တောင်တစ်လုံးနှင့် ကျားနှစ်ကောင်
Vol. 66 Ch. 915
ကျယ်ပြန့်သောလမ်းမပေါ်တွင် တက္ကစီနှစ်စီးက မြောင်မိသားစုအိမ်ရာသို့ ဦးတည်နေသည်။ အရှေ့တက္ကစီကို ဝတုတ်ဒရိုင်ဘာတစ်ယောက်က မောင်းလာ၏။ သူက နောက်ကြည့်မှန်မှတစ်ဆင့် အနောက်ခန်းတွင် ထိုင်နေသော ရွှယ်ယုနှင့်ထန်ရှုတို့အား ကြည့်လိုက်သည်။ ထို့နောက် သူက သီချင်းအား ပိတ်ကာ ခြောက်ကပ်ကပ်ပြုံးလျက် မေးလိုက်၏"ငါတို့ မကြာခင် မြောင်မိသားစုအိမ်ရာအပြင်ဘက်လမ်းမကို ရောက်တော့မယ်၊ ဒါကြောင့် ငါ မင်းတို့ကို လမ်းဆုံမှာ ချပေးမယ်။ မြောင်မိသားစုအိမ်ရာဂိတ်ပေါက်ကို ရောက်ဖို့ မင်းတို့တွေ တစ်ကီလိုမီတာလောက် ထပ်လျှောက်ဖို့ လိုမယ်"
ထန်ရှုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"ငါတို့ကို မြောင်မိသားစုအိမ်ရာဆီ တိုက်ရိုက်မောင်းပေးပါ"
"ငါ မင်းတို့ကို အဲအထိ မပို့ချင်တာတော့ မဟုတ်ဘူး"ဝတုတ်ဒရိုင်ဘာက ခါးသီးစွာ ပြုံးလျက် ပြော၏"မြောင်မိသားစုအိမ်ရာအပြင်ဘက်လမ်းကို အပြင်လူတွေ ဖြတ်လို့မရဘူး။ နင်မြို့ရဲ့လူတိုင်းက ဒါနဲ့ပတ်သက်ပြီး သိတယ်"
"အာ။ ဘာလို့ မြောင်မိသားစုက လမ်းကို သိမ်းပိုက်ထားပြီး ဘယ်သူ့ကိုမှ ဖြတ်သွားဖြတ်လာခွင့်မပြုတဲ့ တောပုန်းဓားပြလိုမျိုး ဖြစ်နေရတာလဲ" ထန်ရှုက ဆန်းကြယ်သောအမူအရာနှင့် မေးလိုက်သည်။
"မဟုတ်ပါဘူး၊ မြောင်မိသားစုက ဓားပြတွေ မဟုတ်ပါဘူး"ဝတုတ်ဒရိုင်ဘာက သက်ပြင်းချကာ ခေါင်းခါလိုက်၏"မြောင်မိသားစုက အလွန်ကျော်ကြားတဲ့ပရဟိတမိသားစုပဲ။ ဒီလမ်းကို သူတို့ ဆောက်ထားတာကြောင့် သူတို့က ပိုင်ဆိုင်ရုံပေါ့၊ ပြီးတော့ အနီးနားမှာ သူတို့ပဲ နေတာလေ။ တစ်ယောက်မှ အဲနေရာမှာ မနေကြဘူး။ အသေအချာပြောရရင် ဒါက လွန်ခဲ့တဲ့နှစ်များစွာက ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်အချို့ကြောင့်ပဲ"
ထိုစကားက ထန်ရှု၏သိလိုစိတ်အား နိုးဆွပေးခဲ့ပြီး သူက မေးလိုက်သည်"အတိတ်က ကိစ္စတစ်ခုလား။ မင်း ငါ့ကို အဲဒါနဲ့ ပတ်သက်ပြီး ပြောနိုင်လား"
"ဒါနဲ့ပတ်သက်ပြီး......"ဝတုတ်ဒရိုင်ဘာက တုံ့ဆိုင်းနေခဲ့သည်။
အရှေ့ခုံတွင် ထိုင်နေသော မိုအားဝူက ယွမ်ရာအနည်းငယ်ကို ယူထုတ်ကာ ဘောင်ပေါ်တွင် တင်လိုက်၏"ငါ့သူဌေးက မင်းကို ပြောခိုင်းတယ်၊ အခု ပြော"
ဝတုတ်ဒရိုင်ဘာက စိတ်ထဲတွင် တုန်လှုပ်သွားပြီး ပြုံးကာ ပြောပြလိုက်သည်"ဒါက ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါဘူး။ မြောင်မိသားစုက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လုယက်ခံလိုက်ရလို့ပဲ။ သူခိုးအချို့က မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ မြောင်မိသားစုရဲ့အလွန်တန်ဖိုးရှိတဲ့အမွေအနှစ်တစ်ခုကို ခိုးယူခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငါ သတိရမိတယ်၊ ဒါကြောင့် သူတို့ရဲ့နေရာတစ်ခုလုံးကို စောင့်ကြည်ရေးကိရိယာတွေ တပ်ဆင်ထားပြီး အနီးဝန်းကျင်မှာလဲ လုံခြုံရေးအစောင့်တွေကို ထားခဲ့ကြတယ်။ ဒါက ဘာကြောင့် လူတွေက သူတို့ ဆောက်ထားတဲ့လမ်းကို ဖြတ်သန်းရမှာကို တဖြည်းဖြည်း ရှောင်လာကြတဲ့အကြောင်းရင်းပဲ"
ထန်ရှုက လျင်မြန်စွာ နားလည်လိုက်ပြီး ပြုံးကာ ပြော၏"ငါ သိပြီ။ ဒါဆို၊ ဦးလေး၊ ငါတို့ကို မြောင်မိသားစုအိမ်ရာဂိတ်ပေါက်ဆီ တိုက်ရိုက်မောင်းပို့ပေးပါ၊ မင်း အဆင်ပြေစေရမယ်လို့ ငါ အာမခံပါတယ်"
"အကိုလေး၊ ငါ့ကို ဒုက္ခမပေးပါနဲ့လား"ဝတုတ်ဒရိုင်ဘာက အကူအညီမဲ့စွာ ပြော၏"လမ်းကို မောင်းနှင်ခဲ့တဲ့ တစ်ယောက်ယောက်က မတော်တဆဖြစ်ခဲ့တယ်။ သူလဲ ငါ့လို တက္ကစီဒရိုင်ဘာတစ်ယောက်ပဲ။ ဒါပေမယ့် သူ့ကို အဲဒီလုံခြုံရေးအစောင့်တွေက ရိုက်နှက်ခဲ့တာ။ သူ့ရဲ့ဆေးကုသစရိတ်အတွက် မြောင်မိသားစုက သူ့ကို လျော်ကြေးပေးခဲ့ပေမယ့်......."
"မင်း ဘာမှ ပြောစရာမလိုဘူး၊ အဲဒီလုံခြုံရေးအစောင့်တွေက မင်းကို တစ်ခုခုလုပ်ရဲရင် ငါက သူတို့ရဲ့အိမ်တံခါးကို ဖျက်ဆီးရလိမ့်မယ်" ထန်ရှုက ရယ်ကာ ပြော၏"ဟားဟားဟား.....ငါ မင်းကို ကျီစားနေတာပါ။ တကယ်တော့ ငါက မြောင်ဝမ်ထန်ရဲ့သူငယ်ချင်းတစ်ယောက်ပါ၊ ငါ သူ့နေရာကို လာမယ်ဆိုတာ သူ သိတယ်။ ငါ သူ့ကို ဖုန်းခေါ်ပြီးပြီ၊ သူက ငါ့ကို တက္ကစီကို ခေါ်ပြီး သူ့မိသားစုအိမ်ရာဆီ တိုက်ရိုက်လာဖို့ ပြောခဲ့တယ်"
"ငါ့ကို ဟာသမလုပ်ပါနဲ့ အကိုလေး"ဝတုတ်ဒရိုင်ဘာက ခါးသီးစွာ ပြုံးကာ ပြော၏"မြောင်ဝမ်ထန်က မြောင်မိသားစုခေါင်းဆောင်ဖြစ်ပြီး မြောင်အုပ်စုရဲ့သူဌေးကြီးပဲ- သူက မြောင်မိသားစုမှာ အဆင့်အတန်းအမြင့်ဆုံးပဲ။ မင်းနဲ့သူနဲ့က....ငါ့ကို မလှည့်စားပါနဲ့ အကိုလေး။ ငါ မင်းကို အထင်သေးတာလို့ မဆိုလိုပါဘူး။ မင်းကို မြောင်မိသားစုအိမ်ရာဂိတ်ပေါက်မှာ ချဖို့ ဆိုတာ ဟာသတစ်ခုမဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ၊ ငါ့ကို ခက်ခဲတဲ့အနေအထားတစ်ခုရောက်အောင် မလုပ်ပါနဲ့"
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြန်သည်။
အနောက်ခန်းကို ကြည့်နေသော မိုအားဝူက ထန်ရှု၏အမူအရာကို သတိပြုမိခဲ့သည်။ သူက ဓားမြှောင်အား ချက်ချင်းထုတ်ကာ ဝတုတ်ဒရိုင်ဘာ၏လည်းပင်ပေါ်သို့ တင်လိုက်၏။ သူက အေးစက်စွာ ပြောလိုက်သည်"ငါ့သူဌေးက မင်းကို အဲကို မောင်းဖို့ ပြောတယ်-ဒါကြောင့် မင်း အဲကို သွားရမယ်- မဟုတ်လို့ကတော့ မြောင်မိသားစုလုံခြုံရေးအစောင့်တွေက မင်းကို မသတ်ဘဲ ငါကပဲ မင်းကို သတ်မှာ"
ဝတုတ်ဒရိုင်ဘာက တုန်လှုပ်သွား၏။ သူက ကမန်းကတန်းခေါင်းညိတ်ကာ ပြောလိုက်၏"ဟုတ်ကဲ့၊ ဟုတ်ကဲ့.....မင်း ဓားကို ပြန်ရုတ်သိမ်းပေးနိုင်မလား။ ငါ မင်း ပြောတဲ့အတိုင်း အဲထိ မောင်းသွားပေးပါမယ်"
မိုအားဝူက နှာခေါင်းရှုံ့ကာ ဓားအား ပြန်ရုတ်သိမ်းလိုက်၏။
ဝတုတ်ဒရိုင်ဘာက နောက်ကြည့်မှန်မှတစ်ဆင့် ထန်ရှုအား ထပ်ကြည့်လိုက်၏၊ စိတ်ထဲတွင် သူက အထင်အမြင်သေးနေ၏။ ဤလူငယ်က သူနှင့်အတူ ကိုယ်ရံတော်အနည်းငယ်ခေါ်လာသော်လည်း မြောင်မိသားစုက မည်သို့သောတည်ရှိမှုဖြစ်သနည်း။ သူတို့က ဟိုင်းချင်စီရင်စုရှိ အကြီးမားဆုံးနှင့်အသန်မာဆုံးဖြစ်သည်။ ထန်ရှုက လူငယ်တစ်ယောက်သာ ဖြစ်ပြီ၊ သူက ရင်ဆိုင်နိုင်မည်ဟု ထင်နေသလော။
ထို့နောက် သူ့နောက်ရှိတက္ကစီဒရိုင်ဘာအား စကားပြောကိရိယာမှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး ကားအား အရှေ့မှ အနောက်လမ်းသို့ မောင်းကာ မြောင်မိသားစုဂိတ်ပေါက်သို့ ဦးတည်သွားတော့၏။
"ဟမ်"
သူက တစ်ကိီလိုမီတာခန့် မောင်းနှင်နေစဉ် ဝတုတ်ဒရိုင်ဘာက ရုတ်တရက်အံ့အားသင့်သွား၏။ သူက မြောင်မိသားစု၏ထိပ်တန်းအဖွဲ့ဝင်အများစုကို မမြင်ဖူးသော်လည်း မြောင်ဝမ်ထန်အား တီဗီနှင့်သတင်းစာပေါ်တွင် အကြိမ်မရေမတွက်များစွာ မြင်ဖူးသည်။
"ဒါ ထူးဆန်လွန်းတယ်၊ ငါများ အမြင်မှားနေတာလား။ ဘယ်လိုလုပ်ပြီး မြောင်မိသားစုခေါင်းဆောင်မြောင်ဝမ်ထန်ကို မြင်နေရတာလဲ။ ဘာလို့ သူက ဂိတ်မှာ ရပ်နေရတာလဲ။ ဘာလို့ သူက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို နှုတ်ဆက်ဖို့ စောင့်နေပုံ ပေါက်ရတာလဲ"
ဝတုတ်ဒရိုင်ဘာက ထန်ရှုအား မသိစိတ်အရ လှည့်ကြည့်လိုက်ပြီး စိတ်ထဲ၌ တိတ်တဆိတ်တုန်လှုပ်သွားတော့၏။
"မြောင်မိသားစုခေါင်းဆောင်မြောင်ဝမ်ထန်နဲ့သူ့ဘေးနားရှိအခြားသူတွေက ငါ့ခရီးသည်တွေကို ကြိုဆိုနှုတ်ဆက်ဖို့လို့တော့ ငါ့ကို မပြောနဲ့နော်"
ကျီ......
ထို့နောက် တက္ကစီက မြောင်မိသားစုအိမ်ရာဂိတ်ပေါက်တွင် ရပ်သွားခဲ့၏။
အချိန်အကြာကြီးစောင့်နေသောမြောင်ဝမ်ထန်က
အရှေ့ဆုံးတက္ကစီသို့ လျှောက်လာပြီး နောက်တံခါးအား ဖွင့်လိုက်သည်။ အထဲရှိ အသက်ရှုမှားလောက်စရာအလှလေးအား မြင်ပြီးနောက် သူက ငေးကြည့်နေမိ၏။ ထို့နောက် ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်၏"မင်း ငါ့ကို တကယ် ကြောက်လန့်စေခဲ့တာပဲ၊ အကိုထန်။ ငါ လူမှားနှုတ်ဆက်မိပြီးလို့ ထင်နေတာ"
ရွှယ်ယုက ဆင်းပြီးနောက် ထန်ရှုကလည်း အခြားတစ်ဖက်မှ ထွက်လာသည်။ သူက ပြုံးကာ မြောင်ဝမ်ထန်အား ကြည့်ပြီးနောက် သူ့အား ပွေ့ဖက်လိုက်၏။ သူက ပြောလိုက်သည်"အကိုထန်၊ မင်း လူတိုင်းကို မသိနိုင်ပေမယ့် ရွှယ်ယုကိုတော့ မင်း သိသင့်ပါတယ်"
"သေချာတာပေါ့။ ဒါပေမယ့် မင်းက တကယ် ကောင်းချီးပေးခံထားရတာပဲ၊ အကိုထန်" မြောင်ဝမ်ထန်က ပြုံးလျက် ပြော၏"မစ်ဇ်ရွှယ်က မှင်တက်စရာကောင်းတဲ့အလှပိုင်ရှင်တစ်ယောက်ပဲ.....ငါ သူမကို မသိဘူးလို့ ပြောရင် ငါ မျက်စိကန်းနေတာပဲ.....မစ်ဇ်ရွှယ်.....မဟုတ်ဘူး....။ ငါ သူမကို မရီးလို့ခေါ်သင့်တာပေါ့"
ရွှယ်ယုက ခေါင်းညိတ်ကာ ပြုံးလျက် တုံ့ပြန်လိုက်သည်။
ထို့နောက် ထန်ရှုက ဂိတ်ပေါက်ရှိ မြောင်မိသားစုအဖွဲ့ဝင်ဆယ်ယောက်ကျော်ကို ကြည့်လိုက်၏။ သူက ရှုံ့မဲ့စွာ ပြုံးလျက် ပြော၏"အကိုမြောင်၊ မင်းက ဒီနေရာမှာ ဒီလိုကြီးမားတဲ့ချီတက်မှုတစ်ခုကို ပြင်ဆင်ထားမှန်း ငါ စောစောက သိရင် ငါ မင်းကို သေချာပေါက် ကြိုတင်ဖုန်းဆက်ထားမှာမဟုတ်ဘူး။ ငါတို့က ညီအကိုတွေလေ- ဒီလိုကြီးမားတဲ့ကြိုဆိုမှုတစ်ခုကို လုပ်ဖို့ မလိုပါဘူး"
"မင်း ငါ့ကို အပြစ်တင်လို့မရဘူး။ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကျော်ကြားတဲ့ဂုဏ်သတင်းရှိတဲ့မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်၊ အကိုထန်" မြောင်ဝမ်ထန်က တောက်ပစွာ ပြုံးလျက် အပြစ်တင်လိုက်သည်"ဒါက ငါ့ရဲ့မိသားစုဝင်တွေ မင်းလို ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ချင်နေတာပဲ ကြည့်ပေါ့။ ငါ ဧည့်ခန်းကို သန့်စင်ဖို့ ညီမလေးကို ပြောခဲ့ရုံပဲ။ မင်း လာမယ်ဆိုတာကို သိပြီး လူတိုင်းက အပြေးအလွှာရောက်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် တုံ့ပြန်လိုက်သည်။ ရုတ်တရက် သူက တစ်ခုခုကို သတိရသွားပြီး ဒရိုင်ဘာခုံအား တစ်ချက်ကြည့်လိုက်၏။ ယခု ဝတုတ်ဒရိုင်ဘာက အံ့ဩတုန်လှုပ်နေပုံပေါ်ကာ ထန်ရှုက ပြောလိုက်၏"အကိုထန်၊ ငါ မင်းကို ပြောစရာတစ်ခုခုရှိတယ်။ တက္ကစီဒရိုင်ဘာက ငါတို့ကို မင်းမိသားစုအိမ်ရာရဲ့ဂိတ်ပေါက်မှာ ချပေးဖို့ ငါတို့ကို မပို့ရဲဘူး။ မိုအားဝူက သူ့လည်ပင်းပေါ်မှာ ဓားထောက်လိုက်မှ သူက ပို့ပေးတာ။ လူတွေကို မရိုက်နှက်ဖို့ မင်းက မင်းလူတွေကို ပြောသင့်တယ်"
မြောင်ဝမ်ထန်က ကြောင်သွားပြီး ထို့နောက် သူက ရှုံ့မဲ့စွာ ပြုံးလျက် ပြောလိုက်၏"ငါ့မိသားစုအိမ်ရာက ဘယ်အချိန်တုန်းကများ အပြင်လူတွေအတွက် ဆိုးဝါးတဲ့နေရာတစ်ခုဖြစ်သွားရတာလဲ၊ တက္ကစီဒရိုင်ဘာတွေကတောင် ဒီနေရာကို မလာရဲဘူးတဲ့လား။ ဒါက တကယ်ကို ရှက်စရာပဲ။ ငါ တကယ်ကို ရှက်မိပါတယ်၊ မင်းရှေ့မှာ မျက်နှာပျက်ခဲ့ရတယ်၊ အကိုထန်။ စိတ်ချပါ၊ ငါ သူတို့ကို သေချာပေါက် ပြောထားပါမယ်"
ထန်ရှုက ပြုံးလျက် ဝတုတ်ဒရိုင်ဘာအား ကြည့်ကာ ပြောလိုက်၏"ဦးလေး၊ ငါတို့လုပ်တာ နည်းနည်းလွန်သွားတယ်၊ ဒါကြောင့် ငါတို့ကို ခွင့်လွှတ်ပေးပါ"
ဝတုတ်ဒရိုင်ဘာက ပြင်းပြင်းထန်ထန်တုန်လှုပ်သွားသည်။ ဗုံတစ်လုံးအား တီးနေသည့်အလား သူက လျင်မြန်စွာ ခေါင်းခါယမ်းလိုက်ပြီး ကမန်းတတန်းပြောလိုက်၏"မဟုတ်တာ၊ မဟုတ်တာ၊ မဟုတ်တာပဲ.... မလိုပါဘူး။ မင်းက မြောင်မိသားစုရဲ့ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်ပဲ၊ ဒါကြောင့် မင်းက ငါတို့ နင်မြို့ရဲ့ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်လဲ ဖြစ်တယ်။ ငါ၊ ငါ၊ ငါ....မင်းရဲ့ပိုက်ဆံကို မယူနိုင်ဘူး"
ပြောပြီးနောက် သူက ဒိုင်ခွက်ဘောင်သို့ ပြန်လှည့်ကာ ပိုက်ဆံအား ပြန်ပေးချင်ခဲ့၏။
"မင်းက ထိုက်တန်ပါတယ်၊ ဦးလေး" ထန်ရှုက ပြုံးလျက် ဆက်ပြော၏"ကောင်းပြီ၊ ငါတို့ ဒီကို ရောက်လာပြီဆိုတော့ မင်းရဲ့အလုပ်ကို မင်း ဆက်လုပ်လို့ရပြီ"
ထိုစဉ် စုဝေးနေသောမြောင်မိသားစုအိမ်ရာ၏လုံခြုံရေးအစောင့်များက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်၊ မြောင်မိသားစုခေါင်းဆောင်က ထန်ရှုအတွက် ကားတံခါးအား ကိုယ်တိုင်ဖွင့်ပေးသည်ကို မြင်သောအခါ သူတို့က အသံတောင် မထွက်နိုင်တော့ပေ။ ထို့နောက် သူတို့က ထန်ရှုနှင့်မြောင်ဝမ်ထန်ကြားရှိဆက်ဆံရေးကို မြင်တွေ့ခဲ့သည်။ ခေါင်းဆောင်က ထန်ရှုအား သူ၏စေတနာကောင်းအား ပြခဲ့မှန်း သိသာသည်၊ မဟုတ်ဘူး၊ သူက မျက်နှာချိုသွေးဖို့ကြိုးစားနေသည်ဟု ပြောလျှင် ပိုမှန်ပေမည်။
သူတို့က တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့ပြီး လူတစ်စုက တီးတိုးပြောခဲ့ကြ၏။
"ခေါင်းဆောင်ကိုယ်တိုင်က တံခါးဖွင့်ပြီး မျက်နှာပေးရအောင် လုပ်နိုင်တယ်ဆိုတော့ သူက အတိအကျ ဘယ်သူပါလိမ့်"
"ဒီကြီးမြတ်တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲ။ သူ့ကို ကြည့်ရတာ ငယ်ရွယ်ပုံပေါ်ပေမယ့် ဘာလို့ သူက အနည်းငယ်ရင်းနှီးနေတယ်လို့ ငါ ခံစားမိနေရတာလဲ"
"ဒီဧည့်သည်ရဲ့နောက်ခံက အလွန်အံ့အားသင့်စရာကောင်းမှာ အသေအချာပဲ"
“…”
ထို့နောက် မြောင်ဝမ်ထန်၏မိတ်ဆက်ပေးမှုနှင့်အတူ ထန်ရှုက မြောင်မိသားစု၏ပင်မအဖွဲ့ဝင်များနှင့် သိကျွမ်းခဲ့သည်။ ထို့နောက် သူက မြောင်မိသစုအိမ်ရာထဲသို့ ဝင်ရောက်လာခဲ့၏။
"အကိုထန်၊ ငါ မင်းရဲ့လူတွေကို အခုပဲ ကြည့်ရှုခဲ့တယ်။ သူတို့ထဲကတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒဏ်ရာရနေရတာလဲ" ဘေးချင်းကပ်လျှောက်လာရင်း မြောင်ဝမ်ထန်က ထန်ရှုအား အသံနှိပ်ကာ မေးလိုက်၏။
"ဒါက မကြာသေးခင်ကမှ ငါ စုဆောင်းထားတဲ့သူပဲ။ သူက တကယ်ပဲ ဒဏ်ရာရထားတယ်" ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏။
"အတိအကျ ဘာဖြစ်ခဲ့တာလဲ" မြောင်ဝမ်ထန်က နားလည်နိုင်စွာ မေးလိုက်သည်။
"ငါ အရေးကြီးတဲ့ကိစ္စအချို့ကြောင့် ဒီတစ်ကြိမ် နင်မြို့ကို လာလည်တာ။ သူ့ဒဏ်ရာက ငါ လာလည်တဲ့ရည်ရွယ်ချက်နဲ့ ဆက်စပ်တယ်" ထန်ရှုက ပြုံးကာ ရှင်းပြလိုက်၏"ကောင်းပြီ၊ ရောက်မှ ဆက်ပြောကြတာပေါ့"
မြောင်ဝမ်ထန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ပင်မအိမ်ရာပတ်လည်တွင် စံအိမ်အနည်းငယ်ရှိ၏၊ ၎င်းတို့အထဲတွင် မြောင်မိသားစု၏ဂုဏ်ထူးဆောင်ဧည့်သည်များက အမြဲလိုလို နေကြသည်။ မြောင်ဝမ်ထန်၊ မြောင်ဖုန်းလင်၊ ထန်ရှုနှင့် ရွှယ်ယုတို့က အိမ်ရာ၏ဒုတိယအထပ်ရှိဧည့်ခန်းထဲတွင် ထိုင်နေကြ၏။ သူတို့အား မုန့်များ၊ သစ်သီးများနှင့် လက်ဖက်ရည်တို့က စောင့်မျှော်နေခဲ့သည်။
"ဘာဖြစ်ခဲ့သလဲဆိုတာ မင်း ငါ့ကို ပြောနိုင်မလား၊ အကိုထန်" မြောင်ဝမ်ထန်က ပြုံးလျက် မေးလိုက်၏။
သူလာသည့်ရည်ရွယ်ချက်အားပြောမည်ဟု ပြောခဲ့သည်ကို အမှတ်မရဘဲ ထန်ရှုက မေးလိုက်သည်"အကိုမြောင်၊ ငါ သိသလောက် လျှို့ဝှက်ဂိုဏ်းရဲ့လျန်မိသားစုကလဲ နင်မြို့မှာ နေတာမလား"
မြောင်ဝမ်ထန်၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏"ဟုတ်တယ်၊ လျှို့ဝှက်ဂိုဏ်းရဲ့လျန်မိသားစုက နင်မြို့မှာ ရှိတယ်။ မင်း ဒီနေရာကို လာလည်တာ သူတို့နဲ့ ဆက်စပ်နေတယ်လို့တော့ ငါ့ကို မပြောဘူးမလား"
"သူတို့နဲ့မဆက်စပ်ပါဘူး၊ ဘာလို့ဆို သူတို့ကပဲ လာသွားကြတာလေ" ထန်ရှုက ပြော၏"ငါတို့က ဘက်တူတူပဲဆိုတော့ ငါ မင်းကို ဘာမှ ဖုံးကွယ်မနေတော့ဘူး။ ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်၊ လျန်မိသားစုနဲ့ပတ်သက်ပြီး မင်း ဘယ်လောက်ထိသိထားလဲ"
မြောင်ဝမ်ထန်က တစ်ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏"လျန်မိသားစုက အလွန်နက်ရှိုင်းတဲ့နောက်ခံအုတ်မြစ်နဲ့အမွေအနှစ်ရှိတဲ့ နင်မြို့ရဲ့မိသားစုကြီးတစ်ခုပဲ။ အမှန်အတိုင်းပြောရရင် ငါတို့ရဲ့မြောင်မိသားစုကို ဟိုင်းချင်စီရင်စုရဲ့နံပါတ်တစ်မိသားစုလို့ သိကြပေမယ့် နှစ်ဖက်လုံးကို နှ်ိုင်းယှဉ်လိုက်ရင် ငါတို့က သူတို့နဲ့ အတော်လေးဝေးကွာနေသေးတယ်- အထူးသဖြင့် အမွေအနှစ်ကဏ္ဍမှာပေါ့။ လျန်တွေက နင်မြို့မှာရှိလာတာ ရာစုနှစ်များစွာ ရှိပြီ၊ ဒါက အပြင်လူတွေ မသိတဲ့အချက်တစ်ခုပဲ။ ဒါပေမယ့် လျန်မိသားစုက တစ်ခုခုထူးဆန်းတာကို ငါ ကောင်းကောင်းသိတယ်၊ ဒါကြောင့် ငါတောင် သူတို့ကို ရန်မစချင်ဘူး"
"ဒါဆို ဒါက တောင်တစ်လုံးကို ကျားနှစ်ကောင်အစိုးရနေတာနဲ့ အတူတူပေါ့" ထန်ရှုက မှတ်ချက်ချလိုက်၏။
"မင်း ဘာကို ဆိုလိုတယ်ဆိုတာ ငါ သိပါတယ်၊ ဒါက ဘာကြောင့် တစ်ခုခုထူးဆန်းတယ်လို့ ငါ ခံစားနေရတာပဲ"မြောင်ဝမ်ထန်က သက်ပြင်းချလိုက်၏"ပြောရရင် ငါ့မိသားစုက နင်မြို့မှာ အရမ်းအားကောင်းတယ်၊ ဒါကြောင့် လျန်မိသားစုလိုနောက်ထပ်အားကောင်းတဲ့မိသားစုတစ်စုနဲ့ အတူတကွမတည်ရှိချင်ဘူး။ ဒါပေမယ့် ဒါက ဒီနေရာမှု နှစ်ပေါင်းများစွာ ဖြစ်ပျက်လာခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲ။ ငါတို့တွေ အတူတကွ တည်ရှိရမယ်- ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိရမယ်- တစ်ယောက်ကိုတစ်ယောက် ရန်မစရဘူး"
***