← Chapters

ဂုဏ်ထူးဆောင်ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်မှာလား

Vol. 66 Ch. 914

ဂုဏ်ထူးဆောင်ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်မှာလား

Vol. 66 Ch. 914

အစိမ်းရောင်ရေကနိအဂရီခိုလာ။

သူဌေးဟွမ်က မြေပြင်မှ ထလာပြီး စုန့်တုံလိုင်အား ကျေးဇူးတင်ခြင်းအပြည့်နှင့်ကြည့်လိုက်၏ "သူဌေးစုန့်၊ဒီနေ့ ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီကြီးမားတဲ့ကျေးဇူးတရားကို ငါ့နှလုံးသားမှာ အမြဲတမ်းမှတ်ထားပါမယ်။ အနာဂတ်မှာ မင်း ငါ့အကူအညီတစ်ခုခုလိုအပ်တာရှိရင် ငါ့ကို အချိန်မရွေးခေါ်လို့ရတယ်။ ငါ့စွမ်းဆောင်နိုင်မှုအတွင်းမှာ ရှိနေသရွေ့ ငါ ဘယ်တော့မှ မနှောင့်နှေးစေရဘူး၊ မီးပင်လယ်နဲ့ဓားတောင်ကို ဖြတ်ရရင်တောင်မှပေါ့"

သို့သော် စုန့်တုံလိုင်က သူ့အား အေးစက်စက်ကြည့်၏။ သူက ခေါင်းခါကာ ပြောလိုက်သည်"မင်း ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ထန်ရှုက ငါ့ကို မျက်နှာသာပေးမယ်လို့တောင် ငါ မထင်ထားခဲ့ဘူး။ ဒါပေမယ့် အဓိကအကြောင်းပြချက်ကတော့ ငါ့ဝမ်းကွဲကြောင့်ပဲ၊ ထန်ရှုက သူ့ကို အရမ်းတန််ဖိုးတယ်လို့ ငါ ထင်တယ်။ မင်း တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ရင် သူ့ကိုပဲ ကျေးဇူးတင်ပါ"

လီချမ်းက လက်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ပြောလိုက်၏"မဟုတ်တာ၊ ဝမ်းကွဲ။ သူဌေးဟွမ်က ငါ့ကို သူ့ညီအဖြစ် သတ်မှတ်ထားတာ။ ငါက သူ့ကို အကိုတစ်ယောက်အဖြစ် ရိုရိုသေသေဆက်ဆံရမှာပေါ့။ ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး"

သူဌေးဟွမ်က စိတ်ထဲတွင် နွေးထွေးသွားရ၏။ သူက လီချမ်းအား ဖက်ကာ သူ့နောက်ကျောအား ပွတ်လျက် ပြော၏"ညီလေးချမ်း၊ ငါ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ အခုကစပြီး မင်းက ငါ့ကုမ္ပဏီရဲ့အရောင်းမန်နေဂျာပဲ။ နောက်ကျရင် ငါတို့ညီအကိုတွေ ကောင်းခြင်းဆိုးခြင်းတွေကို အတူတကွ ဝေမျှကြတာပေါ့"

သူက ဦးနှောက်မရှိသောလူတစ်ယောက်မဟုတ်ပေ။ ပထမ၊ လီချမ်းက သူ့အား ကယ်ခဲ့သည်ကို ပြောစရာမလိုပေ။ စုန့်တုံလိုင်၏ဝမ်းကွဲဟူသော သူ၏အဆင့်အတန်းက သူ့အား အသိအမှတ်ပြုဖို့ လုံလောက်သည်။ စုန့်တုံလိုင်က မည်သူနည်း။ ဤလူက ထန်ရှုနှင့် မယှဥ်သော်လည်း သူ့ကိုယ်သူအား   နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် အားကောင်းသူတစ်ယောက်ပင်။ သူ့လူတွေထဲရှိ ဘယ်တစ်ယောက်ကများ ကျွမ်းကျင်သောသိုင်းပညာရှင်တစ်ယောက်မဟုတ်သနည်း။

သူ့အတွက် လီချမ်းမှတစ်ဆင့် ထိုသို့အားကောင်းသူတစ်ယောက်နှင့် ဆက်ဆံရေးတစ်ခုရှိထားနိုင်ခြင်းက ကြီးမားသောအကျိုးအမြတ်တစ်ခုပင်။

စုန့်တုံလိုင်က ကျေနပ်စွာ ခေါင်းညိတ်ကာ ပြော၏"ငါ့ဝမ်းကွဲကို ဂရစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သူဌေးဟွမ်။ ကျေးဇူးပြုပြီး အနာဂတ်မှာ ဒီအတိုင်း ဆက်သွားကြတာ‌ပေါ့။ ပြီးတော့ ဆရာထန် ပြောခဲ့တာကို မင်း မမေ့ပါနဲ့၊ သူက မင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီး မင်းက သူခိုင်းတာကို မလုပ်တာကို တွေ့သွားရင် မင်းက အလွန်ပြင်းထန်တဲ့အကျိုးဆက်တစ်ခုကို ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်"

"သေချာပေါက်၊ ငါ လုပ်မှာပါ။ ငါ လုံးဝမမေ့ပါဘူး" သူဌေးဟွမ်က ကမန်းကတန်းခေါင်းညိတ်လိုက်၏။

ထို့နောက် စုန့်တုံလိုင်က လက်ဝှေ့ယမ်းကာ ပြော၏"ဒီနေ့ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို ထိန်းသိမ်းထားပါ။ မင်း မူးနေရင် ဒါမှမဟုတ် အိမ်မက်မက်နေရင်တောင် ဖွင့်ဟလို့မရဘူး။ မဟုတ်လို့ကတော့ ဆရာထန်တောင် မလိုဘူး၊ ငါ ကိုယ်တိုင် မင်းတို့ကို ဘယ်တော့မှ အသက်ချမ်းသာပေးမှာမဟုတ်ဘူး"

"ဒါပေါ့၊ ဒါပေါ့၊ ဒါပေါ့....."

သူဌေးဟွမ်နှင့်မျက်နှာအမာရွတ်လူတို့က ခေါင်းညိတ်လိုက်ကြ၏။ ယနေ့အဖြစ်အပျက်က သူတို့သိမြင်ထားသည်ထက် ကျော်လွန်သည်။ သူတို့တွင် သတ္တိအဆတစ်ရာကျော်ရှိရင်တောင် သူတို့က ဘယ်သောအခါမှ ဖွင့်ဟမပြောရဲပေ။

သို့သော် သူက အနည်းငယ်ခေါင်းကိုက်ချင်သွားသည်။ သူ့လူနှစ်ဆယ်ကျော်က သေသွားခဲ့၏။ လူတစ်ယောက်စီအတွက် ယွမ်ဆယ်သန်းက သူ့အတွက် ပြဿနာတစ်ခုမဟုတ်သော်လည်း သူက သူတို့၏မိသားစုများအား မည်သို့ ရှင်းပြရမည်နည်း။

လီချမ်းက သူ့အတွေးကို မြင်ပုံရကာ အသံဖိနှိပ်လျက် ပြောလိုက်သည်"သူဌေး၊ သူတို့က ယာဉ်မတော်တဆဖြစ်သွားတယ်လို့ ငါတို့ ပြောလို့ရတယ်။ မင်း လုပ်ကြံဇာတ်ခင်းပြီး ပြောနိုင်တယ်၊ သူတို့ရဲ့ကားတွေ ပေါက်ကွဲထွက်ပြီး မီးလောင်သွားတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်တွေတောင် သဂြိုလ်သလို ဖြစ်သွားရတယ်ပေါ့"

သူဌေးဟွမ်၏မျက်လုံးများက လင်းလက်သွားသည်။ သူက လက်မထောင်ကာ လီချမ်းအား ချီးကျူးလိုက်၏"ဒါ တကယ်ကောင်းတဲ့အိုင်ဒီယာတစ်ခုပဲ။ မင်းက တကယ်ကို ငါ့ရဲ့လာဘ်ကောင်လေးပဲ၊ ညီလေးချမ်း။ အနာဂတ်မှာ မင်း ငါနဲ့ ရှိနေတဲ့အတွက် ငါ လုံးဝစိတ်သက်သာရာရသွားပြီ။ မင်းအလုပ်ကောင်းကောင်းလုပ်ပါ။ မင်းရဲ့လုပ်ဆောင်ချက်က ကောင်းရင် ငါ မင်းကို ငါ့ကုမ္ပဏီရဲ့ဒုမန်နေဂျာအဖြစ် ခန့်အပ်မယ်"

"အမ်၊ အမ်....."လီချမ်းက ကျေနပ်ဝမ်းသာသောအကြည့်အား ပြကာ ထပ်ခါတလဲလဲခေါင်းညိတ်လိုက်၏။

နာရီဝက်ကြာပြီးနောက် သူဌေးဟွမ်က သူ့လူနှစ်ဆယ်ကျော်၏သေဆုံးခန္ဓာကိုယ်များအား အပြင်ဘက်သို့ တိတ်တဆိတ် ပို့ဆောင်ခဲ့သည်။ တစ်ခုခုအမှားအယွင်းဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် စုန့်တုံလိုင်ကလည်း သူ့လူအချို့ကို လွှတ်ကာ ကူညီစေခဲ့သည်။

ရေကန်ဘေးနားတွင်။

လှိုင်းထနေသောရေကန်မျက်နှာပြင်အား မျက်နှာမူရင်း စုန့်တုံလိုင်နှင့်အောင်းဝေ့တို့က တင်ပျဉ်ခွေထိုင်နေသည်။ သေစေနိုင်သောဒဏ်ရာရထားသည့်သွေးခဲစပါးအုံးက ရေကန်အစပ်တွင် လဲလျောင်းနေ၏။ ၎င်းက အသက်ရှုနေသေးသော်လည်း အားမာန်တက်ကြွခြင်းမရှိပေ။ ၎င်းက အောင်းဝေ့အား စိုက်ကြည့်နေပြီး ၎င်းမျက်လုံးက အသက်ဆက်ရှင်ချင်သောမျှော်လင့်ချက်အား ဖော်ပြနေသည်။

အောင်း‌ဝေ့က အင်္ကျီလက်မှ ကြွေပုလင်းတစ်လုံးအား ယူထုတ်လိုက်၏။ သူက အဆို့အား ဆွဲထုတ်ကာ ဆေးတစ်လုံးအား လောင်းချပြီး သွေးခဲစပါးအုံး၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သားရဲက ဆေးလုံးအား သူ၏အစာအိမ်ထဲသို့ ချက်ချင်းဝါးမျိုလိုက်၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲသွားပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းကာ နှစ်မီတာအကွာတွင်ရှိသောစုန့်တုံလိုင်နှင့်အောင်းဝေ့တို့ထံ လွှမ်းခြုံသွားတော့၏။

"အဲဒါကို အခုပဲ လှုံ့ဆော်ကြတာပေါ့....."

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးအမှတ်အားလုံးအား လှုံ့ဆော်လိုက်ကြ၏။ ပတ်ဝန်းကျင်ဧရိယာမီတာအနည်းငယ်အား ဖုံးလွှမ်းထားသောသွေးမြူက လေနှင့်အတူ မလွင့်ပါသွားဘဲ သူတို့နှစ်ယောက်ရှိရာသို့ အဆက်မပြတ်ရွေ့လျားလာတော့သည်။

****

ဟိုင်ချင်းစီရင်စု။

နင်မြို့က ၎င်း၏မြို့တော်ဖြစ်ပြီး စီရင်စု၏အကောင်းဆုံးမြို့ဖြစ်ကာ စီးပွားရေးအရ ကြီးထွားတိုးတက်မှုအမြန်ဆုံးမြို့ဖြစ်သည်။ မရေမတွက်နိုင်သောစီးပွားရေးအဆောက်အဦးများနှင့်အတူ ‌မိုးမျှော်တိုက်များစွာက မြို့အား အလှဆင်နေခဲ့ကြသည်။

တောင်ပိုင်းမြူနီစီပယ်။

မြောင်မိသားစုအိမ်တော်ကို မြေဆယ်ဧကကျော်ဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းက နင်မြို့ခံပြည်သူအများစုက အဆန်းကြယ်ဆုံးနေရာအဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည်။ ၎င်း၏အရှေ့ဂိတ်က တင်းတင်းကျပ်ကျပ် အမြဲတမ်း ပိတ်ဆို့ထားပြီး အစောင့်များက နေရာအနှံ့ ပြေးလွှားနေကြသည်။ မြောင်များက နင်မြို့၏နံပါတ်တစ်မိသားစုဖြစ်ပြီး နက်ရှိုင်းသောအမွေအနှစ်တစ်ခုနှင့်မျိုးဆက်များစွာ ရှိသည်။

ဤနေရာ၏မြောက်ဘက်ခြမ်းတွင် ရေကန်ငယ်တစ်ခုပါရှိသည့် ဥရောပစတိုင်သုံးထပ်တိုက်ကြီးတစ်လုံးရှိသည်။ ဒုတိယအထပ်ရှိစာကြည့်ခန်းထဲတွင် မြောင်ဝမ်ထန်က သူ့အရှေ့ရှိ စာရွက်စာတမ်းတစ်ပုံအား အာရုံစိုက်ကာ ဖတ်နေ၏။

"ယွမ်၄.၈ဘီလီယံ"

နောက်ဆုံးစာရင်းချုပ်အရေအတွက်အား မြင်သောအခါ ကျေနပ်မှုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ ဒီနှစ်တွင် စီးပွားရေးက အမြဲလိုလို ကောင်းနေသည်။ လဝက်အတွင်း သူ့မိသားစုလက်အောက်ရှိအုပ်စုက စုစေုပေါင်းဝင်ငွေ၄.၈ဘီလီယံကို ရရှိခဲ့၏၊ ဒါက သူ့အား အများကြီးကျေနပ်စေခဲ့သည်။

"ဘယ်လိုလဲ၊ အကိုကြီး"

သူ့အမူအရာကို မြင်ပြိီးနောက် အသက်အရွယ်ရလာသော်လည်းလှပနေသေးသည့်အမျိုးသမီးတစ်ယောက်က မြောက်ဝမ်ထန်ဘေးနားတွင် ထိုင်ကာ ပြုံးလျက် မေးလိုက်သည်။

"ငါတို့အလုပ်တွေ ရလဒ်အရမ်းကောင်းနေတယ်၊ ဖုန်းလင်" မြောင်ဝမ်ထန်က ‌ကျေနပ်အားရစွာ ပြော၏"ငါတို့မိသားစုအလုပ်က ပိုပိုကြီးလာတယ်။ အနာဂတ်မှာ ဖိအားက ပိုကြီးလာမှာကို ငါ စိုးရိမ်တယ်။ ဒါကို ထမ်းဆောင်ဖို့ မင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်။ မင်း ပင်ပန်းတယ်လို့ ခံစားလာရရင် ငါ မင်းကို ကူညီဖို့ လူတွေ ထပ်ထည့်ပေးမယ်"

မြောင်ဖုန်းလင်က ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်၏"မလိုပါဘူး။ ငါ့ကို ကူညီပေးနေတဲ့လက်ထောက်တွေအများကြီးရှိပါတယ်။ ဒါနဲ့ ကြယ်တာရာမြို့မှာ အတွင်းပိုင်းဝယ်ယူမှုကိစ္စတစ်ခုရှိ‌တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရဲ့ဆုံးဖြတ်ချက်က ဘာလဲ။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့လုံအုပ်စုက စတင်လှုပ်ရှားပြီးပြီ"

မြောင်ဝမ်ထန်က တစ်ခဏတွေးတောပြီးနောက် ‌ခေါင်းခါယမ်းကာ ပြောလိုက်၏"ဒီနှစ်ဖွဲ့က ဝယ်ချင်တယ်ဆိုရင် သူတို့ကို ဝယ်ခွင့်ပေးလိုက်။ မြို့အသစ်စီမံကိန်းအတွက် ပူးပေါင်ဆောင်ရွက်ပိုင်ခွင့်ရရှိထားတာကြောင့် ငါတို့က ကံကောင်းခြင်းတွေ ရှိနေပါပြီ။ အလားတူဆုံးဖြတ်ချက်ကိုချခဲ့တဲ့အခြားရှယ်ယာရှင်တွေနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ"

"ဒါ အတော်လေးကံမကောင်းတာပဲ" မြောင်ဖုန်းလင်က နောင်တရသောအမူအရာနှင့် မှတ်ချက်ချလိုက်၏။ "အဲဒီမြို့သစ်တည်ဆောက်ရေးစီမံကိန်းက ရွှေတွင်းတစ်ခုပဲ။ အဲဒါက ရွှမ်းချင်စီရင်စုမှာ အကြီးမားဆုံးနဲ့အတိုးတက်အစည်ပင်ဆုံးမြို့တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်။ ငါတို့တွေ ဒီလိုကြီးမားတဲ့အခွင့်အရေးမျိုးကို ဖြုန်းတီးလိုက်ရတာ တကယ်နောင်တရစရာပဲ"

"မင်း ဘာတွေ ဝမ်းနည်းနေတာလဲ"မြောင်ဝမ်ထန်က ပြုံးကာ ပြော၏"မြို့သစ်ဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်းက ပထမအဆင့်ပဲ ရှိသေးတယ်။ အနာဂတ်မှာ ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေ ရှိလာပါလိမ့်မယ်။ ငါတို့တွေ ဒီအဆင့်မှာ မပါဝင်ဘူးဆိုပေမယ့် နောက်ကျရင် မပါဝင်ဘူးလို့ မဆိုလိုဘူး။ အနာဂတ်မှာ ငါတို့က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့လုံအုပ်စုကို မှီခိုနေသရွေ့ ငါတို့တွေ အကြာကြီး ငွေရှာနိုင်ပါလိမ့်မယ်"

"ဒါ မှန်ပါတယ်" မြောင်ဖုန်းလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါပေမယ့် ခမ်းနားတဲ့ထန်စီးပွားရေးလုပ်ငန်းစုရဲ့မန်နေဂျာခန်းရှာကို ငါ တကယ် တွေ့ချင်တယ်။ အဲဒီအမျိုးသမီးက တကယ်ကို စွမ်းရည်ရှိပြီး အံ့အားသင့်စရာကောင်းတယ်"

"ငါတော့ အဲ့လို မထင်ဘူး။ တကယ်စွမ်းဆောင်နိုင်ပြီးအံ့အားသင့်စရာကောင်းတာက သူမမဟုတ်ဘူး၊ သူမရဲ့သူဌေးထန်ရှုပဲ"မြောင်ဝမ်ထန်က ခေါင်းခါယမ်းကာ ဆက်ပြောလိုက်၏"ခန်းရှာက မစွမ်းဆောင်နိုင်ဘူးလို့ ငါ မဆိုလိုပါဘူး။ သူမလဲ အရမ်းတော်ပါတယ်။ ဒါ့အပြင် ထန်ရှုရဲ့နှလုံးသားကို ဖမ်းစားနိုင်တဲ့ သူမရဲ့အရည်အချင်းကတော့ ကောင်းကင်ဆန့်ကျင်တဲ့စွမ်းရည်တစ်ခုပဲ"

"ထန်ရှုက အရမ်းစွမ်းဆောင်နိုင်တာကို ငါ သိပါတယ်၊ ဒုတိယအကို။ ဒါပေမယ့် ဒီလိုအဆင့်အတန်းမြင့်မဟာပုဂ္ဂိုလ်ကျော်တစ်ယောက်ကို ငါ ဘယ်လို တွေ့ခွင့်ရနိုင်မလဲ" မြောင်ဖုန်းလင်က ရယ်လိုက်၏။

ကရင်း...ကရင်း....ကရင်း......

စားပွဲပေါ်ရှိမြောင်ဝမ်ထန်၏ဖုန်းက မြည်လာသည်။ ဖုန်းစခရင်‌အား ကြည့်လိုက်သောအခါ ထူးဆန်းသောအမူအရာတစ်ခုက မြောင်ဝမ်တန်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး  သူက ရေရွတ်လိုက်၏"တစ်ခါတစ်လေကျရင် ငါတို့တွေ ဒီနတ်ဆိုးနဲ့ ပတ်သက်ပြီး မပြောဖို့ တွေးမိတယ်။ အခုပဲ နတ်ဆိုးအကြောင်းပြော‌နေရင်း နတ်ဆိုးက ဖုန်းခေါ်လာနေပြီ။ ငါ အခု ထန်ရှုရဲ့ဖုန်းအခေါ်ကို ကိုင်လိုက်တော့မယ်"

ပြောပြီးနောက် ခလုတ်အား နှိပ်ကာ မြောင်ဝမ်ထန်က ပြောလိုက်၏"ဟေး၊ အကိုထန်၊ ငါ့ကို ခေါ်ဖို့ မင်း ဘယ်လိုလုပ်ပြီး သတိရလာတာလဲ"

"နင်မြို့မှာ ငါရင်ဆိုင်စရာ တစ်ခုရှိလို့၊ အကိုမြောင်"ထန်ရှုက ဖြေလိုက်သည်"မင်းက အခု နင်မြို့မှာလား"

မြောင်ဝမ်ထန်က ရုတ်ခြည်းထရပ်ကာ အံ့အားသင့်စွာ ပြောလိုက်တော့၏"မင်း နင်မြို့ကို လာနေတာလား။ ဒါ ကောင်းတယ်၊ မင်း အခု ဘယ်နေရာမှာလဲ။ ငါ မင်းကို လာကြိုမယ်....."

"ငါ လေယာဉ်ပေါ်က ဆင်းလာပြီ၊ လေဆိပ်မှာ ရှိနေတုန်းပဲ" ထန်ရှုက ပြုံးကာ ပြောလိုက်၏။

"ငါ့ကို အဲ့မှာ စောင့်နေ။ ငါ အမြန်လာမယ်...."မြောင်ဝမ်ထန်က ပြောလိုက်သည်။

"မင်းလိပ်စာကိုပဲ ငါ့ကို ပြောပါ၊ အကိုမြောင်" ထန်ရှုက ပြောလ်ုက်၏"ငါ အဲကိုပဲ တိုက်ရိုက်လာတော့မယ်"

မြောင်ဝမ်ထန်က တစ်ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြော၏"ဒီလိုဆိုလဲ နင်မြို့တောင်ဘက်ပိုင်း၊ မြောင်မိသားစုအိမ်ယာကို ဦးတည်လာပါ။ မင်း တက္ကစီတစ်စီး ခေါ်ရင် ဒါရိုင်ဘာကို အဲလိုပဲ ပြောလိုက်။ ငါ့မိသားစုအိမ်ယာကို မသိတာ နင်မြို့ရဲ့ဒေသခံအနည်းငယ်ပဲရှိတယ်"

"ကောင်းပြီ။ ငါ့ကို အဲ့မှာ စောင့်နေပါ" ထန်ရှုက ပြုံးကာ ပြောလိုက်၏။

မြောင်ဝမ်ထန်က ဖုန်းချပြီး သူ့ညီမမြောင်ဖုန်းလင်အား ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏"ထန်ရှုက နင်မြို့ကို ရောက်နေပြီ၊ ဖုန်းလင်။ အားလုံးကို ပြင်ဆင်ပြီး ငါတို့အိမ်ယာရဲ့အကောင်းဆုံးဧည့်ခန်းကို ရှင်းလင်းထားပေးပါ။ နောက်ကျရင် ဂိတ်မှာ သူ့ကို ကြိုဆိုဖို့ မင်း ငါနဲ့အတူ လိုက်ရလိမ့်မယ်"

မြောင်ဖုန်းလင်က ခေါင်းညိတ်လိုက်၏။

နာရီဝက်ကြာပြီးနောက် မြောင်ဝမ်ထန်က မြောင်ဖုန်းလင်နှင့်အတူ အိမ်ယာတွင် ရှိနေသော မြောင်မိသားစု၏ပင်မအဖွဲ့ဝင်အားလုံးကို ‌ဦးဆောင်ကာ ဂိတ်ပေါက်သို့ သွားခဲ့၏။ ဂိတ်ပေါက်၌ စောင့်ကြပ်နေသာ အစောင့်ခြောက်ယောက်လုံးက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ မြောင်မိသားစုဝင်အားလုံးက သူတို့အား အာရုံမစိုက်နေစဉ် အစောင့်များက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေခဲ့ကြသည်:

"မင်းတို့ထဲကတစ်ယောက်ယောက်များ ဘာဖြစ်နေလဲဆိုတာ သိလား။ ဒီနေ့မှ မိသားစုက ဘယ်လိုဖြစ်ပြီး အလျင်စလိုနဲ့စိုးရိမ်တကြီးဖြစ်နေရတာလဲ။ ထိပ်တန်းအဖွဲ့ဝင်အများစုထွက်လာရုံတင်မက ခေါင်းဆောင်ကတောင် အပြင်ကို ထွက်လာတယ်။  သူတို့က ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတာကို စောင့်နေပုံရတယ်"

"ငါတို့မြောင်မိသားစုမှာ ကြီးမားတဲ့အဖြစ်အပျက်အချို့ ပေါ်ပေါက်လာမှာကို ငါ စိုးရိမ်နေတယ်"

"ဒီလူက ဘယ်သူများဖြစ်နိုင်မလဲ။ သူတို့က ခေါင်းဆောင်ကိုယ်တိုင် ထွက်လာနှုတ်ဆက်ဖို့ ထိုက်တန်တာလား။ ဟိုင်းချင်စီရင်စုရဲ့ထိပ်တန်းအရာရှိတွေ ရောက်လာရင်တောင် မိသားစုက ဒီလောက်များတဲ့ကျွမ်းကျင်သူတွေ စုရုံးလေ့မရှိဘူးဆိုတာ မင်းတို့ကောင်တွေလဲ သိပါတယ်"

"ငါတို့ ‌နောက်ကျရင် ဘယ်သူလဲဆိုတာ သိလာမှာပါ"

"....."

အချိန်က ကုန်လွန်နေပြီး ဆယ်မိနစ်ရှိလာပြီဖြစ်၏။ သို့သော် မြောက်ဝမ်ထန်နှင့်မြောင်မိသားစုဝင်များက စိတ်မရှည်ခြင်းမရှိပေ၊ အပြင်ဘက်မှရောက်လာသောအခြားအဆင့်မြင့်အဖွဲ့ဝင်အချို့က စောင့်ဆိုင်းရန် ကမန်းကတန်း ပူးပေါင်းလာခဲ့ကြသည်။

ဤအရာက မြောင်မိသားစု၏အစောင့်များအား နောက်ထပ်တုန်လှုပ်စေသည့်အနေအထားတစ်ခုဖြစ်၏။

"ထန်ရှု ဒီနေရာကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ၊ အကို" မြောင်ဖုန်းလင်က ဘေးနားတွင်ရပ်နေသောမြောင်ဝမ်ထန်အား တိုးတိုးလေးမေး၏။

"မိနစ်ငါးဆယ်"မြောင်ဝမ်ထန်က ‌ပြန်ဖြေ၏"မိနစ်လေးဆယ်ရှိပြီဆိုတော့ သူ မကြာခင် ရောက်လာလောက်မယ်"

***

All Chapters