ထူးဆန်းသောခန္ဓာကိုယ်အခြေအနေ
Vol. 66 Ch. 913
ထန်ရှုက စိတ်ထဲတွင် လျန်မိသားစုအား သေဒဏ်ပေးထားပြီးဖြစ်၏၊ သို့သော် ထိုမိသားစုနှင့်ပတ်သက်ပြီး သူက ဘာတစ်ခုမှ မသိပေ။ သူက တစ်ချက်စဉ်းစားပြီးနောက် ပြောလိုက်သည်"ငါ မင်းကို လျန်မိသားစုကို စုံစမ်းခိုင်းရင် မင်း သူတို့ကို မခြွင်းမချန်စုံစမ်းနိုင်လား။ ပြီးတော့ ဒီအတွက် အချိန်ဘယ်လောက်ကြာမလဲ"
စုန့်တုံလိုင်နှင့်အောင်းဝေ့တို့က အကြည့်များဖလှယ်လိုက်ကြပြီး ထန်ရှုက လျန်မိသားစုအား သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ချက်ရှိသည်ဟု သူတို့က ရေးတေးတေးခံစားမိသည်။ ထိုအတွေးများက သူတို့နှစ်ယောက်အား အလွန်အမင်းကျေနပ်သွားစေခဲ့ပြီး စုန့်တုံလိုင်က ဦးစွာတုံ့ပြန်လိုက်၏"သုံးရက်အတွင်းမှာ ငါတို့ လျန်မိသားစုနဲ့ပတ်သက်တဲ့အချက်အလက်အားလုံးကို စုဆောင်းပေးနိုင်ပါတယ်"
အောင်းဝေ့ကလဲ ခေါင်းညိတ်ကာ ပြော၏"ဟုတ်တယ်၊ သုံးရက်က လုံလောက်တယ်။ ငါတို့ညီအကိုသုံးယောက်က လွန်ခဲ့တဲ့နှစ်တွေကတည်းက လျန်မိသားစုကို စောင့်ကြည့်လာခဲ့တာ၊ ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး အချက်အလက်အမြောက်အများ ငါတို့ စုဆောင်းထားပြီးပြီ။ အမှောင်ထဲမှာ သူတို့ရဲ့အင်အား ဘယ်လောက်ထိ ဖုန်းကွယ်ထားသလဲဆိုတာရယ်၊ သူတို့ရဲ့ဘိုးဘေးတွေထဲမှာ ဘယ်လောက်ထိ အသက်ရှင်နေသေးသလဲဆိုတာကိုပဲ ငါတို့က မတွက်ချက်မဖော်ထုတ်ရသေးတာ"
ထန်ရှုက တစ်ခဏစဉ်းစားပြီးနောက် ပြော၏"ဒါဆိုလဲ ငါ မင်းတို့ကို သုံးရက်အချိန်ပေးမယ်။ သုံးရက်အတွင်းမှာ လျန်မိသားစုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ငါ လိုချင်တယ်။ မင်းတို့ ငါ့ကို ပေးတဲ့ အချက်အလက်က ပိုအသေးစိတ်ကျလေလေ၊ လျန်မိသားစုအဖွဲ့ဝင်တွေကို ပိုသုတ်သင်ရှင်းလင်းနိုင်လေလေပဲ။ မင်းတို့အားလုံးက သူတို့နဲ့ ရန်သူတွေဆိုတော့ နောက်ကွယ်မှာ စိုးရိမ်မှုတွေ မချန်ထားချင်ဘူးမလား"
"စိတ်ချပါ" စုန့်တုံလိုင်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သော်လည်း သူက တစ်ခုခုအား ရုတ်တရက် သတိရသွားပြီး ပြောလိုက်၏"တစ်ခုထပ်ရှိသေးတယ်။ ငါ မင်းကို ငါ့ရဲ့ဇာတ်ညွှန်းမှာ သရုပ်ဆောင်စေချင်တယ်။ လီချမ်းကို သူဌေးဟွမ်က လုံးဝယုံကြည်စေချင်တယ်၊ သူက လီချမ်းကို သူ့ရဲ့ကျေးဇူးရှင်နဲ့လူယုံတော်အဖြစ် သတ်မှတ်ရမယ်"
"ကျေးဇူးပြုပြီး ပြောပါ၊ ငါတို့က ဘယ်လိုမျိုး ကူညီရမှာလဲ" စုန့်တုံလိုင်က ထူးဆန်းသောအမူအရာနှင့် မေး၏။
"ငါ သူ့ကို ခြိမ်းခြောက်မယ်၊ မင်းက အခြေအနေအပေါ် မူတည်ပြီး နောက်က လိုက်ပြီး သရုပ်ဆောင်ရမယ်" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ကောင်းပါပြီ"
သူ၏ကျင့်ကြံခြင်းကို ချိုးဖြတ်ရန်အတွက် စုန့်တုံလိုင်က သွေးခဲစပါးအုံးအစီအရင်အား အသုံးချချင်သော်လည်း သူက ထန်ရှု၏တောင်းဆိုချက်အား လိုက်နာခဲ့ပါသေးသည်။
ထို့နောက် ထန်ရှုက လှည့်ကြည့်လိုက်သည်။ သူက လီချမ်းနှင့်သူဌေးဟွမ်တို့ပုန်းရာဦးတည်ဘက်အား ကြည့်ကာ အော်လိုက်၏"ဟေး၊ မင်း၊ အသားဘောလုံးဟွမ်.....။ မင်း အသက်ရှိသေးရင် မင်းရဲ့အပေါက်ကနေ ထွက်လာ.....မဟုတ်ရင် ငါ မင်းကို အပိုင်းပိုင်းဆုတ်ဖြဲရလိမ့်မယ်"
အဝေးရှိနေရာတစ်ခုတွင်။
သူဌေးဟွမ်က ပြင်းပြင်းထန်ထန်တုန်လှုပ်နေတော့သည်။ ထန်ရှုက အာဃာတထားပြီး လက်စားချေချင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ ဒီနေရာ၌ ပုန်းနေသည်ကိုပင် ထန်ရှုက သိသည်။ သူက လီချမ်း၏လက်အား ချက်ချင်းဆုပ်ကိုင်ကာ တောင်းပန်တော့၏"အကိုချမ်း၊ ငါ့ကို ကယ်ပေးဖို့ မင်းရဲ့ဝမ်းကွဲကို ပြောပေးပါ။ မင်း ငါ့ကို ကယ်နိုင်သရွေ့ မင်းက ငါ့ဘဝတစ်လျှောက်လုံး အကြီးမြတ်ဆုံးကျေးဇူးရှင်တစ်ယောက်ဖြစ်လာမယ်"
လီချမ်းက ရယ်ချင်နေသော်လည်း မျက်နှာအမူအရာအား ထိန်းထားကာ ပြောလိုက်၏"ငါ မင်းကို အကိုတစ်ယောက်အဖြစ် သတ်မှတ်ထားမှတော့ ငါ မင်းကို ရအောင်ကယ်မှာပါ၊ သူဌေး။ အန္တရာယ်တွေရင်ဆိုင်ရရင် ညီအကိုတွေက တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်ဆိုတာ ငါ အမြဲတမ်း မှတ်ထားပါတယ်၊ သူတို့ရဲ့အသက်ကို ပေးရမယ်ဆိုရင်တောင်မှပေါ့။ ဒါပေမယ့်.....ငါတို့ တကယ်ပဲ အပြင်ထွက်သွားမှာလား"
"ငါတို့ အခုအပြင်မထွက်ရင် ဘာလုပ်မှာလဲ" သူဌေးဟွမ်က ခါးသီးစွာ လွှတ်ခနဲပြောလိုက်သည်"ငါတို့တွေ အခု မထွက်ရင် သူတို့ ငါတို့ကို ရှာတွေ့တဲ့အခါကျရင် ငါတို့တွေ အသက်ရှင်ဖို့အခွင့်အရေးတစ်ခုတောင် မကျန်မှာကို ငါ စိုးရိမ်တယ်"
ပြောပြီးနောက် သူက ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူက ထန်ရှု၏မျက်စိရှေ့တွင် ထွက်ပေါ်လာသောအခါ သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ ပြေးလွှားနေရင်း ဟန်ဆောင်ပန်ဆောင်ဦးညွှတ်ကာ ရိုသေကျိုးနွံသောအပြုံးအမူအရာနှင့် ပြောလိုက်၏"အကို....အကိုထန်.....ငါက မင်းကိုအသနားခံမယ့်ဟွမ်ပမ်းရမ်ပါ.....အရင်တုန်းက မင်း ဘယ်သူလဲဆိုတာ ငါ မသိခဲ့လို့ပါ....ဒါကြောင့် မင်းရှေ့မှာ ငါ ရိုင်းပျစွာ ပြောခဲ့မိတာ။ ကျေးဇူးပြုပြီး မင်းရဲ့ကြင်နာတတ်တဲ့နှလုံးသားလေးနဲ့အတူ ငါ့ရဲ့မသိနားမလည်မှုကို ခွင့်လွတ်ပေးပါ"
ထန်ရှုက စိတ်ထဲတွင် ကျိတ်ရယ်နေသော်လည်း သူက မျက်နှာကြောတင်းတင်းထားလျက် အေးစက်စွာ ပြောလိုက်၏"ဒါဆို ငါ ဘယ်သူလဲဆိုတာ သိပြီးမှ မင်းက ကြောက်တတ်သွားတာပေါ့။ ငါ့ကို လက်စားချေဖို့အတွက် မင်းရဲ့လူတွေကို ခေါ်ပြီး ဒီနေရာထိ ခြေရာခံလိုက်လာတာမလား"
သူဌေးဟွမ်က အသက်တောင်ရှုမအားဘဲ အလျင်စလို ပြန်ဖြေလိုက်၏"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ့မှာ လက်တုံ့ပြန်ဖို့ အတွေးတွေ တကယ်မရှိခဲ့ပါဘူး.....လုံးဝသေချာပါတယ်။ ငါတို့ကို သူဌေးဟွမ်ကို ကူညီပြီး သူ့ရန်သူတွေကို ရင်ဆိုင်ပေးဖို့ လာတာပါ။ ဟုတ်တယ်မလား၊ သူဌေးစုန့်"
သူ့စကားကို ကြားပြီး လီချမ်းက လျင်မြန်စွာ သရုပ်ဆောင်လိုက်၏"ဝမ်းကွဲ၊ မင်း ငါ့သူဌေးအတွက် စကားကောင်းအချို့ ပြောပေးရမယ်.....တကယ်တော့ မင်းကို ကူညီဖို့ ငါတို့ ဒီနေရာကို ရောက်လာတာ"
စုန့်တုံလိုင်က တုံ့ဆိုင်းနေခဲ့၏။ သူက ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်၏"ဆရာထန်၊ ဒါနဲ့ပတ်သက်ပြီးတော့....သူတို့က ငါ့ကို ကူညီဖို့ လာခဲ့တာပါ။ လျန်မိသားစုက ဒီလောက်များတဲ့အားကောင်းတဲ့ရန်သူတွေကို ခေါ်လာမယ်လို့ ခေါ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ သူဌေးဟွမ်ရဲ့လူတွေမှာ မျက်နှာအမာရွတ်နဲ့ လူကလွဲပြီး အားလုံး အသတ်ခံခဲ့ရတယ်"
ထန်ရှု၏အမူအရာက ပြေလျော့သွားသော်လည်း သူက တင်းမာစွာ ပြောလိုက်၏"ငါ့ကိုဆန့်ကျင်တဲ့သူတွေက သေဖို့ထိုက်တန်တယ်။ လက်စားချေဖို့အတွက် ငါ့ကို လာရှာတာ မဟုတ်ရင်တောင် အခု ငါ မင်းနဲ့ တွေ့နေရတာကြောင့် ငါ မင်းကို သတ်ရအုံးမှာပဲ။ ဒါပေမယ့် မင်း စိတ်အေးလက်အေးနဲ့ အနားယူနိုင်တယ်၊ နောက်နှစ် ဒီလိုရက်မှာ မင်းအတွက် စက္ကူပိုက်ဆံတွေ မီးရှို့ပေးမယ့်သူ သေချာပေါက် ရှိမှာပါ"
ဘန်း.....
သူဌေးဟွမ်က ရုတ်တချက် မြေပြင်ပေါ်သို့ ဒူးထောက်ချကာ စိုးရိမ်တကြီးတောင်းပန်လိုက်တော့၏"အကိုထန်.....ဘိုးဘေးထန်....ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ.....ငါ့မှာ အသက်ရှစ်ဆယ်အရွယ်အမေအိုကြီးတစ်ယောက်ရှိတယ်....ပြီးတော့....ငါ့မှာ လက်မထပ်ရသေးတဲ့သမီးလေးတစ်ယောက်လဲရှိတယ်။ အနာဂတ်မှာ မင်းကို ကျေးဇူးရှင်တစ်ယောက်အဖြစ် သတ်မှတ်မယ်လို့ ငါ လုံးဝကတိပြုပါတယ်။ မင်း ငါ့ကို ဘာပဲတောင်းဆိုတောင်းဆို၊ မီးပင်လယ်ကို ဖြတ်ရရင်တောင် ငါ လုပ်ဆောင်ပေးပါ့မယ်"
"မင်းက သေဖို့ ထိုက်တန်တယ်" ထန်ရှုက သူ၏ဓားရှည်အား မြှောက်ကာ ခုတ်ချမည့်ဟန်ပြုလိုက်၏။
သူ့အား တားရန်အတွက် လီချမ်းက သူဌေးဟွမ်၏အရှေ့သို့ ချက်ချင်းပြေးထွက်လာပြီး ကမန်းကတန်းတောင်းပန်လိုက်၏"ကြီးမြတ်လှပါသောဆရာထန်၊ ကျေးဇူးပြုပြီး ငါ့သူဌေးကို ခွင့်လွှတ်ပေးပါ။ သူ တကယ်ကို ကောင်းတဲ့ လူတစ်ယောက်ပါ၊ သူက မျက်နှာသာရချင်တာကြောင့် ခဏတစ်ဖြုတ် မျက်စိကန်းသွားခဲ့တာပါ။ အရင်က သူ မင်းရဲ့အဆင့်အတန်းကို မသိခဲ့ဘူး၊ ဒါကြောင့် မသိလိုက်ဘဲ မင်းကို ဆန့်ကျင်ခဲ့မိပါတယ်။ ကျေး...ကျေးဇူးပြုပြီး....ငါ့ဝမ်းကွဲကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ.....မဟုတ်ရင် မင်း ငါတို့နှစ်ယောက်လုံးကို ဒီနေရာမှာပဲ သတ်သွားနိုင်တယ်"
စုန့်တုံလိုင်က သတိဝင်သွားပြီး လီချမ်းအရှေ့သို့ ပြေးလာကာ သူ့မျက်နှာအား ရိုက်ပြီး ဒေါသတကြီးအော်ပြောလိုက်၏"မင်း ဘာတွေ ပြောနေတာလဲ"
ပြောပြီးနောက် သူက ထန်ရှုဘက်သို့ လှည့်ကာ ကျိုးနွံစွာ ပြုံးလျက် ပြောလိုက်၏"ဆရာထန်၊ ငါ့ရဲ့ဝမ်းကွဲညီလေးက ငယ်လွန်းပြီးဘာမှနားမလည်ပါဘူး.....ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ....ပြီးတော့.....ဒါနဲ့ပတ်သက်ပြီးတော့.....ငါ့ကို မျက်နှာပေးတဲ့အနေနဲ့ သူတို့ကို ခွင့်လွှတ်ပေးနိုင်မလား"
ထန်ရှက နှာခေါင်းရှုံ့လိုက်၏"ငါ မင်းကို မျက်နှာသာပေးနိုင်ပါတယ် ဒါပေမယ့်......"
"ဆရာထန်၊ ချမ်းလေးက ငါ့ရဲ့အရင်းနှီးဆုံးဝမ်းကွဲညီလေးပါ။ သူ သေသွားရင် ငါ့အန်တီက သေချာပေါက် ကိုယ့်ကိုယ်ကိုယ်သတ်သေလိမ့်မယ်"စုန့်တုံလိုင်က ပြတ်သားသောလေသံနှင့် ပြောလိုက်သည်"ဆယ်သန်း။ သူ့အသက်ကို ကယ်ဖို့ ငါ ဆယ်သန်းပေးမယ်"
"ငါ.....ငါရောပဲ...."သူဌေးဟွမ်က ကမန်းကတန်းကြားဖြတ်ပြောလိုက်သည်"ငါ....ငါ....ငါလဲ ငါ့အသက်အတွက် ဆယ်သန်းပေးပါမယ်"
ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏"ဟမ့်၊ သန်းနှစ်ဆယ်လောက်ကို ငါက ဂရုစိုက်မယ်ထင်နေတာလား။ သန်းနှစ်ဆယ်မပြောနဲ့၊ သန်းနှစ်ရာတောင် ငါ လှည့်မကြည့်ဘူး။ ဒါပေမယ့် မင်းမှာ တကယ်ကို ဝမ်းကွဲညီကောင်းတစ်ယောက်ရှိတာပဲ။ သူ့သူဌေးရဲ့အသက်ကို ကယ်ဖို့ သူ့ဘဝကို ပေးရဲတယ်ဆိုတော့ သူက မိတ်ဆွေဖြစ်ဖို့ထိုက်တန်တယ်။ ကောင်းပြီ၊ ငါ သူ့မျက်နှာကို ထောက်တဲ့အနေနဲ့ ဒီကိစ္စကို လက်လွှတ်လိုက်မယ်"
သူဌေးဟွမ်က ဝမ်းသာသွားပြီး သူ့မျက်နှာပေါ်တွင် ကျေနပ်အားရသောအကြည့်တစ်ခုက ထွက်ပေါ်လာ၏။ သူက ထန်ရှုအား ဦးသုံးကြိမ်ညွှတ်ကာ ကျေးဇူးတင်လိုက်တော့၏"ကျေးဇူးတင်ပါတယ်၊ ဆရာထန်။ ငါ့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းက အခုကစပြီး ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ။ အနာဂတ်ကျရင် ငါ မင်းကို နည်းနည်းလေးတောင်အရိုအသေမမဲ့စေရပါဘူး"
"ကောင်းပြီလေ" ထန်ရှုက ဆက်ပြော၏"ငါ မင်းကို မသတ်ဘူး။ ဒါပေမယ့် မင်းရဲ့အပြစ်ကနေ မလွတ်မြောက်နိုင်ဘူး။ မင်း ဒီနေရာကို လူတွေ ခေါ်လာပြီး သူတို့ကို သေစေခဲ့မှတော့ သူတို့ရဲ့မိသားစုတွေကို လျော်ကြေးပေးရမယ်၊ တစ်ယောက်ကို ယွမ်ဆယ်သန်း။ မှတ်ထားပါ၊ မင်းရဲ့ဒီညီလေးကိုလဲ ကောင်းကောင်းဆက်ဆံပါ၊ မဟုတ်လို့ကတော့ ငါ မင်းကို သင်းကွပ်ပြီး ခွေးစာကျွေးလိုက်မယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ...."သူဌေးဟွမ်က ချွေးများ ရွှဲရွှဲစိုနေပြီး သူက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်တော့သည်။
တစ်ခဏကြာပြီးနောက် ထန်ရှုက အစိမ်းရောင်ရေကန်အဂရီခိုလာမှ ထွက်ခွာလာ၏။ မာစီးဒီးဘင့်ဇ်SUVက ဂိတ်ပေါက်အား ဖြတ်ကျော်ပြီးနောက် ဟိုင်ချင်းစီရင်စုရှိနင်မြို့သို့ လေယာဉ်ဘိုကင်ယူထားရန် မိုအားဝူအား သူက ချက်ချင်းပြောလိုက်၏။
ကားနောက်ခန်းတွင် ထိုင်နေရင်း ထန်ရှုက သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံအား ကိုင်ကာ လေ့လာနေခဲ့သည်။ ထို့နောက် အလံတွင် ဝိညာဉ်၄၅၀ကျော်ရှိသည်ကို တွေ့ရှိခဲ့၏။ သူတို့ထဲမှ တစ်ဝက်နီးပါးကို သန့်စင်ထားပြီး အသိစိတ်မရှိသောအငြိုးကြီးဝိညာဉ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအငြိုးကြီးဝိညာဉ်များပြန်ကောင်းလာစေရန်အတွက် သူက မကူညီနိုင်ပေ။ သူ အင်မော်တယ်ကမ္ဘာမှာ ရှိစဉ်တုန်းကကဲ့သို့ အထွတ်အထိပ်တစ်ယောက်မဖြစ်လာပါက ပြီးပြည့်စုံသောရွှေရောင်အင်မော်တယ်တစ်ယောက်ပင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
တစ်ခုခုရှိသေးသည်။ သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံ၏သန့်စင်မှုက အလွန်ကြမ်းတမ်းသည်။ အထဲတွင် နှစ်ထပ်အစီအရင်အလွှာတစ်ခုရှိသော်လည်း သူတို့က အဆင့်နိမ့်အစီအရင်များသာ ဖြစ်ကြပြီး အနည်းငယ်လေ့လာပြီးနောက် သူက သူတို့အား နားလည်သဘောပေါက်လာ၏။
"ဖုန်မှုန့်က ဖုန်မှုန့်သို့ ပြန်သွားသည်- သင်တို့သည် သင်တို့မွေးဖွားရာမြေမှမြေကြီးသို့ ပြန်သွားရမည်။ သင်တို့၏အတိတ်က အပြစ်တွေအားလုံးအတွက်-နှင့် ပြန်လည်ဝင်စားဖို့အတွက် သင်တို့က ပြန်လည်မွေးဖွားရမည်ဖြစ်ပြီး သင်တို့၏နောက်ဘဝတွင် အသစ်သစ်သောအရာများအား လုပ်ဆောင်ရန်အတွက် အသစ်တစ်ဖန်မွေးဖွားရမည်။ ဤအရာတွေအားလုံးက သံသရာလှည်းဘီး၏လမ်းကြောင်းခြောက်ခုနှင့်ကံကြမ္မာစက်ဝိုင်းတို့ ဖြစ်သည်။ ယနေ့တွင် ငါက ဤကိစ္စအား ကြုံတွေရန် ကံကြမ္မာက သတ်မှတ်ထားသည်။ သွားပါ၊ မင်းတို့ရဲ့ပြန်ဝင်စားခြင်းကို စောစောဝင်ရောက်ကြပါ။ မင်းတို့အားလုံး နောက်ဘဝကျရင် ကံကြမ္မာကောင်းတွေ ကောင်းချီးပေးခံရပါစေလို့ ငါ မျှော်လင့်တယ်"
ထန်ရှက သူ၏လက်ချောင်းများအား ဆိပ်လိုက်ပြီး ကောင်းကင်ဘုံနှင့်မြေကြီးစွမ်းအင်အမျှင်တန်းတစ်ခုက သူ့လက်ချောင်းထိပ်များ၌ သိပ်သည်းလာ၏။ လျှပ်တစ်ပြက်အတွင်း ဝိညာဉ်တစ်ရာက စွမ်းအင်အမျှင်တန်းဆီသို့ စုံပြုံရောက်ရှိလာသည်။ သူတို့အား ထိုစွမ်းအင်က မစုပ်ယူခင် ဝိညာဉ်အားလုံးက လှည့်ကာ ထန်ရှုအား အရိုအသေပေးလိုက်ကြ၏။
"အငြိုးကြီးဝိညာဉ်များ၏နားခိုရာ......"
ထန်ရှုက တစ်ချက်စဉ်းစားပြီး နောက်ဆုံးတွင် သူတို့အား သူတို့ပိုင်ဆိုင်သောကမ္ဘာသို့ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့၏ကံကြမ္မာက အဆုံးတစ်ခုရှိရမည်။ သူတို့အနေဖြင့် သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံထဲတွင် ထပ်ပိတ်မိနေဖို့ မလိုတော့ပေ- သူတို့က အငြိုးကြီးဝိညာဉ်များအဖြစ် ဤကမ္ဘာတွင် နေစရာမလိုတော့ပေ။ သူက အလံထဲရှိအငြိုးကြီးဝိညာဉ်နှစ်ရာပတ်လည်အား ဆွဲထုတ်နေစဉ်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက်တုန်ယင်သွားပြီး သူ၏ဒန်တျန်ထဲရှိဂြိုလ်မရေမတွက်များစွာက တုန်ခါမှုတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ အသိသာဆုံးတစ်ခုက စားပွဲတင်တင်းနစ်ဘောလုံးအရွယ်အစားရှိသည့်ဂြိုလ်ပင်။ ၎င်းက သန်မာသောစုပ်အားအား ထုတ်လွှတ်ရုံသာမက ထိုအငြိုးကြီးဝိညာဥ်များအား ထန်ရှု၏ဒန်တျန်ထဲသို့ တိုက်ရိုက်စုပ်ယူခဲ့ပြီး သူတို့အား လုံးဝဝါးမျိုခဲ့၏။
ဝီဝီဝီ.....
မူလက စားပွဲတင်တင်းနစ်ဘောလုံးအရွယ်အစားသာရှိသောဂြိုလ်က ပိုကြီးလာပြီး ယခင်အရွယ်အစားထက် နှစ်ဆဖြစ်လာသည်ကို ထန်ရှုက ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ တုန်ခါမှုက စက္ကန့်အနည်းငယ်သာ ကြာခဲ့ပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
"အတိအကျ ဘာဖြစ်သွားတာလဲ"
ထန်ရှုက သူ၏လက်အား ငေးကြည့်နေခဲ့သည်။ သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံက ဤဂြိုလ်ထဲရှိသာမန်အရာအားလုံး၏ရင်းမြစ်ဖြစ်လာခဲ့သည်။ သူ့ဒန်တျန်ထဲရှိဂြိုလ်အား သူက လေ့လာနေခဲ့ပြီး အချိန်တစ်ခုကြာပြီးနောက် ထိတ်လန့်တုန်လှုပ်ရာမှ နိုးထလာခဲ့၏။
သူ့ဘေးနားတွင်ထိုင်နေသောရွှယ်ယုက ထန်ရှုအား အာစေးနေသောအမူအရာနှင့် ကြည့်နေ၏။ တစ်အောင့်ကြာပြီးနောက် သူမက စိတ်မထိန်းနိုင်တော့ဘဲ စိုးရိမ်တကြီးမေးလိုက်၏"ရှင်.....ရှင် အဆင်ပြေရဲ့လား"
ထန်ရှုက ခေါင်းလှည့်လိုက်သည်။ သူမမျက်နှာပေါ်ရှိစိုးရိမ်မှုကို သူက မြင်နိုင်ပြီး ပြန်ဖြေလိုက်သည်"ငါ အဆင်ပြေပါတယ်"
ရွှယ်ယုက စိတ်မချသေးဘဲ ထပ်မေးလိုက်၏"စောနက အနက်ရောင်အခိုးအငွေ့တွေ ရှင့်ရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားတာကို ငါ မြင်ခဲ့တယ်။ သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံမှတစ်ခုခုက အန္တရာယ်ပေးနေတာလို့ ငါ တွေးလိုက်မိတယ်။ ရှင် အဆင်ပြေတယ်ဆိုတော့ ငါ စိတ်သက်သာရာရသွားပါပြီ"
"အမှန်အတိုင်းပြောရရင် စောနက ငါဘာဖြစ်သွားသလဲဆိုတာ ငါလဲ မသိဘူး" ထန်ရှုက ခါးသီးစွာ ပြော၏"ငါ အဲဒီအငြိုးကြီးဝိညာဉ်တွေကို သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံကနေ ဆွဲထုတ်နေစဉ်မှာ သူတို့က ငါ့ခန္ဓာကိုယ်ထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။ သူတို့ရဲ့မကျေမချမ်းခံစားချက်တွေကို ဝါးမျိုပြီးနောက် ငါ ပိုသန်မလာလာတယ်လို့ ခံစားရတယ်။ ထိုအငြိုးကြီးဝိညာဉ်တွေမှာ အသိစိတ်မရှိဘူး၊ ကျေမချမ်းခံစားချက်တွေပဲ ရှိတယ်၊ ဒါပေမယ့် သူတို့ရဲ့ကျေမချမ်းခံစားချက်တွေက ကျင့်ကြံသူတွေရဲ့မျက်လုံးထဲမှာ အံ့ဖွယ်အားဆေးတစ်ခုနဲ့ တူတယ်"
"ရှင် သူတို့ကို ဝါးမျိုခဲ့တာလား" ရွှယ်ယုက အလွန်အံ့အားသင့်သွားသည်။ ထန်ရှု၏ရှင်းပြချက်ကြောင့် သူမက ကြောက်ရွံ့သွားခဲ့၏။
***