← Chapters

စိတ်ကူးယဉ်ထက် ကျော်လွန်ခြင်း။

Vol. 66 Ch. 916

စိတ်ကူးယဉ်ထက် ကျော်လွန်ခြင်း။

Vol. 66 Ch. 916

"ဒါက အတော်လေးစိတ်ဝင်စားစရာပဲ" ထန်ရှုက မှတ်ချက်ချလိုက်၏။

"ဒီတစ်ခုတည်းပဲ စိတ်ဝင်စားစရာကောင်းတဲ့အချက်မဟုတ်ဘူး၊ ငါ မင်းကို ပြောမယ်" မြောင်ဝမ်ထန်က အားတင်းပြုံးလျက် ပြောလိုက်၏"လျန်မိသားစုက ဒီနှစ်တွေမှာ နှိမ့်ချနေခဲ့တယ်-ဒါကြောင့် မူမမှန်ဘူးလို့ ခံစားရစေတယ်။ ငါ လူတွေကို လွှတ်ပြီး သူတို့ကို စုံစမ်းဖို့ ကြိုးစားခဲ့တယ်၊ ဘာရလဒ်ကို ရလာတယ်လို့ မင်း ထင်လဲ။ ငါလွှတ်လိုက်တဲ့သူတွေက ပင်လယ်သမုဒ္ဒရာထဲကို ကျသွားတဲ့ကျောက်တုံးတွေလိုပဲ။ ဘာသတင်းမှမကြား၊ သေလားရှင်လားမသိ၊ သူတို့ရဲ့အလောင်းတောင် မ‌တွေ့ခဲ့ရဘူး"

"ဒါကြောင့် မင်းက လျန်မိသားစုရဲ့အနေအထားကို မဖော်ထုတ်နိုင်ခဲ့ဘူးပေါ့" ထန်ရှုက တည်ငြိမ်စွာ မှတ်ချက်ချလိုက်သည်။

မြောင်ဝမ်ထန်က အသက်တစ်ချက်ရှုကာ ဖြေလိုက်၏"ငါကိုယ်တိုင်စုံစမ်းခဲ့တာ အကြိမ်များစွာရှိပြီ။ သူတို့က အလွန်ဆန်းကြယ်ပြီးပုံမှန်မဟုတ်ဘူးဆိုတာ ငါ သေချာသွားခဲ့တယ်။ ဒီမိသားစုရဲ့အဖွဲ့ဝင်တွေက သူတို့ရဲ့ဘိုးဘေးတွေ ယနေ့ထိ အသက်ရှင်နေတယ်ဆိုတာ မသိကြဘူး၊ အသက်ကြီး‌ဆုံးဆိုရင် နှစ်၂၆၀ကျော်ရှိလောက်မယ်။ ဒါပေမယ့် ဒီဘိုးဘေး‌တွေက ထွက်လာတာ ရှားပါတယ်"

"ဒါက တကယ်ကို အရမ်းဆန်းကြယ်တယ်၊ သူတို့ကို နတ်ဆိုး‌တွေလို့ ပြောနိုင်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဘယ်လိုပဲပြောပြော ငါ လျန်တွေရဲ့ခေါင်းဆောင်ကို သူတို့ရဲ့‌ဘိုးဘေးနှစ်ယောက်နဲ့ကျွမ်းကျင်သူနှစ်ဆယ်ကျော်အပါအဝင် အားလုံးကို သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် ဒီအန္တရာယ်များတဲ့လက်ကျန်တွေကို ရှင်းလင်းဖို့ ငါ နင်မြို့ကို လာဖို့ ဆုံးဖြတ်ခဲ့တာ"

မြောင်ဝမ်ထန်၏မျက်လုံးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ့မျက်နှာတွင် ပြည့်နှက်သွား၏။ မြောင်ဖုန်းလင်က အာစေးသွားပြီး ထန်ရှုအား အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့သည်။

လျန်မိသားစုခေါင်းဆောင်၊ လျန်ပုက.....သေသွားပြီလား။

မြောင်ဝမ်ထန်က တံတွေးမျိုချမိပြီး ထိတ်လန့်တုန်လှုပ်နေသောမျက်နှာတစ်ခုနှင့် မေး၏"အကိုထန်၊ မင်းနဲ့လျန်တွေကြားမှာ အတိအကျဘာဖြစ်ခဲ့တာလဲ။ မင်း သူတို့နဲ့ ဘယ်လိုလုပ်ပြီး ပြဿနာတက်ခဲ့တာလဲ"

"ဒီဖြစ်ရပ်မတိုင်ခင်တုန်းကတော့ ငါက လျန်တွေနဲ့ ရန်ငြိုးမရှိပါဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က လျှို့ဝှက်ဂိုဏ်းမှလူတစ်စုကို ငါ တွေ့ခဲ့တယ်။ သူတို့က လျန်တွေနဲ့ သွေးကြေးတစ်ခုရှိပြီး အစကတော့ ငါ ကြားဝင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် လျန်မိသားစုဘိုးဘေးက တစ္ဆေလက်နက်တစ်ခုကို ထုတ်လွှတ်ပြီး လူသေတွေရဲ့ဝိညာဉ်တွေကို ဝါးမျိုခဲ့တယ်လေ။ သူတို့ထံကနေ ဒီတစ္ဆေလက်နက်က သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံလို့ခေါ်တာ ငါ သိခဲ့ရတယ်။ အဲဒါမျိုးကိုးခုရှိတယ်ဆိုတာ ငါ ထပ်သိခဲ့ရတယ်"

A Ghost device—one that can devour souls?

တစ္ဆေလက်နက်တစ်ခုလား-ဝိညာဉ်တွေကို ဝါးမျိုနိုင်တာလား။

မြောင်ဝမ်ထန်က မှင်တက်သွားကာ မေးလိုက်၏"ဒီကမ္ဘာမှာ ဒီလိုဆိုးရွားတဲ့လက်နက်တွေ ရှိသေးတာလား"

"အရင်က အဲဒါတွေ တည်ရှိမယ်လို့ ငါ ဘယ်တော့မှ မတွေးထားခဲ့ဘူး"ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏"သန္ဓေသားကိုး‌‌ယောက်တစ္ဆေတစ်ရာအလံကို ရှာတွေ့ပြီးမှသာ ဒီလိုတစ္ဆေလက်နက်တွေ ရှိတယ်ဆိုတာ သိခဲ့တယ်။ အလံတိုင်းအတွက် သူတို့က အပြည့်အဝသန့်စင်ချင်တယ်ဆိုရင် ဝိညာဉ်၇၇၄၉၀ကို ဝါးမျိုဖို့ လိုတယ်။ ပြီးရင် အဲဒီဝိညာဉ်တွေကို နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ရမယ်၊ တဖြည်းဖြည်းနဲ့ သူတို့က အသိစိတ်မရှိတဲ့ ရန်ငြိုးကြီးဝိညာဉ်တွေအဖြစ် ပြောင်းပြီး မကျေမချမ်းခံစားချက်တွေပြည့်နေ‌တဲ့စွမ်းအင်တစ်ခု ဖြစ်လာမယ်"

"ဒီလောက်တောင် ဆိုးဝါးတာလား" မြောင်ဝမ်ထန်က ဒေါသထွက်သွားမှန်း သိသာသည်။

ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"လျန်တွေသတ်ခဲ့တဲ့သူတွေက အပြစ်ရှိတဲ့သူတွေဆိုရင်တော့ ငါ ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် သူတို့က သာမန်လူတွေကိုတောင် သတ်ခဲ့တယ်။ အပြစ်မရှိတဲ့သူတွေဘယ်လောက်များ သူတို့ရဲ့လက်ထဲမှာ အဆုံးသတ်သွားသလဲဆိုတာ ငါ မသိဘူး။ သူတို့ကို စုံစမ်းဖို့ မင်းလွှတ်လိုက်တဲ့သူတွေလဲ ဒီလိုပဲ ဖြစ်သွားမယ်လို့ ငါ ထင်တယ်"

"ဘာပြောတာ"မြောင်ဝမ်ထန်က မျက်နှာနီရဲသွားပြီး သူက ဆိုဖာမှ ရုတ်ခြည်းထလိုက်၏။ သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့ လင်းလက်သွားပြီး သူက ပြော၏"အကိုထန်၊ လျန်တွေရဲ့ဘိုးဘေးတွေ ဘာလို့ အခုထိ အသက်ရှင်နေနိုင်သလဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ၊ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းတယ်လို့ ငါ အမြဲခံစားနေမိတာ။ ဒီကောင်တွေက ကံကြမ္မာနဲ့ကောင်းကင်ဘုံတာအိုရဲ့ဒဏ်ခတ်မှာကို မကြောက်ဘူးပဲ"

"လျန်တွေက နတ်ဆိုးလမ်းကြောင်းကို လျှောက်လှမ်းနေတာ" ထန်ရှုက နှာခေါင်းရှုံ့လိုက်၏။

မြောင်ဝမ်ထန်က အသက်ရှုသွင်းပြီးနောက် လေးနက်စွာ ပြောလိုက်၏"အကိုထန်၊ ဒါတွေကို ငါ မသိခဲ့ရင် ငါ့မိသားစုက လျန်တွေနဲ့ သွေးကြေးတစ်ခု အလွယ်တကူရှိလာနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အခု ငါ သူတို့ကို ဖယ်ရှားသုတ်သင်ပြီး ဒီတစ္ဆေလက်နက်တွေကို ဖျက်ဆီးရမယ်။ မင်း ဘာတွေ စီစဉ်ထားလဲ၊ အကိုထန်။ ငါ့မိသားစုက အပြည့်အဝပူးပေါင်းပါဝင်မယ်"

"မင်းမိသားစုမှာ ကျင့်ကြံသူအရေအတွက် အတိအကျ ဘယ်လောက်ရှိလဲ" တစ်ခဏစဉ်းစားပြီးနောက် ထန်ရှုက မေးလိုက်၏။

"ငါတစ်‌ယောက်ပဲ" မြောင်ဝမ်ထန်က အားတင်းပြုံးလျက် ဖြေလိုက်သည်။

"ငါတို့ ပထမဆုံးအကြိမ်တွေ့ကတည်းက မင်းက ကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီလေ၊ ဘာလို့ မင်းမိသားစုမှာ ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးရတာလဲ"ထန်ရှုက ပဟေဠိဖြစ်သောမျက်နှာနှင့် မေး၏"ဘာလို့ မင်းက သူတို့ကို ကျင့်ကြံခြင်းနည်းစနစ်ကို မသင်ကြားပေးတာလဲ"

"ငါ့မိသားစုထဲမှာ မျိုးဆက်တစ်ခုစီရဲ့ခေါင်းဆောင်တွေကပဲ ကျင့်ကြံရမယ်လို့ ငါတို့ဘိုးဘေးတွေချမှတ်ထားတဲ့ဓလေ့ကြောင့်ပဲ"မြောင်ဝမ်ထန်က ရှင်းပြလိုက်သည်"ပြီးတော့ အဓိကအကြောင်းပြချက်ကတော့ စွမ်းအားနဲ့အမိန့်အာဏာအတွက် အတွင်းပိုင်းတိုက်ခိုက်မှုတွေ၊ ယှဉ်ပြိုင်မှုတွေကို စိုးရိမ်လို့ပဲ၊ ဒါက ညီအကိုအချင်းချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လေ"

ထန်ရှုက လျင်မြန်စွာ နားလည်လိုက်ပြီး ခေါင်းညိတ်ကာ ပြော၏"မင်းရဲ့ကျင့်ကြံခြင်းက လုံလုံလောက်လောက်မြင့်မားနေပြီးသား၊ အနာဂတ်မှာ မင်းက တိုးတက်ဖို့အများကြီးကျန်ပါသေးတယ်။ မင်းမှာ ကောင်းမွန်တဲ့မိသားစုဝင်တွေ ရှိမယ်လို့ ငါ ထင်တာကြောင့် မင်း ဒီဓလေ့ကို ချိုးဖြတ်သင့်တယ်။ အနာဂတ်မှာ ကြီးမားတဲ့ပြဿနာတွေ မြင့်တက်လာမှာမဟုတ်ဘူးဆိုတာ ငါ သေချာတယ်"

"မင်း ငါ့ကို ပိုနက်နဲသိမ်မွေ့တဲ့နည်းစနစ်ကို သင်ပေးခဲ့တုန်းက ကျင့်ကြံခြင်းနည်းစနစ်ကို အခြားသူတွေကို ပြန်မမျှဝေရဘူးလို့ မင်း ငါ့ကို ပြောခဲ့တယ်မလား၊ ဒါဆို....."မြောင်ဝမ်ထန်က တုံ့ဆိုင်းစွာ ပြောလိုက်၏။

"အရင်က မင်းရဲ့အခြားမိသားစုဝင်တွေရဲ့သဘာဝကို ငါ မသိဘူး။ ဒါကြောင့် သဘာဝအလျောက် ငါက ကျင့်ကြံသူတွေအများအပြားကို မထွက်ပေါ်လာစေချင်ခဲ့ဘူး"ထန်ရှုက ပြောလိုက်သည်"အခု ငါစိတ်ပြောင်းသွားပြီ၊ ဒါပေမယ့် ငါ့ရဲ့မူလရည်ရွယ်ချက်က ရှိနေတုန်းပဲ။ ပါရမီရှိတဲ့မင်းမိသားစုအဖွဲ့ဝင်တွေကို မျှဝေပေးလို့ရတယ်၊ ဒါပေမယ့် အရေအတွက်က မများရဘူး။ မင်း‌ သေချာတဲ့နယ်ပယ်တစ်ခုကို ကျင့်ကြံပြီးတာနဲ့ ကြီးမားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေ လိုအပ်တယ်ဆိုတာ မင်း သိရမယ်၊ မင်းမိသားစုလက်ရှိပိုင်ဆိုင်ထားတဲ့ကြွယ်ဝမှုမရ ကျင့်ကြံသူဆယ်ယောက်ထက်ပိုပြီး မင်းမိသားစုက ထောက်ပံ့နိုင်မယ်လို့ ငါ မထင်ဘူး"

မြောင်ဝမ်ထန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက တစ်ခဏအတွေးနက်သွား၏။ ထို့နောက် သူက ပြောလိုက်၏"ငါ ကောင်းမွန်တဲ့မိသားစုဝင်အနည်းငယ်ကို ရွေးပြီး သူတို့ကို ကျင့်ကြံခြင်းနည်းစနစ်ကို သင်ကြားပေးမယ်။ ငါက ဘိုးဘေးတွေချမှတ်ထားတဲ့ဓလေ့ကို ပြောင်းလဲနိုင်ပေမယ့် ငါ့မိသားစုရဲ့ကျင့်ကြံသူတွေအရေအတွက်က ဆယ်ယောက်ထက်မကျော်ရဆိုတဲ့စည်းမျဉ်းတစ်ခုကို ချမှတ်ထားရမယ်"

ထန်ရှုက ထောက်ခံကြောင်း ခေါင်းညိတ်ပြကာ ထပ်ပြောလိုက်၏"ကောင်းပြီလေ။ ဒါဆို လျန်မိသားစုနေရာကို တစ်ခေါက်လောက်သွားရင် ဘယ်လိုလဲ"

"မင်း ဆိုလိုတာက.....သူတို့ကို တိုက်ရိုက်,ရိုက်နှက်မှာလား"မြောင်ဝမ်ထန်က အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ‌မေးလိုက်၏။

"မဟုတ်ဘူး။ အောင်မြင်မှုတွေ ပိုရဖို့ ငါတို့တွေ ငါတို့ကိုယ်ငါတို့နဲ့ငါတို့ရဲ့ရန်သူတွေ‌အကြောင်းကို သိရမယ်"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ငါ့ကိုယ်ငါ အကြွင်းမဲ့ယုံကြည်ချက်ရှိပေမယ့် ဒီကမ္ဘာမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်အချို့ကြောင့် ဆုံးရှုံးသွားရတဲ့အရာတွေအများကြီးရှိတယ်။ ဒါကြောင့် ငါတို့တွေ အမှောင်ထဲကလျန်မိသားစုကို စုံစမ်းရမယ်၊ သူတို့ရဲ့ခွန်အားကို ဖော်ထုတ်ပြီးမှ သူတို့ကို ရိုက်နှက်ရမယ်"

"မင်းက အမြဲတမ်းတည်ငြိမ်တယ်ဆိုပေမယ့် ဘာက မင်းကို ကြောက်ရွံ့စေမှာလဲ၊ အကိုထန်"မြောင်ဝမ်ထန်က သက်ပြင်းချလိုက်၏"ငါ့မှာ မင်းလို ကြောက်စရာကောင်းတဲ့ခွန်အားရှိပြီး ငါ့လက်အောက်မှာ ဒီလိုအားကောင်းတဲ့သူတွေအများကြီးရှိရင် ငါက စဉ်းလဲပြီးမဆင်မခြင်လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ စကားမစပ်၊ မင်းရဲ့အမြင်အပေါ် ငါ့အနေနဲ့ ဘာပြဿနာမှာ မရှိပါဘူး၊ ဒီည ငါတို့ လျန်မိသားစုနေရာကို သွားကြတာပေါ့"

"ထောင်စုနှစ်ကြာမယ့်သင်္ဘောတစ်စီးကို ပြုလုပ်တဲ့အခါ တစ်စုံတစ်ယောက်က နှိုင်းချင်မျှော်ခေါ်တတ်ရတယ်။ လက်ရှိလူမှုအဖွဲ့အစည်းက အတော်လေးငြိမ်းချမ်းတယ်ဆိုရမယ်။ ဒါပေမယ့်  အနာဂတ်ကျရင် တစ်နေ့မှာ မင်းက အခြားနေရာတစ်ခုကို သွားရင်၊ ကျင့်ကြံသူတွေက နေရာတိုင်းမှာရှိပြီး သန်မာသူတွေက တိမ်‌တွေလိုပေါများတဲ့နေရာကို သွားရင် မင်းက ဂရုမစိုက်ရင် ရက်အနည်းငယ်တွင်း သေသွားရလိမ့်မယ်"ထန်ရှုက ပြောလိုက်၏။

မြောင်ဝမ်ထန်က တုန်လှုပ်သွားပြီး မေးလိုက်၏"အဲဒါ ဘယ်နေရာမှာလဲ"

"လက်ရှိအချိန်မှာ မင်း သိလဲ အကျိုးမရှိတာကြောင့် ငါ မင်းကို မပြောနိုင်ဘူး"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏"ကောင်းကောင်းကျင့်ကြံထားပါ။ တစ်နေ့ မင်းက အများကြီးပိုသန်မာလာပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်သွားတဲ့အခါကျရင် ငါ မင်းကို ပြောပြမယ်၊ ပြီးတော့ မင်းကို ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပေးမယ်"

"ကောင်းပြီ...."မြောင်ဝမ်ထန်က စိတ်ထဲ၌ တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်တော့၏။

မိုးသောက်ချိန်မတိုင်ခင် ထန်ရှုက မြောင်ဝမ်ထန်ကို ခေါ်ကာ မြောင်မိသားစုအိမ်ရာမှ တိတ်တဆိတ်ထွက်ခွာလာခဲ့ပြီး ရွှယ်ယုနှင့်မိုအားဝူတို့အဖွဲ့အား ချန်ထားခဲ့၏။ ဤတစ်ကြိမ်တွင် သူတို့က သတင်းစုံစမ်းရန်သာဖြစ်သောကြောင့် သူက လူအများကြီးမခေါ်သွားချင်ခဲ့ပေ။

****

လျန်မိသားစုနယ်မြေက မြောင်ထက် ပိုကြီးသည်။ ၎င်းက နင်မြို့ထဲတွင် မတည်ရှိဘဲ ချိလျန်တောင်အနီး မြို့၏အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။

ညအလယ်တွင် ထန်ရှုနှင့်မြောင်ဝမ်ထန်တို့က အမှောင်ထဲရှိတ‌စ္ဆေများပမာ လျန်မိသားစုအိမ်ရာသို့ တိတ်တဆိတ်ချဉ်းကပ်လာခဲ့ကြ၏။ ထောင်ချောက်များစွာနှင့်အစောင့်များက ထောင့်စွန်းများ၌ ပုန်းကွယ်နေသည်ကို မြင်ပြီးပြီဖြစ်သောကြောင့် ထန်ရှုက မတုန်မလှုပ်‌ပေ။ သို့သော် ဤကဲ့သို့အနေအထားတစ်ခုအား မြင်တွေ့ခဲသောမြောင်ဝမ်ထန်က လျန်မိသားစုဝင်များ၏ပုန်းလျှိုးကွယ်လျှိုးပုံရိပ်များနှင့်ထောင်ချောက်အမျိုးမျိုးသာမက ထောက်လှမ်းရေးကိရိယာများကို တွေ့ရှိခဲ့သည်။

"ငါ ဒါတွေကို တွေ့ရလိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး"အမှောင်ထဲရှိထောင့်တစ်ခုတွင် နှစ်မီတာခွဲခန့်အုတ်နံရံကို ကြည့်ရင်း မြောင်ဝမ်ထန်က သက်ပြင်းချလိုက်သည်။

"မင်း ဘယ်တော့မှ မမျှော်လင့်ထားခဲ့တာက ဘာလဲ"ထန်ရှုက တိုးတိုးမေးလိုက်သည်။

"လျန်မိသားစုပြင်ဆင်ထားတဲ့လက်ရှိခံစစ်အစီအမံတွေက ဒီလောက်သန်မာမယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး"မြောင်ဝမ်ထန်က တိုးတိုးပြောလိုက်သည်"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ ဒီနေရာကို ရောက်ခဲ့ပေမယ့် သာမန်မဟုတ်တဲ့ဘာတစ်ခုကိုမှ မတွေ့ခဲ့ရဘူး။ ခံစစ်အစီအမံ‌တွေ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမယ့် ငါတို့ ကီလိုမီတာအနည်းငယ်ပဲ ကပ်လာရသေးတယ်၊ အစောင့်အနည်းငယ်၊ ထောင်ချောက်ဒါဇင်နဲ့ ထောက်လှမ်းကိရိယာတွေကို တွေ့နေရပြီ။ ဒီည ဒီနေရာကို ထိုးဖောက်ဝင်လာတာ ငါတို့တွေမဟုတ်ဘူးဆိုရင် ထိုးဖောက်ဝင်လာသူတွေကို သူတို့က ရှာဖွေတွေ့ရှိသွားလိမ့်မယ်လို့ ငါ ပြောရဲတယ်"

"လျန်မိသားစုက အရမ်းထူးခြားတယ်လို့ ငါလဲ ခံစားမိတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"အခု လျန်မိသားစုခေါင်းဆောင်ကို အလွယ်တကူသတ်ဖြတ်ခဲ့တာကို ငါ ရုတ်တရက် နောင်တရလာတယ်"

"လျန်မိသားစုဘိုးဘေးတွေအားလုံးက ဒီမိသားစုရဲ့အတွင်းအကျဆုံးအသိုင်းအဝိုင်းပဲ။ သူတို့အားလုံးက အတိတ်မှာ ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ကြတယ်။ သူတို့က လျန်တွေရဲ့အတွင်းအပြင်ကို သိတဲ့သူတွေလဲ ဖြစ်တယ်။ မင်း သူတို့ဆီက အချက်အလက်အချို့ကို နှိပ်စက်ညှဉ်းပန်းပြီး ညှစ်ထုတ်ခဲ့မယ်ဆိုရင် မင်း အသုံးဝင်တဲ့ သတင်းအချက်အလက်တွေအများကြီးကို ရနိုင်မှာပါ"

"ကောင်းပြီ၊ အထဲဝင်ကြရအောင်....."

ထန်ရှုက ကိုယ်ပျောက်အဆောင်နှစ်ခုကို ယူထုတ်လိုက်သည်။ မြောင်ဝမ်ထန်ခန္ဓာကိုယ်ပေါ်သို့ တစ်ခုတင်ပြီးနောက် သူ့ခန္ဓာကိုယ်က လွင့်မျောသွားပြီး နံရံပေါ်ရှိလျှပ်စစ်ကြိုးပေါ်မှ တိုက်ရိုက်ပျံသန်းကာ လျန်မိသားစု၏အိမ်ရာအတွင်းပိုင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့၏။ သို့သော် ထန်ရှုက ပျံသန်းပြီးခုန်လွှားသွားသည်ကို မြင်သောအခါ မြောင်ဝမ်ထန်က အနည်းငယ်မှင်တက်သွားသည်။ သို့သော် ထန်ရှုမည်မျှအားကောင်းသည်ကို အမှတ်ရသွားသောအခါ သူက အံကြိတ်ကာ ခုန်လွှားလိုက်၏။

သူတို့က အထဲသို့ ဝင်လာသောအခါ သစ်ပင်များနှင့်ပန်းပင်းများက ထူထပ်စွာ လွှမ်းခြုံနေလျက်ရှိပြီး ပန်းရနံများက ညလေနှင့်အတူ ပါလာပြိီး သူတို့၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

"ဘာကြောင့် ဒီလိုပေါ်ပေါ်လွင်လွင်နဲ့ ခိုးဝင်လာခဲ့တာလဲ"ထန်ရှုနောက်ကို လိုက်လာပြီးနောက် မြောက်ဝမ်ထန်က တိုးတိုးလေးမေးလိုက်၏။

ထန်ရှုက သူ့အား ပြုံးလျက်သာ တုံ့ပြန်လိုက်သည်။ သူက သူ့အား ဘာတစ်ခုမှ မရှင်းပြဘဲ တောအုပ်၏အခြားတစ်ဖက်သို့ တိုက်ရိုက်ဦးတည်လိုက်၏။ တောအုပ်၏အစွန်အဖျားတွင် လျန်မိသားစု၏လူနှစ်ယောက်က ဆေးလိပ်သောက်နေသော်လည်း သူက ခပ်တည်တည်ပင်။

"ဘာ။ သူ ဒီနေရာကို စုံစမ်းစစ်ဆေးဖို့လာတာမလား။ ဘယ်လိုဖြစ်ပြီး သူက အခုလို ပေါ်ပေါ်လွင်လွင်သွားလာနေတာလဲ။ သူ့ကို ရှာတွေ့သွားမှာကို သူ မကြောက်ဘူးလား"

မြောင်ဝမ်ထန်က ထန်ရှုအား သတိပေးရန် အော်လိုက်ချင်သော်လည်း နောက်မြင်ကွင်းက သူ့အား မျက်လုံးပြူးသွားစေသည်။

ထန်ရှုက ဆေးလိပ်သောက်နေသောလူနှစ်ယောက်၏အရှေ့သို့ လျှောက်သွားသောကြောင့်ဖြစ်သည်။ သူက သူတို့အား လက်တောင်ဝှေ့ယမ်းပြခဲ့၏။

ဤအရာက မြောင်ဝမ်ထန်အား အလွန်အံ့အားသင့်သွားစေသည်။ ဤကဲ့သို့ထူးဆန်းသောမြင်ကွင်းတစ်ခုအား သူ ဘယ်သောအခါမှ မမြင်ဖူးပေ။ ထန်ရှုက လျန်မိသားစုဝင်နှစ်ယောက်၏ညာဘက်တွင်တောင် ရပ်ခဲ့သေး၏၊ သို့သော် သူတို့က သူ့အား သတိမထားမိပုံရသည်။ သူတို့က သူ့အား လုံးဝမြင်ပုံမရဘဲ ဆေးလိပ်သောက်ရင်း စကားပြောနေကြသည်။

"တောက်၊ ဒါက စိတ်ကူးယဥ်ထက်ကို ကျော်လွန်သွားပြီ"

***

All Chapters