အလောင်းကောင်
Vol. 66 Ch. 917
သူ့ရှေ့ရှိမြင်ကွင်းက ထူးဆန်းလွန်းသောကြောင့် မြောင်ဝမ်ထန်က အလွန်တုန်လှုပ်သွား၏။ နံရံအပြင်ဘက်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ထန်ရှုထားခဲ့သောစက္ကူအဆောင်အား ရုတ်တရက် သတိရလိုက်သည်။ သူက ပစ္စည်းအား ဆုပ်ကိုင်ကာ တစ်ခဏလေ့လာလိုက်ပြီး ၎င်းအပေါ်တွင် ထူးခြားသောသင်္ကေတအချို့သာရှိသည်ကို တွေ့ရှိခဲ့၏၊ ၎င်းအပေါ်တွင် စိတ်ဝိညာဉ်စွမ်းအားအတက်အကျတစ်ခုရှိသည်ကိုတောင် အာရုံခံစားနိုင်ခဲ့သည်။
"ငါ့ကို မပြောနဲ့နော်.....ဒါက ကိုယ်ပျောက်အဆောင်တစ်ခုလို့။ ဒါကို ဝတ်ဆင်ထားရင် ဘယ်သူမှ မမြင်နိုင်စေတဲ့ ပစ္စည်းတစ်ခုလား"
ထန်ရှုက အဆောင်အမျိုးမျိုးပြုလုပ်ရာ၌ ကျွမ်းကျင်သည်ကို မြောင်ဝမ်ထန်က သိသည်။ ဒါက သူ့နှလုံးခုန်သံအား ချက်ချင်း တုန်ဟည်းသွားစေ၏။ သူက အံကြိတ်ကာ ထန်ရှုနှင့်လျန်မိသားစုဝင်နှစ်ယောက်ရှိရာဦးတည်ဘက်သို့ လျှောက်သွား၏။ သူက ထန်ရှု၏ဘေးသို့ လျှောက်လာရင်း သူ့မျက်လုံးများက လျန်မိသားစုဝင်နှစ်ယောက်အပေါ် အာရုံစိုက်ထား၏၊ သို့သော် သူတို့က သူ၏တည်ရှိမှုအား မသိသေးပုံရ၏။
အဟွတ်....အဟွတ်....
နှစ်ယောက်ထဲမှတစ်ယောက်က နှစ်ကြိမ်ချောင်းဆိုးလိုက်သည်။ သူက ပတ်ပတ်လည်အား အကြိမ်အနည်းငယ် ရုတ်တရက် ကြည့်ပြီးနောက် သူ့လက်အား မြှောက်ကာ ခေါင်းကုတ်ကြည့်လိုက်၏။ ပဟေဌိဖြစ်သောအမူအရာနှင့်အတူ သူက ရေရွတ်လိုက်သည်"ဘယ်လိုဖြစ်ပြီး ငါ ကျောချမ်းပြီးကြောက်ရွံ့သလို ခံစားလာရတာလဲ။ အဆိပ်ပြင်းမြွေပွေးဒါမှမဟုတ်တစ်ခုခုက ငါ့ကို စိုက်ကြည့်နေသလိုပဲ"
သူ၏အဖော်ကလဲ မျက်မှောင်ကြုတ်ကာ အံ့အားသင့်စွာ ပြော၏"မင်းလဲ အဲလိုခံစားနေရတာလား။ ဘယ်လိုတောင် ဆိုးဝါးတဲ့လက္ခဏာတစ်ခုလဲ။ ငါက ကယောင်ကယမ်းများဖြစ်နေသလားလို့ ငါ တွေးခဲ့တာ။ တစ်ခုခုက ငါ့ကို စိုက်ကြည့်နေသလို ငါလဲ ခံစားရတယ်"
မြောင်ဝမ်ထန်၏မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက သူ့အကြည့်အား ထိုနှစ်ယောက်ထံမှ ထန်ရှုသို့ ပြောင်းလိုက်တော့၏။
ဒါက ကိုယ်ပျောက်အဆောင်ကြောင့်ဆိုတာ သေချာတယ်.....ဒဏ္ဍာရီထဲမှာပြောခဲ့တဲ့အရာတစ်ခုပဲ.....
ဤကိုယ်ပျောက်အဆောင်ရှိပါက သူ့တွင် သတ်ဖြတ်ခြင်းလက်နက်တစ်ခုရှိလာသလိုပင်။ တစ်ယောက်မှ၊ နတ်ဘုရားများနှင့်တစ္ဆေများလျှင်ပင် သူ၏တည်ရှိမှုအား အာရုံမခံနိုင်သော ဤကဲ့သို့အနေအထားတစ်ခုတွင် သူက သူ့ရန်သူအား သေချာပေါက် သုတ်သင်နိုင်ပေမည်။
အချိန်ခဏကြာသည့်အထိ လျန်မိသားစု၏လူနှစ်ယောက်က ပတ်ပတ်လည်အား စစ်ဆေးခဲ့သော်လည်း သူတို့က မူမမှန်သည့်အရာတစ်ခုမှ မတွေ့ခဲ့ပေ။ သူတို့က ခေါင်းခါယမ်းကာ အဝေးသို့ ဦးတည်သွားလိုက်သည်။
ထန်ရှုက သူ၏လက်ရှိနေရာ၌ ရပ်နေသေး၏။ ထို့နောက် သူက မြောင်ဝမ်ထန်အား ပြုံးလျက် ကြည့်ကာ မေး၏"ဒါဆို မင်း ဘယ်လိုခံစားရလဲ"
"ငါ ပထမတော့ ကြောက်နေသေးတယ်၊ ဒါပေမယ့် သူတို့က ငါ့ကို တကယ်ပဲ မမြင်နိုင်တာကို သဘောပေါက်ပြီး စိတ်သက်သာရာရသွားတယ်"မြောင်ဝမ်ထန်က ပြုံးလျက် တုံ့ပြန်လိုက်၏။"မင်းက တကယ်အံ့အားသင့်စရာကောင်းတာပဲ၊ အကိုထန်။ နံရံအပြင်ဘက်မှာ မင်း ငါ့အပေါ်မှာ ထားခဲ့တဲ့အဆောင်က ကိုယ်ပျောက်အဆောင်မလား "
"ဟုတ်တယ်၊ အကြောင်းပြချက်အချို့ကြောင့် ငါ ကိုယ်ပျောက်အဆောင်အနည်းငယ်ကို လုပ်ထားခဲ့တယ်"ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်"ဒီတစ်ကြိမ်စုံစမ်းစစ်ဆေးမှုအတွင်း ၎င်းက အသုံးဝင်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ပြီးတော့ လျန်မိသားစုတပ်ဆင်ထားတဲ့ကာကွယ်ရေးအစီအမံတွေကလဲ တင်းကျပ်လွန်းတယ်။ ဒီကိုယ်ပျောက်အဆောင်သာမရှိရင် ငါတို့တွေ အထဲကို အခုလိုအလွယ်တကူခိုးဝင်နိုင်မှာမဟုတ်ဘူး"
မြောင်ဝမ်ထန်က သဘောပေါက်သွားပြီး သူက စိတ်အားထက်သန်စွာ မေး၏"လက်ရှိ မင်းမှာ ကိုယ်ပျောက်အဆောင်တွေ ဘယ်လောက်ထိရှိလဲ၊ အကိုထန်။ မင်း ငါ့ကို အချို့ရောင်းနိုင်မလား"
ထန်ရှ၏အမူအရာက ထူးဆန်းသွားပြီး သူက ပြန်ဖြေလိုက်၏"လောလောဆယ် ငါ့လက်ထဲမှာ အများကြီးမရှိဘူး။ အနည်းငယ်ပဲ ရှိတယ်...."
"ကျေးဇူးပြုပြီး မင်းရဲ့ဈေးကို ပြော။ ဒါပေမယ့် မင်းမှာ ဘယ်လောက်ပဲရှိရှိ ငါ ဝယ်မယ်" မြောင်ဝမ်ထန်က တည့်တိုးပြောလိုက်၏။
"သုံးယွမ်ဆို ရပြီ။ ငါ တစ်ခုကို သုံးယွမ်နဲ့ မင်းကို ရောင်းပေးမယ်" တစ်ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြုံးလျက် တုံ့ပြန်လိုက်သည်။
အဟွတ်....အဟွတ်.....
မြောင်ဝမ်ထန်က ဟန်လုပ်ကာ ချောင်းဟန့်လျက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏"ငါ မဝယ်ပါဘူး၊ ဒါကြောင့် ငါ သူတို့ကို အခြားပစ္စည်းတွေနဲ့ လဲလှယ်မယ်။ မကြာသေးမီက ဆယ့်နှစ်ရာသီခွင်ကျောက်စိမ်းအရုပ်တွေကို မင်း ရှာနေတယ်ဆိုတာ ငါ သိတယ်။ ငါ သူတို့ထဲကတစ်ခုနဲ့ပတ်သက်ပြီးအစအနရထားတယ်၊ လက်ရှိမှာ ငါ အဲဒါကို အတည်ပြုနေတုန်းပဲ။ သေချာပြီးရင် ငါ အဲဒါကို မင်းဆီ ပို့လိုက်မယ်"
"တကယ်လား" ထန်ရှုက အံ့အားသင့်သွား၏။
"တကယ်"မြောင်ဝမ်ထန်က ခေါင်းညိတ်ကာ ပြော၏"ဒါပေမယ့် တစ်ဖက်လူက ရင်ဆိုင်ရတာ ခက်ခဲလွန်းတယ်၊ ဒါကြောင့် အချိန်အချို့ကြာမှာကို ငါ စိတ်ပူတယ်။ စကားမစပ် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောတာကို အရင်ရပ်ထားကြတာပေါ့။ ငါတို့မှာ ကိုယ်ပျောက်အဆောင်ရှိမှတော့ ဒီနေရာရဲ့အနေအထားကို ရှာဖွေဖို့ ငါတို့ အထဲဝင်နိုင်လောက်မယ်"
ထန်ရှုက သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်၏။ သူက ခေါင်းညိတ်ကာ လျန်မိသားစုအိပ်ရာအတွင်းပိုင်းဆီသို့ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက တီးတိုးပြောလိုက်သည်"မင်း တတ်နိုင်သမျှ အသံမထွက်ရင် အကောင်းဆုံးပဲ။ တစ်ခုခုဆိုရင် လက်အမူအရာနဲ့ ပြောကြတာပေါ့၊ လျန်မိသားစုအိမ်ရာက အပေါ်ယံမျက်နှာပြင်မှာလောက် မရိုးရှင်းဘူးလို့ ငါ အာရုံခံစားနေမိတယ်"
"ငါလဲ မင်းလိုပဲ" မြောင်ဝမ်ထန်က ခေါင်းညိတ်ပြလိုက်၏။
လျန်မိသားစုအိမ်ရာအရှေ့ပိုင်းရှိဧရိယာအများစုကို စိမ်းလန်းစိုပြည်သောသစ်ပင်များ၊ ပန်းပင်များ၊ ကျောက်ပုံဥယျာဉ်များ၊ ရှုခင်းကြည့်အဆောက်အဦးငယ််များနှင့် နေရာတိုင်းတွင် ဖုံးလွှမ်းထား၏။ သို့သော် ထန်ရှုနှင့်မြောင်ဝမ်ထန်က အတွင်းပိုင်းသို့ ဝင်လာပြီး အိမ်ရာ၏အလယ်ဗဟိုရှိရေပန်းအား ဖြတ်ကျော်ပြီးသောအခါတွင် လေထုထဲရှိပြောင်းလဲမှုတစ်ခုကို သူတို့က ရုတ်တရက် ခံစားလိုက်ရ၏။
အရှေ့ရှိအိမ်အားလုံးအား သစ်သားဖြင့် ဆောက်လုပ်ထားပြီး အနက်ရောင်ဆေးခြယ်ထားသည်။ ထို့ပြင် အနီးပတ်ဝန်းကျင်ရှိသစ်ပင်ဖြစ်စေသို့မဟုတ်အခြားအဆောက်အဦးများဖြစ်စေ၊ သူတို့အားလုံးက အနက်ရောင်ဆေးသုတ်ထား၏။ မြေပြင်ကိုပင် အနက်ရောင်ကတ္တရာခင်းထားသည်။ သူတို့က သေချာဂရုတစိုက်လေ့လာခဲ့လျှင်ပင် အနက်ရောင်ကလွဲပြီး အခြားအရောင်မရှိပေ။
"ဒီနေရာက ဆန်းကျယ်လွန်းတယ်"မြောက်ဘက်သို့ ဂရုတစိုက်သွားနေသော ထန်ရှုအား အမီလိုက်ကာ မြောင်ဝမ်ထန်က တီးတိုးပြောလိုက်သည်။
ထန်ရှုက ဝေ့ကြည့်လိုက်ပြီး သူက ဆိုးယုတ်သောစွမ်းအင်တစ်ခုအား ရေးတေးတေးအာရုံခံမိသည်။ လျန်မိသားစုအိမ်ရာအတွင်းနက်ပိုင်းတစ်နေရာရာတွင်ရှိသောတစ်စုံတစ်ခုအား ချက်ချင်းရိုက်နှက်ခုတ်ထစ်ရန် တွန်းအားတစ်ခုက သူ့အား မောင်းနှင်လိုက်သည့်အလား သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွား၏။ ဒီလိုတွန်းအားက ဆာလောင်မွတ်သိပ်သောခံစားချက်တစ်ခုနှင့်တူပြီး အိမ်ရာထဲရှိတစ်ခုခုက သူ့အား ဆွဲဆောင်နေသလိုပင်။
ရုတ်တရက် မြောင်ဝမ်ထန်က သူ့လက်အား ဆုပ်ကိုင်ကာ ပြောလိုက်၏"စောင့်ပါအုံး၊ အကိုထန်၊ ဒီနေရာက တစ်ခုခုထူးဆန်းတယ်လို့ မထင်ဘူးလား။ ငါတို့တွေ ရေပန်းကို ဖြတ်လာပြီးကတည်းက ငါတို့တွေ ဘာသံမှ မကြားရဘူး၊ ဘာတစ်ခုမှ မမြင်ရဘူး၊ အသက်ရှင်နေတဲ့လူတစ်ယောက်တောင် မတွေ့ရဘူး။ ကြက်တွေ၊ ခွေးတွေ၊ ပုရွက်ဆိတ်တွေလို သက်ရှိသတ္တဝါတစ်ကောင်မှ ရှိမနေဘူး"
"တကယ်ပဲ"ထန်ရှုက ခေါင်းညိတ်လိုက်၏။
"အရင်ဆုံး ပြန်ဆုတ်လိုက်ရင်ရော ဘယ်လိုလဲ၊ အကိုထန်"မြောင်ဝမ်ထန်က တုံ့ဆိုင်းစွာ ပြော၏"အရှေ့မှာ ကြောက်စရာကောင်းတဲ့တစ်ခုခုက ငါတို့ကို စောင့်နေတယ်လို့ ငါက ခံစားချက်တစ်ခုရှိနေတယ်။ ဒါက ငါ့ကို ဂနာမငြိမ်ဖြစ်စေတယ်"
ထန်ရှုက ခေါင်းခါကာ စကားပြောမည့်အခိုက်တွင် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူက မြောင်ဝမ်ထန်၏လက်အား ရုတ်ခြည်းဆုပ်ကိုင်လိုက်ပြီး သူတို့၏ပုံရိပ်က အဆောက်အဦးတစ်ခု၏ထောင့်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ညအမှောင်အောက်တွင် လက်ထဲ၌ ကြိုးတစ်ချောင်းနှင့်အတူ အသက်ခုနှစ်အရွယ်ကောင်လေးတစ်ယောက်က မြောက်ဘက်မှ လျှောက်လာသည်ကို သူက ရှင်းရှင်းလင်းလင်းမြင်ခဲ့ရ၏။ ထန်ရှုက အပေါ်ကို မော့ကြည့်လိုက်ပြီး ကြိုးက မီတာဒါဇင်အမြင့်တွင်ပျံသန်းနေသောစွန်တစ်ခုနှင့် ချိတ်ဆက်ထားသည်ကို မြင်တွေ့ခဲ့သည်။
"ဒါ ထူးဆန်းတယ်။ ငါ့ရဲ့အကြားအားရုံက ချို့ယွင်းသွားတာလားဒါမှမဟုတ်တစ်ခုခုလား"
မြောင်ဝမ်ထန်က သူတို့နှစ်ယောက်သာကြားနိုင်သည့်အသံနှင့် ရုတ်တရက်တီးတိုးပြောလိုက်၏။
ထန်ရှုက ခုန်ဆွခုန်ဆွလုပ်နေသောကောင်လေးအား သေချာကြည့်လိုက်၏။ လူငယ်၏ပါးစပ်က တစ်ခုခုအား အော်နေပုံရသော်လည်း သူလည်း မြောင်ဝမ်ထန်ကဲ့သို့ ခံစားနေရ၏။ လူငယ်က အော်နေသော်လည်း သူ့ထံမှ အသံမထွက်လာသည်ကို သူက ပြောနိုင်သည်။ သူက ခုန်နေသော်လည်း သူ၏ခြေသံများမှ ဘာအသံမှ ထွက်မလာပေ။
သူတို့၏အကြားအာရုံက တစ်ခုခုမှားယွင်းနေသည့်အလား ပတ်ဝန်းကျင်ဧရိယာက တိတ်ဆိတ်ငြိမ်သက်နေသည်။
တစ်ခဏကြာပြီးနောက် ထန်ရှုက သူ၏အကြည့်ကို လူငယ်ထံမှ ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခေါင်းခါယမ်းကာ ပြောလိုက်၏"သူက လူသားတစ်ယောက်မဟုတ်ဘူး။ သူက သေလွန်ပြီးသူ၏ရုပ်သွင်(တစ္တေ)တစ်မျိုးပဲ-ဝိညာဉ်ပရိုတိုပလာဇမ်တစ်ခုပဲ"
"ဝိညာဉ်ပရိုတိုပလာဇမ်တစ်ခုဆိုတာဘာလဲ" မြောင်ဝမ်ထန်က စိတ်ရှုပ်ထွေးသောမျက်နှာနှင့် မေး၏။
"ဒါက ဝိညာဉ်အခြေအနေတစ်ခုပဲ၊ ဒါပေမယ့် အဲဒါက ကွဲပြားတဲ့သက်ရှိတစ်မျိုးလဲ ဖြစ်တယ်"ထန်ရှုက ပြောလိုက်သည်"ဝိညာဉ်ပိရိုတိုပလာဇမ်က ထူးခြားတဲ့ဖွဲ့စည်းပုံရှိတဲ့သက်ရှိသတ္တဝါတစ်မျိုးပဲ။ ၎င်းကို လူသားတစ်ယောက်နဲ့ တွဲဖက်ထားရင် ၎င်းက လူသားဝိညာဉ်ထဲကို ပေါင်းစည်းပြီး အဲဒါကို အစားထိုးနိုင်တယ်။ ထိုကောင်လေးကို ဝိညာဉ်ပရိုတိုပလာဇမ်က ပိုင်ဆိုင်ထားတာ ဖြစ်လောက်တယ်၊ ၎င်းက သူ့ခန္ဓာကိုယ်ကို အတင်းအကြပ်လုယူခဲ့တာပဲ။ လျန်တွေမှာ ဒီလိုအရာတစ်ခုရှိမယ်လို့ ငါ ဘယ်တော့မှ မမျှော်လင့်ထားဘူး။ ဒီမိသားစုကို တော်တော်ဖုံးကွယ်ထားပုံရတယ်"
ထို့နောက် ကောင်လေးက သူတို့၏မြင်ကွင်းမှ ပြေးထွက်သွားခဲ့ပြီး အနက်ရောင်အိမ်ရာ၏အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားခဲ့သည်။ ထန်ရှုနှင့်မြောင်ဝမ်ထန်တို့က ထောင့်မှ ထွက်လာပြီးနောက် သူတို့က ဝိညာဉ်ပရိုတိုပလာဇမ်ကောင်လေးအား လစ်လျူရှုခဲ့ပြီး စံအိမ်၏အတွင်းနက်ပိုင်းထဲသို့ ရှေ့ဆက်သွားခဲ့၏။ နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် အိမ်ရာသို့သွားရာလမ်း၏မျဉ်းကူးဖြတ်သည့်နေရာ၌ ထန်ရှုက သူ့အရှိန်အား ရပ်တန့်ခဲ့သည်။
"ဘာဖြစ်တာလဲ"မြောင်ဝမ်ထန်က သိချင်စိတ်နှင့် မေး၏။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်တွင် လူသားအရိပ်အယောင်တစ်ခုမှ မတွေ့ရှိခဲ့ပေ။
"ဒီနေရာမှာ အစီအရင်တစ်ခုရှိတယ်"ထန်ရှုက ဖြေလိုက်သည်။ "ငါတို့အရှေ့ကလမ်းကို ပိတ်ဆို့ပြီး အစီအရင်တစ်ခုက ဖုံးအုပ်ထားတယ်။ ငါတို့တွေ အစီအရင်ဝင်္ကပါကို တိတ်တဆိတ်အက်ကွဲစေပြီး အထဲမှာ အပေါက်တစ်ခုကို မပြုလုပ်နိုင်ဘဲနဲ့ ရှေ့ဆက်သွားချင်ရင် လျန်မိသားစုဝင်တွေကို သတိမပေးမိစေဖို့က ခက်ခဲလိမ့်မယ်"
မြောင်ဝမ်ထန်က စိတ်အားထက်သန်စွာ ကြည့်ကာ ပြော၏"ငါ အစီအရင်မှာ အပေါက်တစ်ခုကို မလုပ်နိုင်ဘူး။ မင်းကိုပဲ အားကိုးရမှာပဲ"
ထန်ရှုက အစီအရင်အား ကောင်းကောင်းကျွမ်းကျင်သည်ကို သူ သိသည်။ အတိတ်တွင် သူတို့စွန့်စားခန်းထွက်ပြီးအန္တရာယ်များနှင့်ရင်ဆိုင်ရတုန်းက ထန်ရှုအစီအရင်စီရင်နေသည်ကို မြင်တွေ့ခဲ့ရ၏၊ ထန်ရှုစီရင်ခဲ့သောအစီအရင်က ကြောက်စရာကောင်းလောက်အောင်စွမ်းအားကြီးသည်ကို သူ သိသည်။
ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်ကာ လေထဲရှိစွမ်းအင်အတက်အကျအလွှာအား စစ်ဆေးလိုက်သည်။ သူက မူလဖိရိုဖရဲစွမ်းအားအား အဆက်မပြတ်ထုတ်လွှတ်ကာ အရှေ့ရှိစွမ်းအင်အလွှာနှင့် ပေါင်းစည်းခဲ့၏။
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောလိုက်၏"စိတ်ဝင်စားစရာပဲ။ ဒါ စိတ်ဝင်စားစရာပဲ။ လျန်မိသားစုက ဒီနေရာမှာ မြေအောက်ကမ္ဘာအစိီအရင်တစ်ခုကို ချခင်းထားတာပဲ။ ဒီလူတွေက အတိအကျဘာလိုချင်တာလဲ။ မြေအောက်ကမ္ဘာအစီအရင်ထဲရှိသက်ရှိတွေအားလုံးကို ငရဲရဲ့ယင်ချီက ဖုံးလွှမ်းသွားပြီး တဖြည်းဖြည်းနဲ့ အလောင်းကောင်တွေ ဖြစ်သွားလိမ့်မယ်"
"ဟမ်"မြောင်ဝမ်ထန်က စိတ်ရှုပ်သွားပြီး မေးလိုက်၏"မင်း ဘာဆိုလိုတာလဲ"
"မင်း နားမလည်သေးတဲ့အရာတွေ ရှိတယ်၊ ဒါပေမယ့် ငါ မင်းကို သေချာပေါက် ပြောနိုင်တယ်"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီအစီအရင်ထဲမှာနေတဲ့လျန်မိသားစုကလူတွေက သာမန်လူသားတွေမဟုတ်တော့ဘူး။ သူတို့ကို သတ်ပြီးနောက် လျိုမိသားစုရဲ့ဘိုးဘေးနှစ်ယောက်ရဲ့သေဆုံးခန္ဓာကိုယ်တွေမှာ မနှစ်မြို့စရာအရောင်တစ်ခုလက်သွားတာကို ငါ တွေ့ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ အဲတုန်းက ငါ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် အခု ငါ စဉ်းစားကြည့်တော့မှ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ငရဲရဲ့စွမ်းအားအချို့ရှိနေတာပဲ"
မြောင်ဝမ်ထန်၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး သူက တီးတိုးမေးလိုက်၏"သူတို့က နောက်ထပ်ကျင့်ကြံခြင်းစနစ်အမျိုးအစားတစ်ခုနဲ့ကျင့်ကြံသူတွေ ဖြစ်နိုင်လား။ ရှေးဟောင်းမှတ်တမ်းတွေမှာ ငါ ဖတ်ဖူးတဲ့ တစ္ဆကျင့်ကြံသူတွေလိုလား"
"ဟမ့်"ထန်ရှုက အေးစက်စွာ ပြောလိုက်သည်။ "တစ္ဆေကျင့်ကြံသူတွေက သေသွားပြီးနောက် သူတို့ရဲ့ဝိညာဉ်တွေ ငရဲစွမ်းအားနဲ့ သွတ်သွင်းခြင်းခံခဲ့ရတဲ့ သက်ရှိလူသားတွေပဲ။ ပြီးရင် သူတို့က တစ္ဆလောကမှကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်ကြတယ်။ သူတို့က စစ်မှန်တဲ့တစ္ဆေကျင့်ကြံသူတွေပဲ။ ကျင့်ကြံခြင်းစနစ်ကိုကျင့်ကြံတဲ့ထိုလူတွေကတော့ လူသားလဲမဟုတ်တစ္ဆေလဲမဟုတ်၊ လူတစ်ဝက်တစ္ဆေတစ်ဝက်ပဲ ဖြစ်လိမ့်မယ်။ တစ်ယောက်ယောက်က အလွန်ရှည်လျားတဲ့သက်တမ်းရှိပြီးအလွန်ပြောင်မြောက်တဲ့ခွန်အားတစ်ခုရှိရင်တောင် ထိုလူက အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုကို ဘယ်တော့မှရမှာမဟုတ်ဘူး"
ရှင်းပြချက်အပေါ် မြောင်ဝမ်ထန်က ဇဝေဇဝါဖြစ်သွားပုံရ၏၊ သူက နားလည်သော်လည်း ကောင်းကောင်းမဆုပ်ကိုင်နိုင်သေးပေ။ သူက ဆက်မေးလိုက်သည်"ဒါဆို နောက်ထပ် ငါတို့ ဘာဆက်လုပ်မလဲ။ မင်း ဒီအစီအရင်ကို ဖြိုခွင်းနိုင်လား"
ထန်ရှုက ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။ သူက သူ့လက်အား ဆုပ်ကိုင်ကာ ရှေ့သို့ ရုတ်ခြည်းလှမ်းလိုက်၏။ သူ့ခြေလှမ်းများက အကြိမ်အနည်းငယ်ဦးတည်ဘက်ပြောင်းလဲပြီးနောက် သူတို့က မြေအောက်ကမ္ဘာမဟာအစီအရင်ထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာပြီး မတူညီကွဲပြားသောမြင်ကွင်းတစ်ခုက သူတို့အရှေ့၌ ထွက်ပေါ်လာသည်။
"ဒါက....."
သူက ဗဟုသုတများသည်ဟု မြောင်ဝမ်ထန်က အမြဲတမ်းတွေးခဲ့၏၊ သို့သော် မြေအောက်ကမ္ဘာမဟာအစီအရင်ထဲရှ်မြင်ကွင်းအား မြင်ပြီးနောက် သူ့မျက်လုံးများက ပန်းကန်ပြားအလား ပြူးကျယ်သွားပြီး သူက ပင့်သက်ရှိုက်မိသွား၏။
သို့သော် ထန်ရှုက မျက်ခုံးတွန့်ကာ ရေရွတ်လိုက်၏"ဒီနေရာမှာ ယဇ်ပလ္လင်တွေ ရှိတာလား။ ဒီလောက်များတဲ့ယဇ်ပလ္လင်တွေကို ဆောက်ပြီး လျန်မိသားစုက ဘာများလုပ်ချင်နေတာလဲ"
"အကိုထန်၊ မြောင်နယ်မြေမှာ ဒီလိုယဇ်ပလ္လင်တစ်ခုကို ငါ မြင်ဖူးတယ် " မြောင်ဝမ်ထန်က တီးတိုးပြောလိုက်သည်"ငါ သိသလောက် မြောင်နယ်မြေတစ်ခုလုံးမှာ ဒီလိုယဇ်ပလ္လင်မျိုးအနည်းငယ်ပဲ ရှိတာ၊ သုံးခုထက် မပိုလောက်ဘူးလို့ ငါ ထင်တယ်။ ဒါပေမယ့် ဒီနေရာမှာ ဒါဇင်ကျော်လောက်ရှိနေတာပဲ"
ထန်ရှုက ပတ်ပတ်လည်အား လျင်မြန်စွာ တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်"ဒိီနေရာမှာ ယဇ်ပလ္လင်လေးဆယ့်ကိုးခုရှိတယ်၊ တစ်ခုစီရဲ့အရှေ့မှာ သွေးကန်တစ်ခုရှိတယ်။ တောက်၊ ယုတ်မာရက်စက်တဲ့ကောင်တွေ.....။ ဒါတွေက လူသွေးတွေပဲ ဖြစ်ရမယ်.....။ ဒီလောက်များတဲ့သွေးတွေကို စုဆောင်းဖို့ လျန်မိသားစုက လူတွေဘယ်လောက်ထိကို ထိခိုက်စေခဲ့ပြီးပြီလဲ"
***