မင်း ဘာပြောတာလဲ။ မင်းက ထန်ရှုနဲ့ ပဋိပက္ခတစ်ခုရှိတာလား။ ဟာ....ဒါက ဆိုးသွားပြီ....သေချင်မိပါရဲ့....။ သူက သတ်ဖြတ်ခြင်းမိစ္ဆာတစ်ယောက်....နတ်ဆိုးတစ်ယောက်ပဲ။ သူ့ကို တိုင်းပြည်ရဲ့လူတိုင်းက လူငယ်နတ်ဆေးဆရာဝန်ထန်လို့ခေါ်တာ လူအများကြီးက သိပေမယ့်  ရန်သူဆိုရင်အရှင်မချန်ထားတဲ့လူတစ်ယောက်လို့လဲ ခေါ်တယ်။ သူ.....သူဌေး.....မင်း ဘယ်လိုလုပ်ပြီး သူ့ကို ဆန့်ကျင်ခဲ့တာလဲ"

"လူငယ်နတ်ဆေးဆရာဝန်လား"

သူဌေးဟွမ်က ငေးကြောင်ကာ မှင်တက်သွားသည်။ သူက ငိုချင်သောအကြည့်နှင့် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လဲကျသွား၏၊ သို့သော် မျက်ရည်များက မထွက်လာပေ။ "ငါတော့ သေပြီ.....အားလုံး ပြီးသွားပြီ.....သူ့ကို ကြည့်ရတာ ရင်းနှီးသလို ခံစားမိတာ အံ့ဩစရာမရှိဘူးပဲ။ သူက နတ်ဆေးဆရာဝန်ထန်ရှုဖြစ်နေတာကိုး။ ငါ ဒီလောက်တောင် တုံးလှအလှပါလား....။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ထန်ရှုကို ဘယ်လိုလုပ်ပြီး ရန်စခဲ့မိတာလဲ"

သို့သော် နောင်တအား ကုသရန် ဆေးဝါးက ဤကမ္ဘာတွင် မရှိပေ။ သို့မဟုတ်ပါက သူ၏စည်းစိမ်ဥစ္စာအလုံးစုံအား အသုံးချရလျှင်ပင် သူဌေးဟွမ်က နောင်တပြန်လည်ဆေးအား ဝယ်ယူရန်ဆန္ဒရှိပါလိမ့်မည်။ ထန်ရှုက မည်သူဆိုသည်ကို သူ သိသည်၊ သူ့တွင် ကြယ်တာရာမြို့တွင်ကျော်ကြားသောမိသားစုကြီးတစ်ခုဖြစ်ခဲ့သောရွှမ်းချင်စီရင်စုတွင်နေထိုင်သောသွေးဝေးသည့်ဆွေမျိုးတစ်ယောက်ရှိခဲ့သည်၊ သို့သော် ထန်ရှုဖိတ်ခေါ်ခဲ့သောအင်အားစုအမျိုးမျိုး၏လက်‌ချက်‌အောက်တွင် သူ့မိသားစုက တစ်စစီပျက်ဆီးသွားခဲ့ရ၏။

လီချမ်းကိုယ်တိုင်က ဤကဲ့သို့အနေအထားတစ်ခုအား မသိပေ။ ထန်ရှုက သူ့အား ခိုင်းခဲ့သည်ကိုသာ မှတ်မိ၏။ သူ့အမူအရာက မတည်မငြိမ်ဖြစ်နေပြီး သူဌေးဟွမ်၏လက်အား တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ကာ ပြတ်သားစွာ ပြောလိုက်သည်"သူဌေး၊ ငါ မင်းရဲ့လက်အောက်မှာ နေဖို့ ရွေးချယ်ခဲ့ပြီးသား။ သူက သတ်ဖြတ်ခြင်းမိစ္ဆာတစ်ယောက်ဆိုရင်တောင် ငါ မကြောက်ဘူး။ ဒီနေ့ ငါ သေရရင်တောင် မင်းအရှေ့မှာပဲ ငါ သေမယ်"

သူဌေးဟွမ်က မယုံနိုင်မှုအပြည့်နှင့် သူ့ခေါင်းအား လှည့်လိုက်သည်၊ သူက လီချမ်း၏ခိုင်မာပြတ်သားသောအမူအရာအား မြင်တွေခဲ့ရ၏။ သူက နွေးထွေးမှုကို ရုတ်တရက် ခံစားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်။ အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်"

"ကိစ္စတွေက အဆိုးဆုံးကို မရောက်သေးပါဘူး၊ သူဌေး" လီချမ်းက ခေါင်းခါကာ ပြောလိုက်၏"ဒီအစိမ်းရောင်ရေကန်အဂရိခိုလာကို ငါ့ဝမ်းကွဲပိုင်ဆိုင်ထားတာ၊ အပြင်ဘက်ကအနေအထားကို မင်းလဲ မြင်တွေ့နေရတာပဲ။ ငါ့ဝမ်းကွဲနဲ့အဲဒီလျန်တွေက ရန်သူတွေဖြစ်ပြီး သူတို့ကို သုတ်သင်ဖို့ ထန်ရှုက သူ့လူတွေကို ခေါ်လာခဲ့တယ်မလား။ ရန်သူရဲ့ရန်သူက မိတ်ဆွေဆိုတာ မင်း သိပါတယ်။  ငါ့ဝမ်းကွဲက အဲမှာ ရှိနေတယ်၊ ထန်ရှုက သူ့ကို သေချာပေါက်မျက်နှာသာပေးပါလိမ့်မယ်"

သူဌေးဟွမ်က ဆုပ်ကိုင်ရန် အသက်ကယ်ကောက်ရိုးမျှင်တစ်ခုအား တွေ့လိုက်ရသကဲ့သို့ပင်။ သူက လီချမ်း၏လက်အား အလျင်စလို ဆုပ်ကိုင်ပြီး အသက်ကမန်းကတန်းရှုလျက် ပြောလိုက်၏"လီချမ်း၊ ညီလေးချမ်း။ မင်းရဲ့အကိုကြီးက ဒီ‌နေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့က မင်းအပေါ်ပဲ မူတည်တယ်။ ဒါပေမယ့် မင်း စိတ်ချပါ၊ ငါ ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့စေရဘူး။ အနာဂတ်မှာ မင်း ငါ့နောက်လိုက်တဲ့အခါကျရင် မင်းရဲ့ဘဝက ကြွယ်ဝပြီး အောင်မြင်မှုအပြည့်ဖြစ်နေမယ်ဆိုတာ ငါ အာမခံတယ်"

လီချမ်းက ကမန်းကတန်းခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ မင်းရဲ့နောက်ကို လိုက်ဖို့ ငါ့ဆန္ဒအတိုင်း ရွေးချယ်ခဲ့တာပါ၊ သူဌေး။ တကယ်တော့ မင်းကို ငါ့ဘဝကို ပေးဖို့ စဉ်းစားပြီးသားပါ။ ငါ ကမ္ဘာမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ လူတွေရဲ့စိတ်အပြောင်းအလဲမြန်တတ်တာကိုလဲ တွေ့ကြုံခဲ့ပြီးပြီ။ ငါ့ရဲ့စွမ်းရည်တွေနဲ့ပတ်သက်ပြီး တစ်ယောက်မှ ငါ့ကို ဂရုမစိုက်ဘူး။ အရင်ကုမ္ပဏီတွေမှာ ငါ အလုပ်လုပ်တုန်းက ငါ့ရဲ့အပေါင်းအဖော်တွေကတောင် ငါ့ကို တွန်းထုတ်ခဲ့ကြတယ်။ ဒါတွေအားလုံးက ငါ့ရဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ‌ကြောင့်ပဲ၊ သူဌေးရဲ့ဆွေမျိုးတွေကတောင် ငါ့ကို ခြိမ်းခြောက်ခဲ့ကြတယ်၊ ငါ့ကို မောင်းထုတ်ကြတယ်။ မင်းပဲ....မင်း တစ်ယောက်ပဲ ငါ့ရဲ့စွမ်းရည်ကို မြင်နိုင်တာ။ မင်းက အရောင်းစာချုပ်ကို လက်မှတ်ထိုးခဲ့ရုံသာမက ငါ့ကို မင်းရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ခွင့်ပေးတယ်။ လီချမ်းက ဒီလိုကြင်နာမှုနဲ့ယုံကြည်မှုကို ဘယ်တော့မှ မမေ့ပါဘူး"

ဤအရာကို ကြားပြီးနောက် လီချမ်းအပေါ် သူဌေးဟွမ်၏အကြည့်က ပြောင်းလဲသွား၏။ အနေအထားက အလွန်အန္တရာယ်များသော်လည်း လီချမ်းက စွန့်ခွာရန် ဘာကြောင့်ငြင်းဆန်ခဲ့သလဲဆိုသည်ကို သူက နောက်ဆုံး၌ နားလည်သွားခဲ့သည်။

စံအိမ်ထဲတွင်။

စုန့်တုံလိုင်နှင့်အောင်းဝေ့က ထန်ရှုဆီ ရောက်လာသည်။ ပျော်ရွှင်ခြင်းနှင့်စိတ်လှုပ်ရှားခြင်းတို့ပြည့်နေသောမျက်လုံးများနှင့်အတူ စုန့်တုံလိုင်က တလေးတစားပြောလိုက်၏"ကျေးဇူးတင်ပါတယ်၊ ဆရာထန်"

"မင်းတို့ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး" ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ပြစ်မှုတွေကိုကျူးလွန်ခဲ့တဲ့အဲဒီလူတွေက  ပျက်ဆီးကိန်းကြုံရဖို့ အစကတည်းက သတ်မှတ်ထားပြီးသား။ သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံကို သန့်စင်ဖို့ လျနိမိသားစုက ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်း‌တွေကို အသုံးပြုခဲ့တယ်၊ သူတို့ကို ဖယ်ရှားဖို့က ငါ့တာဝန်ပါပဲ။ အနာဂတ်မှာ မင်းလဲ ဆိုးရွားတဲ့အလုပ်တွေကို လုပ်တာကို တွေ့ခဲ့ရင် ငါ ကိုယ်တိုင် မင်းကို သတ်ရလိမ့်မယ်"

"မင်းမှာ မြင့်မြတ်ပြီးစိတ်သဘောထားကောင်းတဲ့နှလုံးသားတစ်ခုရှိတာပဲ၊ ဆရာထန်"စုန့်တုံလိုင်က ရိုးသားစွာ ပြော၏။ "ဒီလိုရက်စက်ကြမ်းကြုတ်ပြီးစက်ဆုပ်ဖွယ်ကောင်းတဲ့အပြုအမူတွေကို မလုပ်ဖို့ ငါ သေချာပေါက် ‌စောင့်ထိန်းပါ့မယ်။ ဒီနေ့ မင်းသာ ကြားဝင်မစွက်ဖက်ခဲ့ရင် ငါတို့တွေအားလုံး လျန်မိသားစုရဲ့ကျွမ်းကျင်သူတွေ သတ်ဖြတ်တာခံခဲ့ရမယ်ဆိုတာ သေချာတယ်။ ဒီကျေးဇူးကို ငါတို့ ဘယ်တော့မှ မမေ့ဘူး။ အနာဂတ်မှာ မင်း ငါတို့ရဲ့အကူအညီတစ်ခုခုကို လိုအပ်ရင် မင်း ငါတို့ကို ကြိုက်တဲ့အချိန် ခေါ်လို့ရတယ်"

ထန်ရှုက ရယ်လိုက်သည်။ သူက စုန့်တုံလိုင်အား မငြင်းဘဲ မေးလိုက်၏"လျန်မိသားစု ဘယ်နေရာမှာ နေလဲဆိုတာ မင်း သိလား"

"ဟိုင်ချင်းစီရင်စုရဲ့နင်မြို့" စုန့်တုံလိုင်က ပြန်ဖြေလိုက်၏။

သူ့အဖြေအား ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။   ထို့နောက် သူ့လက်အား လှန်ကာ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပါဝင်သောရှေးဟောင်းကျမ်းစာတစ်ခုအား ယူထုတ်ကာ စုန့်တုံလိုင်ထံ ပစ်ပေးလိုက်သည်"အခု ငါ့ကို ပြောပါ။ မင်းတို့လူဘယ်လောက်များ ကျင့်ကြံချင်ကြလဲ"

လေထဲမှ စာအုပ်အား ယူထုတ်လိုက်သော ထန်ရှု၏လုပ်ဆောင်ချက်ကြောင့် စုန့်တုံလိုင်က ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူက စာအုပ်အား ဖွင့်ဖတ်ပြီးနောက် ကျေနပ်ဝမ်းသာမှုက သူ့မျက်နှာပေါ်တွင် ချက်ချင်းထွက်ပေါ်လာ၏"လေးယောက်.....မဟုတ်ဘူး....နှစ်ယောက်"

ထန်ရှုက လှည့်ပတ်ကြည့်ပြီးနောက် ထပ်မေးလိုက်၏"မင်းတို့ထဲက နှစ်ယောက်က သေသွားပြီလား"

ထိုစကားများကို ကြားပြီးနောက် စုန့်တုံလိုင်၏မျက်နှာပေါ်တွင်ဖုံးလွှမ်းနေသောကျေနပ်ဝမ်းသာသည့်အမူအရာက မှေးမှိန်သွားပြီး နာကျင်သောအမူအရာက အစားထိုးလာ၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏"ကုန်းချွမ်က သေသွားပြီ....ငါတို့ ဖိတ်ခေါ်ခဲ့တဲ့ဟန်စမ်က‌တော့ အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထန်ရှု၏အကြည့်က ဟန်စမ်ဆီသို့ ကူးပြောင်းသွားခဲ့၏၊ သူ့ခန္ဓာကိုယ်က တုန်ခါနေသော်လည်း ဟန်စမ်က ဘယ်တော့ မှမလဲကျသေးပေ။ ထို့နောက် ထန်ရှုက သူ့အား ရုတ်တရက် မေးလိုက်၏"ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင် မင်း သူတို့ကို စွန့်လွှတ်မှာလား"

ဤအချိန်တွင် ဟန်စမ်က မူးဝေနေသည်။ သို့သော် သူ အသိရှိသေးသည့်အချိန်တွင် သူက ထန်ရှုစကားအား ကြိုးစားနားထောင်ခဲ့၏။ သူက အကောင်းအဆိုးရောပြွန်းနေသည့်လူတစ်ယောက်ဖြစ်သည်၊ သူလုပ်သမျှအရာအားလုံးက သူ၏စိတ်အခြေအနေပေါ်တွင် မူတည်သည်။

"ငါ.....အဟွတ်.....အဟွတ်....ငါ့မှာ မနက်ဖြန်ပဲ ရှိတယ်....မဟုတ်ဘူး...ငါ့မှာ ဘာတစ်ခုမှ မရှိဘူး.....အတိတ်မှာ....."

ထန်ရှုက စုန့်တုံလိုင်အား စောင်းငဲ့ကြည့်ကာ မေးလိုက်၏"သူ ဘာဆိုလိုတာလဲ"

"အကိုဟန်က သူ့ဟန်မိသားစုရဲ့သစ္စာဖောက်တစ်ယောက်ပဲ" စုန့်တုံလိုင်က အားတင်းကာ ပြုံးလျက် ပြော၏"....သူ....သူကို မိသားစုရဲ့သူစိမ်းတစ်ယောက်လို့ အမြဲတမ်းရှုမြင်ခဲ့ကြတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့ကို သူ့မိသားစုက မောင်းထုတ်ခဲ့တယ်။ သူက အမြဲတမ်းသင်းကွဲနေတဲ့ဝံပုလွေတစ်ကောင်ပဲလို့ အောင်းဝေ့က ငါ့ကို ပြောခဲ့တယ်"

ထန်ရှုက ချက်ချင်းနားလည်လိုက်သည်။ သူ့ပုံရိပ်က ရုတ်တရက်လက်သွားပြီး သူက ဟန်စမ်၏အရှေ့၌ ထွက်ပေါ်လာသည်။ သန့်စင်ဒဏ်ရာပျောက်ဆေးပါဝင်သောကျောက်စိမ်းပုလင်းတစ်လုံးက သူ့လက်ထဲတွင် ထွက်ပေါ်လာပြီး အတွင်းမှ ဆေးတစ်လုံးအား လောင်းချကာ ဟန်စမ်၏ပါးစပ်ထဲသို့ ထည့်ကာ ပြောလိုက်၏"ငါ မမှားရင် မင်းရဲ့နှလုံးသားကို ထိုးဖောက်သွားပြီး မင်းရဲ့ဒဏ်ရာတွေက သေစေနိုင်တယ်။ ဒါပေမယ့် ငါ မင်းကို မင်းရဲ့အသက်ကို ပြန်ပေးမယ်။ အခုကစပြီး မင်းရဲ့အသက်က ငါ့အပိုင်ဖြစ်သွားပြီ"

ဟန်ရှုက နှာခေါင်းရှုံ့ကာ တုံ့ပြန်လိုက်သည်။ သူ၏လက်ရှိအနေအထားအား သူက ကောင်းကောင်းသိသည်။ ပျောင်ချွယ်မွေးလာလျှင်သို့မဟုတ်ဟွားထို့အသက်ပြန်ရှင်လာလျှင်ပင် သူတို့က သူ့အသက်အား ကယ်နိုင်မည်မဟုတ်ပေ။

"ဘာ"

သူ့မျက်နှာက ရုတ်ခြည်းအေးခဲသွား၏။ သန့်စင်ဒဏ်ရာပျောက်ဆေးက ပါးစပ်ထဲတွင် စက္ကန့်အနည်းငယ်သာ ရှိသေးသော်လည်း ၎င်းက သန်မာသောစီးကြောင်းတစ်ခုအဖြစ် ပြောင်းကာ လည်ချောင်းမှ ရင်ဘက်နှင့်ဝမ်းဗိုက်အထိ စီးဆင်းသွားပြီး နောက်ဆုံးတွင် မရေမတွက်နိုင်သောအပူစီးကြောင်းများအဖြစ် ခန္ဓာကိုယ်တစ်ခုလုံး ပြန့်ကျဲသွား၏။

"အခု တင်ပျဉ်ခွေထိုင်ပြီး မင်းရဲ့ယခင်ကျင့်ကြံခြင်းနည်းစနစ်အရ မင်းရဲ့အစစ်အမှန်ချီကို လှည့်ပတ်ပါ" ထန်ရှုက လေးနက်စွာ ပြောလိုက်၏။

ဟန်စမ်၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သူက တုံ့ဆိုင်းမနေဘဲ တင်ပျဉ်ခွေထိုင်လိုက်၏။

ထို့နောက် ထန်ရှုက စုန့်တုံလိုင်အား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြော၏"ကုန်းချွမ်သေသွားပြီးဆိုတော့ မင်းနဲ့အောင်းဝေ့ပဲ ဒီကျင့်ကြံခြင်းနည်းစနစ်ကို လိုတော့တယ်။ ဒါပေမယ့် ငါ့စကားကို မှတ်ထားပါ။ ဒီကျင့်ကြံခြင်းစနစ်ပါအကြောင်းအရာတွေကို မှတ်မိအောင်လုပ်ပြီးရင် စာအုပ်ကို ချက်ချင်းမီးရှို့လိုက်ပါ။ မင်းတို့နှစ်ယောက် ဒါကို ကျင့်ကြံနိုင်ပေမယ့် ငါ့ခွင်ပြုချက်မပါဘဲ တစ်ယောက်ယောက်ကို ပေးလို့မရဘူး။ မဟုတ်လို့ကတော့ ငါ မင်းတို့ရဲ့ခွန်အားကို ပေး‌နိုင်သလို ပြန်လဲယူနိုင်တယ်ဆိုတာ မှတ်ထား။ အနာဂတ်မှာ ငါ မင်းကို လိုအပ်တာရှိရင် ဆက်သွယ်လိမ့်မယ်"

စုန့်တုံလိုင်နှင့်အောင်းဝေ့တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံးက လေးစားစွာ ပြောလိုက်ကြ၏"ကျေးဇူးပြုပြီး စိတ်ချပါ။ ငါတို့ ဒါကို ဘယ်သူ့ကိုမှ မပေးပါဘူး"

ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တောင်ခါးပန်းမှဆင်းလာပြီးဆယ်မီတာအကွာတွင်ရပ်နေသောရွှယ်ယုအား သူက လက်ဝှေ့ယမ်းပြလိုက်၏။ ထို့နောက် သူက ထပ်ပြော၏"ဒီနေရာရဲ့ကိစ္စက ပြီးသွားပြီ၊ မင်းတို့နဲ့လျန်မိသားစုကြားရန်ငြိုးက ဖြေရှင်းပြီးပြီ။ ကောင်းကောင်းကျင့်ကြံထားကြပါ၊ အနာဂတ်မှာ မင်းတို့ ပိုသန်မာလာတာကို မြင်ချင်တယ်"

"ဆရာထန်၊ လျန်တွေက ဒီနေရာမှာ လူအများကြီးဆုံးရှုံးသွားခဲ့တယ်၊ သူတို့ရဲ့ခေါင်းဆောင်နဲ့ဘိုးဘေးနှစ်ယောက်တောင် သေသွားခဲ့တယ်"စုန့်တုံလိုင်က ချီတုံချတုံပြောလိုက်သည်"ငါတို့နဲ့သူတို့အကြား သွေးကြေးက ပိုနက်ရှိုင်းလာပြီ။ ငါ ယုံကြည်တယ်.....သူတို့ မကြာမီ....."

***

All Chapters